Tuesday, June 10, 2014

အီရတ် ဒုတိယအကြီးဆုံးမြို့ကို စစ်သွေးကြွတွေ သိမ်းယူ

Posted by drmyochit Tuesday, June 10, 2014, under | No comments

အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ် Mosul မြို့ကို အစ္စလာမ် အစွန်းရောက်တွေ သိမ်းယူထားလိုက်ပြီးနောက် အရေးပေါ် အခြေအနေ ကြေညာဖို့ ဝန်ကြီးချုပ် နိုရီ အယ်လ်မာလီကီက ပါလီမန်မှာ တောင်းဆိုလိုက်ပါတယ်။

အန္တရာယ်ရှိတဲ့ အခြေအနေအရ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့အတွက် အရေးပေါ် အခြေ အနေ ကြေညာဖို့ ဝန်ကြီးချုပ်နဲ့ သမ္မတက ပါလီမန်ကို တောင်းဆို ပါတယ်လို့ အီရတ် ဝန်ကြီးချုပ်က ပြောပါတယ်။

အယ်ခိုင်ဒါ အဖွဲ့ခွဲ တစ်ခု ဖြစ်တဲ့ The Islamic State of Iraq and the Levant ဆိုတဲ့ အဖွဲ့က လေဆိပ်နဲ့ အဓိက အကျဉ်းထောင် အပါအဝင် မိုဆူးလ်မြို့က အရေးကြီးတဲ့ အစိုးရ အဆောက်အဦတွေကို ထိန်းချုပ်ထားလိုက်တာ ဖြစ်ပါတယ်။

ထောင်နဲ့ချီတဲ့ မြို့ခံတွေ ထွက်ပြေးလာခဲ့ကြပြီး ရဲတွေနဲ့ စစ်သားတွေဟာလည်း သူတို့ အလုပ်တာဝန်တွေကို စွန့်ခွာသွားခဲ့ကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ထွက်ပြေးသွားပြီလို့ သိရပါတယ်။

ပါလီမန် ဥက္ကဋ္ဌက ပြောရာမှာတော့ အကြမ်းဖက်သမားတွေဟာ အခု မိုဆူးလ်မြို့ကို သာမက နိုင်းဗာ Nineveh ပြည်နယ် တစ်ခုလုံးကိုပါ ထိန်းချုပ် ထားလိုက်ပြီလို့ ဆိုပါတယ်။

BBC Burmese





ကားအသုံးပြုမှု ဆန့်ကျင်သူ ထောင်ပေါင်းများစွာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြ

Posted by drmyochit Tuesday, June 10, 2014, under | No comments

၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့အတွက် ပေါ့လန်းမြို့လမ်းမများတွင် လှည့်လည်၍ ပြင်ဆင်နေသော စက်ဘီးစီးသူများ (REUTERS/Steve Dipaola)
ပေါ့လန်း- မော်တော်ကားဖြင့် မောင်းနှင်သွားလာခြင်းအစား စက်ဘီးစီးသူပိုများလာစေရန် ဆန္ဒပြသည့် (၁၁) နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာဖြင့် စက်ဘီးစီးနေ့တွင် အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့၏ လမ်းမများတွင် အ၀တ်ဗလာဖြင့် လူထောင်ပေါင်းများစွာသည် စက်ဘီးများ စီး၍ ဆန္ဒပြခဲ့ကြသည်။

၎င်းတို့သည် စက်ဘီးတာယာများတွင် တပ်ထားသော မီးများဖွင့်၍ ခေါင်းလောင်းများတီးကာ ဆန္ဒပြခဲ့ကြပြီး ပရိသတ်များက သြဘာပေးခဲ့သည်။

အလားတူ ဆန္ဒပြပွဲများကို အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၇၅ မြို့နှင့် အခြားနိုင်ငံပေါင်း ၂၀ တို့တွင် ပြုလုပ်ခဲ့သော်လည်း ပေါ့လန်းမြို့တွင် ယမန်နှစ်က ဆန္ဒပြသူ ၈၀၀၀ ခန့်ရှိပြီး အင်အားအများဆုံး ဖြစ်သည်ဟု သိရသည်။

သို့သော် အခြားမြို့များတွင်ကဲ့သို့မဟုတ်ဘဲ ပေါ့လန်းမြို့ စက်ဘီးစီးချီတက်မှုမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတစ်ခုအဖြစ် အများက မှတ်ယူကြသည်။

ယခု ဆန္ဒပြပွဲမှာ စက်ဘီးစီးသူများ၏ ထိခိုက်လွယ်မှုကို ပြသခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

‘‘ဘေးပတ်ဝန်းကျင်က လူနည်းနည်းလောက် ကျွန်တော်တို့ဆီ တိုင်ထားပါတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်ရင် စိုးရိမ်စရာ ကိစ္စ များများစားစား မရှိပါဘူး’’ ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပီတာဆင်ဆွမ်က ယင်းစက်ဘီးစီးဆန္ဒပြပွဲ မတိုင်မီ ပြောကြားပြီး မိမိအနေဖြင့် အကောင်းဆုံး အကြံပေးလိုသည်မှာ အ၀တ်ဗလာဖြင့် စက်ဘီးစီးဆန္ဒပြသူများကို မမြင်တွေ့လိုသူများအနေဖြင့် အိမ်အပြင်မထွက်ကြရန်ပင်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

—Ref: Reuters

(Steve Dipaola/REUTERS)

၂၀၁၄ ဇွန်လ ၇ ရက်တွင် ကျရောက်သော ၁၁ နှစ်မြောက် ကမ္ဘာ့အ၀တ်ဗလာစက်ဘီးစီးနေ့တွင် ပါဝင်ဆင်နွှဲသူများကို တွေ့ရစဉ် (Steve Dipaola/REUTERS)

7 Day Daily

မီးလောင်မှု ဖြစ်စဉ်အတုဖြင့် ချစ်သူကို လက်ထပ်ခွင့် တောင်းခံခဲ့သည့် အမေရိကန် မီးသတ်သမား

Posted by drmyochit Tuesday, June 10, 2014, under | No comments

ဘရူနိုမားစ်၏ Marry Me သီချင်းသံနှင့်အတူ ကားဂိုဒေါင်ထဲမှ ထွက်လာသည့် ဂွန်ဇာလက်ဇ်

အမေရိကန် နိုင်ငံမှ ရဲအရာရှိ အမျိုးသမီး တစ်ဦးသည် ချစ်သူ မီးသတ်သမား၏ ထူးထူးခြားခြား လက်ထပ်ခွင့်ပန်မှု အစီအစဉ်တွင် ဦးစွာ ထိတ်လန့်အံ့ဩခဲ့ပြီးမှ ပျော်ရွှင်ဝမ်းမြောက်စရာ အမှတ်တရ ကာလတစ်ခုကို ပိုင်ဆိုင်ခွင့် ရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဟူစတန်မြို့မှ မီးသတ်သမား ဂျက်ဆီဂွန်ဇာလက်ဇ်သည် မြို့ခံမီးသတ်တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့၏ အကူအညီကို ရယူကာ ရှို့မီးအတုတစ်ခု ဖန်တီးပြီး ရဲဝန်ထမ်း အိုလ်ဂါပက်ခ်ကို ချစ်ခွင့်ပန်ခဲ့ခြင်း ဖြစ်သည်။

ဂွန်ဇာလက်ဇ်သည် မြို့အတွင်းမှ မီးသတ်ဌာန နှစ်ခု၏ အကူအညီဖြင့် နေအိမ်တစ်လုံးတွင် မီးလောင်မှု ဖြစ်စဉ်အတု တစ်ခုကို ဖန်တီးကာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။

ပက်ခ်သည် အခြားသော ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်ရာ နေရာသို့ အလောတကြီး ရောက်ရှိလာပြီး ထိုအချိန်တွင်မှ မီးလောင်မှုအတု ဖန်တီးထားသော နေရာတွင် ဂွန်ဇာလက်ဇ်က ချစ်သူအား ဒူးထောက်ကာ လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။

ဂွန်ဇာလက်ဇ်သည် မီးခိုးများ ထွက်နေသည့် ကားဂိုဒေါင်ထဲမှ မီးသတ်ဝတ်စုံ အပြည့်အစုံ ဆင်မြန်းပြီး သူရဲကောင်းဆန်ဆန် ပုံစံမျိုးဖြင့် လျှောက်လှမ်းလာကာ ပက်ခ်၏ရှေ့မှောက် ဒူးထောက်ပြီး စေ့စပ်လက်စွပ် ဘူးလေးနှင့်အတူ လက်ထပ်ခွင့်ပန်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အနီးတစ်ဝိုက်၌ ဘရူနိုမားစ်၏ Marry Me သီချင်းသံကလည်း ပျံ့လွင့်နေသေးသည်။

အလွန်ပျော်ရွှင်သွားသည့် ပက်ခ်သည် သူမ၏ Romantic ဆန်လွန်းသော ချစ်သူအား “ရှင့်ကိုကျွန်မ လက်ထပ်မယ်။ ရှင့်ကိုလက်ထပ်ဖို့ မစောင့်နိုင်အောင် ဖြစ်နေမိပြီ။ ရှင်နဲ့အတူ တစ်ဘဝလုံး ဖြတ်သန်းဖို့လည်း မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ”ဟု ကြည်ကြည်နူးနူး ပြောကြားခဲ့သည်။ ယင်းတို့နှစ်ဦး၏ ချစ်စရာပုံရိပ်ကို လုပ်ဖော်ကိုင်ဖက် မီးသတ်နှင့် ရဲဝန်ထမ်းများက ကောင်းချီးပေးခဲ့ကြသလို အမှတ်တရ ဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။

မီးသတ်ဌာနတွင် လုပ်သက်(၁၁)နှစ် ရှိခဲ့ပြီဖြစ်သော ဂွန်ဇာလက်ဇ်သည် ယခုအစီအစဉ်အတွက် လုပ်ဖော်ကိုင်ဖက် မီးသတ်သမားများနှင့် တိုင်ပင်ခဲ့သလို ပက်ခ်၏ ရဲဝန်ထမ်း သူငယ်ချင်းများကိုလည်း ကြိုတင် လျှို့ဝှက် အသိပေးထားသည်။

ဂွန်ဇာလက်ဇ်တို့ သူငယ်ချင်း တစ်စုသည် နေအိမ်တစ်လုံးရှိ ကားဂိုဒေါင်ထဲတွင် ရေခဲခြောက်မှ အခိုးအငွေ့များကို အသုံးပြုပြီး မီးလောင်မှုအတုတစ်ခု ဖန်တီးကာ အရေးပေါ် အခြေအနေအဖြစ် ရဲတပ်ဖွဲ့ထံ အကြောင်းကြား ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

ပက်ခ်သည် ရဲကားပေါ်မှာ ဆင်းလာချိန်ထိ ဖြစ်ရပ်မှန်ကို မရိပ်မိသေးဘဲ ဂွန်ဇာလက်ဇ်က သူမရှေ့ ဒူးထောက်လိုက်ချိန်မှ အကြောင်းရင်းမှန်ကို သိရှိသွားခြင်း ဖြစ်သည်။

ဂွန်ဇာလက်ဇ်နှင့် ပက်ခ်တို့သည် (၁)နှစ်မျှ တွဲခဲ့ပြီးသည့် ချစ်သူများဖြစ်ပြီး လာမည့်နှစ်အတွင်း လက်ထပ်ဖြစ်ရန် မျှော်လင့်ရည်မှန်းထားကြသည်။

မီးသတ်တပ်ဖွဲ့သည် ဂွန်ဇာလက်ဇ်၏ အစီအစဉ်တွင် ပါဝင်ကူညီနေစဉ် အတောအတွင်း ၎င်းတို့၏ တာဝန်ဝတ္တရားများကိုလည်း အပျက်ကွက် မခံဘဲ အရေးပေါ် အကြောင်းကြားမှုများ ရှိလာပါက ချက်ချင်း သိရှိနိုင်ရန်အတွက် ရေဒီယိုများကို တစ်ချိန်လုံး ဖွင့်လှစ် နားစွင့်နေခဲ့ကြောင်းလည်း သိရှိရသည်။

_ Ref: DailyMail
ဂွန်ဇာလက်ဇ်၏ လက်ထပ်ခွင့် တောင်းခံမှုကို အံ့ဩဝမ်းသာ ဖြစ်နေသည့် ပက်ခ်

ပျာ်ရွှင်နေသည့် ချစ်သူနှစ်ဦးနှင့် စုပေါင်း ကောင်းချီးပေးနေသည့် လုပ်ဖော်ကိုင်ဖက်များ

