Wednesday, October 02, 2013

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Posted by drmyochit Wednesday, October 02, 2013, under | No comments

မန္တလေး၊ အောက်တိုဘာ ၂

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်) သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက်ခဲ့သည်။ ရောက်ရှိချိန်တွင် ခြံ ၀န်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်းလူသုံးဦးလဲကျနေသည်ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။

လဲကျနေသူသုံးဦးမှာ ဦးဟန်သောင်း(၇၀)နှစ်၊ PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးသာဒွန်း၊ ထန်းတ ပင် ဈေးချိုရပ်ကွက်၊ အမရပူရမြို့၊ ဦးတင်လှိုင်(၅၄)နှစ် PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးစု၊ သင်ပန်းကုန်း ဈေးချိုရပ်ကွက်၊ အမရပူရမြို့နှင့် ဒေါ်ကြည်ဟန်(စိစစ်ဆဲ) တို့ဖြစ်သည်ဟု သိရသည်။ ၄င်းသုံးဦးမှာ မျက်နှာနှင့်ဦးခေါင်းတို့တွင် ထုရိုက်ထား သည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါသတင်းမှာ ကနဦးသတင်းသာဖြစ်ပြီး အသေးစိပ်အချက်လက်များ မသိရသေးကြောင်း အမှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

`လူသေအလောင်းတွေပဲတွေ့တယ်။ ပစ္စည်ပျောက်တာတော့ မတွေ့ရသေးဘူး။ ဘာကြောင့်လုပ်တယ် ဆိုတာ ဆက်လက်စုံးစမ်းဖော်ထုတ်သွားမှာပါ´ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှတ်(၁၁)ရဲစခန်းတွင် (ပ)၄၉၈/၂၀၁၃၊ ပုဒ်မ(၃၀၂)အရအမှုဖွင့်အ ရေးယူထားကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်

ဖိုးလပြည့်

Popular Myanmar News Journal

သံတွဲဖြစ်ရပ်နဲ့ ရန်ကုန်မြို့အမေရိကန်သံရုံး ကြေညာချက်

Posted by drmyochit Wednesday, October 02, 2013, under | No comments

ဒီရက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အမေရိကန်သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။

 A journalist walks amongst the burnt-out remains of houses at Shweli village, outside of Thandwe. (Photo: Reuters / Soe Zeya Tun)

ရက်စွဲ တပ်မထားပေမယ့် ဒီကနေ့ ထုတ်ပြန်တာလို့ ယူဆရပါတယ်။
သံရုံးဝက်ဆိုက်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

အပေါ်ပုံကတော့ ဧရာဝတီမှာ ဒီကနေ့ ဖော်ပြထားတဲ့ သံတွဲမြင်ကွင်းဓာတ်ပုံများထဲက တပုံဖြစ်ပါတယ်။

From: Irrawaddy

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ

Posted by drmyochit Wednesday, October 02, 2013, under | No comments


ဟင်္သာတ၊ အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။

ယင်းနေ့ညက လုယက်ခံရသူ ဒေါ်ငုဝါကို မြစ်ကမ်းဘေးတွင် အိမ်ရှင်အမျိုးသမီးက ချုပ်နှောင်ပြီး အမျိုးသားက လည်ပင်းညှစ်ကာ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တို့ဖြုတ်ယူ၍ လူကို စောင်ဖြင့်ပတ်ကာ ဧရာဝတီမြစ်တွင်း ပစ်ချခြင်း ဖြစ်ကြောင်း ဒေါ်ငုဝါက ပြောဆိုသည်။

မြစ်ထဲသို့ပစ်ချခံရစဉ် သတိလစ်ခြင်း မရှိဘဲ ရေစီးအတိုင်း မျောပါပြီး သမန်းကုန်းရွာ အရောက် ကမ်းပေါ်သို့ တက်၍ နီးစပ်ရာ အိမ်တွင် အကူအညီတောင်းကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြ သည်။

သံသယရှိသူ ဇနီးမောင်နှံနှစ်ဦးကို (ပ) ၁၂၄/၂၀၁၃ ပုဒ်မ ၃၉၄ လုယက်မှုဖြင့် အရေးယူထားကြောင်း ဇလွန်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ

Posted by drmyochit Wednesday, October 02, 2013, under | No comments

ရန်ကုန်မြို့ ဓမ္မစေတီလမ်းထောင့်တွင် ယာဉ်ကြောရှင်းလင်းရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်ခင်မောင်မြင့်အား တွေ့ရစဉ်။

ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့် အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်း နားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရဲဒုတပ်ကြပ် ခင်မောင်မြင့် သည် ပေးအပ်သောတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်း ချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊ အခြားတပ်ဖွဲ့ ဝင်များနှင့်မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်းတာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေး သည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်းနင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊ တစ်နှစ်ပတ်လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင် ခဲ့ ခြင်း၊ ဖြတ်သန်း သွားလာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများ အား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်းဆုံးရဲတပ်ဖွဲ့ဝင် ဆုနှင့် ရဲတပ်ကြပ်ရာထူး တိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။

''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည် သူ့ လုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင် သွားမှာ ပါ''ဟု ရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင်ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေ ပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရမှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့တွင် ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ရည်မွန် ၊ စိုးချစ်ချစ်ပိုင် - Yangon Media Group

