Friday, October 11, 2013

အနည်းဆုံးလုပ်ခကို အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် တောင်းဆို

Posted by drmyochit Friday, October 11, 2013, under | No comments


ခေါင်းစဉ်အမျိုးမျိုး ကွဲပြားစွာ ပေါင်းစု သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို အန ည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ပေးရန် အလုပ်သမား အများစု တောင်းဆိုခဲ့ကြောင်း အနည်း ဆုံး အခကြေးငွေ သတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီတွင် လုပ်သား ကိုယ်စားလှယ်အဖြစ် လျာထားခံရသူ ဦးနော်အောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမား ကိုယ်စားလှယ် ၄၀ ၀ ဝန်းကျင်ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမတွင် အောက်တိုဘာလ ၁၀ ရက်နေ့က ကျ င်းပသည့် အခမ်းအနား၌ လုပ်သား အများစုက ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်ခဆိုသည့် ခေါင်းစဉ်တွင် အချိန်ပိုကြေး၊ အပိုဆုကြေး၊ ဝင်ေ ငွအဖြစ် သတ်မှတ်နိုင်သည့် အခြားငွေနှင့် အကျိုးခံစားခွင့်များ ပါဝင်ကြောင်း၊ အနည်းဆုံး အခကြေးငွေ ဥပ ဒေတွင် ဖော်ပြထားသဖြင့် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်တွင် အဆိုပါ ခေါင်းစဉ် ခွဲများကို မထည့်သွ င်း ဘဲ အခြေခံ လုပ်အားခ အဖြစ်သာ သတ်မှတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း မြောင်းတကာ စက်မှုဇုန် ရှိ ရန်ကုန်သရဖူ သံရေကျိုစက်ရုံမှ လုပ်သားတစ်ဦးဖြစ်သူ ဦးနော်အောင်က ဆက်လက် ပြောဆိုသည်။

“တိုင်တွေ (ခေါင်းစဉ် သတ်မှတ်ချက်) အများကြီး မထည့်ဖို့ တင်ပြကြတယ်။ အချိန်ပိုကြေးကိုလည်း အနည်း ဆုံး အခြေခံ လုပ်အားခအပေါ် တွက်ချက်ပေးဖို့ တင်ပြုကြတယ်” ဟု ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်သားများ၏ တင်ပြချက်နှင့် အလုပ်ရှင်များ၏ တင်ပြဆွေးနွေးချက်များကို အခြေခံကာ လုပ်ဆောင်သွားမည်ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလု ပ်ရှင်များနှင့် တွေ့ဆုံကာ သဘောထား ကောက်ယူမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦး စီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခြေခံ လုပ်အားခအဖြစ် သတ်မှတ်ရေး အပါအဝင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကိစ္စရပ်များမှာ အလုပ်ရှင်နှင့် အလုပ်သမားနှစ်ဖက် ညှိနှိုင်း သဘောတူညီမှု အပေါ်တွင် မူတည်ကြောင်း ၎င်းက ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် လုပ်သားများ စားဝတ်နေရေး ဖူလုံရေးအောင် လုပ်ဆောင်ပေး ရန်၊ ကုန်ဈေးနှုန်း ထိန်းချုပ်ပေးရန် ကိစ္စများကို လုပ်သားအများစု တင်ပြခဲ့ကြပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်ခွဲခြား သတ်မှတ်မည့်အစား တစ်နိုင်ငံလုံး အတိုင်းအတာ သတ် မှတ်ရေး၊ လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ရေး စသည့်ကိစ္စများကို ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း လုပ်သားများထံမှ သိရှိရသည်။

“အနည်းဆုံလုပ်ခ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတာကို တင်ပြတာ မရှိသေးဘူး။ မူဝါဒတစ်ခု ထွက်ဖို့ပဲ တင်ပြကြတယ်” ဟု ဦးနော်အောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍမှာ ဦးစွာ ထွ က်ပေါ်လာနိုင်ပြီး ရေလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းတို့မှာ သုတေသနများ ပြုလုပ်ပြီးမှ ဆက်လက် လုပ် နိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး လုပ်ခသတ်မှတ်ရေး အဖွဲ့ဖြစ်သည့် အမျိုးသားကော်မတီ လူစာရင်းကို နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာလ အတွင်းက တင်ပြထားပြီး သမ္မတက အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလို င်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly

ဆီးရီးယား ငြိမ်းချမ်းရေးပွဲတွင် အီရန်ပါလာခြင်းကို တရုတ်ထောက်ခံ

Posted by drmyochit Friday, October 11, 2013, under | No comments

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Hua Chunying
ပေကျင်း ၊ ၁၁-၁၀-၂၀၁၃

တရုတ်နိုင်ငံ သည် ဆီးရီးယား အရေးနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များတွင် အီရန်နိုင်ငံ ပါဝင်လာခြင်းကို ထောက်ခံ အားပေးပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Hua Chunying (ပုံ) က အောက်တိုဘာ ၁ဝ ရက် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ဆီးရီးယားအရေး ကိစ္စအတွက် သင့်လျော်သည့် ဆုံးဖြတ်ချက် ရရှိရန် ဒေသတွင်း နိုင်ငံများ ၊ အထူးသဖြင့် ဆီးရီးယား နိုင်ငံတွင်းရှိ သက်ဆိုင်သည့် အဖွဲ့အစည်းများ အပေါ် သြဇာ သက်ရောက်မှု ရှိသည့် နိုင်ငံများ၏ ပါဝင်မှုနှင့် ထောက်ခံ အားပေးမှုများ မရှိဘဲ ဖြစ်နိုင်မည် မဟုတ်ကြောင်း Hua Chunying က ပြောကြား ခဲ့သည်။

အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံတွင် အသွင်ပြောင်း အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုသည့် Geneva I ထုတ်ပြန် ကြေညာချက်ကို ထောက်ခံမည် ဆိုပါက ဆီးရီးယား အရေး ဆွေးနွေးမည့် ဖြစ်လာ နိုင်ဖွယ်ရှိသော Geneva II ဆွေးနွေးပွဲ တွင် အီရန် ပါဝင်လာမှုကို အမေရိကန် နိုင်ငံကလည်း သဘောတူ နိုင်ဖွယ် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marie Harf က အောက်တိုဘာ ၇ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ အနေဖြင့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက် ရန်အတွက် မည်သည့် ကြိုတင် သတ်မှတ်ချက် များကိုမဆို လက်ခံလိမ့်မည် မဟုတ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Marzieh Afkham က အောက်တိုဘာ ၈ ရက်တွင် တုံ့ပြန် ပြောဆို ခဲ့သည်။ ဆီးရီးယား အရေးကိစ္စ အတွက် တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းခြင်း ဖြစ်ပါကြောင်း ၊ Geneva II ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် အခွင့်အလမ်း များကို လက်မလွတ်တမ်း အသုံးချရေး ဝိုင်းဝန်း ကြိုးပမ်းရန် နှင့် နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်မှု များကို ဆောလျင်စွာ စတင်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ပါဝင် ဆောင်ရွက်ရန် တရုတ်နိုင်ငံက မျှော်လင့် ပါကြောင်း Hua Chunying က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။
By Myawady Daily

အရှိန်မထိန်းနိုင်သော ဆိုင်ကယ် ချောက်ထဲကျ

Posted by drmyochit Friday, October 11, 2013, under | No comments


ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး မိုင်တိုင် အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား၌ ယနေ့နံနက် ၅ နာရီခွဲတွင် မော်တော် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဘစိုး ၅၆ နှစ် (ဘ) ဦးအုန်းပေါ်သည် ဗိုလ်ချုပ် အောင်ဆန်း လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်အမှတ် ၂၈ ယ/---- မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား ရှမ်းစာပေနှင့် ယဉ်ကျေးမှုဝင်း အနီး လမ်းဘေးချောက်ထဲသို့ အရှိန် မထိန်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း ဦးဘစိုးသည် ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲ ဒဏ်ရာ များဖြင့် နေရာ တွင် သေဆုံးသွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘစိုးအား တောင်ကြီးမြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃ဝ၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

" ရုပ်ရှင်နေ့တွင် ရုပ်ရှင် အစည်းအရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင်အား ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်မည်"

Posted by drmyochit Friday, October 11, 2013, under | No comments


၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ကျင်းပသော ၉၂ကြိမ် မြောက် မြန်မာ ရုပ်ရှင်နေ့တွင် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ အနုပညာရှင် များအား ဂုဏ်ပြုဆု များချီး မြှင့်ခဲ့ရာ အကယ်ဒမီ ဒါရိုက်တာ ဦး တင်ယု က ရုပ်ရှင် တစ်သက်တာဆု ချီး မြှင့်ခြင်း ခံခဲ့ရသည်။ အဆိုပါ ရုပ်ရှင် တစ်သက်တာ ဆုသည် မြန် မာ ရုပ်ရှင်လောက အတွက် အမြင့်မားဆုံး ဆုတစ်ဆု ဖြစ်သည်။ အကယ်ဒမီ ဒါရိုက်တာ ဦးတင်ယုသည် အ သက် ငယ်စဉ် ကတည်းက ရုပ်ရှင် ဒါရိုက်တာ အဖြစ် ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူးခဲ့ သူလည်းဖြစ် သည်။ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူ ဖြစ်သည့် အလျောက် အသက်ရှင်စဉ် ကာလ များတွင် ရုပ်ရှင်လောက ဖွံ့ဖြိုးတိုး တက်ရေး အတွက် သေ တစ် ပန်သက်ဆုံးဆောင်ရွက်ခဲ့သည်။ 

အသက်ရှင်စဉ်က ယခင်ရုင်ရှင်လောက ၏ ဖလင်များ ရိုက်ကူးရေး စက်များ စသည် တို့ကို အမှတ်တရ ထားသည့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဝင်းအတွင်း ရှိ ရုပ်ရှင် ပြတိုက်ဖွင့် လှစ်သည့် နေရက်များတွင် အ မြဲရှိ တတ်ပြီး နောင်လာ နောက်သား လူငယ်များ အတွက် ရုပ်ရှင်နှင့် ပတ်သက်သည့် အတွေ့ အကြုံ များ ကို မ မောနိုင် မပန်းနိုင် ပြောပြခဲ့သည်။ ဒါရိုက်တာ ဦးတင်ယုသည် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ က နေအိမ်တွင် ကွယ်လွန်ခဲ့ရာ ရုပ်ရှင် လောက အတွက် ကြီးစွာသော ဆုံးရှုံး နစ်နာမှု တစ်ခုဖြစ်ခဲ့သည်။ ယခု နှစ်မှာ ကျင်းပမည့် ၉၃နှစ် ပြည့် မြန်မာ ရုပ်ရှင်နေ့တွင် ရုပ်ရှင် တစ်သက် တာဆု ကို မြန်မာနိုင်ငံ ရုပ်ရှင် အ စည်း အရုံး နာယကကြီး ဗိုလ်ကလေး တင့်အောင် အား ချီးမြှင့်မည် ဟု သိရ သည်။


ထွဋ်မြတ်
Popular Journal

ပြင်ဦးလွင်မှာမော်ဒယ်ရှိုးလျှောက်ရမည်ဆိုပြီး ကာမစပ်ယှက်ရန်အတွက်ရည်ရွယ် လိမ်ခေါ်သူ ရဲကဖမ်းဖို့ ဆောင်ရွက်နေ

Posted by drmyochit Friday, October 11, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၁၀

၎.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ဒဂုံမြို့နယ်နေ မ-----နှင့် သူငယ်ချင်းဖြစ်သူ မ------- တို့သည် ရွှေတိဂုံစေတီတော်တောင်ဘက်စောင်းတန်းတွင် ရှိနေစဉ် မနီနီအောင်(ခ)မမိဖြူ၊ ဗဟန်းမြို့နယ်နေသူမှ ပြင်ဦးလွင်မြို့ရှိ စားသောက်ဆိုင်တွင်မော်ဒယ်ရှိုးလျှောက်ရမည်၊ ငွေများများရမည်၊ လုပ်မည်ဆိုလျှင် ဆက်သွယ်ပေးမည်ဟုပြောသဖြင့် လုပ်မည်ဟုပြောဆိုခဲ့ကြောင်း၊ ၅.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မနီနီအောင်နှင့်အတူ မယုဇန၊ မသက်တို့ရောက်ရှိလာပြီး တွေ့ဆုံခဲ့ကြောင်း ၆.၁၀.၂၀၁၃ရက်နေ့ ၁၈၀၀ အချိန်တွင် မယုဇန၊ မသက်တို့နှင့်အတူ မ------နှင့် မ------တို့သည် ပြင်ဦးလွင်မြို့သို့ထွက်ခွါခဲ့ရာ ၇.၁၀.၂၀၁၃ ရက်နေ့ နံနက်တွင် ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်အိမ်သို့ရောက်ရှိခဲ့ကြကြောင်း
သိရှိရပါသည်။