ပက်ခ်၏လက်တွင် ဂုဏ်ယူစွာ ဆင်မြန်းထားသည့် စေ့စပ်လက်စွပ်

7 Day Daily

ကမ္ဘာတစ်လွှားမှ IQ အရည်အသွေး မြင့်မားလှသည့် လူသိထင်ရှားပုဂ္ဂိုလ် (၁၀)ဦး


ကမ္ဘာပေါ်တွင် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ထင်ရှားကျော်ကြားသူများ၊ အောင်မြင်နေသူများ၊ လူသိထင်ရှား Celebrity အများစုသည် မိမိတို့၏ လုပ်ငန်းတာဝန်များ၊ ဖန်တီးမှုများအပေါ် ထဲထဲဝင်ဝင်၊ နှစ်နှစ်ကာကာ စိတ်ဝင်တစား မြှုပ်နှံခဲ့ကြသူများ ဖြစ်ကြသည်။

ထို့အပြင် အနုပညာ၊ စီးပွားရေး၊ နည်းပညာ နယ်ပယ်အသီးသီးတွင် ဘွဲ့အမြောက်အမြား ရရှိထားသူများ၊ ဘာသာစကား အမျိုးမျိုးကို ကျင်လည်စွာ တတ်မြောက် ပြောဆိုနိုင်သူများ၊ ဇာတ်ညွှန်းတစ်ခုမျှကို ခေတ္တမျှ ဖတ်ရှုရုံဖြင့် စွဲမြဲစွာမှတ်မိနေတတ်သူများ အစရှိသဖြင့် ဉာဏ်ရည်နှင့် ပတ်သက်သော ထူးခြားသည့် စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် နာမည်ကျော်များလည်း ရှိနေသည်။ ယင်းသို့သော Celebrity များ၏ ဉာဏ်ရည်ထက်မြက်မှု အတိုင်းအတာ (IQ)ကိန်းဂဏန်းများသည် ပါရမီရှင်အဆင့်မျှထိ မြင့်မားနေလေ့ရှိသည်။

ပျမ်းမျှအားဖြင့် သာမန်လူတစ်ဦး၏ IQ ပမာဏကို (၁၀၀)ဝန်းကျင်ဟု သတ်မှတ်လေ့ရှိပြီး ယင်းထက်မြင့်မားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုအပိုင်းတွင် ပိုမိုပြည့်ဝထူးချွန်လေဖြစ်သည်။ (၁၄၀)အထက်ကိုမူ ပါရမီရှင်ဟု သတ်မှတ်လေ့ရှိသည်။

နယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင်နှင့် အနုပညာရှင် အချို့တို့တွင်လည်း IQ အဆင့်သတ်မှတ်ချက် မြင့်မြင့်များ ပိုင်ဆိုင်ထားကြရာ ယင်းတို့အနက် (၁၀)ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁၀။ နစ်ကိုးလ်ကစ်ဒ်မန်း
ကစ်ဒ်မန်း၏ ဉာဏ်ရည်ထက်မြက်မှုသည် မိဘများထံမှ အမွေဆက်ခံ ရရှိခဲ့သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဟောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ မိဘနှစ်ပါးသည် သုတေသန ပရောဂျက်တစ်ခုအတွက် အမေရိကန်သို့ ပြောင်းရွှေ့လာသည့် သုတေသီများ ဖြစ်ကြပြီး ကစ်ဒ်မန်းကို ဟာဝိုင်ယီရှိ ဟိုနိုလူလူတွင် မွေးဖွားခဲ့သည်။
ကစ်ဒ်မန်း၏ ဖခင်သည် ဇီဝဓာတုသိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ကစ်ဒ်မန်းကမူ ဖခင်၏လမ်းစဉ်ကို မလိုက်ဘဲ အနုပညာနယ်ပယ်တွင် အောင်မြင်မှုများ ရှာဖွေရယူနိုင်ခဲ့သည်။ လက်ရှိတွင် မင်းသားကိတ်သ်အာဘန်နှင့် လက်ထပ်ထားသည့် ဟောလိဝုဒ်ကြယ်ပွင့်သည် ကလေးဘဝငယ်ရွယ်စဉ်ကတည်းက အနုပညာလောကသို့ စတင်ခြေချ ဝင်ရောက်လာသူလည်း ဖြစ်သည်။

သူမ၏ IQ အဆင့်မှာ (၁၃၂)အထိရှိပြီး ဗစ်တိုရီးယား အနုပညာကောလိပ်နှင့် ဩစတြေးလျလူငယ်များ ပြဇာတ်ရုံတို့တွင် ပညာသင်ယူ ဆည်းပူးခဲ့ဖူးသည်။
ကစ်ဒ်မန်းသည် အကောင်းဆုံး မင်းသမီးဆုအတွက် အော်စကာဆုရရှိခဲ့ဖူးပြီး ဖြစ်သလို UNICEF ၏ နှလုံးလှသံတမန်တစ်ဦးအနေဖြင့် ပရဟိတလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်လျက်သည်။ ကစ်ဒ်မန်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု အခြေအနေများကို ကမ္ဘာက ပိုမိုအာရုံစိုက်လာအောင် တက်တက်ကြွကြွ နှိုးဆော်စည်းရုံးနေသူ တစ်ဦးလည်း ဖြစ်သည်။

၉။ ကီဗင်စပေဆီ
IQ အဆင့် (၁၃၇)အထိ ရှိနေသည့် စပေဆီ အနေဖြင့် ငယ်စဉ်ကျောင်းသားဘဝကတည်းက ပညာရည်ထူးချွန်ပြီး ကျောင်းအတွက် ကိုယ်စားပြုရသည့် အဆင့်မျိုး သတ်မှတ်ခံခဲ့ရခြင်းမှာ မဆန်းကြယ်လှချေ။

ဟောလိဝုဒ်၌ တော်လှန်ဆန်းသစ်သော အမြင်ရှိသည့် သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့သလို ဘရော့ဒ်ဝေး ပြဇာတ်နယ်ပယ်တွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။
ဟောလိဝုဒ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ စွဲစွဲမြဲမြဲ ဖြတ်သန်းခဲ့ပြီးနောက် လန်ဒန်အခြေစိုက် Old Vic ပြဇာတ်ကုမ္ပဏီ၌ အနုပညာဖန်တီးမှုဆိုင်ရာ ဒါရိုက်တာအဖြစ် စာချုပ်ခဲ့သည်။

စပေဆီသည် ၎င်း၏ ဉာဏ်ရည်မြင့်မားမှုကို သရုပ်ဆောင်၊ ဒါရိုက်တာ၊ ပရိုဂျူဆာနှင့် စာရေးဆရာနယ်ပယ်များ၌ ရပ်တည်ရင်း လက်တွေ့ပြသခဲ့သူဖြစ်သည်။

၈။ နာတာလီပို့တ်မန်း

ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူတစ်ဦးကို ရုပ်ရှင်ရိုက်ကွင်းများတွင် အခြေချရပ်တည်ပြီး ထူးထူးခြားခြား အောင်မြင်နေသည့် အခြေအနေမျိုး များများစားစား မျှော်လင့်နိုင်မည် မဟုတ်ချေ။

ပို့တ်မန်းသည် ယင်းကဲ့သို့ ရှားပါးစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်ပြီး (၂၀၀၃)ခုနှစ်က ဟားဗတ်မှ စိတ်ပညာအထူးပြုဘွဲ့ကို ရရှိထားခဲ့သည်။ ထို့အပြင် Black Swan ဇာတ်ကားတွင် အကောင်းဆုံး ဦးဆောင်သရုပ်ဆောင်ရင်း အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုများကို သိမ်းကျုံးရရှိထားခဲ့သည်။

ဆရာဝန်တစ်ဦးနှင့် အနုပညာရှင်တစ်ဦးတို့ ပေါင်းဖက်ရာမှ မွေးဖွားလာသည့် အစ္စရေးသူ၏ IQ အဆင့်သတ်မှတ်ချက်သည် (၁၄၀)အထိ ရှိနေသည်။

ပို့တ်မန်းသည် ဟီးဘရူးနှင့် အင်္ဂလိပ်စကားများကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး စပိန်၊ ဂျပန်၊ ဂျာမန်နှင့် ပြင်သစ် ဘာသာစကားများကိုပါ လက်ပွန်းတတီး လေ့လာသင်ယူထားသူ ဖြစ်သည်။

“ကျွန်မက ရုပ်ရှင်စတားတစ်ယောက် ဆိုတာထက် ပိုပြီးတော့ စမတ်ကျချင်ပါတယ်”ဟု ပြောဆိုဖူးသည့် ပို့တ်မန်းအနေဖြင့် ပညာရေးတွင်လည်း အမှန်တကယ် ထူးချွန်သူတစ်ဦးဆိုသည်မှာ ယုံမှားစရာမရှိချေ။

၇။ မက်ဒေါနား
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အယ်လ်ဘမ်ချပ်ရေ ကော်ပီပေါင်း သန်း(၃၀၀)ကျော် ရောင်းချပြီးသည့်နောက် Material Girl စတားအဆိုတော်သည် အထင်ကရ ဂီတကြယ်ပွင့် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ မှတ်ကျောက်တင်နိုင်ခဲ့ပြီး ဖြစ်သည်။

သူမ၏အသံနှင့် သူမ၏အလှအပတို့ကို ဘေးဖယ်လိုက်လျှင်ပင် မက်ဒေါနား၌ အထူးတလည် အသိအမှတ်ပြုရမည့် အရည်အသွေးကောင်းတစ်ခု ကျန်ရှိနေသေးသည်။ ယင်းမှာ သူမ၏ IQ အဆင့်ဖြစ်သည်။

မက်ဒေါနားသည် IQ အဆင့် (၁၄၀)အထိ ရှိနေသူဖြစ်ပြီး ငယ်စဉ်က မစ်ချီဂန်တက္ကသိုလ်တွင် အကပညာကို ဆည်းပူးသင်ယူနေရာမှ တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်ခဲ့ရပြီးနောက် မျှော်လင့်ချက်အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် နယူးယောက်သို့ စွန့်စားထွက်ခွာလာခဲ့သည်။

မက်ဒေါနားသည် သီချင်းအယ်လ်ဘမ် (၁၂)ခုထိ ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်သလို ဖက်ရှင်အမှတ်တံဆိပ်များ၊ ရေမွှေးအမှတ်တံဆိပ် အမျိုးမျိုးတို့ကို ထုတ်လုပ်ခြင်း အပါအဝင် စီးပွားရေးလုပ်ငန်းအချို့ကိုပါ စီမံကိုင်တွယ်ပြီး အောင်မြင်မှုများ ရရှိနေသည်။

၆။ ဟီလာရီကလင်တန်
ပါရမီရှင်အဆင့် IQ သတ်မှတ်ချက်မျိုး ပိုင်ဆိုင်သူများထဲတွင် အမေရိကန်သမ္မတကတော်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

လွှတ်တော်အမတ်ဘဝမှသည် သမ္မတလောင်းနေရာထိ နိုင်ငံရေးနယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ကလင်တန်သည် IQ အဆင့် (၁၄၀)အထိ ရှိနေသူ တစ်ဦးဖြစ်သည်။

ချီကာဂိုတွင် မွေးဖွားသည့် ကလင်တန်သည် ကျောင်းသူ မိန်းကလေးငယ် ဘဝကတည်းက ရည်မှန်းချက် ကြီးကြီးမားမား ထားရှိခဲ့သည်။

နိုင်ငံရေးနယ်ပယ်ကို သူမဘဝ၏ တက်လမ်းအဖြစ် အခိုင်အမာ မရွေးချယ်မီက ကလင်တန်သည် အာကာသယာဉ်မှူးတစ်ဦး ဖြစ်လာရန်အတွက် NASA တွင် အလေးအနက် ချိတ်ဆက်ကြိုးစားခဲ့ဖူးပြီး ထိုစဉ်က အမျိုးသမီးအာကာသယာဉ်မှူးများ ရွေးချယ်ရန် အစီအစဉ်မရှိသေးဟု NASA က ပြန်ကြားခဲ့၍သာ ကလင်တန်တစ်ယောက် အာကာသဟင်းလင်းပြင်ထဲ ရောက်မနေဘဲ လွှတ်တော်အဆောက်အအုံထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။

၅။ စတိဗ်မာတင်

Father of the Bride နှင့် Pink Panther ကဲ့သို့ ရုပ်ရှင်များတွင် ဆံပင်ဖြူဖြူနှင့် သရုပ်ဆောင် မာတင်၏ ရယ်ရွှင်ဖွယ်ဇာတ်ရုပ်များကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ မာတင်သည် ရုပ်ရှင်ပိတ်ကားပေါ်တွင် ပရိသတ်များ တွေ့မြင်ရသည့် ပုံရိပ်မျိုးထက် ပိုမိုနက်နဲသော နောက်ခံဖြတ်သန်းမှုများ ရှိနေသူဖြစ်သည်။

