Friday, February 28, 2014

ချင်းမျိုးနွယ်စုကနေ ပယ်ဖျက်ပေးရန် နာဂလူမျိုးများ တောင်းဆို

Posted by drmyochit Friday, February 28, 2014, under | No comments


နာဂလူမျိုးဟာ သီးခြားလူမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ သီးခြားမျိုးနွယ် အဖြစ်သတ်မှတ် ထုတ်ပြန်ပေး ဖို့နဲ့ ၂၀၁၄ သန်းခေါင်စာရင်းမှာ နာဂလူမျိုးကို ချင်မျိုးနွယ်စုထဲ ထည့်သွင်း ထားတာကနေ ပယ်ဖျက်ပေးဖို့ နာဂ လူမျိုးတွေ က တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ သမိုင်းအစဉ်အဆက်အရ နာဂ လူမျိုးဟာ သူ့ရဲ့ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေနဲ့ ရှိလာ ခဲ့တဲ့ လူမျိုးဖြစ်တဲ့ အားလျော်စွာ ကျနော်တို့က သန်းခေါင်စာရင်းကောက်ခံမှုမှာ အစိုးရက အသုံးပြုမယ့် ကုတ်စနစ်ကို ပြန်ကြည့်တဲ့အခါမှာ သူက ချင်းမျိုးနွယ်စုအောက်မှာ ထည့်သွင်း ကောက်ခံသွားမှာ ကျနော် မြင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ နာဂ လူမျိုးဟာ သီးခြားမျိုးနွယ်စု ဖြစ်တဲ့ အားလျော်စွာ သီးခြား မျိုးနွယ်စု အနေနဲ့ အစိုးရက ထုတ်ပြန်ပေးဖို့ရယ်။ နောက်တချက်က ကုတ်စနစ်ကို အခြေခံပြီး ကောက်ခံမယ့် သန်းခေါင်စာရင်းထဲမှာ နာဂကို စာရင်းထဲမှာ ထည့်သွင်းကောက်ခံမယ့် အရာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေခြင်း ဖြစ်တယ်။”

နာဂလူမျိုးဟာ သီခြားလူမျိုးတမျိုးဖြစ်ပြီး မျိုးနွယ်စုကြီး ၇ မျိုးနဲ့ မျိုးနွယ်စုငယ် ၁၀၀ ကျော်ရှိတယ်လို့ လည်း သူက ပြောပါတယ်။

ဒီမျိုးနွယ်စုတွေကို လာမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းထားခြင်းမရှိဘဲ နာဂမျိုးနွယ်စုထဲက တန်ကွန်နဲ့ သူ့ရဲ့ အောက်မှာရှိတဲ့ မရိင်နဲ့ အနန်တဲ့ မျိုးနွယ်စုတွေကို ချင်းလူမျိုးအောက်မှာ သီးခြားကုတ် နံပါတ်နဲ့ ဖော်ပြခံထားရတယ်လို့ ဦးနော်အောင်ဆန်းက ပြောပါတယ်။

“နာဂမှာ မျိုးနွယ်စုအငယ် ၁၀၀ ကျော်ရှိပါတယ်။ သို့သော်လည်းပဲ အဓိက အုပ်စုကြီးအနေနဲ့ ၇ မျိုးရှိပါတယ်။ အခု ဒီ ၇ မျိုးက လက်ရှိ ကောက်ခံမယ့် စာရင်းထဲမှာ မပါဝင်ပါဘူး။ အဲဒီမှာ နာဂ မျိုးနွယ်စုကြီးဖြစ်တဲ့ တန်ကွန် လို့ခေါ်တဲ့ မျိုးနွယ်စုကိုတော့ ထည့်သွားထားတာ တွေ့ရတယ်။ တန်ကွန်ရဲ့ အောက်မှာ ရှိတဲ့ မလင်နဲ့ အနန် ဆိုတဲ့ မျိုးနွယ်စုတွေကို နာဂ ရဲ့ မျိုးနွယ်စုက ခွဲထွက်ပြီးတော့ သီးသန့် ကုဒ်နံပတ်တွေ ပြန်ဖော်ပြထားတယ်။ ဒီလို ဖော်ပြတဲ့အခါမှာ အပိုင်း ၂ ပိုင်း ရှိတယ်။ နံပတ် ၁ က နာဂ ကို ချင်းထဲမှာ ထည့်ထားတဲ့အပြင် နာဂ အောက်ထဲမှာ ရှိတဲ့ မျိုးနွယ်စုတွေကိုပါ ထပ်ပြီးတော့ ချင်းမျိုးနွယ်စုထဲမှာ ပြန်ပြီး ထည့်သွင်းဖော်ပြခြင်းကို ခံထားရပါတယ်။ ဘယ်လိုမျိုးတောင်းဆိုချင်လဲဆိုတော့ သန်းခေါင်စာရင်းကောက်ယူပြီးတဲ့ နောက်ပိုင်းမှာ ကုဒ်စနစ်ကို အခြေမခံပဲနဲ့ နာဂဟာ သီးခြားလူမျိုးဖြစ်တယ်ဆိုတာ နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ သီးခြားမျိုးနွယ်အနေနဲ့ ဖော်ပြပေးဖို့ ဖြစ်ပါတယ်။”

နာဂလူမျိုးဟာ ချင်းမျိုးနွယ်စုမဟုတ်ဘူးလို့ ပြောဆိုတဲ့အပေါ် ချင်းလူမျိုးရဲ့သဘောထားကို မေးမြန်းရာမှာတော့ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီရဲ့ ညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်က အခုလို ဖြေပါတယ်။

“ပထ၀ီအနေအထားရသော်လည်းကောင်း၊ ကျနော်တို့ရဲ့ ကိုးကွယ် ယုံကြည်မှုအရသော် လည်းကောင်း၊ နောက်ပြီးတော့ ကျနော်တို့ရဲ့ နေပုံထိုင်ပုံ ယဉ်ကျေးမှု နောက်ခံ အရသော် လည်းကောင်း တော်တော်လေးနီးစပ်တဲ့အခါကျတော့ တချို့က ချင်းနဲ့ နာဂ အတူတူပဲလို့ ထင်ကြတာတွေ ရှိတယ်။ အရင်တုန်းက တောက်လျှောက် ချင်းနဲ့ နာဂ ပေါင်းထားတဲ့ အတွက်ကြောင့်မို့လို့ ချင်းနဲ့ နာဂ က တူတယ်လို့ ထင်မြင်ယူဆတဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့ ယနေ့ ခေါင်းဆောင်ပိုင်းအနေနဲ့ကတော့ နာဂသည် နာဂပဲ ချင်းက ချင်းပဲလို့ အဲဒီလို လက်ခံထားပါတယ်။ အဲဒီလို လက်ခံထားတဲ့အတွက်ကြောင့်မို့လို့လည်း နိုင်ငံတော် သမ္မတကြီးဆီကို သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့စာထဲမှာလည်း နာဂဟာ ချင်းမျိုးနွယ်စု မဟုတ်ဘူးဆိုတာကို ဖော်ပြထားပြီးသား ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို ပြင်ဆင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူအပြီးမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစိုးရ ဗဟိုသန်းခေါင်စာရင်းကော်မတီနဲ့ တိုင်းရင်း သားတွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေး သဘောတူညီမှု ရခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ထုတ်ပြန်တဲ့ ဗဟိုသန်းခေါင်စာရင်း ကော်မတီရဲ့ကြေညာ ချက်မှာတော့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်ဟာ အမှန်လို့ တရားသေ ဆုပ်ကိုင် ထားခြင်း မဟုတ်ဘဲ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းစဉ် အပြီးမှာ တိုင်းရင်းသားတွေရဲ့ အကြံပြုချက်တွေကိုယူပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

DVB Burmese

နွေရာသီအတွက် အရောင်လွင်တာလေးတွေ ရွေးဝတ်မယ်လို့ ပြောလိုက်တဲ့ ဆုမြတ်နိုးဦး

Posted by drmyochit Friday, February 28, 2014, under | No comments

   
မတ်လကိုရောက်တော့မယ်ဆိုရင်ပဲ နွေရဲ့အပူကို မသိမသာ ခံစားလာကြရပြီလေ။ အပူဒဏ်ကို ကြံ့ကြံ့ခံပြီး မီးထိုးမှန်ထိုးတွေကြား ကိုယ်ချစ်တဲ့အနုပညာကို ပုံဖော်ကြရတဲ့ အနုပညာရှင်တွေထဲက ခုနောက်ပိုင်းအနုပညာခြေလှမ်းစိပ်လာတဲ့ ဆုမြတ်နိုးဦးကို ဒီနှစ်နွေရာသီမှာ သူမဘယ်မှာရှိမယ်၊ သူမရဲ့ဖက်ရှင်နဲ့ အသားအရေထိန်းသိမ်းမှုပုံစံအကြောင်းတွေ မေးကြည့်လိုက်တဲ့အခါ ‘ဒီနှစ်နွေရာသီမှာတော့ မြတ်နိုး လာမဲ့၁၀ရက်နေ့မှာ အင်းလေးကို တစ်ရက်သွားရိုက်ရမယ်။ သွားလည်တဲ့အခန်းပေါ့။ အဲဒီအခန်းရိုက်ပြီးလို့အလုပ်မရှိဘူးဆိုရင် ဟိုမှာနဲနဲလည်ပတ်ပြီးမှ ပြန်လာဖြစ်မှာပါ။ နွေရာသီဖက်ရှင်ကတော့ အရင်တိုင်းပါပဲ။ တီရှပ်နဲ့ဂျင်းဘောင်းဘီပေါ့။ မြတ်နိုးက သိပ်အရောင်မရွေးဘူး။ အစိမ်းရောင်တို့အဖြူရောင်တို့အနက်ရောင်တို့ပေါ့။ ဒါပေမယ့် အနက်ကကျတော့ နွေရာသီမှာဝတ်လို့သိပ်မသင့်တော်ဘူးပေါ့။ အရောင်လွင်တဲ့ဟာလေးတွေတော့ ရွေးဝတ်ဖြစ်မယ်ထင်ပါတယ်။ အပြင်သွားရင်တော့ မပါမဖြစ်ပါတဲ့ပစ္စည်းဆိုရင် ဖုန်း၊ ဦးထုပ်၊ထီးတို့ဆောင်ဖြစ်ပါတယ်။ အလှအပအတွက်က သီးသန့်ကြီး မလုပ်ဖြစ်ဘူး။  spa တွေဘာတွေလည်း သိပ်မသွားဖြစ်ဘူး။ ကျန်တာကတော့လိုးရှင်းပုံမှန်လိမ်းတာလောက်ပါပဲ’လို့ သူမက ပြောပြခဲ့ပါတယ်။

From: Trend Myanmar

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ

Posted by drmyochit Friday, February 28, 2014, under | No comments

 
စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့ အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။ ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်းတစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: Mirror
Trend Myanmar

ရေထဲကျသော ဖုန်းကို ပြန်ကယ်ဖို့

Posted by drmyochit Friday, February 28, 2014, under | No comments


ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါတယ်။

ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့် ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ် လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့  ရေစိုဖုန်းများ မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ် ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊ ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာ ဖြစ်ပါတယ်။

အောင်ခမ်း (www.smart.com.mm)

Ref;Smart Pro Journal

ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုဖြင့် ရော့ခ်အဆိုတော် လမ်ဘီဆစ် ထောင်ကိုးနှစ်ကျ

Posted by drmyochit Friday, February 28, 2014, under | No comments


လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆

နာမည်ကျော် ရော့ခ်တေးဂီတအဖွဲ့ As I Lay Dying ရဲ့အဆိုတော် တင်မ်လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမား ငှားရမ်းပြီး ဇနီးဖြစ်သူကို သတ်ရန်ကြံစည်မှုနဲ့ ထောင်ဒဏ်ကိုးနှစ် ချမှတ်ခံလိုက်ရတယ်လို့ contactmusic.com မှာ ဖော်ပြထားပါတယ်။

လမ်ဘီဆစ်ဟာ အစောပိုင်းတုန်းက အစိုးရရှေ့နေရဲ့ စွဲဆိုချက်တွေကို ငြင်းဆန် ခဲ့သေးပေမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကာ ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ အသနားခံခဲ့ပြီးတဲ့ နောက်မှာတော့ တရားရုံးကသူ့ကို ထောင်ဒဏ်ကိုးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

လမ်ဘီဆစ်ဟာ ကြေးစား လူသတ်သမားဟန် အသွင်ယူထားတဲ့ ရဲဝန်ထမ်းတစ်ဦးကို သူ့မိန်းမကို သတ်ပေးဖို့အတွက် သွားရောက် ငှားရမ်းမိတဲ့အတွက် ပြီးခဲ့တဲ့ နှစ်မေလထဲမှ စတင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် ရှိပြီဖြစ်တဲ့ လမ်ဘီဆစ်ဟာ လူသတ်မှု ကျူးလွန်ရန် ဆွဲဆောင် စည်းရုံးမှု၊ ရာဇဝတ်မှု ကျူးလွန်ရန် ကြံစည်မှုတို့နဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ ပြစ်ဒဏ်ကို လာမယ့် မေလ ၂ ရက်နေ့မှာ စတင်ကျခံရမှာ ဖြစ်ပါတယ်။

လမ်ဘီဆစ် အဖမ်းမခံရမီက သူ့ရဲ့ဇနီးဖြစ်သူက လမ်ဘီဆစ်ဟာ အိမ်ထောင်ဖက် အပေါ်မှာထက် ခန္ဓာကိုယ် ကြွက်သားတွေ လှပဖို့ လေ့ကျင့်တဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားခဲ့ဖူးပါတယ်။

လန်ဘီဆစ် အဖမ်းခံခဲ့ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ As I Lay Dying အဖွဲ့ဟာလည်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းခဲ့ရတဲ့အပြင် အခြားအနုပညာ လှုပ်ရှားမှုတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

The Voice Weekly

ပိုချစ်တင်းနှောရင် ဉာဏ်ရွှင်ထက်မြက်ရခြင်း အကြောင်းရင်း

Posted by drmyochit Friday, February 28, 2014, under | No comments

နောက်တစ်ခါဆို သင့်ရဲ့ ကြင်ဖက်က ချစ်တင်းနှောဖို့ စိတ်မပါဘူးလို့ ပြောလာခဲ့ရင် “ဒါမင်းထင်သလိုမ ဟုတ်ဘူး၊ ဉာဏ်ပိုရွှင်စေတာ။” ဆိုပြီး ဒီအကြောင်းလေး ကို ရှင်းပြနိုင် တာပေါ့။

ပရိယာယ်များတယ်လို့ ထင်ရပေမဲ့၊ ချစ်တင်းနှော တာဟာ ပိုပြီး ဉာဏ်ရွှင် ထက်မြက် လာစေတယ်လို့ စိတ်ပညာရှင်တွေက ဆိုထားပါတယ်။

အရင့်အရင် သုတေသနရပ်တွေအရလည်း ချစ်တင်းနှောရင် စိတ်ဖိစီးမှုလျော့ရုံသာမက ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေတယ်ဆိုတာကို သိနှင့်ပြီးဖြစ်ကြပါတယ်။

ခုနောက်ဆုံးလုပ်ခဲ့တဲ့ သုတေသနရပ်မှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ ရေရှည်မှတ်ဉာဏ် ဖွဲ့စည်းမှုဆိုင်ရာ ဦးနှောက်နေရာဖြစ်တဲ့ hippocampus ထဲက ဦးနှောက်ဆဲလ်တွေဖြစ်ထွန်းလာမှုဟာ ချစ်တင်းနှောတဲ့အခါ ပွားများလာပါတယ်။

ချစ်တင်းနှောမှုကို ရပ်ဆိုင်းထားပေးတဲ့ ကြွက်တွေမှာတော့ ဉာဏ်ရည်ကျဆင်းလာတာကို တွေ့ရတယ်လို့ မေရီလန်းဒ် တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ချစ်တင်းနှောတဲ့ လှုပ်ရှားမှု တက်လာခဲ့ရင် ဦးနှောက်ဆဲလ်တွေဆီ အောက်စီဂျင်လွှမ်းသွားစေတာကိုလည်း သူတို့က သတိပြုမိပါတယ်။ ဦးနှောက်ဆဲလ် (Neurons) တွေဟာ အာရုံကြောအဖွဲ့အစည်း ဖြစ်လာဖို့အတွက် အခြေခံ တည်ဆောက်ရေးအတုံးလေးတွေပါ။

တောင်ကိုရီးယား၊ Konkuk တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်ကလည်း အခုသုတေသနရှာဖွေတွေ့ရှိချက်တွေကို ထောက်ပံ့ပေးထားပါတယ်။ ကိုရီးယား လေ့လာမှုအရ ချစ်တင်းနှောတာဟာ ဉာဏ်ရည်ပိုင်း လုပ်ဆောင်ချက်တွေကို တိုးမြင့်စေတယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar

သူတို့၏ လတ်တလော အနုပညာ လှုပ်ရှားမှုများ

Posted by drmyochit Friday, February 28, 2014, under | No comments


ဝတ်မှုံရွှေရည်

သမီးကတော့ အခု လတ်တလောမှာ ဒါရိုက်တာ ကိုပေါက်၊ မင်းသား ဇေရဲထက်နဲ့ ''အသက်သွင်း လိပ်ပြာ လေး၏ ရာဇဝင်''ဆိုတဲ့ကားလေး ရိုက်နေပါတယ်။ ကာရိုက်တာကတော့ ပထမပိုင်းမှာ အရမ်းခေတ်ဆန် တဲ့ ကောင်မလေး ပုံနဲ့ နောက်ပိုင်းမှာ ရိုးရိုးလေး ဖြစ်သွားတာပေါ့။ အဲလိုမျိုးလေးပါပဲ။ သမီးရဲ့ ပရိသတ်ကြီး အ တွက် အရာအားလုံးကို အကောင်းဆုံး ကြိုးစားသွားမှာပါ။

ရတနာမိုင်

မိုင်လေး အခုတလော နယ်မှာသီချင်းတွေ သွားဆိုဖြစ်တယ်။ အခုတော့ သင်္ကြန်အခွေလေး လုပ်နေတယ် ။ မတ်လမှာ CD ထွက်ဖို့ ပြင်ဆင်နေပါတယ်။ နာမည်ကိုတော့ Hello Music လို့ပေးထားတယ်။ ယုန်လေး၊ ကျော် ထွဋ်ဆွေ၊ ဆိုတေး၊ ကောင်းဆက်၊ ရတနာမိုင်၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ နန်းသူဇာနဲ့ ဆူဇီ တို့ ပါဝင် သီဆို ထားပါတယ်။ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ အဲဒီအခွေလေးနဲ့ နယ်ရှိုးတွေ ဆိုဖြစ်နေပါ တယ်။

သက်သခင်

ညီမကတော့ အခုလတ်တလော ဓာတ်ပုံတွေ ရိုက်ဖြစ်နေပါတယ်။ ကားရိုက်တာကတော့ နည်းနည်းကျဲတယ် လေ။ အိမ်က အဖေကလည်း သဘောမတူလို့ပါ။ ဒါပေမဲ့ ညီမရဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး ကြိုး စား သွားမှာ ပါ။

မြ၀တီ

Thursday, February 27, 2014

ဒဏ်ရာရနေတဲ့ကြောင်ကို သေတဲ့အထိကန်ပစ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ ပတ်ကျခံခဲ့ရတဲ့ စစ်သားဟောင်း

Posted by drmyochit Thursday, February 27, 2014, under | No comments


Thursday, February 27, 2014

အသက် ၃၀ အရွယ် Anthony Delaney ဆိုသူဟာ အင်္ဂလန်နိုင်ငံ၊ ဂရိတ်မန်ချက်စတာကောင်တီ၊ Ashton-under-Lyne မြို့ လမ်းပေါ်မှာ ဒဏ်ရာနဲ့ လဲလျောင်းနေတဲ့ ကြောင်တစ်ကောင်ကို သေတဲ့အထိ ကန်ပစ်ခဲ့လို့  ထောင်ဒဏ် ၁၈ ပတ် ကျခံခဲ့ရပါတယ်။ အနက်နဲ့ အဖြူကြား ကြောင်ထီးတစ်ကောင်ဟာ ကားတစ်စင်နဲ့  တိုက်မိပြီး ဒဏ်ရာရကာ လမ်းမပေါ်မှာ လဲလျောင်းနေတာကို စစ် သားဟောင်းတစ်ယောက်ဖြစ်တဲ့ အန်တိုနီက လေထဲလွင့်သွားအောင် အားနဲ့ ကန်ပစ်ခဲ့တာပါ။

ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ အန်တိုနီနဲ့ သူငယ်ချင်းတစ်စုဟာ အရက်သေစာသောက်စားမူးယစ်နေကြတယ်လို့  စစ်ဆေးသိရှိရပြီး အန်တိုနီကန်လိုက်ပြီး မကြာမီမှာပဲ ကြောင်ဟာ သေဆုံးသွားခဲ့တယ်လို့  ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

CCTV မှတ်တမ်းတွေအရ အန်တိုနီဟာ ကြောင်ကို ပထမတစ်ခါ လေထဲ
လွင့်အောင် ကန်ခဲ့ရုံမက ဒုတိယအကြိမ်ပါ နံရံဘက်ဆီလွင့်သွားအောင် ကန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ပိုင်ရှင်မသိရတဲ့ ကြောင်ထီးလေးဟာ ကားနဲ့ တိုက်မိလို့ ရတဲ့ ဒဏ်ရာတွေ
အပြင် အန်တိုနီကန်လိုက် တဲ့ ဒဏ်ချက်တွေကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို အကြောင်းကြားသူကတော့ မိန်းကလေးအုပ်စုတစ်စု ဖြစ်ပြီး အန်တိုနီတို့ သူငယ်ချင်းအုပ်စုကို မကန်ဖို့  တားမြစ်နေတဲ့ကြားထဲက သူတို့ ကိုအော်ငေါက်မောင်းထုတ်ပြီး ကြောင်ကို ကန်ထုတ်ပစ်ခဲ့တယ်လို့  ပြောကြားထားပါတယ်။

ကလေးနှစ်ယောက်ဖခင် အန်တိုနီကို တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး အမှုစစ်ဆေးခဲ့ကာ ထောင်ဒဏ် ၁၈ ပတ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပထမတော့ အန်တိုနီဟာ ကြောင်ကို ခံစားနေရတဲ့ ဝေဒနာက လွတ်အောင် အဆုံးသတ်ပေးခဲ့တာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပေမယ့် တရားရုံးမှာ ကြားနာတဲ့အချိန်မှာ သူ့ ရဲ့ အပြစ်ကို ၀န်ခံခဲ့ပါတယ်။

Ref: metro
Trend Myanmar

Gout (2) ဂေါက်-ရောဂါ (၂)

Posted by drmyochit Thursday, February 27, 2014, under | No comments



ကျွန်တော့်ရဲ့  အဆစ်များသည် အစားမှားတဲ့အခါ ယောင်ရမ်းပြီးမခံနိုင်အောင် နာပါသည်။ ခရမ်းချဉ်သီး၊ ပဲပင်ပေါက် နဲနဲစားမိရင် ဖြစ်ပါသည်။ အစားမှားတဲ့အခါ အထူးသဖြင့် ခြေဖမိုးကအရိုး၊ ခြေမျက်စိ၊ ခြေဖနောင့် ယောင်လာပြီး အခံနိုင်အောင် နာပါသည်။ တခါတလေတတောင်ဆစ်အရိုး၊ လက်ကောက်ဝတ်အရိုးနဲ့ ဒူးခေါင်းအရိုးတို့ နာပါသည်။ အခုလိုဆိုးဆိုးဝါးဝါး ဖြစ်လာတာ ၆ နှစ်ခန့် ရှိပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ဆရာဝန် ညွန်ကြားချက်ဖြင့် Allouprinol 100 mg ကိုတနေ့တလုံးနေ့စဉ် သောက်ပါသည်။ သို့ပါသော်လဲအစားရှောင်သည့် ကြားမှာတခါတရံယောင်ရမ်းနာလာပါသည်။ ထိုအခါ Colchicine 0.6mg ကို ၆ လုံးခန့် သောက်ပြီးရင် လုံးဝကောင်းသွားတတ်ပါသည်။ ပုံမှန် ဆေးသောက်နေပါလျက်နဲ့ ဘာကြောင့် ခဏခဏဖြစ်ရပါသလဲ။ ဒီလိုဖြစ်တာဟာသေသည်အထိ ဖြစ်သွားမှာလား။ လုံးဝပျောက်ကင်းအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိပါသလား။

အမေရိကားမှာလူ ၅ သန်းခံစားနေကြရတယ်။ ယောက်ျားတွေကမိန်းမတွေထက် ၉ ဆ ပိုဖြစ်ကြတယ်။ Gout ဆိုတာ Hyperuricemia သွေးထဲမှာယူရစ်-အက်စစ် များနေတာကိုခေါ်တယ်။ မျိုးဗီဇကြောင့် ဖြစ်ကြရတာရှိသလိုတမူထူးတဲ့ အခြေအနေတွေကြောင့်လဲဂေါက်ရောဂါ ဖြစ်ရနိုင်တယ်။ လူဝတာ၊ အရက်သေစာများတာ၊ သွေးတိုးရှိနေတာ၊ ကျောက်ကပ် မကောင်းတာတွေ ပါတယ်။ နောက်ပြီးဆေးတချို့ကြောင့် ဖြစ်စေနိုင်တဲ့ စာရင်းထဲမှာ Hydrochlorothiazide (Dyazide]), Aspirin, Niacin, Cyclosporine, Pyrazinamide နဲ့ Ethambutolဆေးတွေပါတယ်။ နောက်တခါ တချို့ရောဂါတွေကြောင့် ဆိုးဝါးစေနိုင်တယ်။ Leukemias, Lymphomas နဲ့ Hemoglobin disorders တွေဖြစ်ကြတယ်။ ဒါ့ပြင် ရေဓါတ်နည်းတယ၊ ခိုက်မိတာ၊ ဖျားနေတာ၊ အစားလွန်လွန်ကဲကဲစားမိတာ၊ အရက်များတာ၊ ခွဲစိတ်တာတွေကနေရောဂါကိုထစေနိုင်တယ်။

လူတွေစားတဲ့ အစားအစာထဲမှာပါတဲ့ Purines ကိုကျေချက်ရာကနေ Uric acid ဆိုတာဖြစ်လာတာပါ။ တချို့လူတွေမှာ သွေးထဲမှာ Uric acid levels (Hyperuricemia) မြင့်နေတာသာဘဲရှိနေနိုင်တယ်။ ဂေါက်ကိုမခံစားရသေးဘူး။ ရောဂါ ရှုတ်ထွေးပုံတခုကတော့ အဆစ်နာထနေချိန်မှာ သွေးစစ်ရင် Uric acid နည်းနေသူတွေရှိတယ်။ ခြေမဆစ်ကအဖြစ် အများဆုံး ဖြစ်တယ်။ Podagraလို့ ခေါ်တယ်။ တခြားအဆစ်တွေကခြေခြင်းဝတ်၊ လက်ကောက်ဝတ်၊ ဒူး၊ တံတောင်ဆစ်၊ လက်ချောင်းဆစ်။

နေရာတကာမှာ ဖြစ်နိုင်ပေမဲ့ အဆစ်မှာလာဖြစ်ရင် Arthritis (Gout) ခေါ်တော့တယ်။ နာတာရှည် ရောဂါမျိုးဖြစ်တယ်။ တိုးတိုးဆိုးဆိုးလာတတ်တယ်။ အဆစ်ကအရင်လိုအလုပ် မလုပ်နိုင်တော့ဘူး။ ကျောက်ကပ်ကလဲအလုပ် နည်းလာနိုင်တယ်။ ကျောက်လဲတည်လာနိုင်သေးတယ်။

ရုတ်တရက် ဖြစ်လာရင် အဆစ်နေရာမှာနာမယ်၊ နီမယ်၊ ရောင်မယ်၊ ပူနေမယ်။နာတာကအတော်ကိုနာမယ်။ အပေါ်ယံအရေပြာကို လာထိတာတောင် မခံချင်ဘူး။ ကိုယ်ပူနိုင်တယ်။ နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအထိ ခံစားနေရနိုင်တယ်။ ပြန်ဖြစ်နိုင်တယ်။ နာတာရှည် ဖြစ်လာတာကိုTophaceous gout လို့ ခေါ်ပြန်တယ်။ ခြေမ၊ လက်ချောင်း၊ တတောင်ဆစ်၊ နားရွက် စတဲ့ အဆစ်နဲ့ နေရာတွေမှာသာမကတချို့မှာ Vocal cords အသံအိုး Spinal cord ခါးရိုးတွေမှာပါ ဖြစ်နိုင်တယ်။ အဆစ်ထဲကအရည်ကိုစုပ်ထုတ်ပြီးစစ်ရင် Uric acid crystals တွေ့ရင်တော့ ဂေါက်ရောဂါ သေခြာတယ်။

ဆေးကုတဲ့အခါ အရေးအကြီဒဆုံးအချက် ၂ ချက်ကိုဦးတည်ရမယ်။
၁။ ရောင်-နာနေတဲ့ အဆစ်ကိုရပ်တန်းးကရပ်စေရမယ်။
၂။ ရေရှည်အတွက် ကုသရမယ်။
၃။ တပါထဲလုပ်စရာတွေ ရှိတယ်။ ရေ-အရည် သောက်တာမနည်းစေနဲ့။ ကိုယ်အလေးချိန် လျှော့ပါ။ အစားအသောက် ဆင်ခြင်ပါ။ အရက်လျှော့ပါ-ရှောင်ပါ။ ဆေးသောက်ပါ။

• ဆေးတွေထဲမှာ Acetaminophen ကနေစသင့်တယ်။ အမေရိကားမှာ (Tylenol) ခေါ်ပြီး တခြားနိုင်ငံတွေမှာ Paracetamol လို့ ခေါ်တာများတယ်။
• ဒုတိယလိုက်တာက NSAIDS ဆေးအုပ်စုဝင် ဆေးတွေဖြစ်တယ်။ ဒါ့အပြင် Colchicine (Colcrys) နဲ့ Corticosteroids ဆေးတွေကိုလဲသုံးနိုင်တယ်။ တမျိုးထဲမရပါ။ သွေးထဲမှာ Uric acid များစေတာကိုချပေးမဲ့ဆေးလိုနိုင်တယ်။
• NSAIDS တွေထဲမှာ Indomethacin (Indocin) နဲ့ Naproxen (Naprosyn) တွေပါတယ်။ သက်သာတာနဲ့ ဆေးကို လျော့ပေးမယ်။ NSAIDS ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာမသတိထားဘို့ကအစာအိမ်-လေနာနဲ့ သွေးယိုတာတွေ ပါတယ်။
• Colchicine (Colcrys) ဆေးသောက်ရင် ယုတ်တရက်ရောင်-နာနေတာတွေသက်သာစေမယ်။ Allopurinol (Zyloprim) နဲ့ Febuxostat (Uloric) ဆေးတွေကHyperuricemiaကို ပြင်ပေးမယ်။ တကယ်တန်းနာနေသူတွေကို Colchicine (Colcrys) ဆေး ၁ နာရီတခါ၊ ၂ နာရီတခါအထိပေးရတတ်တယ်။ ဘေးထွက်-ဆိုးကျိုးကြောင့် ဝမ်းပျက်နိုင်တယ်။ ပျို့-အန်တတ်တယ်။
• Corticosteroids ဆေးဆိုတာ Prednisone ဖြစ်တယ်။ ရက်တိုအတွက်သာသုံးရမယ်။ စားဆေး၊ ထိုးဆေးသုံးနိုင်တယ်။ အဆစ်ထဲပါ ထိုးနိုင်သေးတယ်။
• နာတာသက်သာဆေးမျိုးကိုရက်တိုတိုသာသောက်ရပေမဲ့ Uric acid ကျစေမဲ့ဆေးက ကြာကြာဆက်သောက်ရတယ်။
• Probenecid (Benemid) နဲ့ Sulfinpyrazone (Anturane) ဆေးတွေကအများဆုံသုံးနေတဲ့ uric acid ကို ဆီးထဲကနေ များများစွန့်ထုတ်ပေးပြီးသွေးထဲမှာနည်းသွားစေတဲ့ဆေးတွေဖြစ်တယ်။ ကျောက်ကပ်-ကျောက် ရှိဘူးကိုတော့ ဒီဆေးမျိုး သတိကြီးရမယ်။ ဆေးသောက်ရင် ရေများများသောက်ရမယ်။
• Allopurinol ဆေးဆိုတာကလူ့ကိုယ်ကနေ Uric acid ထုတ်လုပ်မှာကိုနည်းစေတယ်။ အသဲနဲ့ ကျောက်ကပ် ကောင်းနေသူတွေ ဖြစ်ဘို့သင့်တယ်။
• Febuxostat ဆေးကိုတော့ နာတာရှည်သမားတွေအတွက် ၂ဝဝ၉ ကတည်းက FDA ကနေခွင့်ပြုထားတယ်။ ယုတ်တရက် နာသူတွေအတွက် Allopurinol ထက်ထိရောက်တယ်။ ဒီဆေးပေးသူဟာ Uric acid ဘယ်လောက် ရှိလဲ၊ အသဲကောင်းလာစစ်သင့်တယ်။
• သတိထားဘို့ကရက်တိုယုတ်တရက် နာသူတွေကို Allopurinol နဲ့ Febuxostatဆေးမပေးသင့်သေးဘူး။ တချို့မှာ ဆိုးတောင် လာတတ်တယ်။ ယုတ်တရက် ဖြစ်တဲ့အဆင့် ကျော်လာမှ ပေးပါ။ ဒီဆေးသောက်လက်စသမားတွေကတော့ ဆေးနည်းနည်းကိုအဲလိုယုတ်တရက် ဖြစ်နေချိန်မှာဆက်သောက်လို့ ရပါတယ်။
• ထိုးဆေးသစ် တမျိုးရှိတယ်။ PEGylateduricase (Pegloticase or Krystexxa) နာတာရှည်သမားတွေအတွက် သွေးပြန်ကြေထဲထိုးရတာပါ။ သုံးနေကြဆေးတွေနဲ့မတိုးသူတွေကို ၂ ပါတ်တခါ သွင်းပေးနိုင်တယ်။ ဆေးကြောင့် ရှော့ခ် မဖြစ်အောင်သတိနဲ့ပေးရမယ်။ စိုးရိမ်ရင် Antihistamines နဲ့ Cortisone medications ဆေးတွေနဲ့ ကြိုတင် ကာကွယ်နိုင်တယ်။

