Wednesday, October 16, 2013

ဆီနီဂေါနည်းပြဟောင်း ဘရူနိုမတ်ဆု ကင်ဆာရောဂါဖြင့် ကွယ်လွန်

Posted by drmyochit Wednesday, October 16, 2013, under | No comments


ဆီနီဂေါနည်းပြဟောင်း ဘရူနိုမတ်ဆုမှာ အူမကြီး ကင်ဆာရောဂါကြောင့် အင်္ဂါနေ့ နံနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း

သိရသည်။ မတ်ဆုမှာ ပြီးခဲ့သည့် ဇူလိုင်လကတည်းက အူမကြီး ကင်ဆာရောဂါ ခံစားနေရသည်ဟု အတည်ပြုခဲ့ပြီး ၎င်း၏မွေးရပ်မြေ ကောက်ကာ့ခ်ျရှိ
ဆေးရုံတစ်ခုတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

(၂၀၀၂)ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မတ်ဆု၏ ဆီနီဂေါအသင်းမှာ ပြင်သစ်၊ ဆွီဒင်စသည့် အင်အားကြီး အသင်းများကို အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့်အပြင် (၂၀၀၂) အာဖရိကနိုင်ငံများ ဖလားတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိခဲ့ပြီး အဆိုပါအောင်မြင်မှုများကြောင့် မတ်ဆုမှာ နာမည်ကျော် နည်းပြတစ်ဦးဖြစ်လာခဲ့သည်။ ထို့အပြင် မတ်ဆုသည် အရှေ့အလယ်ပိုင်း
ဒေသအသင်းများနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်ပြီး (၅၉)နှစ် အရွယ်တွင် ကွယ်လွန်သွား ခဲ့ခြင်းဖြစ်သည်။

LIVING TOGETHER ကိစ္စနှင့် SINGAPORE ကိစ္စ နောက်ဆက်တွဲများ

Posted by drmyochit Wednesday, October 16, 2013, under | No comments


အလွန်ပင်ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင်အပြောအဆို၊ အပြုအမူတို့ များတွင်ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။

အရှက်သိက္ခာ နှင့်နာမည်ဂုဏ်သတင်းတို့ တွင်အသက်ထက်တန်ဖိုးထားမြတ်နိုးကြသည်။
ယခု၂၁ ရာ သစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေး နှင့် မိသားစု စားဝတ်နေရေးပြေ လည်စေရန် အတွက် ဖခင် နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစားရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ထို့သို့ မိဘများသည် သားသမီးများ ပညာရေး နှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ်ရုန်းကန်ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်းများနှင့်အပြင်ထွက်လည်ပတ်၊အများနည်းသူ Shopping တွေထွက်ကြ၊အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊အသောက်စားတတ်သူများကလည်း အသောက်စားများနှင့် ကလပ်များတက်ကြ။ ကျုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့်မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။သားသမီးများကတော့ သူတို့ မိဘ၏ရင်တွင်းအပူမီးများကို နားလည်လိမ့်မည်မဟုတ်ပေ။ထိုသို့ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်းသင်းနေကြခြင်းပါပဲ။လက်ထပ်ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိကဆိုလိုပါသည်။


ယနေ့ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့်မိန်းကလေးတူတူနေထိုင်သောအခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုး နှင့် ထိုးဆေးများလည်း နိုင်ငံတကာမှထုတ်လုပ်ထားတာတွေရှိပါသည်.။သို့သော် ထိုဆေးများသုံးစွဲ၇ခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက်ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်းပင်ဖြစ်ပါသည်။မိမိတို့ လူမှူပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့ ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း၊ကိုယ်ဝန်ရရှိခြင်း၊အရှက်ကြောင့်မိမိကိုယ်ကိုသတ်သေခြင်း။ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများထွက်လာခြင်း။တကိုယ်လုံးဖောယောင်ခြင်း။ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများရရှိခြင်း နှင့် အခြားအခြားသောရောဂါနှင့်ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ဆေးထိုးခြင်းကြောင့်ဖြစ်ပါသည်။


ယနေ့ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာပျော်ပါးခွင့်နေရာများ
အမြောက်အများရှိပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင်လင်မယားများကဲ့သို တူတူအိပ် နေထိုင်လျှက်ရှိကြပါသည်။ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာပေါ်ပေါက်နေသောကြောင့် လူငယ်များကျုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင်စိတ်များတဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။လူပျိုအပျိုများကလည်း စိတ်ဆန္ဒကိုအကောင်ထည်ဖော်လိုကြသလို ၊ အိမ်ထောင်ရှင်များကလည်း မိမိ ဇနီသည်/ခင်ပွန်းနှင့်ဝေးကွာသောအခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှုဖောက်ပြန်ကြတာလည်း အတော်ပင်များပါသည်။ထိုကဲ့ သို့ကိစ္စများသည် ပြည်တွင်း နှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ်လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက်ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့်ဇတ်လမ်းတွဲများကို လွပ်လပ်စွာဝယ်ယူကြည့်ရှုနေကြပါပြီ။(မြန်မာနိုင်ငံမှာဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကိုတွေ့ ရှိရပါမည်။)


ထို့ အပြင် နိုင်ငံခြားတိုင်းပြည်များရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြပေးပါမည်။
ယခု ၂၀၁၂ အထိပညာရှင်များ၏ပြောကြားချက်အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင်နှစ်တွေများထက်ပိုမိုလွန်ကဲစွာများပြားလာသည်ကို ထောက်ပြဖော်ပြပြောကြားထားကြပါသည်။
ဥပမာ နိုင်ငံခြားတွင်ပညာသင်နေကြသော ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်လုပ်ကိုင်နေထိုင်ကြသူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက်လိင်ကိုသာ ဦးစားပေးစဉ်းစားပြီးအချိန်ကုန်ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုးမဟုတ်ပါ။အမြင်နှင့် အကဲခေတ်လျှင်လုံးဝအသိသာ ဖြစ်နိုင်ပါသည်။
ဥပမာတခုကိုကြည့်ပါ… မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်းတစ်စုတွင် ,, ‘ အေးလှိုင် နင်ဒီနေ့ ငါတို့ နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ‘ ဟုခေါ်လျှင် တုန့် ပြန်မည်စကားသည်…..’ ဆော၇ီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် “ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ ” စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ကျုအချက်တခုသည် သာဓက တချက်ဖြစ်သည်။


ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုများ


စင်ကာပူနိုင်ငံအကြောင်း
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုသည် လူမှုကျင့်ဝတ်များကို ဖောက်ဖျက်နေထိုင်လျှင်ရှိကြပါသည်။အလားတူစွာပင် အဝေးေ၇ာက်မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ပြိုင်ဆိုင် ၊မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာလူမျိုးအချင်းချင်း မတူမတန်စွာဆက်ဆံနေကြခြင်း၊ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေးဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြားထားပြီး ပြသနာများရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲပြသနာ၊ လိင်မှုကိစ္စ ကြောင့် မိသားစုသားသမီးများကိုလမ်းခွဲ၇ခြင်းများသည် စင်ကာပူရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ်တကွဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။
ထိုကိစ္စများထဲမှာ အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိကဖော်ပြပေးပါမည်။


စင်ကာပူသို့ မြန်မာလူမျိုးအများစုသည် နေ့စဉ်ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။လက်ရှိအလုပ်ကိုင်နှင့်နေထိုင်သူများ။စင်ကာပူနိုင်ငံသားခံယူထားသူများဆိုပြီးအမြောက်များရှိပါသည်။
ထို့ သို့စင်ကာပူသို့ ရောက်ရှိလာသူများထဲတွင်
ကျောင်းသားကျောင်းသူများ သည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြားပညာသင်ယူကြလျှက်ရှိသည်။ထိုသူများသည် စင်ကာပူသို့ရောက်ရှိလာပြီး လပိုင်းအနည်းငယ်အတွင်းမှာ ချစ်သူများကိုယ်စိရှာကြသည်။ချစ်သူများကိုလည်းအပြိုင်အဆိုင်ထားကြသလို့ မိမိချစ်သူဟုတွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေး နှင့် သောကြာနေ့များတွင် Night Club (student entry free of charge= just present student ID)တက်ရောက်ကြလျှက်ရှိကြပြီး ကလပ်မှမူးပြီးပြန်
လာကြလျှင် Living Together နေထိုင်ကြခြင်း ။အဖွဲ့ လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့်ပျော်ပါးတတ်ကြပါသည်။ နောက်ဆက်တွဲဇတ်လမ်းများကတော့ ကိုယ်ဝန် နှင့် မြန်မာပြည်သို့ပြန်သွားရခြင်း ၊ အချို့ မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်း နှင့်မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာမိန်းကလေးများသတင်းသည် ဆေးရုံဆေးခန်းနယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။(မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေထူနိုင်ပါလိမ့်မည်။စင်ကာပူနိုင်ငံသည် ငွေပေးတိုင်း စာရင်းဖျောက်မရသောကြောင့်မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများစာရင်းနှင့် Computer System Record ထဲတွင်မုချရှိနေပါသည်)။ကျောင်းသားကျောင်းသူများသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည် ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံ ပြီး အခန်းဌားရမ်းထားကြပါသည်။


အလုပ်သမားများနှင့်ချစ်သူများစင်ကာပူတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက်လိင်များဖြင့် တူတူ နေထိုင်လျှက်ရှိကြပါသည်။အိမ်ထောင်ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက်ဝေးကွာနေသောကြောင့် အပျော်သဘောနှင့် ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသောလည်း အချိန်ကာလကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အေ၇းမပါတော့ပေ။လစဉ်လည်း မိသားစုအတွက်ငွေမလွှဲနိုင် ပစ္စည်းများမပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ်အမြဲထောက်နေကြသော်လည်း ထိုသူတို့အတွက် အတွဲအဖော်များရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်းထောက်ပံ့ခြင်းများမပြုနိုင်တော့ သဖြင့် မိမိ ကို ကျွေးမွေးခဲ့ပြီး သားသမီးနိုင်ငံခြားရောက်ရန် ပေါင်ရန်း ရောင်းချပေးလိုက်ရသည့် ထိုမိဘများဘ၀မှ အလွန်ပင်သနားဖို့ကောင်းလှပါသည်။အမျိုးသားများကလည်းအပျော်သဘော နှင့် ဆိုသလိုအချောင်ရလျှင်ရသလို အပျော် ရမ္မက်အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့
စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့်ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက်အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့်ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများအတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများပျော်မြူးပျော်ရွှင်စွာ


နေထိုင်လျှက်ရှိကြသည်။မိမိ သည်သူတပါးထံမှအချောင်လိုချင်သဖြင့် မိမိဘ၀ကိုရင်းခြင်းမပြုလုပ်ကြပဲ မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူပူအမျှနေထိုင်ခြင်းသည်
မိမိ၏စိတ်အားတကယ့်ပျော်ရွှင်ချမ်းမြေ့သာယာမှုအနှစ်သာယာအစစ်ကိုရရှိပါလိမ့်မည်။မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏တရားတော်အဆိုအမိန့်များတွင်ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံ များတွင်လည်းပါရှိပါလိမ့်မည်။


ထို့ အပြင် ယနေ့ခေတ်သည် အွန်လိုင်းသည်လည်းအင်မတန် တိုးတက် နေသောကြောင့် Facebook။Twitter နှင့် Gtalk ၊ VZO ။ Skype နှင့် Pfingo တို့ ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မ များကို အွန်လိုင်းမှ ရှာဖွေပြီး
ချစ်သူများပြုလုပ်ကာ အပြင်မှာချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သောလုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများ အတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီးနာမည်ကျော်ကြားနေပါသည်။ ရည်းစားလက်ရှိ ရှိနေကြသောသူများကလည်း နောက်ထပ်ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မှာရှာဖွေကြသည်။ နောက်ထပ်တွေ့ သောသူသည် အပြောလည်းကောင်းပြီး ရာထူး နှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကိုခွာပြီးနောက်တစ်ယောက်ထံသို့လိုက်သွားလေ့ရှိသည်မှာလည်း အစဉ်အလာတခုကဲ့သို့ဖြစ်ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့်အွန်လိုင်းတွင်သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင်မသိရှိခဲ့ပေ။ထိုမျှပိရိစွာလိမ်လည်တက်သောသူ အားနိုင်ငံခြားသွားရန် အတွက်ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက်လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့အဖြေမှန်ပေါ်ပေါက်ပြီးနောင်တရခဲ့လျှင် ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ် ကို သတိပြန်ရကြည့်ပါ။


ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင်နားလည်သဘောပေါက်ထားသင့်ပါသည်။မိမိသည် မိမိအ၇မ်းအယုံလွယ်ပါက သူငယ်ချင်းများမိတ်မဖွဲ့ပါနှင့်။သို့မဟုတ်ပါက မိကောင်းဖခင်သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာရမ္မက်မုဆိုးများ၏ ပြောဆိုကောင်းမှုအောက်တွင့် မေ့မျောသွားပါလိမ့်မည်။ ထိုသို့မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါမိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့.။