အိန္ဒိယတွင် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ

Posted by drmyochit Wednesday, October 02, 2013, under | No comments


 အန္ဒိယနိုင်ငံတွင် ကလေးငယ်တစ်ဦးကို လူမဆန်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရသည်။ယင်းကလေးငယ်သည် စက်တင်ဘာလ (၃၀)ရက်နေ့က ဖခင်ဖြစ်သူနှင့် ပြဿနာရှိသူ နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရပြီး ဓာတ်ဆီလောင်း မီးရှို့မှုနှင့် ကြုံခဲ့ရှာခြင်း ဖြစ်သည်။ ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှသည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

ဗစ်ဟူဂျိန်းသည် ညီငယ်၏ ကျောင်းသို့ စက်ဘီးစီးကာ ထမင်းဘူးပို့ရန် ထွက်ခွာသွားခဲ့သည်။ ထို့နောက် မကြာမီတွင်လမ်းကြားတစ်ခုထဲမှ ထိတ်လန့်တကြား အော်ဟစ်ရင်း ပြေးထွက်လာသည့် ဂျိမ်းကို လမ်းသွားလမ်းလာများက တွေ့မြင်ခဲ့သည်။ ထိုအချိန်တွင် သနားစရာ ကလေးငယ်မှာ တစ်ကိုယ်လုံး မီးစွဲလောင်လျှက် ရှိနေသည်။ အနီးအနားရှိ လူများက ဂျိမ်း၏ ကိုယ်ပေါ်ရှိ
ဓာတ်ဆီများပေါ် စွဲလောင်နေသည့် မီးလျံများကို ကြိုးစားပမ်းစား ငြိမ်းသတ်ပေးပြီးနောက် ကလေးကို ဆေးရုံတင်ပို့ခဲ့ကြသည်။သို့သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်နေသည့် ဂျိမ်းခမျာ ပြင်းထန်သော ဝေဒနာများကို ခံစားရင်း ကွယ်လွန်ခဲ့ရှာသည်။

၎င်းကို မီးငြိမ်းသတ်ပေးခဲ့သည့် နေရာ၏ မြေပြင်တွင်ပင် မည်းနက်သော မီးလောင်ရာများ ကျန်ရှိနေသည်ကို တွေ့ရသည်။ ဆိုင်ငယ် တစ်ခု ဖွင့်လှစ်ထားသည့် ဖခင်ဖြစ်သူ နက်ဗ်နိတ်ဂျိန်းက “ ကျွန်တော့်သားက နေ့လယ်ပိုင်းမှာ သူ့ညီလေးကို ထမင်းချိုင့်သွားပို့တာပါ။ သူအော်ပြီး ထွက်ပြေးလာတော့ ဘေးနား တိုက်ခန်းတွေက လူတွေတောင် ကြားရတယ်။ တချို့လူတွေက သူ့ကို မီးကူငြိမ်းပေးပြီး ဆေးရုံချက်ချင်းပို့ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ ၄င်းက လူသတ်သမားကို မိမိအနေဖြင့် အတိအကျ မပြောနိုင်သော်လည်း အခင်းမဖြစ်မီ (၃) ရက်က စွန်ကြိုးဝယ်စဉ် အငြင်းပွား ရန်ဖြစ်ခဲ့ဖူးသည်ကို မှတ်မိကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။

ထိုအငြင်းပွားမှု ဖြစ်စဉ်များက ဆိုင်အကူဝန်ထမ်း ရှိနေသော်လည်း အခင်းဖြစ်ချိန်တွင် ၄င်းလည်း ပျောက်ဆုံးနေပြီးရဲများက လိုက်လံရှာဖွေနေကြောင်း Hindusan Times  သတင်းစာက ဖော်ပြခဲ့သည်။ သတင်းအချို့ကလည်း ကလေးကို ပြန်ပေးဆွဲ ငွေညှစ်ရန် အားထုတ်မှုတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားနေသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ကလေးငယ်သည် စက်ဘီးပေါ်မှ အတင်းဖမ်းချုပ် ခေါ်ယူ သွားပြီး အဆောက် အအုံသစ် တည်ဆောက်နေသည့် နေရာတစ်ခုတွင် မီးတင်ရှို့ခံခဲ့ရခြင်းဟု ဖော်ထုတ်တွေ့ရှိထားသည်။ လက်ရှိတွင်မူ မည်သည့် ဖမ်းဆီးမှုမျှ မရှိသေးသလို စွန်ကြိုးဝယ်သူ နှစ်ဦးကို လူသတ် သမား အဖြစ်လည်း ရဲများက အတည်ပြုခြင်း မရှိချေ။

ယင်းသေဆုံးမှုသတင်းကို ကြားသိပြီးနောက် ယင်းမြို့တွင် နေထိုင်သူများက ဒေါသတကြီး ဆူပူမှုအချို့ ပြုလုပ် ခဲ့ပြီး ဘက်စ်ကားများကို ဖျက်ဆီးခဲ့သလို အဝေးပြေး လမ်းမကိုလည်း ပိတ်ခဲ့ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့ များက မိမိတို့သည် ဆင်းကို မီးရှို့ခဲ့သူများအား ဖော်ထုတ်နိုင်ရန် စုံစမ်းနေဆဲဟု ဆိုသည်။ မာလာကိုတလာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက “ ဖြစ်စဉ်ကို ကျွန်တော်တို့ လေးလေးနက်နက် စုံစမ်းနေဆဲပါ။ တရားခံတွေကို တိတိကျကျ  ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောဆိုသွားသည်။

