Sunday, March 09, 2014
အဖေအမေကို တရားစွဲတဲ့ သမီး
Posted by drmyochit Sunday, March 09, 2014, under | 1 comment
အမေရိကန် နယူးဂျာစီပြည်နယ်က အသက် ၁၈နှစ်အရွယ် သမီးဖြစ်သူက မိဘတွေကိုပြန်ပြီး တရားစွဲ လိုက်ပါတယ်။ ရေချယ်ဆိုတဲ့ မိန်းကလေးက မိဘတွေ သူ့ ကို အိမ်ပေါ်က မောင်းချ လိုက်တယ် လို့စွပ်စွဲပြီး ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်တွေ အတွက် မိဘများကို တရား စွဲခဲ့တာ ဖြစ်ပါတယ်။
မိဘတွေကသူ့ အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ လွဲမှားစွာ ဆက်ဆံ ခံခဲ့ကြပြီး ဒါတွေ အဆုံး သတ်ဖို့ အတွက်အိမ်က ဆင်းခဲ့ခြင်းဖြစ် တယ်လို့ ရေချယ်ကပြောပါတယ်။ သူ့ မိဘတွေဟာ တစ်နှစ်ကို ၀င်ငွေ ဒေါ်လာသုံး သိန်းကျော် ရှိကြောင်း၊ အခု ကျောင်း နှစ်တစ်ဝက်မှာ သူ့ ကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ကျောင်းစရိတ်ကို မပေးတော့ကြောင်း သူ့အမေ က သူ့ဖက်တီး၊ ၀က်ပုပ်စ သဖြင့်ခေါ်ပြီး အဖေကိုသူ့ ကိုရိုက်မယ်လို့ ခြိမ်းခြောက်တယ်၊ ရည်းစားနဲ့တွေ့ ခွင့်ကိုတားမြစ်တယ်၊ စကောလားရှစ် ရဖို့ ဖိအားပေးတယ်၊ နောက် မင်္ဂလာဆောင် မှာ သူအရက်မူးတဲ့ ကိစ္စ စတာတွေ ကို ပြောပါတယ်။
သူ့ မိဘတွေက ရေချယ်ကို အိမ်က မောင်းချတာ မဟုတ်ကြောင်း၊ အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်ကိုင် ဖို့နဲ့ အိမ်ပြန်ဖို့ အချိန် သတ်မှတ်ချက် စတာတွေကို မလိုက်နာ နိုင်တာကြောင့် သူ့ သဘောနဲ့ သူ အိမ်ပေါ် ကဆင်း သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဖခင်ရှောင်က "ကျနော်တို့ဟာ ကိုယ်သမီးက ကိုယ့်ကို တရားပြန်စွဲတာ ခံရတယ်။ ဘာမှ မပြောနိုင်အောင် ဆွံ့အသွားတယ်ဗျာ။ သူ့အမေလည်း ဒီလိုပဲ။ ကျန်တဲ့ သမီးတွေလည်း ဒီလိုပဲ ခံစား ကြရတယ်။ အိမ်မှာ နေတာ အိမ်အလုပ် လုပ်ရတယ် ဆိုတာလည်း အသေးအဖွဲ လေးတွေ လုပ်ခိုင်း တာပါဗျာ။ ညဖက်ကို အိမ်ပြန်ချိန် ကာ ဖျူးသတ်မှတ် တယ်ဆို တာလည်း ည ၁၁ နာရီနောက်ပိုင်းထက် ကျော်ပြီး အိမ်အပြင် မှာမနေဖို့ ပြော တာပါ" လို့ ဆိုပါတယ်။
" ကျနော်အိမ်မှာ နေပြီး ကျနော့် စည်းမျဉ်းကို လိုက်နာလို့သူ ဘာအခွင့်ထူး တွေရမလဲ။ ပုဂ္ဂလိ ကျောင်းမှာ တက်ရမယ်၊ ကား အသစ် စီးရမယ်။ ကောလိပ် ကျောင်းတက်ခွင့် ရမယ်ဗျာ။ ဒါပေမယ့် အိမ်ရဲ့ စည်းမျဉ်းတွေ ကိုတော့လိုက်နာရမယ်။နည်းနည်းတော့တင်းကျပ်တာပေါ့ဗျာ" လို့ ပြောပါတယ်။
အဖေနဲ့ သမီးက တရား ရင်ဆိုင် နေတုန်း နားတဲ့ အချိန်မှာ စကားပြောဖြစ် ခဲ့ပေမယ့် မိခင်ဖြစ်သူ အဲလိဇဘက် ကတော့ ငိုပါတယ်။
နယူးယော့ အခြေစိုက် ကလေး၊ ဆယ်ကျော်သက်နဲ့ မိသားစု ဆိုင်ရာ စိတ်ပညာရှင် ဂျင်နီဖာက "ဆယ်ကျော် သက်ကလေးတွေကို ပြုစုပျိုးထောင် ရတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး၊ တချိန်ထဲ မှာပဲ ကလေးတွေ အတွက်လည်း ဆယ်ကျော်သက် ဘ၀ဆိုတာ ပန်းခြံထဲမှာ လမ်းလျှောက် နေရတာ မဟုတ်ပါဘူး"           လို့ ပြောပါတယ်။
the melting pot 4 U
မလေးရှား လေယာဉ်မပျောက်ဆုံးခင် ကွေ့လာတဲ့ ရေဒါလမ်းကြောင်း ရှာတွေ့
Posted by drmyochit Sunday, March 09, 2014, under | No comments
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ပျောက်မသွားခင်က ကွာလာလမ်ပူ မြို့ကနေ ပေကျင်းမြို့ကိုအသွား စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ကွေ့လာတာကို ပြနေတဲ့ ရေဒါကို လမ်းကြောင်းရှာမိထားတယ်လို့ မလေးရှားစစ်တပ် အရာရှိတွေက မတ်လ ၉ ရက်နေ့က ပြောပါတယ်။
မလေးရှား ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မလေးအနောက်ဘက် ကမ်းရိုးတန်းကိုပါ တိုးချဲ့ ရှာဖွေနေတယ် လို့ စစ်တပ် အရာရှိတွေက ပြောပါတယ်။
လူစုစုပေါင်း ၂၃၉ ယောက်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ လေကြောင်းအချက်ပြ ထိန်းချုပ်ရေးဌာနနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပြီး တဲ့နောက် မတ်လ ၈ ရက်နေ့က ဗီယက်နမ် ကမ်းရိုးတန်းမှာ ပျက်ချခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။
လေယာဉ်ပေါ်ပါသူ ၂ ယောက်ဟာ ခိုးထားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားခဲ့ပုံ ရတယ်လို့ ဥရောပအရာရှိတွေက ပြောပြီး မလေးရှား အရပ်ဘက် လေကြောင်းဌာနကလဲ အတည်ပြုပါတယ်။
ဒီလူ ၂ ယောက် လေဆိပ်မှာ ခရီးသည်စစ်ဆေးတဲ့ နေရာကနေ ပြည်ပထွက်ခွာ နေရာကို ရောက်တဲ့အထိ လုံခြုံရေး ကင်မရာက မှတ်တမ်းတင်ထားတာ ရှိတယ် အဲဒီမှတ်တမ်းကို အခု သုံးနေပြီလို့ အရပ်ဘက် လေကြောင်းဌာန ညွှန်ချုပ် အဇာရပ်ဒင်း အဗ်ဒူ ရာမန်က ပြောပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှု အတွင်း တိုက်ခိုက်ခံရမှုဟာ ဖြစ်နိုင်ချေတွေထဲက တခုပါ။
လောလောဆယ် ရှာဖွေရေးအတွက် လေယာဉ် ၂၂ စီးနဲ့ သင်္ဘောအစီးလေးဆယ်က ပျောက်သွားတဲ့ လေယာဉ်နဲ့ ပတ်သက်သမျှကို လိုက်ရှာဖွေနေဆဲပဲလို့ မလေးရှား ကာကွယ်ရေး တပ်ခေါင်းဆောင် ဗိုလ်ချုပ် ဇူကီဖယ်လီ မို့ဇင်က ပြောပါတယ်။
ဗီယက်နမ် တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ရှာဖွေရေး သင်္ဘောတွေ စေလွှတ်ခဲ့သလို အမေရိကန် ဖိလစ်ပိုင်နဲ့ စင်ကာပူတို့က စစ်လေယာဉ်တွေ စေလွှတ် ကူညီခဲ့ တာပါ။
ပျောက်ဆုံးလေယာဉ်ဟာ လေကြောင်းခရီးစဉ်အတွင်း မလေးရှားအရှေ့ဘက် ကမ်းရိုးတန်းကနေ ရေမိုင် ၁၂၀ အကွာမှာ လေကြောင်းထိန်းချုပ်ရေး စခန်းဆီကို နောက်ဆုံး ဆက်သွယ်ခဲ့ပါသေး တယ်။ ပျောက်ဆုံးချိန်ကစပြီး ၂၄နာရီ ကျော်တဲ့အထိ လေယာဉ်ကိုရော ဘယ်လို အပျက်အစီးကို မှ အရိပ်အယောင်တွေ့ကြောင်း အတည်ပြုချက် မရသေးပါဘူး။
