Tuesday, February 04, 2014

Y320-U01 မှာ ဆော့ဝဲတွေ သွင်းလိုမရခြင်း အကြောင်း သိကောင်းစရာ

Posted by drmyochit Tuesday, February 04, 2014, under | No comments

Huawei Y320-U01 မှာ ဆော့ဝဲတွေကို သွင်းရင် Activated nofound ဘဲပြနေတတ်ပါ တယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် သူရဲ့ နဂိုပါတဲ့ System software တစ်ခုကြောင့် ဖြစ်နေ တာပါ။သူရဲ့ System ထဲက software ကိုလည်း လွယ်လွယ် ကူကူ ဖြုတ်လို့မရပါဘူးခင်ဗျာ။ဆော့ဝဲသုံးပေးမှ ရမှာ ဖြစ်ပါတယ်။
Huawei Y320-U01 မှာ Vroot နဲ့ ဖောက်ပေမဲ့လည်း Superuser request မပေး ပါဘူးခင်ဗျာ အဲဒီ အတွက်ကြောင့် ကျွန်တော်ပေးတဲ့ ဆော့ဝဲလေးကို သုံးပေးပါခင်ဗျာ Proroot APK ကို သုံးပေးပါ။ APK နဲ့ root ဖောက်ချင်း ဖြစ်ပါတယ်။ Proroot APK နဲ့ root ဖောက်ပြီးသွားရင် Superuser request ပေးလာတာကို တွေ့ ရပါလိမ့်မည်။ပြီးပြီဆိုရင် System_app_remover APK ကို သုံပေး ရပါလိမ့်မည်။
System app remover APk ဆိုတာကတော့ သူရဲ့ နဂိုပါတဲ့ system apk တွေကို
ဒီဆော့ဝဲလေး သုံးပြီး ဖျက်ပြစ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အောက်မှာ ပေးထားတဲ့ တရုတ်စာလေးနဲ့ APK လေးကို System app remover apk သုံးပြီး ဖျက်ပစ်လိုက်ပါ။အဲဒီ တရုတ်ဆော့ဝဲလေး ပျက်သွားပြီဆိုရင် မိမိထည့်ချင်တဲ့ APK တွေ ထည့်သုံးလို့ရပါပြီ။






Download Here >>

System app remover apk >>

From: Myanmar Mobile App

ဘင်္ဂလီအမတ် ဦးရွှေမောင်အား သမ္မတ ဦးသိန်းစိန် အရေးယူရန် ဆောင်ရွက်ပြီ

Posted by drmyochit Tuesday, February 04, 2014, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီလ ၎

ဒူချီရာတန်းကျေးရွာ မီးရှို့မှုတွင် သတင်းဌာနများသို့ မဟုတ်မမှန် သတင်းများ ဖြန့်ချိပြောကြားခဲ့သော ဘင်္ဂလီအမတ် ဦးရွှေမောင်အား အရေးယူ ရန် သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ သ၀ဏ်လွှာ အရ ဦးရွှေမောင် အရေးယူတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဦးရွှေမောင်အား ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ခေါ်ယူ၍ ၄င်းအား အရေးယူရန် သမ္မတဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း အသိပေးပြောကြားခဲ့ကြောင်း၊ ဥပဒေနှင့် အညီ ဦးရွှေမောင်အား စုံစမ်းစစ်ဆေးရန် လွှတ်တော်ဥက္ကဌ၏ ခွင့်ပြုချက် တောင်းခံလာ ခဲ့ကြောင်း၊ပြည်ထဲရေး ၀န်ကြီးဌာနမှ ဦးရွှေမောင်အား စစ်မေးမည် ဖြစ်ပြီး နေပြည်တော်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်တွင် စစ်မေးခြင်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဦးရွှေမောင်၏ လူမှုကွန် ယက်စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရှိရသည်။

သမ္မတဦးသိန်းစိန်၏ သ၀ဏ်လွှာတွင် DVB သတင်းဌာနနှင့် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နိုင်ငံတော်ကို မဟုတ်မမှန် ပြောကြားထားကြောင်း ဖော်ပြပါရှိကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ယနေ့ ညနေ ၄ နာရီတွင် စစ်မေးခြင်းများ စတင် ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

" ဟစ်တလာ အသက် ၉၅ နှစ် အထိ နေသွားကြောင်း ယူဆရသည့် ဓာတ်ပုံတွေ့ရှိ "

Posted by drmyochit Tuesday, February 04, 2014, under | No comments



အာဏာရှင် ဟစ်တလာသည် ကတုတ်ကျင်းအတွင်း၌ မသေဆုံးခဲ့ဘဲ ဘရာဇီးသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ အသက် ၉၅ နှစ်အရွယ် အထိ နေသွားခဲ့ကြောင်းကို ဓာတ်ပုံက သက်သေပြနိုင်ကြောင်း Hitler in Brazil-His life and His Death စာအုပ် ရေးသားသူ စာရေးဆရာ ဆိုင်မွန်နီက ဆိုသည်။

ဟစ်တလာသည် ဘရာဇီးနိုင်ငံ မာကိုဂရိုဆို ပြည်နယ်ရှိ မြို့ငယ်လေး၌ အခြေချ မနေထိုင်ခင် အာဂျင်တီးနားမှ တစ်ဆင့် ပါရာဂွေးသို့ ထွက်ပြေးခဲ့ကြောင်း ၄င်းစာအုပ်ထဲ၌ ရေးသားထားသည်။

၎င်းသည် အဆိုပါ မြို့ငယ်လေး၌ နေထိုင်စဉ် Adolf Leipzig ဟူသော အမည်ကို အသုံးပြုခဲ့ဖွယ်ရှိပြီး ဂျာမန် အဖိုးအို တစ်ဦးအဖြစ် နေထိုင်ခဲ့သည်ဟု ယူဆရသည်။

အဆိုပါ ဓာတ်ပုံသည်မသေဆုံးခင် နှစ်နှစ်အလို ၁၉၈၄ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး နံဘေးတွင်ရပ်နေသူမှာ ၄င်း၏ ချစ်သူလူမည်း အမျိုးသမီး ကတ်တင်ဂါ ဖြစ်သည်။