၎င်းသည် လောင်းဘိခ်ျရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်တွင် စိတ်ပညာအထူးပြုအဖြစ် ပညာသင်ယူခဲ့ပြီး ထို့နောက်တွင်မူ ပရိသတ်များကို ပျော်တော်ဆက်သည့် ဟာသဇာတ်ဆောင်တစ်ဦး၏ ဘဝကို ခံယူခဲ့သည်။

ထူးခြားချက်မှာ မာတင်သည် MENSA ခေါ် နိုင်ငံတကာမှ IQ အဆင့်အတန်း အလွန်မြင့်မားသူများ စုဖွဲ့ထားသည့် အစည်းအရုံးမှ အသင်းဝင်တစ်ဦး ဖြစ်နေခြင်းပင်။ ၎င်း၏ IQ အဆင့်သည် (၁၄၂)အထိ ရှိနေကြောင်း သိရသည်။

မာတင်သည် အောင်မြင်သည့် ဟာသဇာတ်ဆောင်တစ်ဦးအပြင် ပြဇာတ်ရေးဆရာ၊ စာရေးဆရာဘဝများကိုပါ ခံယူထားပြီး ကမ္ဘာ့အဆင့် ဘင်ဂျိုတူရိယာပညာရှင် တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသည်။

၎။ ရှရွန်စတုန်း
IQ အဆင့် မယုံနိုင်လောက်စရာ မြင့်မားနေသည့် နောက်ထပ် ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးအဖြစ် စတုန်းကို ညွှန်းဆိုရမည် ဖြစ်သည်။ သူမ၏ IQ အဆင့်မှာ (၁၅၄)ဖြစ်သည်။

မျက်လုံးပြာပြာများနှင့် မင်းသမီးသည် စက်ရုံအလုပ်သမားတစ်ဦး၏ သမီးအဖြစ် ဘဝကို အစပြုခဲ့သော်လည်း အသက်(၁၅)နှစ်အရွယ်တွင် ပင်ဆယ်လ်ဗေးနီးယားရှိ အီဒင်ဘိုရိုတက္ကသိုလ်မှ စကောလားရှစ် ရရှိသည်အထိ ပညာရေးတွင် ထူးချွန်ခဲ့သည်။

တက္ကသိုလ်တွင် ဖန်တီးရေးသားမှု အတတ်ပညာနှင့် ပန်းချီအနုပညာ ဘာသာရပ်များကို သင်ယူခဲ့ပြီး ဇွဲနပဲကြီးသည့် ကျောင်းသူလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ထို့နောက်တွင်မူ ပင်ဆယ်လ်ဗေးနီးယား အလှမယ်ပြိုင်ပွဲ၌ သရဖူဆောင်းခဲ့ပြီးနောက် မော်ဒယ်လောကသို့ ခြေချဝင်ရောက်လာပြီး ထိုမှတစ်ဆင့် ဟောလိဝုဒ်ကြယ်တစ်ပွင့် မွေးဖွားလာခဲ့သည်။

Total Recall နှင့် Basic Instinct ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည့် မင်းသမီးသည် အီတလီစကားကိုလည်း လည်လည်ပတ်ပတ် ပြောဆိုတတ်သူ တစ်ဦးဖြစ်သည်။

၃။ ကွန်တင်တာရန်တီနို
အထက်တန်းပညာရေးမျှ သင်ယူပြီး ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သော်လည်း တာရန်တီနိုသည် ဉာဏ်ရည်အရ IQ အဆင့် (၁၆၀)အထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။
တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေး သတ်မှတ်ချက် အမြင့်ဆုံးပုဂ္ဂိုလ်များအနက် တစ်ဦးအဖြစ် ယူဆနိုင်သည်။

တစ်ချိန်က သရုပ်ဆောင်သင်တန်းများ တက်ရောက်ခဲ့ဖူးသော်လည်း မိမိ၏ စိတ်အာရုံကို နှစ်နှစ်ကာကာ ဖမ်းစားနိုင်သော နယ်ပယ်သည် စာရေးခြင်းနှင့် ရုပ်ရှင်ဒါရိုက်တာ အလုပ်များသာဖြစ်ကြောင်း ရှာဖွေ တွေ့ရှိလာခဲ့သည်။

စိတ်ကူးစိတ်သန်း ကောင်းမွန်သော်လည်း မိခင်ကို ကြောက်ရွံ့နေရလေ့ရှိသည့် လူငယ်လေးတစ်ဦးသည် ယခုအခါ ရုပ်ရှင်လောက၏ ထူးချွန်သော ပဲ့ကိုင်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ ၎င်း၏ Pulp Fiction ဇာတ်ကားသည် အကောင်းဆုံး ဖန်တီးမှုလက်ရာတစ်ခုအဖြစ် ဟောလိဝုဒ် ရုပ်ရှင်ဝေဖန်ရေး ပညာရှင်များနှင့် ပရိသတ်များက သတ်မှတ်ထားကြသည်။

၂။ ဘီလ်ဂိတ်စ်


ယနေ့အချိန် ဂိတ်စ်၏ ရပ်တည်နေမှုအရ ၎င်း၏ IQ အဆင့် (၁၆၀)အထိ ရှိနေသည်ဆိုသော အချက်သည် အံ့ဩစရာ အခြေအနေမျိုး မဟုတ်တော့ချေ။

Microsoft ၏ ပဲ့ကိုင်ရှင်ကြီးသည် ခေတ်သစ် ကွန်ပျူတာနည်းပညာလောကတွင် ဖန်တီးဆန်းသစ်မှု အမျိုးမျိုးဖြင့် ဦးဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

အချို့သော အထင်ကရပုဂ္ဂိုလ်ကြီး အချို့ကဲ့သို့ပင် ဂိတ်စ်သည်လည်း ပညာရေးဆုံးခန်းမတိုင်ဘဲ ဟားဗတ်တက္ကသိုလ်မှ ကျောင်းထွက်လာကာ Microsoft အတွက် ထဲထဲဝင်ဝင် မြှုပ်နှံခဲ့သည်။

ငယ်သူငယ်ချင်းတစ်ဦးဖြစ်သည့် ပေါလ်အလန်နှင့်အတူ (၁၉၇၅)ခုနှစ်တွင် ဂိတ်စ်က အစပြုတည်ထောင်ခဲ့သည့် Microsoft သည် ယခုအခါ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး Software ကုမ္ပဏီကြီးအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။

Microsoft၏ အောင်မြင်မှု အရှိန်အဝါကြောင့် ဂိတ်စ်သည်လည်း ကိုယ်ထူးကိုယ်ချွန် ချမ်းသာလာသည့် အသက်အငယ်ဆုံး ဘီလျံနာအဖြစ် အသက်(၃၁)နှစ်အရွယ်တွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

၁။ ဂျိမ်းစ်ဝုဒ်စ်


ကောလိပ်ကျောင်းမှ ထွက်ခွာခဲ့ရသည့် အခြားသော IQ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဝုဒ်စ်ကို ရွေးချယ်ရမည်ဖြစ်ပြီး ယခုဆောင်းပါးပါ (၁၀)ဦးတွင် အဆင့်အမြင့်ဆုံး IQ ပိုင်ရှင် အနေဖြင့်ပါ ညွှန်းဆိုရမည် ဖြစ်သည်။

ဝုဒ်စ်၏ IQ အဆင့်သည် (၁၈၄)အထိရှိပြီး အထက်တန်းကျောင်းသား ဘဝကတည်းက လော့စ်အန်ဂျလိစ်ရှိ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သင်ရိုးတစ်ခုကို ဆည်းပူးနေခဲ့သည်။

အဲလ်ဘတ်အိုင်းစတိုင်း၏ IQ အဆင့် (၁၆၀)ထက် ပိုမိုမြင့်မားသော IQ အရည်အသွေးကို ပိုင်ဆိုင်ထားသူ တစ်ဦးအနေဖြင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွင် ပညာသင်ယူရင်း သမားရိုးကျ သင်ကြားမှုများကို ငြီးငွေ့လာသည်မှာ မဆန်းချေ။ ထို့ကြောင့်လည်း ၎င်းသည် နိုင်ငံရေးသိပ္ပံပညာရပ်ကို အထူးပြုသင်ယူနေရာမှ ကျောင်းထွက်ပြီး သရုပ်ဆောင်နယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။

Ghost of Mississippi နှင့် Any Given Sunday ဇာတ်ကားများသည် ဝုဒ်စ်၏ လူသိများသော အနုပညာမှတ်တိုင်များ ဖြစ်ခဲ့ပြီး ၎င်း၏ ဉာဏ်ရည်ထက်မြက်မှုများက ဇာတ်ရုပ်အမျိုးမျိုးတွင် ပိုင်နိုင်စွာ သရုပ်ဆောင်ပြီး ပရိသတ်များကို လွှမ်းမိုးနိုင်သည့် အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်စေခဲ့သည်။

_THE RICHEST
7 Day Daily

မောင်တောနယ်စပ်ပြဿ နာကြောင့် တစ်ပိုင်တစ်နိုင်မှောင်ခိုသွားလာမှု ပပျောက်လာ

Posted by drmyochit Tuesday, June 10, 2014, under | No comments

ြ
မန်မာ-ဘင်္ဂလားဒေ့ရှ်မောင် တောနယ်စပ်ပြဿနာကြောင့် တစ်ဖက်နှင့်တစ်ဖက်နယ်စပ်ဖြတ် ကျော်တစ်ပိုင်တစ်နိုင်မှောင်ခိုလမ်း ကြောင်းဖြင့် ကုန်ကူးသန်းသွားလာ  သူများပပျောက်သွားခြင်းနှင့် အတူမှောင်ခိုကုန်ကူးသန်းသူများ ကို တာဝန်ယူကြီးကြပ်ဆောင်ရွက် ပေးနေသည့်တာဝန်သိနယ်စပ်လုံ ခြုံရေးအချို့လည်းလုပ်ငန်းရပ်ဆိုင်း သွားကြောင်း မောင်တောနယ်စပ် ဒေသတစ်ပိုင်တစ်နိုင်ကုန်သည် များထံမှ သိရသည်။

မောင်တောနယ်ပစ်တစ် လျှောက်တွင် မောင်တောနှင့် တစ်ဖက်နိုင်ငံတက်္ကနာ(ဖ်)နယ်စပ် လူဝင်လူထွက်စစ်ဆေးရေးဂိတ်နှင့် တောင်ပြိုမြို့နယ်ခွဲလူဝင်လူထွက်  စစ်ဆေးရေးဂိတ် (၂) ခု သာရှိပြီး  နယ်စပ်ဖြတ်ကျော်သွားလာမှု ပတ်(စ်)ပို့ (Passport)  ကြေးသတ်  သာမှုရှိသော တရားဝင်သတ်မှတ်  ဆောင်ရွက်ထားခြင်းမျိုးမရှိသေး သည့်မှောင်ခိုနယ်စပ်ဖြတ်ကျော် သွားလာမှုဂိတ်အရေအတွက် (၁၂) ဂိတ်ကျော်ရှိကြောင်း သိရ သည်။

“မှောခိုင်နယ်စပ်ဖြတ်ကျော်  သွားလာမှုကို လုံးဝခွင့်မပြုဘူး။ အရင်ကလည်းခွင့်ပြုတာမရှိခဲ့ဘူး။ အရေးကြီးကျန်းမာရေးကိစ္စတွေဆို မှ သက်ဆိုင်ရာမှ ထောက်ခံချက် စာရွက်စာတမ်းအပြည့်စုံပါမှခွင့် ပြုပေးတာတို့ရှိခဲ့ပါတယ်”ဟု အောင်သပြေနယ်စပ်ကျေးရွာမှ နယ်စပ်လုံခြုံရေးအရာထမ်းတစ်  ဦးကပြောကြားသည်။

အဆိုပါနယ်စပ်မှောင်ခိုဂိတ် လမ်းကြောင်းမှ နေ့စဉ်မှောင်ခို စနစ်ဖြင့် တစ်နေ့လျှင် တစ်ဖက် နှင့် တစ်ဖက်နယ်စပ်ဖြတ်ကျော်ပြီး တစ်ပိုင်တစ်နိုင်သွားလာနေကြသူ ဦးရေ (၃၀၀)နှင့် အထက် (၅၀၀) ၀န်းကျင်အထိရှိနိုင်ကြောင်း သိရ သည်။

နယ်စပ်ပြဿနာငြိမ်းအေး သွားပြီဟုဆိုသော်လည်းတစ်ဖက် နှင့်တစ်ဖက်နယ်စပ်တစ်လျောက်  တိုးမြင့်ချထား သည့်နှစ်ဖက်နယ်စပ် လုံခြုံရေးများကြောင့် တာဝန်သိ နယ်စပ်လုံခြုံရေးများက နားလည်  မှုဖြင့် ခွင့်ပြုပေးခြင်း ကို ပိတ်ပင် ထားကြောင်း မောင်တောနယ်စပ် အခြေစိုက်ဝါရင့်တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များ ကခန့်မှန်းပြောဆို နေကြသည်။