လူသားအားလုံး မိမိ၏အပြုအမူအနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင်သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့်ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊နှုတ်၊စိတ် ထိုသုံးပါးအား အစဉ်အမြဲ သတိဖြင့် မိမိ
ဦးနှောက်ဖြင့်ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့်အနာဂတ်ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ကြင်ယာဖက်အစစ်မှန်များလည်းတွေ့ ရှိနိုင်ကြပါစေလို့ဆုတောင်းရင်း ဖြင့်…………..။


From : SMT
Original Link

ဖြူးမြို့ ဒုတိယအကြိမ် ခေါင်းဖြတ် တရားခံ(၂)ဦး ဖမ်းဆီးရမိ

Posted by drmyochit Wednesday, October 16, 2013, under | No comments



ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူးကျေးရွာတွင် (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှု တရားခံအား ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now က သတင်းရရှိပါတယ်။

ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်း၏ လမ်းညွှန်မှု၊ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနှင့် အထူးအမှုစစ်အဖွဲ့၏ စုံစမ်းစစ်ဆေး
ဖော်ထုတ်ချက်အရ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

တရားခံများ ဖြစ်ကြသော သန်းထွန်းဦး(ခ) သံချောင်း(ခ) သံလုံး(၂၆)နှစ်၊ (ဘ)ဦးတင်ဦး၊ ဗမာ ဗုဒ္ဓ၊ ကျဘမ်း၊ လှေကားထောင်မြောင်း၊ ရေးထိုး ကျေးရွာအုပ်စု၊ ဖြူးမြို့နယ် နေသူနှင့် ရဲညွှန့်(ခ)ဖထီး(၅၃)နှစ်၊ (ဘ)ဦးသန်း၊ ဗမာဗုဒ္ဓ၊ကျဘမ်း၊ ထန်းလျှက်ကုန်းရွာ၊ ပျဉ်းကတိုးကျေးရွာ အုပ်စု ဖြူးမြို့နေသူ(၂)ဦးအား စစ်ဆေးခဲ့ရာ ၄င်းတို့(၂)ဦးသည် သေဆုံးသူ ဦးဇော်မင်းနှင့်အတူ အခင်းဖြစ် တဲတွင် အရက်အတူတူသောက် စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။

တရားခံတဦးဖြစ်တဲ့ သန်းထွန်းဦးမှ ဦးဇော်မင်းအား ၀ါးရင်းတုတ် ဖြင့် ရိုက်သတ် လိုက်သည်ကို ရွာထဲမှ ထမင်းချိုင့်ယူ၍ တဲသို့ ပြန်လာသော သေဆုံးသူ၏ဇနီး ဒေါ်တင်ရွှေတွေ့မြင်သွားသဖြင့် နှုတ်ပိတ်ရန် သန်းထွန်းဦး မှဒေါ်တင်ရွှေအား ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ရာ ရဲညွှန့ှ်သည် ဒေါ်တင်ရွှေ မသေမှာကို စိုးရိမ်၍ တဲရှိဓါးဖြင့် ထပ်မံထိုးသတ်ခဲ့ပါတယ်။

သန်းထွန်းဦးမှလည်း ဦးဇော်မင်း၏လည်ပင်းအား ဖြတ်၍ ၄င်းတွင်အသင့်ပါလာသော လွယ်အိတ်ထဲသို့ထည့်ပြီး ခေါင်းအား တောလမ်းတွင် စွန့်ပစ်ခဲ့သည်ကို ထွက်ဆိုခဲ့သဖြင့် သေဆုံးသူ ဦးဇော်မင်း၏ခေါင်းအား ခင်တန်းကြီးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေသော်လည်း မတွေ့ရှိရတော့ကြောင်းနှင့် အမြန်တရား စွဲတင်ပို့ရန် ဆောင်ရွက်လျှက်ရှိကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။

ကိုသန့် ဇင်
by Thit Htoo lwin

အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများ စာမေးပွဲ ဖြေရန်အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေ တားဆေးနှင့် ကွန်ဒုံးများ အရောင်း သွက်နေ

Posted by drmyochit Wednesday, October 16, 2013, under | No comments


မုံရွာမြို့ အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရန်ကြရန်အတွက် ရောက်ရှိနေချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးတွေ အများဆုံးရောင်း ချရမှုမှာ အများဆုံး ဖြစ်ကြောင်း ဆေး အရောင်းဆိုင်ကြီးတစ်ဆိုင်မှာ အရောင်းစာရေးတစ်ဦးမှ သလ္လာဝတီ တိုင်းမ်ကိုပြောကြားခဲ့ပါသည်။

"ဆိုင်ကို ၀င်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကိုလာတယ် နယ်က လာတာဆိုတော့ ရှက်ကိုး ရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသားကတော့ ရဲတယ် ခပ်တည်တည်ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။

ဝယ်များတာကတော့ အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးကိုပို ပြီးဝယ်ယူကြတာများကြပါတယ်။
တစ်ခါတစ်လေ ကျောင်းသူရော ကျောင်းသားပါ အတူတူလာဝယ်ကြတာတွေ ရှိတယ်။ အဲဒီလို စုံတွဲလာပြီ ဆိုရင်တော့ ပဋိသန္ဓေ တားဆေးကို ၀ယ်ယူတာများတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးကို ပိုပြီးဝယ်ယူ ကြတာ များပြားပါတယ်။" လို့ မုံရွာမြို့ ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောကြားခဲ့ ပါတယ်။

ThanLarWaddy Times
Maukkha Education Magazine.

စန္ဒီ ၁၅၀၀ ကွယ်လွန်

Posted by drmyochit Wednesday, October 16, 2013, under | No comments



R.I. P

အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။

စန္ဒီရဲ့မိခင်က´´
သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွား
ုပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို
သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမ
ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါ
တယ်။စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ ။

Sunday Journal

အများအနှောင့်အယှက်ဖြစ်စေသဖြင့် မက်ဒေါနားကို ရုပ်ရှင်ရုံ ဝင်ခွင့်ပိတ်ပင်

Posted by drmyochit Wednesday, October 16, 2013, under | No comments


အများ အနှောင့်အယှက် ဖြစ်လောက်သည့် အပြုအမူ တစ်ရပ်ကြောင့် မက်ဒေါနားကို ရုပ်ရှင်ရုံ လုပ်ငန်းကြီး တစ်ခုက ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ Popဂီတ ကြယ်ပွင့် အဆိုတော်သည် 12 Years A Slave ရုပ်ရှင်ဇာတ်ကားကို သွားရောက် ကြည့်ရှုခဲ့ပြီး ရုပ်ရှင်ရုံထဲတွင် တောက်လျှောက် Text Message ပေးပို့နေခဲ့ကြောင်း သတင်းများက ဆိုသည်။ နယူးယော့ခ် ရုပ်ရှင်ပွဲတော်တွင် ပြသသော ယင်းဇာတ်ကားကိုလေးနက်နက် ကြည့်ရှုခံစားနေသူများ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သောကြောင့် ရုပ်ရှင်ရုံ တာဝန်ရှိသူများက မက်ဒေါနားကို Text Message ပေးပို့မှု မပြုလုပ်ပါရန် ပန်ကြားခဲ့သော်လည်း Material Girl အဆိုတော်က အလေးမထားခဲ့ဟု ဆိုသည်။

ထို့ကြောင့်လည်း Alamo Drafthouse ရုပ်ရှင်ရုံ လုပ်ငန်းစုက ယင်းတို့၏ ရုပ်ရှင်ရုံများသို့ မက်ဒေါနားအား ဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်လိုက်ပြီဖြစ်သည်။ 

ယင်းတားမြစ်မှုသည် သူမက ပြန်လည် မတောင်းပန်မချင်း သက်ရောက်နေမည်ဟု သိရှိရသည်။ Salon Filmမှ ရုပ်ရှင် ဝေဖန်ရေးသမား ချားလ်စ်တေလာက "အနက်ရောင် ဇာပန်းလက်အိတ်နဲ့ ဆန်းကျယ်တဲ့ အမျိုးသမီး တစ်ယောက်ဟာ ရုပ်ရှင်ကို ကောင်းကောင်းမကြည့်ဘဲ ဇာတ်ကား တစ်ဝက်လောက်ထိ သူ့ရဲ့ Blackberry ဖုန်းကနေ Messageပို့ရင်း အလုပ်ရှုပ်နေခဲ့တယ်။ 

အဲဒီတော့ သူ့နောက်နားက အမျိုးသမီးတစ်ယောက်က ပခုံးကိုလက်နဲ့တို့ပြီး ဖုန်းကိုသိမ်းထားပါလို့ မေတ္တာ ရပ်ခံခဲ့တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက ဒါက အလုပ်လုပ်နေတာလို့ ပြန်ဖြေတယ်။ ကျွန်တော်ကတော့ အဲဒီ အမျိုးသမီးကို သူ့လုပ်ပုံကိုင်ပုံက ဘယ်လောက်တောင် ရှက်စရာဖြစ်နေသလဲဆိုတာကို ပြောပြလိုက်ချင် တယ်"ဟု ၎င်း၏ Blogတွင် ဝေဖန် ရေးသားခဲ့သည်။ 

မက်ဒေါနားသည် ရုပ်ရှင်ရုံမှ ပြန်အထွက်တွင် ဒါရိုက်တာ စတိဗ်မက်ကွင်းနှင့် တွေ့ဆုံကာ ၎င်း၏ ဖန်တီးမှု လက်ရာကို ချီးကျူးနေခဲ့သေးသည်။ ရုပ်ရှင်ရုံဘက်မှ ပိတ်ပင်မှုနှင့်ပတ်သက်ပြီး မက်ဒေါနား၏ ကိုယ်စား လှယ်က တစ်စုံတစ်ရာ မှတ်ချက် မပေးသေးဟုလည်း သိရှိရသည်။

Planet Myanmar Network

Android ဖုန်းမဟုတ်သော်လည်း Android app သုံးနိုင်မည့် Jolla စမတ်ဖုန်း

Posted by drmyochit Wednesday, October 16, 2013, under | No comments


Android, iOS, Blackberry, Windows Phone 8 တို့လောက်ပဲ မိုဘိုင်း OS လောကမှာ ရှိနေတာ ဟုတ်ပါဘူး။ Ubantu OS ကလည်း Mobile ထဲ ဝင်လာသလို နောက်ထပ် Platfom တစ်ခု ဝင်လာပါတယ်။ 
Linux ကိုပဲ အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းဖုန်း OS တစ်မျိုး ဖြစ်ပြီး သူ့ကို Sailfish လို့ အမည်ပေး ထားပါတယ်။

ဖင်လန်နိုင်ငံအခြေဆိုက်Jolla အမည်ရ ကုမ္မဏီက ဖုန်းရော၊ စမတ်ဖုန်းပါ တွဲထုတ်ခြင်း ဖြစ်ပါတယ်။ ဖုန်းကိုလည်း Jolla လို့ပဲ အမည်ပေး ထးပါတယ်။ Nokia တို့ တစ်ချိန်တုန်းက Windows Phone OS ကို မထုတ်ခင် ဖန်တီးခဲ့ဖူးတဲ့ MeeGo OS ကိုမှ် ပိုထူးခြားသွာစေတာမျိုးလောက်ပဲ နည်းပညာသမားတို့ ဝေဖန် ထားပါတယ်။ Sailfish က Android လိုပဲ Open Source ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက Developer Commuity များကို Welcome လုပ်ထားခြင်း ဖြစ်ပါတယ်။ အဓိက ထူးခြားချက်ကတော့ လက်ရှိ Android OS platform က Application များကိုလည်း ရောနှော အသုံးပြုနိုင်မှုပါ။ ဒီတစ်ချက်ကြောင့် Android OS မှ Sailfish ကို Migrate လုပ်ဖို့ User တွေဝန်လေးတော့မှာ မဟုတ်ပါဘူး။

OS ပြီးတော့ ကင်မရာကတော့ ပထမဆုံး အလုံးမို့ Specification သိပ်အမြင့်နဲ့ ထုတ်မထားပါဘူး။ ၄.၅ လက်မ 960x540 resolution မျက်နှာပြင်ကို အသုံးပြုပြီး Processor က Dual-core Qualcomm Snapdragon 1.4 GHz ဖြစ်ပြီး RAM က 1GB ထဲပါ။ Storage က 16 GB ရှိပြီး MicrosoSD ကဒ်ထည့်နိုင် ပါသေးတယ်။ ကင်မရာက 8 megapixel Autofus ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး ရှေ့ မှာလည်း 2MP ပါဝင်ပါသေးတယ်။ Jolla ဖုန်းတစ်လုံးဈေးနှုန်းက ဗြိတိန်ပေါင် ၃၃၇ ပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၄၀ ဒေါ်လာ ဝန်းကျင်ရှိပြီး မြန်မာကျပ် ၅ သိန်းဝန်းကျင်ပါ။ ဒီတော့ ဈေးအရ အနည်းငယ်များတဲ့ အနေ အထားတော့ ရှိပါတယ်။

Sailfish OS ပါဝင်တဲ့ Jolla စမတ်ဖုန်းများကို ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:mashable

" စမ်းတော့လည်း ကြမ်းပြလေတဲ့ အိမ်"