ဟစ်တလာသည် မိတ်ဆွေများ ပေးသည့် မြေပုံကို အသုံးပြု၍ မြှုပ်နှံထားသော ရတနာများအား ရှာဖွေရန် ယင်းဒေသ၌ လာရောက် နေထိုင်ခြင်း ဖြစ်ကာ ဘဝမှန်အား ဖုံးကွယ်ထားနိုင်ရန် ချစ်သူ ကတ်တင်ဂါအား အသုံးချခြင်းဖြစ်ကြောင်း စာရေးဆရာ ဆိုင်မွန်နီက အခိုင်အမာ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၄၅ ခုနှစ် ဧပြီ ၃ဝ ရက်တွင် ဘာလင်ကတုတ်ကျင်း၌ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ကို လက်မခံဘဲ Leipzig (ဟစ်တလာဟု ယူဆရသူ)နှင့် အသက်ရှင်လျက်ရှိသော ဟစ်တလာ၏ မျိုးနွယ်များ၏ DNA ကို စစ်ဆေးသင့်ကြောင်း ဆိုသည်။

TW
Ref: EXPRESS
Popular Myanmar News Journal

အစွန်းရောက်များကို ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်မည်ဟု ဆော်ဒီဘုရင် အမိန့်ထုတ်

Posted by drmyochit Tuesday, February 04, 2014, under | No comments

တော်ဝင်နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သော အမိန့်အရ ဂျီဟတ်ဝါဒီ အစွန်းရောက် ဆော်ဒီနိုင်ငံသား တစ်ဦးသည် ထောင်ဒဏ်နှစ်(၃၀)ထိ ကျခံရမည့် ပြစ်ဒဏ်မျိုး ကြုံလာမည်ဖြစ်သည်။

ဆော်ဒီအာရေဗျ ဘုရင်မင်းမြတ် အက်ဘ်ဒူလာက မိမိတို့နိုင်ငံ အပြင်ဘက်တွင် အစ္စလာမ်မစ် အစွန်းရောက် ဂျီဟတ်ဝါဒီအတွက် ဝင်ရောက်လှုပ်ရှားနေသည့် မည်သည့်နိုင်ငံသားကိုမဆို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရန် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။ တော်ဝင်နန်းတော်က တနင်္လာနေ့တွင် ထုတ်ပြန်လိုက်သော အမိန့်အရ ဂျီဟတ်ဝါဒီ အစွန်းရောက် ဆော်ဒီနိုင်ငံသား တစ်ဦးသည် ထောင်ဒဏ်နှစ်(၃၀)ထိ ကျခံရမည့် ပြစ်ဒဏ်မျိုး ကြုံလာမည်ဖြစ်သည်။

ဆော်ဒီတော်ဝင် တရားရုံးချုပ်က နိုင်ငံသားတိုင်း အစွန်းရောက် အကြမ်းဖက် လှုပ်ရှားမှုများတွင် မပါဝင်ရန် တားမြစ်ကြောင်းနှင့် အကယ်၍ ယင်းသတ်မှတ်ချက် စည်းမျဉ်းကို ဖောက်ဖျက် ကျူးလွန်ပါက ထောင်ဒဏ်(၅)နှစ်မှ နှစ်(၃၀)ကြားထိ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဟု သတိပေး ကြေညာခဲ့သည်။ ဆော်ဒီမှ လက်နက်ကိုင်အချို့သည် ဆီးရီးယားအရေးတွင် သွားရောက်ပါဝင်နေကြောင်း အထောက်အထားများ တွေ့ရှိလာသည့်နောက် တော်ဝင်မိသားစုက ယင်းအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသ၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်နေသော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆော်ဒီလူငယ် ရာပေါင်းများစွာတို့ စိတ်အားထက်သန်စွာ ပါဝင်လာခြင်းကို တော်ဝင်မိသားစုက စိုးရိမ်နေသည်။

အထူးသဖြင့် ဆီးရီးယားမှ ပြန်လာသည့် လူငယ်များ အနေဖြင့် လက်နက်များပါ ယူဆောင်လာပြီး တော်ဝင်မိသားစုကို ဆန့်ကျင်လာမည့် အခြေအနေကို ဘုရင်မင်းမြတ် အနေဖြင့် မလိုလားနိုင်ချေ။ ဆော်ဒီတွင် ဩဇာကြီးမားသည့် ဘာသာရေးခေါင်းဆောင် အချို့၏ ဆော်ဩမှုဖြင့် လူငယ်အများအပြားသည် ဆွန်နီမွတ်ဆလင် အများစုဖြစ်သော ဆီးရီးယား သူပုန်များထံ ပူးပေါင်းပြီး ရှီးယိုက်မွတ်ဆလင်များ ထောက်ခံသည့် ဘာရှာအာဆက်ဒ် အစိုးရကို တိုက်ခိုက်နေကြောင်း သိရသည်။

