Monday, March 03, 2014

ရှားပါး သစ် ၁၇ တန် ထီးချိုင့်မှာ ဖမ်းမိ

Posted by drmyochit Monday, March 03, 2014, under | No comments

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့တွင်း မောင်းနှင်လာသည့် ကား နှစ်စီးထံမှ ရှားပါးသစ်မျိုးဝင် တမလန် သစ် ၁၇ တန် ဖမ်းဆီးခဲ့ပြီး သစ်ကားမောင်းနှင်သူကို တရားစွဲဆို အရေးယူ မည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် သစ်တောဦးစီးဌာန မှ သိရသည်။



ဓာတ်ပုံ-ဧရာဝတီ


 ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထီးချိုင့်မြို့တွင်းလမ်းမ ပေါ်တွင် မောင်းနှင်လာသည့် ကား နှစ်စီးပေါ်၌ ရှားပါး သစ်မျိုးဖြစ်ပြီး အစိုးရ က ခုတ်ယူခွင့်ပိတ်ထားသည့် တမလန်သစ်အမျိုးအစား ၁၇ တန် ကို ဖမ်းဆီးရမိ ခဲ့သည်။

“ယာဉ်မောင်းရယ်၊ သူနဲ့အတူပါလာတဲ့သူကို ဖမ်းထားတယ်၊ စစ်နေတယ်၊ သူတို့ကို တရားစွဲပြီးအရေး ယူမှာပါ” ဟု ထီးချိုင့်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ဧရာဝတီသို့ပြောသည်။

သူက“ပုဂ္ဂလိကပိုင် သစ်တွေပေါ့၊ ဒါပေမဲ့ ကုမ္ပဏီက ပိုင်တဲ့သစ်တွေတော့ မဟုတ်ပါဘူး၊ ကြုံတဲ့နေရမှာ ကြုံသလို ဝယ်လာတဲ့သစ်တွေပေါ့”ဟု ဆိုသည်။ သို့ရာတွင် ထီးချိုင့်မြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း တချို့၏ အဆိုအရယင်းသစ်များသည် ဌာနဆိုင်ရာ အရာရှိတဦးမှ ပိုင်ဆိုင်သည့် သစ်များဖြစ်နေသည်   ဟု ပြောနေကြသည်။

 ဒေသတွင်း သစ်တောများ အလျင်အမြန် ပြုန်းတီးလာခြင်း၊ တရားမဝင် သစ်ထုတ်လုပ်မှုများ၊ တဖက်နိုင်ငံ များသို့ သစ် တင်ပို့မှုများ ရှိနေသော်လည်း သစ်ခိုးထုတ်မှုဖြစ်ပွားနေသည့် ဒေသများသို့ သွားရောက်ကာ ဖမ်းဆီးခြင်းမရှိဘဲ ဒေသဆိုင်ရာ အာဏာပိုင်များက လျစ်လျှုရှုထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

 “သူတို့တွေက သယ်ချင်တဲ့နေရာက သယ်လာပြီး ယူသွားချင်တဲ့နေရာကိုယူသွားမှာပေါ့၊ ဒါကိုတော့ ကျနော်တို့ စစ်ဆေး မနေတော့ဘူးလေ”ဟု သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ရှင်းပြသည်။ ထီးချိုင့်၊ ဝန်းသို၊ ကောလင်း၊ ကသာ၊ မဘိမ်းနှင့်သပိတ်ကျင်းမြို့နယ်များတွင် တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီအချို့က သစ်တောများအတွင်းတွင် သစ်ခိုးခုတ်ယူမှုများပြုလုပ်နေကြသည်ဟု ထီးချိုင့်မြို့ဒေသခံ အချို့က ပြောသည်။


 “မိတဲ့သစ်ကားတိုင်း ပိုင်ရှင်မဲ့လုပ်ပစ်ကြတာများတယ်၊ နာမည်ဖျောက်ပစ်လိုက်ကြတယ်၊ သစ်က စဝယ်ပြီ ဆိုကတည်းက ငွေထုတ်ပေးတဲ့သူရှိလို့လုပ်တာလေ၊ ကားမောင်းတဲ့သူက အဓိကမှ မဟုတ်တာဘဲ”ဟု ထီးချိုင့်ဒေသခံ တဦးက ဧရာဝတီသို့ပြောသည်။

 ထီးချိုင့်မြို့နယ်ရှိ ဒေသခံအချို့သည် လွှစက်နှင့် အခြားလိုအပ်သည့်ပစ္စည်းများယူဆောင်ကာ မဘိမ်းမြို့နယ်ဘက်ရှိ သစ်တောများတွင်ရှိသည့်တရုတ်ကုမ္ပဏီများ၏ သစ်တောလုပ်ကွက် များတွင်
နေ့စားသစ်ခုတ်သူ များ အဖြစ်လုပ်ကိုင်နေကြသည် ဟုလည်း သိရသည်။

တမလန်သစ်မျိုး အပါအဝင် ကျွန်း၊ သင်းဝံနှင့် ပိတောက်သစ်အမျိုးအစားများကို မြန်မာနိုင်ငံအလယ် ပိုင်း
ဒေသများတွင် ရှားပါးသစ် မျိုးများ အဖြစ်သတ်မှတ်ထားပြီး ခုတ်ယူခွင့် ပိတ်ထားသည်။ သို့သော် ကုမ္ပဏီ များမှ တိတ်တဆိတ် ခုတ်ယူကြပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့ကြသည်ဟု သိရသည်။

