Wednesday, October 09, 2013

ကိုလက်စထရောကို လျော့ကျစေပြီး အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိသော ရာသီစာသုံးမျိုး

Posted by drmyochit Wednesday, October 09, 2013, under | No comments


အောက်တိုဘာလမှာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံ အများစုကို ဝေဝေဆာဆာ တွေ့ရပါတယ်။ ဒီရာသီမှာ တွေ့ရတဲ့ သစ်သီးဝလံတွေ အနက် ကိုလက်စထရောကို လျော့ကျစေ ပြီး အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အောက်ပါ သစ်သီး သုံးမျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

ပန်းသီး 

ကိုလက်စထရော ကျစေခြင်း 

ပန်းသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၉၅ ကယ်လိုရီခန့်နဲ့ အမျှင်ဓာတ် လေးဂ ရမ် ပါဝင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ ပက်တင်က ပျော်ဝင်တဲ့ အမျှင်ဓာတ် ဖြစ် ပြီး သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံး ကျန်းမာရေး အကျိုးကျေးဇူး ရရှိဖို့ ပန်း သီးစားရင် အခွံကိုပါ စားသင့်ပါတယ်။ ပန်းသီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာစား ရာမှာ စိတ်ကျေနပ်မှု ပြည့်ဝစေပါတယ်။

ရွှေဖရုံသီး

ကင်ဆာတွန်းလှန်နိုင်ခြင်း 

တခြား စားသင့်တဲ့ သစ်သီးက တောက်ပတဲ့ လိမ္မော်ရောင် ရွှေဖရုံသီးပဲ ဖြစ်ပါတယ်။ ရွှေဖရုံသီးမှာ ရောဂါကို တွန်းလှန်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီး တို့ပါဝင်ပါတယ်။ ရွှေဖရုံ သီးကို လိမ္မော်ရင့်ရောင် ဖြစ်စေတဲ့ ကာရို တီးနွိုက်ဟာ ကင်ဆာလို ရောဂါဝေဒနာ တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိစေပါတယ်။ ရွှေဖရုံသီးမှာ ဖိုင်တိုနျူးထရီးရန့် နှစ်မျိုး ပါဝင်တာကြောင့် ရွှေဖရုံယို ဒါမှမဟုတ် စွပ်ပြုတ်လုပ်ပြီး စားနိုင်ပါတယ်။ ရွှေဖရုံ စေ့မှာ နှလုံးအကျိုးပြု အဆီဓာတ်၊ ဇင့် (သွပ်)၊ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ မဂ္ဂ နီဆီယမ်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ်။ ဟင်းရွက်သုပ်၊ ဒိန်ချဉ်၊ စွပ်ပြုတ်တွေထဲ မှာ ရွှေဖရုံစေ့ကို ဖြူးပြီး စားနိုင်ပါတယ်။ ရွှေဖရုံစေ့ကို ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားရင် အာနိသင်ကို ထိန်းထားနိုင် ပါတယ်။

သစ်တော်သီး 

အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း 

အောက်တိုဘာလမှာ အရည်ရွှမ်း ပြီး ချိုမြိန်တဲ့ သစ်တော်သီးတွေကို အများ အပြား တွေ့ရပါတယ်။ သစ်တော်သီးမှာ ကြေးနီ၊ ဗီတာမင်စီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်ကြောင့် ထိ ခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ အင်တီအောက်ဆီးဒင့် အာနိသင် အပြည့်အဝ ရရှိစေဖို့ သစ်တော်သီး မှည့် ချိန်မှာ စားပါ။ သစ်တော်သီးမှာ အမျှင် ဓာတ်ပါဝင်တာကြောင့် အူမကြီးနဲ့ နှလုံး သွေးကြောကျန်းမာရေးကို ကောင်းမွန် စေပါတယ်။


ကြယ်စင်

ကိုယ်ဝန်ရစေနိုင်သော အစားအစာများ

Posted by drmyochit Wednesday, October 09, 2013, under | No comments


သားသမီးရတနာ – မလိုချင်သည့် သူများက ဟောတစ်ယောက် ဟောတစ်ယောက် မွေးနေချိန်မှာ လိုချင်တဲ့သူတွေက မှိုင်နေရပါတယ်။ မှိုင်မနေသည့်သူတွေကလည်း နည်းလမ်း အမျိုးမျိုးနဲ့ကြိုးစားနေ ကြပါတယ်။ ကြိုးစားနေတဲ့သူတွေရော၊ မတတ်နိုင်လို့ လက်မှိုင်ချနေရတဲ့သူတွေအတွက်ပါ အထောက် အကူဖြစ်စေမယ့် နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။ ယင်းအစားအစာတွေက raspberries လိုချမ်းသာတဲ့သူတွေ သာရနိုင်တဲ့အစာတွေမဟုတ်ဘဲ အလွှာပေါင်းစုံကသူတွေ လက်လှမ်းမီနိုင်တဲ့ အစာတွေပါ။
(၁)လတ်ဆတ်တဲ့သစ်သီးများ- ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တဲ့အတွက် လတ်ဆတ်တဲ့အသီးအများစုဟာ သုက်ပိုးတွေရဲ့စွမ်းရည်နဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ တကယ်လို့ ကလေးအဖေ တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေရင်တော့ ကျွန်တော်တို့က သံပရာ၊ လိမ္မော်၊ သရက်နဲ့ကန်စွန်းဥတို့ကို ညွှန်ပါရစေ ။
(၂) ကြက်သွန်ဖြူ – ကြက်သွန်ဖြူက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါထောင်မတ်နိုင်ဖို့ကို အားပေးပါတယ်။
(၃)ငါးအမျိုးမျိုး – ငါးအများစုဟာ fatty acid ကြွယ်ဝစွာပါဝင်ပြီး လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် သုက်ပိုးတွေရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။
(၄)အာလူး -ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီ နဲ့အီးကြွယ်ဝတဲ့အတွက် အမျိုး သမီးတွေမှာ မမျိုးဥကြွေမှုကို အားပေးပါတယ်။
(၅)ဥအမျိုးမျိုး -ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ဖောလိတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အတွက် ကိုယ်ဝန်ဆောင်စဉ်သန္ဓေသားကို ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီအောက်ဆီဒန့်နဲ့ ကယ်ရိုတီး နွိုက်တို့ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့မျိုးပွားစွမ်းရည်ကို မြင့်တက်စေပါတယ်။
(၆)အခွံမာသီးအမျိုးမျိုး – အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ဗာဒံစတဲ့အသီးတွေဟာ ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်တဲ့အတွက် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက် ကြွစေပြီး ကိုယ်ဝန်ဆောင်စဉ်မှာ လည်း ကိုယ်ဝန်ပျက်ကျမှုကို လျော့နည်းစေပါတယ်။
အပိန်လေး
ref:IANS
By Health Updates Journal

သရဖူအလှနဲ့ ပရဟိတစိတ်ထား

Posted by drmyochit Wednesday, October 09, 2013, under | No comments


၂ဝဝဝ ပြည့်နှစ်ကျော်ကာလများကဆိုရင် မြန်မာပြည်တွင်းမှာ ထွန်းကားစွာ ကျယ်ပြန့်ခဲ့တဲ့ ပြိုင်ပွဲများဟာ Miss အလှမယ်ပြိုင် ပွဲများဖြစ်ပါတယ်။မြန် မာမိန်းမပျိုကေ လးများရဲ့ရုပ်အလှတရား၊ စိတ် အလှတရား တို့ကို ပိုမိုအရောင်တင်ပေးနိုင်စွမ်းတဲ့ အလှမယ်ပြိုင် ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်နေကြ သူ မြန်မာ မိန်းမပျို လေးများဟာ ရုပ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်အလှအပ များရှိနေတဲ့အပြင် စိတ်အလှတရားတို့နဲ့လည်း ပြီးပြည့်စုံနေတာကို ယှဉ်ပြိုင် ရင်း ဖြေကြားနေမှုတွေ က သက်သေပြနေပါတယ်။

ဒါ့အပြင် စံပြအဖြစ်နေထိုင်ရမယ့် အလှ မယ်များဖြစ်လာတာနဲ့အမျှ အနေအထိုင်အသွား အလာမှအစ အစစအရာရာကိုလည်း ဂရု စိုက် နေထိုင်ကြရပါတယ်။ ရည်ရွယ် ချက်အမျိုးမျိုးနဲ့ ခေါင်းစဉ်အမျိုးမျိုး အောက် ကနေဝင်ရောက်ယှဉ် ပြိုင်ကြတဲ့ Miss မိန်းမ ပျိုကလေးများဟာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေ လင့်ကစား သူတို့ရဲ့ အတွင်း စိတ်သဏ္ဌာန်၊ စိတ်ရင်းတို့မှာ လူမှုဝန်းကျင် အလှဆင်လိုကြတဲ့ အာသီသ များတော့ရှိကြပါတယ်။ Miss Oramin-F ဆုလည်းရရှိထားပြီး မြန်မာပြည်ရှိ Miss ပြိုင်ပွဲ တော်တော် များများမွှာငအူန ဆုများလည်း ရရှိ ထားသူ ခိုင်သဇင်ငုဝါက..

” ရုပ်မလှဘူးပဲ ထားဦး၊ စိတ်လှနေတယ်ဆိုရင် လူတွေက သူ့ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံနေမယ် ထင်ပါတယ်။ မနှစ်က တွံတေး မှာ မိဘမဲ့ပရဟိ တဂေဟာမှာ သွားလှူဖြစ်တယ်။ အဲဒီမလှူဖြစ်ရင်တောင်မှ အိမ်အနီးအနား မှာရှိတဲ့ကလေးတွေကို လှူဖြစ်ပါတယ်။ ကိုယ့် ထက်နိမ့်တဲ့သူတစ်ယောက်ကို ကိုယ့်ဘက်က တတ်နိုင် သေ လာက်ဖေးမပေး လိုက်ရတဲ့ခံစားချက်က လက် တွေ့လုပ်မှ သိတယ်။ အများ အကျိုးအတွက် စိတ်အားထက် ထက်သန်သန်နဲ့ ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ပေး သွားမှာပါ” လို့ ပရဟိတစိတ် ထားနဲ့ပတ်သက်ပြီးပြောပါတယ်။ ပရဟိတစိတ်ထားဟာ အလှမယ်များရဲ့ သရုပ်သကန်ကို ပိုမိုရုပ်လုံးပေါ်စေသလို လောကကိုလည်း အကျိုးပြုရာ ရောက်စေပါတယ်။

” ပြိုင်ပွဲဝင်ပြိုင်တုန်းက ဒိုင်လူကြီးတွေက ဒီဆုရရင် ဘာလုပ်မလဲမေးတော့ လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုပြီး လှူသင့်တဲ့ နေရာတွေကို သွားရောက် လှူဒါန်းမယ် လို့ ပြောခဲ့ တယ်။ အဲ့လိုနဲ့ ဆုရတော့လည်း ကိုယ်ပြောခဲ့သလိုပဲ သွားလှူခဲ့ပါ တယ်။ ဆုရမှရယ်လည်း မဟုတ်ပါဘူး။ ဆုမရခင်ကတည်းက ပရိဟတတွေ လုပ်ဖြစ်သလို၊ အမြဲတမ်းလှူဖြစ်ပါတယ်။ ဆုရပြီး သရဖူဆောင်းပြီးမှ ပရဟိတ လုပ်မယ် ဆိုတာကတော့ သိပ်မကောင်းဘူးထင်တယ်။ အဓိက ကတော့ ကိုယ့်စိတ်ထဲက အရင်း ခံပါ။ ကိုယ်ခံယူတဲ့ စိတ်နဲ့ ပရဟိတလုပ်ချင်စိတ်ရှိတာနဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ တကယ့်ကို စေတနာအရင်းခံ စွာနဲ့ လုပ်သွားမယ် ဆိုရင် စေတနာဆိုတာ ရောင်ပြန်ဟပ် မှာပါပဲ” လို့လည်း Miss မိုးယံ ၂ဝ၁၁ ရရှိဖူးသူ သရုပ်ဆောင် ဆုမြတ်နိုးဦးက ပြောပါတယ်။

” အလှမယ်မှ မဟုတ်ပါ ဘူး။ လူတိုင်းလူတိုင်း လုပ်သင့် တဲ့ အရာတစ်ခုပါ။ အလုပ်လုပ် လို့ရှိရင် အဓိက စိတ်ကို ဖြူစင် အောင်ထားမယ်။ ပရဟိတ အလုပ် အနေနဲ့ ပြော ရမယ်ဆို ဘုန်းကြီး ကျောင်းမှာအမြဲလိုလို ဆွမ်းကပ် ဖြစ်တယ်။ အဝတ်အစားချို့တဲ့တဲ့မိဘမဲ့ကလေးတွေကို တစ်လ တစ်ခါအင်္ကျီလေးတွေ သွားလှူ ဖြစ်ပါ တယ်။ပရဟိတ အလုပ်နဲ့ပတ် သက်ပြီးစိတ်ကူးထားတာလေး တွေရှိတယ်။ တဖြည်းဖြည်းတော့ လုပ်သွားမယ်။ လူဆိုတာ ရုပ်လှ ဖို့၊မလှဖို့ထက် စိတ်ထားေ လး ကောင်းနေမယ်ဆိုရင်သူ့ ရဲ့မျက် နှာကအလိုလိုကြည်လင် လာတယ်”လို့ Miss People 2012 ဆုရှင်အလှမယ် ခိုင်သဇင်ယုဝါ က ဆိုပါတယ်။

တစ်ခေတ်တစ်ခါက မယ်ဗမာ၊ မယ်ဒဂုံ၊ မယ်တက္ကသိုလ်ဆု (၃)ဆုရှင် ဒေါ်ဖြူဖြူရှိန်

Posted by drmyochit Wednesday, October 09, 2013, under | No comments


မယ်ဗမာ၊ မယ်ဒဂုံ၊ မယ် တက္ကသိုလ် ဆု (၃)ဆုကို ဆွတ်ခူး ထားတဲ့ အလှမယ်ကတော့ ဒေါ်ဖြူဖြူရှိန်ပဲဖြစ် ပါတယ်။ဒေါ်ဖြူဖြူရှိန်ကမေခလာနဲ့ ရတနာတို့အပါအဝင် သား သမီး ၆ရောက် မွေးဖွားထားတဲ့ မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ အသက်၁၅နှစ် အရွယ်မှာ မယ်ဒဂုံပြိုင်ပွဲကို ဝင်ပြိုင်ဖြစ် ခဲ့ပြီး မယ်ဒဂုံဆု ရရှိခဲ့ပါတယ်။ အဲဒီနောက် မယ်ဗမာနဲ့ မယ် တက္ကသိုလ်ပြိုင်ပွဲ တွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု တွေချည်းပဲ ရရှိခဲ့ပါတယ်။ ၁၅နှစ်အရွယ်က မယ်ပြိုင်ပွဲဝင် ခဲ့တဲ့ ဒေါ်ဖြူဖြူရှိန်က ယခု လက်ရှိ မှာတော့ အသက်၇ဝ ကျော်အရွယ်ရှိနေပြီဖြစ်ပါ တယ်။တစ်သက်တာမှာ မယ် ပြိုင်ပွဲ(၃)ပွဲပဲဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး သုံးပွဲစလုံးမှာ ပထမဆု ချည်းပဲ ရရှိခဲ့တဲ့ အလှ ယ် ဒေါ် ဖြူဖြူရှိန်နဲ့အင်တာ ဗျူးဖြစ်ခဲ့ သမျှကို ဖော်ပြပေးလိုက်ပါတယ်။

တစ်သက်တာ ၃ခါပြိုင် ပြိုင်ပွဲတိုင်းမှာ ပထမ

အန်တီအသက် ၁၅နှစ် ကျော်၊ ၁၆နှစ်အရွယ်တုန်း ကပေါ့ အန်တီရဲ့ အစ်ကိုက အမေရိကကိုသွားရင်း အမေရိက မှာ Miss အမေရိကပြိုင်ပွဲ ကို ကြည့်လာခဲ့ တယ်ထင်ပါ တယ်။ အဲဒီတုန်းက မယ်ဒဂုံပြိုင်ပွဲကို ဂျူဗလီဟောမှာ လုပ်တယ်။ ပြိုင်ပွဲလုပ်ဖို့ ခုနစ်ရက်အလိုမှာ အန်တီရဲ့ အစ်ကိုက အန်တီရဲ့ နာမည်ကိုသွားပေးတယ်။ အန်တီရဲ့ အစ်ကိုက သူ အမေရိက မှာ Miss အမေရိကမယ်တွေ လျှောက်ပုံကိုသူကပြန်ပြောပြ၊ လုပ်ပြတယ်။ အန်တီကိုလည်း သူလုပ်ပြသလို လိုက်လုပ်ခိုင်းပြီး သင်ပေးတယ်။ အဲဒါနဲ့ ပြိုင်ပွဲကို ဝင်ပြိုင်တော့ အမှတ်စဉ် ကောက်တဲ့ သူတွေက” ဟဲ့..ဖြူဖြူ နင်ဆန်ခါတင်ထဲမှာပါတယ်” တဲ့။ ကိုယ်က ထင်တောင် မထင်ဘူးလေ။ နောက် ဆုပေး ပွဲလည်းရောက်တော့ ပထမဆု ဆိုတော့ ဝမ်းသာပြီး ထခုန်မိတော့တာပဲ။ အဲဒါနဲ့ မယ်ဒဂုံဆုရခဲ့ တယ်။ မယ်ဒဂုံဖြစ်ပြီးတော့ မယ်ဗမာဝင်ပြိုင်တယ်။ အဲဒီ တုန်း ကပြိုင် ရတာက ဘောင်းဘီ နဲ့ စွပ်ကျယ်ပေါ့။ ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ်မထင်ခဲ့ဘူး။ မယ် ဗမာကျတော့ မယ်ပြိုင်ပွဲ မှာ First ရတဲ့မယ်တွေပဲ ဝင်ပြိုင်ရတဲ့ပြိုင်ပွဲပေါ့။ အန်တီ က အဲဒီပြိုင်ပွဲမှာလည်း First မယ်ဗမာရတယ်။ အဲဒီတုန်းက ဆိုရင် သတင်းစာတွေရဲ့ ခေါင်း ကြီးပိုင်းမှာ မယ်ဆုရတဲ့ ပုံကို ဖော်ပြကြတယ်။ ခေါင်းစဉ် ကြီးနဲ့ကို ထည့် တယ်။ နောက် အဲဒီကောလိပ်ကျောင်း ရောက် သွားတော့လည်း မယ် တက္ကသိုလ် ပြိုင်ပွဲမှာ ပထမထပ်ရတယ်။ တစ်သက်မှာ သုံးခါပဲ ပြိုင်ဖူးတယ်။ သုံးပွဲလုံး ပထမပဲ ရခဲ့တယ်။