ဘားမား ဂေါက်ကွင်းကို ကုလား ဂေါက်ကွင်းဖြစ်အောင် ကိုနီစီစဉ်ခဲ့တယ်

Posted by drmyochit Tuesday, February 04, 2014, under | No comments

ယခင် စစ်ဗိုလ်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူတစ်ဦးနဲ့ တွေ့ရင်း စကားစမြည်ပြောဖြစ်ပါတယ်။ အထူးသဖြင့် အကြံဆိုး ကုလားတွေအကြောင်း စကားစလာပါတယ်။ သူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ဖြစ်စဉ်လေးတစ်ခုက ကျွန်တော့် အ တွက် စိတ်ဝင်စားစရာဖြစ်သလို အားလုံးလည်း စိတ်ဝင်တစား ရှိပါလိမ့်မယ်။
လက်ရှိ NLD မှာ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး စစ်တပ်ကို အားမနာပ ပြောနေတဲ့ ကိုနီဆိုတဲ့ ရှေ့နေ တစ်ယောက်အကြောင်း ပါ။အဆိုပါပုဂ္ဂိုလ်ပြောပြတာက “ မင်းတို့တွေ ဘယ်သိလိုက်မလဲ။ ဂေါက်သီးရိုက် အားစကားက social အတွက် အသုံးတည့်တယ်လေ။ အများအားဖြင့် ငွေကြေး ပြည့်စုံသူတွေ စီးပွားရေး သမားတွေမှ ကစားကြတယ်။ တကယ်တော့ေ ဂါက်ရိုက်တတ်လို့ မဟုတ်ဘူး။ ဂေါက်ကွင်းမှာ အရာရှိတွေနဲ့ ခင်မင်ရင်းနှီးမှုရအောင်လာတာပါ။ လာပြီး ရင်းနှီးမှုရရင် ဟိုအလုပ်တောင်း ဒီအလုပ်တောင်း။ အဲဒီအကွက်တွေနဲ့ပေါ့ကွာ။ ဘားမားဂေါက်ကွင်းဆို တာရှိတယ်ကွ။ အဲဒီမှာ ဦးတို့ ဂေါက်ရိုက်နေတုန်းက အခုမင်းတို့သိတဲ့ NLD က ကိုနီကုလား။ တော်တော် မလွယ်တာပါလား။ သူက ရှေ့နေဆိုတော့ စကားပြောကောင်းတယ်။ ဂေါက်ကစားတာလည်း ကြာလာတော့ သူ့ကိုဂေါက်ကွင်းဥက္ကဌအဖြစ် ပေးလိုက်ကြရောဟေ့။

 ကုလားကျင့် ကုလားကြံဘယ်လောက်အထိ ဆိုးသလဲဆိုရင် သူလည်း ဥက္ကဌဖြစ်သွားရော ဂေါက်ကွင်းထဲမှာရှိနေတဲ့ စားသောက်ဆိုင်တွေကို ကုလားတွေကိုငှားပေးတယ်။ ဗမာဆိုင်တောင် မရှိသလောက်ဖြစ်သွားတယ်။ ကြာလာတော့ စစ်ဗိုလ်တွေလည်း ရိပ်မိလာတယ်။ ဘားမားဂေါက်ကွင်းက ကုလားဂေါက်ကွင်း ဖြစ်တော့မယ်။ မဖြစ်ချေဘူး။ ဒီကောင်ကို ဖြုတ်မှ ဖြစ်မယ်ဆိုပြီး ပြန်စီစဉ်ရတယ်။ ဂေါက်ရိုက်အသင်းဝင်တွေထဲမှာလည်း အဲဒီကိုနီကုလား ဥက္ကဌဖြစ်မှ ကုလားတွေ များလာတယ်။ မဖြစ်ချေဘူးဆိုပြီး အစည်းအဝေးလုပ်ခိုင်းပြီး ဥက္ကဌပြန်လည်ရွေးချယ်ပွဲလုပ်ကြတယ်။ ပြန်လည်ရွေးချယ်ပွဲမှာ အများလက်ခံအောင် မဲခွဲဆုံးဖြတ်ကြတယ်။ မဲခွဲရွေးချယ်ပွဲမှာတောင် အဲဒီကုလားက (၄၈)မဲ ရသေးတယ်။ ဦးတို့ဘက်က သီသီကလေး ကပ်နိုင်လိုက်တာ။ အရမ်းကြောက်ဖို့ကောင်းတဲ့ကုလား။” လို့ သုံးသပ်ပြောဆိုပါတယ်။

   တစ်ခါတည်း သင်ခန်းစာ ယူတတ်အောင် ဆက်လက်ပြောဆိုပါတယ်။ ဒီအချိန်မှာ ကုလားတွေ ထိုးဖောက်ဝင်ရောက်လာမှုက အတော်ကို ဆိုးလာပြီ။ ဘယ်နေရာ အခွင့်သာမလဲ စောင့်နေတဲ့ ကုလားရန်က တူရကီဆိုရင် မျိုးပြတ်သွားပြီကွာ။ တူရကီမှာက အရမ်းလွတ်လပ်တဲ့ ခရစ်ယာန်နိုင်ငံ။ အရမ်းလွတ်လပ်မှု ပေးရာကနေ ကုလားတွေက ၀င်လာပြီး တူရကီမိန်းခလေးတွေနဲ့လက်ထပ်ကြတယ်။ အဲဒီကနေ မွေးဖွားလာတာတွေက အခု မွတ်စလင်နိုင်ငံလုံးလုံးဖြစ်သွားပြီ။ ဒါက ကြာပြီနော်။ တို့နိုင်ငံ ပတ်ပတ်လည်က မလေးရှား ၊ အင်ဒိုနီးရှား အာဖဂန် ဆိုတာတွေက ဗုဒ္ဓဘာသာနိုင်ငံတွေ။ ဒီကုလားတွေ ၀ါးမြိုသွားလို့ အမျိုးပြုတ်ကုန်ပြီလေ။ လုပ်ကြကွာ။ ကုလားတွေက ကမ္ဘာပတ်လည်မှာ ပြဿနာရှာနေကြပြီ။ တချို့နိုင်ငံတွေမှာ လျှို့ဝှက်စီမံကိန်းတွေ ချပြီးတော့တောင် လုပ်ဆောင်နေကြတယ်။ တို့နိုင်ငံအတွက်လည်း အနောက်တံခါးကျိုးပေါက်တာနဲ့ မြန်မာပြည် ပြိုမယ့်အရေး။ အားလုံးဝိုင်းကာကွယ်ကြမှ ရလိမ့်မယ်။

Burma Zaw Myint

ပန်းသီးသမားတွေအတွက် Mac ပေါ်မှ Facebook နဲ့ Youtube ဗီဒီယိုများကို ဒေါင်းလုပ်ခ်လုပ်နည်း