အလားအလာ
ဆေးမကုဘဲနေရင်လဲ ၅-၇ ရက်မှာသက်သာလာမှာပါဘဲ။ ဒါပေမဲ့ ၆ဝ% လောက်က တနှစ်အတွင်းမှာနောက်တခါ ထပ်ဖြစ်လိမ့်မယ်။ နောက်ပြီးနာတာရှည်ဘက် ဆက်ဖြစ်နိုင်တယ်။ အဆစ်ဖုံးတွေ ထိခိုက်ရာကနေ Joint deformity အဆစ်တွေ ပုံပြောင်းသွားမယ်။ ဆေးကုမနေသူထဲက ၃ဝ% မှာ ၅ နှစ်အတွင်း Painless tophi အကျိတ် ပေါ်လာနိုင်တယ်။ ဆေးသေသေခြာခြာကုရင် ဒါတွေ ပျယ်သွားစေနိုင်တယ်။ ၁ဝ-၄ဝ% မှာ ဖြစ်တတ်တဲ့ ကျောက်ကပ်-ကျောက်ရှိနေရင် တမျိုးဆိုးစေနိုင်တယ်။ မနိုင်ဝန် ထမ်းရသလိုယူရစ်-အက်စစ်ကြောင့် Urate ပုံဆောင်လဲသေးသေးလေးတွေ ဖြစ်လာမယ်။

နာနေတဲ့အဆစ်ကို အခုအခံနဲ့ထားပါ။ အိမ်မှာနားပါ။ ရေခဲတင်တာမကောင်းလှပါ။ Aspirin ပါတဲ့ဆေးရှောင်ပါ။ ကျောက်ကပ်ကနေ Uric acid ထုတ်မှာတို နှေးစေနိုင်လို့ပါ။ သုတေသနတွေ ဆက်လုပ်နေပါတယ်။ အသားစားတာ့ လျှော့သင့်တယ်။ Calcium နဲ့ Vitamin C တွေ အစားအစာထဲမှာပါတာသက်သာစေတယ်။ အချိုရည်တွေထဲမှာ Fructose (ပြောင်း-သကြား) တွေပါတာနဲ့ မတည့်ပါ။

Dr. တင့်ဆွေ
၂၃-၇-၂ဝ၁၁

Wednesday, February 26, 2014

တူရကီတွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

Posted by drmyochit Wednesday, February 26, 2014, under | No comments


တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဆန္ဒပြသူတွေနဲ့ ရဲတွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် တာရစ် အာဒိုဂန်က သူသားကို ရဲတွေ စစ်ဆေးရေးမ၀င်ခင် ငွေတွေကို သိုဝှက်ထားဖို့ သတိပေးနေတယ်ဆိုတဲ့ အသံဖိုင် ထွက်လာတဲ့နောက်မှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့ ဒီအသံဖိုင်တွေဟာ လုံးဝ မစစ်မှန်ဘဲ အတုတွေ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

မတ်လကုန်မှာ ကျင်းပမယ့် ဒေသတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ၀န်ကြီးချုပ်ရဲ့ ပါတီက တရားဝင် စတင်ခဲ့ပြီးတဲ့နောက် ခုလို အသံဖိုင်တွေ ထွက်ပေါ်လာတာပါ။

အဂတိလိုက်စားမှုဆိုင်ရာ ကျော်မကောင်းကြားမကောင်းဖြစ်မှုတွေဟာ ၀န်ကြီးချုပ် အာဒိုဂန်နဲ့ ပတ်သက်တဲ့ နောက်ဆုံးထုတ်ဖော်မှုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ၀န်ကြီး ၃ ဦးတို့ရဲ့ သားတွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ ဖမ်းဆီးခံရမှုနဲ့ အတူ ဒီ ကျော်မကောင်းကြားမကောင်းဖြစ်မှုတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်က စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၀န်ကြီးချုပ်ရဲ့ ၁၁နှစ်ကြာ အုပ်ချုပ်မှုအတွင်း အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။

From: DVB

ရွှေမဟုတ်တဲ့ အမိုက်စား ရွှေရောင်ဆွဲကြိုးဒီဇိုင်းသစ်များ

Posted by drmyochit Wednesday, February 26, 2014, under | No comments

အရင်တုန်းက ရွှေဆိုရင် ရွာကသူတွေ၊ တောကသူတွေသာ အမြတ်တနိုး ၀တ်ဆင်ကြတယ်လို့ ထင်မိခဲ့ကြ တယ်ဟုတ်။ ခုတော့ အဲ့ဒီအထင်၊ အမြင်တွေကို ထားခဲ့ပြီး ရွှေအစစ်မဟုတ်ရင်တောင် ရွှေရောင်အ ဆင်တန်ဆာ အမိုက်စားတွေ တွေ့ရင်ဝယ်သာဝယ်ထားလိုက်ပါလို့ ပြောရတော့မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဇိုင်းအမိုက်စား ရွှေရောင်ဆွဲကြိုးတွေဟာ ခုချိန်မှာ ခေတ်အစားဆုံးဖြစ်နေလို့ပါပဲ။ ဘယ်လို ဒီဇိုင်းမျိုးလေးတွေ တွေ့ရင်ဝယ်စုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။လက်ရှိခေတ်အစားဆုံး ဆွဲကြိုးဒီဇိုင်းပါ။ လော့ကတ်ဒီဇိုင်း အပြောင်းအလဲရှိနိုင်ပေမယ့် အနုပညာရှင်တွေ တော်တော်များများ ဆွဲလေ့ရှိတာမို့ နံပါတ် (၁) နေရာမှာ ရှိနေတဲ့ ဆွဲကြိုးပါ။

၂။ဟိုးအရင်ကတည်း ခေတ်စားခဲ့တဲ့ ဆွဲကြိုးဒီဇိုင်းကို နည်းနည်းပြန်ဆန်းသစ်ထားတာလောက်ပါပဲ။ ဒါပေမယ့် ပွဲတက်အတွက် သိပ်ကိုမိုက်တဲ့ ဆွဲကြိုးပါ။

၃။ဒီဆွဲကြိုးဒီဇိုင်းကတော့ ရှပ်အင်္ကျံကို ကြယ်သီးအပြည့်တပ်ပြီး အပေါ်က ထပ်ဆွဲလို့ သိပ်ကောင်းတဲ့ ဒီဇိုင်းမျိုးပါပဲ။

၎။လည်ပင်းအတိ၊ အကျပ်ပတ်ရတဲ့ ဆွဲကြိုးဒီဇိုင်းပါ။ သူ့ကတော့ လည်ပင်းအ၀ိုက် ၊ အဟိုက်အင်္ကျံတွေနဲ့ ၀တ်လို့လှပါတယ်။ မော်ဒယ်တော်တော်များများရဲ့ vote ပေးခံရတဲ့ ဆွဲကြိုးဒီဇိုင်းပေါ့။


၅။ပေါ့ပေါ့ပါးပါး ထသွားထလာအတွက် သင့်တော်တဲ့ ဆွဲကြိုးဒီဇိုင်းပါ။ တွေ့တာနဲ့ လက်လွတ်မခံဘဲ ၀ယ်သာဝယ်ထားလိုက်နော်။



Ref:luckymag.com

ကွန်ဒုံး သုံးရင် လည်း သိပ်စိတ်မ ချရ ဘူး

Posted by drmyochit Wednesday, February 26, 2014, under | No comments



ရောဂါရှိ သူအမျိုး သားအိပ်ဖော်နဲ့ အတူ နေတဲ့အခါ ကွန်ဒုံး သုံးရင်လည်း စိတ်မချ ရဘူး၊ ရောဂါကူး နိုင်ခြေ ရှိတယ် လို့ ရန်ကုန်အ ခြေစိုက် NOW အပတ်စဉ်ထုတ် ဂျာနယ် ဆောင်းပါး တပုဒ်မှာ ဒီတပတ် သတိပေး ရေးသား ထားပါ တယ်။

"ကွန်ဒုံးသုံး ပေမယ့် သင့်ရဲ့ အမျိုးသမီး အင်္ဂါဟာ ရောဂါရှိတဲ့ အမျိုးသားရဲ့ ကပ္ပာယ်အိတ်အ ရေပြားနဲ့ ပွတ်တိုက်ထိ တွေ့ဖန် များတဲ့အခါ ကွန်ဒုံး သုံးလည်း ရောဂါကူး နိုင်တာကို သတိမူ သင့်ပါတယ်" လို့ ရေးထားပါတယ်။

အမျိုးသမီး တွေနဲ့ လိင်မှုရေးရာ ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးမှာ အဲဒီလို သတိပေး ထားတာပါ။ ကွန်ဒုံး အသုံးပြုခြင်းက ကျန်းမာရေး လူမှုရေးဆိုင်ရာ ကောင်းကျိုးတွေ အများအပြား ရှိပေမယ့် အသုံးပြု သင့်သူတချို့က သုံးရမှာ ဝန်လေး နေကြပါ သေးတယ်။

ကွန်ဒုံး ကုမ္ပဏီတွေ ကလည်း အသုံးပြုသူ များကိုဆွဲဆောင်တဲ့အနေနဲ့ သူတို့ရဲ့ ထုတ်ကုန် တွေကို ပါးသည်ထက် ပါးအောင် ထုတ်နေကြတာပါ။ ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ ထွက်ပေါ်လာတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ထုတ်ပြန် ချက်အရ တရုတ် ကုမ္ပဏီတခုက ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒွန် ထုတ်လုပ်ထား တယ်လို့ ဆိုပါတယ်။

သူ့မတိုင်ခင် စံချိန်တင်ခဲ့ တာကတော့ ဂျပန်ကုမ္ပဏီတခုပါ။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ တနည်းတဖုံ ဆက်စပ်ပတ်သက်ပြီး သတိပေး၊ သတင်းပေး၊ ပညာပေးတာမျိုးက စာနယ်ဇင်းတွေမှာ တခါတရံ တွေ့ရမှာပါ။ ဒီဘလော့မှာလည်း ကွန်ဒွန် မဖြစ်မနေ သုံးရမယ့် အနေအထားကြောင့် အပြာကားရိုက်သူများ LA မှ ထွက်ရန် စဉ်းစား ဆိုပြီး မနှစ်က http://blog.irrawaddy.org/2012/01/la.html မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဥပဒေ ထုတ်လိုက်ခါ မှပဲ ၁၈ နှစ်အထက် ကြည့်ရတဲ့ဗီဒီယို ကားရိုက်သူတွေ အဲဒီဒေသကို စွန့်ကြပါ တယ် လို့ အမေရိကန် အွန်လိုင်း စာမျက်နှာ ဆောင်းပါး တပုဒ်မှာ ရေးထား ပါတယ်။


ဧရာဝတီ

အိန္ဒိယမှတင်သွင်းသော မွေးမြူရေးအစာ မုန်ညင်းဖတ်များ၌ အလေးချိန်စီးရန် ထည့်ထားသည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိ

Posted by drmyochit Wednesday, February 26, 2014, under | No comments

ဒေါက်တာသက်မှူးက မုန်ညင်းဖတ်အတွင်း တွေ့ရှိရသည့် သဲများကို ပြသနေစဉ်
အိန္ဒိယနိုင်ငံမှ တင်သွင်းသော မွေးမြူရေးတိရစ္ဆာန်အစာ မုန်ညင်းဖတ်များအတွင်း အလေးချိန်စီးရန်ထည့် ထား သည့် ဘိလပ်မြေကဲ့သို့ သဲများတွေ့ရှိကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ဇန်န၀ါရီ ၂၅ ရက်က ပြောကြားသည်။

"အိန္ဒိယကနေ မွေးမြူရေးအစာ တင်သွင်းလာတဲ့ ကုမ္ပဏီဆီကနေ မုန်ညင်းဖတ်ဝယ်တယ်။ ကျွန်တော်တို့က အစာသန့်စက်ရုံဖြစ်တော့ မုန်ညင်းဖတ်တွေကို အလေးချိန်နဲ့ရေကို အဆင့်ဆင့်စစ်တဲ့အခါမှာ အလေးချိန် စီးအောင်လုပ်ထားတဲ့ ဘိလပ်မြေလို သဲတွေပါလာတာကို တွေ့ရတယ်။ ပြည်တွင်းအစာနဲ့ယှဉ်ရင် ဈေးနှုန်းနဲ့ အရည်အသွေးပိုင်း ပရိုတင်းရာခိုင်နှုန်းကလည်း ယှဉ်လို့ရလို့ ၀င်လာတာကိုတော့ တားလို့မရဘူး" ဟု ဒေါက်တာသက်မှူးက ပြောကြားသည်။

လက်ရှိ၌ မွေးမြူရေးအစာအဖြစ် အများဆုံးအသုံးပြုသည့် ဖွဲနု၊ ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်များမှာ တရုတ်ပြည်သို့ ဈေးကောင်းရ၍ အ၀င်များသဖြင့် ကုန်ကြမ်းရှားပါး၍ ဈေးနှုန်းမြင့်တက်မှုကြောင့် ဈေးနှုန်းသက်သာသည့် အစာကုန်ကြမ်းများကို ယခုကဲ့သို့ ပြည်ပမှ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။

"ပဲနှမ်းဖတ်၊ နေကြာ၊ ပဲပုပ်ဖတ်က အိန္ဒိယကနေ၀င်ပါတယ်။ ဒီလိုအလေးချိန်စီးအောင်လုပ်ထားတာက အိန္ဒိယမှာကတည်းက ပွဲစားတွေက လုပ်လာဖို့များတယ်။ တင်သွင်းတဲ့ အစာကုန်ကြမ်းကို သေချာစစ်ဆေးဖို့လိုပါတယ်။ ရန်ကုန်ထဲကို ဒီလိုမျိုးတွေက ကွန်တိန်နာအလုံးပေါင်းများစွာနဲ့ ၀င်ပါတယ်။ ရောင်းချမယ့်သူတွေနဲ့ မွေးမြူရေးသမားတွေကိုလည်း သုံးလို့ရောင်းလို့ရတဲ့အထိ သန့်စင်ပြီးမှ သုံးပါလို့ ပြောချင်ပါတယ်"ဟု ဒေါက်တာသက်မှူးက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ မွေးမြူရေးအစာများအတွင်း အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများတွေ့ရှိခြင်းမှာ ဒုတိယအကြိမ်ဖြစ်၍ ပြီးခဲ့သည့်အကြိမ်များ၌ တရုတ်မှဝင်လာသည့် ပဲပုပ်ဖတ်များအတွင်း တိရစ္ဆာန်များစားသုံးပါက အန္တရာယ်ဖြစ်စေသည့် မယ်လမင်များတွေ့ရှိရပြီး သေချာစစ်ဆေးသည့်အခါ၌ Protein တက်အောင်လုပ်သည့် Calcium Carbonate နှင့် Non-Nitrogen ဓာတ်များပါတွေ့ရှိကြောင်း ဒေါက်တာသက်မှူးက ဆိုသည်။

အဆိုပါ သဲနှင့်ဓာတုဗေဒပစ္စည်းများပါဝင် မွေးမြူရေးအစာများကို စားသုံးမိသော တိရစ္ဆာန်များအနေဖြင့် အစာစားသုံးမှု လျော့နည်း၍ ကြီးထွားမှုနှုန်းလျော့နည်းကာ ထုတ်လုပ်မှုကျဆင်းခြင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကွန်တိန်နာလိုက်ကို သွင်းလာကြလို့ စစ်ဆေးမှုအပိုင်းကလည်း တစ်စိတ်တစ်ပိုင်းပဲ လုပ်နိုင်မှာပါ။ ထွက်ကုန်နိုင်ငံတွေဆီကတောင် ထိန်းချုပ်မှုမရှိဘဲ ၀င်လာတဲ့အစာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဗိုက်ထဲကို မ၀င်ပေမယ့် မွေးမြူရေးငါး စသဖြင့် သူတို့တွေရဲ့ဝမ်းထဲကိုရောက်တာဆိုတော့ ဒါကျွန်တော်တို့အတွက်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ အန္တရာယ်အများကြီးရှိတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံမွေးမြူရေး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးဝင်းစိန်က ပြောကြားသည်။

စကားလုံးမဲ့ နားလည်ကြစေဖို့ရာ

Posted by drmyochit Wednesday, February 26, 2014, under | No comments


သူ့ရဲ့စိတ်ဝင်စားမှုကိုရယူချင်နေပါသလား။ ဘာစကားမှဖွင့်ဟ ပြောစရာမလိုဘဲ နားလည်မှုရယူနိုင်တဲ့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။