Credit: ဒီဗွီဘီ
အသက်၁၀နှစ်နဲ့  အိမ်ထောင်သည်ဖြစ်ခဲ့ရတဲ့ အီသီးအိုးပီးယားကလေးမလေးရဲ့ ဘ၀ဇတ်ကြောင်း
Posted by drmyochit Sunday, March 09, 2014, under | No comments
အိန္ဒိယက ကလေးသတို့ သမီးတစ်ယောက်။
၁၀နှစ်အရွယ်မိန်း ကလေးတစ်ယောက် အိမ်ထောင်ပြုရတဲ့ အဖြစ်ဟာ အံ့အားသင့်စရာကောင်းပေမယ့် ဒီလို အဖြစ် အပျက်က သူတစ်ယောက်ထဲတော့မဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးရဲ့ ကိန်းဂဏန်းများ အရ နှစ်စဉ် အသက်၁၅နှစ်အောက် ၁၄.၂သန်းသောကလေးငယ်တွေဟာ အတင်းအဓမ္မ အိမ်ထောင်ပြု ပေးခြင်းခံနေရတယ်လို့ သိရပါတယ်။
အကျိုးဆက်ကတော့ထိတ်လန့် ဖွယ်ပါ။ပညာရေးနဲ့ သူတို့ ရဲ့ ကလေးဘ၀ ရပ်တန့် သွားတယ်။ မိန်းကလေး ငယ်တွေဟာ လိင်ဆက်ဆံတဲ့ကိစ္စမှာ စိတ်ဒဏ်ရာတွေရရှိ သွားကြတယ်။ အိမ်တွင်း အကြမ်းဖက် မှုတွေဖြစ် ပွား တယ်။ပိုမိုကောင်းမွန်တဲ့ဘ၀၊အလုပ်အကိုင်ရရှိဖို့ စတဲ့အခွင့်အလမ်းတွေ အားလုံး လက်လွတ် ဆုံးရှုံး သွားပါ တယ်။တချို့ မိန်းကလေးတွေဟာ ကလေးမွေးစဉ်မှာပဲသေဆုံး သွားကြပါတယ်။
အသက်၃၈နှစ်ရှိပြီဖြစ်တဲ့ အယ်လမ်ဆာဟေးဟာအခု လန်ဒန်မှာနေတယ်။ ငယ်ငယ်နဲ့ အိမ်ထောင်ချပေး ခဲ့တဲ့မိဘတွေ ကိုအခုထိဒေါသထွက်နေတုန်းပါ။
"အိမ်ထောင်ပြုဖို့ ကျမတို့ ကရွေးချယ်ခဲ့တာမဟုတ်ဘူး။ ကျမမိဘနဲ့ သူ့ မိဘတွေက ကျမတို့ အိမ်ထောင်ရေး ကိုဆုံး ဖြတ်ခဲ့ကြတာပါ။"
အိမ်ထောင်မကျခင်က အီသီအိုးပီးယား မြောက်ပိုင်းမှာနေခဲ့တဲ့ ပျော်စရာကလေးဘ၀ကိုသူပြန်ပြောင်း သတိ ရ တယ်။ ကျမကျောင်းတက်တယ်လေ။အိမ်ထောင်ကျတော့ကျောင်းထွက်လိုက်တယ်။ စားဖို့ နဲ့ ကစားဖို့ သာ အတွေးရှိတဲ့ ကလေးဘ ၀ပျော်စရာတွေကိုပြန်သ တိရမိပါတယ်။
နောက်တော့တခါမှ မတွေ့ ဘူးခဲ့တဲ့ကောင်လေးတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။
ကျမသူ့ ကိုမသိခဲ့ဘူး။ ဒါပေမယ့် သူ့ ကိုတွေ့ လိုက်ရတော့ အိုကေပါတယ်။သူကကျမလို့ ပဲကလေး တစ်ယောက်ပဲ။ သူကအဲဒီတုန်းက ၁၆ နှစ်ရှိပြီ။သူလည်း ကျမလိုပဲ အိမ်ထောင်ပြုရလို့ စိတ်ညစ်နေတာ။
မိန်းကလေးတွေ ချဉ်းပဲ အတင်းအကျပ် အိမ်ထောင်ပြုခဲ့ရတာမဟုတ်။ယောက်ျားလေးတွေလည်း အတင်းအကျပ် အိမ်ထောင်ပြုခိုင်းခြင်း ခံခဲ့ကြရပါတယ်။ ဒါပေမယ့် အများစု ကတော့ မိန်းကလေးတွေပါ။
ယောက်ျားလေးတွေက  သက်တူရွယ်တူဒါမှမဟုတ်သူတို့ နဲ့ ငယ်သူနဲ့ အိမ်ထောင်ပြုရတယ်။ မိန်းကလေးတွေ ကတော့ သူတို့ ထက်အများကြီး အသက်ကြီးသူတွေနဲ့ အိမ်ထောင်ပြုကြရ တယ်။ယောက်ျားလေးတွေက  ကျောင်းထွက်၊ မိန်းကလေးတွေကလည်း ငယ်ငယ်ရွယ်ရွယ် နဲ့ ကလေးတွေ မွေးရတယ်။
အလမ်ဆာဟေးက သူနဲ့ အသက်သိပ်မကွာသူနဲ့ ရတော့ တော်ပါသေးတယ်။ အိမ်ထောင်ကျတော့ ကျောင်းထွက်၊ အိမ်ကနေ ယောက်ျားနောက်ကိုလိုက်သွားရတယ်။ အီသီအိုးပီးယန်းအိမ်ထောင်ရှင်မတွေရဲ့ ထုံး စံ အတိုင်း ထင်းခွေရေခပ် ယောက်ျားအတွက် အအစားအစာချက်ပြုပ်ပေးရတယ်။အဲဒါသူ့ ရဲ နေ့ တဒူဝ အလုပ်ပါ။
အသက် ၁၃ နှစ်မှာကိုယ်ဝန်ဆောင်ရပြီး သားလေးတစ်ယောက်မွေးပါတယ်။ မိန်းမကြီး တစ်ယောက်လို မဖွံ့ ဖြိုးသေးတဲ့ သူ့ ရဲ့ ကလေးကိုယ်ခန္ဓာက ကိုယ်ဝန်ဆောင်ရတဲ့ဒဏ်ကိုမခံနိုင်ပါဘူး။ "ကိုယ်ဝန်ဆောင်ရ တော့ကျမ အရမ်း နာကျင်တယ်။ ငိုရတယ်။ ကလေးမွေးတော့လည်း အရမ်းနာတာပဲ။ကျမ ကလေးပဲ ရှိသေးတာ။"
အမေ တစ်ယောက်ဖြစ်လာတော့ မိခင်ဘ၀က ပိုခက်ခဲ ပါလာတယ်။ အဲဒီကာလက အီသီအိုးပီးယားမှာပြည် တွင်းစစ်ဖြစ်နေတဲ့ ၁၉၈၉ ကာလပေါ့။ အီသီ အိုးပီးယားမှာ၁၉၇၄ကနေ ၁၉၉၁ ထိပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ လူ ၁.၄သန်းလောက်သေကြ တယ်။အဲဒီစစ်ပွဲမှာ သူ့ ယောက်ျားလည်းအသတ်ခံလိုက်ရတယ်။
"ကျမကလေးမီးဖွားပြီးတော့ စစ်ပွဲကြီးဖြစ်တာပဲ။ကျမယောက်ျားကို သူတို့ ခေါ်သွားကြတယ်။ အဲဒီ တုန်းကသူက ၁၉နှစ်ပေါ့။ စစ်ပွဲထဲသူသေသွားတာပဲ ... ၁၃နှစ်နဲ့ ကျမမုဆိုးမဖြစ်ခဲ့တာပေါ့။ သူကျမကို တစ်နှစ်သားလေးနဲ့ ထားသွားခဲ့တယ်။"
လက်မထပ်ချင်ပဲ လက်ထပ်ခဲ့ ရပေမယ့် သေဆုံးသွားတဲ့သူ့ ယောက်ျားအတွက် ၀မ်းနည်းနေ ခဲ့တုန်းပဲ။
သူ့ ယောက်ျားဟာ  ဘ၀တိုတိုလေးနေခဲ့ရပြီး ပျော်ရွှင်စရာဆိုလို့ နည်းနည်းလေးပဲရခဲ့တယ်လို့ တွေး
ပြီးဝမ်းနည်း နေတုန်းပဲ။
"ကျမသူ့ အတွက်ဝမ်းနည်းမိတယ်။ သူ့ ဘ၀မှာဘာမှ မပျော်ရွှင်ခဲ့ရဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ။နောက်တော့ စစ်ပွဲထဲမှာ တခါတည်း ဘ၀ အဆုံးသတ်သွားခဲ့ရတယ်။ ကျမ သူ့ သားကိုကြည့်ပြီး တခါတခါ ငိုမိပါတယ်။ "
တစ်ယောက်ထဲ ကူကယ်ရာမဲ့ နေတဲ့သူ့ ကို လူကုန်ကူးတဲ့သူတွေက နိုင်ငံခြားမှာ ပိုကောင်းတဲ့ ဘ၀နေ ထိုင်စေ ရ မယ်လို့ ကတိတွေပေးပြီးအီဂျစ်ကိုခေါ်သွားတယ်။ ဒါနဲ့  သူ့ သားကိုအဘွားနဲ့ ထားခဲ့ပြီး အီဂျစ်မှာ သွားအလုပ် လုပ်တော့ အဲဒီမှာ လုပ်ခမရပဲကျွန်ခံခဲ့ရပြန်တယ်။နောက်တော့ နောက်ထပ် လူကုန်ကူးတဲ့ သူတွေက ယူကေ ကိုပို့ ဖို့ စီစဉ်ကြပြန် တယ်။ ကျမလန်ဒန်ကိုအာရပ်ကလူတွေနဲ့ ခိုးဝင်ခဲ့တယ်။
သူတို့ က နင်ငါတို့ နဲ့ အလုပ်လုပ်ရင် လန်ဒန် ကိုခေါ်သွားမယ်လို့ ပြောတယ်။ သူတို့ ကျမ ကိုခေါ်လာပြီးဒီမှာထားခဲ့တယ်။
အသက်၁၆နှစ်မှာ မွေးစားတဲ့မိသားစုနဲ့ နေခဲ့ပေမယ့် ခုတော့သူဘာသာ တိုက်ခန်းလေးတစ်ခုမှာနေနေ ပါပြီ။ သူကျောင်းပြန်တက်တယ်။အင်္ဂလိပ်စာသင်တယ်။ အီသီအိုးပီးယားက ကလေးသတို့ သမီးတွေ ကိုကူညီဖို့ ရည်ရွယ်ပြီး Girls Not Brides ဆိုတဲ့ အဖွဲ့ လေးတစ်ခုဖွဲ့ တယ်။