ဘီကီနီဝတ်စုံဖက်ရှင်မြန်မာအမျိုးသမီးအမြင်

အန်တီတို့ခေတ်ကာလမှာ တော့ ပြည်ပကို သွားပြိုင်တာမျိုးမရှိသေးဘူး။ အဲဒီတုန်းက မယ်စကြဝဠာ ပထမဆုံးရွေးတဲ့ ကာလပဲရှိသေးတယ်။ နှစ်ပေါင်း ကြာလှပါပြီ။ အန် တီ တို့အသက် ကြီးလာတော့ မယ်ပြိုင်ပွဲတွေ နည်းနည်းပြတ်သွားတယ်။ မယ်စကြဝဠာပြိုင်ပွဲတွေမှာ တခြားနိုင်ငံတွေက ဆုတွေရ ကြတော့ အန်တီရဲ့စိတ်ထဲမှာ ကိုယ့်မြန် မာအမျိုးသမီးတွေ လည်း ပြိုင်စေချင်တဲ့ စိတ်တွေ ဖြစ်တာပေါ့။ ဒါပေမဲ့ အခု အချိန်မှာ မြန်မာအမျိုးတွေ ဆုတွေ ရလာတော့ တအားဝမ်း သာ တာပေါ့။ ပြည်ပပြိုင်ပွဲတွေ မှာ တကယ့် Swimming Suit အပြည့်နဲ့ ပြိုင် တာလောက်တော့ အကြောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ ဘီကီနီ လောက်ဆိုရင် တော့ တစ်မျိုးပေါ့။ သိပ်မကြိုက်ဘူးပေါ့။ ဒါပေမဲ့ သူတို့ ယဉ်ကျေးမှုနဲ့ဆိုရင်တော့ ဘယ်လိုလုပ် မလဲတော့ မသိဘူး။ Swimming Suit ကျတော့ အကုန်လုံးအပိတ်ဆိုတော့ အကြောင်း မဟုတ်ဘူး။ ပေါင်ကနေ ရင်ဘတ် ထိကို အပြည့်ပိတ်ထားတာလေ။ ဘစ်ကီနီကျ တော့ သူတို့ နိုင်ငံမှာ တော့ ဘာမှမဖြစ်ဘူးလေ။ ဒါပေမဲ့လ ည်း ခေတ်တွေ ကပြောင်း လာပြီလေ။ ဘယ်သူ့ကို မှ အန်တီ အပြစ်မပြောချင်ပါဘူးသူတို့ တွေလည်း မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့ သူတွေပါ။

မျိုးဆက်သစ် အလှမယ်တိုရဲ့ပရဟိတစိတ်ဓါတ်ဂုဏ်ပြုကြိုဆို

တခြားနိုင်ငံက နိုင်ငံ ခေါင်းဆောင်ကြီးတွေ လာတယ်ဆိုရင် အန်တီတို့မယ်တွေ က လေယာဉ်ကွင်းမှာ သွားကြို ရတယ်။ အဝတ်အစားကအစ အစိုးရက ချုပ်ပေးတယ်။ အဲဒီလို ကြိုရတဲ့အတွက် ဂုဏ်ယူတာပေါ့။ အန်တီတို့ ခေတ်တုန်းကတော့ ပရဟိတတွေ လုပ်ဆောင်တာမျိုး နည်းခဲ့တယ်။ အဲဒီတုန်းကရှိခဲ့ရင် အန်တီတို့အနေနဲ့ ထိပ်ဆုံးက လုပ်ကြမှာပေါ့။

အခုခေတ်မှာ Miss တွေ၊မယ်တွေက ပရဟိတ တွေလုပ်ဆောင်နေကြတာတွေ့ရတော့ သိပ်ကြည်နူးရတယ်။ ခေတ်ရဲ့ကောင်းကျိုးကို လုပ်ပေးနေကြတာလေ။ ဒီထက်ေ ကာင်းတဲ့ အလုပ်ဘယ်ရှိပါ့မလဲ။ ကလေးတွေက အရင်ဘဝက ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့ကြလို့ ဒီဘဝမှာအလှအပတွေနဲ့ ဂုဏ်ဒြပ် တွေရကြ တာလေ။ နောက် ဘဝ ဆိုရင် ဒီထက် ကောင်းတာတွေရကြဦးမှာပါ။ သူတို့ရဲ့ဘဝ ကံအကျိုးပေးကြောင့်ဖြစ် လာကြတာပါ။ဒါက ပိုက်ဆံပေးတိုင်းရတာမျိုးမှ မဟုတ်တာ ပဲ။ပရိသတ် ရဲ့ မေ တ္တာ၊သူကိုယ်တိုင်ကလည်း အလှရှိမှ၊ သူကိုယ်တိုင်ရဲ့ ကံက လည်းကောင်းလို့ ဆုတွေရရှိခဲ့ကြ တာပါ။အဲဒီလိုရရှိခဲ့တာကို ပရဟိတ တွေပြန် လုပ်ပေးကြ တဲ့အတွက် အန် တီ အနေနဲ့ တအားဂုဏ်ယူပါတယ်။ အန်တီ တို့ခေတ်က အဲဒီလို မရှိခဲ့ဘူး။ နိုင်ငံခေါင်းဆောင်ကြီးတွေလာရင် ပန်းစည်းနဲ့ သွားကြိုပေးရ တာမျိုး လောက်ပဲ လုပ်ခဲ့ရ တာေ လ။ အခုခေတ် မှာ ဒီကလေးတွေသွားနိုင်တယ်၊ လာနိုင် တယ်၊ လုပ်ပေးနိုင်တယ်ဆိုတာ နည်းတဲ့ ကုသိုလ်ကံမဟုတ်ပါဘူး။

လင်းအက္ခရာ

သွေးတိုးကျစေသည့် ဆေးဝါးက ကင်ဆာ ကုသနိုင်

Posted by drmyochit Wednesday, October 09, 2013, under | No comments


သွေးဖိအားကျဆင်းဖို့ အသုံးများတဲ့ သွေးတိုး ကျဆေးဟာ အကျိတ်အတွင်း သွေးကြောတွေကို ပွင့်စေနိုင်တဲ့အတွက် ကင်ဆာကို တွန်းလှန်ဖို့ ကူညီ နိုင်တယ်လို့ သိရပါတယ်။ ကြွက်တွေနဲ့ အောင်မြင် စွာ စမ်းသပ်မှုပြုလုပ်အပြီးမှာ ကုသရ အလွန်ခက်ခဲ တဲ့ မုန့်ချိုအိတ်ကင်ဆာ ရှိသူတွေကို Losartan ခေါ် တဲ့ သွေးတိုးကျဆေးပေးဖို့ ဆရာဝန်တွေက ကြံစည် ထားကြပါတယ်။ မုန့်ချိုအိတ်ကင်ဆာရှိသူတွေရဲ့ ငါးရာခိုင်နှုန်းသာ ငါးနှစ်အသက်ရှင်နှုန်း ရှိပါတယ်။ ရောဂါရှိသူ ၁၀ ယောက်မှာ တစ်ယောက်နှုန်းသာ ခွဲစိတ်မှုပြုလုပ်နိုင် တာကြောင့်ပါ။ Losartan ဆေးဝါးဟာ သွေးတိုးကျ ဆေးအနေနဲ့ ဆယ်စုနှစ်တစ်စုကျော်ကြာ အန္တရာယ် ကင်းစွာ အသုံးပြုနေတယ်လို့ သိရပါတယ်။ ဒီဆေး ဝါးဟာ သွေးကြောတွေကို ကျယ်စေတာကြောင့် သွေးပိုမိုရရှိကာ ဖိအားသက်ရောက်မှု နည်းစေပါ တယ်။ မက်ဆာချူးဆက်မှ သုတေသီအုပ်စုတွေက ပါတယ်။ ဒီဆေးဝါးကို လူတွေရဲ့ မုန့်ချိုအိတ်ကင်ဆာ အတွက် အသုံးပြုရာမှာ ရောဂါ လုံးဝမပျောက်ကင်း နိုင်ပေမယ့် အသက်ရှည်ရှည် ပိုနေနိုင်မယ်လို့ သုတေ သီတွေက မျှော်လင့်ထားကြပါတယ်။

ဒေါ့မွန် ကွင်းလယ်လူ ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ပြင်ဆင်လာသည့် မန်ယူနိုက်တက်

Posted by drmyochit Wednesday, October 09, 2013, under | No comments


မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘိုရုရှား ဒေါ့မွန် ကွင်းလယ် ကစားသမား ဖြစ်သူ အယ်လ်ကေး ဂွန်ဒိုဂန်ကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ ပြင်ဆင်လာမည် ဖြစ်ကြောင်း ဒေလီစတား သတင်းစာမှ ဖော်ပြ ခဲ့သည်။

အာဆင်နယ် အနေနှင့် မတ်ဆု အိုဇေးကို မခေါ်ယူနိုင်မီက ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ ချိတ်ဆက် ခဲ့သေးသည်။ ၂၂ နှစ်သား ဂွန်ဒိုဂန်ဟာ လက်ရှိ စာချုပ်အရ ဒေါ့မွန်အသင်းမှာ ၂၀၁၅ ခုနှစ်အထိ ရှိနေမှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရန် အတွက် ငြင်းဆန်ထားသည့် ကစားသမား ဖြစ်သည်။ ဂွန်ဒိုဂန် နုရင်ဘတ် အသင်းမှာ ကစားနေစဉ် ကလည်း မန်ယူနိုက်တက်အနေနှင့် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ကစားသမားကိုယ်တိုင် ကလည်း မန်ယူနိုက်တက်ဟာ သူ၏ အိမ်မက် အသင်းဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံခဲ့ဖူးသည်။ သို့သော်လည်း ဒေါ့မွန် အသင်းဟာ ဂွန်ဒိုဂန်ကို ပေါင် ၄ သန်းဖြင့် ကြားဖြတ် ခေါ်ယူနိုင်ခဲ့သည်။ ပေါင် သန်း ၃၀ ခန့် တန်ကြေးရှိမည့် ဂွန်ဒိုဂန်ဟာ လက်ရှိအချိန်မှာ နောက်ကျောဒါဏ်ရာကြောင့် အနားယူနေရသည်။

ယခုနှစ် ဘောလုံး ရာသီမှာ ဒေါ့မွန်အတွက် ဖလားပွဲတစ်ပွဲ၊ အမှတ်ပေးပွဲ တစ်ပွဲသာ ပါဝင်ကစားခွင့် ရခဲ့သေးသည့် ဂွန်ဒိုဂန်ဟာ ဂျာမဏီမှာ ယနေ့ ထွက်ပေါ်နေသည့် သတင်းများအရ ဇန်နဝါရီ လမတိုင်ခင် အထိ အနားယူရနိုင်သည်ဟု သိရသည်။ ပြီးခဲ့သည့်လ ကတည်းက စာချုပ်သစ်အတွက် ဆွေးနွေးနေ ခဲ့ကြခြင်း ဖြစ်ပြီး စာချုပ်သစ်နဲ့ ပါတ်သက်၍ ဂွန်ဒိုဂန်က “စာချုပ်သစ်အတွက် ဆွေးနွေးနေကြတဲ့ အထဲမှာ ဘယ်အချက် အလက်တွေ ပါဝင်သလဲဆိုတာကို ကျနော် ထုတ်ဖော်ပြောနေမှာ မဟုတ်ပါဘူး။ အားလုံး ဒီအတွက် စောင့်ကြရမှာပါ။ ကျနော့် ဒါဏ်ရာကြောင့် အသင်းမှာ ပါဝင်ခွင့် ရဖို့ စောင့်စားနေရသလို မျိုးပဲပေါ့။” ဟု ပြောကြား ခဲ့သည်။

Ref - football-cafe.com

အမှုကြီးများဖြစ်ပွားမှု မြင့်တက် လာ၍ မန္တလေးမြို့ခံများ စိုးရိမ်

Posted by drmyochit Wednesday, October 09, 2013, under | No comments


မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဟု သတ်မှတ် ထားသော မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် လုယက် လူသတ်မှုများ၊ လူစည်ကားရာ ကျူံးဘေး ပတ်လည်၌ ဓားဖြင့် လိုက်ခုတ်သည့် ဖြစ်စဉ်များ၊ ဆိုင်ကယ်ဖြင့် အဖိုးတန်ပစ္စည်းများ လိုက်လံ လုယူနေသည့် ဖြစ်စဉ် များကြောင့် မြို့ခံများ၏ လုံခြုံရေးပူပန်မှု ဒီရေကို အရှိန်မြင့်စေ ခဲ့သည်။ မန္တလေးမြို့ပေါ်တွင် နေအိမ်များအတွင်း ၀င်ရောက်ကာ ပစ္စည်းလု၊ လူသတ်မှု သုံးလ ဆက်တိုက် ဖြစ်ပွား ခဲ့သည်။

သြဂုတ်လ အတွင်းက ပြည်ကြီး တံခွန်မြို့နယ် အတွင်းရှိ အိမ်တစ်အိမ်တွင် နေ့ခင်းကြောင်တောင် အမျိုးသမီး တစ်ဦးကို သတ်ကာ ငွေကျပ်သိန်း တစ်ရာယူသွားသည့် အမှု ဖြစ်ခဲ့သည်။ စက်တင်ဘာ လတွင်လည်း ချမ်းအေးသာစံမြို့နယ်၊ တိုက်ခန်းတစ်ခုတွင် နေ့ခင်းကြောင်တောင် တစ်ဦးတည်း ရှိနေသည့် အိမ်အကူ အမျိုးသမီးကို သတ်ကာ ငွေနှင့်တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွား မှုဖြစ်ခဲ့ပြန်သည်။ အခင်းဖြစ်ပွား ရာနေရာမှာ မြို့လယ်ကောင်၊ အစိုးရရုံးဌာန၀င်းအတွင်း အတင့်ရဲစွာဖြစ်ပွား ခဲ့ခြင်းကြောင့် မြို့ခံများ စိုးရိမ်စပြုလာသည်။ မြို့ခံများလုပ်ငန်းလုပ်ကိုင်ဖို့ အပြင်ထွက်လျှင်ပင် ကျန်ရစ်ခဲ့သည့် အိမ်နှင့်မိသားစုဝင်များကို စိတ်မချ၊ နောက်ဆံတင်း လာရသည်။

“အိမ်မှာ အမေက ကျန် ခဲ့တော့ စိတ်မချဘူး။ ခုဆို ဘယ်သူလာလာ တံခါးဖွင့်မပေးဖို့၊ တံခါးကိုလည်း ချက်ထိုးရုံတင်မကပဲ သော့ပါခတ်ထားဖို့ မှာထားရတယ်”ဟု ကျုံးဘေး ၂၆ ဘီလမ်းတွင် နေထိုင်ကာ မန္တလေးဈေးချိုတော်တွင် အထည်ဆိုင်ဖွင့် ထားသူ အမျိုးသား တစ်ဦးကပြောသည်။ စိုးရိမ်မှု အငွေ့ မပြယ်သေးချိန် တစ်လမပြည့်မီအချိန်မှာပင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဗိုလ်ချုပ်ရွာတွင် သုံးလောင်းပြိုင် လူသတ်မှုနှင့် ဖောက်ထွင်းမှု ထပ်မံဖြစ်ပွားခဲ့သည်။ ပစ္စည်းလု၊ လူသတ်မှုများ ဖြစ်ပွားနေရုံတင် မကသေး၊ ဆိုင်ကယ်များဖြင့် လိုက်လံလုယက်မှုများကလည်း နေ့ညမရှောင် အဖြစ်များ လာသည်။ လုယက်သူများက အမျိုးသမီးများကို ပစ်မှတ်ထားကာ လုယက်နေပြီး ပိုက်ဆံအိတ်များ၊ လက်ကိုင်ဖုန်းများ၊ ဆွဲကြိုးများ၊ မကြာခဏ အလုယက်ခံ နေရသည်။