(၁) ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြည့်တစ်ချက် စွမ်းအားကို လျှော့မတွက်နဲ့နော်။ တကယ်လို့သင်ကလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ သူ့ရဲ့အကြည့်ကို မလွှဲဖယ်ပစ်ဘဲ (၃)စက္ကန့်စာလောက်ပြန်စိုက်ကြည့်လိုက်ပါ။ ပြီးရင်တော့ အကြည့်ကိုပြန်လွှဲလိုက်ပါ။ ဒါဆိုရင် သင်ကလဲစိတ်ဝင်စားနေကြောင်း သူရိပ်မိပါလိမ့်မယ်။ ဒီ့ထက်ပိုပြီး လေးလေးနက်နက်ခံစားမိနေတယ်ဆိုရင်တော့ အကြည့်လွှဲပြီးပြီးချင်း နောက်ထပ် (၁)စက္ကန့်စာလောက်ဖြစ်ဖြစ်ပြန်စိုက်ကြည့်လိုက်ပေါ့။
(၂) နောက်တစ်နည်းကတော့ ဆံပင်ကိုလက်နဲ့ ဆတ်ကနဲပင့်သပ်ရင်း ကြည့်လိုက်တာပါပဲ။ ပုခုံးအနောက်ရောက်သွားတဲ့ ဆံနွယ်တွေက လည်တိုင်အလှကို မြင်သာအောင်လှစ်ဟပြလိုက်သလိုပါပဲ။ ဆံပင်နည်းနည်းလေးရှည်ဖို့တော့ လိုတာ ပေါ့နော်။ ဒါဟာ သူ့စိတ်ထဲမှာသင့်ရဲ့ပုံရိပ်ကို မှတ်မှတ်ထင်ထင် စွဲမြဲသွား စေမှာဖြစ်ပါတယ်။

(၃) မိတ်ဆွေတွေဖြစ်နေပြီလား ။ ဒါဆိုရင်တော့ စကားစမြည်ပြောဆိုရာမှာဖြစ်စေ၊ သူ့ခံစားချက်တချို့ကို ရင်ဖွင့်ရာမှာဖြစ်စေ စိတ်ဝင်စားတဲ့အမူအရာမျိုးနဲ့ နားထောင်ပေးပါ။ သင်ဟာ သူပြောတဲ့အကြောင်းအရာအပေါ်မှာ စိတ်ဝင်စားမှုအပြည့် ရှိနေတယ်ဆိုတာ သူသိပါစေ။ ကြားဖြတ်ပြောခြင်းမပြုဘဲ သူစိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့) ၀ါသနာဟာ မိမိယခင်ကတည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ကြောင်းဖော်ပြပါ။ တကယ်လို့ ကြပ်ညပ်နေတဲ့လူစုလူဝေးထဲ နှစ်ဦးသားပိတ်မိနေရင်တော့ သင့်ရဲ့ ဟန်ချက်ကိုမထိန်းနိုင်ပုံမျိုး သူ့အပေါ် အနည်းငယ် ယိုင်လိုက်ပါ။ ပြီးရင်တော့ “ဆောရီး”လို့ တစ်ခွန်းလောက်ပြန်ပြောဖို့ မမေ့ပါနဲ့။

(၄) ပြုံးပါ။ သင့်ရဲ့ဖြူစင်တဲ့ သွားလေးတွေပေါ်အောင်ပြုံးပြပါ။ သာမန်အပြုအမူ ဖြစ်ပေမယ့် ဒါဟာ သူ့အပေါ် သင့်ရဲ့နွေးထွေးတဲ့သဘောထားနဲ့ ချဉ်းကပ်ဖို့ ခွင့်ပြုပေး နိုင်ကြောင်း ဖော်ပြနည်းတစ်မျိုးပါးပဲ ။ သင့်ရဲ့အပြုံးတစ်ချက်နဲ့ သူ့ကို အချိန်အတန် ကြာအောင် ငေးကြည့်စေနိုင်ရင် ဒါဟာသူ့ကို သင်ဖမ်းစားလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ကို စကားစမြည်စပြီးပြောလာပါလိမ့်မယ်။

(၅) ဟာသနှောတဲ့ရယ်စရာ အကြောင်းအရာမျိုးပြောနေတဲ့အခါမျိုးမှာ သဘောကျတဲ့ အမူအရာမျိုးနဲ့ သူ့လက်မောင်းကိုပုတ်လိုက်ပါ။ အနည်းငယ်ထိတွေ့လိုက်ခြင်းအားဖြင့် ယောက်ျားလေးများရဲ့ စိတ်ကိုနှိုးဆွလိုက်နိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ် စနောက်ခြင်းမျိုး မဟုတ်ဘဲ ညင်ညင်သာသာ ထိတွေ့လိုက်ခြင်းက ရိုးရိုးသူငယ်ချင်း နယ်ပယ်ထဲမှ သွေဖယ်သွားစေနိုင်ပါတယ်။

ဒီအဆင့်လေးတွေကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်ပြီဆိုရင်တော့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံမှုကို ဖွင့်ပြောစရာမလိုဘဲ တည်ဆောက်နိုင်မှာပါ။

Ref:Seventeen

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့

Posted by drmyochit Wednesday, February 26, 2014, under | No comments


Wedesday, February 26, 2014

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီး ဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်းထုတ်ပြန်ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေတာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။

“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရား မှာလည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။

Ref:dailymail.co.uk
သီဟနိုင်
Trend Myanmar

သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီး အစိတ်စိတ် အမွှာမွှာကွဲ

Posted by drmyochit Wednesday, February 26, 2014, under | No comments


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တွေ့ရှိထားတဲ့ တန်ချိန် ၃၇ တန် ရှိတယ်လို့ သတင်းဖြစ်ပေါ်နေတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ယူဖို့ မလိုက်တဲ့အချိန်မှာ ကွဲအက်သွားပြီး တန်ဖိုးမရှိတဲ့ ကျောက်တုံးကြီးဖြစ်နေကြောင်း တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ ကွဲအက်သွားတဲ့ ကျောက်တုံးအပိုင်းအစတွေကို လုံးခင်းမြို့က ကျောက်စိမ်းရုံးမှာ ပြသထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီးကို ဒီလ ၉ ရက်နေ့က မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါရွာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်မှာ ၁၅ တန်လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး  နယ်မြေခံစစ်တပ်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းရုံးနဲ့ ရဲက လုံခြုံရေးတာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

တနင်္လာနေ့က တူးဖော်ချိန်မှာ တန် ၃၇ တန်ရှိပြီး တန်ဖိုးမရှိတဲ့ ကျောက်သာဖြစ်တယ်လို့  တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။

“ကျောက်စိမ်းမဟုတ်တော့ဘူး။ ကျောက်စိမ်းမဟုတ်တော့ဘူး ဒီဟာက။ သွားကြည့်ပြီးပြီ။ အဲ့ဒါကို မ တင်ဖို့ လုပ်လိုက်တဲ့အခါကျတော့ ထက်ခြမ်း ၇ ခြမ်း ကွဲသွားတယ်။ နောက်ပိုင်းမှာ ပြန် ပြန် မ တင်တော့ ထက်ခြမ်း အများကြီး ကွဲသွားတာ။ ကျောက်အမျိုးကိုက မဟုတ်တာ။ ကျောက် အဲ့ဒီမှာ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးမှာ ထည့်ထားတယ်လေ အဲ့ဒါကြောင့်။ ဆရာကိုယ်တိုင်ပါတယ်။”

အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတဲ့ ကျောက်တုံးကြီးကိုတော့ လုံးခင်းကျောက်စိမ်းရုံးကို သယ်ယူသွားတယ်လို့ ပြောပါတယ်။

“သယ်သွားတယ်ဆိုတဲ့ဟာက ဟိုဟာပေါ့ အရမ်း နာမည်ကြီးသွားပြီပေါ့။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အရေကျောက် ဆိုတာတွေပေါ့ အဲ့ဒါတွေ ဘာမှမဟုတ်ဘူး။ အဲ့ဒါကြောင့် အခု ကျောက်စိမ်းရုံးမှာ တည် ထားတယ်ပေါ့။ ဘယ်သူကြည့်ချင်လည်း သိရအောင်ပေါ့။ လုံးခင်းကျောက်စိမ်းရုံးမှာ တည်ထားတယ်ပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ရဲတပ်ဖွဲ့ရုံးက သူတို့ မသိရှိကြောင်း ပြောဆိုခဲ့သလို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတော့ တာဝန်ရှိသူတွေ ခရီးလွန်နေကြောင်းသာ ဖြေကြားခဲ့ပါတယ်။

ဒီကျောက်ကြီးကို တွေ့ရှိပြီးနောက်မှာတော့ ဖားကန့်ဒေသမှာ တပိုင်တနိုင်တူးဖော်တာတွေ၊ ရေမဆေးကျောက် ရှာတာတွေကို အာဏာပိုင်တွေက ပိတ်ပင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ဒီလို ပိတ်ပင်တာတွေ မရှိဘူးလို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ဒီလို နားလည်မှုနဲ့ လုပ်ကိုင်စားသောက်နေ တာတော့ ပုံမှန် အနေအထား ရှိပါတယ်။ အားလုံးကတော့ အခု ဒီရက်ပိုင်းမှာ စစ်တပ် အပြောင်းအလဲရှိတယ်။ စစ်တပ် အပြောင်းအ လဲဆိုတဲ့ အချိန်မှာ ဖားကန့်မှာ နဂိုက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထိုင်တယ်။ အခုက ပီ အခြေစိုက် တပ်မ ၆၆ ကနေမှ ဒီဘက် တပ်မ ၁၀၁ နဲ့ ဒီရက်ပိုင်း အတောအတွင်းမှာ သူတို့ ချိန်းကြတယ်။ အခုအခြေအနေမှာကတော့ ဒီ တပ်ပိုင်းဆိုင်ရာ အနေအထားကလည်း ပုံမှန်အနေအထား သူတို့ အရွှေ့အပြောင်းလောက်ပဲ ရှိပြီးသားပေါ့နော်။ ပြည်သူတွေကလည်း တပိုင်တနိုင် နားလည်မှုနဲ့ သူတို့ လုပ်ကိုင်စားသောက်နေတဲ့ အနေအထားကတော့ လုပ်ကိုင်ခွင့်ကတော့ ရှိပါတယ်။”

ဖားကန့်ဒေသအတွင်းမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းကုမ္ပဏီတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်တည်းက စတင်ပြီး လုပ်ကိုင်ခွင့်တွေ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ၃၇ တန်ရှိ ကျောက်ကြီးကိုတော့ တပိုင်တနိုင် တူးဖော်သူတွေက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသဟာ မြန်မာနိုင်ငံမှာ ကျောက်စိမ်းအများဆုံး ထွက်ရှိရာဒေသဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်အတွင်းကလည်း မြန်မာပြည်မှာ တန်ချိန် ၃၀၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို တူးဖော်ရရှိခဲ့ဖူးသလို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ တန်ချိန် ၁၁၅ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို တူးဖော်ရခဲ့ဖူးပါတယ်။


လွန်ခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ကျောက်စိမ်း တင်ပို့မှုဟာ အမေရိကန်ဒေါ် လာ သန်း ၃၁၀ ကျော်တင်ပို့ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့  ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာလအ တွင်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၁၂၇၈ သန်းဖိုး တင်ပို့ထားကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာပြည်ထွက် ကျောက်စိမ်းတွေကို တရားမ၀င် နယ်စပ်ဖြတ်ကျော် ရောင်းချတာတွေ ရှိနေတာကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ အများအပြားဆုံးရှုံးကြောင်း ဝေဖန်သုံးသပ်တာတွေလည်း ရှိနေပါတယ်။

From: VOA

Tuesday, February 25, 2014

ဘင်္ဂလီများက ဘင်္ဂလီနေအိမ်များကို ၀င်ရောက်ဓါးပြတိုက်ကာ ရဲများဓါးပြတိုက်သည်ဟု သတင်းလွှင့်သည့် ဖြစ်ရပ်မှန် အဖြေရှာတွေ့

Posted by drmyochit Tuesday, February 25, 2014, under | No comments


မောင်တော၊ ဖေဖော်ဝါရီ (၂၁) ရက်

မောင်တေနယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော ဌါနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများကို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသည့် ဘင်္ဂလီများမှာ ဇာတ်တူသားစားသကဲ့သို့ ချမ်းသာသည့် ဘင်္ဂလီနေအိမ်များကို ၀င်ရောက် ဓါးပြတိုက်ကာ ရဲတပ်ဖွဲ့ဝင်များမှ ဓါးပြတိုက်နေသည်ဟု သတင်းမှားများ ထုတ်လွှင့်ခဲ့ ခြင်းမှာ ဖြစ်ရပ်အမှန်ပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့က မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တိုးတိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ မြို့ပေါ်ရွှေဆိုင်များတွင် ဘင်္ဂလီလူမျိုး (၅)ဦးခန့်မှ ရွှေထည်ပစ္စည်းများ လိုက်လံရောင်းချ နေကြောင်းသတင်းအရ စုံစမ်းရှာဖွေခဲ့ရာ သိန်း(၅၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ‘ယာဆိန်’ရွှေဆိုင်တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

ရွှေထည်ပစ္စည်းများ လာရောက်ရောင်းချသူများမှာ အဒူမော်လောက် (ဘ) ဘာဆာမျှာ၊ အာဇီဇူရာမန် (ဘ) အဒူရှုကူရ်၊ မာမတ်အာယု (ဘ) မာမတ်ကာဆိမ်း၊ မာမတ်အာလောင် (ဘ) ဟာဆောင်းအာလီနှင့် အေနာမ်မူလာ (ဘ) ရော်ရှိတ်ဒူလာတို့ဖြစ်ပြီး ၄င်းတို့ထံမှ ရွှေထည်ပစ္စည်း (၁၆)မျိုး တန်ဖိုး သိန်း(၅၅၇၇၀၀၀)ကျပ်ကို သက်သေများနှင့်အတူ တွေ့ရှိရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေထည်ရောင်းချလာသူများကို စုံစမ်းစစ်မေးခဲ့ရာ ဇန်န၀ါရီလ (၄) ရက်နေ့ နံနက်(၁)နာရီအချိန်တွင် မောင်တောမြို့နယ် အလယ်သံကျော်အုပ်စု မောင်တူလာရွာနေ ရှော်ဘီအူလာ (၆၂)နှစ်၊ (ဘ) နော်ဇီရာမောက်၏ နေအိမ်ကို သွားရောက်ပြီး ဓါးပြတိုက်၍ ရရှိလာသော ရွှေထည်များဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရကြောင်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်တိုးတိုးမှ ပြောကြားသည်။

“ပထမတော့ မသင်္ကာတဲ့အတွက် ခေါ်ယူစစ်ဆေးလိုက်တာပါ။ အဲဒီမှာ သူတို့လာရောင်းတဲ့ရွှေထည်တွေက ဓါးပြတိုက်လို့ရလာတဲ့ ပစ္စည်းတွေဖြစ်ပြီး အခုလာရောင်းတဲ့သူတွေကလည်း ဓါးပြတွေဖြစ်နေတာဖြစ်ပါ
တယ်။အဲဒီ ငါးဦးထဲမှာ တစ်ဦးပဲ အစိုးရကျောင်းထွက်ဖြစ်ပြီး ကျန်လေးဦးက ဘင်္ဂလီအာရဗီကျောင်းထွက်တွေဖြစ်နေပါတယ်။ မောင်တောမြို့မှာ ဓါးပြမှုတွေဖြစ်လို့ရှိရင် ရဲတိုက်တယ်လို့ သတင်းဌါနတစ်ချို့က မဟုတ်မမှန် သတင်းလွှင့်နေတာတွေ အခုမှ ဘင်္ဂလီတွေလက်ချက်ဆိုတာ
ဖော်ထုတ်နိုင်ပါပြီ။”ဟု ဆက်လက်ပြောပြသည်။

အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောင်တောမြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၄ ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

The Mirror Daily

ချုပ်နှောင်ခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားရဲတပ်ဖွဲ့မှ ကယ်ဆယ်

Posted by drmyochit Tuesday, February 25, 2014, under | No comments


ဆွန်ငိုင်ပတနီ ဖေဖော်ဝါရီ ၂၄

မလေးရှားနိုင်ငံတွင် ပင်လယ် ငါးဖမ်းစက်လှေများ အများဆုံး ဝင်ထွက်သွားလာနေသော ငါးဖမ်း လုပ်ကိုင်ကြသော နေရာဒေသတစ်ခု ဖြစ်သည့် Kedah ပြည်နယ် ဆွန်ငိုင် ပတနီတွင် ပြီးခဲ့သောကိုးရက်ခန့်က မြန်မာနိုင်ငံမှ မလေးရှားသို့ ထိုင်းနိုင်ငံ မှတစ်ဆင့်ဝင်ရောက်ကာ ကျေးကျွန် သဖွယ် ချုပ်နှောင်ခြင်းခံရသော မြန်မာအမျိုးသား လေးဦးအား မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ကယ်တင် လိုက်နိုင်ပြီကြောင်း ဖေဖော်ဝါရီ ၂၁ ရက် မလေးရှားနိုင်ငံနေ့စဉ်ထုတ် China Press သတင်းဌာနမှ ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားလေးဦး၏ အမည်ကို ဖော်ပြထားခြင်းမရှိဘဲ ၎င်းတို့သည် လုပ်ကိုင်စားသောက် အသက်မွေးဝမ်းကျောင်း ပြုရန် အတွက် ရောက်လာခြင်းဖြစ်သော် လည်း ပွဲစား၏တောင်းခံသည့် ငွေကြေးပမာဏကို ပေးဆောင်နိုင် ခြင်းမရှိသောကြောင့် သုံးရက်အစာ ရေစာကျွေးမွေးခြင်းမရှိဘဲ အခန်း အတွင်း လှောင်ပိတ်ထားခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

မလေးရှားနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါ သတင်းကိုရရှိသဖြင့် Lao Cai Hut Hotel ၏မီးဖိုချောင်သို့ ဖေဖော်ဝါရီ ၁၉ ရက် မလေးရှားနိုင်ငံ စံတော်ချိန် ည ၁၀ နာရီက ဝင်ရောက်စီးနင်း ရှာဖွေရာ အဆိုပါ မြန်မာအမျိုးသား လေးဦးအား လက်နှင့်ခြေထောက်များ တွင် သံကြိုးများဖြင့်တုပ်နှောင်ထား သည်ကို တွေ့ရှိရကြောင်းသိရပြီး ပြန်ပေးဆွဲသူအား ယခုအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဆက်လက်သိရှိရသည်။

စိုးဝင်း(sp)
MOI Webportal Myanmar

အိုဘားမား ကာမ အားတိုးဆေးများ ရောင်း

Posted by drmyochit Tuesday, February 25, 2014, under | No comments



အိုဘားမား ဟာ ကမ္ဘာ မှာ သြဇာ အာဏာ အရှိဆုံး အမေ ရိကန် ပြည်ထောင်စု ရဲ့ သမ္မတ ဖြစ် ပေမယ့် ပါကစ္စတန် နိုင်ငံ မှာတော့ သာမန် ပုဂ်္ဂိုလ် တစ်ဦး အဖြစ် သာ သတ်မှတ် ခံခဲ့ ရပါ တယ်။ ဘာဖြစ် လို့လဲဆိုတော့ ပါကစ္စတန် နိုင်ငံ မှာ တရား မ၀င် ရောင်းချ နေတဲ့ ကာမ အားတိုး ဆေးတွေ ကို အိုဘားမား အမည် နဲ့ထုတ်လုပ် ရောင်းချ နေခြင်း ကြောင့် ဖြစ် ပါတယ်။ ပါကစ္စ တန်ပြည်သူ အများစုဟာ အမေရိကန်အပေါ် ယုံကြည်မှု မရှိကြ ဘဲ အမေရိကန် နိုင်ငံ ရဲ့ (၄၄) ဦးမြောက် သမ္မတကြီး အိုဘားမားကို လေး စားမှု မရှိတာကို ဒီဖြစ်ရပ်က သက် သေ ပြသ သွားခဲ့ပါတယ်။ ပြင်သစ်အခြေစိုက် AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ ပါကစ္စတန် မှာ ရောင်း ချ နေ တဲ့ တရားမ၀င် ကာမအားတိုးဆေး တွေထဲမှာ အိုဘားမား အမှတ်တံဆိပ် ပါဝင် ကြောင်း၊ ဒါ့အပြင် ဗြိတိန်ရဲ့ အကျော်ကြားဆုံး စုံထောက်ဇာတ်လမ်းတွဲရဲ့ မင်းသားကြီး ဂျိမ်းစ် ဘွန်းအမည် တံဆိပ်တွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ပါကစ္စတန်မှာ ကာမ အားတိုး ဆေး ရောင်းဝယ်မှုကို ပိတ်ပင်ထားပေမယ့် (၄)လုံးပါ တစ်ကဒ်ကို တစ်ဒေါ်လာနဲ့ ၀ယ်ယူ နိုင်ပါတယ်။

ဒီဆေးတွေကို အာဖဂန်နစ္စတန်က တင် သွင်းလာတာဖြစ်ပြီး ဆေးရဲ့အာနိသင်အကျိုး ဆက် ဘယ်လိုရှိ သ လဲ ဆိုတာကို သိရှိရခြင်း မရှိသလို ဓာတုဗေဒ ပစ္စည်းတွေ အများအပြား သုံးစွဲထားပုံရတယ်လို့ သုံးသပ် ခန့် မှန် ထားကြ ပါတယ်။ ဒီဆေးကို သောက်သုံးခြင်းကြောင့် အချိန်အကြာကြီး နေလို့ရတယ်ဆိုတဲ့ ယုံကြည် ချက်ရှိ နေ ကြ တယ်လို့ ဆိုပါတယ်။ အိုဘားမား တံဆိပ် ကာမ အားတိုးဆေး ဟာ ပါကစ္စတန် မှာ ပေါ်ပြူ လာဖြစ်နေပြီး ဘာသာရေးရှုထောင့် အရ အစိုးရအနေနဲ့ ပိတ်ပင်တားမြစ်သင့် ကြောင်း ဒေသခံတွေက ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လူငယ်တွေကြားမှာတော့ အိုဘားမား ကာမအားတိုးဆေးဟာ ရေပန်းစား နေတယ် လို့ သိရပါတယ်။ ပါကစ္စတန် နိုင်ငံ က ဒေါက် တာ ဆာမီလာခန်းက ““အကြမ်းဖက်မှု တွေနဲ့ အလုပ် လက်မဲ့ တွေ များပြားနေတဲ့ နိုင်ငံမှာ လူ ငယ် တွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်း မှုရှိလာပါတယ်။ သူတို့ ရဲ့ ဘ၀ဟာ ခက်ခဲ ကြမ်း တမ်းလွန်းပြီး ပျော် ရွှင် မှုတွေရှိစေဖို့ ကာမအား တိုးဆေးတွေ သုံးစွဲနေကြတာပါ””လို့ ဆိုခဲ့ပါ တယ်။

By The Messenger

ဆေးလိပ်သောက်သော အကျင့်ပျောက်စေရန်

Posted by drmyochit Tuesday, February 25, 2014, under | No comments



စွဲစွဲမြဲမြဲလုပ်ဆောင်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကို ဖြတ်လိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း လို မကောင်းတဲ့အလေ့အကျင့်ဆိုရင် ဖြတ်တောက်ဖို့ ပိုတောင်ခက်ခဲပါဦးမယ်။ အမျိုးသားကင်ဆာ ဌာနကနေ ဆေးလိပ်ပြတ်အောင်

ဖြတ်တဲ့နည်းတွေကို အောက်ပါအတိုင်းဖော်ပြပေးထားသည်။

ဆေးလိပ်ဖြတ်ပြီးချိန်မှာ---ဆေးလိပ်ဖြတ်တဲ့အကြောင်း ချရေးပါ။ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တယ်ဆိုတဲ့အကြောင်းပြချက်ကိုပါ စာရင်းနဲ့ချရေးပါ။ဆေးလိပ်ဖြတ်ချင်ရတဲ့ အကြောင်းရင်းစာရွက်ကို ရေချိုးခန်းထဲက မှန်မှာကပ်ထားပြီး မနက်တိုင်း ရွတ်ပေးပါ။ ပန်းအိုးထားရှိပါ။ အခန်းထဲ

မှာ ပန်းပွင့်တွေရှိတာက ဆေးလိပ်နံ့ထက်အများကြီး ရနံ့သင်းပျံ့စေပါတယ်။ သွားဆရာဝန်ဆီသွားပြီး သွားတွေကို သန့်စင်ပါ။ ခံတွင်းဆေးရည် သုံးပါ။ ထမင်းစားပြီးတိုင်း သွားတိုက်ပါ။ ဒီနည်းအားဖြင့် ဆေးလိပ်နဲ့ကင်းတဲ့ခံတွင်းဟာ စိတ်ကိုဘယ်လောက် လန်းဆန်းစေတယ်ဆိုတာ သင်သိလာမှာပါ။ သင်ဟာ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆေးလိပ်သောက်တတ်တဲ့အကျင့်ရှိရင် အဲဒီဆိုင်တွေကို ရှောင်လိုက်ပါ။သစ်သီးဖျော်ရည်ဆိုင်ကို ပြောင်းထိုင်ပါ။ ငွေစုပါ။နေ့စဉ်ဆေးလိပ်ဖိုးအတွက် ကုန်ကျငွေကိုစုဘူးထဲမှာ စုဆောင်းပါ။ လက်ချောင်းတွေကို အလုပ်ပေးပါ။ စီးကရက်အစား ဘောပင်ကို လက်ကြားညှပ်ပြီး အလုပ်ပေးထားပါ။ဆေးလိပ်သောက်ခွင့်ပြုတဲ့နေရာတွေကိုရှောင်ပါ။ ဆေးလိပ်သောက်ချင်စိတ် မပေါ်အောင် ပီကေဝါးနေလိုက်ပါ။ ။

ကြည်စင်ဝင်းသန့်
မြ၀တီ

အဓမ္မ ပြုကျင့်ပြီး ဆိုင်ကယ် မောင်းပြေးဟု ယူဆရသူ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရပ်ကွက် ဥက္ကဋ္ဌကို ဖမ်းမိ

Posted by drmyochit Tuesday, February 25, 2014, under | No comments


ထန်းတပင် မြို့နယ် ရန်ကုန်- ပုသိမ် ကားလမ်းဘေးရှိ မငေးစု ကျေးရွာထိပ်တွင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၉ နာရီခန့်က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အဓမ္မ ပြုကျင့်ပြီး ဆိုင်ကယ် မောင်းနှင် ထွက်ပြေးသည်ဟု ယူဆရသည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ရပ်ကွက် ဥက္ကဋ္ဌ ဆိုသူကို ဆိုင်ကယ် ကယ်ရီသမားများက ဝိုင်းဝန်း ဖမ်းဆီးမိခဲ့ကြောင်း တက်သစ် နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ်ကို အလိုမတူ သားမယားအဖြစ် ပြုကျင့်ပြီး ဆိုင်ကယ်မောင်း ထွက်ပြေးသည်ဟု တိုင်ကြားခံရသူ အမျိုးသားမှာ လှိုင်သာယာ မြို့နယ်၊ အမှတ် (၇)ရပ်ကွက်တွင် နေသူ ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ရပ်ကွက် ဥက္ကဋ္ဌ အသက် (၃၀) ခန့်ရှိသူ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင် ဖြစ်ပြီး တွံတေးမြို့နယ်၊ ပန်းလှိုင်တံတား အောက်ရှိ ကျူးကျော်တဲများ ဖယ်ရှားခဲ့စဉ်က အကွက်ချ ပုံစံများ ပြုလုပ် ရောင်းချပြီး ကျူးကျော် တဲများတွင် နေထိုင်နိုင်ရန် အတွက် အိမ်ထောင်စုစာရင်း စာရွက် အတုများကို ၎င်းအမျိုးသား အပါအဝင် လေးဦးက လက်မှတ်များ ရေးထိုးပြီး ထုတ်ပေး ခဲ့သောကြောင့် ဖေဖော်ဝါရီလ ပထမပတ်က ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အမှုဖွင့် ခံထားရသူ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

လှိုင်သာယာ မြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူ အထည်ချုပ် စက်ရုံတွင် အလုပ် လုပ်ကိုင်သူ အမျိုးသမီးငယ်သည် ယင်းနေ့ည ၈ နာရီခန့်က မိဘများ နေထိုင်ရာ ထန်းတစ်ပင် မြို့နယ်သို့ သွားရန် ဘတ်စ်ကား စောင့်နေစဉ် အသက် ၃၀ နှစ် အရွယ်ရှိ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်က မော်တော် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မိတ်ဆက် စကားပြော ကာလမ်း ကြုံသဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါ စီးနင်းနိုင်ကြောင်း ခေါ်ဆိုခဲ့၍ အမျိုးသမီးငယ်က လိုက်ပါ သွားခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသည်။

ယင်းသို့ လိုက်ပါသွားစဉ် ထန်းတပင် မြို့နယ်၊ သီတာအေး လမ်းဆုံအရောက် ဆိုင်ကယ်မောင်းသူ အမျိုးသားက လှိုင်သာယာ မြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ တည်းခိုခန်းတွင် ပိုက်ဆံအိတ် မေ့ကျန်ခဲ့သဖြင့် ဆိုင်ကယ် ပြန်လှည့်ကာ ယူဆောင်ခဲ့စဉ် တည်းခိုခန်း အတွင်း၌ ပစ္စည်းတစ်ခု ပြစရာ တစ်ခုရှိကြောင်း ပြောဆို၍ အခန်းတွင်းသို့ ခေါ်ဆောင်ကာ အလိုမတူ အဓမ္မ ပြုကျင့်ခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါ အမျိုးသမီးငယ်မှာ မငေးစု ကျေးရွာတွင် ဆိုင်ကယ်ကို ရပ်ပေးရန် ပြောဆိုသော်လည်း ဆိုင်ကယ်မောင်းသူ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်မှ ဆိုင်ကယ် မရပ်ဘဲ ဆိုင်ကယ်ပေါ်မှ ခုန်ချကာ အော်ဟစ် အကူအညီ တောင်းသောကြောင့် မောင်းထွက်ပြေးသော ဆိုင်ကယ်နောက်သို့ ရွာထိပ်ရှိ ဆိုင်ကယ် ကယ်ရီ ဆယ်စီးခန့်က နောက်မှ လိုက်ကာ ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ဖမ်းဆီးခင်က ပါဝင်သူ အသက် ၂၅ နှစ် အရွယ် ဆိုင်ကယ် ကယ်ရီ မောင်းသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

“သူ့ကို ဆိုင်ကယ်တွေနဲ့ ပိတ်ပြီး ဝိုင်းဖမ်းခဲ့ပြီး မေးမြန်းနေတုန်း ကောင်မလေးက ဖြစ်ကြောင်း ကုန်စင် ပြန်ပြောပြမှ မုဒိမ်းကျင့်ပြီး ထွက်ပြေးတဲ့ သူမှန်း သိခဲ့တာ။ အဲဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ရဲလက် အပ်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“တရားခံကို ညတွင်းချင်းဘဲ တက်သစ် စခန်းကနေ လှိုင်သာယာ စခန်းကို လွှဲပေးခဲ့တယ်။ အလိုမတူ သားမယား အဖြစ် ပြုကျင်ခဲ့သူက ကျူးကျော် နေသူတွေကို အိမ်ထောင်စုစာရင်း စာရွက်တွေ အတုလုပ်ပြီး ထုတ်ပေးခဲ့မှုနဲ့ တွံတေးမြို့နယ်မှာ အမှုဖွင့်ထားသူ ဖြစ်ပြီး အခု လှိုင်သာယာမှာ ထပ်မံ အပြစ် ကျူးလွန်ခဲ့တာကြောင့် ပြစ်မှု အားလုံးကို ဥပဒေနဲ့အညီ ဆက်လက် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်” လှိုင်သာယာ မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဓမ္မ ပြုကျင့်ပြီး ထွက်ပြေးသည်ဟု ဆိုကာ ဦးဇော်ဇော်အောင် (ခ) ဦးကျော်ထက်နိုင်ကို လှိုင်သာယာ မြို့မ ရဲစခန်းမှ (ပ) ၂၂၇/ ၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိပြီး တွံတေး မြို့နယ်၊ ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အိမ်ထောင်စုစာရင်း စာရွက်များ အတုပြုလုပ် လက်မှတ် ရေးထိုးမှုဖြင့် (ပ) ၂၈/ ၁၄၊ ပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice

Monday, February 24, 2014

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

Posted by drmyochit Monday, February 24, 2014, under | No comments



ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။
“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။

စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။
လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

MWD

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ၀န်ချတောင်းပန်ရန် သံဃာများ တောင်းဆို

Posted by drmyochit Monday, February 24, 2014, under | No comments





ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ရဟန်းဟံဃာ များအား "နဖားကြိုး တပ်ပြီးဆောင်ရွက်စေ"၊ "အယာတိုလာကိုယ်တော်တွေ" ဟူ ပြောကြားခဲ့ခြင်း၊ ဆရာတော်ဦးဝီရသူအား "ဘုန်းကြီးရူး" ဟု ပြောကြားခဲ့ခြင်း စသည်အားဖြင့် သံဃာတော်များနှင့် သာသာနာတော်ကို စော်ကားခဲ့ခြင်းကြောင့် ၀န်ချ တောင်းပန်ရန် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး သံဃာတော်များက တောင်းဆို လိုက်ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူသည် ၄င်း၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ယမန်နေ့က "၉၆၉ ဘုန်းကြီး"၊ "မြို့နယ် မဟန အတွင်းရေးမှူး ကိုယ်တော်နဲ့ လယ်ဝေးမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌတို့ကို နဖားကြိုး တပ်ပြီး ဆောင်ရွက်စေတယ်" ၊ "အစ္စလာမ်ဘာသာဆန့်ကျင်ရေးကို အကြောင်းပြပြီး NLD နဲ့ ဒေါ်စုဆန့်ကျင်ရေးကို ဆောင်ရွက်စေခိုင်းတာကို နားမလည်တဲ့ ကိုယ်တော်တွေဟာ သူတို့မကြိုက်တဲ့ အယာတိုလာကိုယ်တော်တွေ ဖြစ်သွားကြပါပြီ" စသည်တို့ကို ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ အလားတူ ဦးမင်းသူသည် မန္တလေးတွင် ဦးမြအေး၏ စာပေဟောပြောပွဲကို ကန့်ကွက်ခဲ့သော သံဃာနှင့် ဦးဝီရသူတို့ကို "ဘုန်းကြီးရူးနဲ့ လှေလူး" ဟု ရိုင်းစိုင်းစွာ ဝေဖန်ခဲ့ကြောင်း တွေ့ရှိရသည်။

"ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဦးမင်းသူဟာ ကိုယ်စားလှယ် ဖြစ်တာနဲ့အညီ တာဝန်ယူမှု အပြည့်အ၀ ရှိဖို့ လိုပါတယ်။ ဘုန်းကြီးတို့ကို ဝေဖန်တိုက်ခိုက်နေတာတွေ အများကြီး သူ ပြောခဲ့ပါတယ်။ ပအခုလည်း ဒကာ၊ ဒကာမတွေက လာပြောလို့ သိရတာပါ။ သံဃာကို နဖားကြိုးတပ်တယ် ဆိုပြီး ပြောကြားတာဟာ သံဃာတွေကို နွား လို့ ပြောလိုက်တာနဲ့ မတူဘူးလား။ မြင့်မြတ်တဲ့ သံဃာ့အဖွဲ့အစည်းကို မဟန ဆိုပြီး သုံးနှုံးခေါ်ဝေါ်လိုက်တာ၊ အယာတိုလာ ကိုယ်တော်တွေ ဆိုပြီး သံဃာ့ဂိုဏ်း သင့်စေမယ့် ပြောကြားချက်မျိုးကို ထုတ်ဖော်ပြောကြားတာ။ နောက်ဆုံး ဦးဝီရသူကို ဘုန်ကြီးရူး ဆိုပြီး ပြောတာတွေဟာ ဗုဒ္ဓဘာသာမှ ဟုတ်ပါရဲ့လား လို့ တွေးမိပါတယ်။ ဒီကိစ္စတွေက မသိကျိုးကျွန် ပြုနေရမယ့် ကိစ္စ မဟုတ်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ဒီလို ပြောဆိုတာဟာ သံဃာထု တစ်ရပ်လုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီ ဆိုတာ ဒီနိုင်ငံမှာ ဒကာ၊ ဒကာမတွေရဲ့ ထောက်ခံမှု၊ ယုံကြည်မှု အပြည့်အ၀ ရရှိထားတဲ့ ပါတီကြီး ဖြစ်တယ် လို့ ဘုန်းကြီးတို့ ယုံကြည်တယ်။ ဒီလို ပါတီကြီးက သာမန် ပါတီဝင် မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဒီလို ပြောဆို တိုက်ခိုက်တာဟာ ဘုန်းကြီးတို့အားလုံးက အပုပ်ချစော်ကားလိုက်တာပဲ ဆိုတာ ထင်ရှားနေတယ်။ ဒီကိစ္စအတွက် ဒကာကြီး ဦးမင်းသူ ၀န်ချ တောင်းပန်ဖို့ လိုပါတယ်" ဟု အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာတော်တစ်ပါးက မိန့်သည်။

"အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အများကြီး ဂရုစိုက်ဖို့ လိုပါတယ်။ ပြောတာ ဆိုတာ သွားတာ လာတာ သတိထားဖို့ လိုပါတယ်။ ဦးမင်းသူရဲ့ ပြောကြားချက်တွေဟာ စိတ်ခံစားမှုကို ထင်ဟတ်နေသလို တစ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ပေါ်လစီ၊ သဘောထားကို ဖော်ပြရာရောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးမင်းသူဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲတမ်း အနီးကပ် နေထိုင်ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတစ်ယောက်ဆီက ဒီလိုစကားတွေ ထွက်လာတာ ကြည့်ရင် NLD ရဲ့ အတွင်းစိတ်မှာ သံဃာတော်တွေကို ဘယ်လို သဘောထားရှိနေလဲ ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ အံ့အားသင့် စရာလည်း ကောင်းပါတယ်။ ဦးမင်းသူဟာ ပါတီထိပ်ပိုင်းနဲ့ နီးနီးကပ်ကပ် တည်ရှိနေတဲ့သူ ဖြစ်တဲ့အတွက် သူ့ရပ်တည်ချက်ဟာ ပါတီခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်လား၊ သူ့သဘောထားဟာ ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားလား သတိထားဖို့ ကောင်းနေပါပြီ" ဟု မြန်မာ အမျိုးသားကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

"သံဃာကို နဖားကြိုးတပ်တယ်၊ အယာတိုလာကိုယ်တော်တွေ ဒီလို ပြောဆို သုံးနှုံးတာမျိုးကို လက်ခံနိုင်စရာ မရှိပါဘူး။ မြတ်ဗုဒ္ဓရဲ့ သားတော်တွေ ၀ိနည်းနဲ့ မညီရင် သူတို့ကိုယ်တိုင် တူသောအကျိုး ရရှိခံစားမှာ ဖြစ်ပါတယ်။ ပရိယတ္တိကို အလေးပေးတဲ့အကျိုးဆက်အရ သံဃာအချို့ရဲ့ ၀ိနည်းဖောက်ဖျက်မှုတွေ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမယ့် သံဃာတွေကို ဒီလိုမျိုး မိုက်မိုက်ရိုင်းရိုင်း သမုတ်တာကတော့ သိပ်ကို စော်ကားလွန်းရာ ရောက်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ လူထု ထောက်ခံမှု ရရှိထားတဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဒီလို သတ်မှတ်ခေါ်တွင်တဲ့အခါ ကျန်တဲ့နိုင်ငံတွေ၊ အခြားဘာသာဝင်တွေကိ ဘယ်လို ထင်မြင်ယူဆကြမလဲ။ ဗုဒ္ဓဘာသာဟာ ဒီလိုလူမျိုးတွေကြောင့် နာမည်ပျက် သိက္ခာကျခဲ့ရတာပါ။ အခုလည်း NLD ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် ဒီလို လုပ်လာတာဟာ ဗုဒ္ဓဘာသာကို အပုပ်ချဖို့ သက်သက် လို့ပဲ ယူဆတယ်။ ဒါကို ဦးမင်းသူအနေနဲ့ ပြန်ပြီး တောင်းပန်ဖို့ လိုတယ်။ ကိုယ့်အမှားကို ၀န်ခံဖို့ လိုတယ်" ဟု လယ်ဝေး သံဃာ့မဟာနာယက ဆရာတော်တစ်ပါးက မိန့်သည်။

"ပြည်သူတွေ ဘာ့ကြောင့် NLD ပါတီကို စိုးရိမ်နေသလဲ ဆိုတာ ဘုန်းကြီးကိုယ်တိုင် နားလည်သွားပါပြီ။ ဘုန်းကြီးကိုယ်တိုင် NLD ကို အထင်အမြင် မလွဲဖို့ ဒကာ၊ ဒကာမတွေကို ဟောကြားခဲ့တာပါ။ ဒါပေမယ့် အခုလို NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုယ်တိုင် ဒီလို စော်ကားနေတာ တွေ့ရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဘုန်းကြီးတို့ ပြည်သူတွေအတွက်လည်း အတော်ကြီးကို ရင်လေးစရာ အနေအထားမျိုး မြင်လိုက်ရတယ်။ ဒါပေမယ့် ဘုန်းကြီးကတော့ တစ်ခုပဲ ဆုတောင်းပါတယ်။ NLD ပါတီကြီးတစ်ခုလုံး ဒီလို သဘောထား ရှိရင် ရှိပါစေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်မှာတော့ ဒီလို သဘောထား မရှိပါစေနဲ့ ဆိုတာပါပဲ။ ဦးမင်းသူရဲ့ စကားဟာ ဒကာမကြီးရဲ့ သဘောထားနဲ့ ထပ်တူပဲ ဆိုရင်တော့ ဘုန်းကြီးတို့ နောက်ကျခဲ့ပြီ လို့ပဲ ပြောရတော့မှာပဲ" မန္တလေးမြို့ရှိ အမျိုးဘာသာသာသနာ ကာကွယ်စောင့် ရှောက်ရေးအသင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။

၎င်းအပြင် ဦးမင်းသူသည် လူမှုကွန်ရက်စာမျက်နှာများတွင် သံဃာများကို ထိပါးစော်ကားပုတ်ခတ်နေသော ဒီမိုဖက်တီး၊ ခွန်ဒီးယမ် စသည်တို့နှင့် အချိတ် အဆက်ပြုမှုများလည်း တွေ့ရှိရကြောင်း၊ ဦးမင်းသူသာမက ကျန် NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကိုလည်း ယင်းကွန်ရက်တွင် ပါဝင်နေ သည်ကို တွေ့ရှိရကြောင်း၊ သံဃာတော်များကို အမျိုးမျိုး ထိပါးစော်ကားနေသူများနှင့် NLD မှ လွှတ်တော်ကိုယ်စားလှယ်များ တစ်ကျိတ်တည်း တစ်ဥာဏ်တည်း ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် အဖြေမှာ ရှင်းလင်းသွားပြီ ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူတစ်ဦးက ပြောသည်။

ဦးမင်းသူသည် သံဃာတော်များ ဦးဆောင်ကြိုးပမ်းနေသည့် မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး "အမျိုးစောင့် ဟု ဆိုသူများ ပြည်ထောင်စုကြီး ပြိုကွဲမည့် အန္တရာယ်သို့ ဦးတည်နေ" ဟူသော အယူအဆကို လူသိထင်ရှား ဆက်လက် ဖြန့်ဖြူးခဲ့ကြောင်း၊ ၉၆၉ ကို တိုက်ခိုက်မှုများ၊ သံဃာတော်များကို အပုပ်ချသည့် ဘာသာခြားများ၏ ၀ါဒ ဖြန့်ချိရေးစာများ စသည်တို့ကိုလည်း များစွာ လွှင့်တင်ထားကြောင်း သိရှိရသည်။

"ဦးမင်းသူ ပြန်တောင်းပန်ပါ လို့ပဲ ပြောချင်တယ်။ ကျွန်တော်တို့ ဒီကနေ့ လုပ်နေတာတွေက အနာဂတ်နိုင်ငံအတွက်ပဲ ဖြစ်တယ်။ သံဃာတော်တွေ ဒီလိုမျိုး ကြိုးပမ်းဆောင်ရွက်နေတာဟာ သာသနာတော်အတွက်ပဲ ဖြစ်တယ်။ ဗုဒ္ဒဘာသာဝင် အများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ သံဃာတော်တွေကို လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က ဒီလိုမျိုး စော်ကားတာဟာ နားလည် လက်ခံပေးရမယ့် လုပ်ရပ် မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ NLD ပါတီက၊ ဦးမင်းသူကိုယ်တိုင်က ဟောပြောပွဲတွေ အမည်ခံပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်နေတာတွေမှာ သံဃာတွေ၊ ပြည်သူတွေ ဘာများ တိုက်ခိုက်ဝေဖန်တာ ရှိခဲ့သလဲ မေးချင်တယ်။ အခုလို ကျွန်တော်တို့ဘာသာ ဆရာ-ဒကာ ညီညီ ညွတ်ညွတ်နဲ့ လုပ်နေတာတွေကိုကျတော့ စော်စော်ကားကား ပြောတယ်။ ဒီမိုကရေစီ ဆိုတဲ့သဘောတရားကို လွှတ်တော်အမတ်ဆိုတဲ့ ဦးမင်းသူကို မေးချင်တယ်။ ထောက်ခံတဲ့သူ ရှိမယ်၊ မထောက်ခံတဲ့သူ ရှိမယ်။ ဒါဟာ သဘာဝပဲ။ ကိုယ့်ကို မထောက်ခံလို့ မထောက်ခံတဲ့သူတွေကို တိုက်ခိုက် မယ်၊ ဝေဖန်မယ် လက်ခံတယ်။ ဒါပေမယ့် ဘာသာ သာသနာကိုတော့ ဘယ်တော့မှ မစော်ကားနဲ့ လို့ ပြတ်ပြတ်သားသား ပြောချင်တယ်။ ဦးမင်းသူဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပါ။ သူတို့ ပြောတဲ့အတိုင်း ပြောရရင် ပြည်ထောင်စုအဆင့်အတန်း ရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီလိုလူတွေက ဒီလိုစော်ကားတာကိုတော့ ကျွန်တော်တို့ အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။ ကျွန်တော်တို့ဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ စည်းရုံးမှုနဲ့ လုပ်နေတာ မဟုတ်ဘူး။ ကိုယ့် အသိစိတ်ဓါတ်နဲ့ကိုယ့်ဘာသာ အိတ်စိုက်ပြီး လုပ်နေကြတာ။ ရှင်းရှင်း ပြောရရင် NLD ပါတီလို ပြည်ပအထောက်အပံ့တွေ၊ ဘာသာခြား အဖွဲ့အစည်းတွေက ငွေကြေးထောက်ပံ့မှုတွေ ရယူဆောင်ရွက်နေတာ မဟုတ်ဘူး။ ဒီတော့ စော်ကားခဲ့တဲ့ စကားတွေအတွက် ဦးမင်းသူ ကိုယ်တိုင် တာဝန်ယူပါ။ ဒီကိစ္စမှာ ဦးမင်းသူ တစ်ယောက်တည်းရဲ့ သဘောထား ဆိုပြီး ကျွန်တော်တို့ လက်ခံထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော NLD နဲ့ရော မပတ်သက်ဘူး လို့ပဲ ကျွန်တော်တို့ ယုံကြည်ထားတယ်။ NLD တာဝန်ရှိသူတွေ အနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး ဒီလိုမျိုး ဘာသာ သာသနာတော်ကို စော်ကားတဲ့ ဦးမင်းသူအတွက် ထိထိ ရောက်ရောက်
ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုတယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်" ဟု မြန်မာအမျိုးသားကွန်ရက် ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။

ဦးမင်းသူသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်မြေ တွင် NLD ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သူ ဖြစ်သည်။

P-389709127
From: OE

အတင်းအဓမ္မလူသစ်စုဆောင်းခံရသော KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြား

Posted by drmyochit Monday, February 24, 2014, under | No comments

ဖေဖော်ဝါရီ ၂၄ ရက် ၂၀၁၄

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မှ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရာ ဆင်ဘိုမြို့နယ်ခွဲအတွင်း၌ လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုများပြားနေကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

`` ကချင်စစ်သားတွေ ထွက်ပြေးနေတာ တောက်လျှောက်ပဲ၊ လွန်ခဲ့တဲ့ သုံးလေးရက်ကစပြီး ဒီမြို့ထဲမှာ ကချင် စစ်သားတွေ အ၀င်အထွက်များနေတယ်၊ ထွက်ပြေးသွားတဲ့ သူတို့ စစ်သားတွေကို လိုက်ပြီး စုံစမ်းနေတယ်လို့ ကြားတယ် ´´ ဟု ဆင်ဘိုမြို့ခံ ဦးလဂွန်နော်က ပြောသည်။

ပန်ဝါနယ်မြေအတွင်း လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များသည် လစာနှင့် ရိက္ခာ မရရှိမှုကြောင့် KIA တပ်ဖွဲ့ဝင် လက်နက်ကိုင်အလုပ်ကို စိတ်ကုန်ကာ အဖွဲ့လိုက် ထွက်ပြေးတိမ်းရှောင်မှုများ ရှိခဲ့ပြီးနောက် ဆက်တိုက် ဆိုသလို ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်မှု ထပ်မံဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

``အချို့က လစာနဲ့ရိက္ခာ မလုံလောက်လို့ ထွက်ပြေးတယ်လို့ ကြားတယ်၊ အခု ထွက်ပြေးတာကတော့ မလုပ်ချင်လို့ ဆိုလား၊ အတင်းအဓမ္မလူသစ်စုခံရတဲ့ လူငယ်တွေလို့ ကြားပါတယ် ´´ ဟု မိုးညှင်းမြို့ခံ တစ်ဦးက ဆိုသည်။

ဟိုပင်မြို့နယ်ခွဲ မြို့ပေါ်ရပ်ကွက်များ၌ နေထိုင်သော ဒေသခံကချင်လူငယ်(၁၀)ဦးခန့်အား မ၀င်မနေရစနစ်ဖြင့် KIA မှ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း၊ KIA အဖွဲ့က လူသစ်သင်တန်းတက်ခိုင်းရာ စိတ်ဝင်းစားမှု မရှိ သဖြင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြကြောင်း၊ KIA မှ ပြန်လည်ဖမ်းဆီးမည်ကို စိုးရိမ်သောကြောင့် ဟိုပင်မြို့သို့ ပြန်မလာတော့ပဲ အခြားမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ယင်းမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

`` လွန်ခဲ့တဲ့ ၂ ရက်လောက်က ဒီမြို့ပေါ်မှာ KIA တပ်ဖွဲ့ဝင်မလုပ်ချင်လို့ ပြန်ပြီးထွက်ပြေးလာကြတယ်လို့တော့ ကြားနေတာပဲ၊ ဒါပေမယ့် KIA ပြန်ဖမ်းမှာကို ကြောက်ပြီး မြို့မှာမနေဘဲ ချက်ချင်းရှောင်နေကြတယ်လို့တော့ သိရတယ်၊ အနည်းဆုံး (၅)ယောက်တော့ရှိတယ်၊ KIA က အတင်းအဓမ္မလူသစ်စုလို့ ပါသွားတဲ့ လူငယ်တွေပဲ ဖြစ်ဖို့ များပါတယ်၊ လစာမရ ရိက္ခာမ၀တဲ့ KIA တပ်ထဲကို ဘယ်သူက ၀င်ချင်မှာလဲ၊ ဒီလိုပဲ ပြေးလာကြဦးမှာပါ´´ ဟု ဟိုပင်မြို့နေ ဦးခွန်သာထူးက ပြောကြားသွားသည်။