Posted by drmyochit Tuesday, February 04, 2014, under | No comments



ပုံမှန် Window operation စနစ်မှဆိုရင်တော့ Internet download manager ရှိရုံနဲ့တင် အဆင်ပြေပေမဲ့ Mac OS ဒါမှမဟုတ် Linux OS တို့လို အခြား operation စနစ်တွေမှာ ဆိုရင်တော့ ထို့ကဲ့သို့ ဗီဒီယိုတွေကို ဒေါင်းလုပ်ခ် လုပ်ဖို့ အဆင်ပြေစေမှာ မဟုတ်ပါဘူး။ ထိုအတွက် ယခုလို ဖေ့ဘုတ်နဲ့ youtube ပေါ်က ဗီဒီယိုတွေကို ဒေါင်းချင်သူများအတွက် ပထမဦးဆုံး မိမိဒေါင်းချင်သော လင့်ကို ကော်ပီလုပ်ပြီး ဖော်ပြပါဝက်ဘ်ဆိုက် လိပ်စာဖြစ်တဲ့ www.downvids.net ကိုသွားပြီး ၀က်ဘ်ဆိုက်ပေါ်က box ထဲမှာ ကော်ပီလုပ်ထားတဲ့ လင့်ကို ထည့်သွင်းပြီး ကိုယ်လိုချင်သော ဗီဒီယိုများကို ရယူနိင်မှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ HD ဗီဒီယိုများအပြင် Format အမျိုးအစားများကို စိတ်ကြိုက်ရွေးနိင်မှာပဲ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Posted by drmyochit Tuesday, February 04, 2014, under | No comments

အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာ ကွယ်နိုင်အောင် ဆောင်ရွက်သင့် တယ်ဆို တာ ရေးပြမှ ဆေးကြော် ညာ မဖြစ်မှာပါ ။။

(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

credit>>လွင်သန္တာစိုး
SearchMyanmar

သမီးလေးမွေးတဲ့ မိန်းမကို မကျေနပ်လို့ နို့တိုက်နေစဉ် သမီးရော အမေကိုပါ မီးရှို့သတ်ခဲ့တဲ့ ရက်စက်တဲ့ ယောင်္ကျား

Posted by drmyochit Tuesday, February 04, 2014, under | No comments

အသင်အောင်

အိန်္ဒိယနိုင်ငံ Jharkhand ပြည်နယ် မှာ အသက်(၂၂)နှစ် အရွယ်ရှိ ဒီဗီ ဟာ ဇနီးဖြစ်သူ သမီးလေး မွေးဖွား တာကို မကျေမနပ် ဖြစ်ပြီး ဇနီးဖြစ် သူနဲ့ ကလေး ကိုပါ မီးရှို့ သတ်ဖြတ် ပစ်ခဲ့ တယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ် မှာ ဖော်ပြ ထား ပါတယ်။ ဒီဗီဟာ ဇနီးဖြစ် သူ ဂန်ဂျန်မာဆက် ကို ယူခဲ့ ရာမှာ တင်တောင်း မှုတွေ ပြုလုပ် ခဲ့ရပါတယ်။ ဒါပေမဲ့ ဇနီး ဖြစ်သူ ဟာ ကလေး မွေးဖွား တဲ့အခါ မိန်းကလေး ကိုသာ မွေးဖွားခဲ့ တာမို့ ဒီဗီ အနေနဲ့ မကျေ မနပ်ဖြစ်ပြီး မီးရှို့မှုပြုလုပ် ခဲ့ခြင်းဖြစ် ပါတယ်။

ဂန်ဂျန်မာဆက် ဟာ ကလေးငယ် ကို နို့တိုက် နေစဉ် အတော အတွင်း ဒီဗီက မီးရှို့ ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို မီးရှို့မှုကြောင့် ဂန်ဂျန် မာဆက်နဲ့ ကလေးငယ် ဟာ (၉၀) ရာခိုင်နှုန်း မီးလောင် ကျွမ်းသွား ခဲ့ပြီး အနီးရှိ ဆေးရုံကို ပို့ဆောင် ကုသမှု ခံယူခဲ့ပေမယ့် နောက်တစ်နေ့ မှာ အသက် ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီဗီရဲ့ အဖေ ဖြစ်သူက သူတို့ မိသားစုဟာ သားယောက်ျား ကိုသာ အလိုရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုလုပ် ရပ်အတွက် သားဖြစ်သူမှာ အပြစ် မရှိကြောင်း၊ ဂန်ဂျန်မာဆက် ကို လက်ထပ်တဲ့ အခါမှာ အိမ်၊ ခြံမြေနဲ့ မော်တော် ဆိုင် ကယ် တို့ကို တင် တောင်းမှုပြုလုပ် ခဲ့ရကြောင်း ပြောကြားသွား ခဲ့ပါတယ်။ ဒီအဖြစ် အပျက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ (၃၀)မှာ ဖြစ် ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဗီဟာ ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူမှု ခံထား ရပြီ ဖြစ်ပါတယ်။

အိန်္ဒိယ နိုင်ငံက တာဝန်ရှိ ရဲတပ်ဖွဲ့ ၀င်တွေက ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး ဥပဒေ အတိုင်း ဆောင်ရွက် သွား မယ် လို့ ဖွင့်ဟ ပြောကြား ခဲ့ပါတယ်။ အိန်္ဒိယ နိုင်ငံမှာ အမျိုးသမီးတွေ ဟာ မတရား ဖိနှိပ်မှု တွေကို ခံနေရ ဆဲဖြစ်ပြီး တင်တောင်းမှုနဲ့ ပတ်သက် ဆက်စပ်ကာ ၂၀၁၂ အတွင်းမှာ အမျိုးသမီး (၈၀၀၀)ကျော် သတ်ဖြတ်ခြင်း ခံခဲ့ရတယ် လို့ သိရပါတယ်။

By The Messenger

မြန်မာဆန်ဆန် မင်းသမီး ချောလေး ယုသန္တာတင် ပြောတဲ့ အွန်လိုင်းပေါ်က အတွင်းခံ ဘောင်းဘီနဲ့ ဓာတ်ပုံ