 “သတင်းရရင် ရသလို ဖမ်းတယ်၊ သစ်တောဥပဒေနဲ့အရေးယူတယ်၊ တောထဲထိ သွားပြီးဖမ်းဆီးဖို့ ကြတော့လည်း လူစုလူဝေးရှိမှ အဆင်ပြေမှာပေါ့ ”ဟု ထီးချိုင့်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးမင်းလင်းနိုင်က ဆိုသည်။

 “ဂရိတ်ဝေါကုမ္ပဏီက ပိုင်တဲ့သစ်တွေဖမ်းမိထားတာ အများကြီးဘဲ၊ဘောအရေးယူမှုမှလည်းမရှိဘူး၊ ဒေသခံ   တွေတိုင်လည်း တိုင်တာပဲရှိတယ်”ဟု မောင်းကုန်းကျေးရွာဒေသခံ ဦးမြင့်အောင်က ပြောပြသည်။

မေစစ်ပိုင်
The Irrawaddy

ဆံကေသာ အလှ ဆင်ယင် ထုံးဖွဲ့နည်း

Posted by drmyochit Monday, March 03, 2014, under | No comments


မိမိရဲ့ဆံပင် ပခုံးသာသာလောက်ရှိတဲ့ ပျိုမေတို့ကိုယ်တိုင် ပြုလုပ်ရလွယ်ကူတဲ့ နည်းလမ်းပါ။
မိမိတို့ အိမ်မှာတင် ပြု လုပ်ရလွယ်ကူပြီး လှပတဲ့ ဆံပင် ဆင်ယင်နည်းကို ပရိသတ်တွေအတွက် တင်ပြလိုက်ရပါတယ်။

အဆင့် (၁)

ပထမဦးဆုံး မျက်နှာဘေးနှစ်ဖက် (ဘယ်ခြမ်းနဲ့ ညာခြမ်း) မှ ဆံပင် အနည်းငယ်ကို ခွဲယူပြီး ဆံညှပ်နဲ့ညှပ် ထားပါ။

အဆင့် (၂)

အနောက်ခြမ်းရဲ့ အလယ်မှာ ရှိနေတဲ့ ဆံပင်တွေကို အရင်းကနေ သားရေပင်နဲ့ စုစည်းလိုက်ပါ။ သားရေပင်ဟာ ခိုင်ခံ့တဲ့ သားရေကွင်း ဖြစ်ဖို့လိုပါတယ်။

အဆင့် (၃)

စောစောက မျက်နှာဘေးဘက်မှ ညှပ်ထားတဲ့ ဆံညှပ်ကို ဖြုတ်လိုက်ပြီး ဆံပင်ကို အနည်းငယ်ခွဲယူပါ။

အဆင့် (၄-၅)

ဘယ်အခြမ်းက အနည်းငယ် ခွဲယူထားတဲ့ ဆံပင်တွေကို လိမ်လိုက်ပြီး စုစည်းထားတဲ့ ဆံပင်မှာ ပတ်လိုက်ကာ မြဲမြံအောင် ကလစ်အသေးနဲ့ ညှပ်ထားပါ။


အဆင့် (၆)

ညာဘက်ခြမ်းက ဆံပင်တွေကိုလည်း ဘယ်ဘက်ခြမ်းကအတိုင်း စုစည်းပြီး  ကလစ်အသေးတွေနဲ့ ညှပ်ပါ။

အဆင့် (၇-၈)

နောက်ဆုံး အဆင့်အနေနဲ့ အဖျားထွက်နေတဲ့ ဆံပင်လေးတွေကို ကလစ်လေးတွေနဲ့ ညှပ်ပြီး ဆံပင်စတွေ ထွက်ရှိ ခြင်းမရှိအောင် သေချာစွာသိမ်းပါ။ ဒါဆိုရင်တော့ လှပပြည့်စုံတဲ့ ဆံပင်ဆင်ယင်ပုံကို ရရှိပြီပဲဖြစ်ပါတယ်။ ဈေးသွား တာပဲဖြစ်ဖြစ်၊ ဟိုနား ဒီနား သွားတာပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ ဆင်ယင်လို့ရတဲ့ ဆံပင်ပြင်ဆင်နည်းပဲ ဖြစ်ပါ တယ်။


From: မြ၀တီ

ချွေးပေါက်ကျဉ်းပြီး တင်းရင်းတဲ့အသားအရေဖြစ်စေဖို့

Posted by drmyochit Monday, March 03, 2014, under | No comments


သင့်ချွေးပေါက်တွေဟာ မှန်ဘီလူးအောက်ရောက်နေသလို ကျယ်နေလို့ စိတ်ညစ်နေလား??? စိတ်မညစ်ပါနဲ့။ ချွေးပေါက်ကျဉ်းစေတဲ့ လွယ်ကူတဲ့နည်းလေးတွေရှိပါတယ်။ ချွေးပေါက်လေးတွေ ပြန် ကျဉ်းအောင်က အပေါ်က ချွေးပေါက်ကျယ်စေတဲ့အကြောင်းတွေကိုလည်း သတိထားရပါမယ်။

ပြီးတော့ ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေကို ပြောပြပေးမယ်နော်။

အသားအရေထိန်းသိမ်းမယ်

- အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး ၀က်ခြံတွေလည်း ဖြစ်စေတော့ အသားအရေကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။
- တစ်ရက်ကို ၂ ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Facial Cleanser နဲ့ မျက်နှာသစ်ပေးပါ။
- ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။
- မျက်နှာသစ်ပြီးတိုင်း Toner သုံးပေးရမယ်နော်။
- ဗီတာမင်စီပါတဲ့ ခရမ်တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။
- ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Scrud နဲ့ မျက်နှာချေးချွတ်ပါ။
- တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။
- Alpha Hydroxy Acid (AHA) 10% ပါတဲ့ လိမ်းဆေးတွေကို သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

