Tuesday, June 17, 2014

MH370 လေယာဉ် အမှန်တကယ် ပျက်ကျသည့်နေရာကို မရှာဖွေရသေးဟု Inmarsat ယုံကြည်နေ

Posted by drmyochit Tuesday, June 17, 2014, under | No comments


BBCနှင့် အင်တာဗျူး အစီအစဉ်တွင် Inmarsat၏ သိပ္ပံပညာရှင်များက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် အမှန်တကယ် ပျက်ကျသွားသည့် နေရာကို ရှာဖွေမှုများ မပြုလုပ်ရသေးဟု ယုံကြည်နေသည်

MH370 လေယာဉ် ပျက်ကျသွားသည့် အဖြစ်နိုင်ဆုံး နေရာတစ်ခုတွင် ရှာဖွေမှု လုပ်ငန်းများ မဆောင်ရွက်ရသေးကြောင်း ဗြိတိသျှ ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီကြီး Inmarsatက ပြောကြားခဲ့သည်။ BBCနှင့် အင်တာဗျူး အစီအစဉ်တွင် Inmarsat၏ သိပ္ပံပညာရှင်များက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် အမှန်တကယ် ပျက်ကျသွားသည့် နေရာကို ရှာဖွေမှုများ မပြုလုပ်ရသေးဟု ယုံကြည်နေသည်။ MH370 လေယာဉ်သည် မတ်လ(၈)ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ပျံသန်းစဉ် လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း တိတိကျကျ မသိရဘဲ ပျောက်ဆုံးသွားခဲ့သည်။

လေယာဉ်ပျံသန်းနေစဉ်က ထုတ်လွှင့်နေသည့် လမ်းကြောင်းပြ မှတ်တမ်းတင် အချက်ပြလှိုင်းများကို Inmarsat၏ ဂြိုဟ်တုက ဖမ်းယူရရှိခဲ့ပြီး ယင်းနှင့်ပတ်သက်၍ လေယာဉ်၏ ပျံသန်းမှု လမ်းကြောင်းနှင့် နောက်ဆုံး ပျက်ကျသွားသည့် ဖြစ်နိုင်ခြေ နေရာတို့ကို ကုမ္ပဏီ၏ ထိပ်တန်း သိပ္ပံပညာရှင်များက တွက်ချက် ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ လေယာဉ်သည် မူလလမ်းကြောင်းမှ သွေဖယ်ပျံသန်းပြီး ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၏ အနောက်မြောက်ဘက်ရှိ အိန္ဒိယ သမုဒ္ဒရာ ရေပြင်တွင် ပျက်ကျခဲ့သည်ဟု ယူဆရသည့်နောက် ပင်လယ်ကြမ်းပြင်တွင် နှစ်လကျော်ကြာ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း လေယာဉ်နှင့် ပတ်သက်သည့် အစအန တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ချေ။

“လက်ရှိရှာဖွေမှုတွေက လက်တွေ့မကျတဲ့ နေရာတွေမှာ လုပ်ဆောင်နေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အဖြစ်နိုင်ဆုံး ဧရိယာကနေ တော်တော်လေး အရှေ့မြောက်ဘက်ကို ရောက်နေတယ်”ဟု Inmarsatမှ သုတေသီ တစ်ဦးဖြစ်သော ခရစ်အက်ရှ်တန်က ပြောကြားခဲ့သည်။ Inmarsatမှ သုတေသီများသည် နာရီအလိုက် ဖမ်းယူရရှိခဲ့သည့် အချက်ပြလှိုင်းများကို ချိန်ကိုက်တွက်ချက်ကာ လေယာဉ်၏ အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းနေသော မြန်နှုန်း၊ ဦးတည်ရာ အရပ်ဒေသတို့ကို ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

“ကြိမ်နှုန်းတွေနဲ့ အချိန်ကိုက် ဖြစ်နိုင်ခြေတွေကို တိုင်းတာပြီးမှ လေယာဉ်နောက်ဆုံး ပျက်ကျသွားတဲ့ နယ်နိမိတ် စက်ဝန်းတစ်ခုကို ရေးဆွဲခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ လေယာဉ် တကယ်တမ်း ပျက်ကျသွားတဲ့ နေရာကို ရှာဖွေမှုတွေ မလုပ်ရသေးဘူးလို့ ယူဆထားပါတယ်”ဟုလည်း အက်ရှ်တန်က ဆိုသည်။ မလေးရှား လေကြောင်းနှင့် Inmarsatတို့သည် ဆက်တိုက် ဝေဖန်မှုများ ကြုံနေရသည့်နောက် လေယာဉ်ပျံသန်းမှု လမ်းကြောင်းပြ အချက်အလက်များကို မေလအတွင်းတွင် ထုတ်ပြန်ပေးခဲ့သည်။ သို့သော်လည်း လေယာဉ်ပျက်ကျပြီး လနှင့်ချီ အချိန်ကြာမြင့်ပြီးမှ ထုတ်ပြန်ပေးသော သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး သံသယဖြင့် မေးခွန်းထုတ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

Planet Myanmar Network

အကြင်နာမဲ့ပြီး ရက်စက်တဲ့ ခင်ပွန်းကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းတွင်အပ်များစိုက်ဝင်နေရှာသည့် အမျိုးသမီး

Posted by drmyochit Tuesday, June 17, 2014, under | No comments




အကြင်နာမဲ့ပြီး ရက်စက်တဲ့ ခင်ပွန်းကြောင့် အမျိုးသမီးတစ်ဦးဟာ ခန္ဓာကိုယ်အတွင်းမှာ စိုက်ဝင်နေတဲ့
အပ်ကိုးချောင်းကို ခက်ခက်ခဲခဲဖယ်ရှားရတော့မှာပါ။  ခန္ဓာကိုယ်တစ်ခုလုံးကိုက်ခဲနေလို့ ဓာတ်မှန်ရိုက်
ကြည့်တော့မှ အဆိုပါ အပ်တွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Pyimyanmar

မွေးနေ့ပွဲတွင် မင်းသားလေးယောက်နှင့် တွဲမည့်အပြင် သီချင်းပါ ယူကျူ့မှာ တင်မည့်ဟု ဝါဆိုမိုးဦး ဆို

Posted by drmyochit Tuesday, June 17, 2014, under | No comments


သရုပ်ဆောင် ဝါဆိုမိုးဦးက ၎င်း၏အသက်၂ဝပြည့်မွေးနေ့တွင် မင်းသား လေးယောက် ခြံရံကာ မွေးနေ့ပွဲခင်း အလယ်ကို ထွက်ရှိမည်ဟု မဇ္စျိမကို ပြောသည်။ ယင်းမွေးနေ့ပွဲကို ဇူလိုင် ၁၉ရက်တွင် ဆီဒိုးနာဟိုတယ်၌ ကျင်းပနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဒီမွေးနေ့ပွဲကို တက်ရောက် လာတဲ့သူတွေ အတွက် ထူးထူးခြားခြားလေး ဖြစ်သွားအောင်လို့ ဝါဆို စီစဉ်လိုက်တာပါ။ အားလုံးလည်း အံ့သြသွားအောင်လို့ပါပဲ။ အဲဒီနေ့မှာပဲ ပရိသတ်တွေ သိစေဖို့ ဝါဆို လိုချင်တဲ့ သီချင်းကို ထုတ်လွှင့်မှာပါ။သီချင်းခေါင်းစဉ် ကိုလည်း အဲဒီနေ့မှ ပရိသတ်တွေ သိရမှာပါ”ဟု ၎င်းကပြောသည်။

ယင်း မွေးနေ့ပွဲတွင် ပါဝင် အားဖြည့် ကူညီမည့် သရုပ်ဆောင် လေးယောက်ကို ယခုအချိန်တွင် ၎င်းအနေဖြင့် ပွင့်လင်းစွာ ပြောဆိုနိုင်ခြင်း မရှိသေးဟု ပြောကြား ခဲ့သည်။ ယင်း မွေးနေ့ပွဲတွင် အနုပညာရှင် ညီအစ်ကို မောင်နှမများ၊ ဆရာသမားများနှင့် မီဒီယာများကို ဖိတ်ကြားထားပြီး အစီအစဉ် တင်ဆက်သူ အဖြစ် ဆန်းထွဋ်နှင့် အရိုင်း တို့က ပွဲလာ ပရိသတ်များကို ပျော်ရွှင်စေရန် စီစဉ်ထားသည်။

ဝါဆိုမိုးဦးသည် ပရိသတ် စိတ်ဝင်စားမှု ရှိစေရန် အတွက် ၎င်း၏ မွေးနေ့ အမီ ယူကျူ့ တွင် သီချင်း တင်နိုင်ရန် အတွက် တေးရေး တေးဆို အာတီက အချစ်နှင့် မိန်းကလေး တစ်ယောက်၏ ခံစားချက်များ ပါဝင်သည့် စာသားများ ပါဝင်မည့် သီချင်းကို ယင်းနေ့တွင် ပရိသတ်များ သိစေရန် ထုတ်လွှင့် သွားမည်ဖြစ်သည်။