Posted by drmyochit Wednesday, October 16, 2013, under | No comments


တက္ကသိုလ်ကျောင်းတော်သားဘ၀မှာ ပထမနှစ်မှာတင် အဆောင်သုံးဆောင်ပြောင်းခဲ့ရပါတယ်။ အကြောင်းရင်းကတော့ အဆောင်ရှင်တွေနဲ့ မတည့်လို့ပါပဲ။ ဒုတိယနှစ်အရောက်မှာတော့ အဆောင်နေဖို့ မကြိုးစားတော့ပဲ လုံးချင်းအိမ်လေးတလုံးငှားနေဖို့ဆုံးဖြတ်ပြီး အိမ်အရှာထွက်ရင်းက လုံးချင်းတိုက်လေး တလုံးငှားဖြစ်သွားရောဆိုပါတော့။ ငှားဖြစ်သွားတယ်ဆိုပေမယ့် သာမန်ထက်ထူးခြားတာလေးတခုတော့ ကြုံလိုက်ရပါတယ်။ တချို့ တချို့သော အိမ်ရှင်တွေလို ဒီအိမ်က စီးပွားတက်တယ်၊ လာဘ်ကောင်းတယ် အစရှိတဲ့ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောတတ်ကြတဲ့ အိမ်ရှင်တွေရဲ့ ကိုယ့်အိမ်ကို ချီးမွမ်းထောပနာ သံမျိုးမကြားရပဲ " ဒီအိမ်မှာ အစောင့်အရှောက်ရှိတယ်။ မဟုတ်တာ မကောင်းတာ လုပ်တာကိုမပြောနဲ့.. ပေါက်တတ်ကရတွေ ပြောဆိုလို့တောင် မရဘူးနော် " လို့ အိမ်ရှင်အိမ်ငှား စာချုပ်မချုပ်ခင်မှာ အသေအချာ မှာလိုက်ခြင်းပါပဲ။ 

သူငယ်ချင်းတယောက်ရဲ့ အကိုဖြစ်သူက ဒီအိမ်လေးအကြောင်းကို တစွန်းတစပြောသွားတာလေးကလည်း အားရစရာပါ။
" မင်းတို့ခု ငှားလိုက်တဲ့ အိမ်က အရင်တုန်းက မိန်းကလေးအဆောင်ကွ၊ တရက်တော့ အဆောင်က ကောင်မလေးတွေ အားလုံး ရုပ်ရှင်သွားကြည့်ကြတယ်။ သူတို့ထဲက တယောက်ကတော့ နေမကောင်းလို့လား ဘာလို့လဲမသိပါဘူး မလိုက်သွားပဲ ကျန်နေခဲ့ရော...။ သူ့သူငယ်ချင်းတွေ အကုန်လုံး အပြင် ထွက်သွားပြီး တော်တော်ကြာတော့ အိမ်ထဲကနေ အော်ဟစ်ပြီး ထွက်ပြေးလာတာကို ငါတို့ ရပ်ကွက်ထဲက လူတွေ တော်တော်များများ တွေ့လိုက်ကြတယ်။
ဖြစ်ပုံက သူတယောက်တည်း အိမ်မှာကျန်နေခဲ့တုန်း ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးကြီးတယောက် သူ့ရှေ့ တည့်တည့်မှာ ရုတ်တရက်ပေါ်လာတာကို မြင်လိုက်ရလို့ ကြောင်အားလန့်အားနဲ့ အိမ်ထဲကနေ ပြေးထွက်လာတာတဲ့ကွ.....။ အိမ်ပြင်ရောက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ ဂယောင်ဂတမ်းတွေ ပြောပြီးအော်ဟစ်နေလို့ ပတ်ဝန်းကျင်က ခေါ်ထားလိုက်ရတယ်။ နောက်နေ့မနက်မိုးလင်းတော့ အဲ့ကောင်မလေး ရူးကြောင်ကြောင်ဖြစ်နေပြီ...။ ကျောင်းတောင်မှ ပြီးအောင်ဆက်မတက်လိုက်ရပဲ သူ့အိမ်က ပြန်လာခေါ်သွားရတယ်တဲ့။ နောက်လေးငါးခြောက်လလောက်ရှိမှ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကျောင်းပြန် တက်နိုင်တာ မင်းတို့လည်း အဲ့ဒီအိမ်မှာနေမယ်ဆိုရင် အနေအထိုင်တော့ ဆင်ခြင်နော်" တဲ့။ " သြော်... ဟုတ်ကဲ့ " လို့ပဲ သူ့စကားကို တုံ့ပြန်ပြီး စိတ်ထဲမှာ အမှုမဲ့အမှတ်မဲ့ ထားလိုက်ပါတယ်။
ကိုယ့်စိတ်တိုင်းကျနေလို့ရအောင်ဆိုပြီး ငှားဖြစ်လိုက်တဲ့ဒီအိမ်လေးမှာ ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းလေးယောက်ရယ်၊ ကျွန်တော့်သူငယ်ချင်းတယောက်ရဲ့ ညီဝမ်းကွဲနဲ့ သူ့အပေါင်းအသင်းသုံးယောက်ရယ် စုစုပေါင်းရှစ်ယောက်တိတိ နေဖြစ်ခဲ့ကြပါတယ်။ အိမ်လေးက ခပ်သေးသေး ဆိုပေမယ့် ခြံဝင်းကတော့ အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိတော့ အားကစားလေ့ ကျင့်ခန်းတွေဘာတွေ လုပ်ရတာလည်း အဆင်ပြေသလို ကျွန်တော်တို့အိမ်နဲ့ မလှမ်းကမ်းမှာလည်း ကျောင်းသူတွေသီးသန့်နေတဲ့ အဆောင်တွေကလည်းရှိပြန်တော့ နေရထိုင်ရတာ အတော်လေး စိုစိုပြေပြေရှိတယ် ဆိုပါစို့။ အဆောင်နေကျောင်းသားမဟုတ်တော့ပဲ အပြင်မှာငှားနေခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက် အဖြစ်နဲ့ ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းတော်သားလေးယောက်က ညဆိုရင် ယမကာလေး မှီဝဲသုံးဆောင်ပြီးမှ ပြန်လာတတ်ကြပါတော့တယ်။ ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ဒိုင်ဗင်ထိုးပြီး အိပ်လိုက်ကြတာ များပါတယ်။ ပထမနှစ်ကျောင်းသားတွေကတော့ ကျောင်းကို စရောက်ခါစမို့ အပေါင်း အသင်းလည်း သိပ်မရှိသေးလို့ထင်ပါရဲ့။ ဟိုဟိုဒီဒီ သွားတာလာတာမျိုးသိပ်မတွေ့ရပဲ အိမ်မှာပဲနေတတ် ကြပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အကြီးလေးယောက်က အပြင်ဆိုင်တွေမှာပဲ ဝမ်းရေးကို ဖြေရှင်း တတ်ကြပေမယ့် သူတို့ကတော့ အဆောင်မှာပဲ ထမင်းဟင်းချက်စားကြတယ်လေ။ ကျွန်တော်တို့ ချာရာဏသီရွှေပြည်ကြီးရဲ့ လျှပ်စစ်မီးဆိုတာက အများသိတော်မူကြတဲ့အတိုင်း ညကြီးအချိန်မတော် (၂)ချက် တီးလောက်မှပဲ မီးအားကကောင်းတတ်တာဆိုတော့ အဲ့ဒီအချိန်လေးချက်မှ ထမင်းကောင်းကောင်း ရတယ်ဆိုပြီး သူတို့တွေခမျာ အဲ့ဒီအချိန်ကျမှ ဒုက္ခခံ၊ အိပ်ပျက်ခံပြီး အလှည့်ကျစနစ်နဲ့ ထမင်းထချက်ကြပါတယ်။

ဒီလိုနဲ့ သူတို့လေးယောက် ထမင်းဟင်းထချက်ကြတာ ပထမလမှာတော့ ဘာအသံဗလံမှမကြားရပဲ ပုံမှန် အတိုင်းပါပဲ။
တရက်တော့ဖိုးကျော်ဆိုတဲ့ ကောင်လေးအလှည့်ရောက်လာတယ်။ သူထမင်းထချက်နေတုန်း မီးဖိုခန်း တံခါးကို လာခေါက်ပါလေရော။ စဉ်းစားကြည့်လေ အချိန်မတော်ကြီးတယောက်တည်း ရှိနေတုန်းမှာ တံခါးခေါက်သံကြားလိုက်ရတော့ တော်တန်ရုံသတ္တိကောင်းပါတယ်ဆိုရင်တောင်မှ အနည်းနဲ့အများတော့ လန့်သွားမှာပဲမဟုတ်လား။ တခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သုံးလေးခေါက်လောက် တံခါးလာခေါက်နေတော့ သူလည်း အိပ်နေတဲ့လူတွေအကုန်လုံးကို လာနှိုးပါလေရော။ အိမ်ကို ဓါးပြများလာတိုက်သလားဆိုပြီး ထကြည့်ကြတော့လည်း ဘာမှမတွေ့ရပါဘူး။ ထကြည့်ကြတဲ့အထဲမှာ ကျွန်တော်တော့မပါလိုက်ပါဘူး။ အမူးလွန်ပြီး အိပ်ပျော်နေလို့ မနက်ကျမှ သူတို့ပြန်ပြောလို့ သိရတာ။

နောက်နေ့မှာတော့ မောင်ကောင်းအလှည့်ရောက်လာပြန်ပါတယ်။ သူ့ကိုလည်း ဖိုးကျော်တုန်းကလိုပဲ တံခါးလာခေါက်ပြန်ပါတယ်။ ဒါနဲ့ပဲ ထမင်းချက်ရင် နှစ်ယောက်တွဲစနစ်နဲ့ ချက်တဲ့အခြေအနေကို ရောက်သွားတော့တာပဲ။ ဖိုးကျော်နဲ့ ဇေယျက တတွဲ၊ မောင်ကောင်းနဲ့ နောက်တယောက်က တတွဲဆိုပြီး သူတို့အချင်းချင်း စားတော်ကဲ အချိန်ဇယားနဲ့ ချက်ကြတာပါ။ မောင်ကောင်းတို့အတွဲ အလှည့်ကျရင် ဘာမှ မထူးခြားပေမယ့် ဖိုးကျော်တို့အတွဲအလှည့်ကျပဟေ့ဆိုရင် ပြဿနာက ဝင်လာပြီ။ ဖိုးကျော်တို့ အတွဲ ထမင်းချက်တဲ့ အချိန်မှာ အရိပ်မည်းမည်းတခုက မတ်တပ်ရပ်နေတာကို ဆန်ဆေးနေတဲ့ ဖိုးကျော်က မမြင်ပဲ ဇေယျက အရင်ဆုံးစမြင်ပါတယ်။ ဇေယျက " ဖိုးကျော် ... မင်းနားမှာ ဘာကြီးလဲ " ဆိုပြီးမေးတော့ ဖိုးကျော်ဆေးလက်စ ဆန်တွေထည့်ထားတဲ့ အိုးကို ပစ်ချပြီး ဇေယျနားကို ပြေးလာတော့တာပါပဲ။ ဇေယျ ခမျာလည်း ကြောက်လန့်ပြီးဖိုးကျော်နဲ့အတူတူ အော်ဟစ်ပြီး အိပ်နေတဲ့လူတွေကို လိုက်နှိုးတော့တာပဲဗျို့။ ဒီတခေါက်တော့ ကျွန်တော်လည်း နိုးပါတယ်။ သူတို့ကို ဖျောင့်ဖျနှစ်သိမ့်ပြီး ပြန်အိပ်ကြပါတယ်။ မနက် မိုးလင်းတော့ ပထမနှစ်ကောင်လေးတွေက ကျွန်တော်တို့ကို အဆောင်ပြောင်းနေဖို့ လာပြောကြ ပါလေရော။ ဘယ်လိုမှကို ချော့ပြောလည်းမရ၊ ညှိလို့လည်းမရတော့ဘူး။ သူတို့လေးယောက်မရှိတော့ရင် ကျွန်တော်တို့ လေးယောက်တည်းနဲ့ အိမ်လခပေးရမယ်ဆိုလည်း တွက်ချေမကိုက်တော့တာမို့ သူတို့ကို နည်းအမျိုးမျိုးနဲ့ စည်းရုံးရေးဆင်းပေမယ့် မရရေးချ မရတော့ဘူးဗျာ။ " မင်းတို့ စိတ်ချောက်ချားလို့နေမှာ ပါကွ " ဆိုပြီး ဘာဘာညာညာတွေကို အကြာကြီးဝိုင်းပြောကြပေမယ့် သူတို့ ပြောလိုက်တဲ့ စကားတခွန်း တည်းကြောင့် ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ စည်းရုံးရေးကို လက်မြှောက်အရှုံးပေးလိုက် ရပါတော့တယ်။ အဲ့ဒါကတော့ ဒီအိမ်မှာရှိတဲ့ ရေစက်က ဘယ်သူမှမဖွင့်ပါပဲနဲ့ သဘောကောင်းလွန်စွာနဲ့ အလိုလိုနေရင်းနဲ့ ခဏခဏ သူ့အလိုလို ပွင့်ပြီးမောင်းနေတတ်တဲ့ အချက်ပါ။ တခါတလေဆိုရင် နေ့ခင်းနေ့လည်ပိုင်းတွေမှာလည်း ရေစက်က အော်တိုငုတ်တုတ် ထလည်ရင် လည်နေတတ်ပါသေးတယ်။ ဘယ်သူတဦးတယောက်မှ မဖွင့်ပဲနဲ့ မီးမပျက်မချင်းလည်နေလိုက်တာများ တခါတုန်းကဆိုရင် ရေတွေ ခြံထဲအထိတောင် ရောက်နေတာကို ကြုံခဲ့ဖူးပါရဲ့။ အဲ့လို ခဏခဏကြုံရ လွန်းအားကြီးလို့ ရေစက်ခလုတ်နားမှာတောင် "အိပ်ခါနီးရေစက်ပိတ်ရန်" လို့ စာရေးပြီး ကပ်ထား ရတယ်ဗျာ။ ကျွန်တော်တို့အားလုံး သတိထားပြီး ခလုပ်ကိုပိတ်ကြပေမယ့် မနက်မိုးလင်းလာရင် ရေစက်ကို ဖွင့်လျက်သားနဲ့ တွေ့ရတတ်ပါတယ်။ အိမ်မပြောင်းဖို့ ဆွယ်တရားဟောနေတဲ့ ကျွန်တော်တို့ကို ဘာမှဆက် မပြောနိုင်တော့အောင် သူတို့လေးယောက်မေးခွန်းထုတ်လိုက်ပုံကတော့ "အကိုတို့ပြောသလို သရဲမခြောက် ဘူးပဲ ထားပါတော့၊ ဒါဆိုရင် အကိုတို့ ရေစက်ကြီးအလိုလို ပွင့်မလာစေရဘူးလို့ အာမခံနိုင်မလား..?? အစ်ကိုတို့ အဲ့ဒီတချက်ကို အာမခံနိုင်မယ်ဆိုရင် ကျွန်တော်တို့လေးယောက် ဒီအိမ်မှာ အကိုတို့နဲ့ အတူတူ ဆက်နေမယ်" တဲ့။ အဲ့ဒီတော့မှ ခက်ကုန်တော့တာ။ ညှိနှိုင်းလို့ ဘယ်နည်းမှမရတော့တဲ့ အဆုံးမှာတော့ သူတို့လေးယောက်လည်း ကျွန်တော်တို့အိမ်ကနေ တခြားအဆောင်တခုကို ပြောင်းသွားကြပါတော့တယ်။
နာက်လေးရက်ြေ