အသက် ၂၅နှစ်ရှိပြီးဖြစ်တဲ့သူ့ သားဟာ အဘွားနဲ့ အီသီအိုးပီးယားမှာနေထိုင်ပြီး အမေဖြစ်သူ တခါတရံ အလည်လာတဲ့အခါတွေ့ ကြရပါတယ်။
"ကျမသူ့ ကို လန်ဒန်ကိုခေါ်ချင်ပါတယ်။သူက အသက် ၂၀ ပြည့်သွားပြီဆိုတော့ လန်ဒန်ကိုခေါ်ချင်ပေမယ့် အရမ်းခက်ခဲ ပါတယ်။မနှစ်က ကျမကြိုးစားကြည့်ပေမယ့်အဆင်မပြေဘူး။ "
"ကျမသားကို ငယ်ငယ်နဲ့ အိမ်ထောင်ပြုဖို့ ဘယ်တော့မှ မစဉ်းစားနဲ့ လို့ ပြောတယ်။ ကျမ သူ့ ကိုပ ညာတတ် စေချင် တယ်။အမေ့ကိုကြည့်။သားအမေဟာငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့ လို့ ဘ၀တစ်ခုလုံး ရှုပ်ထွေး ကုန်တာကို ကြည့်လို့ သူ့ ကိုပြောရတယ်။"
"ကလေးမလေးတွေအိမ်ထောင်မပြုကြနဲ့ ။ကလေးဘ၀လေးကိုပျော်ပျော်နေ။ကျောင်းသွားပြီး စာတွေ သင်ကြပါလို့ ပြောချင်တယ်။ကျမအတွက်တော့ကျမကလေးဘ၀ကို ဓားပြတိုက်လုယူသွားခြင်းခံရ တယ်လို့ ပဲခံစား ရတယ်။ အခုတော့လန်ဒန်မှာအရာအားလုံးကိုပြန်ပြီး သင်ယူ နေပါတယ်။ ကလေးတွေ ကျောင်းကို သွားပြီး စာသင်ကြားကြပါစေ။ကလေးတွေကိုငယ်ငယ်နဲ့ အိမ်ထောင် ချပေး လိုက်တာ သူတို့ ကလေးဘ၀ကို ဆုံးရှုံးသွားစေတာပါပဲရှင်။"
The Melting Pot 4 U
ဇရာ၏ သဘောကို ပြောင်းပြန် လှန်ပစ်နိုင်သော နုပျိုဆေးကို တွေ့ရှိခဲ့သူ
Posted by drmyochit Sunday, March 09, 2014, under | No comments
သားသမီး သုံးယောက်မိခင် မေရီသည် သာမန်လူတန်းစားထဲက ဖြစ်သည်။ ဒါပေမဲ့ သူက တကယ့်စံပြ၊ တကယ်တော်သည့် စားသုံးသူတစ်ဦးဟု ဆိုရပါမည်။ သူသည် ကျန်းမာရေး ထိခိုက်မည့်
အန္တရာယ်များကို စွန့်စားကျော်လွှားပြီး သူ၏ မျက်နှာပြင်ပေါ်က သက်ကြီးပိုင်း ဇရာ၏ အမှတ်လက္ခဏာ ဖြစ်သော အရေးအကြောင်း ပါးရေနားရေ တွန့်နေသည်များကို ဖျောက်ဖျက်ပစ်ရန် အတွက် ဒေါ်လာထောင်နှင့်ချီ အကုန်ခံ၍ Botox ဆေးကို အသုံးပြုကာ ဘဝ၏ နာရီလက်တံကို ပြောင်းပြန်လှည့်ပစ် လိုက်ပါသည်ဟု ပြောကြသည်။ မေရီသည် အမေရိကန် အများစုလိုပင် သာမန်လူများရသည့် လစာကလေးသာရပြီး နာမည်ကျော် သရုပ်ဆောင်များ အသုံးပြုကြသည့် အသက်အရွယ်ကြီးရင့်မှုကို တိုက်ဖျက်၍ နုပျိုစေသော ထူးခြားသည့် ဆေးဝါးခရင်မ် များ နေ့တိုင်းအသုံးပြုရန် အပိုဝင်ငွေမရှိသူ ဖြစ်ပါသည်။ ကုန်ကျစရိတ် များပြားလွန်းသော ဈေးကြီးသည့် ဆေးဝါးကုသနည်းများကို မလိုအပ်ဘဲ ငွေတွေ အမြောက်အမြား သုံးနိုင်ဖို့ နေနေသာသာ တစ်လနှင့်တစ်လ မျှတအောင် မနည်းကြိုးစား နေရသူထဲကသာ ဖြစ်ပါသည်။
တစ်ခါတုန်းက သူစဉ်းစားခဲ့ဖူးသည်။ ငါငွေတွေချေးပြီး ဘိုတောက် Botox ဆေးထိုးလိုက်ရင် ကောင်းမလားပေါ့။ ဒါတင်မက မျက်နှာကို နုပျိုသွားအောင် ခွဲစိတ် ကုသလိုက်ရရင် ကောင်းမလားဟု စဉ်းစားဆင်ခြင် ကြည့်ခဲ့သည်။ ဒါပေမဲ့လည်း Botox ဆေးသုတေသနနှင့် မျက်နှာခွဲစိတ်၍ နုပျိုအောင် ပြုပြင်ခြင်းများ၏ သုတေသန ပြုချက်များအရ မူမမှန် လုပ်မိခြင်းများ၏ ဇာတ်လမ်းများ ကို ကြောက်လန့်လာခဲ့သည်။ ထို့ကြောင့် မေရီကတခြား ဘေးကင်းပြီး စိတ်လည်းချရကာ ကိုယ်လည်း တတ်နိုင်သည့် ဆေးရည်လေး ရှာဖွေပြီး လိမ်းပါတော့မယ်လေ။ ကြာချင်ကြာ ပါစေ၊ စောင့်ရမှာပေါ့။ နေ့တိုင်းလိမ်းပေးရင် တစ်နေ့တော့ ရလဒ်က ပေါ်လာမှာပဲဟု စိတ်ကိုတုံးတုံးချ ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ ငွေတွေ အရမ်းမကုန်တော့ အကြွေးတွေလည်း တင်ကျန်မနေ ခဲ့တော့ဘူးပေါ့။ အနေအထား၊ အသွားအလာ၊ အလုပ်လည်း ရပ်မသွားဘူးပေါ့။ ဆဲလ်တွေ ပြန်လည်ရှင်သန် နုပျိုစေသည့် သတင်းရုပ်ရှင်ကို ကြည့်ရှုရပြီး သည့်နောက် မေရီက ယုံကြည်အားထားရသော အရေပြား စောင့်ရှောက်ရေး Skin Care အလှကုမ္ပဏီများ ဖြစ်သည့် Bella Genix & Veloura ကုမ္ပဏီထုတ် အလှကုန် ပစ္စည်းနှစ်မျိုးကို ရှာတွေ့သွားပြီး အသက်ကြီးရင့်မှုအား တိုက်ဖျက်မှု ဆိုင်ရာ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် လုပ်ပါတော့သည်။ သူ၏ရလဒ်များမှာ Medi Spars and Doctors offices မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ဝဝဝ နှင့်အထက် အကုန်ကျခံနိုင်မှ ရရှိမည့် ရလဒ်နှင့် ယှဉ်နိုင်သော အခြေအနေကို ဘာမှအသုံးမပြုဘဲနှင့် Bella Genix and Veloura ကိုပဲ သုံးလိုက်သည့်အခါ ရလဒ်ကောင်းများကို ဒေါ်မေရီ ရရှိလိုက်ပါပြီ။ ဒေါ်မေရီ၏ လန့်ဖျပ်သွားလောက်သည့် အောင်မြင်မှု ဇာတ်လမ်းကို အင်တာနက်ပေါ်တွင် တွေ့ရှိရပြီးနောက် ကျွန်တော်တို့ စဉ်းစားမိသည်။ ဒါကတော့ သူ့အဖြစ်ကို လူတွေ သိသင့်တယ်။ သူတို့လည်း မျက်နှာပေါ်က ဇရာရဲ့ ရိုက်ချက် အရေးအကြောင်း ပါးရေနားရေ တွန့်နေတာတွေကို ဖျောက်ဖျက်ပစ်ချင် ကြမှာပဲ။ ဘဝရဲ့ နာရီလက်တံကို ပြောင်းပြန် လည်သွားအောင် လှည့်ချင်ကြမှာပဲဆိုပြီး စာရှုသူပရိသတ်များကို စေတနာနဲ့ မျှဝေသည့် သဘောပါ။