ဝါဆိုမိုးဦးသည် ယင်း တေးသီချင်းကို အမ်တီဗီ ရိုက်ကူးကာ ပရိသတ်ကို စွဲဆောင်နိုင်စေရန် ကြိုးစား သွားမည်ဖြစ်ပြီး သရုပ်ဆောင်မှု အပိုင်းနှင့် ပတ်သက်ပြီး ထူးခြားစွာ စီစဉ်ကာ ဆက်တင် ပိုင်းများကိုလည်း ထူးခြားမှု ရှိစေရန် ပြင်ဆင် ထားသည်ဟု ပြောသည်။

ဝါဆိုမိုးဦးသည် အနော်မာသုခုမ အနုပညာ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တွင် မြန်မာ့ ယဉ်ကျေးမှု အထိမ်းအမှတ်များကို စိတ်ဝင်စားသည့် အတွက် ရှယ်ယာ ပါဝင်ထားသူ တစ်ဦးဖြစ်သည်။

Mizzima Burmese

အနီကတ် ထိသွားတဲ့ ပေါ်တူဂီကစားသမား Pepe ဆိုတာ

Posted by drmyochit Tuesday, June 17, 2014, under | No comments

အနီကတ် ထိထွက်သွားရတဲ့ ပေါ်တူဂီ ကစားသမား Pepe ၊  ဓာတ်ပုံ-ဘန်ကောက်ပို့စ်

ကမ္ဘာ့ဖလားဘောလုံးပွဲ ဇွန်လ ၁၆ ရက်နေ့ ညက ဂျာမဏီနဲ့ ပေါ်တူဂီ ပွဲစဉ်မှာ ပေါ်တူဂီ ကစားသမား Pepe ကို ကွင်းလယ် ဒိုင်လူကြီးက အနီကတ် ပြထုတ်လိုက်တာ ကြောင့် ပွဲစဉ်ဟာ ထင်ထားသလောက် ကြည့် မကောင်းတော့ပါဘူး။

ပေါ်တူဂီအသင်းလည်း Pepe ကို ထုတ်လိုက်ပြီးနောက်ပိုင်း ခြေပိုကျသွားပါတယ်။ ဒီနေရာမှာ တချို့က
ဘောလုံးပွဲ ကိုဖျက်တာ ဒိုင်လူကြီး လို့ ပြောကြ၊ ဝေဖန်ကြတာ သတိထားမိပါတယ်။ ပရိသတ်တချို့ က ဝေဖန်စောပြီး အပြစ်တင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကစားသမား Pe Pe မှာရော ဘယ်လို အားနည်းချက် ရှိသလဲ၊ Pe Pe ဆိုတဲ့ ပေါ်တူဂီ ကစား သမား က ဘယ်လို လူစားမျိုးလဲဆိုတာ အခု မှတ်တမ်းတခုက ညွှန်ပြနေတာကို လည်း ထည့်သွင်းစဉ်းစားဖို့ ကောင်း မယ် ထင်ပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

သတင်းထောက်ဟုခြိမ်းခြောက်ပြီး အဓမ္မလက်ရောက် အနိုင်ကျင့်ခံရသည်ဟု အမျိုးသမီးတစ်ဦးတိုင်ချက်ဖွင့်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် (၇) ရပ်ကွက်၌ အသက် (၃၅)နှစ် အရွယ်ရှိ အမျိုး သမီး တစ်ဦးအား သတင်းထောက် ဆိုသူအမျိုးသားတစ်ဦးက မဖွယ် မရာပြောဆိုကာ အဓမ္မခြိမ်းခြောက် လက်ရောက်မှု တစ်ခု ယခုလ ၁ဝ ရက် နံနက် ၉နာရီက ဖြစ်ပွား ခဲ့သည်ဟု လှိုင်သာယာမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားသည်။

ဖြစ်စဉ်မှာ ယခုလ ၁ဝ ရက် နံနက် ၉ နာရီတွင် မဝင်းဝင်းသော် (၃၅နှစ်)သည် အကြွေးတောင်း ပြီးပြန် လာစဉ် ဗိုလ်အောင်ကျော် လမ်းနှင့်ဗညားဒလလမ်း သစ္စာရိပ် လက်ဖက်ရည်ဆိုင် ရှေ့အရောက် တွင် ဆိုင်ကယ် စီးနင်းလာသူ အမျိုးသားတစ်ဦးက မဖွယ်မရာ စကားသုံးနှုန်း မေးမြန်းရာမှအစ မကျေနပ်သဖြင့် အပြန် အလှန်စကား များစဉ် လမ်းလျှောက်ထွက်သွား သောမဝင်းဝင်းသော်ကို အဆိုပါ အမျိုးသားက ဆိုင်ကယ်ဖြင့် နောက်မှပွတ်တိုက်ပြီး အသင့်ပါ လာသောကင်မရာဖြင့် မဝင်းဝင်း သော်၏ မျက်နှာကို ဓာတ်ပုံရိုက် သဖြင့် မဝင်းဝင်းသော်ကကင်မရာ ကို ပုတ်ချလိုက်ရာ ကင်မရာမှာ အောက်
သို့ပြုတ်ကျသွားသည်။ တစ်ပြိုင်နက်ပင် ဓာတ်ပုံရိုက်သူ အမျိုးသားက မဝင်းဝင်းသော် ၏ရင်ဘတ်ကို လှမ်း၍ဆုပ်ကိုင် လိုက်ရာ မဝင်းဝင်းသော်၏ လည် ပင်းတွင်ဝတ်ဆင်ထားသော ရွှေ ဆွဲကြိုးမှာ အပိုင်းပိုင်းပြတ်သွား သည့်အပြင် အင်္ကျီများပါ စုတ်ပြဲ သွားသည်။

၎င်းအမျိုးသားက ''ငါဘာကောင်လဲနင်သိလား။ ငါက သတင်းထောက်သန်းထိုက်ဆိုတာ နင်မသိဘူးလား''ဟုပြောဆို ခြိမ်း ခြောက်၍ အခင်းဖြစ်နေရာမှ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် (မြို့မ)ရဲစခန်းတွင် ဆေးစာနှင့်အတူ တရားလိုမဝင်းဝင်းသော်က ယခုလ ၁၁ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့ သဖြင့် (ပ)၈၂၅/ ၂ဝ၁၄ ပြစ်မှု ပုဒ်မ ၂၉၄/၃၅၄/ ၃၂၃/၅ဝ၆/ ၄၂၇အရအမှုဖွင့်လက်ခံဆောင်ရွက် ထားသည်။

Union Daily

အသက် ၉၀ အရွယ် အဘွားအိုကို အငတ်ထားသူ မိသားစုဝင်များအား ဖမ်းဆီး

Posted by drmyochit Tuesday, June 17, 2014, under | No comments



တရုတ်ပြည် ဟူနန်နယ်က ကျေးရွာ တစ်ခုမှာတော့ အသက် ၉၀ ကျော် ရှိပြီဖြစ်တဲ့ အဘွားအို တစ်ဦးကို အစာ အငတ်ထားတဲ့ အတွက်ကြောင့် သူမရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ရှောင်းမင်ဆု လို့ အမည်ရတဲ့ အဘွားအိုဟာ သူမရဲ့ အခန်းကျဉ်းထဲမှာ အစာအာဟာရ အနေနဲ့ သူမရဲ့ အိမ်နီးချင်းတွေက ပစ်ပေးတဲ့ ရေနဲ့ ဆန်ပြုတ်ခြောက်ကိုသာ စားပြီး တစ်လကြာ အသက်ရှင်နေခဲ့ရပါတယ်။ အဆိုပါ အစားအစာနဲ့ ရေကိုတော့ သူမရဲ့ ကလေးတွေ အပြင်သွားတဲ့အခိုက် အိမ်နီးချင်းတွေက သူမရဲ့ အခန်းထဲကို ပစ်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတော့ သူမရဲ့ အကြောင်းကို အင်တာနက် စာမျက်နှာတစ်ခုမှာ ဖြော်ပခြင်း ခံရတဲ့ အတွက် ရဲများ သွားရောက်ကြည့်ရှုရာကနေ အဖြစ်မှန်ကို သိရှိခဲ့ကြခြင်း ဖြစ်ပါတယ်။