မ------နှင့် မ------တို့သည် အဆိုပါနေအိမ်ရှိ အမျိုးသမီး (၇)ဦးခန့်အနက်မှ နှစ်ဦးနှင့်အလုပ်အကြောင်း ပြောဆိုစဉ်မော်ဒယ်ရှိုးလျှောက်သည့် လုပ်ငန်းအပြင် မကောင်းသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင် ရကြောင်း ပြောပြသိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့
ပြန်လည်ထွက်ပြေးလာခဲ့ပြီး ကာမစပ်ယှက်ရန် ရည်ရွယ်၍ အကျင့်ဖျက်ဆီးခြင်းခံရမည်ကိုသိလျက်နှင့် သွေးဆောင်စည်းရုံး ပို့ဆောင်ပေးခဲ့သူ မနီနီအောင်ပါ (၃)ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း(ပ)၂၂၂/၂၀၁၃၊ ပုဒ်မ ၃၆၆/၁၁၄ဖြင့် အမှုဖွင့်ကာ မနီနီအောင်အား ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး မယုဇနနှင့် မသက်တို့အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

ကျောင်းကုန်းပဋိပက္ခနှင့် ပတ်သက်သူ ငါးဦးကို ပုသိမ်ထောင်သို့ပို့ထား

Posted by drmyochit Friday, October 11, 2013, under | No comments


ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်ညက အစ္စလာမ်ဘာသာဝင်များ၏ တဲကြီးသုံးလုံး ဖျက်ဆီး မှုတွင် ပါဝင်သူများနှင့် ဖျက်ဆီးရန်လှုံ့ဆော်သူ ငါးဦးကို ဖမ်းဆီးထားပြီး ပုသိမ်ထောင်သို့ ပို့ဆောင် ထားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။

အောက်တိုဘာ ၅ ရက်က ကျောင်းကုန်းမြို့တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို ဘာသာခြား အသက် ၄၃ နှစ်အရွယ် ဦးလှဝင်းက အဓမ္မပြုကျင့်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဒေသခံများက ဖျက်ဆီးခဲ့သည်။ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို ထပ်မံဖျက်ဆီးရန် လှုံ့ဆော်သူလေးဦးနှင့် တဲများကိုဖျက်ဆီးခဲ့သော တရားခံတစ်ဦးကို ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

““ပါဝင်တဲ့သူတွေ ဖမ်းဆီးတာ ငါးဦးရှိသွားပါပြီ။ တိုင်းမှူးကလည်း ဒါကို ခွင့်မလွှတ်ဘူးလို့ပြောပါတယ်။ သူတို့ကို တာဝန်အရ ပုသိမ်ထောင်ကို ပို့ထားပါတယ်”” ဟု ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။ 

ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၅ ရက်က ဘာသာရေးအသွင်ဆောင် ဖျက်ဆီးခံရမှုများ ပြုလုပ် ခဲ့ခြင်းကြောင့် အောက်တိုဘာ ၆ ရက်တွင် အစ္စလာမ်ဘာသာဝင်များ ဖွင့်လှစ်ရောင်းချသော ဈေးဆိုင် များမှာ ပိတ်ထားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ကျောင်းကုန်းမြို့၌ ပြန်လည်တည်ငြိမ်လာပြီး အစ္စလာမ် ဘာသာဝင်များ ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များ ပြန်လည်ရောင်းချလာကြောင်း ကျောင်းကုန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၆ ရက်တွင် ကျောင်းကုန်းမြို့ အစ္စလာမ်ဘာသာ သင်္ချိုင်းစောင့် နေထိုင်သော တဲတစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီးမှုကို အမှုဖွင့်ဆောင်ရွက်နေကြောင်း ကျောင်းကုန်းမြို့ နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

7Day Daily

Review: iPhone 5S

Posted by drmyochit Friday, October 11, 2013, under | No comments



အားလုံး မျှော်လင့်စောင့်စား နေခဲ့ကြတဲ့ iPhone 5S အား Apple မှ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်စက်စက် A7 ပရော်ဆက်ဆာ ၊ 64-Bit စနစ် ၊ iOS 7 ၊ လက်ဗွေ လုံခြုံရေးစနစ်နဲ့ အဆင့်မြင့် ကင်မရာအသစ်တို့ ပါဝင်လာတဲ့ iPhone 5S အကြမ်းဖျင်း လေ့လာကြည့်ရအောင် - 

iPhone 5S ကို လာမည့် စက်တင်ဘာ ၂၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ စတင်ရောင်းချမည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး ကြိုတင်မှာယူ နိုင်မည်ဖြစ်သည်။ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ထိပ်တန်း စမတ်ဖုန်း ဈေးကွက်မှာ Samsung Galaxy S4 ၊ HTC One နဲ့ Sony Xperia Z တို့ကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် iPhone 5S ကို ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းဖန်တီး ပေးထားပါတယ်။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

လက်ထဲမှာ ပထမဆုံးအကြိမ် ကိုင်ကြည့်လိုက်တဲ့အခါ iPhone 5S ဟာ iPhone 5 နဲ့ ကွာခြားခြင်း မရှိပါဘူး။ အထူ ၇.၆ မမ နဲ့ အလေးချိန် ၁၁၂ ဂရမ်သာရှိတဲ့ ဒီဖုန်းဟာ ထိပ်တန်းဖုန်းအဖြစ် ဆက်လက် ရပ်တည်နေမှာ သေချာပါတယ်။ iPhone 5S ကို အာကာသမီးခိုး (Space Gray) ရွှေရောင်(Gold) နဲ့ ငွေရောင် (Silver) များနဲ့ ထုတ်လုပ်ထားပြီး 16GB 32 GB နဲ့ 64GB ဟူပြီး မော်ဒယ်ကွဲပြားမည်ဖြစ်ကာ ဈေးနှုန်းများကတော့ ဒေါ်လာ ၆၄၉၊ ၇၄၉ နဲ့ ၈၄၉ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ 

အလေးချိန်အားဖြင့် iPhone 5 နဲ့ တူညီပြီး အဓိကပြိုင်ဖက် စမတ်ဖုန်းများထက် ပေါ့ပါးနေပါတယ်။ ဒါဟာ အရွယ်အစားကြောင့် ဆိုလည်း မမှားပါဘူး။ Apple ရဲ့ ထုံးစံအတိုင်း ဒီဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ ပြောစရာမရှိအောင် အပြစ်အနာအစာကင်းပြီး ကောင်းမွန်လှပါတယ်။ 

iPhone 5S ရဲ့ Home Button ဟာ အရင်ကထက်စာရင် သိသာစွာ ခွက်ဝင်နေခြင်း မရှိတော့ပါဘူး။ လက်ဗွေလုံခြုံရေး စနစ် (Touch ID Sensor) အဖြစ် အသုံးပြုနိုင်ဖို့လည်း အခုလို ပြုပြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ခလုတ်များဟာ ယခင်နေရာများမှာပဲ ရှိနေပြီး iPhone 5 နဲ့ ယှဉ်လိုက်ရင် သိသိသာသာ ကွဲပြားမှုဆိုလို့ ဖုန်းအနောက်ခြမ်းမှ ကင်မရာ Flash နဲ့ Home Button တို့ပဲ ဖြစ်ပါတယ်။ 

လုပ်ဆောင်ချက်များ

5S ရဲ့ အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ လက်ဗွေလုံခြုံရေးစနစ် (သို့) Touch ID Sensor ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ လုံခြုံရေးသာမက အွန်လိုင်း၌ ဈေးဝယ်ခြင်း ၊ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများ ပြုလုပ်ခြင်းတို့၏ အနာဂတ်အသစ်အား ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ 

နောက်ထူးခြားချက် တစ်ခုကတော့ ကင်မရာပဲဖြစ်ပါတယ်။ ယခုဖုန်းမှာ တပ်ဆင်ပေးထားတဲ့ အဆင့်မြင့် 8 megapixel 1.5µ pixel f/2.2 aoerture နှင့် ၁၅ ရာခိုင်နှုန်း ပိုကြီးသည့် Sensor ပါရှိတဲ့ iSight ကင်မရာဟာ ဗီဒီယို ရိုက်ကူးရာမှာလည်း 720p HD ပုံထွက်နှုန်းနဲ့ 120fps အထိ အနှေးရိုက်ကွက်တွေ ရိုက်ကူးနိုင်တာကို တွေ့ရှိရပါတယ်။ 

လက်တွေ့စမ်းသပ်မှုအရလည်း ဤဖုန်းဟာ iPhone 5 နဲ့ iPhone 5C တို့ထက် သိသာစွာ ပိုမိုကြည် လင်ပြတ်သားတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ သို့သော်လည်း Nokia Lumia 1020 ရဲ့ 41 MP ကင်မရာကို ဘယ်လိုမှ ယှဉ်လို့မရသလို HTC One ရဲ့ 4 MP ultra-pixel ကင်မရာနဲ့ တန်းတူသာ ကျနေပါတယ်။ 

ဖုန်းရဲ့ရှေ့ဖက်က Facetime ကင်မရာကတော့ 1.2 MP ပုံထွက်နှုန်းရှိပြီး 720p HD ဗီဒီယို အရည်အသွေး ထွက်ရှိမှာ ဖြစ်ပါတယ်။ 

မျက်နှာပြင်

iPhone 5S ရဲ့ မျက်နှာပြင် အရွယ်အစားဟာ iPhone 5 နဲ့ အတူတူပါပဲ။ Retina မျက်နှာပြင်ကိုပဲ ဆက်လက် အသုံးပြုထားပြီး 1136 x 640 မျက်နှာပြင်မှာ ပုံထွက်သိပ်သည်းဆ 326 ppi ရရှိမှာ ဖြစ်ပါတယ်။ အသွင်သစ်၊ အမြင်သစ်နဲ့ iOS 7 ဟာ iPhone 5S ရဲ့ မျက်နှာပြင်ပေါ်မှာ ကြည့်လို့အလွန် ကောင်းလှပါတယ်။ Contrast လည်း ကောင်းမွန်မျှတပြီး အနက်ရောင်များကိုလည်း နက်မှောင်စွာ မြင်တွေ့နိုင်ပါတယ်။ HD ဗီဒီယိုနဲ့ ဓာတ်ပုံများကို ထူးထူးခြားခြား ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ 
ဒါပေမယ့် ပြိုင်ဖက် စမတ်ဖုန်းများဖြစ်တဲ့ Samsung Galaxy S4 (၅ လက်မ) ၊ HTC One (၄.၇ လက်မ) နှင့် Sony Xperia Z (၅ လက်မ) တို့နဲ့ ဘေးခြင်းယှဉ်လိုက်ရင်တော့ iPhone 5S ဟာ ညီအငယ်ဆုံးလေး အဖြစ်သာ ရှိနေပါလိမ့်မယ်။ 

စွမ်းဆောင်ရည်

ခန့်ညားလှပတဲ့ ကိုယ်ထည်ရဲ့ အတွင်းပိုင်းမှာတော့ အသစ်စက်စက် A7 ပရော်ဆက်ဆာကို 64-bit architecture နဲ့ ပေါင်းစပ် ဖန်တီးထားပါတယ်။ Apple ရဲ့ အဆိုအရတော့ ဂရပ်ဖစ်နဲ့ အမြန်နှုန်းမှာ ၂ ဆ သာလွန်ကောင်းမွန်တယ်လို့ သိရပါတယ်။ 

လက်တွေ့မှာလည်း iOS 7 မှာ လျင်မြန်သွက်လက်စွာနဲ့ လုပ်ဆောင်နိုင်ခဲ့ပြီး app များဖွင့်ခြင်း၊ ဗီဒီယို streaming လုပ်ခြင်း ၊ ဓာတ်ပုံပြုပြင်ခြင်းတို့ကို ပြုလုပ်စမ်းသပ်ကြည့်ရာမှာ iPhone 5 ထက် သာလွန်ခဲ့ပါတယ်။ အထူးသဖြင့် iPhone 4S ကနေ 5S ကို တန်းပြီး ကူးပြောင်းမယ်ဆိုရင်တော့ ထူးထူးခြားခြား သိသာပါလိမ့်မယ်။ 