နေရောင်ခြည်ဒဏ်က ကာကွယ်မယ်

- နေရောင်ခြည်က အသားအရေရဲ့ တကယ့်ရန်သူပဲနော်။
- ချွေးပေါက်တွေကျယ်စေတဲ့ အဓိကအချက်လည်း ဖြစ်နေတော့ ဒီဆိုးကျိုးအရမ်းပေးတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်မယ်။
- နေရောင်ကာကွယ်ဆေးတွေ လိမ်းမယ်။
- နေကာမျက်မှန်၊ ထီး၊ ဦးထုပ်ပါမှ အပြင်ထွက်ကြမယ်လေ။


မိတ်ကပ်ကို အားမကိုးပါနဲ့

- ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်။
- သင့်အရေပြားလေး ကောင်းကောင်းအသက်ရှုပါစေလား။
- မိတ်ကပ်ကို အထူကြီးလိမ်းလေလေ ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အသားအရေကို ပိုထိခိုက်လေလေပဲလေ။
- မျက်နှာပြောင်ဖြစ်နေမှာဆိုးရင်တော့ ပေါင်ဒါမှုန့်တွေ၊ ပေါင်ဒါခဲ (Powder Cake) တွေ လိမ်းရင်ကို OK တယ်နော်။
- Oil Control အမျိုးအစားကိုပဲ ရွေးချယ်ဖို့တော့ မမေ့ပါနဲ့။
- မိတ်ကပ်လိမ်းတာ နဲလေ ကောင်းလေပါနော်။
- မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ ဘရှပ် စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပါ။
- ရေမြုပ်၊ ဘရှပ်တွေပေါ်မှာရှိနေတဲ့ အဆီတွေ ဘက်တီးရီးယားတွေဟာ သင့်ချွေးပေါက်တွေထဲကို ၀င်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တယ်လေ။
- အဲဒီတော့ ရေမြုပ်၊ ဘရှပ်တွေကို အမြဲသန့်ရှင်းနေအောင် ဂရုစိုက်ရမယ်နော်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်

- ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာလေ။
- အသီးအရွက်၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။
- ရယ်ဒီမိတ်စားစရာတွေ၊ အချိုတွေ၊ အဆီအဆိမ့်တွေ၊ ကော်ဖီတွေက အရေပြားက အဆီထုတ်လုပ်မှုကို များစေလို့ ချွေးပေါက်ထဲမှာ အဆီတွေကြောင့် ချွေးပေါက်ပိုကျယ်လာစေသလို ချွေးပေါက်ပိတ်ပြီး ၀က်ခြံတွေပါ ဖြစ်စေနိုင်လို့ ဝေးဝေးက ရှောင်ရမယ်နော်။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

ချွေးပေါက်လေးတွေကျဉ်းစေတဲ့ အကုန်အကျလည်းမများ လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းတွေကိုလည်း လေ့လာကြည့်ရအောင်..။

သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး

- ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။
- ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။
- ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။
- မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။


ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး

- သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။
- ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။
- ၃၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး

- ဒါကတော့ အလွယ်ဆုံးနည်းလေးပါပဲ။
- ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။
- ၁၀ မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။
- အရမ်းလွယ်တယ်နော်.. ဒါပေမယ့် အရမ်းလည်း အစွမ်းထက်ပါတယ်။
- ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။
- ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။
- ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေ

- ချက်ချင်းလက်ငင်း ချွေးပေါက်ကျဉ်းစေဆိုတော့ စိတ်ဝင်စားသွားပြီ ဟုတ် ??
- ချွေးပေါက်တွေ ချက်ချင်းကျဉ်းစေဖို့အတွက် အအေးဓာတ်ကို သုံးရမှာပါ။
- နို့ထဲမှာပါတဲ့ လက်တစ်အက်စစ်လို့ခေါ်တဲ့ Alpha Hydroxy Acid ဟာ အသားအရေကို နူးညံ့ချောမွေ့စေသလို ဆဲလ်အသစ်ပွားတာကိုလည်း အားပေးတယ်လေ။
- အဲဒီတော့ အအေးဓာတ်နဲ့ နို့ရဲ့ အစွမ်းတွေကို အသုံးချပြီး ချွေးပေါက်တွေကျဉ်းအောင် လုပ်ကြစို့နော်။
- အ၀တ်သန့်သန့်တစ်ခုကို အအေးခံထားတဲ့နို့ထဲ နှစ်လိုက်ပါ။
- အ၀တ်မှာ ပိုနေတဲ့နို့တွေကို ညှစ်လိုက်ပြီး အ၀တ်ကိုမျက်နှာပေါ် ကပ်ထားပါ။
- ၅-၁၀ မိနစ်ကြာတဲ့အခါ အ၀တ်ကိုဖယ်ပြီး ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။
- ဒီနည်းလေးဟာ ချွေးပေါက်တွေကို ယာယီကျဉ်းသွားစေပြီး အသားအရေကို ချောမွေ့သွားစေသလို ချွေးပေါက်တွေထဲကို မိတ်ကပ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
- အားလုံးအတွက် အသုံးတည့်မှာပါနော်။