                                                                                         Planet Myanmar Network

မြန်မာပြည်က ကားသမားတွေ တိုက်ပြီးရင် ဘာလို့ ထွက်ပြေးကြသလဲသေချာသိပါသလား

Posted by drmyochit Wednesday, October 02, 2013, under | 2 comments

လက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တစ်ခုပါ။ ကားဒရိုင်ဘာများဟာ ယာဉ်တိုက်မှု ဖြစ်ပြီးရင် ထွက်ပြေးတာ များပါတယ်။

အထူးသဖြင့် လမ်းဖြတ်ကူးသူ လူကို တိုက်မိတာတို့၊ စက်ဘီး၊ ဆိုက်ကား တို့အား တိုက်မိတာတို့ ဆိုရင် နောက်ပြန် မလှည့်ပဲကို ထွက်ပြေးပါတယ်။ အစ ကတော့ ယင်းကိစ္စနဲ့ ပက်သက်ပြီး ဒရိုင်ဘာတွေကို အပြစ် တင်ချင် သလိုလို ရှိခဲ့ပေမယ့် တက္ကဆီ ဒရိုင်ဘာ တစ်ဦးရဲ့  ရင်ဖွင့်သံကိုကြားရ တော့ သူတို့ အဖြစ်ကိုလည်း သနားမိလိုက်ပါတယ်။

“ အက်ဆီးဒန့်တစ်ခုမှာ ပေါ့ဆသူက တစ်ဦးလည်း ဖြစ်နိုင် တယ်။ နှစ်ဦးနှစ်ဖက်လည်း ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် မြန်မာပြည်မှာ ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေအရ ခံရသူက ကားဒရိုင် ဘာတွေ ချည်း ဖြစ်ပါတယ်။ ဒီတော့ တက္ကဆီ သမားတွေ၊ ကိုယ်ပိုင်ယာဉ် သမားတွေ လူကို တိုက်ပြီးရင် ထွက်ပြေး တာပေါ့။ Customer is always right ဆိုတဲ့ ဈေးရောင်းဈေးဝယ် ဆောင်ပုဒ်လိုပဲ လမ်းဖြတ် ကူးသူ၊ အတိုက်ခံရသူ များက အမြဲ မှန်ပြီး ဝင်တိုက်မိတဲ့ ယာဉ်များက အမြဲ ဥပဒေ ရင်ဆိုင်ရပါတယ်။

ဘယ်သူမှားမှား ယာဉ်မောင်းဘက်က အမှားလို့ မှတ်ယူပြီး ဖမ်းပါတယ်။ ကျနော်တို့ခေတ်တုန်းက ယာဉ် တိုက် မှု ဖြစ်ရင် မပြောကောင်းမဆိုကောင်း လူသေရင် ၊ ဥပဒေအရစစ်ဆေးလို့ နှစ်ဖက်စလုံး က ပေါ့ဆ တာမျိုး ဆိုရင် သေသူအတွက် လျော်ကြေးငွေ တစ်သောင်းနဲ့ တစ်မတ်ပဲ ပေး ရတယ်။ တစ်သောင်းက အသက်ကြောင့်၊ တစ်သောင်းက ကူးတို့ခ။ ဒါက နှစ်ဖက်လုံး ပေါ့ဆမှု ဆိုရင်ပေါ့။ ဒီခေတ်မှာက ဘယ်ဘက် က မှားမှား ယာဉ်မောင်းဘက်က အပြစ်ရှိပြီး ငွေနဲ့လျော်ရုံမပြီးပဲ ထောင်ထဲ ပါဝင်ရပါတယ်။ ကျနော်တို့က ပိုက်ဆံ မရှိလို့ တက္ကဆီမောင်း တာလေ။ ငွေရှိတဲ့သူက ဒီကိစ္စကို ငွေနဲ့ ရှင်းလို့ ပြီးသွားကြတယ်။ ကျနော်တို့ ကျ တစ် ဘဝ လုံးကို ထောင်ထဲ အပြီးခံရမှာ။

တစ်လောကပဲ ကားအတိုက်ခံရတဲ့ လူငယ်တစ်ယောက်ကို ကျနော်ဆေးရုံ လိုက်ပို့မိတယ်။ နောက်မှာ ဘယ် သူမှ လိုက်မလာဘူး။ ကိုယ်ကလည်း သူ့အသက်ရှင်ပါစေဆိုပြီး ပို့မိလိုက်တာ။ မှုခင်းရဲ တွေ ကျနော့ကို ဖမ်းတယ် ဗျာ။ အဲဒါ မဆီမဆိုင် အမှု ၁၁ လ ရင်ဆိုင်ခဲ့ရပြီး ငွေ ၆ သိန်းလောက် ကုန်သွား တယ်။ ဒီတော့ ကားအက် ဆီးဒန့်တွေနဲ့ ပက်သက်ရင် ကားသမားတွေ လည်း ဝေးဝေးရှောင်တယ်။ ပတ်ဝန်းကျင်က မြင်တဲ့ သူတွေ လည်း ဝေးဝေးရှောင်တယ်။ ချမှတ်ထားတဲ့ ဥပဒေက ဟုတ်မှမဟုတ်သေးတာဗျာ။ ယာဉ်တိုက်မှု၊ အက်ဆီးဒန့်တွေနဲ့ ပက်သက်ပြီး မျှမျှတတ ဆုံးဖြတ်ပေးတဲ့ ဥပဒေမျိုးကို ကျနော်တို့ လိုအပ်နေပါတယ်။