“အပြင်ထွက်ရင် ဆွဲကြိုးတို့ ဘာတို့ တန်ဖိုးကြီးပစ္စည်းဆို အိတ်ထဲသေချာထည့်ပြီးထွက်တယ်။ ဘေးနားကို တစ်ယောက်ယောက်ကပ်လာပြီဆိုရင်ကို လူကလန့်နေပြီ။ တချို့ဆို ပစ္စည်းပါမှာစိုးလို့ ပြန်ဆွဲရင်း ဆိုင်ကယ်လဲပြီး အနာတရဖြစ်တာတွေလည်းရှိတယ်”ဟု မန္တလေးဈေးချိုတော်မှ အထည်ဆိုင်ဖွင့်ထားသူ မမို့မို့ကပြောသည်။ အပြင်ထွက်သည့်သူက အိမ်မှာကျန်နေသူကို စိတ်မချသလို အိမ်မှာကျန်နေသူကလည်း လမ်းထွက်မည့်သူကို စိတ်ပူပန်နေရသည့် အခြေအနေမျိုးဖြစ်သည်။ အိမ်အပြင် မဖြစ်မနေထွက်နေသူများ အတွက် ဆိုင်ကယ်ဖြင့် လုယက်မှာကို ကြောက်ရတာအပြင် နောက်ထပ်စိုးရိမ်စရာ အခြေအနေတွေက ရှိနေသေးသည်။ မန္တလေးမြို့ နန်းမြို့ကျုံးပတ်လည်တွင် ခေတ်ပေါ်ဆိုင်ကယ်များ စီးကာ ဓားဖြင့် လိုက်ခုတ်သည့်ဖြစ်စဉ်များပင်ဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်း ည ၈နာရီအချိန်ခန့်က ရှစ်တန်းကျောင်းသားတစ်ဦးပါဝင်သည့် ဆိုင်ကယ်စီး လူငယ်အုပ်စုက အခြားလူငယ်အုပ်စုကို ဓားဖြင့်ဝင်ခုတ်ခဲ့သည်။ ကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ် အနီးတွင် ကိုစည်သူအောင်ဆိုသည့် လူငယ်တစ်ဦးအပါအ၀င် သူငယ်ချင်းတစ်စု ညဦးပိုင်းအနားယူနေစဉ် ၎င်းတို့နှင့် သိကျွမ်းခင်မင်မှုမရှိသော အခြားလူငယ်တစ်စုက ဓားများဖြင့် ၀င်ခုတ်ခြင်းဖြစ်သည်။ ဓားခုတ် ခံရမှုကြောင့် လူငယ်တစ်စု ဒဏ်ရာများရရှိခဲ့ပြီး ကိုစည်သူအောင်၏ လက်ကောက်ဝတ်အပေါ်ပိုင်း၊ တံတောင်ဆစ်၊ နောက်ကျောနှင့် ခေါင်းများတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ “ကျွန်တော်တို့နဲ့ သိလည်း မသိဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ သူတို့က ခေါင်းပိုင်းတွေကို ဦးတည်ပြီး ၀င်ခုတ်တာ”ဟု ဓားခုတ်ခံရသူ ကိုစည်သူအောင် ကပြောသည်။

အုပ်စုဖွဲ့မူးယစ်ရမ်းကားသူများသည် မန္တလေးမြို့မှ လူငယ်များကြား နောက်ဆုံးပေါ် ယဉ်ကျေးမှုတစ်ခု အသွင် စိမ့်ဝင်ပျံ့နှံ့လာနေသည်။ မန္တလေး ကျုံးဘေးတစ်လျှောက်သာမက ကန်တော်ကြီးနှင့် တာရိုး တစ်လျှောက်တွင်လည်း ညပိုင်းအချိန်များ၌ မော်တော်ကား၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့မူးယစ်ရမ်းကား မှုများ၊ နားနေအပန်းဖြေသူများအပေါ် အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားနေသည်ဟု မြို့ခံအချို့ကပြောသည်။ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူုးရုံး မှတ်တမ်းများအရ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တွင် နှစ်စမှ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း လူသတ်မှု၊ ခိုးမှု အစရှိသည့် အမှုကြီးပေါင်း ၃၉ မှု ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အလားတူကာလအတွင်း အမှုကြီး ၁၉ မှုသာ ဖြစ်ပွားခဲ့သောကြောင့် ယခုနှစ်အတွင်း အမှုကြီးဖြစ်ပွားမှုနှုန်းမှာ ယမန်နှစ်ထက် နှစ်ဆကျော်ခန့် မြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာလကုန်အထိ ဆွဲကြိုးဖြတ်မှု၊ နေအိမ်အတွင်းဝင်ခိုးမှုများ စသည့် အခြားအမှုပေါင်း ၅၁ မှု ဖြစ်ခဲ့သောကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကိုးလအတွင်း ဖြစ်ပွားသည့် အမှုများထက် ထက်ဝက်ကျော်ခန့် ပိုမိုမြင့်တက်လာကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှတ်တမ်းများ၌ ဖော်ပြသည်။ ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုကြီးများတွင် လူသတ်မှု ၂၅ မှု၊ မုဒိမ်းမှု ၁၂ မှုနှင့် ခိုးမှုနှစ်မှုတို့ပါဝင်နေပြီး ၎င်းအမှုများ အနက်လေးမှုမှာ တရားခံမပေါ်သေးကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ထွန်း ကပြောသည်။ အဆိုပါလူသတ်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းများမှ တရားခံဖြစ်သူများ ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လူသုံးဦးကိုသတ်သွားသည့် ကုမ္ပဏီဂိုဒေါင်မှ လူသတ်မှုအား အထူးအမှုစစ်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူရဲအရာရှိကပြောသည်။

စက်တင်ဘာ ၂၃ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ စာတိုက်ကြီး အနီးရှိ အိမ်တစ်အိမ်၌ နေ့ခင်းအချိန် ငွေကျပ်သိန်းတစ်ရာတိတိ ခိုးယူသွားသည့်အမှု ဖြစ်ပွားခဲ့ပြီး ခိုးယူခံရချိန်က အိမ်တွင်လူမရှိ၍သာ အသက်အန္တရာယ်ပြုမသွားခဲ့ခြင်းဖြစ်ကြောင်း ခိုးယူခံခဲ့ရသည့် အိမ်ရှင်အမျိုးသားကပြောသည်။ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ် အနက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်များတွင် ရာဇ၀တ်မှုများ ပို၍အဖြစ်များနေကြောင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများတွင် ဖော်ပြသည်။ “ရဲတွေကလည်း နေ့ရောညရောပတ်နေတာပဲ။ မှုခင်းတွေ ကလည်း ဖြစ်နေတာပဲ။ ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး သတင်းပေးမှ အမှုတွေမြန်မြန်ဖော်ထုတ်နိုင်မှာ”ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိန်ထွန်း ကပြောသည်။

မန္တလေးဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည့် အမှုကျူးလွန်ခဲ့သူများအနေဖြင့် မိမိနေရပ်သို့မပြန်ဘဲ မန္တလေးမြို့အတွင်းမှာပင် ဆက်လက်နေထိုင်နေကြရာမှ ရာဇ၀တ်မှုများ ပြန်လည်ကျူးလွန်မှုများရှိသလို စစ်ပြေး၊ ရဲပြေး၊ တရားခံပြေး၊ ရဲဘက်ပြေး စသည့် ပြေးလေးပြေးများမှ ရာဇ၀တ်မှုများ ကျူးလွန်သည့် ဖြစ်စဉ်များလည်းရှိနေကြောင်း တိုင်းရဲရုံးမှ တာဝန်ရှိသူရဲအရာရှိက သုံးသပ်ပြောကြားသည်။ “ဒီဘက်ခေတ် ရောက်လာတာနဲ့အမျှ ထူးဆန်းတဲ့အမှုတွေ ပိုပိုတွေ့လာရတယ်။ တော်တော်လေးဖြစ်တောင့်ဖြစ်ခဲအမှုတွေ ဖြစ်လာတာတွေ့ရတယ်။

ရန်ငြိုးရန်စမရှိဘဲ လူငယ်တွေ အုပ်စုဖွဲ့ရမ်းကားတာမျိုးတွေလည်း တွေ့လာရတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို ထိန်းဖို့လိုနေပြီ”ဟု အဆိုပါရဲအရာရှိကပြောသည်။ မှုခင်းများ ပိုမိုဖြစ်စေရန်အတွက် မန္တလေးမြို့၏ လုံခြုံရေးအခြေအနေကလည်း လျော့ရဲမှုရှိနေသည်ဟု မြို့ခံများကဝေဖန်သည်။ လုံခြုံမှု အားနည်းခြင်း၊ မြို့ခံလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းနှင့် မြို့ပြဖွံ့ဖြိုး လာသော်လည်း ရဲစခန်း၊ ရဲတပ်ဖွဲ့ဝင်အင်အားများ အလိုက်သင့် တိုးပွားများပြားလာမှုမရှိခြင်းများက မြို့ခံများ မလုံခြုံမှုဖြစ်စေသလို မှုခင်းများကိုလည်း ပိုမိုဖြစ်ပွားစေသည်ဟု မြို့ခံအချို့က ထင်မြင် ယူဆသည်။ မန္တလေးခရိုင်တွင် လူဦးရေ ၁၄ သိန်းကျော်ရှိကြောင်း မန္တလေးစည်ပင်၏ စာရင်းဇယား များတွင် ဖော်ပြထားသည်။

သို့သော် မန္တလေးခရိုင်၌ ရဲတပ်ဖွဲ့အင်အား တစ်ထောင်သာရှိကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ကပြောသည်။ မန္တလေးမြို့ပေါ်တွင် ရပ်ကွက်တစ်ခုလုံးမှ မူးယစ်ဆေးဝါးရောင်းဝယ်နေမှုများ၊ မူးယစ်ဆေး အလွယ်တကူဝယ်ယူသုံးစွဲနိုင်သည့် နေရာများ၊ အရက်ဆိုင်၊ ဘီယာဆိုင်များ နေရာတိုင်းတွင် ဖွင့်လှစ်ရောင်းချနေမှုများက လူငယ်လူရွယ်များကို ပိုမိုပျက်စီးစေပြီး မှုခင်းဖြစ်ရပ်များဖြစ်ပွားစေရန် တွန်းအားပေးသကဲ့သို့ ရှိနေသည်ဟု မြို့ခံများကပြောသည်။ လက်ရှိမန္တလေးမြို့တွင် အုပ်စုဖွဲ့မူးယစ်ရမ်းကားမှုများ၊ မိန်းကလေးများကို ပစ်မှတ်ထားသည့် ဆိုင်ကယ်ဖြင့် အဖိုးတန် ပစ္စည်းလုယူမှုများ၊ နေအိမ်ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည့်ကြားမှ လက်နက်များ၊ ချိန်းကြိုးများဝှေ့ယမ်းကာ ဆိုင်ကယ်စီးသူ၊ ကားစီးသူအချင်းချင်း အန္တရာယ်ပြုတိုက်ခိုက်မှုများသည် ညအချိန် ကျူံးဘေးတစ်လျှောက်တွင် ဖြစ်ပွားနေဆဲဖြစ်သည်။

မိုးစက်ဝိုင်ဖွင့်လိုက်တဲ့ ကိုယ်ပိုင် Facebook အကောင့် တစ်ရက်တည်းနဲ့ Like ပေါင်း ၃ သောင်းနီးပါးရနေ

Posted by drmyochit Wednesday, October 09, 2013, under | No comments


Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယမန်နေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေငြာလိုက်သည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ် ဖွင့်လှစ်ပြီး ၁ ရက်အတွင်း Like လုပ်သူပေါင်း ၃ သောင်းကျော်ရရှိခဲ့သည်။ သူ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ Moeset Winehttps://www.facebook.com/missuniversemyanmarmoesetwine ဖြစ်သည်။
ထိုဖေ့စ်ဘုတ်စာမျက်နှာတွင် မိုးစက်ဝိုင်က သူမနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရုရှားတွင် သွားရောက်ယှဉ်ပြိုင်စဉ်ကာလတွင် ပြိုင်ပွဲ အကြောင်းအရာများ၊ ဓာတ်ပုံများကို သူမကိုယ်တိုင် တင်ပေးသွားမည်ဖြစ်ပြီး သူမနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်းသိရသည်။

သူမ၏ နာမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်များစွာပေါ်ထွက်နေပြီး ထိုအကောင့်များအားလုံးသည် သူ မသုံးစွဲခြင်း မဟုတ်ဘဲ ယနေ့ဖွင့်သော အကောင့်ကိုသာ တရားဝင် သုံးစွဲမည်ဖြစ်ကြောင်း မိုးစက်ဝိုင်က အောက်တိုဘာလ ၇ရက်က Park Royal Hotel တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

ကမ္ဘာ့ဒုတိယအရပ်အရှည်ဆုံး ကိုဝင်းဇော်ဦးကို ကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်းကုန်ပြီ

Posted by drmyochit Wednesday, October 09, 2013, under | No comments


မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးဖြစ်ပြီး အခရိုမယ်လီရောဂါ ခံစားနေရသော ကိုဝင်းဇော်ဦးကို အသက် အာမခံ ထားနိုင်ရန်အတွက် Global world Insurance ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းသန်းက အ သက်အာမခံငွေသိန်းငါးဆယ် အောက်တိုဘာ ၈ ရက်တွင် ပေးအပ်သည်။

ငါးနှစ်စာအတွက် အသက်အာမခံငွေဖြစ်ပြီး တစ်နှစ်လျှင်ဆယ်သိန်းနှုန်းဖြင့် ပေးအပ်ခြင်းဖြစ်သည်။ ယင်းအ ပြင် ကိုဝင်းဇော်ဦးအတွက် ထောက်ပံ့လှူဒါန်းမည့် အလှူရှင် ၁၂ ဦးကလည်း တစ်နှစ်လျှင် ငွေကျပ်လေး သိ န်းနှုန်းဖြင့် ၎င်းထံ ပေးအပ်သွားမည်ဟုလည်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အသည်း)က ပြောသည်။

ကိုဝင်းဇော်ဦးသည် ကြီးထွားဟော်မုန်း အထွက်များသည့် ရောဂါခံစားနေရပြီး စက်တင်ဘာလအတွင်းက စ င်ကာပူနိုင်ငံရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဦးနှောက်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်တွင် စင်ကာပူနိုင်ငံသို့ထပ်မံသွားရောက်ကာ ကျန်းမာရေးစစ်ဆေးမှုခံယူမည်ဖြစ်ပြီး နောက်ပိုင်း၌ ရန်ကုန်တွင် အခြေချနေထိုင်သွားမည်ဖြစ်သည်ဟုလည်း ကိုဝင်းဇော်ဦးက ဆိုသည်။

“အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူး။ အိမ်မှု ကိစ္စလေးတွေလောက်ပဲ လုပ်ရတယ်။ ရှိတဲ့ယာလေးတွေကို လူငှား နဲ့ လုပ်ရတယ်။ စင်ကာပူက ကျန်းမာရေးစစ်ဆေးပြီး ပြန်လာရင်တော့ ဆရာကြီးစီစဉ်ပေးသလို ဒီမှာ နေမှာ ပါ”ဟု ဆိုသည်။

ကိုဝင်းဇော်ဦးကို ရေရှည်ဝင်ငွေရရှိစေရန်အတွက် ရုပ်သံမီဒီယာများတွင် သရုပ်ဆောင်စေလိုပြီး လက်ရှိတွ င် သင်္ကန်းတိုက်တစ်ခုမှ ကြော်ငြာရိုက်ကူးရန် ကမ်းလှမ်းမှုရှိနေသည်။

By Mizzima

ရန်ကင်းကလေးဆေးရုံမှာ ကလေးတွေကို နေ့တိုင်းထမင်းအခမဲ့ကျွေးနေပြီ

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရန်ကုန်-အောက်တိုဘာ၉
ကုတင် (၅၅၀)ဆံ့ ရန်ကင်း ကလေးဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျှက် ရှိသည့် လူနာများအား အောက်တိုဘာ ၇ရက်နေ့မှ စတင်ကာ နေ့စဉ် အခမဲ့ ထမင်းကျွေး လျက်ရှိကြောင်းဧရာဝတီ ဖောင်ဒေးရှင်းမှသိရသည်။
ဧရာဝတီ ဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် လူနာများကို တစ်ရက်လျှင် နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် အခမဲ့ ထမင်းကျွေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဧရာဝတီ ဖောင်ဒေးရှင်း အနေဖြင့် ရန်ကင်း ကလေးဆေးရုံကြီးအား တည်ဆောက် လှူဒါန်းခဲ့ပြီး နောက်တွင် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူကြသည့် လူနာများ အဆင်ပြေရန် အတွက် အစဉ်အမြဲ ပံ့ပိုးပေးလျှက် ရှိသကဲ့သို့ အနယ်နယ် အရပ်ရပ်မှ လာရောက် ဆေးကုသမှု ခံယူကြသည့် လူနာများအား နေ့စဉ် ထမင်းကျွေးနိုင်ရန် အတွက်လည်း ရည်မှန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ထမင်းကျွေးနိုင်ရန် အတွက် စားဖိုဆောင် တစ်ဆောင်အား သီးခြား ဆောက်လုပ် လှူဒါန်းခဲ့ကာ နေ့စဉ် ကျွေးမွေး စရိတ်များကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းကပင် ပံ့ပိုးပေးသွားမည် ဖြစ်ပြီး
ဆေးရုံအတွက် လိုအပ်သည့် နားနေဆောင် တစ်ခုကိုလည်း တည်ဆောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
By Popular Myanmar News