Posted by drmyochit Tuesday, February 04, 2014, under | 2 comments


သရုပ်ဆောင် ယုသန္တာတင်သည် အနုပညာ လောကသို့ မော်ဒယ်တစ်ဦးအဖြစ် စတင်ဝင်ရောက်လာပြီး အမျိုးသားသရုပ်ဆောင်များဖြင့် ဖွဲ့စည်းထားသော အနုပညာပျိုးခင်းက ရွေးချယ်မြေတောင်မြှောက်ပေး လိုက်သည့် သုံးဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ပရိသတ်အများစုက ၎င်း၏ မြန်မာဆန်စွာဝတ်စား ဆင်ယင်မှုကို နှစ်သက်အားပေးသည်။ လတ်တလောအွန်လိုင်းတွင်ပျံနှံ့နေသော အတွင်းခံဖြင့်ရိုက်ကူး ထားသည့် ဓာတ်ပုံကြောင့် ပရိသတ်များအကြား ငြင်းခုံသံသယဖြစ်စေခဲ့မှုကို ၎င်း၏အမာခံပရိသတ်များက ဖြေရှင်းပေးခဲ့ရသည့်အကြောင်းနှင့် လတ်တလောအနုပညာလှုပ်ရှားမှုများ၊ အကြိုက်တွေ့နေသည်များနှင့် ဖက်ရှင်အကြောင်းများကို တွေ့ဆုံမေးမြန်းထားပါသည်။



မေး- လတ်တလော အနုပညာလှုပ်ရှားမှု ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ- အခုရက်ထဲမှာတော့ တီဗီကြော်ငြာအသစ်လေးတွေရိုက်ဖြစ်တယ်။ တီဗီကြော်ငြာတွေပဲ ဆက်တိုက် ရိုက်သွားဖို့ရှိတယ်။ ကားရိုက်ကတော့ ဇန်န၀ါရီ ၂၀ ကျော်မှာ အန်ကယ်လေး(လူမင်း)နဲ့ ကားရိုက်ပြန် စမယ်။

မေး- ဆံပင်ပုံစံပြောင်းလေ့မရှိဘဲ အမြဲဆံပင်အရှည်နဲ့ပဲတွေ့နေရာကနေ ဆံပင်အတိုကုပ်ဝဲလေးညှပ် လိုက်တာ ဘာဖြစ်လို့လဲ။

ဖြေ- ဆံပင်က အပြောင်းအလဲလေးဖြစ်သွားအောင်လို့ပါ။ ဒီအလုပ်စလုပ်တည်းက ဆံပင်အရှည်နဲ့ဆိုတော့ ပရိသတ်လည်း အမြင်တမျိုးလေးပြောင်းသွားအောင်လို့ဆိုပြီးတော့ အတိုလေးညှပ်လိုက်တာပါ။ တချို့ကျ တော့လည်း ညှပ်လိုက်တဲ့အချိန်မှာ နှမြောကြတယ်။ အရှည်တော့ပြန်ထားဖြစ်မှာပါ။

မေး- အနုပညာပျိုးခင်းနဲ့ စာချုပ်ပြည့်သွားပြီဆိုတော့ ပျိုးခင်းက အစ်ကိုတွေနဲ့ ရှေ့ဆက်ပြီးလက်တွဲ သွားဖို့ရှိလား။

ဖြေ- စာချုပ်ပြည့်သွားပေမယ့်လည်း သူတို့နဲ့ပဲဆက်ပြီးရိုက်ဖြစ်တယ်။ တခြားလူတွေနဲ့လည်းရိုက်တယ်။ အနုပညာ ပျိုးခင်းကတော့ အနုပညာပျိုးခင်းပဲပေါ့။ စာချုပ်ပြည့်သွားပေမယ့် ကားတွေဆက်ရိုက်ဖြစ်တယ်။ အရင်ပုံစံပါပဲ။ စာချုပ်ပြီးသွားတာနဲ့ မပြီးသွားတာဘဲကွာတယ်။

မေး- အရင်ကဆို ကိုယ်ရိုက်မယ့်ဇာတ်လမ်းကို ပျိုးခင်းကအစ်ကိုတွေက ရွေးပေးတာဆိုတော့ အခုရော ဘယ်လိုရွေးဖြစ်လဲ။

ဖြေ- အခုဆိုကားနည်းနည်းရိုက်လာရပြီဆိုတော့ ကိုယ်နဲ့လိုက်မယ့် ဇာတ်မျိုးလေး၊ အဆင်ပြေမယ့်ဇာတ်မျိုး လေးတွေရွေးပြီး ရိုက်တတ်လာတယ်။

မေး- အခုဆို ပရိသတ်အခိုင်အမာရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ယုအနေနဲ့ ကိုယ့်ရဲ့အနုပညာလုပ်ဆောင်ချက်တွေအပေါ် ကျေနပ်အားရမှုရှိလား။

ဖြေ- အားရကျေနပ်မှုဆိုတာထက် ယုကို နေရာတစ်ခုရအောင် အားပေးတဲ့ ပရိသတ်တွေရှိတာ အရမ်းဝမ်းသာပါတယ်။ သူတို့တွေ သတ်မှတ်တဲ့နေရာတစ်ခုမှာပဲ နေခွင့်ရတာလေ။

မေး- အခုနောက်ပိုင်း ဇာတ်ကားရိုက်တာထက် တီဗီကြော်ငြာတို့၊ ဗီစီဒီတို့ ပိုရိုက်ဖြစ်နေတယ်နော်။

ဖြေ- ဇာတ်ကားကတော့ အနည်းဆုံးတစ်လကို တစ်ကားနှစ်ကားလောက်တော့ ပုံမှန်ရိုက်ဖြစ်တယ်။ ကြော်ငြာကျတော့ ယုတို့စလာတည်းက ကြော်ငြာလိုင်းကလာတာဆိုတော့ တီဗီကြော်ငြာတွေက များသော အားဖြင့် ရိုက်ဖြစ်တယ်။ ကားရိုက်တာကျတော့ ဇာတ်ရုပ်တွေကို ကိုယ့်ပရိသတ်တွေကိုပြခွင့်ရှိတယ်။ တီဗီကြော်ငြာကတော့ ကိုယ့်ရဲ့ဖက်ရှင်လေးတွေနဲ့ ကုမ္ပဏီတွေက ထုတ်ကုန်တွေကို ကြော်ငြာပေးရတာ မျိုးပါ။