ဒီဆေးရည်က မျက်နှာပေါ်က အရေးအကြောင်း ပါးရေနားရေ တွန့်နေတာတွေ ပျောက်သွားရုံ သာမက လည်ပင်းပေါ်က တွဲကျနေသည့် အရေအတွန့် အလိပ်တွေကိုပါ မျက်နှာပေါ်က အရေပြားတွေလို ပြန်တင်းသွားစေတယ်။ ဒီဆေးအရည်က မေရီရဲ့ ဘဝနဲ့အလှအပြင် မျှော်လင့်ချက်တွေကိုပါ ပြောင်းလဲပစ်လိုက်ပါတယ်။ ခင်ဗျားတို့ လုပ်ရင်လည်း မေရီလိုပဲ လှပသွား၊ စိတ်ချမ်းသာသွားမှာ သေချာတယ်လို့ အသိပေးပါရစေလား ခင်ဗျာ။ ကျွန်မတို့ သုတေသနပြုချက် အပေါ်အခြေပြု၍ Bella Genix and Veloura ခရင်မ်များသည် မယုံနိုင် လောက်အောင် ရလဒ်ကောင်းကို ပေးစွမ်းနိုင်သည့် အပြင် ကျွန်မက လျှော့ဈေးဖြင့် ရလိုက်တာလေ။ ကျွန်မဒါမျိုးကို ဒီလိုဈေးနည်းနည်းနဲ့ ရောင်းချပေးလိမ့်မယ်လို့ မထင်ဘူး။ ဒီလိုဆိုတော့ အရမ်းဈေးကြီးပေးရတဲ့ ဆေးအရည်တွေထက်လည်း ရလဒ်က ပိုကောင်းတယ်။ ဒီဆေးခရင်မ် နှစ်မျိုးကို အညွှန်းအတိုင်း သုံး၍ ၁၄ ရက်ကြာသောအခါ ကျွန်မအမှန်ကို ဝန်ခံရရင် ကျွန်မအသက် အရွယ် ကြီးရင့်မှုကို တိုက်ဖျက်သော ဆေးတွေနဲ့ ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ Oil of Olay, Neutrogena နဲ့ တခြားကျွန်မကို ပြန်ပြီး နုပျိုစေမယ့် အရာမှန်သမျှ မရေ တွက်နိုင်တော့ပါဘူး၊ သုံးကြည့်မိခဲ့တာပါ။ ကံမကောင်း အကြောင်း မလှဘူးလို့ပဲ ဆိုရမယ်။ ရလဒ်က ကျွန်မဖြစ်ချင်သလို ဖြစ်မလာဘူး။ ဒါနဲ့ပေါ်လီမွိုက်စ်-ပီအက်စ် မှတ်တမ်းတင်ကားကို ကြည့်ပြီး နောက်တစ်နေ့တွင် တချို့ ဂရုတစိုက် သုတေသန လုပ်ခြင်းမှ Bella Genix & Veloura ကို တွေ့သွားတော့ ကျွန်မစိတ်ထဲမှာ သံသယတွေ ရှိနေတယ်။ မယုံတယုံနဲ့ စမ်းသုံးကြည့် လိုက်တာ အောင်မြင်မှုပေါင်း ကုဋေကုဋာလို့ ဆိုရမှာပါရှင်။ ကျွန်မဘယ်လိုစပြီး စမ်းသပ်သလဲဆိုတော့ အောင်မြင်မှု ဇာတ်လမ်းတွေမှာ Bella Genix & Veloura နှစ်မျိုး ပေါင်းစပ်အ သုံးပြုတာက အကောင်းဆုံး ရလဒ်ကိုပေးတယ်။ အင်တီအောက်ဆီးဒင့် သတ္တိများတယ်။ အရေးအကြောင်းတွေ၊ အရေပြား တွန့်နေတာတွေ ကိုလျှော့ချပေး တယ်။ ဆေးညွှန်းကတော့ နံနက်ပိုင်းမှာ Bella Genix ကို လိမ်းပေးပါ။ ညအိပ်ရာဝင် မအိပ်ခင်မှာ Veloura ကို လိမ်းပေးပါဟု မေရီက ပြောခဲ့သည်။ စသုံးတဲ့ ပထမဆုံးနေ့မှာ ဒီဆေးတွေရဲ့ အာနိသင်ကို ကျွန်မမျက်နှာ အရေပြားတွေမှာ အံ့သြ ဖို့ ကောင်းအောင် ခံစားရတယ်။ မျက်နှာပေါ်က အပေါက်ကလေးတွေ ကျယ်နေတာကို ဆွဲစေ့ပစ် လိုက်တယ်။ မျက်နှာကို ဖုန်စုပ် စက်ကြီးနဲ့ ဆွဲစုပ်နေသလို ခံစားရတယ်။ ကျွန်မပါးပြင် တွေမှာ လည်း နွေးပြီး စပ်ဖျဉ်းဖျဉ်းကြီး၊ တဆစ်ဆစ်နဲ့ ခံစားနေရတယ်။ မျက်လုံးတစ်ဝိုက်နဲ့ နဖူးပြင်ရော အလုပ်ဖြစ်နေတာလေ။ ဒါနဲ့ ကျွန်မမှန်ယူပြီး ကိုယ့်မျက်နှာကို ကြည့်လိုက်မိ တယ်။ မျက်နှာတစ်ခုလုံး နှင်းဆီရောင်ဖြစ်နေတာ တွေ့ရတယ်။ ဓာတ်ရောင်ခြည်တွေနဲ့ အရောင်အသွေး တောက်နေတာ။ ဆိုလိုတာ က သွေးတွေ က ကျွန်မမျက်နှာ အရေပြားအပေါ်ယံကို ချက်ချင်း စီးဝင်လာကြပြီး အာဟာရ ဖြည့်ပေးနေတာပါ။ ဒီလိုထူးဆန်း အံ့သြဖွယ် ခံစားနေရတာ နာရီနှင့်ချီပြီး ကြာပါတယ်။
ဒီလိုနဲ့ နံနက်စောစောဆို BellaGenix လိမ်းလိုက် ညအိပ်ရာဝင်တော့မယ် ဆိုရင် Veloura ကို လိမ်းပေးလိုက်နဲ့ ငါးရက်ကြာသွားတဲ့အခါ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ အပေါက်တွေ တွန့်လိမ်နေတဲ့ အရေပြားတွေဟာ မေးစရာတောင် မလိုတော့ဘူး အရမ်းကို အံ့သြသွား ရပါတယ်။ ၁၄ ရက်လည်း လိမ်းပြီးရော ကျွန်မ မယုံတယုံ ဖြစ်နေခဲ့တာတွေ၊ သံသယတွေ ဘယ်ရောက် သွားမှန်းမသိတော့ဘူး ပျောက်ကုန်ပြီ။ Bella Genix & Veloura ခရင်မ်ကို နှစ်ပတ်ကြာ လိမ်းပြီးနောက် ကျွန်မအရေပြားက နုပျိုသွားပြီး နေ့တိုင်းပိုပိုပြီး လှလာကာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ငယ်စဉ် ကာလကို ပြန်ရောက်သွားသလိုမျိုး ခံစားရပါတယ်ဟု ပြောပြသည်။ Bella Genix & Veloura ဝယ်လျှင် အခမဲ့ဆေးပုလင်း တစ်ပုလင်း ပေးသေးတယ်၊ ရှင်ဟာ တကယ့် အရည်အသွေးရှိတဲ့ ပစ္စည်းကိုရတာ။ ဘာနှောင်ကြိုးမှ မရှိဘူး။ အကောင်းဆုံး ရလဒ်ရရှိဖို့က ဆေးခရင်မ် နှစ်မျိုးစလုံးကို အတူသုံးချင်စိတ် ဖြစ်လာမှာနော်။ ဆေးခရင်မ်တွေကို ဖောက်သည်ရဲ့ စိတ်ကျေနပ်မှု ၁ဝဝ ရာခိုင်နှုန်း ရှိလာစေရပါမယ်။ မရှိရင် ကျသင့်ငွေကို ပြန်အမ်းပါ့မယ်။ ပို့ခကိုလည်း မယူဘဲ ဒစ်စကောင့် ပေးပါတယ်။ အခုဆိုရင် ၇၁ ဒေါ်လာတောင် မပေးရပါဘူး၊ မြန်မြန်လုပ်နော်။ ဒစ်စကောင့်ဈေးက အမြဲရမှာ မဟုတ်ဘူးဟု မေရီက တိုက်တွန်းသွားပါကြောင်း၊ လူတိုင်း အမျိုးသမီးရော အမျိုးသားတွေပါ နုပျို ရွှင်လန်းဝမ်းမြောက် စေရေးအတွက် သတင်းကောင်း ပါးရင်း ရေးသားအပ်ပါသည်။
Credit: Unknown
MH ၃၇၀ မလေးရှားလေယာဉ် ဗီယက်နမ်တောင်ဘက်စွန်းနား ပျက်ကျဖွယ်ရှိ
Posted by drmyochit Sunday, March 09, 2014, under | No comments
မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ် ပျောက်သွားတဲ့ နေရာနားမှာ ရေနံလောင်စာ ဆီကွက်ကြီး ၂ ခုကို ဗီယက်နမ်ရှာဖွေ ကယ်ဆယ်ရေး လေယာဉ်တွေက တွေ့ရှိခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့တောင်ဘက်စွန်းနားမှာ တွေ့ရတဲ့ လောင်စာဆီ ကွက်ကြီး ၂ ခုရှိတဲ့နားကို ကယ်ဆယ်ရေး သင်္ဘောတွေကို စေလွှတ် ထားတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။
၆ မိုင်ကနေပြီး ၉ မိုင်လောက် ရှိတယ်ဆိုတဲ့ ဆီကွက်ကြီးတွေကို တွေ့ရှိမှုဟာ မလေးရှားကနေ တရုတ်နိုင်ငံဆီ ပျံသန်းသွားစဉ် ပျောက်သွားတဲ့ လေယာဉ်အတွက် နောက်ဆုံးရတဲ့ သဲလွန်စကြီး ဖြစ်ပါတယ်။
ကွာလာလာမ်ပူမြို့တော်ကနေ ဘေဂျင်းမြို့ဆီကို ပျံသန်းသွားတဲ့လေယာဉ်ပေါ်မှာ ခရီးသည်နဲ့လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် ပါသွားပါတယ်။
လေယာဉ်ပျံတဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့နေရာလို့ ဗီယက်နမ်တာဝန်ရှိသူတွေ ပြောတဲ့ ဗီယက်နမ်နိုင်ငံ၊ အနောက်တောင်ပိုင်း သောင်ချူးကျွန်း ( Tho Chu) ရဲ့ အနောက်တောင်ပိုင်း ကမ်းလွန် မိုင် ၁၅၀ လောက်မှာ အဓိက အာရုံစိုက်ပြီး နိုင်ငံစုံက ရှာဖွေရေးတွေကို လုပ်နေကြပါတယ်။
မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့က သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ပျောက်ဆုံးသွား တဲ့လေယာဉ်ကို ရှာဖွေနေကြတာပါ။
ကွာလာလာမ်ပူမြို့တော်ကနေ ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာထွက်ခွာသွားတဲ့ ခရီးစဉ် MH ၃၇၀ လေယာဉ်ဟာ ပျံတက်ပြီးတော့ တစ်နာရီလောက်အကြာမှာပဲ အဆက်အသွယ်အားလုံးပြတ်သွားတယ်လို့ မလေးရှားလေကြောင်းက ပြောပါတယ်။
ခရီးသည်တွေထဲမှာ တရုတ်လူမျိုး ၁၅၂ ယောက်၊ မလေးရှား ၃၈ ယောက်၊ အမေရိကန် ၄ ယောက်အပါအဝင် စုစုပေါင်း နိုင်ငံ ၁၄ ခုက ခရီးသည်တွေဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ Facebook စာမျက်နှာမှာလည်း ဖော်ပြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အပြာဗီဒီယိုဇတ်ကားရိုက်ပြီးကျောင်းစရိတ်ရှာဖွေသူ တက္ကသိုလ်ကျောင်းသူတစ်ဦး
Posted by drmyochit Sunday, March 09, 2014, under | No comments
ကျောင်းလခအတွက်တက္ကသိုလ်ကျောင်းသူ Knoxတစ်ယောက်အပြာဇာတ် လမ်းရိုက်ကူးခဲ့တဲ့သတင်းဟာ Duke တက္ကသိုလ်ထဲမှာ တောမီးပမာပျံ့ နှံ့ နေတဲ့ သတင်းတစ်ပုဒ်ပါ။
အပြာဝက်ဆိုက်တစ်ခုမှာ Knox ရဲ့ ဗီဒီယိုကိုတောမတ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကတွေ့  ခဲ့ပြီး ပြောဆို ခဲ့ ရာ ကဒီသတင်းက ကျောင်းမှာပျံ့ နှံ့ သွားတာဖြစ်ပါတယ်။
ဒီသတင်းဟာမြောက်ကယ်ရို လိုင်းနားက Duke တက္ကသိုလ်ပရ၀ုဏ် ထဲတောမီးပမာ ပျံ့ နှံ့  သွားခဲ့ပြီး Knox အတွက် မ လုံခြုံ သလိုဖြစ်လာ တာကြောင့် တက္ကသိုလ်က သူ့ ကိုအတန်းကနေ ရက်အနည်း ငယ်နား ခွင့်ပေး ခဲ့ ပါတယ်။
စီအင်န်အင်န်နဲ့ အင်တာဗျူးမှာKnox ကသူဗီဒီယို အပြာကားတွေ စတင်ရိုက်ကူးဖြစ်ခဲ့ တဲ့အကြောင်းပြောပြ ပါ တယ်။ တက္ကသိုလ်တက်တော့ အစိုးရထောက် ပံ့ကြေးလျှောက်ခဲ့တယ်။ တက္ကသိုလ်စရိတ်က တနှစ်ကို ဒေါ်လာ ၄၇၀၀၀လောက် ကုန်ကျမယ်။
"အစိုးရထောက်ပံ့ကြေးက ကျမကျောင်းစရိတ်အတွက်မလုံလောက်ဘူး။ မိသားစုအပေါ်မှာ လည်းကျောင်း စရိတ် က ၀န်ထုပ် ၀န်ပိုးမဖြစ်စေချင်ဘူး။ဒါနဲ့ ပဲ ပိုက်ဆံလည်းအရလွယ် အချိန် လည်းသိပ်မပေးရတဲ့ အပြာဗီ ဒီယို ကားတွေ စရိုက်ဖြစ်ခဲ့တာပါပဲ။" ဒီအလုပ်ကိုလုပ်မယ့်အကြောင်းသူ့ မိဘတွေ ကိုမပြောဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပါတယ်။
ဒါဟာ တကယ့်အ မှားကြီးတစ်ခုလို့ သူခံစားရပါတယ်။
Knox ကတကယ်လို့ သူ့ သမီးရလာခဲ့လို့ အပြာမယ်လုပ်မယ်ဆိုရင်လည်း သူ့ သမီးကို သူ ကအားပေးမယ် လို့ ဆိုပါတယ်။
"ကျမသ မီးက ကျမကို သူဘာလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ပြောစေချင်ပါတယ်။ရွေးချယ်မှုကတော့ လုံးဝသူ့ ရဲ့ ဆုံးဖြတ်ပါပဲ"တဲ့။
Knox က "ကျမထင်ပါတယ်။ အင်တာနက်ပေါ်မှာ ၈၀ရာခိုင်နှုန်းလောက်က အပြာကားတွေ ကိုကြည့်နေကြ တာပါ။ လူတစ်ယောက်ယောက်ဟာ သူ့ ဘ၀မှာ တစ်ချိန်ချိန်မှာတော့ အပြာကားကို ကြည့်နေ မိကြမယ်လို့ ထင် ပါ တယ်ရှင်။"
အပြာမယ်ဗီဒီယိုရိုက်ကူးမှုကြောင့်တက္ကသိုလ်ကျောင်းသူဘ၀ မှာအခက်အခဲတွေ့ ရတယ် လို့ သူက၀န်ခံ ပါတယ်။ ကျောင်းမှာ ၇၀ရာနှုန်းလောက်က သူ့  ကိုထောက်ခံကြ တယ်၃၀ ရာနှုန်းလောက်က သူ့ ကို မကြိုက်ကြဘူး လို့ ပြောပါတယ်။
Knox ရဲ့ အကြောင်းကိုစတင်ဖော်ထုတ်ခဲ့တဲ့တောမတ်စ်က  သူ့ ရဲ့ ဖော်ထုတ်ပြောဆိုမှု အတွက်စိ တ် မကောင်းကြောင်း၊ဖြစ်နိုင် ရင်သူ ပြောခဲ့တဲ့ကိစ္စကိုပြန် ရုပ်သိမ်း ချင်ကြောင်းယူချင်ကြောင်းပြော ပါ တယ်။တော မတ်ကြည့် တဲ့အပြာဗီဒီယိုတွေတင် တဲ့ဝက်ဆိုက်ကိုကြည့်ရှု ဖို့ တပတ် ကို ဒေါ်လာ၂၀၀လောက်ကုန်ကျ မှာဖြစ်ပါ တယ်။
ဗီဒီယိုအပြာဇတ်ကားများဖြန့် ဝေရေးမှာလုပ်ကိုင်နေတဲ့သူတစ်ယောက်ကတော့
" မိန်းကလေးတွေ အပြာကားရိုက်လို့ ခင်ဗျားရှက်မယ်ဆိုရင် ကျနော်ကလည်း ဒီလိုအပြာကားတွေကြည့်နေ တဲ့ခင်ဗျားအတွက်ရှက်မိမှာပါ လို့ ပြောပါတယ်။
the melting pot 4 U
အပြာမယ် Belle Knox ရဲ့ အင်တာဗျူးဗီဒီယိုကိုအောက်မှာတင်ထားပေးပါတယ်။
 Source
မလေးပျောက်ဆုံးလေယာဉ်ပေါ်မှ တရုတ်ခရီးသည်တစ်ဦး၏လက်ကိုင် ဖုန်းအား ဆက်သွယ်၍ ရခဲ့၊ သို့သော် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိ
Posted by drmyochit Sunday, March 09, 2014, under | No comments
ပျောက်ဆုံးနေသော မလေးလေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသည့် တရုတ်ခရီးသည်တစ်ဦး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆို၍ ရခဲ့ကြောင်း၊ သို့ရာတွင် မည်သူမျှ ဖုန်းကို ပြန်လည်ဖြေ ဆိုခဲ့ခြင်းမရှိကြောင်း ယူကေအခြေဆိုက် The Mirror သတင်းဌာန က ရေးသားဖော်ပြထားပါသည်။ The Mirror သတင်းဌာနက ခရီးသည်ထံ ဖုန်းဆက်သွယ်နေသည့် ဗီဒီယိုဖိုင်ကိုပါ တင်ပြထားသည်။
တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မိသားစုများက လေယာဉ်ပေါ် တွင် စီးနင်းလိုက်ပါသွားသော ၄င်းတို့၏ ဆွေမျိုးများထံ တယ်လီဖုန်းဆက် သွယ်၍ ရကြောင်း၊ သို့ရာတွင် ပြန်လည်ဖြေဆိုခြင်းမျိုးကိုမူ လက်ခံရရှိခြင်း မရှိကြကြောင်း သိရသည်။ ထို့ကြောင့် MH 370 လေယာဉ်ကြီး၏ ကြမ္မာကို မည်သို့ဆုံးဖြတ်ရမည်ဆိုသည့် အမေးပုစ္ဆာအတွက် သံသယပွားစရာများ များသထက်များလာနေသည်။