“အခုတော့ပြဿနာပြေငြိမ်း သွားပြီဖြစ်လို့မကြားရတော့ပေမယ့်  လုံခြုံရေးအရနယ်စပ်လုံခြုံရေးတွေ ကသွားလာခွင့် ခွင့်မပြုသေးလို့ သွားလာမှုမရှိသေးဘူး။ ကုန် ပစ္စည်းတွေက ဒီအတိုင်းမရောင်း ရ၊ မချရဘဲသောင်တင်နေတော့ စားဝတ်နေရေးကလည်း ကျပ် တည်းမှုဖြစ်လာတာပေါ့”ဟု မောင်တောနယ်စပ်တမန်းသားကျေး ရွာမှ နယ်စပ်တစ်ပိုင်တစ်နိုင်ပို့ကုန်  လုပ်ငန်းရှင်ဦးလှဖေကပြောကြား သည်။

မေလ ၂၈ ရက်နေ့က မောင်တောနယ်စပ်ပြဿနာစတင် ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၉ ရက်နေ့ စ၍ တစ်ဖက်နှင့်တစ်ဖက်သွားလာ  မှုလုံးဝမရှိကြောင်း နေ့ဘက်အချိန် များတွင်လည်း နယ်စပ်ဖက်မှ သေနတ်သံများကြားရပြီး လက်ရှိ တွင် ပြဿနာပြေငြိမ်းသွားပြီဖြစ် သည်။

အာရကန်ကိုကို-ရခိုင်ပြည်နယ်(မြစ်မခ)

လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ထိပ်သီး ညီလာခံ

Posted by drmyochit Tuesday, June 10, 2014, under | No comments


စစ်မက်ဖြစ်ပွားရာ ဒေသတွေအတွင်း လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ဆိုင်ရာ ၄ ရက်ကြာ ညီလာခံကို ကျင်းပနေရာမှာ ဒီညီလာခံ အနေနဲ့ မတရား ပြုကျင့်ခံရသူတွေဟာ ဂုဏ်သရေ ထိခိုက်စရာ မရှိဘူးဆိုတဲ့ သတင်းစကားကို ထုတ်ပြန်ဖို့ လိုတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် ဟောလီဝုဒ် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီက ပြောလိုက်ပါတယ်။

ကျူးလွန်သူကသာ သိက္ခာမဲ့ လုပ်ရပ်အတွက် အရှက်ရသင့်တဲ့သူ ဖြစ်တယ်ဆိုတာ ကမ္ဘာကြီးက သိနားလည်ဖို့ လိုတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်နဲ့ အတူ ကမကထပြု ကျင်းပတဲ့ လန်ဒန်မြို့တော်က ညီလာခံမှာ အိန်ဂျယ်လီနာ ဂျိုလီက ပြောပါတယ်။


အခု ထိပ်သီး ညီလာခံဟာ ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၀ ရဲ့ အစိုးရတွေဆီက ကတိကဝတ်တွေ ရလာအောင် တောင်းဆိုခဲ့တဲ့ ၂ နှစ်ကြာ လှုပ်ရှားမှုရဲ့ ရလဒ်လည်း ဖြစ်ပါတယ်။


မြန်မာနိုင်ငံ အစိုးရကလည်း ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ကတိပြုထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ နိုင်ငံခြားရေး ဌာန သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်ဟာ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရှောင်လွှဲဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး ဆိုတာ ကမ္ဘာကြီးက သိရှိဖို့ အချိန် ရောက်စေချင်ပြီလို့ ညီလာခံကို စီစဉ် ကျင်းပသူတွေက ပြောကြပါတယ်။

BBC

မိုးရာသီနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ်

Posted by drmyochit Tuesday, June 10, 2014, under | No comments

မိုးရာသီရောက်လာပြီမို့ သွေးလွန်တုပ်ကွေး သတိပေးချက်တွေ ထွက်ပေါ်လာတယ်။ ကလေးမိဘတွေလဲ သွေးလွန်တုပ်ကွေးကို သတိထားလာတာ တွေ့ရပါတယ်။ ကလေးနေမကောင်းရင် သွေးလွန်တုပ်ကွေး ဖြစ်မှာ စိုးရိမ်သူတွေလဲ မနည်းလှဘူး။ ဘာပဲပြောပြော ဒီလိုသတိထားလာတာ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ လူနာတွေကလည်း ကျန်းမာရေးသတိရှိလာကြသလို ကလေးတွေကို ဂရုတစိုက် ကုလာကြတယ်။ ဒီဘက်ပိုင်းနှစ်တွေမှာ သွေးလွန်တုပ်ကွေးက ပိုမိုနာမည်ကြီးလာတယ်။လူနာတွေကြားထဲမှာသာမက ဆရာဝန်အသိုင်းအဝိုင်းထဲမှာကို နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ သွေးလွန်တုပ်ကွေးပိုးဟာ ခြင်ကတဆင့် ကူးစက်နိုင်တာကြောင့် ခြင်နှိမ်နှင်းရေး၊ကာကွယ်ရေးတွေကို အလေးထားပြောလာကြတယ်။

သွေးလွန်တုပ်ကွေး ဘာကြောင့် ဖြစ်လဲ။

သွေးလွန်တုပ်ကွေးဟာ ဒန်ဂီး ဗိုင်းရပ်စ်(dengue virus)တစ်မျိုးကြောင့် ဖြစ်စေပါတယ်။ flavivirus မျိုးနွယ်စုမှာ ပါဝင်ပြီး RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ သွေးထွက်လွန်စေ၊သွေးယိုစေနိုင်တဲ့အပြင် တုပ်ကွေး လ က္ခဏာတွေရှိလို့ သွေးလွန်တုပ်ကွေးလို့ ခေါ်ကြတယ်။ arthropod ပိုးမွှားအကောင်တွေက ကူးစက် တတ်လို့ arbovirusလို့လည်း ခေါ်နိုင်သေးတယ်။ ဖြစ်စေတဲ့ မျိုးရိုးဗီဇလိုက်ပြီး DENV 1,DENV 2,DENV 3နဲ့ DENV 4ဆိုပြီး လေးမျိုးခွဲထားတယ်။ ရောဂါအမျိုးအစား တစ်မျိုးဝင်ပြီးရင် အဲဒီအမျိုးအစားကို ဘဝတလျှောက် လုံး ထပ်မဝင်အောင် ကာကွယ်ပေးနိုင်တယ်။ ဒါ့ကြောင့် လူတစ်ယောက်ဟာ သူ့တစ်သက် မှာ သွေးလွန်တုပ်ကွေး လေးကြိမ်ထက် ပိုမဖြစ်ဘူးလို့ ပြောစမှတ်ပြုကြတယ်။ သွေးလွန်တုပ်ကွေး ကူးစက်ခါစ မှာ တခြားအမျိုးအစား သုံးမျိုးကိုလည်း ရေတိုကာကွယ်ပေးနိုင်တယ်။ ပြဿနာတစ်ခုက နောက် တစ်ကြိမ်မှာ အခြားသွေးလွန်တုပ်ကွေးအမျိုးအစားတစ်ခုဝင်လာခြင်းဟာ ပိုပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်ဖို့ အခွင့် အလန်းပိုများလာစေတယ်။

သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ Aedes ခြင်သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကို ခြင်ကတဆင့် သယ်ဆောင်ပေးပြီး လူတွေကို ကူးစက်စေတယ်။ သယ်ဆောင်ပေးတဲ့ခြင်ကို အေးဒီးစ်ခြင်(aedes mosquito) လို့ ခေါ်ပါတယ်။ အဖြစ်များဆုံးက Aedes aegypti ခြင်ကြောင့် ဖြစ်ပါတယ်။အစောပိုင်း ကာလတွေက Culex aegypti လို့ခေါ်ခဲ့ကြသေးတယ်။ ၁၉၂၀နောက်ပိုင်းမှ Aedes aegyptiလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ ကြတယ်။သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို တခြား အေးဒီးစ်ခြင် အမျိုးအစားတွေက လည်း သယ်ဆောင်နိုင်သေးတယ်။

အေးဒီးစ်ခြင်ဆိုတာ

အေးဒီးစ်ခြင်တွေဟာ အဖြူအမည်း အစင်းကြားရှိတယ်။ အများစုဟာ အာဖရိကတိုက်က ပြန့်နှံ့လာတာဖြစ်ပါတယ်။ ခြင်တွေဟာ အမြင့်ပေ ၃၃၀၀အောက်မှာသာ နေထိုင်ကြလို့ တောင်ပေါ်ဒေသတွေမှာ အဖြစ်နည်းတယ်။သွေးလွန်တုပ်ကွေးပိုး(dengue virus) သယ်ဆောင်တဲ့ခြင်က ခြင်မဖြစ်ပါတယ်။ ခြင်မ ဖြစ်လို့ အသန့်အပြန့် အလွန်ကြိုက်တယ်။ ပေါက်ဖွားရင်လဲ သန့်တဲ့၊ပြန့်တဲ့ နေရာတွေမှာ အဓိက ပေါက်ဖွားတယ်။ ပန်းအိုး၊ဘုရားအိုး၊ ဗူးခွံ၊ပုံးခွံ၊တာယာအဟောင်းအပျက်တွေထဲမှာရှိတဲ့ ရေမှာ ပေါက်ဖွားတယ်။ရေဆိုးရေမြောင်းတွေမှာ ပေါက်ဖွားတာ ရှားတယ်။ နေ့ခင်းပိုင်းမှာ အစာရှာထွက်တယ်။ အထူးသဖြင့် မနက်ပိုင်း ဝေလီဝေလင်းနဲ့ ညနေစောင်းပိုင်းတွေမှာ ခြင်ကိုက် မခံရအောင် သတိထားနေထိုင်ဖို့လိုတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ခြင်ဟာ ကူးစက်ခံရပြီးနောက် ၄ရက်မှ ၁၀ရက်အတွင်း တခြားလူတွေကို ကူးစက်နိုင်တယ်။တခါကူးစက်ခံရရင် ခြင်သက်တမ်း မကုန်မချင်း တခြားလူတွေကို ထပ်မံကူးစက်နိုင်တယ်။ ခြင်တစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၁လ လောက် ရှိပါတယ်။

သွေးလွန်တုပ်ကွေးဆိုတာ

သွေးလွန်တုပ်ကွေးကို dengue hemorrhagic feverလို့ ခေါ်ပါတယ်။၂၀၀၉ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က uncomplicated dengue infectionသာမန် သွေးလွန်တုပ်ကွေး နဲ့ severe dengue hemorrhagic fever ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဆိုပြီး ခွဲခြားထားတယ်။severe dengue haemorrhagic feverကို ၁၉၅၀လောက်ကစပြီး ထိုင်းနဲ့ ဖိလစ်ပိုင်မှာ သတိထားမိလာကြတယ်။ ၁၉၇၀ မတိုင်ခင်က (၉)နိုင်ငံ လောက်သာ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးတွေ ဖြစ်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာ နိုင်ငံပေါင်း (၁၁၀)ကျော်လောက်မှာ ဖြစ်လာကြတာ တွေ့ရပါတယ်။ အဖြစ်များတဲ့ အာရှ၊ အာဖရိက နိုင်ငံတွေသာမက ဖွံ့ဖြိုးတဲ့ အနောက်နိုင်ငံတွေမှာပါ သွေးလွန်တုပ်ကွေးကို သတိထားလာကြတယ်။ မြို့ပြယဉ်ကျေးမှုတွေ၊ ဂလိုဘယ်လိုက်ဇေးရှင်းတွေရဲ့ ဆိုးကျိုးလည်း ပါလိမ့်မယ်။ လေ့လာတွက်ချက်မှုတွေအရ ၁၉၆၀ နဲ့ ၂၀၁၀ နှစ်ပေါင်း ငါးဆယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်နှုန်းဟာ အဆ ၃၀ ကျော်လောက်ထိ တက်လာတာ တွေ့ရပါတယ်။နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၁၀၀ ကျော်လောက်ဟာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်။အဲဒီထဲက လူပေါင်း ၅သိန်းလောက်ဟာ severe dengue hemorrhagic fever ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတက်ကုသဖို့ လိုအပ်ကြတယ်။

သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာရပ်တွေ
သွေးလွန်တုပ်ကွေး လက္ခဏာတွေက ခြင်ကိုက်ခံရပြီး ၁ပတ်လောက်ဆို စပြတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ဝင်တိုင်း ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ထိ မဖြစ်ကြဘူး။ အများစုဟာ သာမန်တုပ်ကွေးအဖျားလောက်သာ ခံစားရတယ်။ရုတ်တရက် အဖျားကြီးလာမယ်။ ၁၀၃-၁၀၄ ဒီဂရီဖာရင်ဟိုက်လောက် ရှိတယ်။ ခေါင်းကိုက်တာ၊ မျက်လုံး အောင့်တာ၊နာတာမျိုးဖြစ်တတ်တယ်။ တုပ်ကွေးသဘောဖြစ်လို့ ခြေဆစ်လက်ဆစ် ကိုက်လာတယ်။ နေလို့၊ထိုင်လို့မကောင်းဘူး။ ပျို့ချင်အန်ချင် ရှိမယ်။ အသားရဲတာ၊အနီစက်ပေါက်တာ ရှိတတ်တယ်။ တစ်ကိုယ်လုံးမှာ ပေါက်တယ်။ ကလေးဆိုရင် အနီစက်က ဝက်သက်နဲ့ ဆင်တူတယ်။ နောက်ဆင်တူတာတစ်ခုက အသက်ကြီးမှ သွေးလွန်တုပ်ကွေး ဖြစ်နိုင်သေးတဲ့အချက်ပဲ။အသက်ကြီးတဲ့သူတွေလည်း မဖြစ်ဘူးမဟုတ်ဘူး။ ဖြစ်နိုင်သေးတယ်။ ရှိတော့ရှိတယ် ရှားမယ်။ အသက် ၁၅နှစ်အောက်တွေ အဖြစ်များလို့ ကလေးတွေဖြစ်ရင် ပိုမိုသတိထားသင့်တယ်။ သိပ်ဆိုးလာရင် နှာခေါင်းသွေး၊ သွားဖုံးသွေးယိုဦးမယ်။ နည်းနည်းလောက် ထိခိုက်မိတာနဲ့ သွေးယိုလာတတ်တယ်။ထပ်ဆိုးလာရင် သွေးအန်တာ၊ သွေးဝမ်းသွားတာ ဖြစ်လာဦးမယ်။ ပိုပြီးအရေးကြီးတာက ရောဂါလက္ခဏာ ပြသပြီး ၃ရက်နဲ့ ၅ရက်အတွင်းပဲ။ရှော့ခ်ဝင်ပြီး သေဆုံးတတ်သူအများစုဟာ အဖျား ၃ရက်မြောက်နေ့နဲ့ ၅ရက်မြောက်နေ့အတွင်းဖြစ်လို့ အရေးကြီးဆုံးကာလတွေပဲ ဖြစ်တယ်။ ဒါ့ကြောင့် ၃ရက်မြောက်နေ့မှာ အဖျားကျလို့ ဝမ်းမသာစေချင်ဘူး။ သွေးယိုပြီး ရှောခ့်ဝင်တတ်တဲ့ကာလဖြစ်လို့ ဂရုစိုက်သင့်တယ်။ ဒီအဆင့်ထိရောက်လာရင် အထူးဂရုစိုက်ဖို့လိုသလို၊ဆေးရုံတက်ဖို့ လိုလာတယ်။ နည်းနေတဲ့အရည်ကို ပြန်ဖြည့်ပေးရတယ်။ လိုအပ်ရင် သွေးသွင်း၊သွေးရည်ကြည်သွင်းတာ လုပ်ရတယ်။ အခန့်မသင့်ရင် သွေးထွက်လွန်၊ ရှော့ခ်ဝင်ပြီး သေဆုံးမှာကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးကို သေချာကြိုတင်ကုသနိုင်ရင် သေနှုန်းက ၁ ရာခိုင်နှုန်းအောက်ထိ ကျဆင်းသွားနိုင်တယ်။ မကုဘဲထားရင် သေနှုန်းက ၂၆ရာခိုင်နှုန်းလောက်ထိ မြင့်တက်သွားတယ်။

Warning signsသတိထားသင့်တဲ့ ရှေ့ပြေးလက္ခဏာရပ်
ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်မရောက်ခင် Warning signsခေါ်တဲ့ သတိပေးတဲ့ လက္ခဏာရပ်တွေကို သိထားသင့်ပါတယ်။
-ဗိုက်မခံမရပ်နိုင် နာလာခြင်း၊
-အဆက်မပြတ် အန်လာခြင်း၊
- နှလုံးခုန်မြန်လာခြင်း၊
-အသက်ရှုမြန်လာပြီး မောလာခြင်း၊
-သွေးအန်ပြီး ဝမ်းမဲသွားခြင်း၊
အထက်ပါ လက္ခဏာတွေ ခံစားရပြီး ၁-၂ရက်အတွင်း အသက်အန္တရာယ်စိုးရိမ်ရလို့ အထူးသတိထားသင့်ပါတယ်။ခြေဖျားလက်ဖျားအေးစက်လာရင်၊
အသားအရည် ဖြူဖျော့လာရင် ဆေးရုံအမြန်ဆုံးသွားဖို့ ကြိုးစားပါ။ နှောင့်နှေးမှုက အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ အချိန် တစ်ပတ်
သွေးလွန်တုပ်ကွေးမှာ အချိန်တစ်ပတ်ဆိုတာကို လွယ်လွယ်ကူကူ မှတ်သားထားသင့်တယ်။ အချိန်တစ်ပတ်နဲ့ အချက်လေးချက်ကို သိရင် ရောဂါမဖြစ်အောင် သတိထားနိုင်မယ်။
၁။ရောဂါပိုးကူးစက်ခံရတဲ့ ခြင်ဟာ ရောဂါပိုးဝင်ပြီး တစ်ပတ်လောက်နေမှ သူများကို စတင်ကူးစက်စေမယ်။ နောက်ပိုင်း သက်တမ်းတလျှောက် ရောဂါဖြန့်ဝေသူဖြစ်လာတယ်။
၂။ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့လူဟာ အကိုက်ခံရပြီး တစ်ပတ်လောက်နေမှ ရောဂါလက္ခဏာစတင်ပြသတယ်။
၃။ရောဂါပိုးဝင်ရောက်ထားတဲ့ လူနာဟာ လက္ခဏာစတင်ပြသပြီး တစ်ပတ်အတွင်းသာ တခြားသူကို ရောဂါပိုးဖြန့်ဝေနိုင်တယ်။ အဲဒီတစ်ပတ်အတွင်း လူနာကိုကိုက်မိတဲ့ ခြင်ဟာ ကံဆိုးသူဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရတယ်။
၎။သွေးလွန်တုပ်ကွေး လက္ခဏာတွေဟာ တစ်ပတ်လောက်ကြာရင် ပြန်လည်ပျောက်ကင်းသွားနိုင်တယ်။ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်ကပဲ ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေးအဆင့်ထိ ရောက်လာပြီး သွေးယိုတာ၊သွေးလန့်တာဖြစ်နိုင်တယ်။

သွေးလွန်တုပ်ကွေးနဲ့ ကာကွယ်ဆေး
ယနေ့အချိန်ထိတော့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး မပေါ်ပေါက်သေးပါ။ရောဂါအမျိုးအစား လေးမျိုးလုံးကိုကာကွယ်ပေးနိုင်မယ့် live attenuated vaccineကို စမ်းသပ်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ မကြာမီနှစ်များအတွင်း ကာကွယ်ဆေးပေါ်ပေါက်လာနိုင်ဖွယ်ရာရှိပါတယ်။ ကာကွယ်ဆေးတွေမပေါ်ပေါက်ခင် ခြင်နှိမ်နှင်းရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးကိုသာ အလေးထား လုပ်ဆောင်သင့်ပါတယ်။

သွေးလွန်တုပ်ကွေး ကာကွယ်ရန် လိုက်နာရမည့်အချက်များ
သွေးလွန်တုပ်ကွေးကာကွယ်ရေးမှာ ခြင်ကိုက်မခံရဖို့နဲ့ ခြင်နှိမ်နင်းရေး နှစ်မျိုးလုံးက အရေးကြီးပါတယ်။
၁။နေ့ခင်းဖက် အိပ်စဉ် ခြင်ကိုက်မခံရအောင် သတိထားပါ။
၂။လိုအပ်လျှင် ခြင်ထောင်၊ခြင်ဆေး အသုံးပြုပါ။
၃။ကလေးငယ်တွေ အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် ဝတ်ပေးထားသင့်တယ်။
၎။ပန်းအိုး၊ဘုရားအိုးတွေ နေ့စဉ်ရေလဲပေးသင့်တယ်။
၅။ဗူးခွံ၊ပုံးခွံ၊တာယာဟောင်းတွေ ခြင်မပေါက်ဖွားစေရန် သတိထားပါ။
၆။ရေဆိုးရေမြောင်းတွေရှင်းလင်းပြီး ပိုးမွှားကာကွယ်ရေး ထိထိရောက်ရောက် လုပ်ဆောင်ပါ။
၇။ခြင်ခိုအောင်းနိုင်သော နေရာများကို သေချာရှင်းလင်းပါ။
၈။မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူး ဂရုစိုက်ပါ။
၉။ဖုံး၊သွန်၊လဲ၊စစ် လုပ်ဆောင်ခြင်းက ခြင်မပေါက်ဖွားအောင် ကာကွယ်ပေးနိုင်တယ်။

အဓိက သိထားသင့်သည့်အချက်များ
-Dengue virus ပိုးဝင်တိုင်း အဖျားရောဂါ ခံစားရမယ် မဟုတ်ဘူး။
-၈၀ရာခိုင်နှုန်းခန့်ဟာ လက္ခဏာမပြဘဲ နေမယ်။ အများစုဟာ သာမန်အဖျားလောက်သာ ခံစားရပြီး သူ့ဘာသာ ပျောက်ကင်းသွားတယ်။
-ကံဆိုးတဲ့ ၅ ရာခိုင်နှုန်းလောက်သာ ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ်။
-ဖြစ်ပွားသူရဲ့ ၉၀ရာခိုင်နှုန်းဟာ အသက် ၁၅နှစ်အောက် ဖြစ်တာကြောင့် မိမိတို့ကလေးတွေကို အထူးဂရုစိုက်သင့်တယ်။
-သွေးလွန်တုပ်ကွေးမှာ အဖျား၃ရက်မြောက်နဲ့ ၅ရက်အတွင်း အရေးကြီးဆုံး အချိန် ဖြစ်တယ်။
-ဒီအဆင့်မှာလည်း ကြိုတင်သိရှိပြီး သေချာကုသရင် သေနှုန်းက ၀.၅-၃ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်။
-ရောဂါမဖြစ်ပွားအောင် သွေးလွန်တုပ်ကွေးနဲ့ အချိန်တစ်ပတ်ဆိုတာကို သိထားသင့်တယ်။
-နေ့ခင်းပိုင်းခြင်ကိုက်မခံရအောင် ကာကွယ်ဖို့နဲ့ ခြင်နှိမ်နှင်းရေးက အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ "သွေးလွန်တုပ်ကွေး အန္တရာယ်၊ သတိထားကာ တို့ကာကွယ်" လို့သာ တိုက်တွန်းပါရစေ။

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပပျောက်ရေး လက်တွေ့လုပ်ရန် တိုက်တွန်း

Posted by drmyochit Tuesday, June 10, 2014, under | No comments


ပဋိပက္ခအတွင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူ ညီချက်ကို မြန်မာအစိုးရက ထောက်ခံခဲ့တဲ့ အပေါ် မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေက သတိနဲ့ ကြိုဆို လိုက်ကြပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ကြပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး သံတမန် အင်ဒရီနာဂျိုလီတို့ ဦးဆောင်တဲ့ ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို မြန်မာနိုင်ငံက ၁၅၀ နိုင်ငံမြောက်အဖြစ် သဘောတူထောက်ခံ တာကို ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက စနေနေ့က ကြေညာခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ လက်မှတ်ထိုးမှုဟာ ဗြိတိန်နိုင်ငံ လန်ဒန်မှာ ဇွန် ၁၀ ရက်ကနေ ၁၃ ရက်ထိ ကျင်းပမယ့် ပဋိပက္ခဖြစ်စဉ်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးကျင်းပမယ့်ရက်မတိုင်ခင် လေးရက်အလိုမှာ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန်းကျော်လည်း တက်ရာက်မှာဖြစ်သလို ပြည်တွင်းပြည်ပ အမျိုးသမီးအဖွဲ့အစည်းတွေ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ သဘောတူညီချက်လက်မှတ်ထိုးတဲ့အပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အတွင်းရေး မှူး အဖွဲ့ဝင် မဂျူလီယာက အဖွဲ့အနေနဲ့ နိုင်ငံတကာမှာ ဆော်သြခဲ့ကြောင်းနဲ့ သတိနဲ့ကြို ဆိုကြောင်းပြော ပါတယ်။

“ပြီးခဲ့တဲ့ရက်မှာ သူတို့က လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းထွက်လာတော့ အရမ်းအံ့သြပြီးမှ ၀မ်းသာ ကြိုဆိုခဲ့တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ဒီလိုမျိုး လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် တစုံတရာပေါ့နော် မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေ ခံစားနေရတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ တစုံတရာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ”