ရင်နှင်းအပေါ်မှာ ပြောပြခဲ့တာလေးတွေကို သေချာလိုက်လုပ်ပေးရင် ချွေးပေါက်လေးတွေ တဖြည်းဖြည်းကျဉ်းလာမယ့်အပြင် အသားအရေလည်း တကယ်ကို လှလာမှာနော်။ ချွေးပေါက်တွေကျဉ်းပြီး တင်းရင်းချောမွေ့လှပတဲ့ မျက်နှာလေးကို မြန်မြန်ပိုင်ဆိုင်နိုင်ပါစေရှင်။

ရွှေအိမ်စည်စာကြည့်တိုက်

ဖိစီးမှုများသော အလုပ်သည် ကိုလက်စထရောကို မြင့်မားစေပြီး အသက်အန္တရာယ် ရှိနိုင်သည်ဟု သိရ

Posted by drmyochit Monday, March 03, 2014, under | No comments


ဖိစီးမှုများသော အလုပ်တစ်ခုသည် ခန္ဓာကိုယ်တွင်း၌ ကိုလက်စထရော ပါဝင်မှုကို မြင့်တက် စေနိုင်ပြီး ကြောက်မက် ဖွယ် နှလုံး ရောဂါကိုလည်း ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။ ဖိစီးမှုများသော
အခြေ အနေ သည် ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ်ကို သက်ရောက်မှု ရှိစေပြီး ကိုလက်စထရော ပါဝင်မှု မြင့်တက်စေခြင်း ကို စပိန် သုတေသီများက လေ့လာ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ စိတ်ဖိစီးမှုသည် (ဆေးလိပ်သောက်ခြင်း၊ မသင့်လျော်သော အစားအသောက်များ သို့မဟုတ် ပုံစံမကျသော လူနေမှု ပုံစံတို့ကြောင့်) နှလုံးကြွက် သားနှင့် ဆိုင်သော ရောဂါများ ဖြစ်ပွားမှု အန္တရာယ်နှင့် ဆက်စပ်မှု ရှိသည်ကို ကျွမ်းကျင်သူများက နှစ်ပေါင်း များစွာ လေ့လာ၍ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လေ့လာမှု အသစ်တစ်ရပ် အရ စိတ်ဖိစီးမှုသည် သွေးတွင်းရှိ အဆီနှင့် လစ်ပိုပရိုတိန်း ပါဝင်မှု မူမမှန်ခြင်းကိုပါ ဖြစ်ပေါ် စေနိုင်သည်ဟု တွေ့ရှိရသည်။ စပိန်နိုင်ငံ မာလာဂါမြို့ရှိ ဗစ်တိုးရီးယား ဆေးရုံနှင့် ဆန်တီယာဂို တက္ကသိုလ်တို့မှ သုတေသီများက အလုပ် ဖိစီးမှုနှင့် ခန္ဓာကိုယ်တွင်းရှိ ဖက်တီး အက်စစ်တို့၏ ဆက်စပ်မှုကို လေ့လာ ခဲ့ကြသည်။ အဆိုပါ လေ့လာမှု သည် ဆေးစစ်ဆေးမှု ခံယူနေကြသော လုပ်သား ၉ဝဝဝ ကျော်အား နမူနာ စစ်တမ်း ကောက်ခံခဲ့ခြင်း ဖြစ်ပြီး စကင်ဒီနေးဗီး ယန်း ပြည်သူ့ကျန်းမာရေး ဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်းခွင်တွင် လွန်ခဲ့သည့် ၁၂ လ ကာလ အတောအတွင်း စိတ်ဖိစီးမှု အခက်အခဲများကို ကြုံတွေ့ နေရသော လုပ်သားများ သည် သွေးတွင်း အဆီနှင့် လစ်ပိုပရိုတိန်း မူမမှန်မှုကြောင့် ရောဂါကို ခံစားရမည့် အန္တရာယ် ရှိနေကြောင်း လုပ်ငန်းခွင် ဖိစီးမှုဆိုင်ရာ ကျွမ်းကျင်သူ ကားလို့စ် ကက်တာလီနာက ပြောကြားခဲ့သည်။ ။

ကျော်ဇင်ထွဋ်

မြ၀တီ

ပေါင်ကြီးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး

Posted by drmyochit Monday, March 03, 2014, under | No comments


ပေါင်တံ သွယ်သွယ်လေးနဲ့ စူပါ မော်ဒယ်လ် ခန္ဓာကိုယ် လေးတွေဟာ ဘာဝတ်ဝတ် လှပပြီး စတိုင်လ် ကျနေ တာမို့ အားကျ ချင်စရာပါ။

ဒီနေရာမှာ ပေါင်တံကြီးတဲ့ သူတွေ အတွက် စိတ်အား မငယ်မယ့် သတင်းကောင်း တစ်ခု ရှိပါတယ်။ သင့်ရဲ့ ပေါင်တံ ကြီးတွေက သင့်ကျန်းမာရေးကို ကာကွယ်မှု ပေးနိုင်ပါတယ်။ ဒိန်းမတ် သုတေသီ များရဲ့ လေ့လာချက် တစ်ခုအရ ပေါင်တံသေးသွယ် သူများဟာ နှလုံး ရောဂါခံစား နိုင်ရခြေနှင့် အရွယ်မတိုင်မီ သေဆုံးမီ သေဆုံးနိုင်ခြေ မြင့်မား နေကြတာကို တွေ့ရှိခဲ့ကြပါတယ်။ ဩစတြေးလျ လူမျိုး သုတေသီများက ထပ်မံ တွေ့ရှိ ထားတာကတော့ ပေါင်တံကြီး ခြင်းဟာ ဇီဝရုပ် ဖြစ်ပျက်မှု ပိုမို ကောင်းမွန်ခြင်းဟု ဆိုလိုပြီး ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ နည်းပါး ကြတယ်လို့ သိရှိရပါတယ်။ ဒီလောက် ဆိုရင်တော့ ကြီးမားတဲ့ ပေါင်တံတွေကို ကျေးဇူး တင်သွားပြီလား။