သူတို့ပြောင်းသွားပြီးနောက်မှာတော့ ကျန်ရစ်သူကျွန်တော်တို့လေးယောက်အလှည့်ကို ရောက်လာ ပါလေရောဗျို့။ တနေ့တော့ ကျွန်တော်နဲ့ ကျွန်တော်သူ့ငယ်ချင်းတယောက် ညဆယ့်တစ်နာရီ ထိုးလောက်မှ အဆောင်ကို ပြန်လာကြတယ်။
ကျန်တဲ့နှစ်ယောက်ကတော့ ပြန်မရောက်သေးပဲ ဘယ်အဆောင်ရှေ့မှာသွားပြီး မူးမူးနဲ့ ဂစ်တာတီးနေ ကြတယ်မသိဘူး။ ကျွန်တော်တို့နှစ်ယောက် ခြံရှေ့ရောက်လို့ ခြံတံခါးသော့ကိုဖွင့်နေတုန်းမှာ အိမ်နောက်ကို လူရိပ်နှစ်ခုပြေးဝင်သွားတာကို ကျွန်တော်ရော၊ ကျွန်တော်နဲ့အတူတူပြန်လာတဲ့သူငယ်ချင်းပါ မြင်လိုက်ကြရတယ်။ ဘာများပါလိမ့်ဆိုပြီး အထိတ်တလန့်နဲ့ ကျွန်တော်တို့ဆိုင်ကယ်တွေတောင် ခြံထဲ မသွင်းပဲ ချက်ချင်းကို အဲ့ဒီအရိပ်နှစ်ခုပြေးဝင်သွားရာနောက်ကို အတင်းပြေးလိုက်သွားကြရော။ ခဏခဏ ရန်ဖြစ်တတ်လွန်းတဲ့ ကျွန်တော်တို့လေးယောက်မှာ ဘေးကင်းရန်ကာအနေနဲ့ သံတုတ်တွေကို လက်လှမ်း မီရာနေရာမှာ ထားတတ်တဲ့ အကျင့်ကရှိနေတော့ ထားနေကျနေရာက သံတုတ်တွေ ကပျာကယာဆွဲပြီး လိုက်သွားကြတာ အိမ်နောက်ကိုရောက်တော့ ဘာအရိပ်အယောင်မှ မတွေ့ရဘူး။ ကျွန်တော်တို့ခြံဝင်း ထဲမှာက မှောင်ရိပ်ခိုပြီး ပုန်းစရာ၊ ခိုစရာနေရာလည်း သိပ်မရှိပဲနဲ့ ခုလိုဖြစ်တော့ နည်းနည်းတော့ မထူးဆန်းပေဘူးလားဗျာ။ ဒါနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် တယောက်ကို တယောက်ကြည့်ပြီး ခြံဝ ကိုပြန်ထွက်၊ ဆိုင်ကယ်တွေလည်း ခြံထဲကို မသွင်းတော့ပဲ အပြင်ကို ပြန်ထွက်လာခဲ့ကြပါတော့တယ်။ မှန်ရာကို မရှက်စတမ်းဝန်ခံရရင်တော့ ကြောက်လို့ပါ။ အဲ့ဒီညက ကျွန်တော်တို့နှစ်ယောက် သူများ အဆောင်မှာပဲ သွားအိပ်လိုက်ကြပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ အိမ်ကိုပြန်လာပြီး အိပ်ကြပေမယ့် သူတို့နှစ်ယောက်ကတော့ ဘာမှ မဖြစ်လိုက်ကြပါဘူး။

လည်း အဲ့လိုပဲ ဟိုနားသည်နားကနေ အရိပ်အယောင်ပြတာမျိုး၊ အသံဗလံပေးတာမျိုးနဲ့ ခြောက်တာ လှန့်တာကို ခံရပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အရမ်းကြီး ကြောက်လန့်ရလောက်အောင်တော့ မကြုံခဲ့ရပါဘူး။ စာသင်နှစ်ဝက်လေးလပြီးချိန်မှာတော့ လေးယောက်တည်းနဲ့ အဲ့ဒီအိမ်ငှားခကို ပေးနေရတာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်လာတာကတကြောင်း၊ အုပ်ထိန်းမယ့်သူမရှိတဲ့ ကျွန်တော်တို့တတွေ မကြာမကြာ ရန်ပွဲတွေနွှဲရတာများလာတာကလည်း တကြောင်း၊ အိမ်လုံးချင်းငှားနေတဲ့ ကျွန်တော်တို့ဆီကို သူငယ်ချင်းတွေ အကြောင်းအရာမျိုးစုံနဲ့ လာလာပြီးနှိပ်စက်တဲ့ ဒဏ်ကိုမခံနိုင်ကြတော့တာလည်းတကြောင်း အဲ့လိုအကြောင်းသုံးပါးကြောင့် နောက်နှစ်ဝက်မှာ အိမ်ပြန်အပ်မယ်လို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြ ပါတော့တယ်။
နောက်ပိုင်းမှာ

ကျွန်တော်တို့လေးယောက်သား အိမ်ပြန်အပ်ဖို့ စီစဉ်နေတုန်းမှာ ကံဆိုးချင်တဲ့ မောင်ရှင်တအုပ်စုပေါ်လာ ပါရော။ ကျွန်တော်တို့နဲ့မေဂျာတူသူငယ်ချင်းတယောက်က အဆောင်လုံးချင်းငှားနေချင်လို့ ရှိရင်လက်တို့ စမ်းပါလို့ ပြောထားတာကို သွားသတိရတော့ ကျွန်တော့်တို့လည်းသူ့ကို ကျွန်တော်တို့နေနေတဲ့အိမ်ကို ဆက်ငှားချင် ငှားလို့ ပြောလိုက်တယ်။ အိမ်နဲ့ပတ်သက်ပြီးတော့ အခြောက်အလှန့်ရှိတယ်ဆိုတာကိုလည်း ကြိုကြိုတင်တင်ပြောဖြစ်လိုက်ပါသေး။ သူကလည်း ကိစ္စမရှိဘူး ရတယ်ဆိုပြီးတော့ နောက်နှစ်ဝက်မှာ အဲ့ဒီအိမ်ကို သူဆက်ငှားလိုက်ပါတယ်။ ပထမတစ်လမှာတော့ အေးအေးဆေးဆေးပါပဲ။နောက်ပိုင်းတော့ သူတို့လူစုထဲက တယောက်ကို ခြောက်တယ်လို့ ကြားရပါတယ်။ ဘယ်လိုဘယ်ပုံခြောက်တယ်ဆိုတာတော့ ကျွန်တော်လည်း အသေအချာမသိပါ။ သရဲခြောက်ခံရတယ်ဆိုတဲ့ကောင်ပြောတာကိုလည်း ကျန်တဲ့ လူတွေက သိပ်ပြီးအရေးလုပ်ပုံမရပါဘူး။ ကျွန်တော်တို့နေတုန်းကထက် သူတို့က အင်အားတောင့်တော့ လည်း သိပ်မကြောက်ကြတာလည်း ဖြစ်မှာပေါ့လေ။ တညမှာတော့ သူတို့တွေထဲက နှစ်ယောက်က အဲ့ဒီအိမ်ရဲ့ ဧည့်ခန်းမှာ အရက်ထိုင်သောက်နေကြတယ်။ နောက်တယောက်ကတော့ အိပ်ခန်းထဲမှာ စာအုပ် ဖတ်နေတယ်တဲ့။ သောက်ရင်းနဲ့ ည (၁၀) နာရီကျော်လောက်ရောက်လာတော့ အရှိန်လေးကလည်း ကောင်းလာရောဆိုပါတော့။ အဲ့ဒီမှာ အရက်သောက်နေရင်းနဲ့ ပေါက်တတ်ကရတွေလျှောက်ပြောမိလာ ကြတော့တာပဲ။ " ဒီအဆောင်က သရဲခြောက်တယ်ပြောတယ်၊ တို့ကိုကြတော့ ဘာမှလည်း မခြောက်ဘူး။ ရှိရင်ထွက်ခဲ့ အရိုးကျွေးမယ်" ဆိုပြီးတော့ သူတို့စားပြီးသား ကြက်ရိုးကို အိမ်ပေါက်ဝဘက်ကို လှမ်းပစ်လိုက် တယ်တဲ့ ခင်ဗျ။ သူတို့စကားဆက်ပြောနေကြတုန်းမှာပဲ ခဏလောက်နေတော့ ထမီရင်လျားနဲ့ အမျိုးသမီး တယောက် သူတို့အိမ်ပေါက်ဝမှာ သူတို့ကို ကျောခိုင်းပြီး မတ်တပ်ရပ်ပြပါတယ်။ သူတို့ စိတ်ထဲဇဝေဇဝေနဲ့ အရက်မူးနေလို့ ထင်ရောင်ထင်မှားဖြစ်လေသလား ဆိုတဲ့ အတွေးနဲ့ နောက်တကြိမ်သေချာအောင် ထပ်စမ်းမယ်ဆိုပြီးတော့ ထပ်ပြောလိုက်ပါတယ် " ခုတစ်ခါ အသားပါကျွေးမယ်လာခဲ့" ဆိုပြီးတော့ ဖိတ်ခေါ်လိုက်တော့ ဘာပြောကောင်းမလဲလေ။ တကယ်လာ ပါတယ်။ အဟုတ်လာပါတယ်။ ခုတစ်ခါတော့ နောက်ဖေးအပေါက်ဝမှာ တော်တော်ကြာအောင် မတ်တပ် ရပ်ပြ နေတာပါ။ ဟိုနှစ်ယောက်လဲ ကြောက်ပြီး အခန်းထဲက တစ်ယောက်ကို အော်ပြောပြီး ပြေးကြပါတယ်။ အခန်းထဲက တစ်ယောက်က အခန်းပြင် ထွက်လာပြီး အပေါက်ဝက မိန်းမကိုထပ်မြင်ပြီး ထပ်ပြေးရပါတယ်။ သူတို့ အဆောင်တူ သူငယ်ခြင်းတွေ ရှိတဲ့ လ္ဘက်ရည်ဆိုင်ထိ ထွက်ပြေးကြပါတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်ပြောပြပြီး အဆောင်သား ၁၀ယောက်ကျော်ဟာ အဲဒီည အဆောင်ပြန်မအိပ်ရဲပဲ လ္ဘက်ရည်ဆိုင်မှာပဲ အိပ်လိုက်ကြပါတယ်။ မနက် ကျတော့ သူတို့အဆောင်သစ်လိုက်ရှာပါတော့တယ်။ ခုထိဘယ်သူမှအဲဒီ အဆောင်ကို မငှားတော့ဘူး လို့ကြားပါတယ်။

မယုံလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ကြုံပြီး ဇာတ်လမ်းသစ်တွေ ပေးချင်ရင်ပဲဖြစ်ဖြစ် အဲ့ဒီအိမ်ကလေးကို ငှားနေ ချင်ကြ ရင်ဖြင့် ဒီဇာတ်လမ်းလေးပြန်ပြောပြတဲ့ ကို Wai Phyoe ကိုအိမ်လိပ်စာ မေးပြီး နေကြည့်ကြဖို့တော့ ချွန်တွန်းလုပ်ပါရစေ။
ဒါမှလည်း နောက်ထပ် နောက်ထပ် ဇာတ်လမ်းဖြစ်ရပ်မှန်တွေ မပြတ်တမ်းရမှာပေါ့ ဟုတ်ဖူးလား။ ခုတော့ တော်ကြဦးစို့ရဲ့။


ဇာတ်လမ်းပြောပြပေးတဲ့ ကို Wai Phyo ကို
စဉ်လာမပျက် ကျေးဇူးတင်လျက်

အိမ်လည်းငှားမနေ၊ ကြက်ကြော်လည်း မဝေမျှတော့သူ

(အက်ဒမင်-ရွာတော်ရှင်)

မြန်မာပြည်သို့ မကြာခင် ရောက်ရှိလာတော့မည့် LG G2

Posted by drmyochit Wednesday, October 16, 2013, under | No comments


Display

စမတ်ဖုန်း တစ်လုံးမှာ အရင်ဦးဆုံး ကြည့်ကြတာက မျက်နှာပြင်လို့ ခေါ်တဲ့ Display ပါ။ LG G2 ဖုန်းမှာက မျက်နှာပြင်အကျယ် ၅.၂လက်မ ရှိတဲ့ Full HD (1920x1080) Display တပ်ဆင်ပေးထား ပါတယ်။

Hardware & OS

Android OS ကိုကြည့်ရင် Android 4.2.2(Jelly Bean) သုံးထားပါတယ်။ ဒါ့အပြင် Chipsetအနေနဲ့ ကတော့ LG G2 မှာက နာမည်ကြီး Qualcommမှ နောက်ဆုံးထုတ်လုပ် ထားတဲ့ Snapdragon 800ချစ်ပ် ကိုတပ်ဆင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

CPU, GPU

Quad-Core 2.26GHz အမြန်နှုန်းနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ဖုန်းရဲ့ ရုပ်ထွက် ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းတွေ အတွက်လည်း GPUကို Adreno 330တပ်ဆင် ထားပါတယ်။

Memory

အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဥာဏ် 16GB/32GB နှစ်မျိုးစီ စီစဉ်ပေးထားပြီး RAMကိုလည်း 2GB စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

Camera

ကင်မရာပိုင်းမှာလည်း 13MPအရည်အသွေး ရှိကြပြီးတော့ ရှေ့ကင်မရာ 2.1MP တပ်ဆင်ပေးထားပါတယ်။ ကင်မရာရဲ့ Featuresတွေ အနေနဲ့လည်း စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း AutoFocus, LED Flash, Geo-Tagging, Image Stabilization စသည်ဖြင့် ပါဝင်ပြီးသား ဖြစ်ပါတယ်။

Connectivity

ကွန်ရက်ချိတ်ဆက် သုံးစွဲနိုင်မှုနဲ့ ပတ်သက်ပြီး 2G, 3G, 4G ကွန်ရက်တွေ အသီးသီးမှာ GSM/WCDMA ချိတ်ဆက် နိုင်ပါတယ်။ “Micro-SIM” ထည့်သွင်း သုံးစွဲရမှာ ဖြစ်ပါတယ်။

Data Transfer

GPRS, EDGEစတဲ့ စနစ်တွေသာမက Bluetooth 4.0, NFC, Infrared Portနဲ့ USB, microUSB, Wi-Fi 802.11မှာ a/b/g/n/ac စတဲ့ကွန်ရက် စနစ်တွေ အားလုံးနဲ့ ချိတ်ဆက် သုံးစွဲနိုင်ပါတယ်။

Design, Body & Battery Li-Po 3000mAh သုံးစွဲထားပြီး တစ်နေ ကုန် အသုံးခံမယ့် Day Long-Lasting အမျိုးအစား ဖြစ်ပါတယ်။

ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တွေ ရှိပါသေးတယ်။ LG G2 ဖုန်းမှာက အခြားဖုန်းတွေနဲ့ မတူညီကွဲပြားစွာ နောက်ကျောဘက်မှာ ခလုတ်တွေ တပ်ဆင်ထားပါတယ်။ အသံ အတိုး/အကျယ် ပြုလုပ်တဲ့ ခလုတ်နှင့် ဖုန်းအဖွင့်/အပိတ် ပြုလုပ်သည့် ခလုတ်တို့ကို ကျောဘက်တွင် တပ်ဆင်ထားရှိပြီး ယခုကဲ့သို့ ဖန်တီးပြုလုပ် လိုက်ခြင်းဖြင့် သုံးစွဲသူများ ဖုန်းပြောသည့်အခါတွင် အလွယ်တကူ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းကိုဖွင့်ဖို့ ခလုတ်နှိပ်စရာ မလိုဘဲ Screenကို ၂ချက်နှိပ်လိုက် ရုံဖြင့် ဖုန်းပွင့်လာမည့် “Knock On” ဟုခေါ်သည့် Feature အသစ်တစ်မျိုးလည်း ပါဝင်လာပါတယ်။ ဖုန်းဝင်လာတဲ့အခါ ဖုန်းကိုနားရွက်နားသို့ ကပ်လိုက်ရုံဖြင့် Ringtone သံကိုလျှော့ချပြီး အလိုလျောက် ဖုန်းလက်ခံမည့် Feature စတဲ့ အသုံးဝင် Featureတွေ များစွာ LG G2 စမတ်ဖုန်းမှာ ထည့်သွင်းပေး ထားတာ ဖြစ်ပါတယ်။

အနှစ်ချုပ်

RAM 2GB စမတ်ဖုန်းတွေထဲမှာ technical အစိတ်အပိုင်းအားဖြင့် အတော်လေး မြင့်တဲ့ စတ်ဖုန်းပါ။ Quad-Core 2.26GHz မို့ Processor အမြင့်ဖုန်းပါပဲ၊ လုပ်ဆောင်ချက် မြန်ဆန်မှာတော့ သေချာပါတယ်။ ဘက်ထရီ 3000 mAh ကတော့ အနေတော်ပါပဲ။ ဈေးနှုန်းသာ ၆ သိန်းထပ် ပတ်လည် မှာ ရှိရင်တော့ Sony, Samsung တို့ကို မေ့ထားနိုင်ပေယ့် ၁၅ ရာခိုင်နှုန်းလောက် ဈေးထပ်ပိုနေရင်တော့ Andoid Crazy ကို စိတ်ကြိုက် Choice လုပ်နိုင်ပါတယ်။ 
.
ရိုးရာလေး နည်းပညာ

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ

Posted by drmyochit Wednesday, October 16, 2013, under | No comments


ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု

နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော် များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ် ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။

လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ် တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှု

အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာ သုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။ သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။

စစ်ဘက်ဆိုင်ရာ အသုံးပြုမှု

စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်တို့လို အန္တရယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့  ထိပ်ဖူးမှာ
ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။

အထွေထွေ အသုံးပြုမှု

ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ် ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။

ထွက်ရှိသည့် နိုင်ငံ

အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။

အနာဂတ်တွင် Gallium ရှားပါးနိုင်မှု

အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံး မပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက် ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြ ပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref:ABSnew, Wiki

နိုင်ငံအသင်းအတွက် ဂိုးအများဆုံး သွင်းပေးထားတဲ့ ပရီးမီးယားလိဂ် ကစားသမား

Posted by drmyochit Wednesday, October 16, 2013, under | No comments


ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အဆင့် ထိပ်တန်းတိုက်စစ်မှူး တော်တော်များများ ပိုင်ဆိုင်ထားပြီး လက်ရှိကစားနေတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေ အနက် နိုင်ငံလက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားကတော့ ကင်မရွန်းတိုက်စစ်မှူး အီတူးပဲ ဖြစ်ပါတယ်။ အီတူးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလက အန်ဇီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး သူကစားခဲ့တဲ့ အသင်းတိုင်းမှာလည်း အောင်မြင်မှု ရရှိခဲ့သလို ကင်မရွန်း အသင်းအတွက် စုစုပေါင်း (၅၅)ဂိုးထိ သွင်းယူပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ ဖူလ်ဟမ်တိုက်စစ်မှူး ဘာဘာတော့ဗ်ဖြစ်ပြီး ဘူလ်ဂေးရီးယား အတွက် (၄၈)ဂိုး သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မန်ယူတိုက်စစ်မှူး ဗန်ပါစီက ဟော်လန်အတွက် (၄၁)ဂိုး၊ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်က ဥရုဂွေးအတွက် (၃၈)ဂိုး၊ မန်စီးတီး တိုက်စစ်မှူး ဒီဇီကိုက ဘော့စနီးယားအတွက် (၃၃)ဂိုးနဲ့ အစဉ်လိုက် ရပ်တည်နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဆက်လက် လုပ်ဆောင် သွားမည်

Posted by drmyochit Wednesday, October 16, 2013, under | No comments




ပေကျင်း ၊ ၁၅-၁၀-၂၀၁၃
၂ဝ၁၂ ခုနှစ်က ထုတ်ဖော် ပြသခဲ့သော WZ-10 နှင့် WZ-19 ရဟတ်ယာဉ် များအား အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့သည့်အတွက် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖွံ့ဖြိုး တိုးတက်စေရေး ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဘက်ဆိုင်ရာ သိပံ္ပ တက္ကသိုလ်မှ အဆင့်မြင့် သုတေသီ ဗိုလ်မှူးကြီး Du Wenlong က ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်း တစ်ရပ်အရ သိရသည်။

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် WZ-10 နှင့် WZ-19 တိုက်ခိုက်ရေး ရဟတ်ယာဉ် များအား Changhe နှင့် Harbin လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း တို့မှ ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း Du က ပြောကြား ခဲ့သည်။ Z-9 ရဟတ်ယာဉ် များအား အဆင့်မြှင့် တင်မှုများ ပြုလုပ် နိုင်ပါက တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်လာ နိုင်ကြောင်း ၊ WZ-10 နှင့် WZ-19 ရဟတ်ယာဉ် များသည် တရုတ်နိုင်ငံ၏ လေယာဉ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သမိုင်းမှတ်တိုင် တစ်ရပ် ဖြစ်ကြောင်း နှင့် ၄င်းရဟတ်ယာဉ် များတွင် ဒုံးပျံ ၈ စင်း ပါဝင်၍ အဆင့် မြှင့်တင်မှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

WZ-10 ရဟတ်ယာဉ် သည် မြေပြင်ရှိ ပစ်မှတ် အားလုံးကို တိုက်ခိုက် ဖျက်ဆီး နိုင်စွမ်း ရှိသော်လည်း ဝေဟင် တိုက်ခိုက်မှု များတွင် အခြား ရဟတ်ယာဉ်များ ကဲ့သို့ ပြန်လည် တိုက်ခိုက် နိုင်စွမ်း မရှိသေးကြောင်း သိရသည်။ တရုတ်နိုင်ငံ အနေဖြင့် ရုရှားနိုင်ငံ၏ Ka-50 နှင့် Ka-52 ရဟတ်ယာဉ် ၊ အမေရိကန် နိုင်ငံ၏ AH-64 အပါချီ ရဟတ်ယာဉ် များနှင့် တူညီသော စွမ်းဆောင်နိုင်မှု များရရှိ စေရန် အကြီးစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် ပိုမို အဆင့် မြှင့်တင်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် အနာဂတ် ပုံစံများအတွက် စတင် ဆောင်ရွက်မှု တစ်ရပ် အနေဖြင့် WZ-10 ရဟတ်ယာဉ် များအား ယခုအချိန်တွင် စတင် အသုံးပြု သွားမည် ဖြစ်ကြောင်း Du က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
By Myawady Daily

လင်နဲ့ မယားဆက်ဆံရေးမေးခွန်းများ (အသက် ၁၈ နှစ်မပြည့်သေးပါက မဖတ်ပါနှင့်)