ကားတိုက်မှု ဖြစ်ပြီးရင် ဘယ်ဒရိုင်ဘာမှလည်း ထွက်မပြေးချင်ကြဘူး။ အသက်ကယ်ချင်သူတွေပါပဲ။ ဒီထက် ပိုပြီး ရှင်းရှင်းပြောရရင် ဘယ်သူမှ သူ့ကိုသေစေဆိုတဲ့ ဆန္ဒနဲ့ ရည်ရွယ်ပြီး တိုက်တဲ့သူလည်း မရှိဘူး။ ဘယ်လောက် ပဲ အငြိုးကြီးတဲ့ လူကို လမ်းဖြတ်ကူးနေတာ တွေ့ ပါစေ။ သေစေဟဲ့ဆိုတဲ့ ဆန္ဒနဲ့ ဝင် တိုက်လောက် တဲ့အထိ တို့မြန်မာ ဒရိုင်ဘာတွေ မရိုင်းစိုင်းဘူးဆိုတာ ကားမောင်းသူတိုင်း သိပါတယ်။ ဒီတော့ အမှု တစ်ခု ဖြစ်ရင် ဘယ်သူပေါ့ဆတယ်ဆိုတာကို သေချာစစ်ဆေး အရေးယူ သင့်ပါတယ်။ လမ်းဖြတ် ကူးသူတို့ ဘက်ကလည်း မှားတာ ရှိလိမ့်မယ်။ မောင်းသူမှားတာလည်း ရှိလိမ့်မယ်။ နှစ်ဖက်စလုံးလည်း မှားနိုင်တယ်။

ကျနော်တို့ ဒရိုင်ဘာတွေဆိုရင် မြို့ သစ်တွေဘက် မမောင်းရဲဘူး။ လူတစ်ယောက် လမ်းဖြတ်ကူးပြီး အတိုက် ခံ ရတာမျိုးတွေ့ရင် ဝိုင်းအုံးလာတယ်။ ပြီးရင်ဒရိုင်ဘာကို ရိုက်မယ်ဆိုတာချည်း ပဲ။ ငွေပေး လိုက်တော့ လည်း အားလုံး ကြဲသွားတယ်။ ဒရိုင်ဘာတွေကလည်း တိုက်မှု တစ်ခုဖြစ်ပြီးရင် ရုံးရောက်ဂတ်ရောက် ဘယ်သူမှ မသွားချင်ဘူး။ ဒီတော့ ကိုယ်က မှားမှားမှန်မှန် ငွေမြန်မြန်ပေးပြီး ထွက်လာတာမျိုးပဲ လုပ်နေရပါ တယ်။ အချို့  လူတွေက ဒါကို သိတော့ သက်သက်လုပ်စားတယ်။ မတိုက်မိလည်း တိုက်မိသယောင်၊ အချို့ ဆို တကူး တက ကို အတိုက် ခံပြီး လျော်ကြေးတွေ ဘာတွေ တောင်းတယ်။ မြန်မာ ကားသမားတွေရဲ့  အဖြစ်က တကယ်ကို သနားစရာပါဗျာ။အကယ်၍ တရားမျှတတဲ့ ဖြေရှင်းအရေးယူ နည်းလမ်းတွေပေါ် လာရင် မသေသင့်၊ မနာမကျိုးသင့်သူတို့ အလကား အသက်ပေးနေ ရတာကနေ ကင်းဝေးမှာပါ။”

By အောင်ခမ်း (ရိုးရာလေး)

လောင်းကစားဒိုင်ချုပ်ဖမ်းဆီးရန် ပျက်ကွက်၍ တောင်ငူခရိုင် ရဲအရာရှိငါးဦးကို စုံခုံဖွဲ့စစ်ဆေး

Posted by drmyochit Wednesday, October 02, 2013, under | No comments


ပြည်ထဲရေးဝန်ကြီးသို့ တိုက်ရိုက်တိုင်ကြားမှုဖြင့် တောင်ငူမြို့ရှိ လောင်းကစားဒိုင်ချုပ်ကို အထူး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးအပါအ၀င် သက်ဆိုင်ရာရဲအရာရှိငါးဦးကို အထူး စုံစမ်း စစ်ဆေးရေးခုံရုံး၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