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဟာ နှစ်ဆန်းပိုင်းကလည်း ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ “မပြောင်းလဲသေးတဲ့ စနစ်များ” ဆိုတဲ့ စာအုပ် ထုတ်ဝေခဲ့ပါသေးတယ်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးရေးရာ ဒုတိယတာဝန်ခံ ဒေါ်မီးမီးက မြန်မာအစိုးရရဲ့ သဘောတူထောက်ခံမှုအပေါ် ခုလို သဘောထားပေးပါတယ်။

“ကျမတို့နိုင်ငံအနေနဲ့ကတော့ စာချုပ်စာတမ်းတွေကို ဒီမတိုင်မီလည်း စီဒေါ (အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်) တို့ ဘာတို့ လက်မှတ်ထိုးခဲ့တာရှိတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးလည်း လက်မှတ်ထိုးခဲ့တာတွေ ရှိတယ်။ အဓိကက လက်မှတ်ထိုးခြင်းဟာ စားပွဲပေါ်မှာပဲ ထိုးတာဖြစ်ပြီးတော့ တကယ်တမ်း ထိထိရောက်ရောက် အကျိုးသက်ရောက်မှုမရှိဘူး။ မြန်မာပြည်သူလူထုကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် ကျမတို့က စောင့်ကြည့်ရမယ့် အနေအထားတခုပါ။ လက်မှတ်ထိုးတဲ့ စာချုပ်ပေါ်မှာ ပါတဲ့ ကတိက၀တ်တွေအတိုင်း ကျမတို့နိုင်ငံ အစိုးရအနေနဲ့ ပြည်သူပေါ်မှာ စောင့်ရှောက်စေချင်တယ်” လို့ ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကတော့ လွန်ခဲတဲ့ ၁၅ နှစ်ခန့်က ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာဖြစ်ခဲ့တဲ့ စစ်တပ်က အဓမ္မပြုကျင့်မှုတွေဟာ အခု လက်ရှိကာလမှာ ပုံစံတူထပ်ဖြစ်နေတာကြောင့် စနစ်တခုလို ဖြစ်နေပြီး ကချင်ပြည်တခုတည်းတင် အမျိုးသမီး ၁၃၀ ကျော် အစိုးရတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သူက အစိုးရအနေနဲ့ လက်မှတ်ထိုးရုံတင်မဟုတ်ဘဲ ဒီစနစ်ပပျောက်အောင် ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ ပြောပါတယ်။

“နောက်တခုက လက်မှတ်ထိုးရုံနဲ့ အဆင်မပြေပါဘူး။ လက်မှတ်ထိုးပြီး အကောင်အထည်ဖော်ပေးရ မှာဖြစ်ပါ တယ်။ ကျူးလွန်တဲ့သူကို ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးရမှာဖြစ်ပါတယ်။ အခုတော့ မုဒိမ်းကျင့်လိုက် တယ်၊ ကျူးလွန် လိုက်တယ်။ ဗလက်ကာယလုပ်လိုက်တယ်၊ ပြီးလို့ရှိရင် သူတို့ကို ဘယ်သူမှ အရေးယူပြီးမှ အပြစ်ပေးခြင်း မရှိတဲ့အ ခါမှာ နောက်ထပ်လူတွေလည်း ထပ်ပြီးကျူးလွန်ဖို့အတွက် အလားအလာရှိပါတယ်။ ဒီလို ထပ်ထပ် ကျူးလွန်ကြောင့်လည်း (System) စနစ်တခုလိုတောင်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ system ကြီးကို တိုက်ဖျက်ဖို့ ဆိုလို့ရှိရင် လက်မှတ်လည်း ထိုးရမယ်၊ အကောင်အထည်လည်း ဖော်ရမှာဖြစ်ပါတယ်။ ပြောတဲ့ အတိုင်းလုပ်ရမယ်။”

လန်ဒန်အခြေစိုက် ဘားမားကမ်ပိန်းယူကေကလည်း မြန်မာအစိုးရက အမျိုးသမီးတွေပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာသဘောတူညီချက်ကို ထောက်ခံရုံနဲ့ ကျေနပ်မနေကြဘဲ လက်တွေ့အကောင် အထည်ဖော်တဲ့ အထိ ဆက်လက်ဖိအားပေး တိုက်တွန်းကြဖို့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်က ဦးစီးလုပ်ဆောင်တဲ့ ဒီနိုင်ငံတကာသဘောတူညီချက် လှုပ်ရှားမှုမှာ နိုင်ငံပေါင်း ၂၀၀ ခန့်အနက် မြန်မာအပါ အ၀င် နိုင်ငံပေါင်း ၅၀ လောက်က ထောက်ခံဖို့ ငြင်းဆန်နေရာက မြန်မာက ထောက်ခံဖို့ သဘောတူခဲ့ တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အမျိုးသမီး ၆၂၅ ဦးကို အစိုးရတပ်ဖွဲ့တွေက မုဒိမ်းမှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၇၃ မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ “မုဒိမ်းပြုကျင့်ခွင့်လိုင်စင်” စာအုပ်ကို ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ ရှမ်းအမျိုးသမီးအဖွဲ့က ၂၀၀၂ ခုနှစ်တုန်းက ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

DVB

လက်နက်ကိုင်သောင်းကျန်းသူများကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေးက တောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေးမှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြားခဲ့

Posted by drmyochit Tuesday, June 10, 2014, under | No comments


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် သောင်းကျန်းသူလက် နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ် ပွားမှုကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းချင်းနားလည်မှုလွဲကာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့် အထိဖြစ်ခဲ့သော်လည်း မေ ၃ဝ ရက်မှ အခြေအနေပြန်လည်တည် ငြိမ်ကာ နှစ်နိုင်ငံအလံတင်အစည်းအဝေးကို ဇွန် ၅ ရက်က မောင်တောမြို့နယ်စပ်ကုန် သည်များအသင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ သောင်းကျန်းသူ လက်နက်ကိုင် များကို နှစ်နိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ပူးပေါင်းနှိမ်နင်းရန် မြန်မာနယ်စပ်လုံခြုံရေး မှတောင်းဆိုခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြည်ထောင်စုအဆင့်အစည်းအဝေး မှသာ ရလဒ်ရရှိမည်ဟုပြန်လည်ပြောကြား ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းများအ ရသိရသည်။

''ကျွန်တော်တို့ ခိုင်မာတဲ့သတင်း အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာလက်နက်ကိုင် အကြမ်းဖက်နေတဲ့သူ တွေရှိတယ်။ အဲဒီအပြင်သူတို့က ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ အင်္ကျီအရောင် ဆင်တူတာတွေကို ဖန်တီးဝတ်နေကြပါတယ်'' ဟု မောင်တောနယ်စပ်လုံခြုံရေးကို တာဝန် ယူထားသည့် အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူး ချုပ်တင်ကိုကို ကပြောကြားခဲ့ကြောင်း အစည်း အဝေးတွင် ရှိနေခဲ့သူတစ်ဦးက ပြောသည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာသာ အဖြေရလဒ်ကို အတိအကျပေးနိုင်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးအရာရှိများအစည်းအဝေးကို မကြာ ခဏမြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင်အလှည့်ကျပုံမှန်ပြုလုပ်နေသော်လည်း RSO လက်နက်ကိုင်သောင်းကျန်းသူများနှင့် မြန်မာ နယ်စပ်တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့မှုများဖြစ်ပေါ်ခဲ့ရာ မေ လတစ်လတည်းတွင် အလံတင်အစည်းအ ဝေးနှစ်ကြိမ်နှင့် ယခုဇွန် ၅ ရက်တွင် တစ်ကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဒေသ၏ အခြေအနေမှာ နှစ်ဖက်စစ်ရေးပြင်ဆင်မှုအဆင့်အထိရှိနေ ခဲ့သော်လည်း မေ ၃ဝ ရက်မှ ယနေ့အထိ အခြေအနေတည်ငြိမ်နေခဲ့သည်။ သို့သော် လည်း နယ်စပ်တစ်လျှောက်တွင် သောင်း ကျန်းသူ လက်နက်ကိုင်အဖွဲ့ များရှိနေသည့် အတွက် မြန်မာဘက်မှ တိုးမြှင့်ထားသည့် လုံခြုံရေးဝန်ထမ်း များကို လောလောဆယ် လျှော့ချဦးမည်မဟုတ်ကြောင်း လုံခြုံရေး တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား ၍ ဌာနဆိုင်ရာအကြီးအကဲတစ်ဦးက ပြော သည်။

Flower News Journal | Vol-10, No-22

Lenovo ဖုန်းမြန်မာစာထည့်နည်း ( Sony- Huawei_Samsung တွေလည်း ဒီနည်းနဲ့ ထည့်ရပါတယ်)

Posted by drmyochit Tuesday, June 10, 2014, under , | No comments


(1) Root ဆော့ဝဲကို ဖုန်းထဲထည့်ပြီး Root အရင်လုပ်ပါ တရုတ်စာနဲ့ ဆိုပေမယ့်

ဆော့ဝဲကို အင်စတောလုပ်ပါ ပြီးရင် ဆော့ဝဲကိုဖွင့်လိုက် ဘယ်ဘက်အစွန်

တရုတ်စာကို နှိပ်ပြီး ကိုယ့်ရဲ့ Lenovo ဖုန်းစာလေးအောက်က ခလုပ်ကိုနှိပ်

ခဏနေ အစိမ်းရောင် အမှန်ချစ်လေးပြရင် Root ဖောက်လို့ ပြီးပါပြီ ။


(2)မြန်မာစာအတွက် Smart Zaw Gyi Font Changer ထည့်ရင် မြန်မာစာရပြီ

Root ပြီးရင် မြန်မာစာသွင်းဖို့ Smart Zaw Gyi ကိုထည့်လိုက်တာနဲ့ တရုတ်စာ

နောက်တစ်ခု တက်လာပါတယ် ။ အဲ့မှာ ဘယ်အစွန်က တရုတ်စာကိုနှိပ်ပါ

Smart Zaw Gyi ပွင့်လာပီဆို Root ရှိမရှိ စစ်ဆေးခိုင်းတဲ့ အစိမ်းရောင်ကိုနှိပ်

Root အောင်နေတယ်ဆို Huawei နှင့်အခြား ဆိုတာကို နှိပ်ပြီး Ok လုပ်ပါ

ဒါဆို Lenovo ဖုန်းတွေမှာ မြန်မာစာ ထည့်လို့ ရပါပြီ ။

(3) နောက်တစ်နည်းကတော့ Smart Zaw Gyi နဲ့ အဆင်မပြေရင် ဒီနည်းသုံး

MMAIO ကို အင်စတောလုပ်ပြီး Android Version ပေါ်မူတည်းပြီးရွေးသုံးပါ

Smart Zawgyi ကို ရွေးပြီး XML Method ကို ရွေးပြီး မြန်မာစာထည့်လိုက်ပါ


Download - Baidu -Root .apk

Download - Zawgyi Font Changer(MMAIO)

Download - MMSD Smart Zawgyi Installer.apk





မောင်စွယ်စုံကျမ်းမှ

မလေးရှားလေယာဉ် တွေ့ခဲ့သည်ဆိုသော နယူးဇီလန်အင်ဂျင်နီယာ အလုပ်ထုတ်ခံရ

Posted by drmyochit Tuesday, June 10, 2014, under | No comments


မလေးရှား MH 370 လေယာဉ်ကို ပြီးခဲ့သည့် မတ်လက ဗီယက်နမ်ကမ်းလွန်တွင် မီးလောင်ပျက် ကျသွား သည်ကို မြင်တွေ့ခဲ့ရကြောင်း မကြာမီက ထုတ်ဖော်ပြောကြားခဲ့သည့် နယူး ဇီလန် ရေနံတူးဖော်ရေး အင်ဂျင် နီယာတစ်ဦးဖြစ်သူ မိုက်မက်ခေး သည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

မက်ခေးမှာ နယူးဇီလန်မှ Songa Mercur ရေနံတူးစင်တွင် လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းသည် နာမည်အပြည့်အစုံ၊ နယူးဇီလန် ပတ်စ်ပို့နံပါတ် အပြည့်အစုံဖြင့် မလေးရှားလေယာဉ်ဟု ယုံကြည် ရသော လေယာဉ်တစ်စီး ဗီယက် နမ်နိုင်ငံဘက်တွင် မီးလောင်ပျက် ကျသွားသည်ကို မြင်တွေ့ခဲ့ရ ကြောင်း သက်ဆိုင်ရာများသို့ အီးမေးလ်ပေးပို့ကာ ထုတ်ဖော် ပြောကြားခဲ့သူဖြစ်သည်။