မေး- ၂၀၁၄ခုနှစ်ထဲမှာ ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်သွားအောင် ဘယ်လိုအစီအစဉ်တွေရှိလဲ။

ဖြေ- ၂၀၁၄ ခုနှစ်ထဲမှာ ပရိသတ်တွေအတွက် ထူးထူးခြားခြားအနေနဲ့ တီဗီကြော်ငြာအသစ်လေးတွေမှာ ဖက်ရှင်ပုံစံအသစ်လေးတွေ ပြောင်းသွားဖို့ရှိတယ်။ ဇာတ်လမ်းဆိုလည်း ဇာတ်အိမ်ဆန်းဆန်းလေးတွေ ရိုက်ပြဖို့ရှိတယ်။ ပရိသတ်အတွက် အရသာတစ်ခုခုကျန်မယ့်ဟာမျိုး၊ ကြည့်လို့ကောင်းမယ့် ဇာတ်မျိုးတွေ ရိုက်ပြချင်ပါတယ်။

မေး- တရုတ်ပြည်မှာ ကွန်ဒိုအဆောက်အအုံကြော်ငြာကို ဟောင်ကောင်မင်းသားနဲ့ရိုက်ခဲ့ရတော့ ပြည်ပ အနုပညာရှင်နဲ့ အလုပ်တွဲလုပ်ရတာ ဘယ်လိုအတွေ့အကြုံတွေရခဲ့လဲ။

ဖြေ- ကြော်ငြာကုမ္ပဏီက ဒီကပဲ ဟောင်ကောင်က ဒါရိုက်တာတွေက မြန်မာပြည်ရောက်တုန်းက ပုံတွေရွေး ရင်းနဲ့ ယုကို သဘောကျတယ်ဆိုပြီး ရိုက်ဖြစ်သွားတာ။ သူတို့နဲ့ ရိုက်တာသိပ်မကြာဘူး။ သူတို့က အစောကြီး ကတည်းက ကြိုတင်ပြင်ဆင်ပြီးသား။ ကြောငြာရိုက်မယ်ဆို ပထမတစ်ရက်အချိန်ပေးပြီး မိတ်ကပ်၊ ဆံပင်၊ အ၀တ်အစားအတွက်ကို ကြိုပြီးပြင်ဆင်ပေးတယ်။ နောက်နေ့ကျရိုက်တယ်။ သူတို့နဲ့တွေ့တာ အချိန်ပိုင်းပဲ ဆိုတော့ အလုပ်လုပ်တဲ့အချိန်မှာ ကိုယ့်ကြောင့် သူတို့နှောင့်နှေးမှာစိုးတော့ အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ်။

မေး- အခုရက်ပိုင်းမှာ အတွင်းခံနဲ့ရိုက်ထားတဲ့ပုံတစ်ပုံက အွန်လိုင်းပေါ်တက်လာပြီး ယုလို့ ပြောတဲ့သူတွေ ရှိနေတယ်။ အဲဒီအကြောင်းကို ရှင်းပြပေးပါဦး။

ဖြေ- ယုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အကျယ်ချဲ့ပြီးမပြောချင်ပါဘူး။ ကိုယ်မဟုတ်တဲ့အကြောင်းပြောပြီး တာကို ထပ်ခါထပ်ခါလည်း မရှင်းပြချင်ဘူး။ ယုနဲ့ ရင်းနှီးတဲ့သူတွေ၊ ပတ်သက်နေတဲ့ သူငယ်ချင်းအသိုင်း အ၀ိုင်းကသူတွေ အကုန်လုံးကလည်း မဟုတ်ဘူးဆိုတာသိတယ်။ မူလပိုင်ရှင်မိန်းကလေးပုံကိုလည်း ပြပြီးပြီ။ ဒီလိုဖြစ်လာတဲ့အခါ ယုမှာအားတက်ခဲ့တာက ယုကိုအားပေးတဲ့ ပရိသတ်အစစ်အမှန်ပေါ်လာတယ်။ ကိုယ်က ကာယကံရှင်ဖြစ်တဲ့အတွက် မဟုတ်ဘူးဆိုတာသိတယ်။ ကိုယ်က ဘာသက်သေမှမရှိဘဲနဲ့ မဟုတ် ပါဘူးလို့ သူများကိုပြောရင် ယုံချင်မှယုံမှာ။ အဲဒီအချိန်မှာ ယုရဲ့ဖေ့စ်ဘွတ်ခ်ထဲမှာရှိတဲ့ ဖန်တွေအကုန်လုံးက အဲဒီပုံရဲ့မူရင်းလင့်ခ်ကို တကူးတက ဘယ်ကသွားရှာလဲမသိဘူး။ ပရိသတ်အများကြီးက မက်ဆေ့ခ်ျပို့ပြီး အဲဒီလင့်ခ်အမှန်ကိုဝင်ကြည့်ပြီး စစ်ကြည့်လိုက်လို့ရေးလာတယ်။ ယု ဘာမှရှင်းစရာမလိုလိုက်ပါဘူး။ ယုရဲ့ဖန်တွေက သူတို့ဘာသာရှင်းသွားတယ်။ အဲအချိန်မှာ ကိုယ့်ကိုပေါ်ပင်မို့ အားပေးတဲ့ပရိသတ်လား။ တကယ်အားပေးတဲ့ ပရိသတ်လားဆိုတာ သိခွင့်ရတယ်။ အဲဒီအတွက် အရမ်းပျော်တယ်။

မေး- ယုရဲ့ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လို့ ပရိသတ်အများစုကလည်း ကောင်းတဲ့မှတ်ချက်ပြုကြတယ်။ အ၀တ်အစားဆင်ယင်မှုနဲ့ အနေအထိုင်ကို ဘယ်လိုထိန်းသိမ်းမလဲ။