မလေးရှားရဲများအား လူသတ်ခွင့်လိုင်စင်ပေး၊ တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာရဲများကိုလည်း လူသတ်လိုင်စင်ပေးရန် လူထုလိုလား

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရာဇဝတ်ဂိုဏ်းသားများ နှင့် မျက်နှာချင်းဆိုင်တွေ့ပါက ရဲများဘက်မှ အရင်ပစ်ခတ်မိန့် အား မလေးရှားပြည် ထဲရေးဝန် ကြီးမှ ထုတ်ပြန်ခဲ့ကြောင်းသိရ သည်။ မကြာသေးမီက ဖြစ်ပွား ခဲ့သော ရာဇဝတ်ဂိုဏ်းနှင့်ဆက် နွှယ်သော အကြမ်းဖက်မှုများကြောင့် ပြည် ထဲရေးဝန်ကြီးဌာနမှ ရဲများအား အရင်ပစ် နောက်မှရှင်းဆိုသော အမိန့်ကို ထုတ်ပြန်လိုက်ရသည်။ 

ရာဇဝတ်ဂိုဏ်းသား လေး သောင်းခန့်ရှိမည်ဟု ခန့်မှန်းရပြီး တစ်ဝက်ကျော်မှာ အိန္ဒိယနွယ်ဖွား မလေးရှားလူမျိုးများဖြစ်ကြောင်း သိရသည်။ ယခုအမိန့်သည် ရဲများ အား တရားလက်လွတ် သတ်ခွင့် ပြုသည့်အမိန့်နှင့် ဘာမှမခြားဟု အတိုက်အခံပါလီမန်အမတ် N Surerdran မှ တုံ့ပြန်ဝေဖန်ခဲ့ သည်။

၂၀၁၁ခုနှစ်က ဖျက်သိမ်း ခဲ့သော နာမည်ဆိုးဖြင့်ကျော် ကြားခဲ့သော ပြည်တွင်းလုံခြုံရေး ဥပဒေအား ပြန်လည်အသက် သွင်းခြင်းဖြစ်ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့များကဝေဖန်ကြသည်။ပြည်ထဲရေး ဝန်ကြီး Zahid က သံသယရှိသူများနှင့် အပေး အယူလုပ်ရန်မလိုတော့ကြောင်း အစည်းအဝေး တစ်ခုတွင် မိနစ် ၂ဝကြာ အသံသွင်းထားခဲ့သော ၎င်း၏မိန့်ခွန်းအားဖော်ပြသည့် မည်သည့်သတင်းစာမဆို ပိတ် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ Prevention of Crime Act ပြင် ဆင်ချက်အား ဝန်ကြီးမှရည်ညွှန်း သွားခြင်းဖြစ်သည်။


ပြိုင်ပွဲဝင်စိတ်ဓာတ်အလှမယ်ဘဝနှင့် ယုံကြည်ချက်ခိုင်မာ အနုပညာရှင်ဘဝ

Posted by drmyochit Wednesday, October 09, 2013, under | No comments


ပြည်တွင်း Miss အလှမယ်ပြိုင်ပွဲများကနေ ဆုတံဆိပ်တွေရရှိခဲ့ပြီး ပြည်သူပရိသတ်တွေကြားမှာ အောင်မြင် ထင်ရှား ခဲ့ကြသူတွေဟာ မိမိဝါသနာရှင်သန်ရာ သရုပ်ဆောင် အနုပညာလောကထဲကို အခြေချ ရပ်တည်ခဲ့ကြပါတယ်။ ဒီနေ့အချိန်အခါမှာလည်း ပြည်တွင်း Miss ပြိုင် ပွဲများကနေ နိုင်ငံတကာအဆင့် Miss အလှမယ်ပြိုင်ပွဲတွေဆီ တက်လှမ်းကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားသူတွေပေါ်ထွက်လာကြပါတယ်။ ဒါကြောင့် သရုပ်ဆောင်အနု ပညာလော ကထဲ မှာလည်း အောင် မြင်မှုတွေနဲ့ ဘဝရပ်တည်နေကြသူ Miss တွေဖြစ်သလို၊ တစ်ချိန်က Miss အလှမယ် ဘဝမှာလည်း ဆုတံဆိပ်တွေနဲ့ အောင်မြင်မှုတွေရယူခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ်နဲ့ ဘဝကို စွန့်စားတီထွင်ကာ အောင်မြင်မှုတွေရယူခဲ့ပြီး ပရော်ဖက်ရှင်နယ် အနုပညာရှင်ဘဝကို ယုံကြည်ချက် ခိုင်မာစွာ တည်ေ ဆာက်ဖြစ်ခဲ့ပုံအကြောင်း မေမြန်းဖြစ်ခဲ့ပါတယ်။

ဆန်းသစ်လ

” ၂ဝ၁၂ ခုနှစ်၊ မေလမှာ The Faceshop Top Girl 2012 and Brand Ambass-ador ဆုရခဲ့တယ်။အဲဒီအချိန်တုန်းက ကိုရီးယားကိုသွားပြီး အနုပညာရှင်တွေနဲ့ တွေ့ဆုံရတယ်။ တအား လည်းပျော်ခဲ့တယ်။အဲဒီအချိန်တုန်းကပရဟိတအလုပ်တွေကိုတအားကြီးတွင်တွင် ကျယ်ကျယ် မလုပ်ဖြစ်ပေမယ့် ကိုယ်တတ်နိုင် သလောက် လှူတယ်။ မွေးနေ့ဆို မိဘမဲ့ကလေး ကျောင်း၊ စိတ်ကျန်းမာရေးဆေးရုံတွေမှာ လှူတယ်။ Miss တစ်ယောက်အနေနဲ့ ဦးဆောင်စံပြလုပ် သွားရင် ပိုကောင်း တယ်လေ။ ညီမက မျက်ကြည်လွှာ၊ အရိုး၊ သွေးတို့လည်းလှူထားတယ်။ Miss ဖြစ်လာပြီးနောက် ကိုယ်ဖြစ်ချင်တဲ့ သရုပ်ဆောင် ဆိုတာကိုလည်း ရွေးချယ်လို့ရ တယ်။ ရှေ့ဆက်ပြီး သွားတဲ့ အခါလည်း လမ်းကြောင်းတွေရလာတာပေါ့”

ခွန်းဆင့်နေခြည်

” မယ်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ နှစ်ရှည်စီမံကိန်းနဲ့ ကစားရ တယ်။ တအားကိုကြိုးစား ခဲ့ရတယ်။ ကိုယ့်ရဲ့ဇွဲနဲ့ ပြိုင်ပွဲတွေမှာ ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တယ်။ ရရှိခဲ့တဲ့ ဆုတွေကတော့ Miss Myanmar ရပြီးသွားပြီ။ အိုလံပစ်မယ်၊ ပြည်နယ်နှင့် တိုင်းပေါင်း စုံမယ်၊ ရန်ကုန်တိုင်းမယ် အားလုံးစုစုပေါင်း ၈ဆုလောက်တော့ ရခဲ့တယ်။ အဲဒီဆုရဖို့ကလည်း လွယ်လွယ်လေးနဲ့ရခဲ့တာတွေမှမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ရင်းနှီးခဲ့ရတာ ပေါ။ အဲဒီလိုမျိုးနဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့ရတယ်။ အစ်မတို့တုန်းက Miss ရသွားပြီး နောက်ပိုင်းဆိုရင် အဲဒီတုန်းကဘာတွေရှိလဲဆိုတာ နိုင်ငံတော်ကနေပြုလုပ်ကျင်းပတဲ့ ပွဲတွေဆိုရင် မဖြစ် မနေတက် ပေးရတယ်။ အဲဒီ အခါကျတော့ ပရိဟတအနေနဲ့ အထွေအထူးကြီးတော့ မလုပ်ခဲ့ရဘူး။ ကိုယ့် ရတဲ့ ဆုလေးနဲ့ ပွဲတွေမှာ ပါဝင်ဖြစ်ခဲ့တယ်။ အဲဒီလိုမျိုးလေးတွေတော့ လုပ်ခဲ့ရတယ်။ ခုနောက် ပိုင်းဆိုရင်လည်း ပရဟိတတွေကို နိုင်သလောက်တော့လုပ်နေပါတယ်။ကြုံရင်ကြုံသလိုဘိုးဘွား ရိပ်သာတို့၊ဆွံ့အံ့နားမကြားကျောင်း၊မိဘမဲ့ကျောင်းတို့ အဲဒီလို မျိုးတွေ မှာတော့ လှူဖြစ်တယ်။ အထင်ကရကြီးနာမည်ခံပြီးလုပ်တာမျိုးမဟုတ်ပေမယ့်အများကြီးလုပ်ဖြစ်ခဲ့ပါတယ်။ပရဟိတပွဲ တွေမှာ အနုပညာဒါနအားနဲ့ လှူဒါန်းပေး ခဲ့တယ်။ ဒီကလေးတွေအတွက်အလှူငွေကောက်ခံပေးခဲ့တယ်။ ဒါကလည် ပရဟိတလုပ်ခဲ့တာပါပဲ။ နိုင်ငံတကာမှာဆိုရင် Miss တွေက သူတို့ဟီးရိုး အနေနဲ့လုပ်ကြတယ်။ ခုလည်း ဒီက Miss ကတွေကလည်း ပရဟိတတွေ လုပ်နေကြတာတွေ့ရ တယ်။ ကိုယ်ကိုယ်တိုင်လည်း ပရဟိတ စိတ်ဝင်စားတယ်။ လုပ်လည်းလုပ်ပေးချင်တယ်”

အေးမြတ်သူ

” ၂ဝဝ၄ခုနှစ်မှစပြီးတော့ Miss ရိုမန်ဆန်ကိုဝင်ပြိုင်ဖြစ်တယ်။ Miss ရိုမန့်ဆုကို ရရှိခဲ့တယ်။ နောက်ပိုင်းမှာလည်း ပြိုင်ပွဲတွေကို တောက်လျှောက်ဝင်ပြိုင်ခဲ့တယ်။ Miss People ဆု ကို ရခဲ့တယ်။တခြားပြိုင်ပွဲတွေမှာလည်း ဆုတွေရခဲ့တယ်။ ဆုကြေးငွေအနေနဲ့ ကတော့ အခုခေတ်ပြိုင် ပွဲတွေလောက်တော့ မများဘူး။ ဒါပေမဲ့ အထောက် အကူေ တာ့ လုပ် ပေးနိုင်တဲ့ အားကတော့ သူ့ခေတ် သူ့အခါမှာတော့ အဆင်ပြေခဲ့တယ်။ ဒီဘက်ခေတ်နဲ့ယှဉ်ရင်တော့ အများကြီးတော့ ကွာဟသွားတယ်။ အဓိက ကတော့ ပရိသတ်နဲ့ ထိတွေ့မှုကို လိုချင်တယ်။ ဂျာနယ်တွေ၊မဂ္ဂဇင်းတွေမှာ ဓာတ်ပုံရိုက်ပြီး ကာဗာအဖြစ်ပါချင်ခဲ့တယ်။ ပရဟိတလုပ်ငန်းတွေကတော့ မလုပ်ဖြစ် ခဲ့ဘူး။ Miss ဖြစ် သွားပေမယ့် တခြားကြော်ငြာတွေက လာပြီး ကမ်းလှမ်းတာမျိုးမရှိသေးဘူး။ အခုဒီဘက် ခေတ်မှာကတော့ နိုင်ငံ ကိုယ်စားပြုဆိုတာမျိုး ပါဝင်ယှဉ်ပြိုင်ရင် ပွဲတွေ၊ ကြော်ငြာေ တွကလာပြီး ကမ်းလှမ်းကြတယ်။ အဲဒီအတွက် အခုခေတ် Miss တွေက အရမ်းကံကောင်းကြတယ်။” အေးမြတ်သူတို့တုန်းကတော့ ကိုယ့်ရဲ့အ သုံး စရိတ် လည်း ပြန်ပြီးသုံးရတာဖြစ်တဲ့အတွက်အများကြီးတော့ ပြန်ပြီးမလှူတန်းဖြစ်ဘူး။ ဒါပေမဲ့ လှူချင်စိတ်မရှိတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်လှူနိုင်သလောက်တော့ လှူဖြစ် တယ်။ ထုတ်ဖော်ပြောပြလောက်အောင်တော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒီဘက်ခေတ်မှာကျတော့ ပရဟိတအလုပ်တွေ တအားလုပ်လာကြတယ်။ ဘယ်ကုသိုလ် အလုပ် မဆို ကိုယ်နာမည်ကြီး ဖို့ အတွက်ထက် ကိုယ့်စိတ်ထဲက တကယ့်ကိုလေးလေး နက်နက်နဲ့ လုပ်ခဲ့တာဆို ကုသိုလ်ရပါတယ်။ Miss တွေလည်း ပြိုင်လာတာများ လာတယ်။ အခု Miss ရတဲ့ Miss တွေကလည်း ပရဟိတအလုပ်တွေ လုပ်လာတာကိုတွေ့ရတယ်။ အဲဒီလိုမျိုးတွေ ဆုံးဖြတ်ချက်ချနိုင် တဲ့ သူတို့ရဲ့သတ္တိ ကိုလည်း တအား ကိုချီး ကျူးပါတယ်။ တကယ် လှူနိုင်၊တကယ်လှူဖြစ်ခဲ့မယ်ဆိုရင်ပိုပြီးတော့ဝမ်းသာပါ တယ်။တကယ်သာဓု ခေါ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ငယ် ရွယ်ရွယ် ဒီလို စိတ်ဓာတ်မျိုးလေးတွေနဲ့ လှူနိုင်တန်းနိုင် တယ် ဆိုတာ တကယ့်ကိုချီးကျူးပါတယ်”

အိန္ဒြာကျော်ဇင်

အစ်မအနေနဲ့ Miss Christmas 1997 နဲ့ Miss ကုက္ကိုင်း ၁၉၉၈ ကိုရရှိခဲ့တယ်။ အူဝဲတို့ လုပ်တုန်းကတော့ ပရဟိတတွေလုပ်တာ သိပ်မရှိဘူး။ ကိုယ်ကလည်း ဘာမှ နား မလည်တာလည်း ပါတယ်။ အဲဒီတုန်း ကလည်း တအား တွင်တွင် ကျယ်ကျယ် မရှိသေးဘူး။ အခု နောက်ပိုင်းမှာကျတော့ ပရဟိတ လုပ်ငန်းတွေ ကိုပါ လုပ်လာကြတာ တအားကောင်းပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်။ အူဝဲတို့တုန်းတော့ ပြည်တွင်း မှာလုပ်တဲ့ မော်ဒယ်ပြိုင်ပွဲတွေပဲ ရှိတယ်။ အခုမှသာနည်း နည်းပွင့်လင်းလာတာပါ။ အူဝဲတို့တုန်းကတော့ Miss ရသွားတော့ လူကပိုသိသွားတယ်။ ရုပ်ရှင်လောကထဲကို ဝင်မယ်ဆိုရင်လည်း သိပ်အခက်အခဲ မရှိတော့ဘူး။ ပရဟိတအလုပ်ကတော့ Miss ရမှ မဟုတ်ပါဘူး။ ဘယ်မှာပဲဖြစ်ဖြစ် ပရဟိတဟ အလုပ်က လုပ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။ နိုင်ငံတကာမှာ Miss Universe ဆုတွေရရင် ပရဟိတလုပ်ငန်းတွေ ဆက်လုပ်လာကြတယ်။ မြန်မာမှာလည်း အဲဒီလိုမျိုးဖြစ်လာတာ ပိုကောင်းပါတယ်”

အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး

Posted by drmyochit Wednesday, October 09, 2013, under | No comments


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကို ပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့် လမ်းကြောင်းက ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ် ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေး ပါတီများ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေ အလည် ညှိနှိုင်းနေရသည့် ဥပဒေ ပြင်ဆင်ရေး အပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာ ဆလိုင်း ငွန်ကျုံးလန်နှင့် 7 Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခုမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

လက်ရှိအချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရေပန်းစားနေတဲ့ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကြောင်းက ပိုပြီး လွယ်ကူမယ်လို့ ထင်ပါသလဲ။

အခြေခံဥပဒေကို ကျွန်တော်တို့ ဥပဒေလောက အမြင်နဲ့ ကြည့်တဲ့အခါမှာ ခြောက်ခုပဲ ရှိတယ်။ နံပါတ်တစ်က ပြည်ထောင်စုမပြိုကွဲရေး၊ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ လောကပါလတရား ထွန်းကားရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ နောက်ဆုံး အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က တစ်ဖက် တစ်လမ်း ကနေ ဝင်ပါရေး။ ဒီခြောက်ခုက အခြေခံဥပဒေရဲ့ အစနဲ့အဆုံး။ ဒီမှာ နောက်ဆုံး အချက်ဖြစ်တဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါမယ်။ ပါပေါ့၊ ဘာဖြစ်လဲ၊ အမျိုးသမီး တွေကတောင် ၃၀ ရာခိုင် နှုန်းယူမယ်လို့ ပြောနေတာ။ ဒါကြောင့် ဒီအချက်ကို တော်တော်လေး စဉ်းစားနိုင်တယ်ဆိုရင် ခုအချိန်မှာ အခြေခံဥပဒေအသစ်ရေးဖို့ဆိုတာ တော်တော်လေး ကြောက်စရာ ကောင်းတယ်။