KIA မှ ဒေသခံ ကချင်၊ ရှမ်း၊ ဗမာ၊ လီဆူး လူမျိုးများအား အသက်(၁၆)နှစ်နှင့် (၄၀)နှစ်အတွင်း KIA တပ်ဖွဲ့သို့ တာဝန်မထမ်းမနေရစနစ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာမှ KIA သင်တန်းမပေးပီ စိတ်ပါဝင်စားမှုမရှိသဖြင့် ထွက်ပြေးလာသော KIA တပ်ဖွဲ့ဝင်များ ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

အယ်နော်ဆိုင်း
Kachin Daily News

နွားတွေကို လိင်အလွဲသုံးစားပြုလုပ်ခဲ့မှုအတွက် အမေရိကန်လူမျိုးနှစ်ဦး ဖမ်းဆီးခံရ

Posted by drmyochit Monday, February 24, 2014, under | No comments


အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ်၊ Utica မြို့ အနီး Herkimer ရွာက လူနှစ်ယောက်ဟာ နွားတွေကို လိင်အလွဲသုံးစားလုပ်မှုမှာ အပြစ်ရှိကြောင်း စွဲချက်တင်ခံထားရပါတယ်။

Reid Fontaine ဆိုတဲ့သူဟာ တိရိစ္ဆာန်မျိုးစုံနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး၊ အဲလိုကြိုးစားနေပုံကို Michael Jones ဆိုသူ နောက်တစ်ယောက်က ဗီဒီယိုမှတ်တမ်းတင်ထားခဲ့တာပါ။

Herkimer ရွာက လယ်သမားတစ်ယောက်ဟာ သူ့ ရဲ့နွားတွေ ဂနာမငြိမ်ဖြစ်နေပြီး၊ နို့ တွေမထွက်တော့တဲ့ အတွက် CCTV တစ်ခုတပ်ဆင်ပြီး အကြောင်းရင်းစုံစမ်းရင်းနဲ့ အခုလို လိင်အလွဲသုံးစားလုပ်မှုကို ဖမ်းမိခဲ့တာပါ။ လယ်သမားဟာ ဒီအဖြစ်အပျက်ကို CCTV တိပ်ခွေကတဆင့် သိသိချင်းရဲတွေကို အကြောင်းကြားခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် Fontaine ဟာ နွားအများအပြားနဲ့ လိင်ထိတွေ့ ဆက်ဆံဖို့ ကြိုးစားခဲ့ပြီး အသက် ၃၅ နှစ်အရွယ် Jones က Fontaine ရဲ့ လုပ်ရပ်ကို ဗီဒီယိုမှတ်တမ်းတင်ပေးခဲ့တယ်လို့ Newsy သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ နှစ်ယောက်လုံးကို တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှု ပထမအဆင့် နဲ့ အမှုဖွင့်ထားတယ်လို့ Sky News ဌာနက တင်ပြထားပါတယ်။ လောလောဆည်တော့ နှစ်ယောက်လုံးကို ခံဝန်နဲ့ လွှတ်ပေးခဲ့တယ်လို့  သိရှိရပါတယ်။

Ref: mirror

ငယ်ဘ၀ က မုဒိန်းကျင့်ခံရဖူးကြောင်း ကမ္ဘာကျော် အဆိုတော် မက်ဒေါနားဖွင့်ဟ

Posted by drmyochit Monday, February 24, 2014, under | No comments

ဖေဖေါ်ဝါရီ ၂၄ ရက် ၂၀၁၄ ခုနှစ်

သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်း ကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင် ကိုယ်ကျ ဖွင့်ဟ ပြောကြားလိုက်သည်။ နိုဝင်ဘာလ ထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် Pop ဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ် သည် သူမအတွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာ တစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော် ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေး သားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန် လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့ သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်းကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူးတယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထားသည့်တိုင် နယူးယော့ခ်သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်းမှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။

မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေးသားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်းအတွင်း ရေးသားထားသည်။

သူမက နယူးယော့ခ်တွင် အထီးကျန် ဆန်ခဲ့ခြင်းကပင် ဘဝ၏ အောင်မြင်မှု တွန်းအား ဖြစ်လာကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ "ကျွန်မကို လူတော်တော်များများ ကြောင်တောင်တောင်လို့ ထင်ကြတယ်။ ကျွန်မမှာ သူငယ်ချင်း များများစားစားလည်း မရှိဘူး။ ဒါပေမဲ့ အားလုံးဟာ အဆုံးသတ်ချိန်မှာ အကောင်းဘက်ကို ဦးတည်သွားတယ်။ ကိုယ့်မှာ ပုဂ္ဂိုလ်ရေးဘဝ တွယ်ယှက်မှု သိပ်မရှိတဲ့အခါ အနာဂတ်ကို ပိုပြီးတော့ အာရုံစိုက်လို့ ရလာတယ် မဟုတ်လား"ဟု သူမက ထောက်ပြသွားသည်။


By Planet

ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး

Posted by drmyochit Monday, February 24, 2014, under | No comments



ဆန္ဒပြမှုတွေ ​ဆက်တိုက်ဖြစ်နေတဲ့ ​ထိုင်းနိုင်ငံမှာ ​ပြီးခဲ့တဲ့ ​ရက်တွေအတွင်း ​ပေါက်ကွဲမှုတွေ ​ဖြစ်ခဲ့ တဲ့အတွက် ​လူသေဆုံးမှုတွေ ​ဖြစ်ခဲ့ပါတယ်။ 

ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်
အစိုးရကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြသူတွေရှိရာ ​စခန်းနားမှာ ​မနေ့တုန်းက ​လက်ပစ်ဗုံးတစ်လုံး ​ပစ်ပေါက်ခံ ခဲ့ရာက ​ကလေးငယ်တစ်ဦးနဲ့ ​အမျိုးသမီးတစ်ဦး ​သေဆုံးခဲ့ရပါတယ်။ 

အဲဒီနေရာဟာ ​လူသွားလူလာများတဲ့ ​ဆူပါမတ်ကက်နားမှာ ​ဖြစ်တဲ့အတွက် ​အနည်းဆုံး ​လူ ​၂၄ ​ယောက်လောက် ​ဒဏ်ရာရရှိပြီး ​အဲဒီထဲမှာ ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေလည်း ​ပါဝင်ပါတယ်။
စနေနေ့တုန်းကလည်း ​ဘန်ကောက်မြို့နားက ​Trat ​မြို့မှာ ​သေနတ်သမားတစ်ဦးက ​ဆန္ဒပြသူတွေ ကို ​သေနတ်နဲ့ ​ပစ်ခတ်ခဲ့ရာကနေ ​အသက် ​၅ ​နှစ်အရွယ် ​ကလေးမတစ်ဦးသေဆုံးခဲ့ရပြီး ​၃၅ ​ယောက်ကျော် ​ဒဏ်ရာရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ​သောကြာနေ့ကလည်း ​ဘန်ကောက်မြို့တွင်းရှိ ​ဆန္ဒပြစခန်းတစ်ခု ​လက်ပစ်ဗုံးနဲ့ ​ပစ်ပေါက်ခံခဲ့ရာက ​လူ ​၇ ​ဦး ​ဒဏ်ရာရရှိသွားပါတယ်။ 

ဒီလို ​အခြေအနေကြောင့် ​ဘန်ကောက်မြို့မှာ ​စစ်မြေပြင်ကြီးလိုတောင် ​ဖြစ်နေပြီလို့ ​တင်စားခေါ်ဝေါ်နေကြပြီး ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝပ်ကတော့ ​ဒီအကြမ်းဖက်မှုတွေကို ​ရှုံ့ချလိုက်ပါတယ်။ 

ABC Radio Australia

ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပို့ချပေးသောသင်တန်းများအားလက်တွေ့သရုပ်ပြသ

Posted by drmyochit Monday, February 24, 2014, under | No comments



ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ပံ့ပိုးပို့ချပေးသောရဲ တပ်ဖွဲ့ ပြုပြင်ပြောင်း လဲရေးသင်တန်းများ အား လက်တွေ့သရုပ်ပြသပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ပတ္တမြားမြို့သစ်ရှိ ရဲတပ်ရင်း (၈)တွင်ယမန်နေ့နံနက်က ပြုလုပ်ခဲ့ ရာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ရင်းများကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရဘိုနီ၊မြန်မာနိုင်ငံဆိုင်ရာဥရောပ သမဂ္ဂသံအမတ်ကြီး ရိုလန်ကိုဘီ ယာတို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံ တကာတွင် ကျင့်သုံးလျက်ရှိသော အကောင်းဆုံးလုပ်ငန်းဆောင်ရွက် နည်းများအပေါ်အခြေခံသည့် လူစု လူဝေးအား စနစ်တကျထိန်းသိမ်း မှုနည်းလမ်းများအားရဲတပ်ရင်းများ မှ ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့် သင်ကြားပေးမှုများအား ပြသခဲ့ သည်။

ဥရောပသမဂ္ဂမှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပြည်သူဗဟိုပြုရဲ လုပ်ငန်းစဉ်နှင့် လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်းအပိုင်း များအား ၂ဝ၁၃ခုနှစ် စက်တင်ဘာ လမှစတင်ခဲ့ပြီး အင်္ဂလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံစသောဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ အတွေ့အကြုံရှိ ရဲအရာရှိများက ၁၈လစီမံကိန်း ဖြင့် သင်တန်းများပို့ချပေးမည် ဖြစ် ကာ ယင်းအတွက် ယူရိုငွေ ၁ဝ သန်း(ကျပ်ငွေ ၁၃ ဒသမ ၂ ဘီလီ ယံခန့်)ထောက်ပံ့ပေးထားကြောင်း သိရသည်။ သရုပ်ပြပွဲအတွင်း ဒိုင်း လွှားမပါသော တပ်စိတ်နှင့်တပ်စု များ ဖွဲ့စည်းပုံနမူနာပြပုံစံ၊ဒိုင်းလွှား ပါဝင်သည့် တပ်စိတ်နှင့်တပ်စုများ ဖွဲ့စည်းပုံ လက်တွေ့နမူနာပုံစံ၊ အန္တရာယ်နှင့်ရင်ဆိုင်ရချိန်ဒိုင်းလွှား ပါသော ကာကွယ်ရေးနည်းလမ်း များ သရုပ်ပြခြင်း၊ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းဆိုင် ရာနည်းလမ်းများ သင်ကြားပုံတို့ကို ပြသခဲ့သည်။

ဒိုင်းလွှားမပါသော တပ်စိတ်နှင့် တပ်စုများဖွဲ့စည်းပုံ နမူနာပြပုံစံ၏ ရည်ရွယ်ချက်မှာ ရဲတပ်ဖွဲ့ဝင်များအား ကျွမ်းကျင် စွာဖြင့် စနစ်တကျလှုပ်ရှားပြီး လူ ထုအားလမ်းပြရန်၊ ဖိနှိပ်မှုပြုလုပ် စရာမလိုအောင် လူအုပ်စုအရှိန် လျှော့ချရန်၊ လမ်းဝင်ပေါက်များနှင့် အဆောက်အအုံများအား ပိတ်ဆို့ ရန်ဖြစ်သည်။ ဒိုင်းလွှားပါဝင်သည့် တပ်စိတ်နှင့် တပ်စုများဖွဲ့စည်းပုံ လက်တွေ့နမူနာပုံစံ၏ ရည်ရွယ် ချက်မှာ လုအုပ်စုထဲမှ အချို့က ကျောက်ခဲသို့မဟုတ်ပုလင်းများဖြင့် ပစ်ပေါက်မည်ဟု ရဲတပ်ဖွဲ့ကယူဆ ထားသည့် တင်းမာသည့် အခြေ အနေအား သင်ကြားပေးခြင်းဖြစ် သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန် ဒိုင်းလွှားပါသော ကာကွယ်ရေး နည်းလမ်းများ သရုပ်ပြခြင်းတွင် လူအုပ်စုအား အခြားနည်းလမ်း များဖြင့်ဖြေရှင်းရာ၌ မအောင်မြင် ခဲ့ပါက ရဲအရာရှိများ ထိခိုက်ဒဏ် ရာရရှိနိုင်သည့်အန္တရာယ်ကျရောက် ရန်နီးစပ်လာပြီး လုံခြုံရေးအခြေ အနေမှာ အလွန်ဆိုးရွားနေသည့် အခြေအနေဖြစ်ပါက ပိုမိုအပြု သဘောဆောင်သည့် နည်းလမ်း များ အသုံးပြုခြင်းတို့ကိုသင်ကြား ပေးခြင်းဖြစ်သည်။ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်း ဆိုင်ရာနည်းလမ်းများကို ပူးပေါင်း ဆောင်ရွက်လိုခြင်းမရှိသည့် လူအုပ် စုနှင့် တပ်ဖွဲ့ဝင်များတွေ့ဆုံရင်ဆိုင် ရသည့် အခြေအနေမျိုး ဥပမာ- အဆောက်အအုံ၊ လမ်းနှင့်အခြား နေရာများ၏ ဝင်ပေါက်များအား ပိတ်ဆို့ခြင်းအတွက် လေ့ကျင့်ပေး ခြင်းဖြစ်ကာ သင်တန်းသားရဲတပ် ဖွဲ့ဝင်များနှင့်အတူ အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်တို့က လက်တွေ့ ပဋိ ပက္ခပုံစံဖြင့်လေ့ကျင့်သရုပ်ပြသခဲ့ ကြသည်။ အဆိုပါသရုပ်ပြကွက် များကို ရဲတပ်ဖွဲ့ဝင်များက တစ် ဖက်၊ ဆန္ဒပြသူအသွင် ရဲတပ်ဖွဲ့ ဝင်များကတစ်ဖက်ဖြင့် လက်တွေ့ သရုပ်ဖော်ပြသခဲ့ကြသည်။ ယင်း သို့ လက်တွေ့သရုပ်ပြကွက်မှာ ပထမဆုံးဖြစ်ပြီး Community Polisiam ၏ အစိတ်အပိုင်းတစ်ရပ် ဟုပြောသည်။

The Union Daily

မြုံနေတဲ့ ယောင်္ကျားလေးများ ကလေးရနည်း

Posted by drmyochit Monday, February 24, 2014, under | No comments


Monday, February 24, 2014

စုံတွဲများ ၏ ခန့်မှန်းခြေ ၁၅ ရာခိုင်နှုန်း ခန့်ဟာ မြုံနေကြ ပါတယ်။ မြုံခြင်း (Infertility) ဆိုတာ ကတော့ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီးကြာ တဲ့အထိ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပုံမှန်ပြုလုပ်နေပါလျက်နှင့် ကလေးမရခြင်းကိုခေါ်ပါတယ်။ အမျိုး သားများ သန္ဓေမအောင်နိုင်ရခြင်း အ ကြောင်းရင်းတွေကတော့ သုက်ပိုး ထုတ်လုပ်မှု နည်းပါးခြင်း၊ သုက်ပိုး ရွေးလျားမှုမရှိခြင်း၊ သုက်ပိုးသွားသည့် လမ်းကြောင်း ပိတ်ဆို့ခြင်း၊ မကျန်း မာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နာတာ ရှည် ကျန်းမာရေးပြဿနာများ၊ လူနေမှုဘဝဟန်ပန်နှင့် အခြားအချက် အလက်များ ပါဝင်ပါတယ်။ သန္ဓေအောင်ဖို့ဆိုရင် အမျိုးသား များဟာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုး ကို ထုတ်လုပ်ရပါမယ်။ အဲဒီသုက်ပိုး ဟာ အမျိုးသမီးရဲ့ သားဥဆီကိုရောက် အောင် ရွေ့လျားနိုင်ရမှာဖြစ်ပြီး သားဥကို ထိုးဖောက်ကာ စွဲကပ်နိုင်ရ ပါမယ်။

အဲဒီလိုဖြစ်ဖို့ဆိုရင်-ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုး ရှိရမယ်
ဝှေးစေ့နှစ်လုံးအနက် အနည်းဆုံး တစ်လုံးဟာ ကောင်းမွန်ရမှာဖြစ်ပြီး တက်စတိုစတီရုန်း ဟော်မုန်းနှင့် သုက် ပိုးထုတ်လုပ်မှုကို ကူညီပေးသော ဟော်မုန်းများ ညီညွတ်မျှတရပါမယ်။ ဝှေးစေ့က ထုတ်လုပ်ပေးတဲ့ သုက်ပိုး ဟာ သုက်ရည်ရှိတဲ့နေရာကိုြွပန်က လေးတွေက ပို့ဆောင်ပေးနိုင်ရပါမယ်။ သုက်ရည်နဲ့ သုက်ပိုးကို ပြင်ပမှာ စွန့်ထုတ်နိုင်ရပါမယ်။ သုက်ရည်ထဲမှာ လုံလောက်တဲ့ သုက်ပိုးကောင်ရေ ပါဝင်ရပါမယ်။ သုက်ပိုးတွေရဲ့ ပုံသဏ္ဌာန် မှန်ရမှာဖြစ်ပြီး မှန်ကန်သော လားရာ အတိုင်း ရွေ့လျားနိုင်ရပါမယ်။

ဆေးဘက်ဆိုင်ရာ အကြောင်းရင်းများ

သန္ဓေမအောင်ခြင်း (မြုံခြင်း) ဖြစ်ပွားနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေကတော့-