အဆိုပါ အီးမေးလ်မှာ မီဒီ ယာများတွင် ပေါက်ကြားသွားခဲ့ ရာ၌ ၎င်းအမည်အပြင် လုပ်ကိုင် နေသော ရေနံတူးစင်အမည်နှင့် ကုမ္ပဏီအမည်၊ ကန်ထရိုက်တာ ကုမ္ပဏီ Songa Offshore တို့ပါ ပါဝင်သွားခဲ့ရာ ထိုကုမ္ပဏီများမှာ လည်း မီဒီယာများ၏ မေးမြန်း စုံစမ်းမှုများကို အမျိုးစုံခံစားခဲ့ရပြီး နောက် စုံစမ်းမှုများ ပိတ်ပင်ခဲ့ရ သည်။

မက်ခေးသည် ဗီယက်နမ် အာဏာပိုင်များထံသို့ အကြောင်း ကြားပြီးနောက် ၎င်းတို့နှင့် အင်တာဗျူး ပြုလုပ်ခဲ့ကာ အက်ဒမန်ပင် လယ်ထဲတွင် စုံစမ်းမှုများ စတင်ခဲ့ သည်။

ထို့အပြင် မက်ခေးသည် နယူးဇီလန်နိုင်ငံသို့ ပြန်ရောက်စဉ် အချိန်ကလည်း နယူးဇီလန်ရဲတပ် ဖွဲ့မှတစ်ဆင့် အင်တာပိုသို့ အ ကြောင်းကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ၏ ဆန်ဒေး စတားသတင်းစာက မက်ခေး သည် မကြာမီက မေလကုန်ခါနီး ငါးရက်အလိုတွင် ရာထူးမှ ရပ် ဆိုင်းခံခဲ့ရခြင်းဖြစ်ကာ လစာကို တစ်လစာ အပြည့်ရခဲ့သည်ဟု ဆို သည်။

၎င်းကို ငှားရမ်းထားသည့် ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် M-I Swaco ကုမ္ပဏီကမူ မက်ခေးကို ကန်ထရိုက်စာချုပ်ရပ်ဆိုင်းလိုက် ခြင်းမှာ လေယာဉ်ကိစ္စကြောင့် မဟုတ်ဘဲ ၎င်းနေရာကို အစားထိုး ရန် ဒေသခံအင်ဂျင်နီယာတစ်ဦး ရရှိခဲ့၍ဖြစ်ကြောင်းဆိုသည်။

မလေးရှား လေယာဉ် ပျောက်ဆုံးချိန်တွင် မြင်တွေ့ခဲ့ရ သည်ဟု ထုတ်ပြောခဲ့သည့် နောက် ထပ် လူပုဂ္ဂိုလ်တစ်ဦးမှာ ဗြိတိသျှ ရွက်လှေစီး ခရီးသည်တစ်ဦးဖြစ် သူ ကက်သရင်းတီ(၄၁)နှစ် ဖြစ် သည်။

၎င်းသည် အိန္ဒိယနိုင်ငံမှ ထိုင်း နိုင်ငံ ဖူးခက်သို့ ခင်ပွန်းသည်နှင့် အတူ ရွက်လွှင့်ခဲ့ရာတွင် မတ်လ ၇ ရက် ညက ကောင်းကင်၌ မီး လောင်နေသော လေယာဉ်တစ်စီး ဖြတ်ပျံသွားသည်ကို မြင်တွေ့ရ ကြောင်း၊ လေယာဉ်မှာ သာမန် လေယာဉ်များထက် ပိုကြီးမား သည်ဟု ထင်ရကြောင်း ဖူးခက်သို့ မတ်လ ၁၀ ရက်တွင် ၎င်းတို့ ရောက်ရှိစဉ် ထုတ်ဖော်ပြောဆိုခဲ့ရာ သတင်းများက ဖော်ပြခဲ့သည်။

—Ref: ANN/The Star
7day

ရက်တို အစားမစားဘဲ နေခြင်းဖြင့် ကိုယ်ခံအားစနစ် နှိုးဆွရန် ကူညီနိုင်

Posted by drmyochit Tuesday, June 10, 2014, under | No comments


နှစ်ရက်မှ လေးရက်အထိ အစာမစားဘဲနေခြင်းဖြင့် သက်ကြီး ရွယ်အိုများ၏ ကိုယ်ခံအားစနစ်ကို နှိုးဆွရန်နှင့် ကင်ဆာရောဂါသည် များ ဓာတုကုထုံး၏ ဆိုးကျိုးများကို တိုက်ဖျက်ရန် ကူညီနိုင်သည်။
ကြွက်နှင့် လူတို့ကို ပထမအဆင့် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုအရ အချိန်ကြာကြာ အစာမစားဘဲနေခြင်းက သွေးဖြူဥအရေအတွက်ကို လျော့ကျသွားစေသည်ဟု တွေ့ရှိရကြောင်း USC Long-evity Institute ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဗောလ်တာလွန်ဂိုက ပြောသည်။

အစာမစားဘဲ နေခြင်းဖြင့် သွေးနှင့် ကိုယ်ခံအားစနစ်အတွက် အရေးကြီးသော သွေးနီဥပင်မဆဲလ်များအတွက် လမ်းကြောင်းများ ပြောင်းလဲမှုကို လျင်မြန်စွာ အားဖြည့်ပေးကြောင်း ကြွက်များနှင့် စမ်း သပ်ရာတွင် တွေ့ရှိခဲ့သည်ဟု Cell Stem Cell ဂျာနယ်၌ ဖော်ပြ ထားသည်။
အစာမစားချိန်တွင် ခန္ဓာကိုယ်စနစ်က စွမ်းအင်ချွေတာရန် ကြိုးစားပြီး မလိုအပ်သော ကိုယ်ခံအား ဆဲလ်များစွာကို ပြန်လည်အသုံးချခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ပျက်စီးတော့မည့် အခြေအနေရှိသော ကိုယ်ခံအားဆဲလ်များကို ပြန်လည်အသုံးချသည်။ အချိန်ကြာအစာမစားဘဲ နေပါက ကြွက်နှင့် လူများ၏ သွေးဖြူဆဲလ်အရေအတွက် ကျဆင်းသွားပြီး အစာပြန်စားချိန်တွင် သွေးဆဲလ်များ ပြန်လည်ပြန်ပေါ်လာသည်ဟု သုတေသီများ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည်။

အချိန်ကြာ အစာမစားဘဲ နေပါက ခန္ဓာကိုယ်သည် ၎င်းသိုလှောင် ထားသော ဂလူးကို့စ်၊ အဆီနှင့် အော်ဂဲနစ်ဒြပ်ပေါင်းများကို အသုံးပြု ရပြီး သွေးဖြူဆဲလ်အရေအတွက်ကို လျော့ကျသွားစေသည်။ အစာအကြာကြီး မစားဘဲနေခြင်းမှာ လေယာဉ်တစ်စီးမှ ၀န်ပိုများပို ပစ်ချလိုက်သကဲ့သို့ အကျိုးသက်ရောက်မှုရှိသည်ဟု ဒေါက်တာ လွန်ဂိုက ပြောသည်။

ကင်ဆာရောဂါကို ဓာတုကုထုံးဖြင့် ကုသ၍ အသက်ရှင်နိုင်သော် လည်း ယင်းကုထုံးကြောင့် ကိုယ်ခံအားစနစ်ကို မရည်ရွယ်ဘဲ သိသိ သာသာ ထိခိုက်ပျက်စီးစေနိုင်သည်။ အစာမစားဘဲနေခြင်းက ဓာတု ကုထုံးကြောင့်ဖြစ်သော အန္တရာယ်ရှိသည့် ထိခိုက်မှုအချို့ကို လျော့ကျသွားစေကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

သို့သော် ဆေးဘက်ဆိုင်ရာ လေ့လာမှု ပိုလုပ်ရန် လိုအပ်နေဆဲဖြစ်ကာ စားချိန်တစ်ချိန်နှင့်တစ်ချိန်ကြား ကွာဟသည့် အချိန်ကဲ့သို့ အချက်အလက်များကို ဆရာဝန်၏ လမ်းညွှန်ချက်အရသာ လုပ်ဆောင်သင့်ကြောင်း သိရသည်။

7 Day Daily

၁၆ ရာစုနှစ်က သွေးစုပ်ဖုတ်ကောင်ဟု ယူဆရသူ ကိုမြှပ်နှံထားတဲ့ အခေါင်းကို တူးဖော်တွေ့ ရှိ

Posted by drmyochit Tuesday, June 10, 2014, under | No comments


အလယ်ခေတ်က လူတော်တော်များများဟာ သူတို့ ရဲ့နေ့ စဉ်ဘ၀တွေမှာ သွေးစုပ်ဖုတ်ကောင်တွေကို ကြောက်လန့် မှုနဲ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ ဒီ ဒဏ္ဍာရီလာသတ္တ၀ါ သွေးစုပ်ဖုတ်ကောင်လို့ ယူဆရတဲ့ အလောင်းတစ်ခုကို ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တူးဖော်တွေ့ ရှိခဲ့ရပါတယ်။ သံသယဖြစ်ဖွယ်ရာအလောင်းကို ပိုလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ Kamien Pomorski မြို့ မှာ တွေ့ ရှိခဲ့ရပြီး သွေးစုပ်ဖုတ်ကောင်မြှပ်နှံမှု နဲ့  ပတ်သတ်တဲ့ အချက်အလက်အကုန်ပြည့်စုံနေတာကို တွေ့ ရှိရပါတယ်။

အလောင်းဟာ ၁၆ ရာစုနှစ်လောက်က ဖြစ်မယ်လို့ ခန့် မှန်းထားပြီး အလောင်းနဲ့ ပက်သတ်တဲ့ ပုဂ္ဂိုလ်ရေး အထောက်အထားတွေ ကင်းမဲ့နေမှုကြောင့် ရက်စွဲအတိအကျခန့် မှန်းဖို့ ခက်နေပါတယ်။

ဒီအလောင်းကို မြို့ နယ်ဘုရားကျောင်းဘေးက သုသာန်ကို တူးဖော်ရင်း တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

သွေးစုပ်ဖုတ်ကောင်လို့ ယူဆရတဲ့ အထင်အရှားဆုံးအမှတ်အသားကတော့ အလောင်းရဲ့ ခြေထောက်မှာ ငုတ်ရိုက်သွင်းထားတဲ့ လက္ခဏာတွေ့ ရှိရခြင်းပါ။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင်လို့ ယူဆရတဲ့လူတွေကို အပြစ်ပေးသတ်ဖြတ်ရာမှာ နောက်တစ်ကြိမ်ပြန်လည်နိုးထခြင်းမရှိအောင်လို့ အလောင်းရဲ့ ခန္ဓာကိုယ်နဲ့ မြေကြီး နဲ့  တွဲကပ်ပြီး ငုတ်ရိုက်သွင်းလေ့ရှိပါတယ်။

တူးဖော်မှုကိုဦးဆောင်သူ Slawomir Gorka က “ ပထမတော့ ကျွန်တော်တို့ သူ့ ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ထင်ခဲ့တာပေါ့။ နောက်မြေကြီးကနေ တူးဖော်ပြီးတော့မှ ငုတ်ချွန်တစ်ခုခု ထိုးစိုက်ခဲ့တဲ့ အပေါက်မှန်း သိခဲ့ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အလောင်းမှာ အပေါ်သွားတွေ မရှိဘဲ အုတ်ခဲတစ်ခဲကို ပါးစပ်ထဲ ကိုက်ထားတာကို တွေ့ ရှိခဲ့ရပါတယ်။ ဒါဟာ အလောင်းကို တူးဖော်တဲ့ လူတွေကို သွေးစုပ်ဖုတ်ကောင်က သွေးစုပ်မယ့်ရန်မှ ကာကွယ်ထားတယ်လို့  ယူဆရပါတယ်။

အခုလို သွေးစုပ်ဖုတ်ကောင်မြှပ်နှံမှုမျိုး တွေ့ ရှိရတာက သမားရိုးကျတော့မဟုတ်ပါဘူး။ ပိုလန်နိုင်ငံမှာတင် နှစ်အနည်းငယ်အတွင်း အခုလို သွေးစုပ်ဖုတ်ကောင်အလောင်းတွေ့ ရှိမှုမျိုး အများအပြားရှိခဲ့ပါတယ်။

အခုလိုပုံစံနဲ့ မြှပ်နှံမှုမျိုးဟာ Kamien Pomorski ဒေသတစ်ဝိုက် ၁၃ ရာစုကနေ ၁၇  ရာစုအတွင်း ကျက်စားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တွေကို မြှပ်နှံတဲ့ပုံစံလို့ ယူဆထားကြပါတယ်။

သွေးစုပ်ဖုတ်ကောင်လို့ ယူဆရသူအများစုဟာ မင်းမျိုးမင်းနွယ်၊ပညာရှိတွေနဲ့  ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတတ်ပါတယ်။