Posted by drmyochit Wednesday, October 16, 2013, under | No comments


မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချိုသွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ ကိုသာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ်သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။
၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။
နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ကြတာရဲ့ ရည်ရွယ်ချက်ကတော့ Sexual activity လိင်မှုကိစ္စ္စ လုပ်ကြဘို့ နဲ့ Sexual arousal လိင်စိတ် ထကြွနိုးသန် လာစေဘို့ ဖြစ်တယ်။ တယောက်ကနေ စနိုင်တယ်။ နှစ်ဦးသား စိတ်တူကိုယ်တူ လုပ်နိုင်တယ်။ တဖက် လူကိုလဲ စိတ်ပါလာစေအောင်၊ ယုံကြည်မှုရစေအောင်၊ သက်တောင့် သက်သာ ရှိစေအောင် ဖြစ်စေနိုင် ပါတယ်။
တယောက်နဲ့ တယောက် မတူဘူးဆိုတာ ဒီနေရာမှာလဲ သိသာတယ်။ ရှက်သူ၊ ရှုတ်သူ၊ ကဲသူ၊ စိတ်နည်းသူ စတာမျိုး ရှိနိုင်တယ်။ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလဲ လူချင်း သိကာစ၊ ချစ်ခင်ကာစ၊ သိပ်ရင်းနှီး လွန်းနေပြီ၊ မူးနေကြတာ၊ လင်နဲ့ မယားဖြစ်သွားပြီ စတာမျိုးတွေ ရှိတယ်။ တယောက်ကနေ ဇွတ်ဆက်ဆံ ချင်တာလဲ ရှိမယ်။ Foreplay ကို အများအားဖြင့် မသိမသာကနေ စကြတယ်။ ပေါင်းဖက်တာ ကြာနေသူတွေ ဆိုရင် မျက်လုံးကြည့်တာနဲ့ အကဲခတ်တတ်ကြပြီ။
မေးထားတာမှာပါတဲ့ ကိုယ်ခန္ခာချင်း ထိစပ်မှုကိုသာ ရေးပါမယ်။ အရေပြားချင်း၊ ပါးစပ်-နှုတ်ခမ်းချင်း၊ ဒုတိယတန်းစား လိင်အင်္ဂါတွေခေါ်တဲ့ ရင်သား၊ တင်ပါး ဆီးစပ်နေရာ၊ ကိုယ်မွှေးချင်း၊ ထိကိုင်မှု၊ ပွတ်သပ်မှုတွေ အပြန်အလှန် လုပ်နိုင်တယ်။ ကျား-အင်္ဂါ၊ မ-အင်္ဂါချင်း ဆက်ဆံကြတော့မယ်။ ဘယ်ဟာ အရင်လဲ တသမတ်ထဲ မရှိဘူး။ နောက်ရောက် ပြီးလဲ ရှေ့ပြန်လာသေးတယ်။ တပြိုက်နက် လုပ်နိုင်တာ ကိုလဲ လုပ်တယ်။ တယောက်ထဲကဖြစ်ဖြစ်၊ တလှည့်စီဖြစ်ဖြစ်၊ ပြိုင်တူဖြစ်ဖြစ် လုပ်နိုင်တယ်။ Fantasies အဆန်းအပြား တွေလဲ ရှိတယ်။ Bondage အနှိပ်စက်ခံချင်-ပြုချင်တာမျိုးလဲ ရှိသေးတာဘဲ။ အစပျိုးနေတုံး မှာရော နောက်ပိုင်းမှာပါ လုပ်နိုင်ကြတယ်။
အသုံးပြုလေ့ရှိကြတဲ့ နေရာ၊ နည်းနာတွေနဲ့ဆိုင်တဲ့ ကျန်းမာရေး အကျိုး-အပြစ်တွေ ရေးထားပါတယ်။
- French kiss အနမ်း နဲ့ ကျန်းမာရေး
- Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း
- Anal practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း
- Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ
- Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ
၂။ (က) သာမန် ယောက်ျား တစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိပ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှ အားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။
တခါက မိန်းကလေးတယောက် အလုပ်လျှောက်တယ်။ ပုံစံမှာ ဖြည့်ရတာပေါ့။ Name နာမည်၊ Age အသက် ပြီးတော့ Sex လာတယ်။ မိန်းကလေး ပြန်တွေးပြီးမှ ရေးချလိုက်တာက Twice a week တပါတ် ၂ ကြိမ်။
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို ဆရာဝန်အနေနဲ့ ပြောဘို့ အကိုးအကားရှာရင် (အွန်လိုင်း) မှာ တယောက် တမျိုး ကိုယ့်အတွေ့၊ ကိုယ့်အတွေးတွေသာ ရေးကြတာများတယ်။ တကဲ့သုတေသန နည်းတယ်။ သူများဆီက သုတတွေသာ ရေးနိုင်ပါတယ်။ “ရွှေ” တွေမှာလဲ ထူးခြားမယ် ထင်ရပါတယ်။ နောင်မှာ Online မေးခွန်းတွေကို လေ့လာမှုပြုပြီး စစ်တမ်း တခု ထွက်လာနိုင်မလား မသိဘူး။
Durex (ဂျူးရက်စ်) လေ့လာဆန်းစစ်မှုရဲ့ ၂ဝဝ၁ Sexual Satisfaction လိင်မှုရေးရာ ကျေနပ်မှု စာရင်းဇယား တခုမှာ ဒီလိုပါရှိပါတယ်။
• တနှစ်မှာ အမေရိကန်တွေက (၁၃၂) ကြိမ်၊ ရုရှား (၁၂၂) ကြိမ်၊ ပြင်သစ်တွေက (၁၂၁) ကြိမ်၊ ဂရိစ်တွေက (၁၁၅) ကြိမ် လိင်ဆက်ဆံကြတယ်။
• အနည်းဆုံးနိုင်ငံတွေက တရုတ် (၆၉) ကြိမ်၊ မလေးရှား (၆၂) ကြိမ်၊ ဂျပန် (၃၇) ကြိမ် လိင်ဆက်ဆံကြတယ်။
• Living together လက်မထပ်ဘဲ အတူနေ အတွဲတွေက တနှစ်မှာ ၁၄၆ ကြိမ် လိင်ဆက်ဆံကြတယ်။
• Marriage လက်ထပ်တဲ့ အတွဲတွေက (၉၈) ကြိမ် လိင်ဆက်ဆံကြတယ်။
• Singles တကိုယ်တော်သမားတွေက (၄၉) ကြိမ် လိင်ဆက်ဆံကြတယ်။
• နေ့တိုင်း လိင်ဆက်ဆံသူ ၄% ရှိတယ်။
• ၅၇% က ၇ ရက်တပါတ် ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• အပြင်ထွက် အတူလည်သူ အတွဲတွေဟာ လိင်အတွက် မဟုတ်တာများတယ်။
• ၂၂% က Peers အဖေါ်တယောက်ယောက်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁၉% က Partner အတူနေဖေါ်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁ဝ% က လိင်ကိစ္စ မပါကြဘူး။
Durex Survey ၂ဝဝ၃ လေ့လာမှုအရ -
• လေ့လာသူတွေမှာ ပျမ်းမျှ ၁ နှစ်မှာ ၁၂၇ ကြိမ် လိင်ဆက်ဆံမှုပြုကြတယ်။
• လူမျိုးအရ ပြောရရင် အမေရိကန်တွေဟာ တနှစ်မှာ ၁၁၈ ကြိမ် ဆက်ဆံကြတယ်။ ဆွီဒင် (၁ဝ၂) ကြိမ်၊ မလေးရှား (၁ဝဝ) ကြိမ်၊ စင်္ကာပူ (၉၆) ကြိမ်သာ ဆက်ဆံကြတယ်။
• လေ့လာသူတွေထဲက ၃ ပုံ ၁ ပုံက လိင်ကိစ္စ ကျေနပ်မှု ရကြတယ်။
• အရှေ့ဥရောပနိုင်ငံက အတွဲတွေက ပိုပြီး တက်ကြွမှု ရှိကြတယ်။ တနှစ်မှာ အကြိမ် ၁၅ဝ ဆက်ဆံတယ်။
• ၄၅% ဟာ One night stand အဖေါ်တယောက်ကို တညတာ ပျော်ပါးသူတွေ ဖြစ်ကြတယ်။
• ထိုင်း၊ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံက အတွဲတွေဟာ ရောင့်ရဲမှု ရှိသူတွေဖြစ်တယ်။
• ဖင်လန် နဲ့ ရုရှားတွေက မပျော်ရဆုံးလူတွေ ဖြစ်တယ်။
• ၄၈% အမျိုးသမီးတွေက Fake orgasm (အောဂဇင်) အတုလုပ်တယ်။
• နာမည်ကြီး ယောက်ျားတွေထဲက David Beckham, George Clooney and Ben Affleck တို့နဲ့ မင်းသမီးထဲက Jennifer Lopez, Catherine Zeta Jones, Halle Berry and Britney Spears တို့ကို Sexy (ဆက်ဆီ) အဖြစ်ဆုံးတွေလို့ ရွေးတယ်။
Durex Survey ၂ဝ၁ဝ လေ့လာမှုအရ -
• ၄၄% အတွဲတွေက လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရကြတယ်။
• ၄၈% က Orgasm (အော်ဂဇင်) ရလေ့ရှိကြတယ်။
• ယောက်ျားတွေက ၆၄% နဲ့ မိန်းမတွေထက် နှစ်ဆ Orgasms (အော်ဂဇင်) ရကြတယ်။
• အသက် ၆၅ နှစ် ကျော်ပေမဲ့လဲ တပါတ် အနည်းဆုံး ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• Mutual respect အပြန်အလှန် လေးစာမှု ရှိကြတာဟာ လိင်ကိစ္စ ကျေနပ်မှုရစေဘို့ရာ အလွန်အရေး ပါတယ်။
• ကျေနပ်တယ်လို့ ဆိုသူတွေထဲက ၈၂% က အဲလို လေးစားသမှုရှိတာကို ထုတ်ပြောတယ်။
• ၃၉% ဟာ Love and romance ချစ်မေတ္ကာနဲ့ စိတ်ကူးယဉ်မှုရတာမျိုး ပိုတောင့်တကြတယ်။
• ၃၆% ဟာ Quality time အရည်အသွေးပါတဲ့ ကျနပ်မှုကို လိုလားတယ်။
• ၃၁% ဟာ Fun အပျော်သဘော နဲ့ ဆက်ဆံရေးကောင်းတာကို ပိုလိုလားပြီး၊
• ၂၉% ဟာ Sex drive လိင်စိတ်တွန်းအား ပိုလိုချင်ကြတယ်။
• ၃၇% ဟာ စိတ်ဖိစီးမှု သက်သာသွားတယ်၊ အားကုန်သွားတယ်လို့ ခံစားရတယ်။
အမေရိကန် (အင်ဒီယားနာ) မှာ ရှိတဲ့ National Survey of Sexual Health and Behavior (NSSHB) နဲ့ Center for Sexual Health Promotion at Indiana University’s School of Health, Physical Education and Recreation တို့ ပူးတွဲပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတခုကို အသက် ၁၄ နှစ်ကနေ ၉၄ အထိရှိတဲ့ ၅၈၆၅ ယောက်ကို ဆယ်စုနှစ် နှစ်ခုတွက် လုပ်ခဲ့တယ်။
• (ဗဂျိုင်းနာ) ကို လိင်ဆက်မှုပြုတာတွေထဲက ၄ ပုံ ၁ ပုံ ကသာ (ကွန်ဒွမ်) သုံးတယ်။ တကိုယ်တော် သမားထဲက ၃ ပုံ ၁ ပုံ (ကွန်ဒွမ်) သုံးတယ်။
• (ကွန်ဒွမ်) သုံးစွဲမှု တက်လာပေမဲ့ အများကြီးလိုသေးတယ်။ အဖြူမဟုတ်သူတွေက ပိုသုံးလာကြတယ်။
• လူအတော်များများ သူများတွေရဲ့ လိင်မှုအရေးကို စိတ်ဝင်စားကြတာလဲ တွေ့ရတယ်။
• ချိန်းတွေ့ပြီး အတူနေသူတွေဟာ ဆက်ဆံတာကို တမျိုးမက လုပ်ဆောင်ကြတယ်။ (ဗဂျိုင်းနား) ကို အများဆုံး အသုံးပြုတာ ဖြစ်ပေမဲ့ အဖေါ်နဲ့ (မာစတာဘေးရှင်း) လုပ်တာ၊ (အိုရယ်) ပါးစပ်အသုံးပြုတာတွေ ကိုပါ တွဲကြတယ်။
• အသက်ငယ်ရွယ်သူတွေ ပိုလုပ်လာနေတာ တွေ့လာရတယ်။
• ယောက်ျားတွေက သူတို့အဖေါ် မိန်းမတွေမှာ Orgasm (အော်ဂဇင်) ရပါတယ်လို့ ၈၅% က ပြောတယ်။
• မိန်းမတွေကနေပြောတာက ၆၄% မှာ Orgasm (အော်ဂဇင်) ရတယ်။
• ယောက်ျားတွေက (ဗဂျိုင်းနား) ကို အသုံးပြုတာကနေ အများဆုံး (အော်ဂဇင်) ရကြတယ်။
• မိန်းမတွေက (အိုရယ်လ်) နည်းပါတွဲတာက ပိုပြီး (အော်ဂဇင်) ရကြတယ်။
• မိန်းမ ၇% နဲ့ ယောက်ျား ၈% တို့ဟာ Gay, Lesbian or Bisexual လိင်တူ ဒါမှမဟုတ် လိင်နှစ်မျိုးလုံး သုံးသူတွေ ဖြစ်ကြတယ်။
• ၁၇ နှစ်အရွယ် ယောက်ျားလေး ၄ဝ% ဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း လိင်ဆက်ဆံခဲ့ကြတယ်။
• ၁၇ နှစ်အရွယ် မိန်းကလေး ၂၇% ဟာ လွန်ခဲ့တဲ့ ရက် ၉ဝ အတွင်းမှာ လိင်ဆက်ဆံခဲ့ကြတယ်။
(ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လို ဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖတ်စရာတွေ ရေးထားပါတယ်။
- Libido ဟိုစိတ်-ဒီစိတ်
- Sex helps elderly women age gracefully (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
- Women need to chat to pep up libido စိတ်နည်းနေသည့် အမျိုးသမီးများ ဆရာဝန်နှင့် စကားပြောပါ။
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ဖြစ်ပါတယ်။
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
ချုပ်လိုက်ရင် အကြိမ်ရေ အကန့်အသတ် မရှိပါ။ အသက်အကန့်အသတ် မရှိပါ။ လင်နဲ့မယား အရွယ်၊ အလေ့အထ တူသူတွေ ညားကြရင် အကောင်းဆုံး ဖြစ်တယ်။ အားနည်းနေသူကို အားကူပေးနိုင်တယ်။ နားလည်မှုရှိရင် အိမ်ထောင်ရေး ပြဿနာကို ရှောင်နိုင်မယ်။ ဖေါက်ပြန်တယ်ဆိုတာ အလိုဆန္ဒကဲလို့ ဖြစ်နိုင်သလို အကျင့် မကောင်းလို့လဲ ဖြစ်သေးတယ်။ မျိုးရိုးနဲ့ ဆိုင်တယ်လို့လဲ ပြောနိုင်တာတွေ ရှိတယ်။ ပတ်ဝန်းကျင် စေ့ဆော်မှုတွေကလဲ သက်ရောက်တယ်။ ဆေးနဲ့ ကုစားလို့ ရတာတွေ ရှိသလို လိင်ဆေး ပညာရှင်နဲ့ တိုင်ပင်ရမှာလဲရှိမယ်။
By ဒေါက်တာတင့်ဆွေ