NLD က ပြောနေတယ်။ အခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ဆွဲဖို့ရာ ပြည်သူ့ သဘောထား ရယူမယ်ဆိုတာက တကယ်ဖြစ်နိုင်မလား။

ကျွန်တော်က ဘယ်ပါတီကိုမှ ထောက်ခံစရာလည်း မရှိဘူး။ ကျွန်တော် အမေရိကန် နိုင်ငံသား၊ မြန်မာ ပြည်မှာမွေးတဲ့ အမေရိကန်နိုင်ငံသား။ ဒီတော့ ဘယ်ပါတီကိုမှ အားပေးစရာလည်း မရှိဘူး။ မဲပေးလို့လည်း မရဘူး။ ဒါကြောင့် ကျွန်တော်အခုပြောတဲ့အချိန်မှာ နံပါတ် တစ် အရေးကြီးတာ ကတော့ ဘယ်တော့မှ ပြည်သူကို Hijack မလုပ်ဖို့ (အတင်းဆွဲသွင်းခြင်းမျိုး) အရေးကြီးတယ် နိုင်ငံရေး ပါတီတွေက။ ကောင်းပြီ။ ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ်ရေးမယ်ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက် နားလည်လဲ။ ဒီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ပြည်သူကို ဆွဲခေါ်တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာ သင်လာတဲ့သူတစ်ယောက် အမြင်မှာတော့ ပြည်သူကို Hijack မလုပ်သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ ကနေ ၂၀၀၈ အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေ မရှိဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှု ထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော်လည်း နားမလည်ဘူး။ 

တကယ်တမ်းမှာ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းဆိုတာမျိုးကရော ဖြစ်လာနိုင်မယ့် အလားအလာရှိလား။

အခုက မသုံးခင်မှာကိုက ပြင်ချင်တယ်။ မပြင်ခင်မှာ လွှင့်ပစ်ချင်တယ်။ အဲဒီတော့ သုံးကြည့်ပါ။ သုံးလို့မရရင် ပြင်ခွင့်ပေးထားတာပဲ။ ပြင်လို့မှမရရင်လည်း လွှင့်ပစ်လိုက်။ ကမ္ဘာမှာ အခြေခံ ဥပဒေ ဆိုတာ အမှိုက်ပုံးထဲရောက်တာ အများကြီးပဲ။

အခြေခံဥပဒေသစ်ကိုသာ တကယ်ရေးနိုင်ခဲ့ရင် လက်ရှိနိုင်ငံရေး အကျပ်အတည်းက ပြီးဆုံး သွားနိုင်မှာလား။

ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခု ထွက်လာတာနဲ့ ရေးပြီးသွားတာနဲ့ ပြဿနာ အားလုံး ပြေလည် သွားမယ်လို့ထင်တာ။ အဲဒါမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေကိစ္စကို နားလည်တာ အရမ်းအားနည်းတယ်။ အခြေခံဥပဒေ ကောင်းသာ ရှိရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်နေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ၄၇ ဥပဒေ ကို ငါးခေါက်လား၊ ခြောက်ခေါက်လား ပြင်ရတယ်။ ပြင်ရင်းနဲ့ ကောင်းလာမယ့် အနေအထား ရောက်တဲ့အခါမှာ နည်းနည်းမှားသွားခဲ့တာ။ ဒါက တချို့နိုင်ငံရေးသမား ပါတီခေါင်းဆောင်တွေ ဆန္ဒစောသွား တာကြောင့်ပဲ။ ၇၄ ဥပဒေကိုလည်း တစ်ခေါက်ပြင်ထားတယ်။ အခု ၂၀၀၈ ပေါ်လာတဲ့အခါ ကျွန်တော်တို့ မပြင်ရသေးဘူး။ ဒါပေမဲ့ အသစ်ရေးချင်တဲ့သူပေါ်လာတယ်။ စက်တင်ဘာလ လယ်လောက်က ဘန်ကောက်မှာ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ၂၀၀၈ က ဘယ်တော့မှ ဒီမိုကရေစီကို မဖော်ဆောင်ဘူး။ ဖက်ဒရယ်ကို မဖော်ဆောင်ဘူး။ ဒါကြောင့် အသစ်ရေးမယ်လို့ ပြောတယ်။ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ရေး၊ ကြိုက်သလိုရေး ကမ္ဘာမှာ အကောင်းဆုံး အခြေခံဥပဒေကို ရေးနိုင်ရင်တောင် ကျွန်တော်တို့ တပ်မတော်က လက်မခံရင် အဲဒီအခြေခံဥပဒေက အမှ်ိုက်ပုံးထဲရောက်မှာပဲ။ ဒီတော့ အမှိုက်ပုံးထဲရောက်မယ့် အခြေခံဥပဒေကို ဘာလို့ အချိန် အကုန်ခံပြီး ရေးနေမလဲ။ ဒီမှာရှိတဲ့ ဥပဒေနားမလည်တဲ့သူတွေကို နားလည်အောင် သင်ပေး။ ဇယား ၂ ထဲမှာ ပြည်နယ် ဥပဒေပြုစာရင်း ၄၄ ချက်ရှိတယ်။ အများဆုံးသုံးနိုင်တာတောင် ၁၅ ခုပဲရှိတယ်။ သုံးဖို့ ကျန်သေးတယ်။

UNFC က အသစ်ရေးနေပြီလို့ ပြောတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။

ကျွန်တော် UNFC ဥက္ကဋ္ဌ ခွန်ဥက္ကာနဲ့ အခြေခံဥပဒေနှစ်ခုရေးဖူးတယ်။ တစ်ခုက ဦးစိန်ဝင်း တို့ အတွက်ရေးတာ။ နောက်တစ်ခုလည်း ရှိသေးတယ်။ နှစ်ခုစလုံး အမှိုက်ပုံးထဲမှာပဲ။ ဘယ်သူ ကမှ လက်မခံတာ။ ဒါကြောင့် လက်ခံမယ့် သုံးမယ့်သူမရှိရင် ဘယ်နှစ်ခုပဲ ရေးရေး အသုံးမဝင် ဘူး။ ပုဒ်မ ၂၀(စ)မှာ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရာတွင် အဓိက တာဝန်ရှိ သည် ဆိုပြီး ပါတယ်။ ဒါကြောင့် အသစ် ရေးမယ်ဆိုရင် ကျွန်တော် တို့က တပ်မတော်ကို သွားပြီး ပြဿနာ ရှာတာနဲ့ အတူတူပဲ။

တပ်မတော်ကို သွားပြီး ပြဿနာရှာတယ်ဆိုတဲ့ စကားကို သေချာရှင်းပြပေးပါဦး။

တချို့က ပြောတယ်။ ကာလုံရှိနေလို့ အာဏာသိမ်းနိုင်တယ်တို့၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ ဖက်ဒရယ်လည်း မရနိုင်ဘူးတို့ ဆိုတာ မယုံဘူး။ ယိုးဒယားမှာ အာဏာသိမ်းတာ ဘယ် နှစ်ခေါက် ရှိနေပြီလဲ။ တိုင်းပြည်မှာ ကာလုံရှိနေလို့ လိုအပ်တဲ့အခါမှာ နိုင်ငံတော် အာဏာကို အခိုက်အတန့် သိမ်းနိုင်တယ်။ ဥပဒေမှာ မပေးထားရင်လည်း သိမ်းချင် သိမ်းမှာပဲ။ ဘာလို့လဲ။ အခြေခံဥပဒေဆိုတာ စာအုပ်တစ်အုပ်ပဲ။ အဲဒီစာအုပ်နဲ့ ဂျီသရီး ဘယ်ဟာပိုပြင်းလဲ။ စာအုပ်ပြင်း မလား။ စဉ်းစားကြည့်ပါ။ တစ်ချက်ဖောင်းဆို ပစ်လိုက်ရင် စာအုပ်က ပေါက်သွားမှာပဲ။ လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဖို့အတွက် ကျွန်တော်တို့က တပ်နဲ့အတူတူ လက်တွဲရမယ်။

ဒီအခြေအနေက တကယ့်နိုင်ငံရေးအကျပ်အတည်းဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။

၂၀၀၈ကို လွှင့်ပစ်လိုက်ပြီး အသစ်ရေးကြည့်။ ဒီကြားထဲမှာ တည်ဆဲဥပဒေ လေးရာကျော်နဲ့ သွားရမှာ။ ဒီအချိန်မှာ ကျွန်တော်တို့ကလမ်းပျောက်ပြီ။ ၂၀၀၈ ကြောင့် မရဖူးတဲ့ နှစ် ၄၀ ကျော် ပျောက်သွားတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန်ရလာတယ်။ ဒါကို ဆက်သွားချင်လား။ ဒါမှမဟုတ် နိုင်ငံရေး စတန့်ထွင် ချင်သေးလား။ စဉ်းစားရမှာ။

ဒီပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်ခိုင်ဖြိုးနဲ့ အချင်း ချင်း မညီညွတ်တာမျိုး ဖြစ်လာနိုင်လား။ 

ကျွန်တော်တို့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အယူအဆကွဲတာကို လက်ခံနိုင်ရမယ်။ အာဏာ ရှင် လက်အောက်မှာ နေလာတာကြာတော့ အကျင့်ပါနေတယ်။ ချင်းထဲမှာဆိုရင် CPP နဲ့ CNP ရှိတယ်။ သူတို့ပေါင်းဖို့ ပြောနေတယ်။ ချင်းအမျိုးသားတစ်ပါတီပဲ ရှိရမယ်တဲ့။ အဲဒါ အာဏာရှင် စနစ်ပဲ။ ဒီမိုကရေစီက အသွင်ကွဲပြားခြင်းကို လက်ခံရမယ်။ နောက် ညှိနှိုင်းနိုင်ရမယ်။ ဒါမှ ဒီမိုကရေစီ။

NLDက ပြင်ဆင်ရေးကို USDP နဲ့ တွဲလုပ်မယ့် ပုံစံမျိုး ခုချိန်မှာ ဖြစ်နေပေမယ့် တကယ်လို့များ တွဲမလုပ်နိုင်ခဲ့ရင် တပ်က ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်လာနိုင်မလဲ။

တပ်က ဘာလုပ်မလဲဆိုတာ ကျွန်တော့်အမြင်မှာတော့ တပ်က လုံးဝလက်လျှော့မှာ မဟုတ် ဘူး။ ဘာလို့ဆိုတော့ သူလျှော့ရင် တပ်ကအားနည်းပြီ။ ဒီ ၂၅ ရာခိုင်နှုန်းကနေ တိုင်းပြည် ကြီးရဲ့ တည်ငြိမ်မှုကို ကောင်းကောင်းကိုင်ထားမှာ။ ဟိုတစ်လောက တပ်ချုပ်ကြီး ထိုင်းမှာ ပြောထားတဲ့ စကားရှိတယ်။ သူတို့က တဖြည်းဖြည်းတော့ လျှော့ပေးမှာလို့။ ဒါပေမဲ့ မနက်ဖြန် မဟုတ်ဘူး။ နောက်နှစ်မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်လေးဆယ်ကျော် စောင့်လာခဲ့ပြီးမှ နောက်ထပ် နှစ်လေးဆယ်ကျော် စောင့်ဖို့ ဝန်မလေးပါဘူး။ ဒီမှာ စောင့်နေရင်း ပညာသင်မယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ သင်ယူရမယ်။

တိုင်းရင်းသားတွေကရော အသစ်မရေးဘဲ ပြင်ဆင်မယ်ဆိုတာကို လက်ခံနိုင်ပါ့မလား။

ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကတော့ မပြောပါဘူး။ တိုင်းရင်း သားလို့ ပြောရင် UNFC ကို အားလုံးက ဆိုလိုကြတယ်။ ကျွန်တော် ဦးခွန်ဥက္ကာနဲ့ တွေ့ခဲ့ ပါတယ်။ သူက အသစ်ရေးဆွဲရေးကို ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အခြေခံ ဥပဒေ ကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှရေးကို ဖော်ဆောင် ပေးနိုင်မယ့် ဟာကို သွားချင်တယ်လို့ပြောတယ်။ ဒါကြောင့် ခင်ဗျားတို့ Statement ပြင်ဖို့ လိုတယ်။ ကျွန်တော်တို့ နားလည်တာက UNFC က အသစ်ရေးမယ်လို့ပဲ နားလည်ခဲ့တယ်။ UNFC ရဲ့ နောက်ဆုံးအစည်း အဝေးမှာ ၂၀၀၈ ကတည်းက အာဏာခွဲဝေမှု ဇယား ၁၊ ၂၊ ၃၊ ၅ နောက် သယံဇာတခွဲဝေရေး ဒါတွေကို ပြင်ချင်တယ်။ ဒီလိုပဲ ပြောခဲ့တယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမြဲ လိုက်ပါနေတဲ့အတွက် MPC ဒါရိုက်တာအနေနဲ့ သူတို့ရဲ့ သဘေားထားကရော ဘယ်လိုရှိနိုင်ပါသလဲ။

ခုချိန်ထိတော့ ၂၀၀၈ အခြေခံဥပဒေကို ပစ်ပစ်ခါခါ မကြိုက်ဘူးဆိုတဲ့အဖွဲ့ ကျွန်တော် မတွေ့ သေး ပါဘူး။

၂၀၁၅ မတိုင်ခင်မှာရော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက အောင်မြင်နိုင်မယ်လို့ တွက်နိုင် ပါသလား။

ကျွန်တော့်အသက်က ၅၀ နားကပ်နေပြီ။ ကျွန်တော့်အသက်မှာတော့ ပြင်နိုင်လိမ့်မယ် မထင်ဘူး။ မပြင်သေးဘဲ သုံးကြည့်တာကမှ ပိုပြီးအဓိပ္ပါယ်ရှိသေးတယ်။ တကယ်တမ်းတော့ ဥပဒေပြင်ဖို့ အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ တပ်မတော် သား တစ်ယောက် ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သား တစ်ယောက် ကို ရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်။

မျက်ကြည်လွှာလှူဒါန်း ဖြစ်တဲ့ စိတ်စေတနာရှင် ထားထက်ထက်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာကျင်းပမယ့် Miss Grand ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်တော့မယ့် အလှမယ် ထားထက်ထက်ဟာ ပြိုင်ပွဲ အတွက် နိုင်ငံ့ဂုဏ်ဆောင်နိုင် အောင် ကြိုးစားလေ့ကျင့်မှုတွေ မနားတမ်းပြုလုပ်လျက် ရှိပါတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်လို့ ပြောလိုက်ရင် ပြည်သူတွေအတွက် လိုအပ် တဲ့နေရာမှာ ပရဟိတအလုပ် တွေကို ကိုယ်ကျိုးစွန့်ကာ လုပ်ဆောင်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ ထိုင်း နိုင်ငံကို သွားရောက် ယှဉ်ပြိုင်မယ့် Miss Grand Myanmar ထားထက်ထက်ကို ပရဟိတ လုပ်ဆောင်နေမှုနဲ့ ပတ်သက် ပြီးမေးကြည့်တော့..

” ထားထက် ပရဟိတ လုပ်တာကို ၁၆ နှစ်အရွယ်က တည်းကလုပ်တာပါ။ ငယ်ငယ်ကတည်း ကအလှူ အတန်းလုပ်ရတာကိုဝါ သနာပါတယ်။ ပရဟိတဆိုတာ ထား ထက်နားလည်တာက လိုအပ်တဲ့နေရာမှာ ကိုယ်တတ်နိုင် တဲ့အတိုင်းအတာနဲ့ ဖြည့်စွက် ပေးတဲ့သဘောပါ။ ကွက်လပ် တစ်ခုကို ကိုယ်ကဝင်ပြီး ဖြည့် စွက်ပေးတာပါ။ ကိုယ့်မှာပိုလို့ လှူတာထက်ကို အကူအညီ လိုအပ်တဲ့နေရာမှာ ရှိတာ လေးနဲ့လှူဒါန်းတာဟာ အင်မတန်မွန်မြတ်ပါတယ်။ ထားထက်ရယ်မှမဟုတ်ဘူး။ အခု ဆို Miss တွေေ ရာ၊ အနုပညာ ရှင်တွေရော၊ပရဟိတကို စိတ် ဝင်စားတဲ့သူတွေရော ပရဟိတ လုပ်ကြတာ ထားထက်ဖြင့် ပီ တိဖြစ်တယ်။ ထားထက် နို ဝင်ဘာ ၃ ရက် နေ့ပြိုင် ပွဲ ဝင် ပြိုင်ပြီး ပြန်လာရင်လည်း လုပ်ဖို့ အစီအစဉ်တွေ အများကြီးရှိတယ်” လို့ ပြောပြပါတယ်။ ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ ကလေးတွေကို သွားရောက် ပရဟိတပြု လုပ်ပြီးတိုင်း ထားထက် ရင်ထဲမှာခံစားမိတဲ့ ခံစားချက် လေးရှိလားမေးကြည့်တော့..