Trend Myanmar

ကျောင်းအိမ်သာတွင် လိင်ဆက်ဆံနေသော ကျောင်းသားနှင့်ကျောင်းသူကို ဆရာမှပက်ပင်းမိ

Posted by drmyochit Tuesday, June 10, 2014, under | No comments


တီနွမ် (Tenom)မှ အသက် ၁၄ နှစ်အရွယ်ကျောင်းသားနှင့်ကျောင်းသူ ၂ ဦးကို ကျောင်းအိမ်သာတွင် လိင်ဆက်ဆံစဉ် ဖမ်းမိသည်။ တနင်္လာနေ့နံနက် ၁၀ နာရီခွဲ၊အတန်းအားလပ်ချိန်တွင် ကျောင်းအိမ်သာအနီး ဖြတ်သွားသော ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဆရာက ၄င်းတို့ကိုဖမ်းမိသည်။

ကလေး ၂ ဦးသည် ကျောင်းအားလပ်ချိန်တွင် အခြားသူများသတိမထားမိခင် အိမ်သာသို့ပြေးဝင်ခဲ့ ကြသည် ဟု တီနွမ် လက်ထောက်ရဲချုပ်က ရှင်းပြသည်။ စည်းကမ်းထိန်းသိမ်းရေးဆရာသည် အိမ်သာခန်းမှ အသံတစ်ချို့ကြား၍ ၀င်စစ် ကြည့်ရာ ကလေး ၂ ဦးကိုပက်ပင်းတွေ့ခဲ့သည်ဟု အရာရှိက ပြောသည်။

အခင်းဖြစ်သည့်နေ့ တွင် ရဲထံအသိပေးကာ ကျောင်းသားကလေးကိုဖမ်းဆီး ထားသည်။

The Star
ကြေးမုံသတင်းစာ

MH-307 လေယာဉ်နှင့် ပတ်သက်သော သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ငါးသန်း ဆုချီးမြှင့်မည်

Posted by drmyochit Tuesday, June 10, 2014, under | No comments


ကွာလာလမ်ပူ ၊ ၁၀-၆-၂၀၁၄

မလေးရှား ပျောက်ဆုံး လေယာဉ် MH-307 လေယာဉ် ပေါ်တွင် လိုက်ပါသွားခဲ့သည့် ခရီးသည်များ၏ မိသားစုဝင် များစွာသည် လွန်ခဲ့သော သုံးလခန့်က ဂန္ထ၀င်ဆန်စွာ ပျောက်ဆုံး သွားခဲ့သည့် လေယာဉ်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ် ပေးနိုင်ပြီး အကူအညီ ပေးနိုင်သည့် မည်သူ့ကို မဆို အမေရိကန် ဒေါ်လာ ငါးသန်း ဆုချီးမြှင့် သွားရန် ဇွန် ၈ ရက်က Indiegogo ဝက်ဘ်ဆိုက် မှတစ်ဆင့် ပြောကြား ခဲ့သည်ဟု သိရသည်။

မိမိတို့ အနေဖြင့် MH-307 နှင့်ပတ်သက်သော သတင်း တစ်စုံတစ်ခုကို သိရှိထားသည့် မည်သည့် နေရာမှ မည်သူ့ကို မဆို လက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ဆုငွေသည် သတင်းပေး နိုင်သည့် မည်သူ့ကို မဆို အကူအညီ ပေးနိုင်မည်ဟု မိမိတို့ အနေဖြင့် မျှော်လင့်ကြောင်း MH-307 ဆုချီးမြှင့်ရေး အစီအစဉ်ကို ဦးဆောင် လုပ်ကိုင်နေသည့် နည်းပညာ ကုမ္ပဏီ တစ်ခုမှ အကြီးအကဲ တစ်ဦးဖြစ်သူ အီသန်ဟန် က ပြောကြား သည်။

နိုင်ငံတကာမှ ကယ်ဆယ်ရေး အသင်းအဖွဲ့ များစွာသည် MH-307 လေယာဉ်နှင့် Inmarsat ဂြိုဟ်တု တစ်ခုတို့၏ နောက်ဆုံး ဆက်သွယ် ရရှိခဲ့သည့် သတင်း အချက်အလက် များကို အခြေခံ၍ ၄င်းတို့၏ လက်ရှိ လုပ်ဆောင် နေသည့် ရှာဖွေရေး ဧရိယာကို စတုရန်း ကီလိုမီတာ ၆ဝဝဝဝ အထိ တိုးချဲ့၍ ရှာဖွေလျက် ရှိသည်ဟု သိရှိရသည်။

စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သောကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွား

Posted by drmyochit Tuesday, June 10, 2014, under | No comments

အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ဒဂုံမြောက်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသား တစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ မှူးရုံးမှ ဇွန် ၉ ရက် နံနက်ပိုင်းတွင် စုံစမ်းသိရှိရသည်။

ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ  ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား  ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။

ယင်းသို့ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“ခုတ်သွားတဲ့ အမျိုးသားက ၃၂ တိုးချဲ့ ရပ်ကွက်မှာနေတယ်လို့ သိရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဆောင်ရွက်နေတဲ့ဝန်ထမ်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အခြေအနေကို လက်ခံစရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်းပဲ ထိရောက်စွာ ဆောင်ရွက်သွားမယ်။ အခုလည်း နယ်မြေရဲနဲ့ပေါင်းပြီးတော့ အမြန်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်။ ယာဉ်ထိန်းက သူ့ရဲ့ဆိုင်ကယ်ကို စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ဒီလိုလုပ်ခဲ့တယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲတွေကလည်း ဆိုင်ကယ်ဖမ်းတဲ့လူကို မမှတ်ထားလိုက်တော့ အဲဒီလူက ဖမ်းခဲ့တဲ့ ယာဉ်ထိန်းရဲ အနားထိလာပြီးတော့မှ ဓားထုတ်ပြီး ခုတ်တာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။

“သူက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်လို့ကြားတယ်။ အခင်းမဖြစ်မီမှာ သူခုတ်တဲ့ ယာဉ်ထိန်းရဲနှစ်ဦးက သူ့ဆိုင်ကယ်ကို ဖမ်းလိုက်တယ်လို့ သိရတယ်။ အဲဒါကို သူက ဒေါသထွက်ပြီးတော့ ဆိုက်ကားနဲ့  အိမ်ကဓားသွားယူပြီး လိုက်ခုတ်တဲ့ပုံစံပဲ။ အဲဒီယာဉ်ထိန်းရဲ အရာရှိကို ခုတ်ပြီးတော့ သူ့ဆိုင်ကယ်သူစီးပြီး အခြားယာဉ်ထိန်း ရဲတွေကိုခုတ်ဖို့ လိုက်ရှာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေက သတင်းကြားလို့ ထင်ပါတယ်။ မရှိကြတော့ဘူး” ဟု အခင်းဖြစ်ပွားရာ အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခြင်း၊ ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းနှင့် ရန်ရှာခြင်း စသည့် ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ခုနစ်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် လေးမှုရှိသွားပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား မြောက်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းက “မိုးရွာတော့ ကားတွေပိတ်နေလို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲပြီး လမ်းရှင်းနေတာပါ။ ကျွန်တော်နဲ့ ရဲဘော်နှစ်ယောက်နဲ့က အဖွဲ့ခွဲပြီးတော့ လမ်းရှင်းပြီးလို့ အဖွဲ့ဆီသွားတဲ့ အချိန်မှာပဲ  အလစ်တိုက်ခိုက် ခံလိုက်ရတာပါပဲ။ ယာဉ်ထိန်းတစ်ဦးကို သူကသွားပြီး ပြောနေတဲ့အချိန်မှာ ကျွန်တော်က ဘာဖြစ်လို့လဲလို့ လှမ်းမေးလိုက်တယ်။ အဲဒီအချိန်မှာ သူကကျွန်တော့်နားကို လာပြီးတော့ အရိုးပါပြီး နှစ်တောင်လောက်ရှည်တဲ့ဓားနဲ့ ထုတ်ပြီးတော့ ခုတ်တဲ့အချိန်မှာ ကျွန်တော်လည်း ပြေးခဲ့တယ်။ ဖိနပ်ကလည်း မိုးရေတွေ စိုနေတော့ ချော်လဲတဲ့အချိန်မှာ အပေါ်ကနေ  ကျွန်တော့်ကို ခုတ်တယ်။ လက်နဲ့ကာလိုက်တော့ ချိုင်းအောက်ကို ထိသွားပါတယ်။ ဒီလိုအလွတ်ကြီး ရိုင်းစိုင်းခဲ့တဲ့သူကို မိအောင်ဖမ်းပြီးတော့ ထိရောက်တဲ့ အပြစ်ပေးဖို့ပဲ တောင်းဆိုပါတယ်” ဟု ဇွန် ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

Eleven

သရဖူ စွန့်လိုက်ရတဲ့ ထိုင်း အလှမယ်

Posted by drmyochit Tuesday, June 10, 2014, under | No comments

ထိုင်းနိုင်ငံက ၂ဝ၁၄ ခုနှစ်အတွက် Miss Universe Thailand သရဖူဆုရှင် မစ္စ ဝေလူရီ ဖိုင် Weluree Fai ဟာ ထိုင်း လူမှု ကွန်ရက်တွေက သရဖူနဲ့ မထိုက်တန်ဘူးဆိုတဲ့ သူ့ကို အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန် တိုက် ခိုက်မှုတွေကြောင့် သရဖူကို စွန့်လွှန့် လိုက်ပါတယ်။

ထိုင်း မစ္စယူနီဗာ့စ် ၂ဝ၁၄ သရဖူဆုရှင် မစ္စ ဖိုင်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဘန်ကောက်ဟိုတယ်မှာ အကျဉ်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအလှမယ် ဖိုင်ဟာ မျက်ရည်စက် လက်နဲ့ အခုလို သရဖူကို ခြွင်းချက်မဲ့ ပြန်လည် အပ်နှင်တာဟာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာဖြစ် တယ် လို့ ပြောသွား ပါတယ်။
အလှမယ်သရဖူဆောင်းခဲ့ရစဉ်က ပျော်ရွှင်ခဲ့ရပေမယ့် ထိုင်း လူမှု ကွန်ရက်တွေက အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန်တိုက်ခိုက်ရေးသားမှုတွေကြောင့် မစ္စ ဖိုင်နဲ့ သူ့ မိသားစုဝင်တွေပါ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရတာလို့ လည်း ဆို ပါတယ်။ တချို့ဝေဖန်မှုတွေက သူဟာ ဗိုက်နဲ့ ပေါင်တံမှာ အဆီရှိတယ်ဆိုပြီး တိရိစ္ဆာန်နဲ့ နှိုင်းကာ အလှမယ်ဆိုတာ ဒီလို အဆီတဝင်းဝင်းနဲ့ ဝတုတ်မ ဖြစ်တယ် စသဖြင့် ဝေဖန်ပြစ်တင်တာမျိုးလည်း ပါဝင်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တချိန်က တီဗွီအစီအစဉ်ကြေညာသူလည်း ဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ မစ္စ ဖိုင်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလလောက်က သူ့ရဲ့ တွစ်တာနဲ့ ဖေ့စ်ဘုတ် အကောင့်တွေကနေ ရှပ်နီ အုပ်စုတွေကို ပြင်း ထန်တဲ့ ဝေဖန်စာသားတွေနဲ့မှတ်ချက်တွေ ရေးခဲ့ဖူးပါတယ်။

ဒါကြောင့် အခုနှစ်အတွက် Miss Universe Thailand 2014 အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံး အလှမယ် သရဖူ ဆု ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က အောင်မြင်ခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ အတော်ပဲ ပွဲဆူခဲ့တာပါ။

အဲဒီတုန်းက First Runner Up ဆုနဲ့ သာ နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့ Ellie ကို ပရိသတ်က သရဖူရမယ်လို့
မျှော်လင့် ထားခဲ့ပြီး မစ္စဖိုင်က သရဖူရခဲ့တာကို အတော်အံ့အားသင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်  မေလ ၁၉ ရက်နေ့တုန်းကတော့ မစ္စ ဖိုင်ဟာ ဖေ့စ်ဘုတ်နဲ့ တွစ်တာတွေကနေ အဲဒီတုန်းက မစ္စယင်လတ်အစိုးရ ကို ထောက်ခံတဲ့ ရှပ်နီတွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိတာ ကို လူသိရှင်ကြားတောင်း ပန်ခဲ့ပါတယ်။

အခြေခံ လူတန်းစား ရှပ်နီတွေက သူတို့ကို ဝေဖန်ပြစ်တင်တဲ့ သူဟာ ထိုင်းနိုင်ငံကို ကိုယ်စားပြုတဲ့ အလှမယ်မဖြစ်သင့်ဘူးလို့ ဝေဖန်ရှုံချကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးပါတယ်။



အိမ့်သံစဉ်
ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်