Flight Global မဂ္ဂဇင်း၏ အယ်ဒီတာတဦးဖြစ်သူ လေယာဉ်မှူး ဒေးဗစ်လဲ ယာမောင့်က "တခုခုဖြစ်တဲ့အချိန်မှာ၊ လေယာဉ်မှူးက ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဒါဟာ တော်တော် ထူးခြားနေပြီ။ လေယာဉ်မှူးက အရေးပေါ်အချက်ပြဖို့ ပျက်ကွက်ခဲ့ တယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး၊ အချက်ပြဖို့လည်း အချိန်တွေ အများကြီး ရှိနေခဲ့တာပဲ၊ တခုရှိတာက လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတာမျိုး ဆိုရင်တော့ အချက်ပြဖို့ ခဲယာဉ်းမှာပေါ့၊ ဒါပေမယ့် ဗုံးထောင်ထားတဲ့ အရိပ်လက္ခဏာလည်း မတွေ့ရဘူး" ဟု မှတ်ချက်ပေးခဲ့သည်။
Ref: tinyurl.com/l68jmyf
http://www.mirror.co.uk/news/world-news/missing-malaysia-airlines-eerie-moment-3222919
ရည်းစားတစ်ယောက်ထဲကိုဝေမျှချစ်တဲ့ အမွှာညီအမ
Posted by drmyochit Sunday, March 09, 2014, under | No comments
တမိနစ်ပဲကွာခြားပြီးမွေးဖွားလာတဲ့သြစတြေးလျက အမွှာညီအမနှစ်ယောက်ဟာ သူတို့ ဘ၀မှာ အားလုံးကို ဝေမျှပြီးသုံးစွဲကြပါတယ်။ အလုပ်၊ကား၊ဖေ့ဘွတ်အကောင့်အတူတူ....နောက်ဆုံး ရည်းစားတောင်မှ နှစ်ဦးပေါင်းတစ်ယောက် ထဲထားပါသတဲ့။
သြစတြေးလျအမွှာညီအမနှစ်ယောက်ဖြစ်တဲ့ အန်နာနဲ့  လူစီဟာ ရုပ်ရည်ချင်းတူကြပေမယ့် အသေးစိတ် ကအစတူသထက်တူအောင် ငွေကြေး အကုန်အကျခံပြီး ထပ်မံခွဲစိတ်ပြုပြင်ခဲ့ပါ တယ်။ နုတ်ခမ်း၊ရင်သား၊ မျက်တောင်၊မျက်ခုံးကစ လို့ အသေးစိတ်တူညီအောင်ပြုပြင် ခွဲစိတ် တာ ဒေါ်လာ နှစ် သိန်းလေးသောင်း     နဲ့ ရှစ် ရာ ကုန်ကျခဲ့ပါတယ်။ပါတ်သ်မြို့ ၊သြစတြေးလျမှာနေထိုင်ကြတဲ့သူတို့  အမွှာညီမနှစ်ယောက်ဟာ အိပ်ယာထရင်အတူထကြ တယ်။ အိပ်ယာဝင်ရင်လည်းအတူတူပဲ။
အိပ်ယာကုတင်တလုံးထဲမှာအတူအိပ်တယ်။ မိခင်နဲ့ အတူတူနေထိုင်တဲ့ အန်နာနဲ့ လူစီဟာ ရည်းစား ကိုတောင်တစ်ယောက်ထဲ ထားပါတယ်။ သူတို့ ရည်းစားက လျှပ်စစ်မက်ကင်းနစ် ဘင်ဆိုသူဖြစ်ပြီး ပါ့တ်သ်မြို့ က ပဲ ဖြစ်ပါတယ်။
အမွှာညီအမနှစ်ယောက်ရဲ့ ကံထူးသူရည်းစား
အန်နာက "ကျမတို့ ယောက်ျားလေးတစ်ယောက်ထဲကိုပဲချိန်း တွေ့ တယ်လေ။ ကျမတို့ ရဲ့ သမီးရည်းစား ဆက်ဆံရေးက လူသုံးယောက်ဖြစ်နေတာပေါ့။ သုံးယောက်ဝေမျှကြတာပေါ့ "
လူစီက ဒါကကျမတို့ အတွက် စိတ်ကသိကအောင့်မဖြစ်ပါဘူး။ ကျမတို့ သုံးယောက်ကုတင်တခုထဲမှာ စုအိပ်ကြတာပေါ့ " တဲ့။အရင်ကရည်းစားတစ်ယောက်စီပေမယ့် အဲဒီရည်းစားဟာလည်း ညီအကို၊ဒါ
မှမဟုတ် အခင်ဆုံးသူငယ်ချင်း တွေထဲကဖြစ်နေတတ်ပါတယ်။
သူတို့ နှစ်ယောက်အရမ်းကိုပူးကပ်လွန်းလို့ အမေဖြစ်သူက ခပ်ခွာခွာနေကြဖို့ ပြောခဲ့ပေမယ့်မအောင်မြင် ပါဘူး။ငယ်ငယ်က ကလေးထိန်းဌာနအတူတူ၊နောက်မူလတန်း အထက်တန်းအတူတူ၊နောက်ကောလိပ်တက်တော့လည်းအတူတူပါပဲ။သူတို့ အဖေကတော့ ၂၀၁၀ မှာဆုံးပါးသွားခဲ့ပါတယ်။
"အမေကကျမတို့ ကို အမြဲ ခပ်ခွာခွာနေကြဖို့ ပြောတယ်။ အဖေကတော့သိပ်ပြောလေ့မရှိဘူး။ သူက နင်က ဘယ်သူလဲလို့  မေးလေ့ရှိတယ်။"
လူစီရဲ့ ပါးမှာ မှဲ့ တစ်လုံးရှိပြီး၊ အန်နာ နဖူးမှာ အမာရွတ်တစ်ခုကိုကြည့်ပြီးသူတို့ ကိုခွဲခြားရပါတယ်။
အခုတော့ အဲဒါကိုပါခွဲစိတ်ပြီးပြုပြင်လိုက်တော့ သူတို့ ရည်းစားတောင်ဘယ်သူမှန်းမခွဲနိုင်တော့ပါဘူး။
"ကျမတို့ ငယ်ငယ်ကဆိုရီရတယ်။ ပျင်းလာရင် သူ့ ရည်းစားကိုယ့်ရည်းစားချိန်းပြီးတွဲကြတယ်။
ဖုန်းပြောနေရင်း ရည်းစားနဲ့ ဆက်မပြောချင်တော့ရင် တစ်ယောက်က ဟန်ဆောင်ပြီး ပြောတယ်။ လူစားထိုးပြီးပြောနေတာ ဟိုဖက်တစ်ယောက်ကဘယ်တော့မှမရိပ်မိဘူး။ အဲဒါကျမတို့ ကစားနည်းတမျိုးပဲ"
သူတို့ အဖေကင်ဆာရောဂါဖြစ်တော့ ညီအမနှစ်ယောက်ပိုပြီးနီးစပ်သွားပါတယ်။
အလှသင်တန်းကထွက်ပြီး ညီအမနှစ်ယောက်အဖေမဆုံးခင်အထိလေးနှစ်လောက်အတူတူပြုစုခဲ့ကြတယ်။
နောက်သူတို့ အသက်၂၄ နှစ်ရောက်တော့ ကင်ကာဒက်ရှန်ကိုအားကျပြီး ရင်သားကိုBB ဆိုဒ်ကနေ DD ဆိုဒ်ဖြစ်အောင်အတူတူခွဲစိတ်ပြုပြင်ခဲ့ကြတယ်။
ကျမတို့ တစ်ယောက်ဘာတွေးနေတယ်ဆို တာတစ်ယောက်သိတယ်။ တယောက်က နာကျင်တဲ့ဝေဒနာခံ စားနေရရင် လည်းနောက်တ စ်ယောက်ကနာကျင်တယ်။  အခု တစ်ယောက်နဲ့  တစ်ယောက် လက်ဆောင်ဝ ယ်ပေး တဲ့အကြံကိုလက်လျှော့လို က်ပြီ။ ဘာလို့ လည်းဆိုတော့ကျမတို့  ၀ယ်တဲ့လက်ဆောင် ချင်း အတူတူဖြစ်နေလို့ ပါ။
ဒီလိုအလွန်အမင်းနီးကပ်မှုကြောင့် အနာဂတ်မှာအကယ်၍တစ်ယောက်ယောက်က အိမ် ထောင်ပြုသွားရင် ပဲဖြစ်ဖြစ် သေဆုံးသွားခဲ့ရင်ပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့တဲ့တစ်ယောက်မှာ စိတ်ဒုက္ခအကြီးအကျယ်ရောက်ကျန်ခဲ့မှာ စိုးရိမ်လို့  သတိပေးမှုတွေရှိပေမယ့် အမွှာနှစ်ယောက် ကတော့ စိတ်ပူပန်မှုမရှိပါဘူး။
"ကျမတို့ တစ်ယောက်နဲ့ တစ်ယောက် အဖော်အဖြစ်မရှိတော့မယ့်နေ့ ကို စိတ်တောင်ကူးလို့ မရပါဘူး။ ရိုးရိုးသားသားပြောရရင် အဲဒီနေ့ လည်းဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူးရှင်" လို့ လူစီကပြောပါတယ်။
From : The Melting Pot 4 U
ပျောက်ဆုံးနေသော မလေးရှားလေယာဉ် အဆက်အသွယ်မပြတ်ခင် ပြန်လှည့်ခဲ့သည့် အထောက်အထားများတွေ့ရ
Posted by drmyochit Sunday, March 09, 2014, under | No comments
ယမန်နေ့ နံနက်ပိုင်းက ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင်လေယာဉ်မှာ မပျောက်ဆုံးမီအလျင် ပြန်လှည့်ရန် ကြိုးစားခဲ့သည့် အခြေအနေ များကို တွေ့ရှိခဲ့ရခြင်းကြောင့် တာဝန်ရှိသူများက ရှာဖွေသည့် ဧရိယာကို ပိုမိုတိုးမြှင့်ခဲ့သည်ဟု မလေးရှား လေတပ်အကီးအကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။
ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်လာသည့် ဘိုးအင်း ၇၇၇ အမျိုးအစား အဆိုပါလေ ယာဉ်အား ရှာဖွေနေခြင်းမှာ ၂ ရက်ကြာမြင့်နေပြီဖြစ်ပြီး ကြောက်ရွံ့မှုများလည်း အမြင့်ဆုံးအ ဆင့်သို့ ရောက်နေသည်။၊ ရေဒါမှ အချက်အလက်များအရ အဆိုပါလေယာဉ်မှာ ပြန်လှည့်ခဲ့သည့် အနေအ ထားရှိသည်ဟု တွေ့ရှိခဲ့ရပြီး မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပြန်လှည်ခဲ့ခြင်းကို စုံးစမ်းမှုများလည်း ပြုလုပ်နေ သည်။
“သွားနေတဲ့လမ်းကြောင်းနဲ့ သွေဖည်ပြီး ဒီလေယာဉ်ဟာ ပြန်လှည်ခဲ့တယ်ဆိုတဲ့ သတိပြုစရာ ဖြစ်နိုင်ချေတွေ ရှိနေပါတယ်။ ဖြစ်နိုင်ချေတွေထဲက တစ်ခုကတော့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူကို ပြန်လှည့်ခဲ့တယ် ဆိုတာပါပဲ” ဟု ဗိုလ်ချုပ် ရိုဒ်ဇာလီ ဒါဝူဒ်က ပြောကြားခဲ့သည်။
ကွာလာလမ်ပူမှ ဘေကျင်းသို့ ထွက်ခွာသွားခဲ့ပြီး ယမန်နေ့အစောပိုင်း အဆက်အသွယ်ပြတ်တောက်သွား သည့်အချိန်တွင် အဆိုပါလေယာဉ်မှာ မလေးရှားနှင့် ဗီယက်နမ်တောင်ပိုင်းအကြားတွင် ရှိနေမည်ဟု ယူဆရပြီ၊ ဗီယက်နမ်နိုင်ငံက ထိုနေရာတွင် ရှာဖွေမှုများပြုလုပ်နေသော်လည်း မသည့် သဲလွန်စကိုမှ မတွေ့ရှိသေးပေ။
မလေးရှားအာဏာပိုင်များကလည်း ပထမပိုင်းတွင် နိုင်ငံအရှေ့ တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေမှု များပြုလုပ်နေပြီး ပြန်လှည့်ခဲ့သည့်ဆိုသည့် အချက်အလက်များကို တွေ့ရှိရသောကြောင့် နောက်ပိုင်းတွင် နိုင်ငံအနောက်ပိုင်း ကမ်းရိုးတမ်းတွင်ပါ ရှာဖွေမှုများကို တိုးမြှင့် ပြုလုပ်နေကာ၊ အဆိုပါ ကမ်းရိုးတမ်းနှင့် မျက်နှာချင်းဆိုင်ရှိ အင်ဒိုနီးရှားပိုင် ဆူးမာတြားကျွန်းတွင် ကူညီရှာဖွေမှုများကို ပြုလုပ်ရန် အင်ဒိုနီးရှားအစိုးရအား တောင်းဆိုထားသည်။
အဆိုပါလေယာဉ်ပေါ်တွင် နိုင်ငံကူလက်မှတ်အတု ကိုင်ဆောင်သည့် လူနှစ်ဦးအပါဝင် မသင်္ကာစရာ လူလေးဦးလည်းလိုက်ပါသွားပြီး စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်နေသည်ဟု မလေးရှား နိုင်ငံခြားရေးနှင့်၊ ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသော အဆိုပါ လေယာဉ်ရှာဖွေမှုကို လက်ရှိတွင် လေယာဉ် ၂၂ စင်း၊ သင်္ဘောအစင်း ၄၀ တို့ဖြင့် ပြုလုပ်နေသည်ဟု သိရသည်။
Ref : Aljazeera
ကြိုးတုပ်ပြီး အနုကြမ်းစီး လုယက်ခံရသည်ဟု ဟန်ဆောင် တိုင်တန်း
Posted by drmyochit Sunday, March 09, 2014, under | No comments
ကျောက်တန်းမြို့တွင် နေအိမ်အတွင်း၌ ခြေလက်များကို ကြိုးတုပ်ပြီး အနုကြမ်းစီး လုယက်ခံရ သည်ဟု တိုင်တန်းခဲ့သည့် အမှုမှာကျူးလွန် ခံရသူက မိမိကိုယ်ကို ပြုလုပ်ပြီး ဟန်ဆောင်ကာ လုပ်ကြံလီဆယ် တိုင်တန်းခဲ့ခြင်းသာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်
ရန်ကုန်၊ မတ် ၉
အမှုမှာ ၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက်နေ ဦးတင်ထွန်းသည် နေအိမ်မှအပြင်သို့ သွားနေခဲ့ပြီး ၀၈၀၀ အချိန်ခန့် ပြန်လာရောက်ရှိစဉ် နေအိမ် ဧည့်ခန်းရှိ ဘီဒိုတံခါးပွင့်နေကာ ဇနီးဖြစ်သူဒေါ်စန်းဝင်းအား မတွေ့သဖြင့်ရှာဖွေရာ မီးဖိုချောင် အပေါက်တွင် ခြေလက်များ ကြိုးတုပ်ခံထားရပြီး လဲကျနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ဖြစ်စဉ်အား မေးမြန်းရာ ၀၇၃၀ အချိန်ခန့်က ကလေးကစားသည့် အရုပ်မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးမှ ဇနီးဖြစ်သူအား ကြိုးတုပ်ထားခဲ့ခြင်း ဖြစ်ကြောင်းကို သိရှိခဲ့ရကြောင်းနှင့် ဘီဒိုအတွင်းမှ ငွေကျပ်သိန်း (၈၀)မှာပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့် စုံစမ်းအရေးယူ ပေးပါရန် ဦးတင်ထွန်းမှ တိုင်တန်းခဲ့၍ ကျောက်တန်းမြို့မရဲစခန်း(ပ)၃၇/၂၀၁၄၊ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ တောင်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များဖြင့် အထူးအမှုစစ်အဖွဲ့ကိုဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားလို နှင့်ကျူးလွန်ခံရသူတို့၏ထွက်ဆိုချက်များမှာအခင်းဖြစ်ရပ် စစ်ဆေးတွေ့ရှိချက်များ၊ စုံစမ်းရရှိသည့်သတင်းအချက်အလက်များနှင့် လွဲချော်မှုများရှိနေကြောင်း သုံးသပ်တွေ့ရှိရသဖြင့်ပြစ်မှုကျူးလွန်ခံရသူ၏ နောက်ကြောင်းများကို စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ယင်းကဲ့သို့စုံစမ်းဆောင်ရွက်နေစဉ် ၆.၃.၂၀၁၄ရက်နေ့တွင် နေအိမ်ရှေ့ရှိ ကားအမိုးပေါ်မှ “ ကြီးကြီးကို သနားလို့ဖော်ထုတ် ပေးလိုက်တယ် ကြည်လဲ့နဲ့ယောက်ျားတစ်ယောက် နေအိမ်မှ ကြွပ်ကြွပ်အိတ်တစ်ထုပ် ပါသွားတာတွေ့တယ် ”ဟုပါရှိသည့် လက်ရေးဖြင့်ရေးသားထားသည့် စာတစ်စောင်အား ကျူးလွန်ခံရသူ ဒေါ်စန်းဝင်းမှတွေ့ရှိသည်ဟုဆိုကာ ခင်ပွန်းဖြစ်သူမှ ရဲစခန်းသို့ အပ်ပေးခဲ့ပါသည်။ အထူးအမှုစစ်အဖွဲ့သည် အဆိုပါ စာရရှိခြင်းအပေါ်တွင် မသင်္ကာဖွယ်ရာများသုံးသပ်တွေ့ရှိခဲ့သဖြင့် ယင်းကဲ့သို့ စာများထပ်မံပေးပို့လာခြင်းများရှိပါကသိရှိနိုင်ရေးအတွက် အစီအမံများကို အသေးစိတ် ဆောင်ရွက်ထားရှိကာ ထောက်လှမ်း ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ ဆောင်ရွက်ထားရှိစဉ် ၇.၃.၂၀၁၄ ရက်နေ့ ၀၇၄၂ အချိန် ပြစ်မှုကျူးလွန်ခံရသူ ဒေါ်စန်းဝင်း သည် နေအိမ်ရှေ့တွင်တံမြက်စည်း လှဲနေသကဲ့သို့ဟန်ဆောင်ကာ “ကျောက်တန်းမှာ အခြေအနေ ဘယ်လိုရှိလဲ ရွှေတွေကိုရွေးပြီးပြီလား”ဟုပါရှိသည့် လက်ရေးဖြင့် ရေးသားထားသော စာတစ်စောင်အား ၎င်းကိုယ်တိုင်ချ ထားခဲ့သည်ကို ထောက်လှမ်းတွေ့ရှိခဲ့ရပါသည်။