Game ကစားကြည့်ရာမှာလည်း အထစ်အငေါ့ တစ်စုံတစ်ရာ မရှိခဲ့သလို ဂရပ်ဖစ်များဟာလည်း အံ့မခန်း ပါပဲ။ ဒီအမြန်နှုန်းနဲ့ စွမ်းရည်တွေ ရှိနေတဲ့ iPhone 5S အတွက် ဘယ်လို app တွေများ ထွက်လာမလဲ ဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ 

ဘက္ကထရီ

Apple ရဲ့ အဆိုအရတော့ 3G နဲ့ဆိုရင် talk time ၁၀ နာရီ ရရှိမယ်လို့ သိရှိရပါတယ်။ အသင့် အနေအထားမှာ နာရီ ၂၅၀ ကြာ ရပ်တည်နေနိုင်ပြီး LTE (သို့) Wi-Fi နဲ့ အင်တာနက် သုံးမယ်ဆိုရင်လည်း ၁၀ နာရီ ရရှိမယ်လို့ ဆိုပြန်ပါတယ်။ သီချင်းနာထောင်ရုံ သီးသန့်ဆိုရင်တော့ နာရီ ၄၀ အထိ ရရှိမယ်လို့ သိရပါတယ်။ 

နိဂုံး

iPhone 5S ဟာ ပုံသဏ္ဍာန်အားဖြင့် iPhone 5 နဲ့ သိသာစွာ ကွာခြားခြင်း မရှိပါဘူး။ ဒါပေမယ့် စွမ်းဆောင် ရည်နဲ့ လုပ်ဆောင်ချက်များ အပိုင်းမှာတော့ သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ထား ခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိ စမတ်ဖုန်းဈေးကွက်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းနေပြီး Samsung ၊ HTC ၊ Sony နဲ့ Nokia တို့ဟာ အလွန်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချလျက် ရှိနေပါတယ်။ 

iPhone 5S အနေနဲ့ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိမှာ ဖြစ်ပေမယ့် ပြိုင်ဖက်များကို အလဲထိုးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ 

iPhone ရဲ့ အမာခံ ပရိသတ်များ အနေနဲ့ကတော့ 5S ကို ဆက်လက်ပြီး ဝယ်ယူသွားဖို့ ရှိနေပါတယ်။ အထူးသဖြင့် iPhone 4S ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်သူများ အနေနဲ့ ဝယ်ယူသင့်တဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ iOS 7 ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတယ်။

မက္ကဆီကို နိုင်ငံတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ဆေးခန်းက မမွေးပေးလို့ မြက်ခင်းပေါ်မှာ မွေးခဲ့ရ

Posted by drmyochit Friday, October 11, 2013, under | No comments


မက္ကှဆိကိုနိုင်ငံ အောက်စကာ ပြည်နယ်တွင် အမျိုးသမီးတစ်ဦးသည် မီးဖွားလိုသောကြောင့် ဆေးခန်း သွားပြရာ ဆေးခန်း မှ သူနာပြုဆရာမက ကိုယ်ဝန်ရှစ်လသာ ရှိသေးသောကြောင့် ကလေးမမွေးနိုင်သေး ကြောင်း၊ ထိုကြောင့် မွေးမပေးနိုင်ကြောင်း ပြောလွှတ်လိုက်သည်။

ထိုကြောင့်ဆင်းရဲသားလင်မယားမှာ ဆေးခန်းမှထွက်လာခဲ့ရသည်၊ ဆေးခန့်ရှေ့ မြက်ခင်းပြင်အရောက်တွင် ၂၉ နှစ်အရွယ် အမာလိုပတ်ဇ်သည် ရေ မွှာပေါက်သွားကာ အနီးရှိ အဆာက်အအုံတခု၏ နံရံကို ဆုပ်ကိုင် ကာ ၃ ဦးမြောက် ကလေးကို မွေးဖွားလိုက်တော့သည်။

နာလွန်းသောကြောင့် မြက်ခင်းပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကလေးမှာ မြတ်ခင်းပြင်ပေါ်တုံးလုံး ပတ်လက်ဖြစ်ပြီး အချင်းများမှာလည်း တန်းလန်းဖြစ်နေသည်။ ထိုမြင်းကွင်းကို ဓါတ်ပုံရိုက်ကာသတင်းဌာန တစ်ခုကို ပေးပို့လိုက်သောအခါ ပြည်သူများ ဒေါသတကြီး ဖြစ်လေတော့သည်။ဒီအဖြစ်ပျက်ဟာ မက္ကဆီကိုရှိ ဆင်းရဲသား မိခင်လောင်းများဘဝ မည်မျှ ဆိုးရွားသည်ကို မီးမောင်ုးထိုးပြလျှက်ရှိသည်။ မက္ကဆီကိုမှ ရာပေါင်းများ စွာသော မိခင်လောင်းများသည် မီးတွင်းတွင် သို့မဟုတ်မီးဖွားပြီး ပြီးပြီး ချင်း အသက်ဆုံးရှုံး လျှက်ရှိသည်။ အဆိုပါဖြစ်ရပ်ကြောင့် ထိုဆေးခန်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာအန်ဒရီခရုဇ်ကို ဒီလ ၉ ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့ထားလိုက်ပြီး ထိုအမှုကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည် ဟု ပြည်နယ် အစိုးရက ဆိုသည်။

မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျော် ခိုးယူခံရ

Posted by drmyochit Friday, October 11, 2013, under | No comments


မုံရွာမြို့လယ် ပေါ်တော်မူဘုရားကြီးအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ပေါ်ဦးရွှေရတနာအရောင်း ဆိုင်မှ အလေးချိန် ၇၀ ကျပ်သားရှိ ရွှေဆွဲကြိုးမျိုးစုံ အောက်တိုဘာလ ၉ ရက် နံနက်က ခိုးယူခံရကြောင်း ပေါ်ဦးရွှေရတနာအရောင်းဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

““ကောင်တာထဲမှာ ချိတ်ဆွဲထားတဲ့ ရွှေဆွဲကြိုးတွေပဲ ပါသွားတယ်။ ရွှေအလေးချိန်နဲ့ဆိုရင် ၇၀ ကျပ်သား ၀န်းကျင်ပေါ့။ ကာလတန်ဖိုးနဲ့ဆိုရင် ကျပ်သိန်း ၄၉၀ ကျော်ရှိတယ်”” ဟု ပေါ်ဦးရွှေရတနာအရောင်း ဆိုင်ပိုင်ရှင် ဦးသန်းဝေက ပြောသည်။

ပေါ်ဦးရွှေရတနာအရောင်းဆိုင်လုပ်ငန်း တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ညပိုင်းအိပ်တဲ့ အလုပ်သမား မရှိပါဘူး။ ညနေ ၆ နာရီဆိုရင် ဆိုင်ပိတ်ပြီး အလုပ်သမားတွေအားလုံးပြန်ပြီ။ ကောင်တာ ထဲက ဗျပ်ထဲမှာထားတဲ့ ရွှေထည်အားလုံးကို သိမ်းတယ်။ ကောင်တာမှန်မှာချိတ်ဆွဲထားတဲ့ ဆွဲကြိုးတွေ အားလုံး ခိုးယူသွားတာဖြစ်ပါတယ်။ ဆိုင်နောက်ဖေး အလုပ်ခန်းထဲက အိမ်သာအပေါ်ထပ် ကွန်ကရစ် ပန်းခက်ကို ဖျက်ဆီးထားတာတော့ တွေ့ရတယ်”” ဟု ဆိုသည်။

ဖောက်ထွင်းခိုးယူခံရသော ပေါ်ဦးရွှေရတနာအရောင်းဆိုင် ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ဆွဲကြိုး အချို့ကို သိမ်းဆည်းခြင်းမရှိဘဲ ရွှေကောင်တာအတွင်းထားရှိပြီး ပိုင်ရှင်မိသားစုသည် ညအချိန်တွင် နေအိမ် အပေါ်ထပ်တွင် တီဗီကြည့်ရှုခဲ့ပြီး ည ၁၀ နာရီခွဲအချိန်ခန့်တွင် အိပ်ရာဝင်ခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာ ၉ ရက် နံနက် ၅ နာရီခန့်တွင် ရွှေဆိုင်ဖွင့်ရန် နေအိမ်အပေါ်မှ အောက်ထပ်သို့ ဆင်းလာရာ ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရွှေဆိုင် ကောင်တာအတွင်း ချိတ်ဆွဲထားရှိသော ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရွှေထည် ခိုးယူသူကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်ပေးနိုင်ရန် ပေါ်ဦးရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေက မုံရွာအမှတ်(၁)ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့သဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

7Day Daily

စမိုင်းလ် ပြန်လာပြီ

Posted by drmyochit Friday, October 11, 2013, under | No comments


အနုပညာလောကနှင့် ကိုးနှစ်ခန့်ဝေးကွာခဲ့ပြီး အဆိုတော်တစ်ဦးအဖြစ် တစ်ကိုယ်တော်စီးရီး မကြာမီ ထွက်ရှိမည်ဖြစ်ပြီး New Me ဟု အမည်ပေးထားကြောင်း သရုပ်ဆောင် စမိုင်းလ်ကပြောသည်။ “သီချင်းခွေ နာမည်ပေးဖြစ်တာက ယောက်ျားရဲ့ အိုင်ဒီယာပေါ့။ အစ်မက ဒီလောကထဲကို ပြန်ဝင်ပေမယ့် ရုပ်ရှင်ဘက် မဟုတ်ဘဲ ကိုယ်မရင်းနှီးတဲ့ ဂီတဘက်ကိုတော့ လူသစ်စိတ်သစ်နဲ့ ပြန်ဝင်တာဖြစ်တဲ့အတွက် New Me ဆိုပြီး အမှတ်တရပေးလိုက်တာပါ”ဟု စမိုင်းလ်က ပြောသည်။ ယင်းသီချင်းခွေတွင် ပေါ့ပ် ရော့ခ်၊ ပန့်ခ်ရော့ခ် စသည့် သီချင်းပုံစံများပါဝင်ကာ စုစုပေါင်းသီချင်း ၁၁ ပုဒ် ပါဝင်ပြီး ရွှေဂျော်ဂျော်၊ ဇ၀ါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ဖော်ကာနှင့် ရေမွန်တို့က ရေးသားပေးထားကြောင်း ၎င်းက ပြောသည်။

တစ်ကိုယ်တော်အနေဖြင့်သာ သီဆိုထားပြီး ကိုယ်တိုင်ရေးသည့်သီချင်းများ မပါဝင်သော်လည်း အကြီးဆုံး သမီးဖြစ်သူ မွေးဖွားချိန်က အခြေအနေများကို အခြေခံ၍ တေးရေးဆရာအား အိုင်ဒီယာပြောပြကာ ရေးစပ်စေသည့် သီချင်းပါဝင်မည်ဖြစ်ကြောင်း စမိုင်းလ်က ပြောသည်။ ယင်းတေးစီးရီးဖြစ်မြောက် လာနိုင်ရန် ၂ နှစ်ကျော် အချိန်ယူခဲ့ရပြီး စီးပွားရေးတစ်ဖက်နှင့် ခရီးများသွားနေရခြင်းကြောင့် အချိန် ကြန့်ကြာ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ လတ်တလောတွင် ကလေးများလည်း ငယ်ရွယ်သည့်အချိန် ဖြစ်သောကြောင့် သရုပ်ဆောင်အဖြစ် ပြန်လည်လှုပ်ရှားရန် အစီအစဉ်မရှိဘဲ လက်ရှိအချိန်နှင့် ကိုက်ညီသည့် ဂီတဘက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း စမိုင်းလ်က ပြောသည်။

ဂီတကို မော်ဒယ်ဘ၀ကတည်းက နယ်ဖျော်ဖြေရေးများသွား၍ ဖျော်ဖြေခဲ့ကာ ကိုယ်ပိုင်သီချင်းမရှိဘဲ အခြားအဆိုတော်များ၏ သီချင်းများကိုသာ သီဆိုဖြစ်ပြီး နောက်ပိုင်းတွင် ဖျော်ဖြေပွဲများ လက်ခံသွားရန် အစီအစဉ် ရှိကြောင်း ၎င်းကပြောသည်။ New Me တစ်ကိုယ်တော်စီးရီးကို နိုဝင်ဘာ ၃ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ပြီး ဒီဗီဒီမှာမူ ရိုက်ကူးရေးအနေဖြင့် သီချင်းတော်တော်များများ ပြီးနေသော်လည်း တည်းဖြတ်သည့် အပိုင်းများရှိသောကြောင့် ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ထွက်ရှိနိုင်မည်ဟု စမိုင်းလ်က ပြောသည်။