ဖြေ- ပရိသတ်တွေအမှတ်ပေးထားတဲ့အတိုင်းပဲ ယုကို မြန်မာဝတ်စုံနဲ့သဘောကျတဲ့အချိန်မှာ အ၀တ် အအစား ၀တ်တာ နည်းနည်းဆင်ခြင်ဖြစ်တယ်။ ယုတို့ အနုပညာရှင်တွေက ပရိသတ်ပေးတဲ့ နေရာပဲရတာ ဆိုတော့ သဘောမကျဘူးဆိုရင် ဒီလိုရပ်တည်လို့မရဘူးလေ။ ယုက များသောအားဖြင့် ရိုးရိုးယဉ်ယဉ် လေးတွေကို ပိုကြိုက်တာများတယ်။ ၂၀၁၄ မှာကျတော့ တစ်မျိုးတည်းသွားရင် ရိုးသွားမှာစိုးလို့ နည်းနည်း ပုံစံကွဲထွက်တဲ့ဖက်ရှင် ဒီဇိုင်းလေးတွေ ပြောင်းသွားဖို့ရှိတယ်။

မေး- ရိုက်ကူးပြီးတဲ့ ရုပ်ရှင်ကားတွေထဲမှာ ပရိသတ်ရင်ထဲမှာ မှတ်ကျောက်တင်စေမယ့် ဇာတ်ကားမျိုးရှိပါ သလား။

ဖြေ- ဗီဒီယိုတွေကတော့ တောက်လျှောက်ရိုက်ထားတယ်။ ရုပ်ရှင်ကားကြီးကတော့ ရှိတယ်။ ရုံမတင်သေး ဘူး။ သရုပ်ဆောင်အသစ်ဖြစ်တဲ့အတွက် ပရိသတ်ပိုပြီးလက်ခံနိုင်မယ့် ဇာတ်ရုပ်ကို ပိုပြီးရိုက်ဖြစ်တယ်။ ဥပမာ ကားတွေအများကြီး ရိုက်တယ်ဆိုတာထက် တစ်ကားဆိုဆိုသလောက် ပရိသတ်လက်ခံနိုင်မယ့် ကားမျိုး၊ အသစ်တစ်ယောက်ဖြစ်တဲ့အတွက် လိုအပ်ချက်ရှိမှာပဲ။ အဲဒီလိုအပ်ချက်ကို ဖြည့်ပြီးကြည့်ပေး နိုင်မယ့် ကားမျိုးပေါ့။

မေး- ဖေ့စ်ဘွတ်ခ်က ယုနဲ့ပရိသတ်ကြားမှာ ဘယ်လောက်အတိုင်းအတာအထိ ချိတ်ဆက်ပေးတယ်လို့ထင်လဲ။

ဖြေ- အခုဆို အရမ်းအရေးကြီးပါတယ်။ ယု ဘာပဲတင်တင် အားလုံးရဲ့ Commet တွေ ဖတ်လို့ရတယ်။ အခုပြဿနာဖြစ်လာတော့ အမှန်တကယ်ဆိုရင် သူတို့အားပေးတဲ့ အနုပညာရှင်ဖြစ်တယ်ဆိုပေမယ့် သွေး မတော်၊ သားမစပ်တဲ့သူတစ်ယောက်ကို ဘာမှကူညီပေးစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ ပရိသတ် တစ်ယောက် တည်းမဟုတ်ဘူး။ ဖန်တော်တော်များများက အဲဒီလင့်ခ်ကိုသွားရှာပြီး ယုကိုပို့ပေးကြတယ်။ အဲဒီအတွက် အကုန်လုံးကို ကျေးဇူးတင်တယ်။

မေး- ဖေ့စ်ဘွတ်ခ်ကို အချိန်ဘယ်လောက်ပေးပြီးသုံးဖြစ်လဲ။

ဖြေ- သုံးဖြစ်တယ်။ အားတဲ့အချိန် တော်တော်များများကြည့်ဖြစ်တယ်။ ဖေ့စ်ဘွတ်ခ်ကတက်လာတဲ့ သတင်း လေးတွေကြည့်ဖြစ်တယ်။ နောက်ပြီးတော့ မိတ်ကပ်၊ ဖက်ရှင် ဒီဇိုင်းလေးတွေကြည့်ဖြစ်တယ်။

မေး- ပရိသတ်ကို ဒီကနေ ဘာများပြောချင်ပါသလဲ။

ဖြေ- အခုထိ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအကုန်လုံးကို ပြောချင်တာက အရင်ကထက်စာရင် ပိုပြီးကြိုး စားနေပါတယ်။ အရင်ကထက် ပိုပြီးချစ်ခင်အားပေးပါဦးလို့။

ကျေးဇူးတင်ပါတယ်။

သတင်းများအား offline စနစ်ဖြင့် ဖတ်ရှု့နိုင်

Posted by drmyochit Tuesday, February 04, 2014, under | No comments







Facebook ပေါ်မှ နာမည်ကြီး သတင်း page များ၊ နည်းပညာသတင်းများ၊ ကျန်းမာရေးသတင်းများ နှင့် ဘာသာရေး စာမျက်နှာများအား နာရီဝက်ခန့် အင်တာနက်အသုံးပြုယုံဖြင့် uptodate သတင်းများအား offline စနစ်ဖြင့် ဖတ်ရှု့နိုင်ရန်အတွက် Burmese News Center 1.0 အား အများပြည်သူများ အဆင်ပြေပြေ အသုံးပြုနိုင်ရန် အတွက် ဖြန့်ချီပေးလိုက် ပါပြီ….

Download Here !

Download Here !