အဘွားရဲ့ သားနဲ့ သမီးဖြစ်သူကိုတော့ သွေးအေးအေးနဲ့ လူသားတစ်ဦးကို အစာရေစာ မကျွေးဘဲ အသက်ဆုံးရှုံးစေလိုမှု နဲ့ ဖမ်းဆီးထားပါတယ်။ ဖမ်းမိတဲ့ သားနဲ့ သမီးကတော့ လူတစ်ယောက်ကို အစာကျွေးရတာဟာ   ငွေကုန်ကြေးကျများပြီး ပင်ပန်းတဲ့ အတွက် ယခုလို လုပ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဘွားကြီးက နေမကောင်းဖြစ်နေတယ်ဗျ။ နောက်ပြီး ဘယ်သူမှလည်း ဂရုစိုက် ပြုစုစောင့်ရှောက်ခြင်း မရှိကြဘူး။ အဲဒီ အတွက် သူတို့မှာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ ဒါ့ကြောင့် သူမကို အခန်းတံခါး သော့ခတ်ပြီး အစာငတ်ခံထားလိုက်ရင် အာဟာရပြတ်ပြီး သေသွားဖို့ ကြံစည်ထားတာ လို့ ရဲသားတစ်ဦးက ပြောပါတယ်။

နောက်ပြီး သူတို့ အဘွားကြီးကို အစာမကျွေးရုံတင် မကဘူး။ ရေချိုးခန်းလည်း ပေးမသုံးဘူး။ ဒါ့အပြင် ဘယ်သူနဲ့မှလည်း အတွေ့မခံဘူးလို့ ပြောပါသေးတယ်။

အိမ်သူ အိမ်သားတွေရဲ့ ပစ်ပယ်အကျဉ်းချခံထားရ ပေမယ့် အဘွားနေထိုင်ရာ ယန်ကျွန်းရွာက အိမ်နီးချင်းတွေကတော့ သူမကို ဂရုစိုက်ကြပါတယ်။ သူမ အစာမစားရလောက်ဘူး ထင်တဲ့ အိမ်နီးချင်းတွေရဲ့ ကောင်းမှုကြောင့် အဘွားဟာ ရေနဲ့ ဆန်ပြုတ်ခြောက်တွေ စားရပြီး တာဝန်သိသူ တစ်ဦးက အင်တာနက်မှာ တင်ခဲ့တဲ့ အတွက် ရဲတွေ သတိထားမိခဲ့ခြင်း ဖြစ်ပါတယ်။

အဘွားနဲ့ သူမရဲ့ ကလေးတွေ ကြားထဲမှာလည်း ဆက်ဆံရေး အတိမ်းအစောင်းတွေ ရှိခဲ့ကြပါတယ်။ ဒါ့အပြင် သူမက အိမ်အတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်လို့ ထင်ကြတဲ့အတွက် အစာမကျွေးဘဲ ထားလိုက်ခြင်း ဖြစ်တယ်လို့ အဆိုပါ ရဲသားကပဲ ပြောပါတယ်။ အကယ်၍ အစာအာဟာရဟ ပြတ်လို့ သူမသေဆုံးသွားရင်တော့ တာဝန်ရှိသူတွေကို သူမဘာသာ အစာမစားဘဲ နေတာလို့ ပြောဖို့ သူတို့ တိုင်ပင် စီစဉ်ခဲ့ကြပါတယ်။

အဲဒီ မိသားစုဝင်တွေက တကိုယ်ကောင်းဆန်ပြီး အသက်ကြီးလာတဲ့ အဘွားအိုကို ကြည့်ရှူစောင့်ရှောက်ချင်စိတ် မရှိတာနဲ့ သတ်ပစ်ဖို့ ကြိုးစားခဲ့ကြတာလို့လည်း ပြောခဲ့ပါတယ်။

World Myanmar News

ချီလီအသင်းအနိုင်ရ၍ ကတိအတိုင်း အမျိုးသားတစ်ဦးနှင့် ၁၂ နာရီကြာ ချီလီပွန်းသရုပ်ဆောင် အိပ်စက်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ဝေဘုန်းလူ

ချီလီ၊ ဇွန် ၁၆

အရွယ်ရောက်ပြီးသူများသာကြည့်ရှုခွင့်ပြုတဲ့ဇာတ်ကား သရုပ်ဆောင် ချီလီပွန်းစတား မာလန်ဒေါလ် ဟာ ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံအသင်းအနိုင်ရခဲ့တဲ့ အတွက် သူပေးထားတဲ့ ကတိအတိုင်း အောင်ပွဲခံခဲ့ပါတယ်။
သြစတြေးလျနဲ့ ကစားရတဲ့ အဲဒီပွဲမတိုင်မီမှာ မာလန်က အကယ်၍ ချီလီအသင်းအနိုင်ရရင် အမျိုးသား တစ်ဦးနဲ့ ရှစ်နာရီကြာ အတူအိပ်ပြီး အောင်ပွဲခံမယ်လို့ တွစ်တာမှာ သူ့ရဲ့ သူငယ်ချင်းတွေကို ကတိပေးခဲ့ပါတယ်။ တကယ်တမ်းပွဲကစားတဲ့အခါ ချီလီအသင်းက သြစတြေးလျကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာကြောင့် မာလန်တစ် ယောက် သူ့ကတိကို အကောင်းအထည်ဖော်ဖို့ လုပ်ရပါတော့တယ်။
အဲဒါကတော့ တွစ်တာကတစ်ဆင့် သူ့ရဲ့ ဖုန်းနံပါတ်ကို သူငယ်ချင်းတွေကို အသိပေးခဲ့တာပါ။ သူ့ဆီ လာတဲ့ ဖုန်းတွေထဲကမှ ကျဘမ်းကိုင်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူအိပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အဲဒီနောက် မာလန်ဟာ သူကိုင်လိုက်မိတဲ့ ဖုန်းနံပါတ်ပိုင်ရှင်နဲ့ အတူ အောင်ပွဲခံမှု စတင်ပါတော့တယ်။ သူ့ကတိပေးထားတဲ့ ရှစ်နာရီထက်ကို စေတနာတွေပိုခဲ့ပြီး ၁၂ နာရီ ကြာအောင် မနားတမ်း အိပ်စက်ခဲ့တယ်လို့ မာလန်က တွစ်တာ မှာ ဇာတ်ကြောင်းပြန်ရေးသားခဲ့ပါတယ်။

ရည်ညွှန်း 101greatgoals
Mizzima Sport News

အမျိုးသမီးတစ်ဦး၏ အစာအိမ်အတွင်းမှ ရှစ်ပေအရှည်ရှိ တုတ်ပြားကောင်းကြီးကို ဖယ်ရှားနိုင်ခဲ့

Posted by drmyochit Tuesday, June 17, 2014, under | No comments


ပေကျင်း ၊ ၁၇-၆-၂၀၁၄

တရုတ်နိုင်ငံတွင် အမျိုးသမီး၏ အစာအိမ် အတွင်းမှ ၈ ပေအရှည်ရှိ တုတ်ပြားကောင်ကြီး ကို ဆရာဝန် များက အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စလီ အမည်ရှိ အသက် ၃၀ အရွယ် ယင်း အမျိုးသမီးသည် အားလပ်ရက် များအတွင်း အရှေ့တောင် အာရှသို့ ခရီးလှည့်လည် သွားလာ ပြီးနောက် ဖျားနာသည့် ဝေဒနာ များကို ခံစားခဲ့ရကြောင်း ၊ ထို့နောက် သူမ ၀မ်းသွားစဉ် တစ်မူထူးခြားသော အရည်များ ပါလာသည်ကို သတိပြုမိ ခဲ့ကြောင်း ၊ ထို့ကြောင့် ဖူကျန်းပြည်နယ် ၊ ရှန်မန်မြို့ ရှိ ဆေးရုံ တစ်ရုံသို့ သွားရောက်၍ ဆေးစစ်မှု ခံယူခဲ့သည်ဟု သိရသည်။

ဆေးစစ်မှု ပြုလုပ် ပြီးနောက် သူမ၏ အူအတွင်း ၈ ပေ အရှည်ရှိ တုတ်ပြားကောင်ကြီး တစ်ကောင်ကို တွေ့ရှိခဲ့ပြီး ဆရာဝန်များက ၄င်း တုတ်ပြားကောင်း ကို ဖယ်ရှား ပေးခဲ့သည်ဟု သိရသည်။