““သက်ဆိုင်ရာ ဒေသတွင်းမှာ ဥပဒေချိုးဖောက်နေသူတွေကို ရဲတပ်ဖွဲ့ဌာနချုပ်ကနေ တိုက်ရိုက် အရေးယူ ခဲ့ရတဲ့ အတွက် တာဝန်အရှိဆုံးရဲတပ်ဖွဲ့ဝင်ငါးဦးကို စုံ/ခုံဖွဲ့စစ်ဆေးနေတာပါ။ စစ်ဆေးဆဲ အဆင့်ပဲ ရှိပါသေး တယ်””ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်ငူမြို့၊ အမှတ် (၂)ရပ် ကွက်၊ မိုးသောက်ကြွယ်ဘုရားလမ်းရှိ သုံးလုံးထီလောင်းကစားဒိုင်ကို စက်တင်ဘာ ၁၆ ရက် (သုံးလုံးထီထွက်သောနေ့)တွင်  မှုခင်းအထူးရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ဖမ်း ဆီးပြီးနောက် သက်ဆိုင်ရာဒေသတွင်း တာဝန်အရှိဆုံး ရဲတပ်ဖွဲ့ဝင်များကို ရဲ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေ အရ စစ်ဆေးနေခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၂)ရပ်ကွက် နယ်ထိန်းအပါအ၀င် နယ်ထိန်းခေါင်းဆောင်၊ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့် အထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။

““လက်ရှိတာဝန်တွေတော့ ထမ်းဆောင်နေဆဲပဲ။ စုံစမ်းစစ်ဆေးပြီးမှ လိုအပ်သလို အရေးယူရမှာပါ””ဟု နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ်ဦးကပြောသည်။

တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် မိုးသောက်ကြွယ်ဘုရားလမ်းရှိ လောင်းကစားပြုလုပ်သူ ဦးအေးမင်းထွန်းဆိုသူကို ဖမ်းဆီးပြီးနောက် ပြစ်မှုပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ၎င်း၏ ခယ်မတော်စပ်သူတစ်ဦးကလည်း မှုခင်းရဲတပ်ဖွဲ့ဝင်များကို ကာယိနြေ္ဒဖျက်ဆီးမှု ပြစ်မှုပုဒ်မ ၃၅၄ ဖြင့် ပြန်လည်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

7Day Daily

Webster University Thailand Campus မှ မြန်မာကျပ်ငွေ ၂၁၅ သိန်း တန်ဖိုးရှိ ပညာသင်ဆု ပေးအပ်မည်

Posted by drmyochit Wednesday, October 02, 2013, under | No comments


မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်ဖြစ်ရန် ရည်ရွယ်သော ကျောင်းသား၊ကျောင်းသူများ အတွက် အထူး အခွင့် အရေး တစ်ရပ် အနေဖြင့် အမေရိကန်နိုင်ငံ၏ ကျောင်းခွဲ ဖြစ်သော ထိုင်းနိုင်ငံရှိ Webster University (Thailand Campus) တွင် ကျောင်းလခ၏ ၅၀ ရာခိုင်နှုန်းဖြစ်သော မြန်မာ ကျပ်ငွေ ၂၁၅ သိန်း ဝန်း ကျင်ကို ပညာသင်ဆု အဖြစ် ပထမဦးဆုံး အကြိမ် ပေးအပ်သွားမည် ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြား ပညာရေး ဝန်ဆောင်မှုမှ သိရသည်။

အဆိုပါ ပညာသင်ဆုကို အောက်တိုဘာလကျောင်းဖွင့်ချိန် အတွက်ပေးအပ်မည်ဖြစ်ပြီး စက်တင်ဘာလ ၃၀ ရက်နောက် ဆုံးထားကာ လျှောက်ထားရမည်ဖြစ်သည်။ ၄င်းတက္ကသိုလ်တွင် စီးပွားရေး ဘာသာရပ်များ ဖြစ်သော Manage-ment, Emphasis in (International Business/Human Resource/ Marketing), Business Administration, Media Communication, Advertising and Marketing Communications, Psychology, International Relations ဘာသာရပ်များကို သင်ကြားပေးနေသည့် အပြင် အလုပ် အကိုင် အခွင့်အလမ်းနယ်ပယ် ပိုမိုကျယ်ပြန့်စေ သော Double Major ဘာသာရပ် များကို လည်း သင်ယူနိုင်မည် ဖြစ်သည်။

၎င်းပညာသင်ဆု နှင့် ပတ်သက်၍လျှောက်ထားရန် အသေးစိတ်သိရှိလိုပါက Webster University Thailand Campus ၏ ကိုယ်စားလှယ်ရုံးခွဲဖြစ်သော MSI ရုံးဖုန်း-၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မည်ဖြစ်သည်။

သန္တာ
အတွဲ (၁၄)၊ အမှတ် (၃၈)
Internet Journal

သံတွဲမှ ကုလားများ ဓားများဖြင့် ၀ိုင်းခုတ်သတ်မှုကြောင့် ၄ ဦး ဒဏ်ရာရ ၁ ဦးပျောက်ဆုံးနေ