” ထားထက် ပရဟိတတွေလုပ် တိုင်းထားထက်ပြုတာကို ခံစားရတဲ့ သူတို့တွေ ဝမ်းသာပြီးပြုံးရွှင် တာမြင်ရရင် ရင်ထဲမှာ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိတွေဖြာ ပါတယ်။ ထား ထက်ရှေ့မှာ သူတို့ဝမ်းသာ တာမြင်ရင် ကိုယ်လည်းဝမ်းသာတယ်လို့ ” ပြောပါတယ်။ အောက်တိုဘာ ၁ရက်နေ့က မျက်ကြည်လွှာ သွားရောက်လှူဒါန်းဖြစ်ခဲ့ပုံကို ထားထက် ထက်က… ” ထားထက်မျက်ကြည်လွှာလှူတဲ့ အကျိုး ပြုစာကို ဖတ်မိတဲ့ အချိန်မှာ လှူချင်တဲ့စိတ် ကပေါက်သွားတယ်။ ကိုယ့်မျက်လုံးတစ် စုံကြောင့် လူနှစ်ေ ယာက် အ လင်းပြန်ရ နိုင်တယ်ဆိုတာကြောင့် လှူဒါန်းတာ ပါ။စိတ်ထဲက သဒ္ဓါတရားပါမှလုပ်တာက ပိုထိရောက်ပြီး ပီတိဖြစ်ရတာပေါ့” လို့ ပြောပါတယ်။အောက်တိုဘာ ၆ ရက်နေ့ မှာ လည်း HIV ဝေဒနာခံစား ရတဲ့ကလေးတွေကို သွားရောက် လှူဒါန်းအားပေးမှာဖြစ်ပါတယ်။



ထူးထူး

ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာ အမျိုးသမီးများ သိစေရန် အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးရန်အဆိုအား ပြည်သူ့လွှတ်တော်တွင် တင်သွင်းမည်

Posted by drmyochit Wednesday, October 09, 2013, under | No comments




နေပြည်တော်-အောက်တိုဘာ၉
ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ တွင်ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာ အမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများ တွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆို တင်သွင်းခြင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများကို မေးမြန်း ဆွေးနွေး သွားမည် ဖြစ် ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုယ်စား ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာမှ ခေတ္တ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး အောက်ပါ
(က) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်၏ ဟိုနမ့်ဒေသ၌ တန်ဖိုးနည်း လက်ကိုင်ဖုန်းများ အသုံးပြုခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ခ) ဦးအေး၊ ဟုမ္မလင်း မဲဆန္ဒနယ်၏ မြို့နယ်အဆင့် တာဝန်ရှိသူများက နည်းဥပဒေအတိုင်း ဆောင်ရွက်ပေးနိုင်ရန် မြေလွတ်မြေရိုင်း စီမံ ခန့်ခွဲမှု ဗဟိုကော်မတီမှ မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဂ) ဒေါ်ဇာတလဲမ်း၊ ထန်တလန် မဲဆန္ဒနယ်၏ ချင်းပြည်နယ်ရှိ မြို့များ၊ မြို့မြေများအား ကွက်ကျဲ၊ ကွက်စိပ် တိုင်းတာပေးရန်နှင့် မြေမျိုးကြီး အလိုက် ကြေးတိုင်စိုက်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ အခြေခံပညာ ဆရာ/ဆရာမများအား ရာထူးတစ်ဆင့်မြင့်(အစမ်းခန့်) ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ နစ်နာမှု မရှိစေရန် မည်ကဲ့သို့ဆောင်ရွက် ပေးမည် နှင့်စပ်လျဉ်းသည့် မေးခွန်း။

(င) ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်၏ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများအား ဆရာဦးရေတိုးမြှင့်ပေးရန်နှင့် ကျောင်းဆောင်သစ် များနှင့် တိုးချဲ့ကျောင်းဆောင်များ တည်ဆောက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။

(စ) ဦးစိုင်းမောင်တင်၊ လဲချား မဲဆန္ဒနယ်၏ ပြည်သူ့နီတိကျင့်ဝတ် ဘာသာရပ်ကို ကျောင်းသင်ရိုး ညွှန်းတမ်းများတွင် ထည့်သွင်း သင်ကြားပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း တို့ကိုမေးမြန်းပြီး

ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက “၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာ အမျိုးသမီးများ သိရှိနိုင်စေရန်အတွက် အထက်တန်းကျောင်း သင်ခန်းစာများ တွင် ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းခြင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့်

အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများကို မေးမြန်း ဆွေးနွေး သွားမည် ဖြစ် ကြောင်းသိရသည်။ 
By Popular Myanmar

လင်မယားချင်းရန်ဖြစ်ပြီး ဓားဖြင့်ထိုးသတ်မှုတွေမကြာခဏဖြစ်ပေါ်လျက်ရှိရာ ယခုတခါလည်း ဇနီးဖြစ်သူက ခင်ပွန်းကို ဓားနဲ့ ထိုးသတ်မှုတစ်ခုဖြစ်ပေါ်လာပြန်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရန်ကုန်၊ အောက်တိုဘာ ၉

၈.၁၀.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာနေ ကိုစိုးဝင်း၊ (ဘ)ဦးလှငွေနှင့် ၎င်း၏ဇနီးဖြစ်သူ မသန်းသန်းကြည်၊ (ဘ)ဦးကြည်ဝင်းတို့သည် နေအိမ်တွင် စကားများရန်ဖြစ်ကြစဉ် မသန်းသန်းကြည်မှ ဓါးဖြင့်ထိုး၍ ကိုစိုးဝင်းတွင် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် မသန်းသန်းကြည်အား အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ တိုင်တန်းခဲ့၍ မှော်ဘီမြို့မရဲစခန်း(ပ)၅၈၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် 
အမှုဖွင့်ကာ သက်သေခံပစ္စည်းသိမ်းဆည်းပြီး တရားခံအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

ယခုနှစ်အတွက် နိုဘယ်ဆုလျာထားခြင်းခံရသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးအား မသေမချင်း လုပ်ကြံမယ်ဟုဆို

Posted by drmyochit Wednesday, October 09, 2013, under | No comments


မိမိတို့ အနေဖြင့် အခွင့်အရေးရလျှင် မာလာလာ ယူဆွတ်ဖ်ဇိုင်ကို လုပ်ကြံရန် အားထုတ်ဦးမည်သာ ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တို့က ပြောကြားလိုက်သည်။ ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင် တာလီဘန်တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက် စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန်တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ဒုတိယအကြိမ် အားထုတ်မှုတွင် မာလာလာ၏ ခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံရသော်လည်း အသက်မသေဘဲ ဗြိတိန်တွင် ဦးခေါင်းခွံ အစားထိုး ကုသမှု ခံယူကာ ယခုအခါ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။ ယင်းလုပ်ကြံမှု ဖြစ်ပွားချိန်က မာလာလာ၏ အသက်မှာ (၁၅)နှစ်သာ ရှိသေးသည်။

တစ်နှစ်ကျော်မျှ ကြာမြင့်သည့်နောက် သူမ၏ ဇာတိဒေသဖြစ်သည့် ဆွက်တောင်ကြားတွင် လှုပ်ရှားနေဆဲဖြစ်သော တာလီဘန်တို့က မာလာလာသည် အစ္စလာမ် ဘာသာရေး၏ အဆုံးအမများကို ဆန့်ကျင် စော်ကားကြောင်း စွပ်စွဲခဲ့ပြီး မိမိတို့၏ ပစ်မှတ်အဖြစ် ရှိနေဆဲဟု ခြိမ်းခြောက်ခဲ့သည်။ တာလီဘန်တို့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရှာဟီဒူလာ ရှာဟစ်က"မာလာလာကို ကျွန်တော်တို့ မမုန်းတီးပါဘူး။ သူ့ရဲ့ အတွေးအခေါ်ကိုသာ ဆန့်ကျင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာရေးကို ဆန့်ကျင်ဖို့ နှိုးဆော်ပြီး အစ္စလာမ်ကို ဝေဖန်ပုတ်ခတ်သူ မှန်သမျှဟာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ပဲ။ ဒါကြောင့် သူ့ကို လုပ်ကြံဖို့ နောက်ထပ် နောက်ထပ် အကြိမ်ကြိမ် အားထုတ်နေပါမယ်"ဟု လျှို့ဝှက်သော နေရာတစ်ခုမှ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။

မာလာလာကို လုပ်ကြံမှု သတင်းကြောင့် ဆယ်ကျော်သက် မိန်းကလေးသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ခံလာရသည်။ မာလာလာသည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ရေပန်းစားနေသူများ စာရင်းတွင်လည်း ပါဝင်လျှက် ရှိသည်။ မာလာလာက တစ်နေ့နေ့တွင် မိခင်နိုင်ငံသို့ ပြန်သွားကာ နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်လိုကြောင်း ပြောကြားထားသည်။ သူမက "ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကို ပြောင်းလဲဖို့ဆိုရင် ပညာရေးဟာ မဖြစ်မနေ လိုအပ်တဲ့ အရာပါပဲ"ဟု မှတ်ချက်ပြုထားသည်။ 
By Planet

ပရဟိတတွေ လုပ်ဆောင်နေတဲ့ လူမှု ကူညီရေး အသင်းဝင် ကောင်းခန့်

Posted by drmyochit Wednesday, October 09, 2013, under | No comments


အနုပညာ အလုပ်တွေ ဆက်တိုက် ပြန်လုပ်ဖြစ်လာတဲ့ ကောင်းခန့် က ဇာတ်ကား ရိုက်ကူးမှုတွေ အပြင် ပရဟိတ အလုပ်တွေပါ လုပ်ဖြစ်လာ တာကို တွေ့ရပါတယ်။ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ လူမှုကူညီရေး အသင်း မှာလည်း အသင်းဝင်ထားတဲ့ ကောင်းခန့် က စက်တင်ဘာ ၈ ရက် နေ့မှာတော့ အသင်းနှစ်ပတ်လည် အနေနဲ့ ကိုယ်တိုင် ကိုယ်ကျ နာရေး တစ်ခုကို သွားရောက် ပို့ဆောင်ပေး နေတာကို တွေ့ရပါတယ်။ လူမှုကူညီ ရေး အသင်းမှာ တစ်နှစ်ကျော် ကြာ အသင်းဝင် ဖြစ် ခဲ့ကြောင်း နဲ့ပတ်သက်ပြီး ကောင်းခန့် က “ဒီအသင်းထဲက သူတွေ အကုန်လုံး ကလည်း အရင် ကတည်းက အတူတူ ကူညီခဲ့ကြတဲ့ သူတွေချည်းပဲ။ အဲဒါ ကြောင့် လူတွေစုပြီး ဒီအသင်း ကို စတည်ထောင်ပြီးတော့ အသင်းဝင် ဖြစ်သွားတယ်။ အသင်း ဝင်တာ တစ် နှစ်ပြည့်သွားပြီ” လို့ပြောပါတယ်။ ပရဟိတတွေ လုပ်ဖြစ်နေတဲ့ ကောင်း ခန့်က “ကူညီမယ့် သူတွေ များများ ပေါလာလို့ ရှိရင် တကယ် လိုအပ်တဲ့ သူတွေ အတွက် ပိုပြီးထိ ရောက်တယ်။ ပရဟိတတွေ များလာတယ် ဆိုကတည်း က အကူအညီ လိုအပ်တဲ့ သူတွေ များ လာလို့ပါ။ အကူအညီ လိုတဲ့သူတွေ မရှိတော့ရင် ပရဟိတ ဆိုတာလည်း ရှိလာမှာ မဟုတ်တော့ဘူး။ ကျွန် တော့် ခံယူချက် ကတော့ ဒီမြန်မာ နိုင်ငံ ထဲ မှာ ရှိတဲ့ သူတွေက ကျွန်တော့် ပရိသတ် ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံသား တွေပဲဖြစ်ဖြစ် သူတို့နောက်ဆုံး အချိန် မှာ ကိုယ့်လုပ်အား နဲ့ အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ကူညီပေးချင် တယ် ဆိုတဲ့ စိတ်နဲ့ ကူညီပေးဖြစ်နေ တာပါ” လို့ပြောပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ မှာတော့ မိသားစုနဲ့ အတူ တောင်ကြီး မြို့မှာ ဘုရားသွား ဖူးမှာဖြစ် ပြီး ပြန်လာတာ နဲ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ ဖခင် ဖြစ်သူရဲ့ ကျန်းမာရေး စစ်ဆေးဖို့ အတွက် ဘန်ကောက် ကို သွားဖို့လည်း ရှိကြောင်း ကောင်းခန့် ကပြောပါ တယ်။ အာဆီယံ ကားမောင်း ပြိုင်ပွဲ တုန်းက အိန္ဒိယနိုင်ငံ မှ သူငယ်ချင်း များက World Trip အနေ နဲ့ ကမ္ဘာ ပတ်ပြီး ကားမောင်း ခဲ့ရာ အောက်တို ဘာ ၄ ရက်နေ့ မှာတော့ ဒုတိယ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ သို့ ရောက်ရှိ လာတာ ကြောင့် ကောင်းခန့် နဲ့ အတူ ဒါရိုက်တာ ကိုပေါက်၊ မေသဉ္ဇာ ဦး၊ ဆုပန်ထွာ တို့ က Asia Plaza မှာ နံနက် ၉ နာရီ မှာ သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မှ သူငယ်ချင်း များနဲ့ တွေ့ဆုံဖြစ်ခဲ့ပုံ ကိုကောင်းခန့် က “သူတို့ က World Trip အနေနဲ့ တိုက်ကြီး ၆ တိုက်ပတ်ဖို့ လာ တယ်။ ကျွန်တော် တို့နိုင်ငံကို ဒုတိယနိုင်ငံ အနေ နဲ့ ရောက်လာကြတာ။ သူတို့ ကမ္ဘာပတ်မှာ ၉ လကြာမှာပါ” လို့ လည်းပြောပါတယ်။

တွယ်တာ

နယ်မြေအေးချမ်းလာမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်မှ နိုင်ငံခြားခရီးသည်ဝင်ရောက်မှုများပြားလာ

Posted by drmyochit Wednesday, October 09, 2013, under | No comments


မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ရှိ တာချီလိတ် - မယ်ဆိုင် ဂိတ်
ရန်ကုန် ၊ ၉-၁၀-၂၀၁၃

ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံ ဆက်သွယ်မှု ပြုလုပ် ထားသည့် အပြည်ပြည် ဆိုင်ရာ နယ်စပ် ဝင်ပေါက် ဂိတ်လေးခု မှ စက်တင်ဘာလ အတွင်း နိုင်ငံကူး လက်မှတ်ကိုင် ခရီးသည် ၉ဝဝ ကျော် ဝင်ရောက် ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

အဆိုပါ ဝင်ရောက် မှုတွင် တိုးတက်မှု အခြေအနေ ရှိပြီး မြန်မာနိုင်ငံ သား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ လည်း ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်မှု ရှိလာကြောင်း ၊ ယခင်က နယ်စပ် ဂိတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံ အတွင်းသို့ အလုပ်လုပ် ကိုင်သူများသာ ရှိခဲ့ကြောင်း ၊ မြန်မာ နိုင်ငံသားများ သွားရောက် လည်ပတ်မှုတွင် ပွဲတော်ရက် များတွင်သာ ရှိသော်လည်း ယခုမူ တခြားသော ရက်များ တွင်ပါသွား ရောက်မှုရှိ လာကြောင်း သိရသည်။

'' နယ်မြေ အေးချမ်း လာမှုနဲ့အတူ အခုဆို ကူးလူး သွားလာမှုတွေ များလာတယ် ၊ စီးပွားရေးအရ နောက်ပိုင်း နယ်စပ် ဒေသတွေ အများကြီး တိုးတက်လာ မှာပါ ၊ ဒီမှာ ဘယ်သူဆိုပြီး ရွေးချယ် ဝင်ခွင့်ပေးတာ မဟုတ်ပါဘူး ၊ နိုင်ငံကူး လက်မှတ် ပါရင် ဝင်ရာက် သွားလာခွင့် ပြုပါတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသား များနှင့် ထိုင်းနိုင်ငံသား မဟုတ်သည့် တတိယ နိုင်ငံသား များက ကရင်ပြည်နယ် ၊ မြဝတီ ၊ မဲဆောက်မှ အဝင်အထွက် များပြီး တစ်လအတွင်း ဦးရေ ၂၃ဝ ကျော်ရှိခဲ့ ကြောင်း ၊ ကျန် ကော့သောင်း - ရနောင်း နယ်စပ်ဂိတ် မှ ဦးရေ ၁၉ဝ ခန့် ၊ တာချီလိတ် - မယ်ဆိုင်ဂိတ် နှင့် ထီးခီး - နမ့်ဖုရော် ဂိတ်ဖြတ်သန်းမှု အနည်းငယ်သာ ရှိကြောင်း သိရသည်။

နယ်စပ်ဂိတ်များမှ ဖြတ်ကျော် ဝင်ရောက် သွားလာမှုတွင် တစ်လအတွင်း တာချီလိတ် - မယ်ဆိုင် ဂိတ်မှ အများဆုံး ဖြစ်ခဲ့ပြီး နယ်စပ်ဂိတ် လေးခုမှ နိုင်ငံခြား ခရီးသည် ၆၂၁ ဦးနှင့် မြန်မာနိုင်ငံမှ သွားရောက်မှု ဦးရေ ၃၁၆ ဦး ရှိခဲ့ကြောင်း ၊ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ သဘော တူညီမှုဖြင့် မြန်မာနိုင်ငံ နယ်စပ် ဂိတ်လေးခု မှ နိုင်ငံကူး လက်မှတ်ဖြင့် ဝင် - ထွက် သွားလာခွင့် အား သြဂုတ်လ ၂၉ ရက်မှ စတင် ကြေညာ ခွင့်ပြု ခဲ့ကြောင်း သိရှိရသည်။


By Myawady Daily

မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်သော ဗုဒ္ဓဘာသာဝင်အဘွားအိုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရ

Posted by drmyochit Wednesday, October 09, 2013, under | No comments


[ ဘန်ဂါဒေါ့ ၊ အောက်တိုဘာ ၈ ၊ Ref-AFP ]

အသက်၈ဝအရွယ်ရှိပြီဖြစ် သော ထိုင်းအဘွားအိုတစ်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဘန်ဂါဒေါ့ မူဆလင်ကျေးရွာတွင် တစ်ဦးတည်းကျန်ရှိသောဗုဒ္ဓဘာ သာဝင်တစ်ဦးဖြစ်ပြီး နေအိမ်ကို စွန့်ခွာရန် ငြင်းဆိုလျက်ရှိကာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ရှောက်ပေးနေရသည်ဟု သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း မူဆ လင်ဘာသာဝင်အများစုနေထိုင်ရာ ကျေးလက်ဒေသများတွင် ၂၀၀၄ခုနှစ်မှ စတင်ကာ ဘာသာ ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူ နည်းစုဖြစ်သော ထိုင်းဗုဒ္ဓဘာ သာဝင်တို့သည် အိမ်နီးချင်း နာရာ သီဝပ်ပြည်နယ်ရှိ လုံခြုံရေးတင်း ကျပ်ထားသော ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။

သို့သော် အဘွားအိုဂျော ပေါင်သော်ဝယ်လ်သည် မလေး မူဆလင်၁၂၀၀ဝခန့်နေထိုင်သော ဘန်ဂါဒေါ့တွင် တစ်ဦးတည်းဆက် လက်နေထိုင်ခဲ့ပြီး မကြာခဏတိုက် ခိုက်မှုများလည်း ခံနေရသည်ဟု သိရသည်။ အဘွားအိုဂျောပေါင် သော်ဝယ်လ်ကို မေးမြန်းရာတွင် ကြောက်ရွံ့မိသော်လည်း မိမိပိုင် မြေဖြစ်သောကြောင့် ပြောင်းရွှေ့ စရာအကြောင်းမရှိဟု ဆိုသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ပက် ယန်နီ၊ ယာလာနှင့် နာရာသီဝက် ပြည်နယ်များတွင် ဆူပူအုံကြွမှု များကြောင့် လူပေါင်း ၅၁၇၀၀၀ ကျော်သတ်ဖြတ်ခံခဲ့ရပြီး ကိုးနှစ် တာစစ်ပွဲများ ကာလအတွင်း ထိုင်း ဗုဒ္ဓ ဘာသာဝင်လေးသိန်းခန့်သည် မူဆလင်ဘာသာဝင်များ၏ရန်မှ လွတ်ကင်းရန် ထွက်ပြေးတိမ်း ရှောင်ခဲ့ ကြသည်ဟု သိရသည်။

တိုင်းတာမှုများအရ အဆို ပါဒေသသုံးခုတွင် နေထိုင်ကြသော ထိုင်းဘာသာဝင်များမှာ ၂၀၁၀ ပြည့်နှစ်တွင် လူဦးရေ ၂၈၈၀၀၀ ခန့်ရှိပြီး ၂၀၀ဝပြည့်နှစ်တွင် ပြည် တွင်းစစ်ပွဲများမတိုင်မီနှင့်နှိုင်းယှဉ် လျှင် လူဦးရေ ရာခိုင်နှုန်း ၂ဝခန့် လျော့ကျလာခဲ့သည်ဟု သိရသည်။ ထိုင်းအဘွားအို ပေါင်သော်ဝယ်လ်က စောင့်ရှောက်ပေးသော ထိုင်းအစောင့် တပ်များကို ကျေးဇူးတင် လျက်ရှိပြီး အိမ်နီးချင်းမူဆလင် ဘာသာဝင် များသည် ယခင်ကလို အခေါ်အပြောမရှိတော့သည့်အ တွက် စိတ်မကောင်းဖြစ်နေသည် ဟု သိရသည်။
By Yangon Media Group

ရန်ကုန်မှာ နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့အဖြစ် မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပြိုင်ပွဲကျင်းပမည်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရန်ကုန် ၊ ၉-၁၀-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီးတွင် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ အထိမ်းအမှတ် အဖြစ် ၂၂ ကြိမ်မြောက် ရန်ကုန် မြို့တော်ဝန် ဖလား မျက်မမြင် လမ်းလျှောက်ပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မျက်မမြင် လမ်းလျှောက် ပွဲကို နိုင်ငံတကာ မျက်မမြင် လမ်းလျှောက် တုတ်နေ့ ကျရောက်သော အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပ သွားမည် ဖြစ်သည်။ မျက်မမြင် လမ်းလျှောက်ပွဲ ဖြစ်မြောက်ရေး အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ကြီးမှူး ဆောင်ရွက်လျက် ရှိပြီး လူမှု ၀န်ထမ်း ဦးစီးဌာန ၊ မြန်မာနိုင် ကြက်ခြေနီ အသင်း နှင့် အခြားသော သက်ဆိုင်ရာ ဌာနများက လည်း ၀ိုင်းဝန်း ကူညီ ပံ့ပိုး ဆောင်ရွက် သွားကြမည်ဟု သိရသည်။

ထို လမ်းလျှောက်ပွဲ သို့ နိုင်ငံ တစ်ဝန်းရှိ မျက်မမြင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့အစည်း အသီးသီး မှ မျက်မမြင် များ ပါဝင် ဆင်နွှဲကြမည် ဖြစ်သည်။ ထိုနည်း တူ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကလည်း (၂၁) ကြိမ်မြောက် မျက်မမြင် လမ်းလျှောက်ပွဲကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ မျက်မမြင် စုစုပေါင်း တစ်ထောင်ကျော် ခန့် ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြပြီး ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် ရှေ့မှ မြို့တော်ခန်းမ အထိ တိုင်အောင် ၃ မိုင် ခန့်ရှိသော ခရီးကို လမ်းလျှောက် ခဲ့ကြ သည်ဟု သိရသည်။ ယခုနှစ် တွင်လည်း အလားတူ မျက်မမြင် လမ်းလျှောက်ပွဲ မျိုးကို အောင်မြင်စွာ ကျင်းပသွား နိုင်စေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကျင်းပ ရခြင်းမှာ လမ်းလျှောက်ပွဲမှ တစ်ဆင့် မျက်မမြင် များ၏ စွမ်းဆောင် နိုင်မှုကို အများ ပြည်သူ သိမြင်လာ စေရန် ၊ မျက်မမြင် များအပေါ်ထားရှိ သော သဘောထား အမြင်များ တိုးတက် ပြောင်းလဲ လာကာ စာနာ နားလည်မှု ၊ ဖေးမ ကူညီမှုများ တိုးမြင့် လာစေရန် အစရှိသော ရည်ရွယ်ချက် များဖြင့် ကျင်းပပေး ရခြင်းဖြစ် သည်ဟု မျက်မမြင် လမ်းလျှောက်ပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
By Myawady Daily

လွှတ်တော်မှ အစိုးရစီမံကိန်းကို ကန့်လန့်တိုက်ဆုံးဖြတ်မှုအတွက် ဝါရှင်တန်တွင် ဆန္ဒပြမည်၊ မြန်မာလွှတ်တော်များ ဦးသိန်းစိန်အစိုးရစီမံကိန်းများ ကန့်လန့်တိုက်မှုကိုလည်း ပြည်သူများ ဆန္ဒပြသင့်

Posted by drmyochit Wednesday, October 09, 2013, under | No comments


အမေရိကန်ပြည်ထောင်စုမှ အစိုးရ ရုံးစိုက်တဲ့ ဝါရှင်တန် ဒီစီမြို့ မှာ ထရပ်ကားကြီးများ ဆန္ဒ ပြမှာ ဖြစ်ပါတယ်။ ရက်စွဲ ကတော့ အော်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ ဖြစ်ပါတယ်။ ယခုလည်း ကားအစီးရေ ၄၀၀ ကျော်ပါဝင် ဆန္ဒပြနေပါပြီ။

အကြောင်းကတော့ Government Shutdown ကြောင့် အမေရိကန် နိုင်ငံ က ပြည်သူများကို ထိခိုက်စေကြောင်း သိစေချင်လို့ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား တင်ပြထားတဲ့ ကျန်းမာရေး စောင့်ရှောင့်မှု ဥပဒေကို ရစ်ပလစ် ကန်ပါတီ က ငြင်းဆန်နေ ဆဲပါပဲ။ ဒါကြောင့် အိမ်ဖြူတော်ကလည်း အတည် မပြေုပေး နိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစလို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆက်စပ် အစိုးရ လုပ်ငန်းများ ကို ပိတ်ပင်ထားတာမို့ တစ်ပတ်ပြည့်ပါတော့မယ်။

ယင်း ပိတ်ပင်မှုကြောင့် အမေရိကန်မှ အစိုးရ ဝန်ထမ်း ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်နေပြီး လုပ်ငန်း ပြစတင်မယ့် အချိန်ကို သာ မျော် လင့်နေကြပါတယ်။ အစိုးရကို မှီခိုနေရတဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း များလည်း ရပ်နားသွားရပြီး အခြေအနေ ပြန်လည် ကောင်းမွန်လာမယ့် အချိန်ကို မျှော်လင့်လျက် ရှိပါ တယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှ အကြောင်းတစ်စုံတရာ ထူးခြားမှုမရှိရင် ထရပ်ကားကြီး အစီးရေ ၃၀၀ ကျော် က အိမ်ဖြူတော် လှည့်လည်လို့ ဆန္ဒပြ သပိတ်မှောက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

မျိုးစောင့်ဥပဒေ ထောက်ခံကြောင်းလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်

Posted by drmyochit Wednesday, October 09, 2013, under | No comments


“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှု များ ပြုလုပ်နေရာ အောက်တိုဘာ ၇ ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။

အဆိုပါ လက်မှတ်များကို ယခုနှစ် ဇွန်လမှ စတင် ကောက်ခံခြင်းဖြစ်ရာ လေးလကျော်အတွင်း လက်မှတ် လေးသန်းကျော် ရရှိထားခြင်း ဖြစ်သည်။ ကောက်ခံရရှိသည့် လက်မှတ်များကို စုစည်းပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်းဖြစ်သည်။ အနယ်အနယ်အရပ်ရပ်မှ ပေးပို့လာသည့် လက်မှတ် များကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ပို့ပေးပြီး အဆိုပါ ကျောင်းတိုက်မှတစ်ဆင့် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခြင်း ဖြစ်သည်။

လွှတ်တော်သို့ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ပေးပို့ခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမပရိယတ်္တိစာသင် တိုက်မှ ဆရာတော်ဦးစန္ဒာသီရိက “ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေ တစ်ရပ် ပေါ်ထွန်းအောင် မဆွေးနွေးသေးသရွေ့ ထောက်ခံ လက်မှတ်တွေ ပို့ပါမယ်” ဟု ပြောသည်။ယင်းသို့ဆွေးနွေးရာတွင် မျိုးစောင့်ဥပဒေဆိုသည့် အမည်ဖြင့် မဟုတ်ဘဲ အခြားအမည်ဖြင့် ဆွေးနွေးမည်ဆိုပါကလည်း မိမိတို့ ရေးဆွဲထားသည့် အချက်အလက်များ ပါဝင်ပါက လက်ခံမည်ဟု ဆရာတော်ကဆိုသည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များ ကောက်ခံခြင်းနှင့် ပတ်သက်၍လည်း ဆရာတော် ဦးဝီရသူက “ကိုယ့်စည်းသူ့စည်း လုံအောင်ထိန်းနိုင်ရင် ပဋိပက္ခတွေ ဖြစ်တော့မှာမဟုတ်ဘူး။ မျိုးစောင့်ဥပဒေ ဆိုတာ ကလဲ ကိုယ့်စည်းကိုယ့်ဘောင်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်တဲ့ သဘောပါ”ဟု မိန့်ကြားသည်။

ယင်းသို့ လက်မှတ်များ ကောက်ခံရာတွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ကောက် ခံခြင်းဖြစ်ကာ အထက် မြန်မာပြည်မှ ထောက်ခံလက်မှတ် နှစ်သန်းခန့် ရရှိသည်ဟုလည်း သိရသည်။ မျိုးစောင့် ဥပဒေ ထောက်ခံ လက်မှတ်များကို လွှတ်တော်သို့ တစ်ကြိမ်လျှင် တစ်သန်းနှုန်းဖြင့် ပေးပို့ နေခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပေးပို့ခြင်းသည် လေးကြိမ်မြောက်ဖြစ်သည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ပြည်သူ့လွှတ်တော်သို့ တာဝန်ယူပေးပို့သူဆရာတော် ဦးစန္ဒာသီရိက “မျိုးစောင့် ဥပဒေ ထောက်ခံလက်မှတ်တွေ ပြည်သူ့လွှတ်တော်ကိုပေးပို့တာ သုံး သန်းကျော်ရှိသွားပြီ။ အောက်တိုဘာ ဒုတိယ အပတ်ထဲမှာ ကျန်တဲ့ ထောက်ခံလက်မှတ် တစ်သန်း ကိုထပ်မံ ပေးပို့သွားမှာပါ”ဟု မိန့်သည်။

မျိုးစောင့်ဥပဒေဟုခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းနှင့် ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း”တို့ ဖြစ်သည်။

ထိုဥပဒေကို ၂၀၁၃ခုနှစ် ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ြ ဖန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က ရေးဆွဲထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”တွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရန် လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟု လည်း ပြစ်ဒဏ်ကို တစ်ပါတည်း ထည့်သွင်း ရေးဆွဲထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သဘာဝမဟုတ်တဲ့နည်းနဲ့ လိင်ဆက်ဆံရင် HIV ကူးမကူး(အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

Posted by drmyochit Wednesday, October 09, 2013, under | 2 comments


မေး။ ။ နောက်ပြီး သူ့အမျိုးသမီးရဲ့ အင်္ဂါက ဆက်ဆံမှု များလာတော့ အရင်ကလောက် ဆက်ဆံလို့ မကောင်းတော့လို့ ပြောပါတယ်။ သူက စအိုဝနဲ့ အင်မတန်မှ လိင်ဆက်ဆံမှု ပြုလုပ် ချင်ပါတယ်။ သို့သော် သူ့အမျိုးသမီးမှ စအို လိင်ဆက်ဆံလျှင် HIV ပိုးရနိုင်သည်လို့ ပြောပါတယ်။ သူတို့နှစ်ဦးလုံး ပိုးမရှိပဲနဲ့ ဆက်ဆံရင်ကော ပိုးရနိုင်လို့လား။
ဖြေ။ ။ အမျိုးသမီးနဲ့ အမျိုးသား လိင်ဆက်ဆံတာ မိန်းမကိုယ် Vagina လမ်းကြောင်းက သဘာဝက ပေးတားတဲ့ လမ်းကြောင်းပါ။ ဒါကို ဆက်ဆံရတာ အရသာ မကောင်းဘူး၊ ပုံစံပြောင်းအောင် စအို လမ်းကြောင်းကို အသုံးပြုမယ်ဆိုရင် သဘာဝမကျတဲ့ နည်းလမ်းဖြစ်သွားပါတယ်။ စအိုကိုသုံးပြီး လိင်ဆက် ဆံရင် စအိုနံရံမှာ သွေးကြောတွေ စုတ်ပြဲပြီး ကာယကံရှင် အတွက် မစင်လမ်းကြောင်းက ပိုးတွေ ကိုယ်ထဲကို ရောက်စေပါတယ်။ ပိုးမရှိတဲ့ လင်မယားချင်း ဆက်ဆံလည်း မစင်ပေါက်က ပိုးတွေက ကိုယ်ထဲကို ပြဲစုတ်နေတဲ့ စအိုနံရံကနေ ၀င်ရောက်နိုင်ပါတယ်။ အနောက်နိုင်ငံ (အပြာကားတွေမှာ) က လူတွေကတော့ စအိုနဲ့ လိင်ဆက်ဆံတာကို ပုံမှန်လို့ ယူဆကြပေမယ့် ဆေးပညာ သဘောအရ စအိုကို အသုံးပြုခြင်းက မသင့်တော်ဘူးလို့ ဆိုပါရစေ။

မေး။ ။ ဆရာ...နောက်တဦးကလဲ အိမ်ထောင်သည် တဦးပါပဲ။ သူက သူ့အမျိုးသမီးနဲ့ ကလေးမရဖို့ အတွက် ဆေးမသုံးပဲ အရပ်က လူတွေပြောတဲ့အတိုင်း မိန်းမ ရာသီလာပြီး ၇ ရက် မလာခင် ၇ ရက် ဆက်ဆံရင် ကလေး မရဘူးဆိုတဲ့ အတိုင်း ကျင့်သုံးနေပါတယ်။ သို့ပေမဲ့ သူ့အတွက် ယခု အခက်ခဲဖြစ်နေတာက သူ့အမျိုးသမီး ရာသီလာတိုင်း လိင်မဆက်ဆံ ဖြစ်ဘူးလို့ပြောပါတယ်။ တခါတလေ မထိန်းနိုင်လောက်အောင်ကို လိင်ဆက်ဆံချင်ပါတယ်လို့ ပြောပါတယ်။ အဲ့အချိန် ဆက်ဆံရင် တချို့ လူပြောတာ ကလေး ရတတ်တယ်လို့ ပြောပါတယ်။ ဆက်ဆံလို့ကော ရပါသလား။ (ကွန်ဒုံးနဲ့ ဖြစ်ဖြစ်ပေါ့).. သူငယ်ချင်းက ကလေး ရတာ မရတာထက် အဲ့လို ဆက်ဆံလိုက်လို့ သူအမျိုးသမီး ရောဂါတခုခု ရမှာ ပိုစိုးရိမ်တယ်လို့ပြောပါတယ်။ ဆက်ဆံရင် ဘာဖြစ်တတ်ပါသလဲ။ ဖြေကြားပေးစေလိုပါတယ်။
ကျွန်တော် မိတ်ဆွေမေးခွန်းအပါ အထက်က ကျွန်တော်မေးထားတဲ့ မေးခွန်းပါ အပါပေါ့နော်) ဆရာလို တိုင်ပင်လို့ရတဲ့ ဒေါက်တာရှိတာ ကျွန်တော် သူငယ်ချင်းက မယုံတာကို လက်တွေ့ပါ ပြချင်လို့ပါ။ သူက သူများ မင်းကိုလိမ်ပြီး လျှောက်မေးလိုက်မိရင် မင်းအရှက်ကွဲသေမှာလို့ ပြောလို့ပါ။ ဆရာပြန်စာ စောင့်နေပါ့မယ်။