မစ္စလီ သည် ခရီးသွားစဉ် ကျက်အောင် ချက်ပြုတ် ထားခြင်း မရှိသော အမဲသားများ ကို စားသုံးခဲ့ကြောင်း ၊ ထို့ကြောင့် ၄င်း အမဲသားမှ တစ်ဆင့် ရောဂါပိုး ကူးစက်ခံ ရခြင်း ဖြစ်သည်ဟု ဆရာဝန်များက ယူဆခဲ့သည်။ ယင်း ကပ်ပါးကောင် များသည် ခန္ဓာကိုယ်၌ ဖြစ်ပွားသော အရည်များ အတွင်း၌ ဥများ ဥနိုင်ပြီး အသားများကို ကောင်းမွန်စွာ ချက်ပြုတ် စားသောက်ခြင်း မရှိပါက လူသားများ၏ ၀မ်းဗိုက်တွင် ဥပေါက်၍ အကောင်များ ကြီးထွား လာနိုင်ကြောင်း ဆရာဝန် များက သတိပေး ပြောကြား ခဲ့သည်ဟု သိရှိရသည်။

အဆိုပြိုင်ပွဲ အနိုင်ရ ခရစ်ယာန် သီလရှင်တပါး ကမ္ဘာကျော်သွား

Posted by drmyochit Tuesday, June 17, 2014, under | No comments

အီတလီနိုင်ငံမှာ ကျင်းပတဲ့ မြန်မာနိုင်ငံက ဆိုကြမယ်၊ ပျော်ကြမယ်တို့ အိမ်မက်ဆုံရာတို့ ပုံစံမျိုး The Voice ဆိုတဲ့ သီချင်း ဆိုပြိုင်ပွဲမှာ ခရစ်ယာန် သီလရှင် Cristina Scuccia က အနိုင်ရသွားပါတယ်။့ သူ့ရဲ့ No One ဆိုတဲ့ သီချင်းကို ယူကျုမှာ ကြည့်မှုပေါင်းက သန်း ၅၀ ကျော်တောင် ရှိခဲ့ တာပါ။

အခုလို ခရစ်ယာန်သီလရှင်တဦးဖြစ်ပြီး အနုပညာမှာ အောင်မြင်တာဟာ သူ့ရဲ့ ထူးခြားတဲ့ အရည်အချင်း တခုပါဘဲ။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က သူ့ရဲ့ အနိုင်ရမှုနဲ့ပတ်သက်ပြီး အီတလီသတင်းဌာန တခုကို ပထမဆုံး ပြောဆို တာ ကတော့ သူဟာ ဘဝမှာ ခရစ်တော်နဲ့ လောကသားတွေအတွက်ပဲ စိတ်ရှိပါတယ်တဲ့။ သူဟာ ၂၀၀၉ ခုနှစ်ကတည်းက သာသနာပြုခရီးကို စထွက်ခဲ့ရာမှာ ဘရာဇီးလ်ကိုလည်း ရောက်ခဲ့တယ်တဲ့။


 သူ့ရဲ့ ပြိုင်ပွဲဝင် ခဲ့တာတွေထဲက တချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ အခုတော့ သူဟာ ယူကျုမှာလည်း လူသန်းချီပြီး အားပေးခံနေရသူဖြစ်ကာ ကမ္ဘာကျော်နေပါပြီ။




အိမ့်သံစဉ်
ဧရာဝတီ

ကွန်ပျူတာ တိုက်ခိုက်မှုများကို Anti-Exploit software သစ်က တားဆီးပေးနိုင်မည်

Posted by drmyochit Tuesday, June 17, 2014, under | No comments


Malwarebytes က Microsoft Windows အတွက် ဖြန့်ချိလိုက်သည့် Anti-Exploit လုံခြုံရေးပရိုဂရမ်သစ်သည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး operating system software ကို အသုံးပြုသူများကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Anti-Exploit software တွင် ပြီးခဲ့သည့်နှစ်က Malwarebytes က ဝယ်ယူထားသည့် ZeroVulnerabilityLabs မှ exploit-blocking နည်းပညာသစ်ကို အသုံးပြုထားသည်။

Anti-Exploit အခမဲ့ဗားရှင်းသည် browser များ၊ add-on များနှင့် Java ရှိ အားနည်းချက်များကို ကာကွယ်ပေးနိုင်ပြီး အမေရိကန်ဒေါ်လာ ၂၄.၉၅ ဖြင့် ရောင်းချမည့် အခပေးဗားရှင်းကမူ Microsoft Office, PDF reader, media player နှင့် သုံးစွဲသူ ရွေးချယ်ထားသည့် software တို့ကို ကာကွယ်ပေးနိုင်သည်။ စီးပွားရေး လုပ်ငန်းသုံး Anti-Exploit တွင် Malwarebytes Management Console ပူးတွဲပါဝင်သည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းများသည် ဟက်ကာများ၏ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အလွှာတစ်ခု ဖြစ်သော Anti-Exploit တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေကြကြောင်း Malwarebytes အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ မာဆင်ကလက်ဇိုင်စကီက ပြောကြားခဲ့သည်။


Anti-Exploit သည် ပြင်ဆင်နိုင်ခြင်းမရှိသည့် software အားနည်းချက်များဖြစ်သော zero-day အားနည်းချက်များကို ကာကွယ်ပေးနိုင်သောကြောင့် ကွန်ပျူတာကို ထိန်းချုပ်ခြင်းနှင့် အချက်အလက် ခိုးယူခံရခြင်းဘေးမှ ကင်းဝေးစေမည် ဖြစ်သည်။

Zero-day အားနည်းချက်များသည် ကွန်ပျူတာအတွင်းသို့ အန္တရာယ်ရှိသည့် code များထည့်သွင်းကာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပြီး နိုင်ငံမျိုးစုံတွင် အခြေစိုက်သည့် ကုမ္ပဏီကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အရေးပါသည့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်။

ယခုနှစ် အစောပိုင်းကလည်း Windows XP ရှိ အဆိုပါ အားနည်းချက်ကြောင့် အမေရိကန်နှင့် ယူကေ အစိုးရအဖွဲ့များက Internet Explorer အသုံးပြုခြင်းကို ရပ်ဆိုင်းရန် သုံးစွဲသူများအား သတိပေးမှုများ ပြုလုပ်ခဲ့သည်။

Malwarebytes Anti-Exploit ကို စမ်းသပ်သုံးစွဲလိုသူများ အနေဖြင့် http://www.malwarebytes.org/antiexploit တွင် download ရယူကာ အသုံးပြုနိုင်သည်။

Ref: CNET
Internet Journal

မိန်းမတွေကို မုန်းတီးသူတစ်ဦးရဲ့ သွေးပျက်ဖွယ်လူသတ်မှု

Posted by drmyochit Tuesday, June 17, 2014, under | No comments



(ကယ်လီဖိုးနီးယားသားတစ်ဦးရဲ့ လက်စားချေမှု အစပြုရာ ...)

လူပျိုပေါက်ကောင်လေးတစ် ယောက်ရဲ့ စိတ်ဝေဒနာနဲ့ ကြေကွဲဖွယ်မှု ခင်းတစ်ရပ်ကို GLOBE က ပြန်လည်အစ ဖော်ထုတ်လာပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်တာဘာဘရာတက္ကသိုလ် ကျောင်းအနားဖြစ်ပွားခဲ့တဲ့ အီလီရက်ရော် ဂျာရဲ့ ရူးသွပ်မိုက်မဲတဲ့လူသတ်မှုမှာ ခြောက် ဦးသေဆုံးခဲ့ပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သလို ရော်ဂျာကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

ရော်ဂျာဟာ မိဘများလမ်းခွဲ မှုနဲ့ အိမ်တွင်းရေးပြဿနာများကြောင့် ငယ်စဉ်ကတည်းက စိတ်ဝေဒနာစွဲကပ်ခဲ့ သူဖြစ်ပေမယ့် စုံစမ်းစစ်ဆေးမှုများအရ အခင်းမဖြစ်ပွားခင် ရော်ဂျာဟာ Xanax အမည်ရှိ မူးယစ်ဆေးတွေကို အလွန်အကျွံ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ မေ၂၃ရက် မှာဖြစ်ပွားခဲ့တဲ့ ယင်းကြေကွဲဖွယ်အကြမ်း ဖက်လူသတ်မှုမှာ ရော်ဂျာရဲ့သတ်ဖြတ်မှု တွေဟာ မိန်းမများကို မုန်းတီးခြင်းကြောင့် လို့ ယူဆကြပေမယ့် စိတ်ရောဂါကုဆရာ ဝန် ဒေါက်တာရော်ဘီလူဝင်ကတော့ ဆန့် ကျင်ဘက်အတွေးအမြင်ရှိခဲ့ပါတယ်။ ရော် ဂျာဟာ သူ့ကို ဥပေက္ခာပြုကြတဲ့ အမျိုး သမီးများကို မုန်းတီးတဲ့အကြောင်းနဲ့ လက် စားချေမယ့်အကြောင်းတွေကို You Tube မှာ ဗီဒီယိုဖိုင်ကတစ်ဆင့် ပြောကြားခဲ့ပေ မယ့် ဒေါက်တာရောဘီလူဝင်က ရော်ဂျာ ဟာ သူ့ရဲ့လိင်တူစွဲလမ်းတဲ့စိတ်ကိုဖုံးကွယ် ချင်လို့ အခုလိုရေးသားခြင်းဖြစ်ပြီး မိန်းမ တွေကို မုန်းရတာက သူ့အနားမှာရှိနေတဲ့ ယောက်ျားတွေကို မိန်းကလေးတွေကရယူ သွားခြင်းကြောင့်သာဖြစ်တယ်လို့ သုံးသပ် ပါတယ်။