ကိုယ်ဝန်ဆောင်ကို Nauru ကျွန်းပို့တဲ့အတွက် အစိုးရဝေဖန်ခံရ

Posted by drmyochit Wednesday, October 16, 2013, under | No comments


သြစတြေးလျနိုင်ငံမှာ ​ကျန်းမာရေးမကောင်းတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​အမျိုးသမီးတဦးကို ​Nauru ​ကျွန်း ​ထိန်းသိမ်းရေးစခန်းမှာ ​ပို့ဆောင်ထားရှိခဲ့တဲ့အတွက် ​ဒုက္ခသည်အရေး ​ကူညီပေးသူတွေနဲ့ ​လူ့အခွင့်အရေး
အဖွဲ့တွေက ​အစိုးရကို ​ဝေဖန်နေကြပါတယ်။

ခိုလုံခွင့်တောင်းခံသူ ​တွေထဲက ​၇ ​လ ​ကိုယ်ဝန်လွယ်ထားတဲ့ ​အမျိုးသမီး ​တဦးကို ​နာယူးကျွန်းမှာ ​ထိန်းသိမ်း ထားတယ်လို့ကုလသမဂ္ဂ ​ဒုက္ခသည်များကူညီရေး ​အေဂျင်စီက ​ထုတ်ဖော် ​ပြောကြားလိုက်ပြီး ​အဲဒီအမျိုး သမီးအတွက် ​အထူးကျန်းမာရေး ​စောင့်ရှောက်မှုလိုအပ်နေတယ်လို့ ​ဆိုပါတယ်။

အဲဒီအမျိုးသမီးမှာ ​ဆီးချိုရောဂါလည်း ​ရှိနေပြီး ​သူမ ​ကလေးမွေးဖွားမယ့်အချိန်မှာ ​ဆီးချိုရောဂါကြောင့် ​အသက်အန္တရာယ်အတွက် ​ပိုမို ​စိုးရိမ်စရာ ​ရှိတယ်လို့ဆိုပါတယ်။

ကလေး ​၂ ​ယောက်မိခင် ​အသက် ​၃၀ ​အရွယ်ရှိတဲ့ ​အဲဒီအမျိုးသမီးဟာ ​အခုလက်ရှိ ​အမွှာပူး ကိုယ်ဝန် ဆောင်ထားပြီး ​မြန်မာနိုင်ငံက ​လာတဲ့ ​ရိုဟင်ဂျာ ​အမျိုးသမီး ​ဖြစ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။

Nauru ​ကျွန်းပေါ်မှာ ​မိခင်နဲ့ ​စောင့်ရှောက်ရေး ​အစီအစဉ်နဲ့ ​ပတ်သက်ပြီး ​လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ​Scott ​Morrison ​ကို ​မေးမြန်းတဲ့အခါမှာ ​လိုအပ်တဲ့ ​ကျန်းမာရေး ​စောင့်ရှောက်မှုတွေ ​နဲ့ ​၀န်ထမ်းတွေကို ​အလုံ အလောက် ​စီစဉ်ထားတယ်လို့ပြန်လည် ​ဖြေကြား ခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ ​ကျန်းမာရေးမကောင်းတဲ့ ​ခိုလုံခွင့်တောင်းခံသူတွေကို ​တခြားနေရာတွေကို ​မပို့ဆောင်ပဲ ​သြစတြေးလျမှာပဲ ​ကူညီစောင့်ရှောက်မှုပေးလေ့ရှိပြီး ​အခုလို ​Nauru ​ကျွန်း ​ပို့ဆောင်ခဲ့တဲ့ ​ကိစ္စအတွက် ​သြစတြေးလျ ​အစိုးရသစ်ရဲ့ ​မူဝါဒကို ​လူအများက ​အကြီးအကျယ် ​ဝေဖန်နေကြတာဖြစ်ပါတယ်။

ABC

Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု

Posted by drmyochit Wednesday, October 16, 2013, under | 2 comments


ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။

ကောင်မလေးနာမည်က Sushmita ပါ။သူမဟာ သူမရဲ့ဓာတ်ပုံတွေကို facebook ပေါ်မှာတင်ထားပါတယ်။ လူတစ်ယောက်က သူမဓာတ်ပုံတွေကိုကူးယူထားပြီး သူမနာမည်နဲ့ပဲ အကောင့်အတုတစ်ခုပြုလုပ် လိုက်ပါတယ်။ ပြီးတော့ သူမဟာ ပြည့်တန်ဆာတစ်ယောက်ဖြစ်ကြောင်း ကြေညာထားပါတယ်။သူမဟာ သိက္ခာရှိတဲ့ မိသားစုထဲက အမျိုးကောင်းသမီးတစ်ယောက်ပါ။

အဲ့ဒီလူဖြန့်လိုက်တဲ့သတင်းဟာ တစ်မြို့လုံးကိုပျံ့နှံ့သွားပါတော့တယ်။သူမမိသားစုနဲ့ သူမကိုယ်တိုင် အဲ့ဒီသတင်းကိုပြန်ကြားတဲ့အခါမှာ ဒီလို ထိတ်လန့်ဖွယ်သတင်းကို ဘယ်လိုမှ လက်သင့်မခံနိုင်ခဲ့ပါဘူး။ဒါကြောင့် မိသားစုတစ်စုလုံး တစ်ချိန်ထဲမှာပဲ ကိုယ့်ကိုသတ်သေလိုက်ကြပါတယ်။

facebook အသုံးပြုသူ အမျိုးသမီးများအနေနဲ့ သတိထားသင့်တာကတော့ သင့်ရဲ့မူရင်းဓာတ်ပုံအစစ်တွေကို facebook ပေါ်မှာမတင်ပါနဲ့။ တကယ်လို့တင်ထားတယ်ဆိုရင်လည်း သင့်မိတ်ဆွေရင်းတွေသာ မြင်နိုင်အောင် ပြုလုပ် ထားပါ။ facebook က သယ်ဆောင်လာမယ့် အန္တရာယ်ကို သိမြင်နိုင်ကြပါစေ။
Ref: Awesome Fact
By နှိုင်းရင့်နွေ

လမ်းများလျှောက်လျှောက်ပါက ရင်သားကင်ဆာဖြစ်တာလျှော့ချနိုင်(အမျိုးသမီးများသာဖတ်ရန်)

Posted by drmyochit Wednesday, October 16, 2013, under | No comments


အမျိုးသမီးများ အနေဖြင့် လမ်းများများ လျှောက်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း သုတေသီများက အကြံပြု ပြောကြားလိုက်သည်။ လမ်းလျှောက်ခြင်းနှင့် ရေရှည် ကျန်းမာရေး အကျိုးသက်ရောက်မှု ဆက်စပ်ပုံကို ပထမဆုံးအကြိမ် အနုစိတ် လေ့လာပြီးနောက် အမျိုးသမီးများအတွက် အသက်အရွယ် ကြီးရင့်ချိန်တွင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အသက်(၅၀)ကျော် အရွယ်သည် အမျိုးသမီးများ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အမြင့်ဆုံး ကာလအပိုင်းအခြား ဖြစ်သော်လည်း တစ်နေ့လျှင် တစ်နာရီမျှ လေ့ကျင့်ခန်းယူ လမ်းလျှောက်ပေးခြင်းဖြင့် ကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို (၁၄)ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း သိရှိရသည်။

အကယ်၍ လေ့ကျင့်ခန်းယူ လမ်းလျှောက်မှုကို အားနှင့်မာန်နှင့် အချိန်ပေး လုပ်ဆောင်ပါက ရင်သားကင်ဆာ ဖြစ်နိုင်ခြေသည် (၂၅)ရာခိုင်နှုန်းမျှထိ ကျဆင်းနိုင်ကြောင်းလည်း သုတေသီများက ဆိုသည်။ အမေရိကန် ကင်ဆာ အဖွဲ့ကြီးက လွန်ခဲ့သော (၁၇)နှစ်အတွင်း အမျိုးသမီး (၇၃၆၁၅)ဦး၏ နေထိုင်ဖြတ်သန်းမှု ပုံစံများကို သုတေသန ပြုခဲ့ကြသည်။ ယင်းတို့အနက် ရင်သားကင်ဆာ ရောဂါရှိနေသူ (၄၇၆၀) ပါဝင်သည်။ လေ့လာမှု မှတ်တမ်းများတွင် တစ်ပတ်လျှင် (၇)နာရီမျှ လမ်းလျှောက်လေ့ရှိသည့် အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၁၄)ရာခိုင်နှုန်းမျှ လျော့နည်းနေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့သည်။

လေ့ကျင့်ခန်းယူ လမ်းလျှောက်မှုကို အလေးအနက် လုပ်ဆောင်လေ့ရှိသည့် အမျိုးသမီးများတွင်မူ ကင်ဆာဖြစ်နိုင်ခြေ ယခုထက် ပိုမိုသိသာစွာ လျော့ကျသွားကြောင်းလည်း ယင်းအဖွဲ့ကြီးမှာ ဒေါက်တာ အယ်လ်ပါပက်တဲလ်က ပြောကြားခဲ့သည်။ "အဓိက ကျတာကတော့ ကာယလှုပ်ရှားမှုနဲ့ အသက်အရွယ် ကြီးရင့်လာချိန်မှာ ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ အလားအလာတို့ကြား ခိုင်မာတဲ့ ဆက်နွယ်မှု ရှိနေတယ် ဆိုတာပါပဲ။ လမ်းလျှောက် လေ့ကျင့်ခန်းတွေလို ကာယ လှုပ်ရှားမှုတွေဟာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချဖို့ အားကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိနေပါတယ်"ဟု ဒေါက်တာ ပက်တဲလ်က ရှင်းပြခဲ့သည်။

၎င်းက ဆက်လက်၍ "အချက်အလက်ပိုင်းအရ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ဟာ ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ တကယ်တော့ လက်တွေ့ လူနေမှု ဘဝမှာ လူတော်တော်များများဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်မျိုး ရရှိဖို့ အခက်ကြုံနေရတတ်တယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ထိရောက်စွာ အဟန့်အတား ဖြစ်စေကြောင်း ယခင်ကတည်းက သုတေသီအချို့က လက်ခံယုံကြည်ထားသည်။

"ကျွန်မတို့ရဲ့ တွေ့ရှိချက်ကတော့ တစ်နေ့ကို နာရီဝက်လောက် ကိုယ်လက်လှုပ်ရှား လုပ်ဆောင်မှုတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို (၂၀)ရာခိုင်နှုန်းထိ ကျဆင်းစေပါတယ်။ သွေးခုန်နှုန်းကို မြင့်တက်လာစေတဲ့ ဘယ်လို လေ့ကျင့်ခန်းမျိုးမဆို ပုံမှန်လုပ်ဆောင်နေခြင်းက ရေရှည်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမှာပါပဲ။ အလွယ်ဆုံး နည်းလမ်းကတော့ ခပ်သွက်သွက် လမ်းလျှောက်တာမျိုးပေါ့။ လွယ်ကူသလို ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုးကြွမှုကိုလည်း အပြည့်အဝ အထောက်အကူ ပေးနိုင်ပါတယ်"ဟု Breakthrough ရင်သားကင်ဆာ ဌာနမှ ဒေါက်တာ ဟန်နာဘရစ်ဂ်ျက ပြောဆိုခဲ့သည်။

ဗြိတိန် ရင်သားကင်ဆာ တိုက်ဖျက်ရေး လှုပ်ရှားမှု ဌာနမှ ဒယ်လစ်သ် မော်ဂန်က "ဒီတွေ့ရှိချက်တွေ အားလုံး စုပေါင်းလိုက်တဲ့အခါ အမျိုးသမီးတွေ အနေနဲ့ နေ့စဉ် လူနေမှု ဘဝမှာ လမ်းလျှောက်တာမျိုး၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ဆောင်တာမျိုး ဖြည့်စွက်သင့်ကြောင်း တွန်းအားတစ်ရပ် ဖြစ်လာပါတယ်။ အခွင့်အလမ်း နည်းနည်းလေးပဲ ဖြစ်နိုင်တယ် ဆိုဦးတော့၊ နေ့စဉ်နေ့တိုင်း ပုံမှန် အလေ့အကျင့် ဖြစ်သွားရင် ကင်ဆာကို တိုက်ဖျက်ဖို့ အထောက်အကူ ရှိလာမှာပါ"ဟု မှတ်ချက်ပြုသွားသည်။ ယခုတွေ့ရှိမှု သုတေသန ရလဒ်ကို Biomakers and Prevention ဆေးပညာ ဂျာနယ်တွင် အသေးစိတ် ပုံနှိပ်ဖော်ပြခဲ့သည်။