ယင်းကဲ့သို့ ထောက်လှမ်းတွေ့ရှိချက်များ၊ ပြစ်မှုကျူးလွန်ခံရသူ၏ နောက်ကြောင်းကို စုံစမ်းသိရှိချက်များ၊ အခင်းဖြစ်ရပ်စစ်ဆေးတွေ့ရှိ ချက်များအပေါ်သုံးသပ်ရရှိချက်အရ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြစ်မှုကျူးလွန်ခံရသူ ဒေါ်စန်းဝင်းကို အသေးစိတ်စစ်ဆေးဆောင်ရွက် သွားရန်ညွှန်ကြားခဲ့ပါသည်။
အထူးအမှုစစ်အဖွဲ့သည် ၇. ၃.၂၀၁၄ရက်နေ့တွင် ပြစ်မှုကျူးလွန်ခံရသူ ဒေါ်စန်းဝင်းအား အသေးစိတ် ထပ်မံစစ်ဆေးခဲ့ ရာမှ ၎င်းသည် ကျောက်တန်းမြို့နယ်နေ မကြည်လဲ့နှင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ မကြည်လဲ့မှ ဆုမဲများဝယ်လိုက ၀ယ်လို့ရကြောင်း၊ ၆ ကျပ်နှုန်း အတိုးရရှိမည်ဖြစ်ကြောင်းပြောသဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများအတွင်းက မကြည်လဲ့ထံသို့ဆုမဲများဝယ်ယူပေးရန် ဆုမဲ(၆)မဲအတွက် ငွေကျပ်(၃၉)သိန်း(၃)သောင်းကိုလည်းကောင်း၊ မကြည်လဲ့မှ စက်တပ်သမ္ဗာန် အသင်းသို့ငွေပေးသွင်းရန်လိုနေ၍ ခေတ္တစိုက်ထုတ်ပေးရန်ပြောသဖြင့် ငွေကျပ်သိန်း(၇၀)ကို လည်းကောင်းပေးအပ်ထားခဲ့ကြောင်း၊ မကြည်လဲ့မှအဆိုပါငွေများကို ပြန်လည်လာရောက်ပေးသွင်းခြင်းမရှိသဖြင့် ၃.၃.၂၀၁၄ရက်နေ့ညတွင် မကြည်လဲ့ဈေးရောင်းရာ ရေလယ်ဘုရားသို့ သွားရောက်ရှာဖွေခဲ့ သော်လည်းမတွေ့ရှိရဘဲ ထွက်ပြေးသွားသည်ကိုသိရှိခဲ့ရကြောင်း၊ ထိုသို့ ငွေများကိုလိမ်လည်ယူဆောင်ထွက်ပြေးသွားသူ မကြည်လဲ့အား ရဲများမှရှာဖွေဖမ်းဆီးစေရန်ရည်ရွယ်၍ အခင်းဖြစ်သည့် ၄.၃.၂၀၁၄ရက်နေ့ ၀၇၂၀အချိန်ခန့်တွင် ခင်ပွန်းဖြစ်သူအပြင်သွား နေခိုက် မိမိကိုယ်ကိုကြိုးဖြင့်တုပ်နှောင်ကာ ဟန်ဆောင်နေခဲ့ပြီး ခင်ပွန်းသည် ပြန်လာ ရောက်ရှိသည့်အခါ လိမ်လည်ပြောပြ၍ တိုင်ကြားစေခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားချက်ပါဖြစ်စဉ်အားလုံးမှာ မမှန်ကြောင်း၊ နေအိမ်ရှေ့တွင်ချထားသည်လက်ရေးစာ(၂)စောင် မှာလည်း မကြည်လဲ့မှ ၎င်းအားလုပ်ကြံခဲ့သည့် ပုံစံဖန်တီးခြင်းဖြင့် မကြည်လဲ့ကို ရဲများမှမသင်္ကာဖြစ်ကာ အမြန်ဆုံးဖမ်းဆီးစေရန် အတွက်ရည်ရွယ်ပြီး ၎င်းကိုယ်တိုင်ရေးသား၍လုပ်ဆောင်ခဲ့ခြင်းဖြစ်
ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
အဆိုပါအမှုမှတိုင်ကြားချက်ပါဖြစ်စဉ်အားလုံးမှာ မှန်ကန်မှု မရှိကြောင်းနှင့် ကျူးလွန်ခံရသူဒေါ်စန်းဝင်းသည် ၎င်းထံမှ ငွေများလိမ်လည်ရယူကာထွက်ပြေးသွားသူ မကြည်လဲ့ကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးစေလိုသည့်ရည်ရွယ်ချက်ဖြင့် အမှုတိုင်ကြားချက်ပါအတိုင်းလုယက်ခံရသကဲ့သို့ မိမိကိုယ်ကို ပြုလုပ်ကာ လီဆယ်တိုင်ကြားခဲ့ခြင်းဖြစ်သောကြောင့်ဒေါ်စန်းဝင်း (ဘ)ဦးတင်ကြိုင်အား ဥပဒေအရဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Yangon Police
ကျန်းမာရေးအတွက် အလွန်အစွမ်းထက်တဲ့ မျှစ်ကို စားပေးပါ
Posted by drmyochit Sunday, March 09, 2014, under | No comments
မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါ တယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။
(၁) အစာခြေစနစ်ကျန်းမာ
ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါ တယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။
(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။
ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် မိန်းကလေး ကြိမ်ဒဏ် အချက် ၁၀၀ အရိုက်ခံရ
Posted by drmyochit Sunday, March 09, 2014, under | No comments
အနောက် အာဖရိကနိုင်ငံ မြောက်ပိုင်း သဲကန္တာရအတွင်းရှိ မွတ်ဆလင် စစ်သွေးကြွအဖွဲ့အစည်းတစ်ခုမှ စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိလာသည့် အသက် ၁၈ နှစ် အရွယ် မိန်းကလေးတစ်ဦးကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ပြီး အပြစ်ပေးရန် ဆုံးဖြတ်စီရင်လိုက်ကြောင်း သတင်းရရှိသည်။
ဒေသဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် မိုဟာမက် အွန်ဘာဘီကလည်း ထိုကြိမ်ဒဏ်စီရင်သည့်ပွဲကို လာရောက်ကြည့်ရှုရမည်ဟု အမိန့်ထုတ် ထားသည်။ မိုဟာမက်က ကြိမ်ဒဏ်စီရင်ခြင်းကို ကွက်လပ်တစ် ခုတွင် ကျင်းပမည်ဖြစ်ပြီး လူငယ်တိုင်း လာကြည့်ရန် အမိန့်ထုတ်ထားကြောင်း၊ ပထမဦးဆုံးအကြိမ် အပြစ်ပေးခြင်းဖြစ် သဖြင့် စံပြအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိန်းကလေးတွင်ကိုယ်ဝန် ၃ လရှိနေပြီး၊သားတစ်ယောက် လည်းရှိနေသေးကြောင်း၊ သို့သော် သူနှင့်အတူနေ ယောက်ျားလေး
မိတ်ဆွေမှာ လက်ထပ်ထိမ်းမြားထားခြင်းမရှိသဖြင့် ထိုသို့အပြစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ခေါင်းဆောင် အန်ဆာ ဒိုင်းသည် အစ္စလမ်ဥပဒေကို တိကျစွာလိုက်နာပြီး၊ အစ္စလမ်ဥပဒေအရ ကြိမ်ဒဏ် အချက် ၁၀၀ စီရင်ခြင်းဖြစ်သည်ဟုဆိုသည်။ မြို့တော်ရှိ ရဲအရာရှိတစ်ဦးကလည်း လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ ကလေးယူထားသည့် အခြား အမျိုးသမီး ၆ ဦးလည်း ရှိသေးကြောင်း၊ ထိုသူများကိုလည်း မကြာမီ အစ္စလမ်ဥပဒေအရ တရားစီရင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်