ဒါပေမဲ့ ရော်ဂျာရဲ့အကြမ်းဖက် လူသတ်မှုဟာ ဒီကိစ္စနဲ့ ဆက်နွှယ်မှုရှိတယ် လို့တော့ မဆိုလိုဘူးလို့ဆိုပါတယ်။ ရော် ဂျာဟာ ဒွိဟစိတ်နဲ့ ရှုပ်ထွေးနေသူဖြစ်ပြီး သူဟာ ချမ်းသာမှုကို ဆာလောင်ငတ်မွတ် နေသူဖြစ်တယ်လို့လည်း သိရပါတယ်။ ရော်ဂျာရဲ့ဖခင်ဖြစ်သူဟာ "Hunger Games" ဇာတ်ကားရဲ့ လက်ထောက်ဒါ ရိုက်တာတစ်ဦးဖြစ်တာကြောင့် နာမည် ကျော်များတက်ရောက်တဲ့ ပါတီပွဲတွေကို တက်ရောက်ဖို့ ရော်ဂျာကို အခွင့်အရေး ရစေပြီး ဒါဟာ သူ့ကိုပိုပြီးစိတ်ဓာတ်ကျ သိမ်ငယ်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။

GLOBE ရဲ့ဖော်ပြချက်အရ ရော်ဂျာဟာ နာမည်ကျော်ပုဂ္ဂိုလ်တချို့ကို လည်း သဝန်တိုမုန်းတီးမှုရှိခဲ့ပြီး သူမုန်း တီးတဲ့လူတွေထဲမှာ ဝူဒီ
ဟာရယ်လ်ဆန်၊ ကေတီပယ်ရီ၊ ဂျော့လူး ကပ်စ်၊ ဂျန်နီဖာလောရန့်နဲ့ လိန်းမ်ဟမ်း ဆွက်သ်တို့လည်း ပါဝင်တယ်လို့ သိရပါ တယ်။ ရော်ဂျာဟာ သူ့ရဲ့မိခင်ဖြစ်သူကို ဖခင်ဖြစ်သူနဲ့လက်ထပ်မယ့်အစား ချမ်းသာြ<ွကယ်ဝသူတစ်ဦးဦးနဲ့ လက်ထပ်ဖို့အထိ ပေါက်ကွဲပြောဆိုခဲ့ဖူးတယ်လို့လည်း GLOBE က ဖော်ပြပါတယ်။

Los Angeles Times ကလည်း မကြာသေးခင်အချိန်ကပဲ ရော်ဂျာဟာ ပါတီပွဲတစ်ခုမှာ အကြမ်းဖက်နှင်ထုတ် တိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ ဖော်ပြမှုလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရော်ဂျာရဲ့အကြမ်း ဖက်တိုက်ခိုက်မှုရဲ့ အဓိကအကြောင်းရင်း ကတော့ ရှင်းလင်းမှုမရှိခဲ့ဘဲ အချိန်ကြာ လာတာနဲ့အမျှ ပိုလို့တွေးစရာတွေသာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျောင်းတွေမှာ လည်း အများတကာရဲ့အနိုင်ကျင့်မှုတွေ ခံခဲ့ရဖူးတယ်လို့အဆိုရှိတဲ့ ရော်ဂျာရဲ့ လူ သတ်မှုအကြောင်းအရင်းဟာ ယခုတိုင် မပြီးဆုံးနိုင်သေးတဲ့ အဖြစ်အပျက်တစ်ခု အဖြစ် မီဒီယာမှာရော လူတွေရဲ့ပါးစပ်ဖျား မှာပါ တီးတိုးပြောဆိုနေကြပါတယ်။

ဘာပဲပြောပြော ကယ်လီဖိုးနီး ယား ဆန်တာဘာဘရာက ကြေကွဲဖွယ် လူငယ်တစ်ဦးရဲ့ အကြမ်းဖက်လူသတ်မှု မှာ လူခြောက်ဦးရဲ့အသက်ကို စတေးခဲ့ရ တာ အမှန်တရားတစ်ခုဆိုတာ မငြင်းနိုင်တဲ့ အဖြေတစ်ခုဖြစ်ပါတယ်။ နေအိမ်တိုက်ခန်းအနီးမှာ တိုက်ခိုက်မှုစတင်ခဲ့ပြီး လူငယ်သုံးဦးကိုထိုးသတ်ကာ ကျန် သူများကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ တဲ့ ရော်ဂျာဟာ သူ့ရဲ့ BMW ကားနဲ့ မောင်းနှင်ထွက်ပြေးခဲ့ပြီး ရဲများအနား ရောက်လာချိန်မှာတော့ ကိုယ့်ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီး သေကြောင်းကြံစည်ခဲ့ ပါတယ်။ ရဲများက ရော်ဂျာရဲ့ကားပေါ်မှာ သေနတ်သုံးလက်နဲ့အတူ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းယူရရှိခဲ့ ပါတယ်။

Ref: GLOBE
Yangon Media Group | YangonTimesJournal | FlowerNewsJournal

အီရတ်တွင် စစ်သားများကို စစ်သွေးကြွများက ရက်စက်စွာ ပစ်သတ်နေခြင်းကို အမေရိကန် ရှုတ်ချ

Posted by drmyochit Tuesday, June 17, 2014, under | No comments

စစ်သွေးကြွများ လက်ချက်ကြောင့် ပျက်စီးနေသည့် အီရတ်ရဲကားတစ်စင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး စစ်ဆေးနေစဉ် (Photo - Marwan Ibrahim/AFP)

အီရတ်နိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွများက စစ်သားများကို ရက်ရက်စက်စက် ပစ်သတ်နေခြင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက ရှုတ်ချပြစ်တင်လိုက်သည်။

အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင် ရာဂဏန်းမျှကို စစ်သွေးကြွများက ဖမ်းဆီးရမိထားပြီးနောက် ၎င်းတို့ သိမ်းပိုက်ထားသည့် တီကရစ်မြို့တွင် သေနတ်ဖြင့် ပစ်သတ်နေသော ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်ရှိလာခဲ့သည်။

မြောက်ပိုင်းမြို့များကို သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အလယ်ပိုင်းရှိ ဘဂ္ဂဒက် မြို့တော်သို့ ဆက်လက် ချီတက်နေသည့် ISIL စစ်သွေးကြွများက မိမိတို့သည် ရှီးယိုက်မွတ်ဆလင် စစ်သား (၁၇၀၀)ကျော်ကို ပစ်သတ်ခဲ့ကြောင်း Twitterတွင် ရေးသားဖော်ပြခဲ့သည်။

“အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးကို သူတို့ လုပ်ဆောင်ခဲ့ကြောင်း ISIL အဖွဲ့က ကြေညာခဲ့ပါတယ်။ အီရတ် လေတပ်က လူသစ်တန်း ရှီးယိုက်စစ်သည် (၁၇၀၀)လောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောထားတယ်။ တီကရစ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စသာ အမှန်ပဲဆိုရင် သွေးဆာနေတဲ့ အကြမ်းဖက် လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ် ရှုတ်ချရပါမယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ပြောကြားခဲ့သည်။

ဆာကီက “ကျွန်မတို့ အနေနဲ့ ဒီသတင်းတွေကို ချက်ချင်း အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမဲ့ ISILရဲ့ အဓိက ရည်မှန်းချက် တစ်ခုက အီရတ်နိုင်ငံသား အားလုံးရဲ့ အသည်းနှလုံးထဲမှာ အကြောက်တရား စိမ့်ဝင်သွားစေဖို့ ဖြစ်ပါလိမ့်မယ်”ဟုလည်း ဆိုသည်။

ISILတို့သည် အီရတ်မြောက်ပိုင်းရှိ မဟာဗျူဟာ အချက်အခြာ မြို့ကြီးများဖြစ်သည့် မိုဆူးလ်နှင့် တီကရစ်တို့ကို သိမ်းပိုက်ထားပြီး ဘဂ္ဂဒက်ကိုပါ ဆက်လက် ခြိမ်းခြောက်နေရာ အီရတ်စစ်တပ်က ၎င်းတို့ကို ဟန့်တားနိုင်ရန် အပြင်းအထန် ကြိုးစားနေရသည်။