BY HEALTH DIGEST

မိခင်ကောဗိုက်ထဲက ကလေးပါသေဆုံးခဲ့ရတဲ့ယာဉ်တိုက်မှု

Posted by drmyochit Monday, March 03, 2014, under | No comments



ပဲခူးတိုင်းကဝမြို့နယ် ဖလေးကျေးရွာအနီးတွင် ဖေဖေါ်ဝါရီ ၂၁ ရက်နံနက်၁၁နာရီခန့်က ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မောင်းနှင်လာသော နောက်တွဲပါလယ်ထွန်စက်တို့ ရှောင်တိမ်းရာမှဆိုင်ကယ်မှ ခြေနင်းဘရိတ်အားနင်းရာမှ ဘရိတ်တံခြေနင်းနှင့် ကျောက်ခဲတိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက်ပြီး ဆိုင်ကယ်နောက်တွင်ထိုင်လိုက်လာသော မနီနီလွင်(၂၉)နှစ် ကိုယ်ဝန်ကိုးလလွယ်ထားသူသည် ထွန်စက်နောက်တွဲဘီးအောက်ရောက်ကြိတ်မိခဲ့၍ မိခင်ကောဗိုက်ထဲမှကလေးပါ သေဆုံးသွားခဲ့ပါသည်။


ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းမင်းမင်းလတ်နှင့် ဆိုင်ကယ်မောင်းသူ ကိုနိုင်လွင်တို့အား ကဝမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ
The Mirror Daily

သေသွားပြီထင်ပြီး အလောင်းအိတ်ထဲထည့်ပြီးကာမှ ပြန်လည်နိုးထလာသူ

Posted by drmyochit Monday, March 03, 2014, under | No comments



ဗုဒ္ဓဟူးနေ့ ည ကိုးနာရီ အချိန်ခန့် မှာ မစ္စစပီ၊ လက်ဇင်တန်မြို့ အိမ်မှာ ပေါ်တာရဲ့ ဦးလေးဖြစ်သူ ဝေါလ်တာဝီလီယမ် ဟာ သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိက သွေးခုန်နှုန်း တိုင်းတာပြီး အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် နောက် ငါးနာရီကျော်အကြာ မနက် ၂နာရီခွဲ ခန့် မှာ ဝေါလ်တာရဲ့ အလောင်းကို အလုပ်သမားတွေက အလောင်းအိတ်ထဲထည့်ခါနီးမှာ ပြန်လည်နိုးထလာခဲ့တာပါ။ အံ့သြမှင်တက်နေတဲ့ အလုပ်သမားတွေဟာ ဝေါလ်တာရဲ့ တူဖြစ်သူ ပေါ်တာကို သူ့ ဦးလေး အသက်ရှင်နေ သေးကြောင်း သွားပြောရပါတော့တယ်။

ဝေါလ်တာဝီလီယမ်ရဲ့ နှလုံးခုန်နှုန်း ရပ်တန့် သွားတာကို သူသေချာစမ်းကြည့်ခဲ့ကြောင်း သေမှုသေခင်းစစ်ဆေး ရေးအရာရှိက ပြောကြားခဲ့ပြီး အခုလို နာရီပေါင်းများစွာ ကြာပြီးမှ နှလုံးပြန်လည်ခုန်လာတာဟာ မယုံကြည်နိုင်လောက်စရာ ဖြစ်ရပ်တစ်ခုပါလို့ ပြောဆိုခဲ့ပါတယ်။

“ သေမှုသေခင်းစစ်ဆေးရေးအရာရှိကို ဘာတွေဖြစ်ခဲ့တာလဲလို့ မေးတော့ သူ တစ်ခုတည်းပဲ ဖြေနိုင်ပါတယ်။ ဒါဟာ အလွန်အံ့သြစရာဖြစ်ရပ်ပဲ တဲ့” ဟုမ်းစ်ကောင်တီ ရဲအရာရှိ ၀ီလီမာခ်ျ က ပြောကြားခဲ့တာပါ။

ဝေါလ်တာဝီလီယမ်ဟာ အခုတော့ ဆေးရုံမှာ နာလည်ပြန်ထူဖို့ တက်ရောက်ကုသမှုခံနေပြီး အခုလို အသက်ရှင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းသာပျော်ရွှင်မိကြောင်း သူ့ မိသားစုတွေကို ဆေးရုံမှာ ပြောကြားခဲ့ပါတယ်။

Ref: metro
Trend Myanmar

ပရိသတ် အသိအမှတ် ပြုတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မယူဆပါဘူး ယုသန္တာတင်

Posted by drmyochit Monday, March 03, 2014, under | No comments



ပရိသတ် အသိအမှတ် ပြုတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မယူဆပါဘူး ယုသန္တာတင် လူသန်ဒပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ် တစ်ခုပါ။ အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင် ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲ ဆိုတာ စိတ်ဝင်စားစ ရာပါပဲ။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မယူဆသေးဘူး

-အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မသတ်မှတ် သေးပါဘူး။ ဒါပေမဲ့ အနုပညာအ လုပ်နဲ့ ပတ်သက်ပြီး ပရိသတ်က အရင်ကထက်စာရင် ကိုယ်လုပ်တဲ့ အလုပ်တွေအပေါ်မှာ အသိအမှတ် ပြုလာတယ်။ ပရိသတ်အသိအမှတ် ပြုတဲ့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့မယူဆသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ် တိုင် ကြိုးစားပြီးလုပ်နေရတဲ့အလုပ် တွေ အများကြီးရှိနေပါသေးတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လျှောက်ခွင့်ရအောင် ပရိသတ် က အသိအမှတ်ပြုပေးတယ်လို့ပဲ သဘောထားတယ်။

ပရိသတ် မျက်လုံးထဲမှာ အဆင်ပြေတဲ့ အတွက် သဘောကျတယ် ထင်ပါတယ်

-တစ်ယောက်နဲ့တစ်ယောက် ကကြိုက်တာမတူဘူးထင်တယ်။ မိန်း ကလေးပရိသတ် မိန်းကလေးအမြင်၊ ယောကျာ်းလေးပရိသတ်က ယောကျာ်းလေးအမြင်နဲ့ ကြိုက်ကြ တယ်။ များသောအားဖြင့် ယုက အဝတ်အစားဝတ်တဲ့အခါကျရင် လူ ငယ်ဆိုတော့ ဟော့ရှော့ကြိုက်တယ်။ ဒါပေမဲ့အလုပ်နဲ့ပတ်သက်တဲ့အခါ ကျတော့ ကိုယ့်ရဲ့ပရိသတ်အမြင်ကို ဦးစားပေးပြီးဝတ်ဖြစ်တယ်။ ကိုယ် ဘယ်လိုပုံစံမျိုးဝတ်ရင် ပရိသတ်တွေ ပိုကြိုက်မလဲဆိုပြီးစဉ်းစားတယ်။ ပရိ သတ်မျက်လုံးထဲမှာအဆင်ပြေအောင် ဝတ်ပေးတဲ့ အတွက် သဘောကျ တယ်ထင်တယ်။


တစ်ယောက်တည်း ကျိတ်ပြီး မျိုသိပ်ထားတဲ့ အကျင့်မရှိဘူး

-တစ်ယောက်တည်းနေရင် တော့ စာဖတ်တယ်။ အခွေကြည့် တယ်။ အင်တာနက်သုံးတယ်။ သူ ငယ်ချင်းတွေနဲ့ အားတဲ့အချိန်မှာ မုန့်ထွက်စားပြီး ရှေးဟောင်းနှောင်း ဖြစ်စကားတွေပြောဖြစ်တယ်။ ပြီး တော့ ယုကသိပ်ပြီး လျှို့လျှို့ဝှက် ဝှက်လည်းမနေတတ်ဘူး။ တစ် ယောက်တည်းကျိတ်ပြီးဘယ်သူမှ မပြောဘဲထားမယ်ဆိုတဲ့ အကျင့် လည်းမရှိဘူး။

ကိုယ့်ခန္ဓာကိုယ်မှာ သဘောကျဆုံး အရာက

-ကိုယ့်ကိုယ်ကိုယ် နှာခေါင်းနဲ့ မျက်လုံးရယ်ကို ပိုပြီးတော့သဘော ကျတယ်။

ဒိုင်ယာလော့ခ်နဲ့ ပတ်သက်ပြီး

-ရှူတင်မှာ ဒိုင်ယာလော့ခ်ချ ပေးတဲ့အခါကျရင် လွယ်လွယ်နဲ့ရ တယ်။ ဒါပေမဲ့ ခဏလေးအချိန် တွင်းမှာပဲ လွယ်လွယ်နဲ့ ပြန်မေ့တတ် တယ်။

မိတ်ကပ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကုန်လုံး ကြိုက်တယ်

-ရှူတင်မိတ်ကပ်မှ မဟုတ်ဘူး အပြင်တွေသွားလို့ ကိုယ့်ဘာသာ ကိုယ်လိမ်းရင် လည်းကြိုက်တယ်။ ပြီး တော့ -အကဘန တွေကတစ်ဆင့် မိတ်ကပ်အဆင့်ဆင့်လိမ်းခြယ်ထား တာတွေကြည့်ပြီးတော့ လိုက်ခြယ် တယ်။ စာအုပ်တွေဝယ်ပြီး ဖတ်တာ မျိုးတွေရှိတယ်။ သူငယ်ချင်းအချင်း ချင်း မိတ်ကပ်ပုံစံတွေကှို့မေန လုပ်တာတွေလည်းရှိတယ်။ မိတ် ကပ်နဲ့ပတ်သက်ပြီး ဈေးကြီးမှ ဈေး နည်းမှမဟုတ်ဘူး။ ကိုယ့်အတွက် အဆင်ပြေတယ်ဆို ဘယ်အမျိုးအ စားမဆိုဝယ်ဖြစ်တယ်။

အလုပ်ကို တန်ဖိုးထားတာက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါ

-အောင်မြင်မှုအပေါ်မှာ လျှို့ ဝှက်ချက်ရှိတယ်ဆိုတာက အနုပ ညာရှင်မှမဟုတ်ဘူး။ ဘယ်လိုလူမျိုး ပဲဖြစ်ဖြစ် သူကျင်လည်နေတဲ့အသိုင်း အဝိုင်းမှာ ကိုယ်လုပ်တဲ့အလုပ်ကို တန်ဖိုးထားပြီးလုပ်တဲ့အတွက် အောင်မြင်မှုဆိုတာ မလွဲမသွေရလာ မှာပါ။