အခွန်ရှောင်ခြင်းကြောင့်မြန်မာ့ကျောက်စိမ်းများ မှောင်ခိုဈေးကွက်မှအများဆုံးထွက်ရှိနေ

Posted by drmyochit Tuesday, February 04, 2014, under | No comments

ရန်ကုန်၊ ဇန်နဝါရီ ၄။

မြန်မာ့နိုင်ငံမှထွက်ရှိသော ကျောက်စိမ်းများနှင့် ကျောက်မျက် ရတနာအများစုမှာ အခွန်ပေးဆောင် ရန်ရှောင် ရှားသည့် အနေဖြင့် တရားဝင် လမ်းကြောင်း ထက် မှောင်ခိုဈေးကွက်များမှတဆင့် ပြည်ပ သို့သွားရောက်နေကြောင်း သိရသည်။

မြန်မာ့နိုင်ငံမှ ထွက်ရှိသည့် ကျောက်မျက်ရတနာများကို အမျိုးအစားလိုက် ရောင်းချ၍ရရှိသော တန်ဖိုးမှ ၃၀ ရာခိုင်နှုန်းအား အခွန်ငွေအဖြစ် ပေးဆောင်ရကြောင်း၊ ယင်းသို့ပေးဆောင်ရသည့် ရာခိုင်နှုန်းမှာ များသည့် အတွက် မှောင်ခိုလမ်းကြောင်း များမှတဆင့် ပြည်ပသို့ ရောက်ရှိခြင်း ဖြစ်နိုင်ကြောင်း ကျောက်မျက်ကုန် သည်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ပွင့်လင်းမြင်သာသည့်ခေတ်ကို ရောက်လာချိန်တွင် တရားဝင်လမ်းကြောင်းများမှ ပြည်ပသို့ တင်ပို့နိုင်စေရန် လုပ်ဆောင်ရန် လိုနေပြီဖြစ်ကြောင်း၊ သို့မှသာ ကုန်သည်များနှင့် ဘဏ္ဍာအခွန်အကြာင်း နှစ်ဦးနှစ်ဖက် အကျိုးတစ်စုံတစ်ရာရစေရန် ဖန်တီးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင် အသင်းမှ ဗဟို အလုပ်အမှုဆောင် ဦးသောင်းထွန်းက ပြောကြားသည်။

“အခုပေးဆောင်ရတဲ့အခွန်က ဟိုအရင်တည်းက သတ်မှတ်ထားတဲ့ အခွန်နှုးထားပါ၊ ဒါကိုများဆိုရင် ပြန်ပြင်ပေးနိုင်အောင် အသင်းအနေနဲ့ လုပ်ဆောင်နေပါတယ်၊ ရန်ကုန်မှာ ကျတော့ one stop service ရှိတယ်ဆိုပေမယ့် ဒီဘက်က လေကြောင်းနဲ့ သွားတဲ့ တစ်လိုင်းပဲရှိတာ၊ ကုန်းလမ်းနဲ့ကျတော့ လမ်းကြောင်းက ပိုမာတယ်၊ ပြီးတော့မှောင်ခိုလဲ ထုတ်သွားတဲ့ အပိုင်းကပိုများတယ်၊ အခွန်းများလို့ ရှောင်တယ်လို့ ပြောလို့ရတယ်၊ မှောင်ခိုလမ်းက မသွားစေချင်ရင်တော့ အခွန်နှုန်းကို ပြန်သုံးသပ်ပေးရမယ်၊ အခွန်လဲမများဘူး ခွင့်ပြုသင့်ဟာတွေ ဥပမာ- A တို့ B တို့လို အသားလွှာကျောက်တွေကို ခွင့်ပြုမယ်ဆိုရင် မှောင်ခိုလမ်းတွေ သိပ်မရှိနိုင်တော့ဘူး၊ နိုင်ငံတော်တွက်လဲ အခွန်တွေ တိုးတက်လာမယ်”ဟု ၎င်းက ဆိုသည်။

ကျောက်မျက်အခွန်နှင့် ပတ်သတ်၍ ယခုနှစ်အတွင်းပြင်ဆင် သတ်မှတ်ပေးရန် ကျောက်မျက်အသင်းက ဦးဆောင်ကာ ဝန်ကြီးဌာနသို့ တင်ပြပေးရန် စီစဉ်ထားထားကြောင်း၊ လက်ရှိတွင်  ကျောက်မျက်အသင်းနှင့် ကုန်သည်များကြား ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ကုန်သည်နှင့် ဘဏ္ဍာအခွန်တို့ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ရကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

ကိုထိုက်

NLD ပါတီ၏ သိန်းနှစ်ထောင်အလှူငွေကိစ္စ ပါတီတွင်း စကားအခြေအတင် ဖြစ်

Posted by drmyochit Tuesday, February 04, 2014, under | 1 comment

Tuesday, February 4, 2014

NLD ပါတီ၏ အလှူငွေ သုံးစွဲမှု စာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်ပေးခြင်း မရှိ၍ ပါတီတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဘင်္ဂါလီများအား သိန်းနှစ်ထောင် လှူဒါန်းခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ တစ်ပြားတစ်ချပ်မှ လှူဒါန်းမှု မရှိခဲ့ခြင်းအပေါ် ပါတီဝင်များအတွင်း မကျေမလည် ဖြစ်ကာ အပြင်းအထန် အငြင်းပွားသည့်အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ သိချင်တာကာ ဒီသိန်းနှစ်ထောင် ဘယ်ကလာတဲ့ ပိုက်ဆံလဲ။ ပါတီရန်ပုံငွေလား။ အလှူရှင်တွေ လှူဒါန်းတာကို NLD က ကြားက၀င်ပြီး နာမည် ခံပေးထားတာလား။ အရင်ကလဲ ထူးကုမ္ပဏီက လှူတာကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှူပေးခဲ့ဘူးတယ်။ အခုလဲ OIC က ပေးတာ ဆိုရင်လဲ OIC နာမည်နဲ့ပဲ ပေးဖို့၊ NLD ပိုင်တဲ့ ပိုက်ဆံ မဟုတ်ရင် NLD ပါဝင်ပတ်သက်ခြင်း မပြုဖို့ ရှင်းရှင်းလင်းလင်း သိချင်တာပါ" ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

သို့သော်လည်း ယင်းတို့၏ တောင်းဆိုချက်ကို NLD CEC များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဥပဒေပညာရှင် ဘင်္ဂါလီလူမျိုး ဦးကိုနီတို့က ပယ်ချခဲ့ကြပြီး အသေးစိတ် ရှင်းလင်းစရာ မလိုဟု ယတိပြတ် ပြောကြားခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်မှာ ပြင်းထန်လွန်း၍ ပါတီဥက္ကဌ၏ သဘောထားကို ပြောကြားနေခြင်းလော ဟု ဆန်းစစ်လျက် ရှိကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်