_Ref; Channelnewsasia
7 Day

အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများရှိနေ

Posted by drmyochit Tuesday, June 17, 2014, under | No comments


အတွဲ (၁၅)၊ အမှတ် (၂၃)

အင်တာနက် အသုံးပြုရာတွင် လိုအပ်သော အချက်အလက်များ ရယူနိုင်သကဲ့သို့ မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများလည်း ရှိကြောင်း MIDO (Myanmar ICT For Development Organization) မှ တာဝန် ရှိသူများက နည်းပညာ တက္ကသိုလ်ဘားကမ့် (မိတ္ထီလာ) တွင်ပြောသည်။

“ကျွန်မတို့ အနေနဲ့ အင်တာနက် သုံးတဲ့အခါ ဘာမှ ဆုံးရှုံးမှုမရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ ဆုံးရှုံးတယ်။ ဖုန်းနဲ့ သုံးမယ်ဆိုရင်လည်း ကျွန်မတို့ရဲ့တည်နေရာ ဘယ်နေရာက သုံးတာလဲ ဆိုတာတွေကို လိုက်ကြည့်လို့ရတယ်” ဟု MIDO မှ မရတနာကပြောသည်။ ဒီဂျစ်တယ် လုံခြုံရေးတွင် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိကြောင်း ယင်းကပြောသည်။ “အင်တာနက်သုံးတဲ့အခါ ကိုယ့်ဘက်ကပေးလိုက်ရတာတွေက အချိန်၊ ငွေအပြင် တခြားအရာတွေလည်း ရှိပါတယ်။ သတိမထားမိတာတွေ ရှိပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်အသုံးပြုလိုက်လို့ ကျန်ခဲ့တဲ့အရာတွေ၊ ကိုယ့်ရဲ့ခြေရာတွေ ဘယ်လောက်ကျန်ခဲ့တာလဲ၊ ကိုယ့်ရဲ့ အချက်အလက်က သူများကို ဘယ်လောက် ပေးလိုက်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်က ကိုယ့်ဆီကို ဘယ်လောက် ပြန်ရောက်လာသလဲ ဆိုတာကို သိရှိနိုင်ပါတယ်” ဟု မရတနာကပြောသည်။

ထိုကဲ့သို့ မိမိဘက်မှ ပေးလိုက်ရသော အချက်များကို ဝက်ဘ်ဆိုက် တစ်ခုတွင် အလွယ်တကူ စစ်ဆေး ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ www.myshadow.org တွင် မိမိအသုံးပြုသော အချက်အလက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ကြောင်း ပြောကြားသည်။ “myshadow.org မှာ သွားစစ်လိုက်လို့ ရတယ်။ myshadow.org ကို ဝင်လိုက်တယ်ဆိုရင် ဒီနောက်ပိုင်းမှာ ကျွန်မတို့သုံးတဲ့အခါမှာ သုံးလိုက်တဲ့ စက်ပစ္စည်း အမျိုးအစားတွေ၊ နောက်ထပ် ဘယ်လိုအွန်လိုင်း ဝန်ဆောင်မှု အမျိုးအစားတွေကို သုံးထားသလဲဆိုတာတွေ ဥပမာ ဂျီမေးလ်ကို ကွန်ပျူတာမှာ သုံးတာလား၊ အင်တာနက်ဆိုင်မှာ သုံးတာလား၊ ဖုန်းနဲ့ သုံးတာလား ဆိုတာ အဲဒါတွေကိုရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။

အင်တာနက် အသုံးပြုရာတွင် အဓိကအချက်တစ်ခု အနေဖြင့် Update ဖြစ်နေသော AntiVirus များကို သုံးရန်လည်း အရေးကြီးသည်ဟု MIDO မှ မနှင်းနုနုနိုင်က ပြောသည်။ “AntiVirus က ဘာပဲဖြစ်ဖြစ်၊ ဘာပဲ သုံးသုံး Update ဖြစ်နေဖို့ လိုတယ်။ ပိုက်ဆံပေးပြီး ဝယ်သုံးတာ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေ ဒေါင်းလုပ် ဆွဲတာပဲဖြစ်ဖြစ် Update ဖြစ်ဖို့က အဓိကပါ” ဟုပြောသည်။ မိမိအသုံးပြုသော ဂျီမေးလ်၊ ဖေ့စ်ဘုတ် စသည် တို့တွင် link ဝင်ရောက်လာတတ်ကာ ယင်းအလွယ်တကူ မဝင်ရောက်ဘဲ Virus ဟုတ်၊ မဟုတ် စစ်ဆေးရန်လည်း လိုအပ်ကြောင်း မနှင်းနုနုနိုင်က ပြောသည်။

“ကိုယ့်ဆီရောက်လာတဲ့ Link တွေဟာ ဗိုင်းရပ်စ်ဟုတ်၊ မဟုတ်မသေချာရင် www.virustotal.com မှာ သွားစစ်လိုရပါတယ်။ နောက်တစ်ခုက Password တွေကို သတိထားဖို့နဲ့ အများအလွယ်တကူ သိစေနိုင်တဲ့ Password တွေကို မသုံးမိစေဖို့ လိုအပ်တယ်” ဟု မနှင်းနုနုနိုင်ကပြောသည်။ “ကိုယ့်ဘက်ကပေးလိုက်ရတဲ့ ဟာတွေက အချက်အလက်တွေ၊ စက်ပစ္စည်းနံပါတ်တွေ၊ ကိုယ်က ဘယ်နေရာကနေ သုံးနေသလဲဆိုတဲ့ Location တွေ အဲဒါတွေပေါ့” ဟု မရတနာက ဆိုသည်။ နေ့စဉ်အင်တာနက် အသုံးပြုနေသော်လည်း မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများကို သတိမထားမိကြောင်း၊ မိမိအချက်အလက် ကာကွယ်ရေး အတွက် ဆောင်ရွက်ခြင်း နည်းပါးကြောင်း နေ့စဉ်အင်တာနက် အသုံးပြုနေသူတစ်ဦး ဖြစ်သည့် ကိုမင်းဇေယျာကပြောသည်။

ထွန်းထွန်း၊ မိုးသူ
Internet Journal

မေးပါရစေ

Posted by drmyochit Tuesday, June 17, 2014, under | No comments



လူငယ်တစ်ယောက်သည် ဘောလုံးအကယ်ဒမီကျောင်းကိုဝင်ရန် လျှောက်လွှာတင်သည်။အကယ်ဒမီကျောင်းအုပ်ကြီးက သူ့ကို မေးသည်။
“ဆိုကြပါစို့ မင်းဟာ ဘောလုံးကွင်းထဲမှာရှိနေမယ်။  ရှေ့မှာ
ပြိုင်ဘက်အသင်းက လူတစ်ယောက်ကိုတွေ့တယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို သူ မကန်နိုင်အောင် တအားကြုံးကန်ပစ်လိုက်ပါမယ်”
“မှန်တယ် ၊ နောက်အခြေအနေတစ်ခု၊ မင်းဟာ ဘောလုံးကွင်းထဲမှာဆိုပါစို့။
ရှေ့မှာ ပြိုင်ဘက်အသင်းက လူတစ်ယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း
တစ်ဖက်အသင်းက လူတစ်ယောက်စီရှိနေတယ်။ မင်း ဘာလုပ်မလဲ”
“ဘောလုံးကို အဝေးကြီးရောက်အောင် ကန်ထုတ်ပစ်လိုက်ပါမယ်”
“ဟုတ်ပြီကွယ်။ နောက် အခြေအနေတစ်မျိုး၊ မင်းက ဘောလုံးကွင်းထဲမှာ၊ ရှေ့မှာ
ပြိုင်ဘက်အသင်းက လူသုံးယောက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာလည်း လူသုံးယောက်စီ၊
ဒီကြားထဲ သူတို့အသင်းရဲ့နည်းပြဖြစ်သူက မင်းဆီဦးတည်လာနေတယ်။ မင်း
ဘာလုပ်မလဲ”
“ဘောလုံး မကစားတော့ဘဲ ပြန်သိမ်းလာမှာပေါ့ ”
“မှန်တယ်။ ကိုင်း ၊ နောက်အခြေအနေတစ်မျိုးကို စဉ်းစားကြည့်။ မင်းဟာ
ဘောလုံးကွင်းထဲမှာရှိနေတယ်။ရှေ့မှာပြိုင်ဘက် အသင်းသားတွေ
အားလုံးရှိနေတယ်၊ ဘယ်နဲ့ ညာဘက်မှာလဲ တစ်ဖက်အသင်းရဲ့ အရံကစားသမားတွေ
စောင့်နေတယ် ဆိုပါစို့၊ မင်း ဘာလုပ်မလဲ”
လူငယ်ကအံကြိတ်ပြီး ပြောလိုက်သည်။
“မေးခွန်း တစ်ခု မေးလို့ရမလား”
“မေးနိုင်ပါတယ်”
“အခုကစားမယ့်ဘောလုံးအသင်းမှာ ကျွန်တော် တစ်ယောက်ထဲ ရှိတာလားဗျ ဟင်”