လီဗုံးခွဲမှုအတွင်း အာဖဂန် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး သေဆုံး

Posted by drmyochit Wednesday, October 16, 2013, under | No comments


လိုဂါဒေသ အုပ်ချုပ်ရေးမှူး အာဆာလာ ဂျာမဲလ်သည် ဗလီတစ်ခုရှေ့တွင် အီးဒ်နေ့ အခမ်းအနား၌ လာရောက် ဝတ်ပြု ဆုတောင်းသူများအား နှုတ်ဆက်နေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည် အာဖဂန် နစ္စတန်တွင် ဗလီတစ်ခုအား ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး သွားကြောင်း သိရှိရသည်။ လိုဂါဒေသ အုပ်ချုပ်ရေးမှူး အာဆာလာ ဂျာမဲလ်သည် ဗလီတစ်ခုရှေ့တွင် အီးဒ်နေ့ အခမ်းအနား၌ လာရောက် ဝတ်ပြု ဆုတောင်းသူများအား နှုတ်ဆက်နေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ရှေ့ စားပွဲအောက်တွင် ဗုံးထောင်ထားပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဟု ယူဆရသော တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး လူ(၁၅)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအနက် အခြေအနေ ဆိုးရွားသူများလည်း ပါဝင်ကြောင်း ဂျာမဲလ်၏ ပြောရေး ဆိုခွင့်ရ အရာရှိများက ပြောကြားခဲ့သည်။

လိုဂါဒေသသည် မြို့တော် ကဘူးလ်၏ တောင်ဘက်တွင် တည်ရှိပြီး ယခုဗုံးခွဲမှုသည် အာဖဂန်ကို တစ်စထက်စတစ်စ ဩဇာသက်ရောက် ကြီးစိုးလာသည့် တာလီဘန် စစ်သွေးကြွတို့၏ လက်ချက်ဟု ယူဆရသည်။ လိုဂါရှိ အဓိက ဗလီကျောင်းကြီး ရှေ့တွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။ လက်ရှိအချိန်ထိ မည်သည့် အဖွဲ့ကမှ တိုက်ခိုက်မှုနှင့် ပတ်သက်၍ တာဝန်ရှိကြောင်း မကြေညာသေးချေ။ ဂျာမဲလ်သည် ကနေဒါမှ အာဖဂန်သို့ ပြန်လာခဲ့ပြီး ဧပြီလကမှ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူ ဖြစ်သည်။ ၎င်းသည် ယခင်က အရှေ့ဘက်ပိုင်းရှိ ကော့စ်ဒေသကို အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ ဖူးသည်။ အိမ်နီးချင်း ပါကစ္စတန်တွင် တာလီဘန် ခေါင်းဆောင် တစ်ဦးဖြစ်သော လာတစ်ဖ်မာဆာ့ဒ်ကို အမေရိကန် တပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် ရက်ပိုင်းမျှ အကြာတွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အများပြည်သူများသို့ လုံခြုံရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန်

Posted by drmyochit Wednesday, October 16, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း အောက်တိုဘာ ၁၃ ရက် နံနက် ၀၀ နာရီ ၁၅ မိနစ်ကအင်းစိန် မြို့နယ် စော်ဘွားကြီးကုန်း ရပ်ကွက် ရန်ကုန်-ပြည်လမ်း စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲ သေးသည့် လက်လုပ် မိုင်းတစ်လုံးကို ရှင်းလင်းနိုင်ခြင်းနှင့် ယင်းနေ့တွင်ပင် ညနေ ၅ နာရီ မိနစ် ၄၀ က သာကေတ မြို့နယ် ၃/ မာန်ပြေရပ်ကွက် ယမုံနာလမ်း အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးရပ်ထားသည့် နောက်တွဲ ယာဉ်အောက်တွင် တွေ့ရှိသည့် ကြွပ်ကြွပ်အိတ် အမည်းဖြင့် ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင် (၁၄ နှစ်) နှင့် ဝင်းမင်းထွေး (၁၄ နှစ်)တို့က ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ် နှစ်ဦးတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိ ခဲ့ကြကြောင်း သိရသည်။

• ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ မှူး၏ လမ်းညွှန်ကြီး ကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့် ချထား ဆောင်ရွက်လျက် ရှိပြီး 

• အများပြည်သူများ အနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာ နေရာများနှင့် လမ်းကြို လမ်းကြား များတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖောက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံနှင့် မြို့နယ်ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြ ရန်နှင့် 

• ရပ်ကွက် အုပ်ချုပ်ရေးမှူးများကလည်း မိမိရပ်ကွက်ရှိ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများအား ဆက်လက်သတင်း ပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြား ထားပေးပါရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မေတ္တာရပ်ခံ လိုက်သည်။ 

• အများပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ အထိတ် တလန့်ဖြစ်အောင်နှင့် ထိခိုက် ဒဏ်ရာရသေစေအောင် အဖျက်အမှောင့် လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေ သူများအား ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင် ဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာ ရပ်ခံအပ်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

ဝတ်လစ်စားလစ် ဂီတဗီဒီယိုများကြောင့် လူပြောများနေချိန်တွင် ဘဝအပေါ် ဂျူးလူမျိုး လူအိုကြီးများက လွှမ်းမိုးနေကြောင်းထုတ်ဖော်ပြောဆိုလိုက်တဲ့ မိုင်လီ

Posted by drmyochit Wednesday, October 16, 2013, under | No comments


ပြီးခဲ့သည့် လပိုင်းများအတွင်း အငြင်းပွားဖွယ် အခြေအနေ အမျိုးမျိုး ဖန်တီးခဲ့သူ မိုင်လီဆိုင်းရပ်စ် တစ်ယောက် ဂျူးလူမျိုးများကို စော်ကားနှိမ့်ချသည့် စကားများ ပြောဆိုခဲ့ကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေ ရပြန်ပြီ ဖြစ်သည်။ အသက်(၂၀)အရွယ် အဆိုတော် မင်းသမီး အနေဖြင့် VMA ဆုပေးပွဲတွင် မဖွယ်မရာ ဟန်ပန်ဖြင့် ဖျော်ဖြေခဲ့မှုများ၊ ဝတ်လစ်စားလစ် ဂီတဗီဒီယိုများကြောင့် လူပြောများနေချိန်တွင် သူမ၏ အနုပညာ ဘဝအပေါ် ဂျူးလူမျိုး လူအိုကြီးများက လွှမ်းမိုးနေကြောင်း ထုတ်ဖော် ပြောဆိုလာပြန်ခြင်း ဖြစ်သည်။ Wrecking Ballစတား အဆိုတော်က "မဂ္ဂဇင်းတွေ၊ ရုပ်ရှင်တွေကို ကြည့်လိုက်ရင် လူငယ်ပိုင်းမှာ တစ်ခုခု ထူးဆန်းရင် ပစ်မှတ်ထား ဝေဖန်ကြတာတွေ မြင်နိုင်တယ်။ သူတို့ဟာ အသက်(၄၀)အရွယ်လောက် မရင့်ကျက်၊ မအိုမင်းသေးဘူး ဆိုတာ သိသင့်တယ်လေ"ဟု ပြောကြားခဲ့သည်။

မိုင်လီက "ဒီအခြေအနေက အသက်(၇၀)လောက် ဂျူးအဖိုးကြီးတစ်ယောက်က သူ့ရုံးခန်း စားပွဲမှာ မထတမ်း ထိုင်နေပြီး ကျွန်မရဲ့ အနုပညာသည် ဘဝမှာ ဘယ်သူက ဘာလုပ်စေချင်တယ် ဆိုတာကို အထက်စီးက ပြောနေတာမျိုးနဲ့တော့ မတူဘူးပေါ့။ ကျွန်မအနေနဲ့ အပြင်ထွက်လည်ရင် လည်မယ်။ ကလပ်တွေထဲ သွားရင်သွားမယ်။ ကပွဲကြမ်းပြင်က လူတွေအကြောင်းကို ကျွန်မသိတယ်။ သူတို့ဘာပြောလဲ ကျွန်မနားထောင်တယ်။ ဒီခံစားချက်ကို ဘာက မောင်းနှင်တယ် ဆိုတာကို ကျွန်မသိတယ်။ အသက်(၂၀) အရွယ်တွေရဲ့ လှုပ်ရှားတက်ကြွမှုကို သူတို့နားလည်ဖို့ ခက်ခဲလိမ့်မယ်"ဟုလည်း ဝေဖန်ခဲ့သေးသည်။

သူမက Wrecking Ball ဗီဒီယိုတွင် သူမ၏ ပုံရိပ်နှင့် ပတ်သက်၍ လူအများက ဝေဖန်နေခြင်းအပေါ် အံ့ဩမိကြောင်းလည်း ဆိုသည်။ "လူတွေက ဒါကို လှုပ်လှုပ်ရှားရှား ဖြစ်နေသေးတာ မြင်ရတော့ ကျွန်မ အံ့ဩမိတယ်။ ကျွန်မရဲ့ ဗီဒီယိုအပေါ် လူတွေက စိတ်ဝင်စားနေတယ် ဆိုတဲ့အတွက်တော့ ဝမ်းသာပါတယ်။ တကယ်ဆို ကျွန်မက အဲဒီလောက် လူပြောများမယ်လို့ မမျှော်လင့်ထားခဲ့ဘူး"ဟု မိုင်လီက ပြောဆို သွားသည်။ 
By Planet

သင်နဲ့ သင့်ကလေး သန်းတွယ်နေပြီလား ???

Posted by drmyochit Wednesday, October 16, 2013, under | No comments


နေ့ကလေးထိန်းကျောင်း၊ မူကြိုကျောင်းထားတဲ့ ကလေးတွေမှာ သန်းတွယ်တတ်ပါတယ်။ ကလေးတွေနှင့် နီးနီးကပ်ကပ်နေတဲ့ လူကြီးတွေကိုလည်း သန်းကူးတတ်ပါတယ်။ လူရဲ့ ဦးရေပြားမှာနေထိုင်တဲ့ သန်းဟာ အမြင့်မခုန်နိုင်တာကြောင့် ခေါင်းချင်း၊ ဆံပင်ချင်း ထိစပ်မှုရှိမှသာ ကူးနိုင်ပါတယ်။
သန်းတွယ်တွယ်ချင်း မသိနိုင်သေးဘဲ ဘီးဖီးရင်း၊ ခေါင်းကုတ်ရင်း သန်းကျလာမှ သိရတတ်ပါတယ်။ အချို့ ကလေးတွေမှာ သန်းကိုဓါတ်မတည့်တာကြောင့် ချက်ချင်းအဖု အပိမ့်တွေထလာသလို ခေါင်းကုတ်ထားတဲ့ အနာကို နောက်ထပ်ရောဂါပိုး ၀င်တဲ့အခါ ရောင်ကိုင်းလာတတ်ပါတယ်။

သန်းတွယ်မှန်းသိတာနှင့် ခေါင်းလျှော်ပေးပါ။ ရှန်ပူသုံးပါ။ ဆီလိမ်းပါ။ ကလေးရဲ့ခေါင်းအုံးစွပ်ကို လျှော်ပါ။ဘီးစိတ်နှင့်တိုက်ချပါ။ အခြား ကလေးများကိုလည်း သန်းရှိ မရှိစစ်ဆေးပါ။ ကျောင်းဆရာ/ ဆရာမကို အကြောင်းကြားပါ။
ဂန္ဓမာပန်းကရတဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုထားတဲ့ ခေါင်းလျှော်ရည်၊ ဖြန်းဆေးတွေဟာ သန်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ chrysant hemum extract လို့စာတန်းပါတဲ့ ဆေးရည်တွေအသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ဟာလည်း သန်းဥတွေကို ကွာကျစေပါတယ်။ ညမအိပ်ခင် ရှာလကာရည်လိမ်းပြီး ခေါင်းကိုတဘက်ပတ်အိပ်ပါ။
သန်းတွယ်တာဟာ အများယူဆကြသလို အဆင့်အတန်းနိမ့်လို့၊ ညစ်ပတ်လို့ဖြစ်ရတာ မဟုတ်ပါဘူး။ မိသားစုမရွေး၊ အတန်းအစားမရွေး ဖြစ်တတ်ပါတယ်။ သန်းတစ်ကောင်ဟာ ရေအောက်မှာ ခြောက်နာရီ ကြာအောင် အသက်ရှင်နေနိုင်တာကြောင့် ရေမှန်မှန်ချိုး၊ ခေါင်းမှန် မှန်လျှော်တဲ့ ကလေးတွေမှာလည်း သန်းတွယ်နိုင်ပါတယ်။
သီဟ
Source:WebMD
By Health Updates

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်