Posted by drmyochit Wednesday, October 02, 2013, under | No comments


တောင်ကုတ်မြို့ သင်ပန်းရွှေရွာက ကိုသောင်းရွှေ ။ သံတွဲအံတော်က ကရင်လူမျိုး ခရစ်ယန်ကိုရန်နိုင်နဲ့
ခရစ်ယန်ဆရာတယောက်။ ဇီးဖြူကုန်းက တယောက် ။ကျန်သောအမျိုးသားတယောက်
နဲ့အမျိုးသမီးတယောက် ပေါင်း၆ ယောက် တောင်ကုတ်က ဆိုင်ကယ်နဲ့အပြန် ရွှေလှေရွှာကိုအ
ဖြတ် ကုလားတိဝိုင်းပြီး ဆီးခုတ်သတ်ဖြတ်၍ လေးဦးဓါးခုတ်ဒဏ်ရာ ပြင်းထန်စွာရ ရှိသဖြင့် သံတွဲဆေးရုံသို့နာရေးကားဖြင့်သွားရောက်ယူဆောင်ပြီး အရေးပေါ် ကုသခံယူထားပါကြောင်း ကျန်သောအမျိုးသားတယောက် အမျိုးသမီးတယောက်မာ ကုလားများ ဝိုင်းခုတ်သတ်ဖြတ်ခံ နေရာမှ လူစုကွဲပြီး ရှာမတွေ့သေးပါ။ ကုသခံယူနာများမှာလည်း အခြေနေဆိုးဝါးခြင်းမှာ ကျော်လွား
နိုင်ခဲ့ပါပြီ။ ရှာမရသေးသော၂ယောက်ကိုလည်း သက်ဆိုင်ရာ ရဲမှူးတို့မှ ဆက်လက်ရှာဖွေနေကြပါကြောင်း ယခု ည၆နာရီ၁၄၄ကိုထပ်မံထုတ်ထား ပါကြောင်း

                                                                                    Ref: Arakan Nwetharki





အရေးကြုံလာပါက ပြည်သူ့စစ် မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဒုတိယ၀န်ကြီး ပြောကြား

Posted by drmyochit Wednesday, October 02, 2013, under | No comments

နိုင်ငံတော်အတွက် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၀ အရ ပြည်သူ့စစ် မဟာဗျူဟာကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အောက်တိုဘာ ၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

ရွှေပြည်သာ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး မေးမြန်းသည့် ''တပ်မတော် အင်အားတောင့်တင်းခိုင်မာရေးနှင့် ရည်မှန်းချက်များ ပြည့်ဝ အောင်မြင်ရေး''တို့နှင့် စပ်လျဉ်း သည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က''တပ်မတော်ကို အင်အားတောင့်တင်း ခိုင်မာစေရေးအတွက် စစ်သည်များကို စစ်သားစုစောင်းရေး စီမံချက်နဲ့အညီ ကျွန်တော်တို့ ပြည်ထောင် စု မြန်မာနိုင်ငံတော်သား အသက် ၁၈ နှစ်မှ ၂၈ကြား ကျန်းမာရေး ကောင်းမွန်သူများကို ၎င်းတို့၏ ဆန္ဒနှင့်အညီ စစ်မှုထမ်းဆောင်နိုင်ရန်အတွက် စုဆောင်းလျှက်ရှိပါတယ်။

နောက်တစ်ပိုင်းကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၃၈၆ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်းသည်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန်တာဝန်ရှိသည် ဖြစ်သည့်အခါတွင် နိုင်ငံသားတိုင်းကတော့ကျား၊မမခွဲခြားဘဲမိမိ၏သဘောဆန္ဒအရတပ်မတော်သို့ဝင်ရောက်စစ်မှုထမ်းဆောင်နိုင်သည်။

ဆက်လက်၍ ဗိုလ်ချုပ်ကျော်ညွန့်က ''လိုအပ်ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၀အရပြည်သူ့စစ်မဟာဗျူဟာကိုတိကျစွာအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်လက်ရှိအခြေအနေမှာ ဒါကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာ ပါပြီးတော့ အသိပညာ အတတ်ပညာ အထိုက်အလျောက်ရှိတဲ့သူတွေ၊ နိုင်ငံတော်အပေါ် သစ္စာစောင့် သိခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက် မကြီးခြင်း၊ မျက်မြင် ၁၃ ချက်နှင့် ပြည့်စုံပြီး ကိုယ်တိုင် ဆန္ဒပြုသူများကို စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ စစ်မှုထမ်းဆောင်စေရန် လက်ခံဆောင် ရွက်လျှက် ရှိပါတယ်။

အနာဂတ်မှာ ကျွန်တော်တို့ ခေတ်မီတပ်မတော် ဖြစ်ရေးအတွက် တပ်မတော်ဟာ အင်အားတောင့်တင့်ပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုး ချစ်တပ်မတော်ဖြစ်ရန်လည်း လိုအပ်ပါတယ်။တပ်မတော် အင်အား တောင့်တင်းခိုင်မာရေး အရေးကြီးသလိုပဲ စွမ်းရည်ထက်မြက်တဲ့ စစ်သည်တော် များ ဖြစ်လာစေရန်အတွက် ပြုစုပျိုးထောင် လေ့ကျင့်လျှက် ရှိပါတယ်။ တပ်မတော်သားများ စစ်ရေးစွမ်းရည် သာမက သက်ဆိုင်ရာ နည်းပညာရပ်များမှာ ထူးချွန်ထက်မြက်စေရေးအတွက် ပြည်တွင်း သင်တန်း များ သာမကဘဲ ပြည်ပသင်တန်းများမှာလည်း နှစ်ရှည်လများစွာ စေလွှတ် သင်ကြားပေးလျှက် ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ခေတ်မီ စစ်လက်နက်ပစ္စည်းများ တီထွင်ထုတ်လုပ်ခြင်း၊ ၀ယ်ယူတပ်ဆင်ခြင်း များ၊ ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်စေရန်အတွက်လည်း တည်ဆောက်လျှက် ရှိပါတယ်။တပ်မတော် စွမ်းရည်မြင့်မားစေရန် ကြည်းတပ်တစ်ခုတည်းကိုပဲ ဦးတည်ဆောင်ရွက်နေသည် မဟုတ်ဘဲ တပ်မတော်ရေနှင့် တပ်မတော်လေ အတွက်ပါ တစ်ပြေးညီ တိုးတက်စေရေး ဆောင်ရွက်လျှက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောဆိုခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၃၄၀တွင်''တပ်မတော်သည်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက်စီမံဆောင်ရွက်ခွင့်ရှိသည်။တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ကို ဖော်ဆောင်ရမည်''ဟု ဖော်ပြထားသည်။