ရဲစတိုင်း
The Myanma Age

အထောက်အထားရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပတ်စပို့ စာအုပ်နဲ့ work permit စတဲ့ အထောက်အထားတွေ ပြည့်စုံစွာ ရှိပါလျက် ဖမ်းဆီးခံရပါက အကြောင်းကြားနိုင်ကြောင်း အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရ ရဲ့ နိုင်ငံရေး အရ ဖြစ်ပေါ် ပြောင်း လဲနေတဲ့ အကြောင်း အမျိုး မျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးနေတဲ့အပေါ် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

“ကျနော်တို့က မြန်မာသံအမတ်ကြီးက ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့တဲ့အခါမှာ အထောက်အထား ပြည့်စုံတာတွေကို ဖမ်းဆီးခြင်းမပြုလုပ်ဖို့ ကန့်ကွက်တဲ့အနေအထားမျိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း အထောက်အထားပြည့်စုံရင် မဖမ်းဘူးဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့က အခုလို ထုတ်ပြန်တာ။ တကယ်လို့ ရှိခဲ့ရင်၊ ကျနော်တို့နဲ့လည်း နီးစပ်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဆင်းလာပြီး ဆောင်ရွက်ပေးပါ့မယ်။”

ရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ ဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၀၈၆ ၇၇၇ ၆၈၂၅

၀၈၃ ၉ ၈၁ ၂၁၇၅

၀၉ ၁ ၅၃၇ ၀၀၁၈

၀၈၃ ၅၄၄ ၆၄၄၂

ဒီဗွီဘီ

ဒါ ဖတ်ပြီးမှ ဂျပန်သွားအလုပ်လုပ်ပါ

Posted by drmyochit Tuesday, June 17, 2014, under | No comments


စက်မှုနည်းပညာထွန်းကားသော  ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားခြောက်သောင်းခေါ်ယူမည်ဟု ကြေညာထားသည်။ ယခင်က ဂျပန်သို့ သွားမည်ဆိုလျှင် သိန်းေ ပါင်းများစွာပေးခဲ့ရပြီး အလုပ်သမားများ ငွေလိမ်ခံခဲ့ရသည့် ပြဿနာများလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ဂျပန်သို့ အေဂျင်စီများမှ တစ်ဆင့် အလုပ်သမား စေလွှတ်မှုကို ဝန်ကြီးဌာနက ကြီးကြပ်၍ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်  (MOEAF) မှထိန်းကျောင်းပို့လွှတ် မည်ဖြစ်ရာ ဂျပန်သို့ သွားလိုသူများ အ တွက်  (MOEAF)  ဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် မေးမြန်းတင်ပြလိုက်ပါသည်။

လက်ရှိ ဂျပန်ကနေ မြန်မာလုပ်သားခြောက်သောင်းကို ခေါ်ယူမယ်ဆိုတဲ့အစီအစဉ်ကလည်း ရှိနေတော့ ဒီကနေ ဂျပန်သွားဖို့ စိတ်ဝင်စားတဲ့ လူတွေအတွက် ဘာတွေပြင် ဆင်ထားသင့်လဲဆိုတာကို ပြောပြပေးပါရှင်။

ဂျပန်ကိုသွားမယ်ဆိုရင်တော့ ပထမဦးဆုံး Passport လုပ်ရမယ်။ နောက်ပြီးတော့ အဓိကအရေးကြီးတာ ဂျပန်ဘာသာစကားပေါ့။ ဂျပန်ဘာသာ စကားကို နာရီနှစ်ရာ သင်ကြားရမယ်။ ပြီးတော့ ကိုယ်အလုပ်သွားလုပ်မယ့်အပိုင်းကို တတ်ကျွမ်းရမယ်။ လက်တွေ့ တော့လုပ်တတ်ရမယ်ပေါ့။ အထည်ချုပ်ဆို အထည်ချုပ်တော့ ချုပ်တတ် ရ မယ်။ ဆောက်လုပ်ရေးအပိုင်းဆိုလည်း ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ လုပ်တတ်ရမယ်ပေါ့။

အခုလုပ်သားခေါ်ယူတဲ့ အပိုင်းကိုရော အစိုးရပိုင်းက ထိန်းချုပ်သွားမှာလား။ (MOEAF) အနေနဲ့ အေဂျင်စီတွေကို ထိန်းချုပ်ပြီးလုပ်သားလွှတ်မှာလား ဆိုတာ သိချင်ပါတယ်။

ကျွန်တော်တို့က ဘယ်သူမှ ချုပ် ကိုင်သွားမှာတော့ မဟုတ်ပါဘူး။ ကြီး ကြပ်ပြီးတော့ လွှတ်မယ်ပေါ့နော်။ မှန် မှန်ကန်ကန် ဖြစ်အောင် ကြီးကြပ်ရမှာပေါ့။ ကျွန်တော်တို့က ကြီးကြပ်မှာတော့ မဟုတ်ပါဘူး။ ကြီးကြပ်တာကတော့ အလုပ်သမားဝန်ကြီးဌာနက ကြီးကြပ်မယ်။ ကျွန်တော်တို့က ပံ့ပိုးကူညီသွားမယ်ပေါ့။ လုပ်သားတွေ ဟိုကို သေသေ ချာချာရောက်အောင် ပို့ပေးနိုင်အောင် အေဂျင်စီတွေ နည်းလမ်းမှန်မှန်နဲ့ ပို့ အောင်ဆောင်ရွက်သွားမှာပါ။ အရင်ကဆို ဂျပန်ကိုသွားဖို့ သိန်းရာဂဏန်းနဲ့ ချီပြီး ကုန်ကျတာမျိုး ရှိခဲ့တယ်။

အခုဆိုရင် ဂျပန်သွားမယ့် လူတွေအတွက် ဝန်ဆောင်ခ တိတိကျကျနဲ့ ဘယ်လောက်ကုန်ကျမလဲဆိုတာ သိပါရစေ။

ကျွန်တော်တို့ သတ်မှတ်ထားတာကတော့ အမေရိကန်ဒေါ်လာ ၃ဝဝဝ ပါ။ တရားဝင်ကတော့ ၃ဝဝဝ သတ်မှတ်ထားတာပဲ။ သို့သော်လည်း တရားမဝင်ကတော့ အမျိုး မျိုးတောင်းနေကြတာ။
အခု ဂျပန်ကို အလုပ်သွားလုပ်ဖို့ စိတ်ဝင်စားမှုတွေက များလာတယ်ဆိုတော့ သွားချင်သူတွေအတွက် ဘယ်လို အေဂျင်စီမျိုးတွေနဲ့ ချိတ်ဆက်ပြီး သွားရမလဲ ဆိုတာ အကြံပြုပေးပါ။

ကိုယ်သွားမယ့် အေဂျင်စီရဲ့သမိုင်း ကြောင်းပေါ့။ ဆက်သွယ်တဲ့ အေဂျင်စီက မှန်မှန်ကန်ကန် လုပ်သလား။ နောက်ပြီးအရင်တုန်းက သမိုင်းကြောင်း အမည်း စက်ရှိခဲ့ သလား။ ဒါတွေ ကြည့် ပေါ့။ မရှိဘူးဆိုရင်တော့ စည်းကမ်းတကျနဲ့ လွှတ်ရင်သွားသင့်ပါတယ်။

လက်ရှိ ဝန်ဆောင်ခက ကန်ဒေါ်လာ ၃ဝဝဝသတ်မှတ်ထားတယ်ပေါ့။ ဒါပေမဲ့ လုပ်သားတွေအနေနဲ့ အေဂျင်စီမှား ချိတ်ဆက်မိတာမျိုးရှိရင် (MOEAF) ကို တိုင်ကြားလို့ ရနိုင် မလား။ တိုင်ကြားလို့ ရမယ်ဆိုရင် ဘယ်လို အရေးယူပေးမလဲဆိုတာ သိပါရစေ။

ကျွန်တော်တို့ကိုတိုင်ကြားလို့ ရပါတယ်။ တိုင်ကြားလာပြီဆိုရင် အလုပ်သမား ဝန်ကြီးဌာနဆီကို Report လုပ်မယ်။ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခထက်ပိုယူလို့မရပါဘူး။ ပိုယူရင် သက်ဆိုင်ရာ အေဂျင်စီကို Report  လုပ်မယ့် ဝန်ကြီးဌာနက သူထိုက်သင့်တဲ့ အရေးယူမှု လုပ်သွားမှာပါ။