- ဝှေးစေ့ကို ထောက်ပံ့ပေးသော သွေးပြန်ကြောရောင်ရမ်းခြင်း၊ ထုံးခြင်း
- ကူးစက်ရောဂါပိုး ဝင်ခြင်းကြောင့် သုက်ပိုးထုတ်လုပ်မှုနှင့် သန်စွမ်းမှုကို လျော့ကျစေခြင်း၊ သုက်ပိုးပို့ဆောင် သည့်ြွပန်များနှင့် အင်္ဂါများ ရောင်ရမ်း ခြင်းကြောင့် ပိတ်ဆို့ခြင်း ဥပမာလိင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါများ (STDS) ဖြစ်သည့် ကာလာမိုင်းဒီးယား၊ ဂနိုရောဂါပိုးများ။

- သုက်ပိုး ဆီးအိမ်ထဲသို့ဝင်ရောက် ခြင်း (Rretrograde Ejaculation) Orgasm ရရှိချိန်တွင် သုက်ရည်နှင့် သုက်ပိုးကို ပြင်ပသို့ မစွန့်ထုတ်ဘဲ ဆီးအိမ်ထဲသို့ရောက်ရှိသွားခြင်း၊ ၄င်းမှာ ဆီးချိုသွေးချိုရောဂါ၊ Multiple Sclerosis ၊ ကျောရိုးမကြီး ထိခိုက် ဒဏ်ရာရခြင်း၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီြးွပန်တို့တွင် ခွဲစိတ်ကုသမှုပြုလုပ် ဖူးခြင်း စတဲ့အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပါတယ်။ဒါ့အပြင် ဆီးကျိတ်ကြီးရင် သောက်ရတဲ့ ဆေးဝါး အချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

- သုက်မစွန့်ထုတ်နိုင်ခြင်း အချို့အမျိုးသားတွေဟာ ခါးရိုး အာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ကြောင့်၊ ဒါမှမဟုတ် အချို့သော ရောဂါတွေကြောင့် သုက်ပိုးထုတ်လုပ် ပေမယ့် သုက်ရည်မထုတ်လုပ်နိုင် သည့်အတွက် အပြင်ကို မစွန့်ထုတ် နိုင် (Ejaculate) မလုပ်နိုင်ကြဘူး။

- အချို့အမျိုးသားတွေမှာ ခန္ဓာ ကိုယ်ခုခံအားစနစ်က မှားယွင်းပြီး မိမိရဲ့ ကိုယ်ပိုင်သုက်ပိုးကို ရန်သူ ထင်ကာ တိုက်ထုတ်ဖျက်ဆီးပစ် ပါတယ်။
- အလုံးအကျိတ်များ (Tumors) ကင်ဆာနှင့် ကင်ဆာမဟုတ် သော အကျိတ်များဟာ အမျိုးသား မျိုးပွားအင်္ဂါစနစ် အစိတ်အပိုင်းတွေကို ဖိနှိပ်မိခဲ့ရင် ဒါမှမဟုတ် မျိုးပွားခြင်းနဲ့ ဆက်စပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဂလင်း (Glands) တွေကို ဖိနှိပ်မိခဲ့ရင် မြုံနိုင်ပါတယ်။

- ဝှေးစေ့ဟာ ကပ္ပယ်အိတ်ထဲကို မဆင်းဘဲ ဝမ်းဗိုက်ထဲမှာပဲ ရှိနေရင်၊ တက်စတိုစတီရုန်းနဲ့ အခြား ဟော်မုန်း အချို့ မျှခြေမညီညွတ်ရင်၊ သုက်ြွပန် မှာ ချို့ယွင်းချက်ရှိရင်၊ ခရိုမိုဆုမ်း ချို့ယွင်းချက် (မျိုးဗီဇဆိုင်ရာ) ရှိရင် (X- Chromosome တစ်ခုနှင့် Y-Chromosome တစ်ခု ရှိရမည့် အစား X- Chromosome နှစ်ခုနှင့် Y-Chromosome တစ်ခုရှိသူ အမျိုး သားဖြစ်ခဲ့ရင်)၊ ပန်းသေပန်းညှိုး အပါ အဝင် လိင်ဆက်ဆံမှု ပြဿနာများ၊ Coeliac Disease ဆိုသည့် Glutin ကို မချေဖျက်နိုင်တဲ့ အစာမကြေ ရောဂါ၊ အချို့သောဆေးဝါးများ (စတီး ရွိုက်ဆေး ကြာရှည်သုံးစွဲခြင်း၊ ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှု၊ အချို့သော ပဋိဇီဝဆေးများ)၊ ပတ်ဝန်း ကျင်ဆိုင်ရာ အချက်အလက်များ (ဥပမာ-အပူ၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများ နှင့် ရေရှည်ထိတွေ့မှု)၊ ပိုးသတ်ဆေး များ (Ethylene Dibromate, Organophosphates များဟာ သန္ဓေ မအောင်ခြင်း အပြင် ဝှေးစေ့ကင်ဆာ ကိုပါ ဖြစ်စေနိုင်ပါတယ်) Heavy Metals များနှင့် ထိတွေ့မှုများ၊ ဓာတ်ရောင်ခြည်များ သို့မဟုတ် Xrays နှင့် ထိတွေ့ခြင်း၊ ဝှေးစေ့အပူ ချိန်မြင့်မားခြင်း (ကျပ်ပြီးလှောင်ပိတ် ကာ ပူလောင်သော အတွင်းခံဝတ် ဆင်ခြင်း)၊ စက်ဘီးအကြာကြီးစီးခြင်း (ဝှေးစေ့ကို အပူချိန်မြင့်တက်စေခြင်း၊ စက်ဘီးထိုင်ခုံကြောင့် မျိုးစေ့ဖိအား သက်ရောက်စေခြင်း)စသည်တို့ကြောင့် လည်း သန္ဓေမအောင်နိုင်ဘဲ ဖြစ်တတ် ပါတယ်။

နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ အကြောင်းရင်းများ

ကိုကင်း၊ ဆေးခြောက်၊ Anabolic Steroids များ စသည့် တားမြစ်ဆေးဝါးများသုံးစွဲခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဗီတာမင် C၊ ဆယ်လီနီယံ၊ ဇင့်နှင့် ဖောလိတ် အစရှိသော ဗီတာမင်များ ချို့တဲ့ခြင်း၊ ကိုယ်အလေးချိန် (အဝလွန်ခြင်း၊ အပိန် လွန်ခြင်း)၊ အသက်အရွယ် (အသက် ၃၅ နှစ်နောက်ပိုင်းမှ စတင်ပြီး သန္ဓေ အောင်နိုင်မှု တဖြည်းဖြည်း ကျဆင်း လာပါတယ်)။

စမ်းသပ်မှုများ

မြုံနေလို့ ဆရာဝန်နှင့် ပြသတဲ့ အခါ မြုံခြင်းဖြစ်ပေါ်စေတဲ့ နောက် ကွယ်က အကြောင်းရင်းကို ရှာဖွေပြီး ကုသမှာဖြစ်တယ်။ အထွေထွေစစ် ဆေးခြင်းများ၊ သုက်ပိုးစစ်ဆေးခြင်း များ၊ ဝှေးစေ့ အာလ်ထရာဆောင်း ရိုက်ခြင်း စတာတွေ ပြုလုပ်ပေးနိုင်တယ်။ အမျိုးသားနှင့်အတူ အမျိုးသမီးကိုပါ စုံတွဲလိုက် ကုသမှုနှင့် အကြံပေးမှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကုသမှုတွေ ထဲမှာ- ခွဲစိတ်ကုသခြင်း၊ ကူးစက် ရောဂါပိုးအား ကုသခြင်း၊ လိင်ဆက်ဆံ မှု ပြဿနာများကို ကုသခြင်း၊ ဟော် မုန်းညီမျှအောင်ကုသခြင်း၊ HIV ကဲ့သို့ သုက်ပိုးကို ခန္ဓာကိုယ်ထဲမှ ထုတ်ယူပြီး ပြင်ပတွင် သန္ဓေအောင်စေသော နည်းများ ပါဝင်နိုင်တယ်။

အိမ်မှာတင်ပြုလုပ်နိုင်သော အရာများ

- ရက် အရေအတွက်တိုးမြင့်ပါ
တစ်လအတွင်းမှာ လိင်ဆက်ဆံတဲ့ ရက်အရေအတွက် တိုးမြှင့်ပါ။ ဒါပေမယ့် ၄၈ နာရီအတွင်း အကြိမ် ကြိမ် သုက်စွန့်ထုတ်ရင်တော့ သုက်ပိုး ကောင်ရေ နည်းပါးနိုင်တယ်။

- သန္ဓေအောင်ခြင်းဖြစ်နိုင်တဲ့ ရက်မှာ လိင်ဆက်ဆံပါ

အမျိုးသမီးရဲ့ ဓမ္မတာရာသီလာ တဲ့ စက်ဝန်းရဲ့အလယ် သားဥြွေက တဲ့အချိန်မှာ ကိုယ်ဝန်ရနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သားဥ မြွေကခင် ၂ ရက်အလိုမှာ လိင်ဆက် ဆံရင် သုက်ပိုးဟာ ရက်အတော်ကြာ အသက်ရှင်နိုင်တဲ့အတွက် သားဥကြွေ ဆင်းလာတဲ့အချိန်မှာ သန္ဓေအောင်ဖို့ အခွင့်အလမ်း သေချာသလောက်ပဲ လို့ ဆိုပါတယ်။

-ချောဆီ အသုံးမပြုပါနှင့်

လိင်ဆက်ဆံမှု ချောမွေ့ဖို့ Lubricants များ၊ လိုးရှင်းများ၊ တံတွေး စသည်တို့ အသုံးပြုခြင်းဟာ သုက်ပိုးကောင်ရဲ့ ရွေ့လျားမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

-ဖြည့်စွက် အားဆေးများ

ဗီတာမင် C၊ ဇင့်၊ ဆယ်လီနီယံ၊ ဗီတာမင် E၊ ဗီတာမင် B12 ၊ အာရှ ဂျင်ဆင်း စသည်တို့ဟာ သုက်ပိုးရဲ့ အရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တဲ့ အာနိသင်အချို့ရှိပါ တယ်။ L-arginine နဲ L- carnitine ပါဝင်တဲ့ ဖြည့်စွက်အားဆေး အချို့ လည်း ပါဝင်ပါတယ်။
ကုသမှုများ မအောင်မြင်တဲ့အခါ
အမျိုးသားများ မြုံခြင်းကို ကုသမှုများ ရရှိနိုင်တယ်ဆိုပေမယ့် မအောင် မြင်တဲ့အခါမျိုးလည်း ကြုံတွေ့လာရ နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သုက်ပိုး အလှူရှင်ထံမှ သုက်ပိုးရယူခြင်း၊ ကလေးမွေးစားခြင်း တို့ဖြင့် ဖြေရှင်းလေ့ရှိပါတယ်။

myanmaalinn

Sunday, February 23, 2014

ဆယ်တန်းကျောင်းသားနဲ့အိပ်တဲ့ဆရာမအတွက် ဆိုင်းငံ့ထောင်ဒဏ် ဆယ်နှစ်

Posted by drmyochit Sunday, February 23, 2014, under | No comments



ဆယ်တန်းကျောင်းသားတဦးနဲ့ အတူအိပ်မိတဲ့ ကျောင်းဆရာမ ဆိုင်းငံ့ထောင်ဒဏ် ဆယ်နှစ် နဲ့ ငွေဒဏ် ဒေါ်လာငါးထောင် ချမှတ်ခံလိုက်ရပါတယ်။ 

အမေရိကန်နိုင်ငံ Houston မြို့ အထက်တန်းကျောင်းတခုမှာ ဖြစ်ခဲ့တာပါ။
Nikki Scherwitz လို့ ခေါ်တဲ့ ဆရာမ အသက်က ၂၅။
ဆယ်တန်းကျောင်းသားက အသက် ၁၆။

ကျောင်းသားလေးနဲ့ လွန်ကျူးမိတဲ့ ဆရာမငယ်ငယ်သတင်းက အွန်လိုင်းမှာရော ပြင်ပမှာပါ မှတ်ချက်အမျိုးမျိုးနဲ့ ဆူညံနေပါတော့တယ်။

ဒီလိုဖြစ်ရပ်မျိုး မြန်မာပြည်မှာ ဖြစ်ခဲ့မယ် ဆိုရင် အမှုက ရုံးတို့ ဘာတို့ ရောက်သွားတတ်သလား၊ ဘယ်လို အဆုံးသတ်သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေတဲ့အတွက် ဧရာဝတီဘလော့မှာ ဖော်ပြဖို့ အနည်းငယ် ဘာသာပြန် ဖော်ပြလိုက်ပါတယ်။

ပြဿနာတွေတက်အပြီး ဆရာမက အဲဒီကျောင်းသားရဲ့ မိဘတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို တောင်းပန်စာ ရေးခဲ့ပါတယ် -
ကျောင်းသားတယောက်နဲ့ဖြစ်ခဲ့မိတာတွေအတွက် ကျမ တောင်းပန်ပါတယ်။ ဘယ်တော့မှ မကျော်ဖြတ်သင့်တဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းကို ကျမ ကျော်ဖြတ်ခဲ့တာပါ။ ကျမ စိတ်မကောင်းပါဘူး လို့ တောင်းပန်စာမှာ တွေ့ရပါလိမ့်မယ်။

အသက်မပြည့်သေးသူတယောက်နဲ့ ကျူးလွန်မိတယ်ဆိုရင် အဲဒီအပြုအမူက ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။
ကျူးလွန်မှုက နှစ်ဦးသဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ဥပဒေနဲ့ ငြိစွန်းပါတယ် တဲ့။

အသက်မပြည့်သေးသူက ကျောင်းသူ ဖြစ်နေတယ် ဆိုရင်တော့ အဲဒီကျောင်းသူအတွက် ဝိုင်းပြီး စိတ်မကောင်းဖြစ်တတ်ကြပါတယ်။

အခုလိုဖြစ်ရပ် - အသက်မပြည့်သေးသူက ကျောင်းသား ဖြစ်နေတဲ့အတွက် - ဒီကျောင်းသား ကံကောင်းလေခြင်း လို့ သုံးသပ်သူက သူတို့ဆီမှာ အများအပြားပါပဲ။

ဒီအမှုမှာ အသက်မပြည့်သူက အမျိုးသမီး၊ ပြည့်ပြီးသူက အမျိုးသား ဆိုရင် ထောင်ဒဏ် ၂၅ နှစ် ကျလိမ့်မယ်လို့လည်း တချို့က ဝေဖန်ကြပါတယ်။ ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ပြစ်ဒဏ် အတူတူ ဖြစ်သင့်တယ် လို့ ဆိုပါတယ်။

ဒီအမှုမှာ သူ့ကို ဆိုင်းငံ့ထောင်ဒဏ်ပေးခဲ့ခြင်းက အမှုစစ်ဆေးတဲ့ဖြစ်စဉ်အတွင်း သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မှားယွင်းကြောင်း တောင်းပန်မှုတို့အတွက်ကြောင့် ပြစ်ဒဏ်က သက်သက်သာသာ ဖြစ်ခဲ့တာပါ တဲ့။ ပြီးတော့ အဲဒီ Texas ပြည်နယ်ရဲ့ ဥပဒေအရ အသက် ၁၇ နှစ် ကျော်ရင် အဲဒီအမှုက ကြီးစရာ အကြောင်း မရှိပါဘူး။ ဆယ်တန်းကျောင်းသားအသက်ကလည်း ၁၇ နှစ် ပြည့်တော့မယ် လို့ ဆိုပါတယ်။

ဆိုင်းငံ့ထောင်ဒဏ် ဆိုတော့ ဆယ်နှစ်အတွင်း ကောင်းကောင်းမွန်မွန်နေထိုင်မယ် ဆိုရင် ဒီအမှုနဲ့ ပတ်သက်ပြီး ထောင်ထဲ ၀င်စရာ မလိုဘူး ဆိုတဲ့ သဘော ဖြစ်ပါလိမ့်မယ်။

လောလောဆယ်တော့ သူ အထက်တန်းကျောင်းမှာ စာသင်ကြားခြင်းအလုပ်ကို လုပ်ကိုင်ခွင့် မရတော့ပါဘူး။

အခုတော့ အမေရိကန်မီဒီယာတွေမှာ ဒီသတင်းက ဟော့ဖြစ်နေပါပြီ။

ကျောင်းသားနဲ့လိင်ဆက်ဆံတဲ့တက္ကဆက်ဆရာမ အပြစ်ရှိကြောင်း ထွက်ဆို
၁၆ နှစ်အရွယ်ကျောင်းသားနဲ့အိပ်မိလို့ ဆရာမ 'ဝမ်းနည်း'
ကျောင်းသားနဲ့လိင်ဆက်ဆံတဲ့ဆရာမ 'ဝမ်းနည်းကြောင်း' စာပို့
ကောင်လေးနဲ့လိင်ဆက်ဆံတဲ့ဆရာမ ထောင်ချမခံရ
စသဖြင့် စသဖြင့် ခေါင်းစည်းတွေတပ်ပြီး ရေးနေကြတာ တွေ့ရပါတယ်။

Credit To : Irrawaddy Blog

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်