Credit: 7Day Daily Newspaper

စောစောအိပ်ယာ ထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်

Posted by drmyochit Friday, October 11, 2013, under | No comments


နံနက်စောစော အိပ်ယာထခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ နောက်ကျမှ အိပ်ယာထသူတွေထက် စောစော အိပ်ယာထသူတွေက ဦးနှောက် ဥာဏ်ရည် မှာလည်း ပိုမိုကောင်းပါတယ်။ ယနေ့ လူအများစုဟာ ညဥ့်နက်အောင် အလုပ်လုပ်ပြီး နောက်ကျမှ အိပ်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို နေထိုင်ခြင်းဟာ ကျန်းမာရေး အတွက် အလွန် ထိခိုက် ပါတယ်။

နံနက်စောစော လေ့ကျင့်ခန်းလုပ်ခြင်း

နံနက်စောစော ထပြီး လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်အလေးချိန် မြင့်တက်မှုကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးချို သွေးချို ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ တစ်နေကုန် အညောင်းထိုင်သူတွေ အတွက် နံနက်စောစော လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

ပျော်ရွှင်မှု ရရှိနိုင် 

လေ့လာမှုတွေအရ နံနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်သူတွေဟာ ပျော်ရွှင်မှုကို ရရှိနိုင်ပါတယ်။ ဘာလို့ဆိုတော့ လေကောင်းလေသန့်များကို ရှုရှိက်ရခြင်းကြောင့် စိတ်ကို လန်းဆန်းစေနိုင်လို့ပါ။ ဒါကြောင့် အလုပ်ပင်ပန်းလို့ စိတ်ညည်းငွေ့ သူတွေအနေနဲ့ နံနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

ဥာဏ်ရည်ကို ဖွံဖြိုးနိုင်

ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နံနက်စောစော ထသူတွေဟာ နေမြင့်မှ ထသူတွေထက် လေ့လာမှု အားကောင်းစေ တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် နံနက်စောစောထပြီး စာကျက်ခြင်းဟာ ကျောင်းသား၊ ကျောင်းသူတွေ အတွက် အကောင်းဆုံးပါ။

သက်ကြီးသူများနဲ့ စောစောအိပ်ယာထခြင်း

နံနက်စောစော အိပ်ယာထပြီး လမ်းလျှောက်သော သက်ကြီးသူများသည် နေမြင့်မှ အိပ်ယာထသော သက်ကြီးသူများထက် ပိုပြီး ကျန်းမားရေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် တစ်ခြားသော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ကျော်လင်းနိုင် (ရိုးရာလေး)

ခွင့်ပြုချက်မရဘဲ ဖိနပ်ကြော်ငြာရိုက်သည့်မယ်စကြဝဠာ အမှုရင်ဆိုင်ရဖွယ်ရှိ

Posted by drmyochit Friday, October 11, 2013, under | No comments


တပ်ခ်ျမဟာတွင် ခွင့်ပြုချက် မရဘဲ ဖိနပ်ဖက်ရှင်ဓာတ်ပုံရိုက် ကူးခဲ့မှုအတွက် မယ်စကြဝဠာအား တရားစွဲဆို သွားမည်ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ မယ်စကြဝဠာ၏ ဖိနပ်ဖက် ရှင်ဓာတ်ပုံရိုက်ကူး မှုသည် တပ်ခ်ျမဟာ ထိန်းသိမ်းစောင့်ရှောက်သူ တို့က စော်ကားမှုအဖြစ် အပြင်းအထန်ပြစ်တင်ဝေဖန် ခဲ့သည်။

အသက်၂၁နှစ်အရွယ်ရှိ မယ်စကြဝဠာဖြစ်သည့် အမေရိ ကန်အမျိုးသမီး အိုလီဗီယာကာလ် ပိုသည် ၁ဝ ရက်ကြာ အိန္ဒိယခရီး စဉ်အတွင်း ကျော်ကြားလှသော တပ်ခ်ျမဟာအဆောက်အအုံသို့ သွားရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ကာလ်ပိုသည် တပ်ခ်ျမဟာတွင် နာမည်ကြီးကုန်အမှတ်တံ ဆိပ်ဖိနပ်များကိုစီး၍ ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့ကြောင်း အာဂရာမြို့ရှိ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းရဲစခန်းမှ ဆူရှန့်ဂါးက ပြော သည်။

မယ်စကြဝဠာသည် တပ်ခ်ျ မဟာတွင်ဓာတ်ပုံရိုက်ယူရာ၌ ခွင့် ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ယူခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရှေး ဟောင်းသုတေသန လေ့လာဆန်း စစ်ရေးအဖွဲ့မှ အင်န်ကေပါတက်ခ် က ပြောကြားခဲ့သည်။ တပ်ဂ်ျမဟာ သို့ အလည်လာရောက်သူများမှာ တပ်ခ်ျမဟာဥယျာဉ်အတွင်းမှ လွဲ ၍ ဖိနပ်ချွတ်ရန် စည်းကမ်းချက် သတ်မှတ်ထားကြောင်း ပြော ကြားခဲ့သည်။အကယ်၍ မယ်စကြဝဠာ အနေနှင့် စည်းကမ်းချိုးဖောက်ပါက အမှုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း တပ်ဂ်ျမဟာ ထိန်းသိမ်း စောင့်ရှောက်သူ မူနာဇာအလီက ပြောကြားခဲ့သည်။
By Yangon Media

ဒေါ်အောင်ဆန်းစုကြည် ဥရောပသို့ ထပ်မံ သွားရောက်မည်

Posted by drmyochit Friday, October 11, 2013, under | No comments


စက်တင်ဘာလ အတွင်း ဥရောပ သုံးနိုင်ငံသို့ သွားရောက် ခဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို လက်ခံရန် ဥရောပ လေးနိုင်ငံသို့ ယခုလအတွင်းထပ်မံ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြား သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် EU Sakharov လူ့အခွင့်အရေးဆုကို ၁၉၉၀ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဥရောပ ပါလီမန်တွင် လက်ခံမည် ဖြစ်ကြောင်း ဥရောပ ပါလီမန်က ထုတ်ပြန် ထားသည်။ အဆိုပါခရီးစဉ်ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ လူ့ဇင်ဘတ်နှင့် အီတလီ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ ဆုကို ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သောကြောင့် ဥရောပ ပါလီမန်က ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ကိုဖီအာနန်တို့လည်း ယင်းဆုကို ရရှိဖူးကြောင်း ဥရောပ ပါလီမန်၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါဆုမှာ ဆုတံဆိပ်နှင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ပေးအပ်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် စက်တင်ဘာ ဒုတိယပတ် အတွင်း ဥရောပနိုင်ငံ များသို့ သွားရောက်ခဲ့သည်။

အိမ်ပေါ်ထပ်မှာ အိပ်နေစဉ် အိမ်အောက်ထပ်က ရွှေဆိုင်မှ သိန်း ၅၀၀ ဖိုးခိုးယူသွားတဲ့ အတင့်ရဲသော သူခိုးကို အမှုဖွင့်ထား

Posted by drmyochit Friday, October 11, 2013, under | No comments


မုံရွာ ၊ ၁၀-၁၀-၂၀၁၃

မုံရွာမြို့နယ် ၊ အလယ်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ ချင်းတွင်း ရတနာဈေး အနီး ဖွင့်လှစ် ရောင်းချလျက် ရှိသည့် '' ပေါ်ဦး '' ရတနာ ရွှေဆိုင်တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ရွှေအရောင်း ကောင်တာ အတွင်းမှ ရွှေဆွဲကြိုး မျိုးစုံ ကာလတန်ဖိုး ငွေကျပ် သိန်း(၅ဝဝ) ခန့် ဖောက်ထွင်း ခိုးယူ ခံခဲ့ရကြောင်း သိရသည်။ 

" ပေါ်ဦး " ရွှေရတနာ အရောင်းဆိုင် ပိုင်ရှင်က '' ရွှေဆိုင်ဖွင့်ဖို့ အတွက် နံနက်(၅) နာရီက နေအိမ် အပေါ်ထပ် ကနေ အောက်ထပ် ကို ဆင်းလာပြီး ရွှေထည် ပစ္စည်းတွေ ထည့်ထားတဲ့ မှန်ကောင်တာ ကို စစ်ဆေးရာ မှန်ကောင်တာ ထဲမှာ ချိတ်ဆွဲ ထားတဲ့ ရွှေဆွဲကြိုး တွေ ခိုးယူ သွားပါတယ် ၊ ရွှေလေးချိန် (၇ဝ)ကျပ်သား ဝန်းကျင် ရှိပါတယ် .. .. .. '' ဟု ပြောကြားသည်။

မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက '' အိမ်နောက်ဖေး နံရံရဲ့ (၁ဝ)ပေခန့် အမြင့်မှာ ရှိတဲ့ အလျား(၁၃)ပေ ၊ အနံ (၉)ပေခွဲ အပေါက်ကို ချိုးဖျက် ထားတာ တွေ့ပါတယ် ၊ လူကြီးဝင် ဖို့တော့ ခတ်ပါတယ် ၊ တရားခံကို ဖမ်းဆီး ရမိရေး ဆောင်ရွက် လျက် ရှိပါတယ် .. .. .. ''ဟု ပြောကြားသည်။ ပေါ်ဦးရွှေဆိုင် ဖောက်ထွင်း ခိုးယူမှုတွင် ကာလ တန်ဖိုး ကျပ်သိန်း လေးရာ ကိုးဆယ့် ရှစ်သိန်း နှစ်သောင်း တန်ဖိုးရှိ ရွှေဆွဲကြိုး မျိုးစုံ(၁ဝ မျိုး ခိုးယူ ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေထည် ခိုးယူသူ အပေါ် စုံစမ်း စစ်ဆေး ဖော်ထုတ် အရေးယူ ပေးနိုင်ရန် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က ရွှေဆိုင်ပိုင်ရှင် ဦးသန်းဝေ မှ မုံရွာမြို့နယ် အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြား ခဲ့၍ (ပ) အမှတ် ၅၄၄/၂ဝ၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈ဝ အရ စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

By Myawady Daily

လောရင်တေးကို အငှားခေါ်ဖို့ ချိန်ရွယ်နေတဲ့ အာဆင်နယ်

Posted by drmyochit Friday, October 11, 2013, under | No comments


အာဆင်နယ် အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဖြစ်သူ ဖာနန်ဒို လော်ရင်တေးကို အငှားစာချုပ်ဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရသည်။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ရာသီအဖွင့်မှာ ရလာဒ်များကောင်းမွန်နေသော်လည်း တိုက်စစ်မှူး တစ်ဦး လိုအပ်သည်ဟု သုံးသပ်ကာ လာမည့် ဇန်နဝါရီလ အပြောင်း အရွှေ့ဈေးကွက်မှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။

အာဆင်နယ် အသင်းဟာ အက်သလက်တစ် ဘီဘာလ်အို အသင်းမှာ လော်ရင်တေး ကစားနေစဉ် ကတည်းက ခေါ်ယူဖို့ ချိတ်ဆက် ခဲ့သော်လည်း ဂျူဗင်တပ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဂျူဗင်တပ် အသင်းမှာ ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ကြောင့် လော်ရင်တေးဟာ ပထမပွဲထွက်ခွင့် နေရာအတွက် မရေမရာ ဖြစ်နေရသည့် အချိန်ဖြစ်သည်။

၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာ ပါဝင်ခွင့် ရနိုင်ရေးအတွက် ပုံမှန် ပွဲထွက်ကစားခွင့် လိုအပ်နေသည့် ၂၈ နှစ်သားလော်ရင်တေးဟာ အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို စိတ်ဝင်စားဖွယ် ရှိနေသည်။