ဂျပန်နိုင်ငံကရော မြန်မာလုပ်သားတွေ အလုပ်လုပ်ဖို့စိတ်ချရပါ့မလား။ လက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သား တွေရှိတဲ့ ထိုင်းတို့ မလေးရှားတို့မှာ ပြဿနာတွေ တက်နေတယ် ဆိုတော့လေ။ ဂျပန်ကရော လုံခြုံမှု ရှိနိုင်မလား။

ဂျပန်က နိုင်ငံကြီးဖြစ်တယ်။ တိုးတက်သော နိုင်ငံကြီးဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစား လိုက်နာသော နိုင်ငံဖြစ်တဲ့အတွက် လုံခြုံစိတ်ချမှုရှိတယ်။ သွားသင့် တဲ့နိုင်ငံထဲမှာလည်း ပါတယ်။

ဂျပန်က လက်ရှိ ခေါ်ယူနေတဲ့ လုပ်ငန်းပိုင်းတွေကို ပြောပြပေးပါ။

ခေါ်ယူနေတဲ့ လုပ်ငန်းပိုင်းက မျိုးစုံပါပဲ။ စက်ရုံ၊ အလုပ်ရုံတွေ၊ အထည်ချုပ်၊ ဆောက်လုပ်ရေးအပိုင်းတွေရော လုပ်ငန်းမျိုးစုံက ခေါ်ပါတယ်။

ခိုင်နွယ်ဦး မေးမြန်းသည်
Popular Myanmar News Journal

ချွတ် မရတဲ့ လက်စွပ်ကို ဒီလို ချွတ်မယ်

Posted by drmyochit Tuesday, June 17, 2014, under | No comments


လက်စွပ်ဝတ်ထားရင်း ကိုယ့်လက်က လက်စွပ်ကို ပြန်ချွတ်ရ ခက်လောက်အောင် ဖြစ်နေလား။

ဒီနည်းလေးက လက်တွေ့ အသုံးဝင်တာ သိရပါလိမ့်မယ်။ အထူးသဖြင့် လက်စွပ် ပြန်ချွတ်ဖို့ လက်ချောင်း က ဝတုတ်လာတာမျိုးမှာ အဖြစ်များကြပါတယ်။

ပထမဆုံး အပ်ချည်ကြိုးထက် အနည်းဆုံး ၅ ဆ လုံးပတ်ကြီး တဲ့ ကြိုးတကြိုး ရှာပါ။ နိုင် လွန်ကြိုးဆိုရင် ပိုကောင်း ပါလိမ့်မယ်။ ဗွီဒီယိုမှာ ပြထားတဲ့အတိုင်း လက်စွပ်နဲ လက်ချောင်းကြားကနေ ကြိုးစ တဖက်ကို တထွာအနည်းဆုံးလောက် ထုတ်ထားပါ။

ပြီးတော့ ကြိုးကို လက်စွပ်ကို ပြန် ချွပ်မယ့် လမ်းကြောင်းအတိုင်း ကြိုးကို စေ့စေ့လေး တပတ်ချင်း ပတ်သွားပါ။ လက်ချောင်း အဖျားနားလောက်ထိ ပတ်သွားပါ။

ပြီးရင် လက်စွပ်တဖက်မှာ အစထုတ်ထားတဲ့ ကြိုးကို ဖြည်းဖြည်းချင်း လက်ဖျားထိပ်ရှိရာကို ဦးတည်ပြီး ဆွဲထုတ်ပါ။ လက်စွပ်ဟာ လက်ချောင်းကို အနာတရ မဖြစ်ပဲ ချောချောမောမော ကျွတ်သွားပါလိမ့်မယ်။

အိမ့်သံစဉ်
ဧရာဝတီ

အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်းနိုင်ငံ

Posted by drmyochit Tuesday, June 17, 2014, under | No comments

ထိုင်းနိုင်ငံရေး အပြောင်းအလဲရှိနေချိန် အာဏာရသိမ်း စစ်အစိုးရက ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်း နိုင်ငံခြား သား အလုပ်သမားတွေဖြစ်ကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား ၊ လားအို နိုင်ငံအစရှိတဲ့ အလုပ်သမားများကို ပြီးခဲ့ တဲ့ ရက် ပိုင်းတွေက စတင်ဖမ်းဆီးနေပါတယ်။
 (ဓာတ်ပုံ - cm108.com) 
ထိုင်းနိုင်ငံအတွင်းတရားဝင် နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကဒ်ရှိသူတွေကိုပါ ဖမ်းဆီးနေတာဖြစ် ပါတယ်။

ကမ္ဘောဒီယား နိုင်ငံမှ လာရောက်  လုပ်ကိုင်နေတဲ့ အလုပ်သမား ၁ သိန်းနည်းပါးလောက်ဟာ ထိုင်း စစ် အစိုးရက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့စီစဉ်မှုမှာ ကမ္ဘောဒီးယားး တာဝန်ရှိသူတွေက နယ်စပ် ဂိတ်တွေ ကနေ ပြန်ဖို့အတွက် စစ်ကားများနဲ့ စီစဉ်ပေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှ လုပ်ကိုင်နေထိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားများထဲမှာ  မြန်မာရွေပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပါတယ်။

ယနေ့နံနက် ၈ နာရီ အချိန်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်းအဝင် အလုပ်သမားတွေ အလုပ်စောင့်နေကျ မီးပွိုင့် လမ်းဆုံကြီးတွင် ထိုင်း ရဲ၊ လဝက၊ စစ်သားတွေက အလုပ်သမား လက်မှတ်နဲ့ ပတ်စ်ပို့ရှိသူတွေရော  မရှိသူများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင် လတ်တလော အဖမ်းအဆီး ကိစ္စများနှင့် ပတ်သက်၍ ဘန်ကောက် မြန်မာသံရုံး မှ ကြေညာ ချက် တစ်စောင်ကိုလည်း ယနေ့ ထုတ်ပြန်ခဲ့ပါတယ်။




မြန်မာသံရုံးရဲ့ ကြေညာချက်

အိမ့်သံစဉ်
ဧရာဝတီ

မန္တလေးတိုင်း ၀န်ကြီးချုပ်နေအိမ်အနီး ယမန်ည သန်းခေါင်မှစကာ ရပ်ထားသည် ကားကို မသင်္ကာမှုဖြင့် စစ်ဆေး

Posted by drmyochit Tuesday, June 17, 2014, under | No comments

မန္တလေး၊ မဇ္ဈိမ

မန္တလေးမြို့ ၆၅လမ်း၊၂၃လမ်းနှင့် ၂၄လမ်းကြားရှိ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်အနီးတွင် ဇွန်၁၅ ရက် ည၁၂ နာရီခန့်က စတင် ရပ်ထားခဲ့သော အဲဖတ် (Alphard)ကား အဖြူရောင်ကို မသင်္ကာသောကြောင့် ဇွန်လ ၁၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် အမှတ် ၂ ရဲစခန်းက စစ်ဆေးရာ ဂေါက်ဒုတ်များ၊ ခရီးဆောင်အိတ်နှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ရှာဖွေတွေ့ရှိသည်။

ယင်းကား ရပ်ထားခဲ့သည့် နေရာတွင် ရှာဖွေစစ်ဆေးမှု ၂ နာရီခန့် ပြုလုပ်ပြီးနောက် အမှတ် ၂ ရဲစခန်းသို့ ယူဆောင်၍ ဆက်လက်စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ကညနဌာနမှ စက်မှုကျွမ်းကျင် ၃ ဦးသူရလှိုင်က အဆိုပါကားကို စစ်ဆေးရာတွင် ကား၏နံပါတ်အရ ဘောင်အမှတ်မှာ Z/2010/AYTY/001/007 ဖြစ်ပြီး စက်အမှတ်1KZ-0722788 ဟု ကွန်ပျူတာ မှတ်တမ်း တွင်ပါရှိသည်။
လက်ရှိကားတွင် ဘောင်နံပါတ် မတွေ့ရှိရသေးသလို အင်ဂျင်အမျိုးအစားလည်း မတူကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံ မြို့နယ်ရှိ အမှတ် ၂ ရဲစခန်းမှ ညနေ ၅နာရီအထိ စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

အောင်ကိုဦး
Mizzima - News in Burmese


ပုံစာ- မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ်အနီးတွင် ဇွန်လ ၁၅ရက် ညမှ ၁၆ရက် နေ့လည်အထိ ရပ်ထားသည့် ကားကို မန္တလေးမြို့ အမှတ် ၂ရဲစခန်းတွင် စစ်ဆေးနေစဉ်။ (ဓာတ်ပုံ အောင်ကိုဦး)

အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား

Posted by drmyochit Tuesday, June 17, 2014, under | No comments

အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံ ဥယျာဉ်ပန်းခြံ အတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံ သို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်