Eleven

အီရန်နျူကလီးယားအရေးကို ၎င်းတို့တစ်နိုင်ငံတည်းပင် ကိုင်တွယ်ရန်အသင့်ဖြစ်နေကြောင်း အစ္စရေးဆို

Posted by drmyochit Wednesday, October 02, 2013, under | No comments


နယူးယော့ခ်၊ အောက်တိုဘာ ၁။

အီရန်တို့ နျူကလီးယားဗုံး ပြုလုပ်ခြင်းကို ရပ်တန့်ရန် ၎င်းတို့တစ်နိုင်ငံတည်းပင် ကိုင်တွယ်ရန် အသင့်ဖြစ် နေကြောင်း အီရန်ခေါင်းဆောင်သစ်များနှင့် သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေခြင်းအပေါ် သတိပေးသည့် အနေဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားသည်။

“အီရန်နျူကလီးယားလက်နက်လုပ်မှာကို အစ္စရေးခွင့်ပြုမှာမဟုတ်ပါဘူး၊ တကယ်လို့ အဲဒီကိစ္စအတွက် အစ္စရေးနိုင်ငံတစ်နိုင်ငံပဲကျန်ခဲ့မယ်ဆိုရင်လည်း အစ္စရေးဟာ တစ်နိုင်ငံတည်းရပ်တည်သွားမှာပါ” ဟု ကုလသမဂ္ဂ ညီလာခံတွင် နေတန်ယာဟု ပြောကြားသည်။

အီရန်ကိုယ်စားလှယ်တို့က အီရန်နျူကလီးယားအစီအမံသည် ငြိမ်းချမ်းရေးအတွက်သာရည်ရွယ်ကြောင်း တုံ့ပြန်ပြောကြားပြီး နေတန်ယာဟုက အီရန်သမ္မတသစ်သည် “သိုးရေခြုံသောဝံပုလွေ”ဖြစ်ကြောင်း ပြောကြားသည်။

သမ္မတအိုဘားမားက အစ္စရေးဝန်ကြီးချုပ်နှင့် တနင်္လာနေ့က တွေ့ဆုံချိန်တွင် အင်အားကြီး အနောက်နိုင်ငံများ သည် အီရန်နှင့် သံတမန်ရေးရာကို စမ်းသပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာပိတ်ဆို့အရေးယူမှု များသည် အီရန်နိုင်ငံစီးပွားရေးကို ဆိုးဝါးစွာထိခိုက်နေသောကြောင့် အီရန်ခေါင်းဆောင်များသည်ပိတ်ဆို့မှုများမှ သက်သာလိုကြောင်း ရှင်းလင်းစွာဖော်ပြပြောကြားပြီးဖြစ်ရာ အိုဘားမားက“ဒါပေမယ့် ကျွန်တော်တို့ဟာအဲဒီဆွေးနွေးပွဲတွေကို လုံးဝရှင်းရှင်းလင်းလင်းသိရှိပြီးတော့ ပြုလုပ်ရပါမယ်၊ လွယ်မှာတော့ မဟုတ်ဘူး၊ ပြီးတော့ အီရန်တို့လိုချင်တဲ့ ပိတ်ဆို့အရေးယူမှုကနေသက်ညှာခွင့် ပေးနိုင်ဖို့ဆိုရင် မှန်ကန် ကောင်းမွန်ကြောင်း အတည်ပြုနိုင်မှုဟာ အမြင့်ဆုံးအဆင့်မှာရှိနေဖို့ ကျွန်တော်တို့ တကယ်ကို လိုအပ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

နေတန်ယာဟုက အီရန်သမ္မတရိုဟာနီ အီရန်နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်ထိကာလများကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

၎င်းကာလများတွင် ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွတိုက်ခိုက်မှုများစွာသည် အီရန်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲပြစ်တင်မှုများရှိခဲ့ရာ အစ္စရေးဝန်ကြီးချုပ်က “အဲဒီအချိန်တုန်းက အီရန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေးတစ်ယောက်ဟာ အဲဒီတိုက်ခိုက်မှုတွေအကြောင်း ဘာမှမသိဘူးဆိုတာ ကျွန်တော်တို့ယုံရမလား” ဟု ပြောကြားသည်။