ဝက်ခြံထွက်လို့ စိတ်ညစ်ပါသလား

Posted by drmyochit Friday, October 11, 2013, under | No comments


လူငယ်တွေ အတွက် မျက်နှာပေါ်တွင် ဝက်ခြံပေါက်ခြင်းဟာ ပြဿနာတစ်ခု ဖြစ်မယ် ထင်ပါတယ်။ မျက်နှာပေါ်တွင် ဝက်ခြံပေါက် လာပြီဆိုလျှင် ထိုဝက်ခြံကို အမြန်ပျောက်ကင်း လိုသည့် ဆန္ဒရှိကြပါတယ်။ ထို့ကြောင့် နည်းအမျိုးမျိုးကို အသုံးပြုပြီး ကုသကြပါတယ်။ အမျိုးသားတွေ အသက် ၄၀ ကျော်ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိနေပါတယ်။

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာများ

ဝက်ခြံ မပေါက်အောင် ရှောင်သင့်သော အစားအစာတွေ ကတော့ ပင်လယ်စာနဲ့ အိုင် အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ် များတဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံထွက်တတ်ပါတယ်။ တစ်ချို့ လူတွေကြတော့ နွားနို့ထဲက အဆီကြောင့် ဝက်ခြံ ဖုဖြစ်စေနိုင်ပါတယ်။ မျက်နှာကို အဆီပြန်စေမယ့် အစားအသောက်တွေကို ရှောင်သင့်ပါတယ်။ အပူအစပ်တွေကို အလွန်အမင်း စားသုံးခြင်းကိုလည်းကို ရှောင်သင့်ပါတယ်။

ဝက်ခြံမပေါက်အောင် စားသင့်သော အစားအစာများ

အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ဂျုံ၊ ကမာ ၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားသင့်ပါတယ်။ မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာ မင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ပါတယ်။

ရောဂါကုထုံး

တကယ်လို ဝက်ခြံဖြစ်လာပြီ ဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

(၁) ရေခဲကပ်ပါ။

(၂) ပင်လယ်ရေ စိမ်ပါ။

(၃) အာလူး ကပ်ပါ။

(၄) သခွားသီကပ်ပါ။

(၅) ရှားစောင်းလက်ပပ် အနှစ်သားကို လိမ်းပါ။

(၆) တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ မျက်နှာကို ဆေးပါ။

(၇) သံလွင်ဆီ လိမ်းပါ။

(၈) တရားထိုင်ပါ။

အထက်ပါ နည်းလမ်းတွေကို အသုံးပြုတာကြောင့် သင်၏ ဝက်ခြံကို ပျောက်ကင်းစေနိုင် ပါတယ်။ 

ကျော်လင်းနိုင် (ရိုးရာလေး)

သမ္မတဟောင်း မူရှာရက်ဖ် ကို ရဲက ဖမ်းလိုက်

Posted by drmyochit Friday, October 11, 2013, under | No comments


ပါကစ္စတန်မှာ သမ္မတဟောင်း မူရှာရက်ဖ်ကို ၂၀၀၇ ခုနှစ်က အစ္စလာမ်မာဘတ်မှာ ဗလီတလုံးကို ဝင်စီးနင်း ခဲ့တဲ့ အမှုနဲ့ ဆက်စပ်ပြီး ဖမ်းလိုက်ပြီလို့ ရဲတွေက ပြောပါတယ်။

အဲဒီ စီးနင်းမှုမှာ လှုံ့ဆော်ရေးတရားတွေ ဟောပြောတဲ့ တရားဟော ဆရာတယောက်နဲ့ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးခဲ့ပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ တခြားစွဲချက် တွေနဲ့ လောလောဆယ်မှာကို နေအိမ်မှာ အကျယ်ချုပ် ကျခံနေရ တာတပါ။

သူ ဒီကနေ့မှာ တရားရုံးမှာ လာရောက် အစစ်ခံရပါမယ်။

ဗုဒ္ဒဟူးနေ့ကတော့ တရားရုံးချုပ်က မစ္စတာ မူရှာရက်ဖ် ရင်ဆိုင်နေရတဲ့ စွဲချက်တွေထဲက တခုဖြစ်တဲ့ သူပုန်ခေါင်းဆောင် တယောက် အသတ်ခံရမှုမှာ သူ့ကို အာမခံပေးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ်ကတော့ သူ့အပေါ်စွဲဆိုချက်တွေအားလုံးဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောပါတယ်။

မစ္စတာ မူရှာရက်ဖ်ရဲ့ ပြောခွင့်ရပုဂ်ဂိုလ်က အခုနောက်ဆုံး စွဲချက်ကို ပယ်ချလိုက်ပြီး အဲဒီ ဗလီကို ဝင်စီးမှုဟာ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာ ဖြစ်ပြီး အကြမ်းဖက်သမားတွေ ကို ရှင်းပစ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

Posted by drmyochit Friday, October 11, 2013, under | No comments


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ ဦးဘုန်းဆွေနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် လူ့အဖွဲ့အစည်း နှစ်ခုအတွင်း အချင်းချင်း သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းနိုင် ရေးဆိုင်ရာများ၊ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေး ဆိုင်ရာများအပေါ် ဆွေးနွေးကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဆွေးနွေးရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး လုပ်ငန်း စဉ်တွင် တရားမဝင် ဝင်ရောက်လာသူများ မည်မျှရှိသည်ကို သိရှိစေရန် ဦးစွာ စိစစ်ပြီးမှ နှစ်ဖက်လူမှု အဖွဲ့အစည်း သဟဇာတဖြစ်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်သည့် အတွက် ဖြစ်မြောက်အောင် ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း၊ ဤသို့ လုပ်ဆောင်ရာတွင် တတိယ အဖွဲ့၏ အကူအညီ လိုအပ်မှာဖြစ်ကြောင်း ဆွေးနွေးကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှ ယခုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အချိန် သတ်မှတ်ချက် ပါရှိစေလိုပါကြောင်းနှင့် သတင်းထုတ်ပြန်မှု ပိုမိုလုပ်ဆောင် ပေးစေ လိုပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပို၍ ပါဝင်ကူညီ လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ပြန်ပေးဆွဲ ခံရသူ လစ်ဗျား ဝန်ကြီးချုပ် ပြန်လွတ်

Posted by drmyochit Friday, October 11, 2013, under | No comments


လစ်ဗျား ဝန်ကြီးချုပ် Ali Zeidan ဟာ ထရီပိုလီမြို့တော်မှာရှိတဲ့ အစိုးရဌာနချုပ်ရှိရာကို ဘေးကင်းစွာ နဲ့ပြန်ရောက် လာပါပြီ။ သူ့ကို အရင် သူပုန်စစ်သွေးကြွတွေက နာရီပေါင်းများစွာ သူ့ကို ထိန်းသိမ်းထား ပြီးနောက် ပြန်လွှတ်ပေး လိုက်တာပါ။ သေနက်သမားတွေဟာ Mr.Zeidan ကို ကြာသာပတေးနေ့ အစောပိုင်းတုန်းက သူနေထိုင်ရာထရီပိုလီမြို့ကနေ ဖမ်းဆီးသွားပြီး၊ ၆ နာရီကြာ ထိန်းသိမ်းခဲ့ပါတယ်။

သေနတ်သမားတွေဟာ သူ့ကို အမည်မသိနေရာတခုကို ဘာအကြောင်းပြချက်မှန်းမသိရပဲ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့ အစိုးရ ကြေညာချက်တရပ်မှာ ဖော်ပြပါတယ်။ သူ့အနေနဲ့ကတော့ အခုလို ပြန်ပေးဆွဲခံရတာကြောင့် လစ်ဗျားမှာ တင်းမာမှုတွေဖြစ်လာမယ်လို့ မထင်တဲ့အကြောင်း လွတ်မြောက် ပြီးနောက် ရုပ်သံလွှင့်ထုတ်ချက်မှာ Mr.Zeidan က သူ့အစိုးရအဖွဲ့ကို ပြောခဲ့ပါတယ်။

ဒီ ပြန်ပေးဆွဲတာ ဘယ်သူလက်ချက်လဲဆိုတာ မရှင်းသေးပါဘူး။ The Operations Room of Libya’s Revolutionaries အဖွဲ့လို့ ခေါ်တဲ့ စစ်သွေးကြွအဖွဲ့ကတော့ ကနဦးမှာ သူတို့လုပ်တာ လို့ပြောပြီး၊ နောက်ပိုင်း မှာတော့ သူတို့ ပတ်သက်မှုမရှိကြောင်း ငြင်းခဲ့ပါတယ်။

လစ်ဗျားမှာ အမေရိကန် အထူးတပ်ဖွဲ့တွေ စနေနေ့တုန်းက ၀င်ရောက် စီးနင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး Mr.Zeidan အစိုးရအဖွဲ့ကို အဲဒီ စစ်သွေးကြွအဖွဲ့က အပြစ်တင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးအတွင်းမှာတော့ အကြီးတန်း အယ်ကိုင်းဒါးခေါင်းဆောင် Abu Anas al-Libi ကို အမေရိကန်အထူးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ အခုတော့ သူ့ကို အမေရိကန်ရေတပ်သင်္ဘောတစင်းပေါ်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)

ရခိုင် အလောင်းနှစ်လောင်းတူးဖော်တွေ့ရှိပြီးနောက် သံတွဲမီးရှို့မှုနှင့်တရားစွဲထားသူအား လူသတ်မှုသို့ပြောင်း

Posted by drmyochit Friday, October 11, 2013, under | No comments


ရခိုင်အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိခဲ့ပြီးနောက် သံတွဲပဋိပက္ခနှင့်ပတ်သက်ပြီး မီးရှို့မှုနှင့် တရားစွဲဆို ခံနေရသူ ကမန်တိုင်းရင်းသားများထဲမှ တစ်ဦးကို အဆိုပါလူသတ်မှုတွင်ပါဝင်နေသည်ဟု ယူဆကာ ပြောင်းလဲ တရား စွဲဆိုထားသည်ဟု သံတွဲ့မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲဒုတပ်ကြပ် အောင်နိုင်ဝင်းက ပြောသည်။

“မီးရှို့မှုနဲ့ဖမ်းထားတဲ့ ရှစ်ယောက်ထဲက ဟာမက်(ခ) ကျော်စိုးလှိုင် ကလူသတ်မှုမှာပါနေတယ်။ သူကိုတော့ မနေ့က လူသတ်မှုနဲ့ပြောင်းလဲတရားစွဲဆိုပါတယ်” ဟု၎င်းကဆိုသည်။

အသက် ၂၉ နှစ်နှင့် ၃၃ နှစ်အရွယ်အမျိုးသားအလောင်းနှစ်လောင်းကို သံတွဲမြို့နယ် အုန်းတောချောင်း အနီးတွင် ယခုလ ၉ ရက် မနက်ကရဲများက တူးဖော်ရှာဖွေတွေ့ရှိခဲ့သည်။

သံတွဲတွင် စက်တင်ဘာ ၂၈ရက်မှစတင်ကာ ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်း သားများ ကြားပြသ နာဖြစ်ပွားခဲ့ရာ အဆိုပါပဋိပက္ခ အတွင်း ရခိုင်တိုင်းရင်းသားနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကာ၊ ကမန်တိုင်းရင်းသား ငါးဦးသေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းစာရင်းများကဆိုသည်။

အဆိုပါလူသတ်မှုတွင်ပါဝင်သူကို ရွှေလှေရဲစခန်းမှ (ပ) ၂၇/ ၁၃ ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆/၂၀၁/၁၁၄ တရားစွဲဆိုထား ကြောင်း၊ လူသတ်မှုတွင် ပါဝင်သူ နောက်ထပ်လေးငါးယောက်ခန့်ရှိကြောင်း၊ တိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးနိုင်ရန်စုံစမ်းနေကြောင်း ဒုတပ်ကြပ် အောင်နိုင်ဝင်းကပြောသည်။

ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများအား ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေ

Posted by drmyochit Friday, October 11, 2013, under | No comments


မြန်မာနိုင်ငံမှ စိုက်ပျိုး ထွက်ရှိတဲ့ ဓာတု ကင်းလွတ်တဲ့ ဟင်းသီး ဟင်းရွက်များနဲ့ ရာသီပေါ် သစ်သီးဝလံ များကို ပြည်ပနိုင်ငံ များသို့ ပိုမိုတင်ပို့ ရောင်းချနိုင်ရေး
ဆောင်ရွက်လျက် ရှိတယ်လို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို တင်ပို့ ရောင်းချနိုင်ဖို့ အတွက် ကိုတော့ လက်ရှိမှာ နေပြည်တော် ရှိ ဧက ၉၀၀ ခန့် ကျယ်ဝန်းတဲ့ မြေနေရာမှာ သစ်သီးဝလံ အမယ်မျိုးစုံနဲ့ ဓာတု ကင်းလွတ်တဲ့ ဟင်းသီး ဟင်းရွက်များကို စိုက်ပျိုးထားရှိ နေတာလည်း ဖြစ်ပါတယ်။