အောင်မြင်မှုနဲ့ ကျော်ကြားမှုက အများကြီးကွာပါတယ်

-အောင်မြင်တာနဲ့ ကျော်ကြား တာမတူဘူး။ အောင်မြင်တယ်ဆို တာက သူလုပ်လိုက်တဲ့ လုပ်ရပ်တွေ အကုန်လုံးကို ပရိသတ်က အသိအ မှတ်ပြုလက်ခံပေးတဲ့အတွက် မကောင်းဘဲနဲ့ အောင်မြင်လာတာ ရယ်လို့မရှိဘူး။ ကျော်ကြားတာကျ တော့ ကောင်းတဲ့ကျော်ကြားခြင်းနဲ့ လည်း ကျော်ကြားလို့ရတယ်။ မ ကောင်းတဲ့ကျော်ကြားခြင်းနဲ့လည်း ကျော်ကြားလို့ရတဲ့အတွက် အောင် မြင်မှုနဲ့ကျော်ကြားမှုက မတူပါဘူး။


By 8 Days

ဝိုင်နီသောက်လျှင် အသက်ရှည်

Posted by drmyochit Monday, March 03, 2014, under | No comments


Resveratrol အမည်ရှိ ဝိုင်နီထဲ တွင် တွေ့ရသော ဒြပ်ပေါင်း တစ်ခုက အသက်ရှည်ခြင်း ၏ သော့ချက်ဖြစ် ကြောင်း လေ့လာမှု အရ တွေ့ရှိ ရပါသည်။ ယခင်ကတည်းက တွေ့ရှိ ထားသည်က အဆိုပါ ဒြပ်ပေါင်း သည် ကလာပ်စည်း တစ်ခု တည်းရှိသော တဆေးလို အပင်မျိုးမှသည် ယင် ကောင်များ၊ ကြွက်များအထိ သတ္တဝါ မျိုးကွဲမျိုးစုံကို အသက်ရှည်စေသည် ဟူ၍ ဖြစ်ပါသည်။

သုတေသီတစ်ဦး ဆက်လက် စမ်းသပ်လေ့လာမှုအရ ပျားကောင် များတွင် သင်ယူမှု စွမ်းရည်၊ အသက် ရှည်ခြင်းနှင့် အစာ လက်ခံခြင်းတို့တွင် ကောင်းကျိုးများ ရရှိစေကြောင်း တွေ့ရှိခဲ့ရပါသည်။ ပျားကောင်များ အသက်ကို ၃၃ ရာခိုင်နှုန်းမှ ၃၈ ရာခိုင်နှုန်းအထိ ပိုရှည်စေပြီး သူတို့ စားဖြစ်စေရန် ဆုံးဖြတ်ချက်ကိုလည်း ဖြစ်စေတယ်လို့ သိရပါသည်။ Resveratrol အင်တီအောက်စီးဒင့် တစ်ခုဖြစ်ခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက်ပေါ်လာသော Free Radicals များကို ဖျက်ဆီးပေးတယ် လို့ဆိုပါသည်။

အဲဒီပစ္စည်းတွေက လူ့ရဲ့အသက်ကို သေစေပါသည်။ စမ်းသပ်စဉ် ပျားကောင် များအနေဖြင့် စိတ်ဖိစီးမှု ကြုံတွေ့နေ ရသော်လည်း အသက်ရှည်ကြောင်း တွေ့ရပါသည်။ အဲဒီဒြပ်ပေါင်းကျွေးထားတဲ့ ပျား ကောင်များက သကြားဓာတ်ကိုလည်း စိတ်ဝင်စားမှု နည်း သွားကြောင်း တွေ့ရပါသည်။

By Health Digest

မွေးကင်းစ ကလေး မှောင်ခိုကွန်ရက် တရုတ် စီးနင်း

Posted by drmyochit Monday, March 03, 2014, under | No comments


မွေးစ ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်ဖို့ ပိုခက်လာ


တရုတ် နိုင်ငံမှာ ကလေးမှောင်ခို လုပ်တဲ့ ကွန်ရက်ကို ရဲတွေ စီးနင်း နှိမ်နင်းခဲ့မှုအရ ကလေးငယ် ၄၀ဝ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး လူ တစ်ထောင်ကို ဖမ်းဆီးခဲ့တယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေက သူတို့ကိုယ်သူတို့ ကလေးမွေးစားမှုကို ဆောင်ရွက်တဲ့ တရားမဝင် အေဂျင်စီကလို့ ပြောဆိုပြီး အင်တာနက် ကနေတဆင့် ကလေးတွေကို ရောင်းစားကြတယ်လို့ အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြပါတယ်။

နည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်မှုကြောင့် နို့စို့ကလေးငယ်တွေ လူကုန်ကူးခံရတာကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲလာတယ်လို့ တရုတ် အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ သားယောကျာ်းလေးကို ပိုလိုချင်တဲ့ ဓလေ့နဲ့ ကလေးမွေးတဲ့ ဦးရေ ကန့်သတ်ချက်တို့ကြောင့် ကလေး မှောင်ခိုမှုတွေကို အားပေးသလို ဖြစ်ခဲ့ပါတယ်။

ကလေးတွေကို ခိုးယူသူ ဒါမှမဟုတ် ကလေး မိဘတွေဆီက ဝယ်ယူသူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကိုရီးယား မင်းသမီး၏ ငှက်ပျောသီး သုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