ဖြေ။ ။ ကလေးမရစေဖို့ အများပြောတဲ့ ရက်ရှောင်နည်းကို အသုံးပြုရင် စိတ်မချရပါဘူး။ ဆိုလိုတာက ရက်ရှောင်တဲ့နည်းက ကလေး ရစေတတ်ပါတယ်။ ရက်ရှောင်တယ်ဆိုတာက အမျိုးသမီး ရာသီးသွေး မပေါ်ခင် ကာလကို တွက်ချက်ပြီး ၇ ရက် အလိုနဲ့ ၇ ရက် အပြီးမှာ လိင်ကိစ္စကို မလုပ်ရင် ကလေးမရဘူးလို့ အများ သိထားကြတာပါ။ ဒီလို တွက်ချက်နည်းက ၂၈ ရက် တစ်ခါ ရာသီ ပုံမှန်လာတဲ့ အမျိုးသမီးတွေ အတွက် ဆိုရင်တော့ မှန်ကောင်း မှန်ပါလိမ့်မယ်။ သို့သော် တချို့ အမျိုးသမီးမတွေမှာ ရာသီသွေးနောက် ကျပေါ်တာ၊ ရာသီသွေး စောပေါ်တာ၊ တစ်လအတွင်း ရာသီသွေး ၂ ခါပေါ်တာ စတာတွေ ဖြစ်ရင် အဲဒီ ရက်ရှောင်နည်းက အသုံးမတည့်တော့ ပါဘူး။
ဒီတော့ ကလေးမလိုချင်ရင် သုံးစရာ အခြားနည်းတွေ ရှိပါတယ်၊ ဥပမာ ထိုးဆေး၊ သောက်ဆေး၊ ကွန်ဒုံး၊ သားအိမ်ထည့် ပစ္စည်း စတာတွေပါ။ ကွန်ဒုံးကတော့ မိမိသဘောနဲ့ သုံးလို့ရပေမယ့် တခြား နည်းလမ်းတွေ ကိုတော့ တတ်ကျွမ်း နားလည်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ တိုင်ပင်ပြီး အသုံးပြု သင့်ပါတယ်။ ထိုးဆေး၊ သောက်ဆေး စတာတွေက ဘေးထွက် ဆိုးကျိုး ရှိပါတယ်။ လူတိုင်းနဲ့ မတည့်ပါဘူး။ အမျိုးသမီး ရာသီလာရင် လိင်ဆက်ဆံတာကတော့ ကာယကံရှင်တွေရဲ့ သဘောသာဖြစ်ပါတယ်။ တစ်ချို့ အမျိုး သမီးတွေက ရာသီလာချိန်မှာ လိင်ကိစ္စကို လုံးဝ စိတ်ဝင်စားလေ့ မရှိပါဘူး။ စိတ်မထိန်းနိုင်လို့ ဆက်ဆံမယ် ဆိုရင်တော့ ကွန်ဒုံး သုံးပြီး ဆက်ဆံဖို့ အသိပေးပါ၇စေ။ ဘာကြောင့်လဲဆိုတော့ ကလေးမလိုချင်ရင် တားလို့ ရအောင်လို့ပါ။
By လမင်းကို

ငယ်ဘ၀ က မုဒိန်းကျင့်ခံရဖူးကြောင်း ကမ္ဘာကျော် အဆိုတော် မက်ဒေါနားဖွင့်ဟ

Posted by drmyochit Wednesday, October 09, 2013, under | No comments


သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟ ပြောကြားလိုက်သည်။ နိုဝင်ဘာလထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် Popဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ်သည် သူမအတွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာတစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော်ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေးသားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန်လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်းကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူးတယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထားသည့်တိုင် နယူးယော့ခ်သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်းမှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။

မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေးသားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်းအတွင်း ရေးသားထားသည်။

သူမက နယူးယော့ခ်တွင် အထီးကျန် ဆန်ခဲ့ခြင်းကပင် ဘဝ၏ အောင်မြင်မှု တွန်းအား ဖြစ်လာကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ "ကျွန်မကို လူတော်တော်များများ ကြောင်တောင်တောင်လို့ ထင်ကြတယ်။ ကျွန်မမှာ သူငယ်ချင်း များများစားစားလည်း မရှိဘူး။ ဒါပေမဲ့ အားလုံးဟာ အဆုံးသတ်ချိန်မှာ အကောင်းဘက်ကို ဦးတည်သွားတယ်။ ကိုယ့်မှာ ပုဂ္ဂိုလ်ရေးဘဝ တွယ်ယှက်မှု သိပ်မရှိတဲ့အခါ အနာဂတ်ကို ပိုပြီးတော့ အာရုံစိုက်လို့ ရလာတယ် မဟုတ်လား"ဟု သူမက ထောက်ပြသွားသည်။ 
By Planet

ဖွဲ့စည်းပုံပြင်မယ်ဆို စဉ်းစဉ်းစားစားလေးလုပ်ပေးကြပါ

Posted by drmyochit Wednesday, October 09, 2013, under | No comments


၂၀၀၈ခုနှစ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေး အသ စ် ပြန် လည်ရေးဆွဲရေး အသံတွေ ကျယ်လောင်စွာကြားနေရပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူ့ခေ တ်သူ့ အခါ ကာလက ပြည်သူလူထု ၉၂ဒသမ၄၈ရာခိုင်နှုန်းကျော်နဲ့တခဲနက်အတည်ပြုထားတဲ့ ဥပေ ဒတ စ်ခုဖြစ်ပါတယ်။ မဲပေးတဲ့ သူ ၉၂ရာခိုင်နှုန်းကျော်ဆိုတဲ့ အရေအတွက်ဟာ ရာခိုင်နှုန်းပြည့်နီးပါးလို့ ဆို လို့ရ ပါတယ်။ ဒါကို ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ပါဘူးလို့ ပြောနေသူတွေဟာ တကယ်တော့ ဒီဥပဒေအရ ပေါ်ပေါက်လာတဲ့လွှတ်တော် ကုလားထိုင်မှာထိုင်နေတဲ့ သူတွေဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒအစစ်အမှန် မဟု တ်ပါဘူး၊ကန့်ကွက်ပါတယ်ဆိုရင် လွှတ်တော်တွေလည်း ပေါ်လာစရာ အကြောင်း မရှိပါဘူး။

လွှတ်တော်မရှိရင်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာမှာမဟုတ်သလို မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လ မ်းထဲ ကို လျှောက်လှမ်းလို့ရမှာမဟုတ်ပါဘူး။ အဲလိုဆိုရင်စစ်အုပ်ချုပ်ရေးအောက်မှာပဲ တ၀ဲလည်လည်နဲ့ နေ ကြရမှာပါ။၂၀၀၈ အခင်းအကျင်းကောင်းမွန်လို့ ဒီကနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားနေပြီ။ 

ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒ လွှတ်တော်ဆန္ဒလို့ကြွေးကြော်နေနိုင်ပါပြီ။ အရာရာတိုင်းမှာ အားနည်းချက်၊အားသာချက်ဆိုတာတွေရှိစမြဲပါပဲ။၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝစင်းလုံးချောေ ကာင်းတယ်လို့မပြောပါဘူး။ ဒီမိုကရေစီစနစ်နဲ့အံဝင်ဂွင်ကျမဖြစ်လို့ ပြင်သင့်တာမျိုးရှိ ရင်ပြင်ရပါမယ် ။ပြင် ဆင်နိုင်ဖို့လည်း နည်းလမ်းတကျ အခြေခံဥပဒေမှာပြဋ္ဌာန်းထားပြီးသားပါ။


လုံးဝပြင်ဆင်လို့မရတဲ့ဥပဒေမျိုးမဟုတ်တဲ့အတွက် သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်နိုင်ပါတယ်။ ပြင်ဆင် တဲ့ အခါမှာစဉ်းစားသင့်တဲ့အချက်ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားထက် ပြည်သူအ များရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ရမှာတော့ ဒီမိုကရေနည်းလမ်းပဲဖြစ်ပါတယ်။အခုလဲ သတ္တမအကြိမ် ပြည်ေ ထာင်စုလွှတ်တော်ကနေ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးကော် မတီဖွဲ့စည်းပြီဆောင်ရွက် နေတာဖြစ် တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဖြည့်စွက်ရေးကိစ္စဟာလုံလောက်ပြီလို့ဆိုချင်ပါတယ်။
ဒါပေမယ့် လွှတ်တော်ပြင်ပမှာ ပြင်ဆင်ဖြည့်စွက်ဖို့လုပ်နေတာမျိုးကျတော့ ပြည်သူတစ်ဦးအနေနဲ့ဘယ်လို သဘောပေါက်နားလည်ရမယ်မှန်းမသိဖြစ်သွားပါတယ်။ 


အခြားသောနိုင်ငံတွေလိုအာဏာရပါတီတစ်ခုကနေဦးဆောင်ပြီး ရေးဆွဲတာပြင်ဆင် တာမျိုးဆိုရင်နည်း လ မ်းကျပါတယ်။ ဒီထက်ပိုမိုပြီးအဆိုးဆုံးသောအချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်လည်ရေး ဆွဲမယ်လို့စိုင်းပြင်းနေတဲ့ကိစ္စဖြစ်ပါတယ်။ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့အသစ်ရေးဆွဲမှာလဲ၊ ရေးဆွဲပြီး သွား ရင်ကောအဲဒီဥပဒေအသစ်ကိုပြည်သူလူထုကလက်ခံနိုင်ပါ့မလား။ထောက်ခံမှုရာခိုင်နှုန်းမပြည့်ခဲ့ရင် ဘယ် လိုလုပ်မှာလဲ။ ဘာမှာသေသေချာချာရေရေရာရာမရှိတဲ့ လုပ်ငန်းစဉ်ကိုလုပ်ဆောင်ဖို့ စိတ်ကူးပြင် ဆင်နေ တာဟာ ရူးမိုက်လွန်းတယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။


အခြေအနေကောင်းတစ်ရပ်ဆီကိုလျှောက်လှမ်းနေတဲ့ခြေလှမ်းတွေကို ရိုက်ချိုးဖို့ကြိုးစားနေသလိုမျိုးမို့ အသ စ် ပြန်လည်ရေးဆွဲမယ်ဆိုတဲ့စီစဉ်နေမှုမျိုးကိုတော့ အပြင်းအထန်ကန့်ကွက်ပါတယ်။ အပြုသဘောထက် အ ဖျက်ဘက်ကို ဦးတည်လွန်းနေပါတယ်။၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ စစ်အစိုးရကဗိုလ်ချုပ်ကြီးတွေ ချည်း ရေးဆွဲခဲ့တာမဟုတ်ပါဘူး။ တကယ့်ဥပဒေပညာရှင်ကြီးတွေအပါအ၀င် ရာနဲ့ချီပြီးရှိနေတဲ့ အမျိုးသားညီလာ ခံကိုယ်စားလှယ်များက အစုအဖွဲ့ အသီးသီးနဲ့ ရေးဆွဲခဲ့တာပါ။ ပြီးတော့ ၉၂.၄၈% ကရော သုညကနေ လုပ်ကြံပြီး ရလာတယ်လို့ထင်ပါသလား။ တကယ် မဲပေးခဲ့တဲ့လူတွေ သန်းပေါင်းများစွာ ရှိနေဆဲဖြစ်ပါတယ်။ 


ငါလုပ်တာမဟုတ်လို့ ဘယ်သူဘာလုပ်လုပ်မထောက်ခံ ဘူးဆိုတဲ့ အတွေးအခေါ်မျိုးဆိုတာ တိုင်းပြည်အ တွ က်အန္တရာယ်ကြီးမားလှပါတယ်။


နောက်ပြန်လှမ်းရမယ့်အခြေအနေမဟုတ်တော့တဲ့အတွက်အသစ်ပြန်လည်ရေးဆွဲမယ်ဆိုတဲ့လုပ်ရပ်အစား
် သင့်တာကိုပဲရွေးနှုတ်ပြီး ပြင်ဆင်တာအကောင်းဆုံးပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပေ ဒမပြင်နိုင် လျှင် တိုင်းပြည်မှာ ပြဿနာတွေပိုများလာနိုင်တယ်ဆိုတဲ့ အပြောအဆိုမျိုးတွေဟာ ဒီမိုကရေစီနဲ့ညီပါ ရဲ့လား။ အကယ်၍များ ပြည်သူအများ က ၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တာကို မေ ထာက်ခံပါဘူးဆိုရင်ရော..ဒီမိုကရေစီနည်းလမ်း အရ အများစုဆန္ဒကိုအနည်းစုက လိုက်လျောရမှာ ပါ။ပြောချင်တာက အဓိကဆုံးဖြတ်မယ့်သူများသည် ပြည်သူများသာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးကို စဉ်းစဉ်းစားစားလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

င်




By Naing Oo

အမျိုးသမီးဘော်ဒါဆောင်ရှေ့ ဂစ်တာတီးနေစဉ် အမည်မသိ လူငါးဦးမှ ဓားဖြင့်ဝင်ခုတ်

Posted by drmyochit Wednesday, October 09, 2013, under | No comments


ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ (၁၃)ရပ်ကွက် အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဦးမှန်း လမ်းပေါ်၌ ယမန်နေ့ ည ၁ဝ နာရီ မိနစ် ၅ဝ က ဂီတာတီးနေသော အဖွဲ့အား အမည်မသိ လူငါးဦးမှ တုတ်၊ ဓားများဖြင့် ဝင်ရောက် ခုတ်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တောင်ငူမြို့ (၁၃)ရပ်ကွက် အမှတ်(၁၃/၃၇ဝ) အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင် ရှေ့၌ ဂီတာတီး နေသော အောင်ခန့်ထည် ၂ဝ နှစ်(ဘ) ဦးဝင်းမြင့်အောင် (ရန်ကင်းအဆောင်) မိုးသောက်ကြွယ် ဘုရားလမ်း (၂)ရပ်ကွက် တောင်ငူမြို့တွင် ယာယီနေထိုင်ပြီး ၎င်း၏ သူငယ်ချင်း များ ဖြစ်သော ချမ်းမြေ့အောင် ၁၉ နှစ် (ဘ)ဦးတင်မျိုးနိုင်၊ နောင်ထွန်းလွင် ၂၁ နှစ် (ဘ)ဦးမောင်လွင်၊ ဖြိုးဇော်သူ ၂၁ နှစ် (ဘ)ဦးဇော်ဝင်း ဈေး ရပ်ကွက် ကျွဲပွဲမြို့ အုတ်တွင်းမြို့ နယ် နေ သူနှင့် ကျော်ဇောလှိုင်(ဘ)ဦးဝင်းနိုင် ကြံပိုရွာ ညောင်လေးပင်မြို့နယ် နေသူ တို့ငါးဦးသည် ဦးမှန်းလမ်းပေါ်၌ ဂီတာတီးရန် ရောက်ရှိစဉ် ဦးမှန်းလမ်း ကြားမှ အမည်မသိ လူငါးဦးက တုတ်၊ ဓားများ ကိုင်ဆောင် ၍ ရောက်ရှိ လာပြီး အောင်ခန့်ထည်တို့ အဖွဲ့ ဂီတာတီးသည့် ကိစ္စကို မကျေနပ်သဖြင့် တုတ်၊ ဓား များဖြင့် ဝိုင်းခုတ် ရာအောင်ခန့်ထည်တွင် ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ၊ ဘယ်လက်ဖျံ ပြတ်ရှဒဏ်ရာ၊ ညာချိုစောင်း ပြတ်ရှ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ကျော်ဇောလှိုင်တွင် ဘယ်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ညာချိုစောင်း ဖူးရောင်ဒဏ်ရာ၊ ညာနားရွက်ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် တောင်ငူပြည် သူ့ ဆေး ရုံကြီး၌ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တုတ်၊ဓားများဖြင့် ဝိုင်းခုတ်သွားသော အမည် မသိ လူငါးဦးအား တောင်ငူမြို့ အမှတ် (၂)ရဲစခန်းမှ(ပ)၃၃၇/၂ဝ၁၃၊ ပုဒ်မ-၃၂၅/၃၂၆ အရ အမှုဖွင့်၍ တရားခံ ဖမ်းဆီးရ မိရေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။ 

By မြ၀တီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်