ဒီလို စိုက်ပျိုး ထားတဲ့ သီးနှံများ ကိုတော့ ကိုရီးယား နိုင်ငံနဲ့ ဂျပန်နိုင်ငံ များသို့ တင်ပို့ ရောင်းချနိုင်ရေး မျှော်မှန်း ထားပြီး အဆိုပါ နိုင်ငံများသို့ စီးပွားဖြစ် တင်ပို့ ရောင်းချနိုင်ရေး၊ ဈေးကွက် လိုအပ်ချက် တန်ချိန် အလုံအလောက် တင်ပို့နိုင်ရေးနဲ့ အရည်အသွေး အာမခံချက် ပေးနိုင်အောင် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး တို့ကို ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ပါက စိုက်ပျိုးသူ တောင်သူများရဲ့ ၀င်ငွေများ ပိုမိုတိုးတက် ရရှိစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ နိုင်ငံများမှ စိုက်ပျိုးရေး နည်းစနစ်များကို သိရှိစေနိုင်ဖို့ အတွက်လည်း ပညာရှင်များ ဖိတ်ကြားကာ မျိုးပွား စိုက်ပျိုးရေး နည်းစနစ်များ၊ အရည်အသွေး ထိန်းသိမ်းရေးနည်း စနစ်များ ကိုလည်း လေ့လာနိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ နိုင်ငံများသို့ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီဝလံများ အဆင့်မြင့်တင်ပို့နိုင်ရေး အတွက် ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးဝလံ အခြောက်ခံစက် များကို အသုံးပြုကာ အဆင့်မီ ထုတ်ပိုး တင်ပို့နိုင်ရေး ဆောင်ရွက် သွားဖို့ မျှော်မှန်း ထားတယ် လို့လည်း သိရှိရပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အတွက် စာရင်း ပေးသွင်းခြင်း ခံရသည့် ၁၆ နှစ်ရွယ်မိန်းကလေး ဥရောပ သမဂ္ဂ ၏ လူ့အခွင့်အရေး ဆိုင်ရာဆုရသွားပြီ

Posted by drmyochit Friday, October 11, 2013, under | No comments


လန်ဒန် ၊ ၁၁-၁၀-၂၀၁၃

အောက်တိုဘာလ ၁၁ ရက်တွင် ပေးအပ်မည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု အတွက် စာရင်း ပေးသွင်းခြင်း ခံရသည့် ဆယ်ကျော်သက် အရေး လှုပ်ရှားသူ ပါကစ္စတန် အမျိုးသမီးငယ် မာလာလာ အား ဥရောပ သမဂ္ဂ ၏ လူ့အခွင့်အရေး ဆိုင်ရာဆု ( EU's Sakharov human rights prize ) ကို အောက်တိုဘာလ ၁၀ ရက်တွင် ပေးအပ် ခဲ့ကြောင်း သိရသည်။

မာလာလာ သည် အမျိုးသမီး ငယ်များ အတွက် တင်းကျပ်စွာ လျစ်လျူရှု တားမြစ်ခြင်း ခံခဲ့ရသည့် ပညာ သင်ကြားရေး ဆိုင်ရာ နှင့် ပတ်သက်၍ ကလေးငယ် များအားလုံး ပညာ သင်ကြားရေး အတွက် ရဲဝံ့စွာ မားမား မတ်မတ် ရပ်တည် ခဲ့သည့် အတွက် ယခုကဲ့သို့ ဥရောပ သမဂ္ဂ ၏ လူ့အခွင့်အရေး ဆိုင်ရာ ဆုတံဆိပ် ကို ချီးမြှင့် ပေးအပ်ခြင်း ဖြစ်ကြောင်း ဥရောပ ပါလီမန် ဥက္ကဋ္ဌ မာတင်ရှောစ် က ပြောကြား ခဲ့ကြောင်း သိရှိရသည်။
By Myawady Daily

မိုးစက်ဝိုင် မြန်မာစစ်စစ် ဖြစ်ကြောင်း မွေးစာရင်းနှင့် သက်သေပြမည်ဖြစ်သဖြင့် တရုတ်ဟု ဖွထားသူများ အရှက်ကွဲမည်ကို ဆိုးရိမ်

Posted by drmyochit Friday, October 11, 2013, under | No comments


ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်ဟာ ရှမ်း – မြန်မာ မိဘနှစ်ဦးက မွေးလာတဲ့ မြန်မာလူမျိုးစစ်စစ် တဦးဖြစ်တယ်ဆိုတာ သက်သေပြဖို့ စီစဉ်နေသဖြင့် တရုတ် ဟု ဖွထားသူများ အရှက်ကွဲမည်ကို ဆိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

မိုးစက်ဝိုင်ရဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ အွန်လိုင်း စာမျက်နှာတွေထက်မှာ ဆက်တိုက် ထွက်ပေါ်နေပြီး မိုးစက်ဝိုင်ဟာ တရုတ်လူမျိုး ဖြစ်ကြောင်း၊ တရုတ် နာမည်ရှိကြောင်း၊ တရုတ် သတင်း ဌာနတွေကလည်း မိုးစက်ဝိုင်အကြောင်း ရေးသားထားပြီး တရုတ်လူမျိုး အချင်းချင်း ချီးကျူးနေကြတာသာ ဖြစ်တဲ့အကြောင်း စတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အဲဒီလို သတင်းတွေကြောင့် တရုတ်လူမျိုးတယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုမယ်အဖြစ် မပြိုင်သင့်ဘူး ဆိုတာကို ဆန္ဒထုတ်ဖော်မယ် ဆိုပြီးတော့ ကောလာဟလ တွေလည်း ထွက်ခဲ့ပါတယ်။ ရန်ကုန် မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက၊ ဘယ်သူတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတာ မသိရသလို၊ ဒီနေ့ ညနေမှာ ဆန္ဒ ထုတ်ဖော်တာ မျိုးလည်း မရှိခဲ့ပါဘူး။

“မိုးစက်ဝိုင်က တရုတ်လူမျိုး လုံးဝမဟုတ်ဘူး။ ရန်ကုန်မြို့မှာ မွေးခဲ့တဲ့ မြန်မာလူမျိုးဖြစ်ကြောင်း သူ့ကိုမွေးခဲ့တဲ့ ဆေးရုံကို သက်သေ လှမ်းယူမယ်။ ပြီးရင် အားလုံးကို ပြောပြမယ်” လို့ ကိုချမ်းလင်းသူက ရှင်းပြပါတယ်။

မိုးစက်ဝိုင်ရဲ့ မိဘနှစ်ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မွေးဖွားခဲ့တဲ့ရှမ်း – မြန်မာ လူမျိုးတွေ ဖြစ်ပြီး မိုးစက်ဝိုင်လို့ ခေါ်တဲ့ မဝေဝေခိုင် (နာမည်ရင်း) ကိုတော့ ရန်ကုန်မြို့မှာ မွေးဖွား ခဲ့တာဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်၊ နိုင်ငံကူး လက်မှတ်တွေမှာလည်း မြန်မာနိုင်ငံသား ဖြစ်ကြောင်း ရေးသား ထားတယ်လို့ သိရပါတယ်။

အွန်လိုင်း စာမျက်နှာတွေထက်မှာ တရုတ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိုးစက်ဝိုင်ရဲ့ ဓာတ်ပုံနဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် Miss Universe Myanmar ပွဲတွေကို တာဝန်ယူကျင်းပမယ့် Hello Madam Media Groupက တာဝန်ရှိသူတွေ အနေနဲ့နောက်ကွယ်က တိုက်ခိုက်နေတဲ့ သူတွေကို စုံစမ်း သိရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

“တိုက်ခိုက်နေတဲ့ သူတွေကို ကျနော်တို့ သိထားတယ်။ နောက်ကွယ်ကနေ ယှဉ်နေဖို့မရှိဘူး။ ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ အားလုံးရှေ့မှာ တရားဝင် ပြောသွားမှာပါ။ အခု လောလောဆယ်တော့ ဘယ်သူဆိုတာ မပြောပြ ချင်သေးဘူး” လို့ ကိုချမ်းလင်းသူက ပြောပါတယ်။

အွန်လိုင်း ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် Miss Universe Myanmar 2013 ဆုရ မိုးစက်ဝိုင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံက အွန်လိုင်း စာမျက်နှာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြနေကြတဲ့ မိုးစက်ဝိုင်ရဲ့ တရုတ်ဝတ်စုံနဲ့ ပုံဟာ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်စုံလို့ သိရပါတယ်။ အဲဒီပွဲမှာ မြန်မာဝတ်စုံ၊ တရုတ်ဝတ်စုံနဲ့ ညနေခင်း ဝတ်စုံဆိုပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့် မြန်မာဝတ်စုံနဲ့ ညနေခင်း ဝတ်စုံပုံတွေတော့ မပါလာဘဲ တရုတ်ဝတ်စုံနဲ့ ပုံကိုသာ ရွေးပြီးတင်ထားသလို၊ မိုးစက်ဝိုင်မှာ ဝေဝေခိုင်ဆိုတဲ့ နာမည်က လွဲလို့ တရုတ်နာမည်လုံးဝ မရှိဘူးလို့ ကိုချမ်းလင်းသူကို ပြောပါတယ်။

ဆက်လက်ပြီး ကိုချမ်းလင်းသူက “မိုးစက်ဝိုင် တက်ရမယ့် စင်မြင့်က အကြီးဆုံးဖြစ်နေတော့ ပထမဆုံး အခွင့်အရေးကို ဘယ်သူမဆို ရချင်မှာပဲလေ။ မိုးစက်ဝိုင်နေရာမှာ ဘယ်သူဖြစ်ဖြစ် တိုက်ခိုက်ခံရမယ် ထင်တယ်” လို့ အွန်လိုင်းစာမျက်နှာ တွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအပေါ် သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက် ခံနေရပေမယ့်လည်း Hello Madam Media Group နဲ့ ကာယကံရှင် မိုးစက်ဝိုင်အနေနဲ့ တကူးတက ကိစ္စတခု အနေနဲ့ ရှင်းပြနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရားဝင် facebook စာမျက်နှာမှာတော့ “အခုလို ရှုပ်ထွေးကြမ်းတမ်း နေတဲ့ ပြဿနာတွေ ကြားထဲကနေ မိုးစက်ကို ဆက်လက်ပြီး အားပေး ချစ်ခင်ပေးနေတဲ့ ပရိသတ်ကြီးကိုလည်း မိုးစက်က အရမ်းချစ်ခင်ပြီး အရမ်းလည်း ကျေးဇူးတင်နေပါတယ်” လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းများနဲ့ တွေ့ဆုံပွဲမှာ မိုးစက်ဝိုင်ကို စာနယ်ဇင်းသမားတဦးက တခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးလားလို့ မေးမြန်းခဲ့ရာမှာ မိုးစက်ဝိုင်က သူ့အနေနဲ့ ၂၀၀၉ ခုနှစ် လောက်က ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်တဲ့ ပွဲတခုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဖြေပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီတုန်းက သူ ပြိုင်ပွဲဝင်ခဲ့တဲ့ တရုတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့တာ တွေ့ရပါတယ်။

facebook စာမျက်နှာတွေ ထက်မှာတော့ မိုးစက်ဝိုင် နာမည်နဲ့ ဖွင့်ထားတဲ့ စာမျက်နှာက ဆယ်ခုထက်မနည်း ရှိနေပြီး မိုးစက်ဝိုင် မုန်းတီးသူများဆိုတဲ့ စာမျက်နှာလည်း ရှိနေတဲ့အပြင် အဲဒီ စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၂ သောင်းနီးပါး ရှိနေတာ တွေ့ရပါတယ်။

မိုးစက်ဝိုင်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာ တိုင်းမှာတော့ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဖြစ်တာ မဖြစ်တာ အရေးကြီး မကြီး ဆိုတာကို ငြင်းခုန်နေကြသလို အားပေးတဲ့သူတွေ အားမပေးဘူးဆိုတဲ့ ကွန်မန့်တွေကိုလည်း ရေးသားထားတာတွေ ရှိပါတယ်။