Posted by drmyochit Monday, March 03, 2014, under | No comments


ကိုယ်အလေးချိန် များလာတဲ့အခါ တခြား သူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အ လိုမကျတဲ့ အတွေးတွေ ဝင်လာ နိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်း လုပ်ပြီး
အစား အသောက်ကို လျှော့ချ ချင်ပေမယ့် ဒီလို လိုက်နာဖို့ ခက်ခဲ နေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေ ဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို လျှော့ချ ပေးကြောင်း သီအိုရီ တစ်ခု အရ သိရပါတယ်။ တခြား သီအိုရီ တစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။

ငှက်ပျောသီးဖြင့် ဝိတ်ချနည်း

နံနက်စာ အဖြစ် ငှက်ပျောသီး ၁-၂လုံး စားပြီး ရေနှစ်ဖန်ခွက် သောက်လိုက်ပါ။ နေ့လယ်စာ ကိုတော့ သင်ကြိုက်ရာ စားနိုင်ပါတယ်။ ဒါပေမဲ့ အဆီ ပါဝင်မှုများတဲ့ အစာကို ရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင် ငှက်ပျောသီး တစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေပဲ စားပါ။ နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစား ပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီ လောင်ကျွမ်းမှု မြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကြယ်စင်

မြ၀တီ

လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ

Posted by drmyochit Monday, March 03, 2014, under | No comments



လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။

ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်း တရားချင်း လုံးဝ တူညီမှု မရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။

လေးဘက်နာရောဂါ (Rheumatic fever)

လေးဘက်နာ ရောဂါသည် Streptococcus ဟုခေါ်သည့် ဘက်တီရီးယား ပိုးကြောင့် ဖြစ်ရသော ရောဂါ ဖြစ်ပါသည်။ ကလေးအသက် ၆နှစ်မှ ၁၅နှစ်အတွင်းတွင် ၎င်းပိုးကြောင့် လည်ချောင်း ခဏခဏ နာခြင်းမှ ဆက်၍ လေးဘက်နာ ရောဂါ ဖြစ်ပေါ် နိုင်ပါသည်။ ထိုရောဂါကြောင့် အဓိက ထိခိုက်နိုင်သော အင်္ဂါများမှာ အဆစ်နှင့် နှလုံးတို့ ဖြစ်ပါသည်။ ရောဂါ လက္ခဏာ များကတော့ ကိုယ်လက် ကိုက်ခဲခြင်း၊ အဆစ်အမြစ် ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း တို့ဖြစ်ပါသည်။ လေးဘက်နာ ရောဂါ ရှိမရှိကို ASO test ( Antistreptolysin O ) စစ်ခြင်းဖြင့် သိနိုင်ပါသည်။ Normal ASO test range သည် ၂၀၀ ဖြစ်ပါသည်။ ထိုထက်များပါက ရောဂါရှိသည်ဟု ဆိုနိုင်ပါသည်။ လေးဘက်နာ ရောဂါသည် ဘက်တီးရီးယား ပိုးကြောင့် ဖြစ်သောရောဂါ ဖြစ်သည့် အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ ရှိပါသည်။ ရုတ်တရက် ဆိုးရွားစွာ ဖြစ်ပေါ်လာသော လေးဘက်နာ အတွက် အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေး များဖြင့် ကုသတတ်သလို ရောဂါ ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်လည်း antibiotics ဆေးဆ အနည်းငယ်ကို နှစ်ရှည် သောက်ရ တတ်သည်။ ထို့သို့ မသောက်ပါက ပြန်ဖြစ်တတ်သည့် ရောဂါမျိုး ဖြစ်ပါသည်။

ဂေါက်ရောဂါ (Gout)

ဂေါက်ရောဂါ ဖြစ်ရခြင်း အကြောင်းမှာ သွေးထဲတွင် Uric acid များနေခြင်းကြောင့် ဖြစ်ရပါသည်။ အဆစ်အမြစ်များတွင် Uric acid crystal များအနည်ထိုင်ခြင်းမှ အဆစ်အမြစ် ကိုက်ခဲ စေပါသည်။ Uric acid ကိုခန္ဓာကိုယ်တွင်းရှိ purine ပြိုကွဲခြင်းမှ ရရှိပါသည်။ ထိုကြောင့် purine များသော အစားအစာများကို ဂေါက်ရောဂါရှင်များ ရှောင်ရတတ်ပါသည်။ purine များသော အစားအစာအချို့မှာ ကလီစာများ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲ နှင့် beer တို့ဖြစ်ပါသည်။ များသော အားဖြင့်တော့ လူကြီးများက မြေအောက်မှာ ပေါက်သော အစားအစာများဟု မှတ်ထား တတ်ကြပါသည်။ ဂေါက်ရောဂါတွင် အဆစ်အမြစ် များသည် နီ၊ ပူပြီး ရောင်ရမ်းလေ့ ရှိပါသည်။ ကုသမှု အနေဖြင့်တော့ အကိုက်အခဲ ပျောက်ဆေးများ၊ steroid များဖြင့် ကုသလေ့ ရှိပါသည်။ အစားအစာ အနေနှင့် strawberry, cherry, lemonနှင့် ငှက်ပျောသီးတို့သည် ဂေါက်ရောဂါ လက္ခဏာ အတွက် အထူး သင့်လျော်ပါသည်။

နိဂုံးချုပ် အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်း တူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံ အကြောင်းအရင်းခြင်း မတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာ အနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစား ရှောင်ခြင်းသည် ကုသမှုအတွက် များစွာ အထောက်အကူ ဖြစ်ပါသည်။

Posted by Candy
from-My freedom
Memory never goes away

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်