Miss Universe Myanmar 2013 ကျင်းပရေး ကော်မတီကလည်း မြန်မာနိုင်ငံကိုယ်စားပြု မယ်ရွေးချယ် ခဲ့ရာမှာ ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေအပြင်၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် စည်းကမ်းတွေပါ ထည့်သွင်းခဲ့ပြီး လူထုကြားမှာ ရွေးချယ်ခဲ့တာလို့ Hello Madam Media Group က ဆိုပါတယ်။

MISS UNIVERSE MYANMAR ဝက်ဘ်ဆိုက် မှာလည်း Miss Universe Myanmar 2013 မိုးစက်ဝိုင်အား Online နှင့် facebook စာမျက်နှာများပေါ်တွင် လူနည်းတစုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအချက်အလက် ထုတ်လွှင့်ခြင်းမျိုး မဟုတ်ဘဲ၊ အတင်း ဖြန့်ဝေနေခြင်းများအား မိမိတို့၏ အမည်၊ မိမိတို့၏ ဂုဏ်သိက္ခာ စောင့်ထိန်း ရေးသားပြောဆိုကြဖို့၊ ထင်ယောင်ထင်မှား သတင်း အချက်အလက်တွေကို ရေးသားသူ လူနည်းစု အနေဖြင့် မည်ကဲ့သို့ ရည်ရွယ် ချက်မျိုးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင်ကို အားပေးကြသော မိဘပြည်သူများက သိရှိသော်လည်း ယင်းတို့၏ ဂုဏ်သိက္ခာအား ငဲ့ညှာ ထောက်ထားသော အားဖြင့် တိုက်တွန်းရေးသားလိုက်ခြင်း ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်

Posted by drmyochit Friday, October 11, 2013, under | No comments


ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်း အနီးတွင် (၁၀.၁၀.၂၀၁၃)နေ့ နံနက်(၄း၀၀) အချိန်ခန့်ကမုဒိန်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ထက်ထက်လှိုင် ထမင်းဆိုင်တွင် အလုပ်နေသော မxxxxx(၁၇)နှစ်သည် အလုပ်လုပ်နေစဉ် ဘုရားတောင်ဘက်မုဒ်ရှိ အိမ်သာသို့ သွားစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။ 

အဆိုပါ ဆိုင်ဘေးမှ ဘုရားပန်းရောင်း သော မိန်းခလေးတစ်ဦးနှင့် အတူသွားရာ မxxxxမှ အိမ်သာမှထွက်၍ ခြေထောက်ဆေးနေစဉ် လွန်ခဲ့သော (၄/၅)ရက်ခန့်က ထမင်းဆိုင်တွင် ထမင်း စားဘူးသူ ကျော်သက်ဦး (၂၁)နှစ်၊ (ဘ)ဦးဇော်ဦး၊ (ယာဉ်နောက်လိုက်)၊ ဘဏ္ဍာကုန်းကျေးရွာ၊ ပဲခူးမြို့နယ် နေသူသည်မှ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ 

ကျော်သက်ဦးမှ ဘုရားပေါ်တက်မည်၊ လိုက်ခဲ့ဟုခေါ်ရာ မxxxxမှ မလိုက်နိုင်ကြောင်း ပြောသောအခါ ကျော်သက်ဦးမှ အတင်းလက်ဆွဲကာ ပါးစပ်ပိတ်ပြီး ဘုရားပေါ်သို့ ခေါ်ဆောင်သွားခဲ့ရာ ဘုရားတောင်ဘက် မုဒ်ပေါ်ရှိ ဗေဒင်ဟောသည့် အခန်းအနီးတွင် ထိုင်ပြီး ကျော်သက်ဦးမှ မxxxxအား ချစ်ကြိုက်ကြောင်း ပြောဆိုပြီး မxxx၏ ရင်သားအား ကိုင်ခြင်း၊ ပါးအား နမ်းပြီး ဆွဲလှဲကာ အလိုမတူဘဲ သားမယား အဖြစ်(၁) ကြိမ်ပြုကျင့်ခဲ့သဖြင့် မxxxxမှ ကျော်သက်ဦးအား အရေးယူပေးပါရန် ပဲခူးမြို့မ ရဲစခန်းသို့
တိုင်ကြားရာ ရဲစခန်းမှ(ပ)၆၀၀/၂၀၁၃ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)အရ အမှုဖွင့် အရေးယူထားပြီး တရားခံ ကျော်သက်ဦးအားဖ မ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်

Ko Thant Zin

by Myanmar News Now

လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ

Posted by drmyochit Friday, October 11, 2013, under | 1 comment


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက ယာမြေတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ခြံစည်းရိုးခတ်ထားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီနေ့ ဝက်မှေးရွာဟောင်းကနေ ရန်မျိုးအောင်စေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ ပြီးဆုံးမှသာ ကြေးနီစီမံကိန်းကို ဆက်လုပ်စေချင် တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက RFA ကိုပြောပါတယ်။

“ဒေသခံပြည်သူတွေနဲ့ မညှိနှိုင်းပဲနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စတင်လုပ်တယ်၊ လယ်ယာမြေတွေ ထဲကို စိုက်ပျိုးထားတဲ့ အသီးအနှံပျက်စီးအောင်လို့ ခြံတွေခတ်တယ်၊ အဲတာကြောင့်မို့ ကျမတို့က မကျေနပ်လို့၊ ဝက်မှေးရွာဟောင်းအနေနဲ့ အစီရင်ခံစာထွက်ပြီးတဲ့နောက်မှာ ဒါပထမဆုံးအကြိမ် ဆန္ဒပြ ရခြင်းဖြစ်တယ်၊ လယ်ယာမြေအငြင်းပွားမှုမပြီးမချင်း ဒီဒေသခံပြည်သူတွေရဲ့ လယ်ယာမြေထဲကို အဆောက်အဦးဆောက်တာမျိုးတွေ၊ ခြံစည်းရိုးခတ်တာမျိုးတွေကို ကျမတို့ကမလုပ်စေချင်ဘူး၊ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးစေချင်တယ်”

ကြေးနီိစီမံကိန်းထဲပါဝင်တဲ့ ယာမြေတွေကို အစိုးရက အခုလ ၃ရက်နေ့ကစတင်ပြီး လုံခြုံရေး အကြောင်းပြ ချက်နဲ့ ခြံစည်းရိုးခတ်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီအထိ ချီတက်ဆန္ဒပြဖို့ခွင့်တောင်း ခဲ့ပေမဲ့ အစိုးရက အဲဒီကုမ္ပဏီရှေ့အထိ ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲဟာ လမ်းမှာပဲ ပြီးဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း ယာမြေတွေမှာ ခြံစည်းရိုးခတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese

လူကြည့်များခဲ့သည့် ကားခေါင်မိုးပေါ်တွင် အဝတ်ဗလာဖြင့်ကနေသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းတင်လိုက်သူ ၄ ဦးကို ပြင်းထန်စွာ အရေးယူပြီ

Posted by drmyochit Friday, October 11, 2013, under | No comments


ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Buraidah ရာဇဝတ်မှု တရားရုံးမှ ကားခေါင်မိုးပေါ်တွင် အဝတ်ဗလာဖြင့် ကနေသည့် ဗီဒီယိုကို ရိုက်ကူးပြီး အွန်လိုင်းတင်ခဲ့သော ဆော်ဒီအမျိုးသား ၄ ဦးကို ပြင်းထန်သည့် စီရင် ချက်များချမှတ်လိုက်သည်။ 

၎ ဦးထဲမှ ၃ ဦးကို ထောင်ဒဏ် ၃ နှစ်မှ ၇နှစ်၊ ကြိမ်ဒဏ် ၅ဝဝ မှ ၁၂ဝဝ အထိကျခံစေရန် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ကျန်တစ်ဦးကို ထောင်ဒဏ် ၁ဝ နှစ်၊ ကြိမ်ဒဏ်အချက် ၂ဝဝဝ နှင့် ဒဏ်ကြေး ငွေ ဆော်ဒီ ရီရယ် ၅ဝဝဝဝ (အမေရိ ကန်ဒေါ်လာ ၁၃ဝဝဝ)ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

တာဝန်ရှိသူများက အဆိုပါဖြစ်ရပ် တွင် ပါဝင်ခဲ့သည့် ကားကို သိမ်းယူခဲ့သ လို အွန်လိုင်းတင်ခဲ့သော ဗီဒီယိုဖိုင်ကို လည်း ဖယ်ရှားခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသူ လေးဦးတွင် နှစ်ဦးက လုံခြုံရေးဝန်ထမ်း များဖြစ်သည်။

Ref: CNN
By Popular

အစိုးရ၏ ဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၁၆ သိန်းကျော် ပြည်ထောင်စု လွှတ်တော်သို့ တောင်းခံ

Posted by drmyochit Friday, October 11, 2013, under | No comments


ပြည်ထောင်စုအစိုးရ၏ အသုံးစရိတ်များ၊ ချေးငွေလုပ်ငန်း အသုံးစရိတ်များနှင့် ထောက်ပံ့ငွေများအတွက် ဘတ်ဂျက်လိုငွေကျပ် ၁,၆၉၈,၇၁၂ သန်းကို နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနှင့်အတူ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် ဘဏ္ဍာရေးကော်မရှင်က တင်ပြလာကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ နောက်ထပ် အသုံး စရိတ်လိုငွေကျပ် ၁,၃၉၄,၁၁၆ သန်း၊ ပြည်ပ အကူအညီရငွေ၊ ချေးငွေတို့ဖြင့် ဆက်နွှယ်ထားသည့် လုပ်ငန်းအသုံးစရိတ် ကျပ် ၂၂၇,၂၂၂ သန်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဌာန အဖွဲ့ အစည်းများ အတွက် ထောက်ပံ့ငွေ ကျပ် ၇၇,၃၇၄ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးရန် တောင်းခံလာခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ပြည်ထောင်စုအဆင့် ဌာန အဖွဲ့အစည်းများ၏ နောက်ထပ် အသုံးစရိတ် လိုငွေ ကျပ် ၁,၃၉၄,၁၁၆ သန်းကို ယခုနှစ် ပြီးစီးမည့် ဆောင်ရွက်ဆဲ လုပ်ငန်းများအတွက်သာ ဦးစားပေး လုပ်ဆောင်ရန်နှင့် လုပ်ငန်းသစ် စီမံကိန်းများကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှသာ ဆောင်ရွက်ရန် ဘဏ္ဍာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆိုထားသည်။
“ဒီတောင်းခံမှုကို ငွေစာရင်း ကော်မတီရဲ့ သုံးသပ်ချက်နဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဆုံးဖြတ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွားပါမယ်” ဟု ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က The Voice သို့ ပြောသည်။

ယင်းငွေတောင်းခံမှုကို လာမည့် တစ်ပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပြည်ထောင်စုအစိုးရက တောင်းခံသော ငွေများမှာ အဓိကအားဖြင့် လစာစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်သွင်း ပေးဆောင်ရန်ငွေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် လိုငွေ၊ လျှပ်စစ်မီတာခ၊ ဓာတ်ဆီ ဈေးနှုန်းများ တိုးမြှင့်မှုအတွက် လိုငွေ၊ ပြည်ပ ကြွေးမြီအပေါ် ပေးချေ ရသည့် အတိုးများ၊ ရှင်းလင်းရေး အသုံးစရိတ်များ၊ နေပြည်တော် စည်ပင်သာယာရေး အသုံးစရိတ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လိုငွေများ ပေးချေရန် ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင်၏ လွှတ်တော်သို့ တင်ပြချက်များအရ သိရသည်။

TV Show တစ်ခုမှာ ရင်ညွန့် ဖော်ပြပြီး အစီအစဉ်တင်ဆက်ခဲ့သည့် မိန်းမတစ်ယောက် အလုပ်ထုတ်ခံရ

Posted by drmyochit Friday, October 11, 2013, under | No comments


တူရကီ နိုင်ငံတွင် ရင်ညွန့်အထက်ပိုင်းကို အတန်ငယ် ဖော်ပြထားသည့် ဝတ်စုံဖြင့် TV Show တစ်ခုတွင် ပါဝင်ခဲ့သည့် အစီအစဉ် တင်ဆက်သူ အမျိုးသမီး တစ်ဦးသည် အာဏာရ ပါတီ၏ ဖိအားပေးမှုကြောင့် အလုပ်ထုတ်ခံလိုက်ရကြောင်း သိရှိရသည်။ ဂေါ့ဇ်ဒီကန်ဆူ ကြုံတွေ့ရသော ပြဿနာသည် တူရကီတွင် အငြင်းပွားဖွယ် အခြေအနေများ ဖြစ်ပေါ်လာသလို ပါတီ၏ လုပ်ရပ်ကို ထောက်ခံသူများရော၊ ရှုတ်ချသူများပါ ရှိလာခဲ့သည်။ ကန်ဆူသည် Veliahtတွင် ရင်ညွန့်တစ်ဝိုက်ကို လှစ်ဟထားသည့် အနက်ရောင် အင်္ကျီကို ဝတ်ဆင်လျှက် အစီအစဉ်၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးမှု ပါတီ၏ ပြောရေးဆိုခွင့်ရ အရာရှိ ဟူဆန်ယင်ဆီလက်ခ်က ကန်ဆူ၏ အဝတ်အစားသည် အလွန်အကျွံ လျှပ်ပေါ်လော်လီလွန်းကြောင်း ဝေဖန်ခဲ့သည်။

ကန်ဆူသည် အစောပိုင်းက ယင်းအခြေအနေနှင့် ပတ်သက်ပြီး မှတ်ချက်ရေရေရာရာ မပေးခဲ့သော်လည်း နောက်ပိုင်းတွင် အလုပ်ဖြုတ်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ ဆီလက်ခ်က "ကျွန်တော်တို့က သူတစ်ပါး ကိစ္စကို နေရာတကာ ဝင်ပါနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ခုဟာ လွန်လွန်းအား ကြီးသွားပြီ။ လုံးဝ လက်ခံလို့ မရပါဘူး"ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်းတွင် အစီအစဉ် တင်ဆက်သူများက ကန်ဆူနှင့် တွေ့ဆုံ စကားပြောခဲ့ပြီးနောက် လာမည့်သီတင်းပတ်များတွင် ဆက်လက်ပါဝင်ရန် မလိုတော့ဟု အသိပေးခဲ့သည်။

အစောပိုင်းက ကန်ဆူသည် အစီအစဉ်တွင် မပါဝင်တော့ခြင်းသည် သူမ၏ အလုပ်များလွန်းသော အစီအစဉ်များကြောင့်ဟု ပြောဆိုခဲ့သော်လည်း ထို့နောက်တွင်မူ အလုပ်ပြုတ်သွားကြောင်း ဝန်ခံခဲ့သည်။ ကန်ဆူဘက်မှ ရပ်တည်သူများက ဆီလက်ခ်ကို ဝေဖန်ကြသော်လည်း ဆီလက်ခ်ကမူ မိမိအနေဖြင့် လူတစ်ဦးချင်း အခွင့်အရေးအရ ကိုယ်ပိုင်အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ကြောင်း တုံ့ပြန်ခဲ့သည်။ "TVကြည့်သူ တစ်ယောက်အနေနဲ့၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကျွန်တော့်အမြင်ကို ကျွန်တော် ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က ဘယ်သူ့နာမည်ကိုမှ ထုတ်မပြောခဲ့ဘူး။ တစ်ယောက်ယောက်ကို စွပ်စွဲခဲ့တယ် ဆိုတာက မီဒီယာတွေ ကိစ္စပါ"ဟု ဆီလက်ခ်က Twitterတွင် ရေးသားထားသည်။

တရားမျှတမှုနှင့် ဖွံ့ဖြိုးမှု ပါတီကို AKPဆိုသော အတိုကောက် အမည်ဖြင့် လူသိများပြီး (၂၀၀၁)ခုနှစ်က အတန်ငယ် လက်ယာယိမ်းသည့် အလယ်အလတ်ဝါဒီ နိုင်ငံရေးသမားများက ဖွဲ့စည်းခဲ့သည်။ ပါတီ၏ နောက်ခံအခြေအနေအရ ရိုးရာယုံကြည်မှု အစ္စလာမ်ဝါဒ လွှမ်းမိုးသည့် အရိပ်လက္ခဏာများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေး အယူအဆများကို လုံးဝဖယ်ရှားပြီး ကွန်ဆာဗေးတစ် ဒီမိုကရေစီ ဝါဒကိုသာ ဦးစားပေး ရပ်တည်ကြောင်း ကြေညာထားသည်။ 
By Planet

နှစ်ပေါင်း၆၀ကျော်ကြာ ပြည်တွင်းပဋိပက္ခများ ပထမဆုံး အကြိမ် ရပ်တန့်နိုင်တော့မည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာ ထုတ်ပြန်

Posted by drmyochit Friday, October 11, 2013, under | No comments


ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ငြိမ်းချမ်းရေး သဘောတူချက် ထွက်ပေါ်လာပြီးနောက် နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များကို ပထမဆုံး အကြိမ် ရပ်တန့်နိုင်တော့မည်ဟု မြန်မာငြိမ်းချမ်းရေးဂေဟာ MPC က အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန် လိုက်သည်။ 

နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်အတွက် ပြင်ဆင်မှု ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် နိုင်မည်ဖြစ်ပြီး ထို လက်မှတ်ထိုးပွဲတွင် KIO ပါဝင်နိုင်ရေးအတွက် အတူ ကြိုးပမ်းဆောင် ရွက်ရန် အစိုးရနှင့် KIO တို့ လက်ခံသဘောတူ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ထိုးနိုင်မယ့် အနေအထားမျိုး ဆိုလိုတဲ့သဘောပါ။ အဲတော့ ဆိုလို တာက ဒီဆွေးနွေးပွဲက အားလုံး ပါဝင်နိုင်ဖို့အတွက် ပိုပြီး တွန်းအားဖြစ်စေမယ်။ အဲဒါကို လက်မှတ်ထိုး နိုင်မယ်ဆိုရင်တော့ ၁၉၄၈ ကနေ ဖြစ်ပျက်တာ ရပ်တန့်နိုင်မယ်လို့ ကျနော်တို့ ဆိုလို တာပါ”ဟု ဦးလှ မောင်ရွှေက ပြောသည်။ 

သို့သော် KIO ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်ကမူ စိတ်ချရသည့် အခြေအနေ မရောက်မချင်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ထိုးနိုင်ဦးမည်မဟုတ်ဟု ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်း ပွဲ တွင် ပြောဆိုသွားသည်။ 

“ကျွန်တော်တို့ဘက်က ခိုင်မာတယ်လို့ ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုး မရောက်ရင် မထိုးနိုင်ဘူး လို့ KIO ရဲ့ သဘောထားဖြစ်ပါတယ်။ ဒါကတော့ အရင်အတွေ့အကြုံတွေကြောင့်ပါ။ ဒါကလည်း ceasefire agreement မလုပ် ဘဲ နိုင်ငံရေးဆွေးနွေးရအောင်လို့ ပြောနေတာ။ အဲဒါ မထိုးပေမယ့် တိုက်ပွဲများကို ဘယ်လို လျှော့ချမလဲ၊ ဘယ်လို ထိန်းသိမ်းမလဲ၊ တိုက်ပွဲနည်းအောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ မထိုး ထားသော်လည်းဘဲ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲများမှာ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီးပါဝင် နိုင်မလဲ ဆိုတာ စဉ်းစားတာဖြစ်တယ်”ဟု ပြောသည်။ 

မည်သို့ပင်ဆိုစေ မြစ်ကြီးနားမြို့ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် သုံးရက်ကြာ ဆွေးနွေးမှုအပြီး KIO ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ ပါဝင်သော ညီလာခံ (Ethnic Armed Groups Conference) ကျင်းပရန် အပါအ၀င် အချက်ခုနှစ်ချက် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။

“တိုင်းရင်းသားတွေ ညီလာခံ လုပ်မယ်ဆိုတဲ့အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ရောက်စေတဲ့ သဘောရတယ်။ အခုလည်း ခုနှစ်ချက်ရတယ်။ ပိုပြီးတော့ လေးနက်လာတယ်။ အကောင်အထည် ပေါ် လာတယ်။ အဓိကအချက်က မူငါးချက်နဲ့ လိုက်နာရမယ့် ၁၈ ချက်ကို သာမာန် အပစ်အခတ်ရပ်ထားတဲ့ အားလုံးထက် ပိုပြီး လေးလေးနက်နက် လုပ်တဲ့အတွက် အပစ်အခတ်ရေးထိုးတာကလွဲရင် ပိုလေးနက် တယ်လို့ မြင်တယ်”ဟု ဦးလှမောင်ရွှေက ပြောသည်။ 

စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော် မတီကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံးအကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်၊ ၄င်းကော် မတီအား အခြေပြဇယား (Joint monitoring committee structure) ပူးတွဲ (၁) နှင့် ပူးတွဲစောင့်ကြည့်ရေး တွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ ငါးချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် ပူးတွဲ (၂) ကို အခြေခံ၍ အသေးစိတ် စီမံချက် (Operation Plan) ချမှတ်နိုင်ရန် နှစ်ဖက် နည်းပညာအထောက်အကူ ပြုအဖွဲ့များအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု သဘော တူခဲ့သည်။ 

စစ်ပြေးဒုက္ခသည်များ ပြန်လည် နေရာထူထောင်ရေးအတွက် အခြေခံရမည့်မူများနှင့် စီမံချက် တစ် ရပ် ရေးဆွဲနိုင်ရန်နှစ်ဖက်အဖွဲ့များ၏ အလုပ်အဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ဆက်လက် ညှိနှိုင်းဆောင် ရွက်ရန် အနည်းဆုံး ရွာလေးရွာကို ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်း အကောင် အထည်ဖော်ရန်သဘောတူသည်။ 

ပြီးခဲ့သည့် မေလ ဆွေးနွေးပွဲရလဒ်ကြောင့် နှစ်ဖက်ပစ်ခတ်မှု လျှော့ချနိုင်ခြင်း၊ နှစ်ဖက် ထိတွေ့ဆက်ဆံ မှုများ တိုးတက်ဆောင်ရွက်နိုင်ခြင်းတို့အပေါ် နှစ်ဖက်ကိုယ်စားလှယ်များမှ အသိအ မှတ်ပြုပြီး ပစ်ခတ်မှုများ ထပ်မံ မဖြစ်ပွားစေရေးကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။ 

ထို့ပြင် KIO အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး တိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန်၊ အများပြည်သူသုံး လမ်းများနှင့် အရေးပါသော လမ်းများ ပုံမှန် ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန်ဖွင့်လှစ်သွားရန်နှင့် ရှေ့ လုပ်ငန်းစဉ်များအားနှစ်ဖက် အလုပ်အဖွဲ့များက လာမည့် ဆွေးနွေးပွဲ အား အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ 

KIO ဘက်မှ ဆရာကြီးဦးဆွမ်းလွတ်ဂမ် ဦးဆောင်၍ စစ်ဖက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအ၀င် ကိုယ်စားလှယ်ရှစ်ဦးနှင့် အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်း ဦးဆောင်၍ စစ်တပ်ဘက်မှ ကာ ကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့ အပါအ၀င် ၁၀ ဦးကျော် တက်ရောက် ဆွေးနွေးခဲ့ သည်။ 

အစိုးရနှင့် KIO တို့၏ ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရသော် လည်း ကောင်း မွန် သည့် ရလဒ်ထွက်သည်ဟု ရှုမြင်ကြောင်း မွန်ပြည်သစ်ပါတီ မှ နိုင်ငံခြားရေး တာဝန် ခံ နိုင်ဟောင် ဆာဘွမ်ခိုင်က မဇိ္ဈမကိုပြောသည်။ 

“ဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တော့ မရသေးဘူး။ ဒါပေမဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စမှာ တိုင်းရင်းသားတွေ တွေ့ဆုံဖို့၊ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ IDP ကိစ္စ၊ ကော်မတီတွေ ဖွဲ့ဖို့ပါတယ်။ တချို့ကောင်းတဲ့ ရလဒ်တွေ ထွက်ပါတယ်”ဟု သူက ပြောသည်။ 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် Mr. Wang Ying Fan၊ အခြား တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော ကရင်၊ ရှမ်း တောင်/မြောက်၊ ၀ ၊ မွန်၊ ကယား၊ ပအိုဝ့်၊ ချင်း၊ မိုင်းလား၊ ပလောင်နှင့် ABSDF စသည့် အဖွဲ့ အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်နိုင်ငံရေးပါတီ ခုနစ်ပါတီမှ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြသည်။ 

Mizzima

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်