အီရန်သမ္မတသည် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အီရန်နျူကလီးယားအစီအမံများနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဖြစ်ပေါ်နေသည့် သံသယများကို အဆုံးသတ်ရန် လများမကြာမီအတွင်းတွင်ပင် သဘောတူညီချက် တစ်ခုရလိုကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတနှင့်လည်း နှစ် သုံးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် အီရန်-အမေရိကန် သမိုင်းဝင်ဖုန်းအပြန်အလှန်တိုက်ရိုက်ပြောကြားခဲ့သည်။

အနောက်နိုင်ငံမှ စေ့စပ်ညှိနှိုင်းသူများနှင့် အီရန်ကိုယ်စားလှယ်များသည် ဂျနီဗာတွင် ပထမဆုံးအကြိမ်အဖြစ် ယခုလအတွင်း တွေ့ဆုံကြမည်ဖြစ်သည်။

Ref:AFP
မြန်မာ့ခေတ်

သံတွဲအကြမ်းဖက်မှု ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင် ကင်တားနားသတိပေး

Posted by drmyochit Wednesday, October 02, 2013, under | No comments

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana.


မြန်မာနိုင်ငံ အနောက်ခြမ်း သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရပြီး၊ ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

အကြမ်းဖက်မှုမှာ တာဝန်ရှိတဲ့ အာဏာပိုင်တွေကို အရေးယူဖို့ သူပြောဆိုအကြံပြုထားပေမဲ့၊ လက်တွေ့မှာ ဒီလိုဆောင်ရွက်မှုမျိုးတွေ မတွေ့ရသေးဘူးလို့လည်း မစ္စတာ ကင်တာနား က ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ဘာသာရေးနဲ့ လူမျိုးရေးအရ အကြမ်းဖက်မှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မတည်ငြိမ်မှုတွေ တိုးလာတဲ့အထဲ မနေ့ကတော့ သံတွဲမြို့အနီး ကျေးရွာတရွာကို လူအုပ်စုလိုက် မီးဝင်ရှို့ တိုက်ခိုက်ရာကနေ အသေအပျောက်တွေပါ ရှိခဲ့တာပါ။ ဒီလိုအကြမ်းဖက်မှုမျိုးတွေဟာ မြန်မာနိုငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအတွက် အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက ပြောဆိုသွားပါတယ်။

“လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးအနေနဲ့ လူတွေအကြမ်းဖက် သတ်ဖြတ်ခံရတာတွေ အထူးသဖြင့်တော့ မူဆလင် လူမှုအသိုင်းအ၀ိုင်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တဲ့ လုပ်ရပ်တွေအပေါ်မှာ စိုးရိမ်ပူပင်မိပါတယ်။ ဒါဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်လည်း ဖြစ်ပါတယ်။ အသွင်ကုးပြောင်းရေး လုပ်ဆောင်နေတဲ့အချိန်မှာ အခုလို အကြမ်းဖက်မှုမျိုးတွေ မရှိသင့်ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ ဒီလို အကြမ်းဖက်မှုမျိုးတွေဟာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေအပေါ်မှာ အန္တရာယ်ရှိပါတယ်။ ဒါကို မြန်မာအစိုးရအနေနဲ့ ကောင်းကောင်း နားလည်မယ်ထင်ပါတယ်။”

အခုလို သံတွဲမြို့ဝန်းကျင်မှာ မငြိမ်သက်မှုတွေ ဖြစ်နေချိန် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေနဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေတွေကို ကိုယ်တိုင်လေ့လာဖို့ ရောက်ရှိနေတာလို့ သိရပါတယ်။

အခုလို အခြေအနေမျိုးမှာ သမ္မတကိုယ်တိုင် အဲဒီဒေသဘက်ကို သွားရောက်ဖို့ ဆုံးဖြတ်တာဟာ အင်မတန် သင့်တော်ကောင်းမွန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ကင်တာနား က မြန်မာအစိုးရကို ချီးကျူးပါတယ်။

“သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်ကို ရောက်နေပြီး၊ အကြမ်းဖက်မှု ဖြစ်ခဲ့တဲ့နေရာတွေကိုလည်း သွားရောက်ကောင်း သွားရောက်နိုင်ပါတယ်။ လူတွေ သေဆုံးပြီး အကြမ်းဖက်မှုတွေ ဖြစ်တဲ့နေရာကို သွားရောက်ဖို့ဆိုတာ မြန်မာအစိုးရအနေနဲ့ အရေးကြီးပြီး အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်ပါ။ ဒီလို ဆောင်ရွက်ချက်မျိုးအတွက် ကျနော့်အနေနဲ့ ၀မ်းမြောက်မိပါတယ်။”

မြန်မာအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း ဖြစ်နေတဲ့ ဘာသာရေးနဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်မယ်လို့ ပြောသလို၊ မနေ့ကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီလိုအခြေအနေမျိုးဖြစ်အောင် လှုံ့ဆော်ကြိုးပမ်းသူတွေအပေါ် ဘယ်လိုမှ သည်းခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး က ကတိပေးခဲ့ပါတယ်။ မစ္စတာ ကင်တာနားကတော့ အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ လုပ်ဆောင်သွားဖို့ လိုအပ်ပြီး၊ အထူးသဖြင့်တော့ အကြမ်းဖက်မှုမှာ တာဝန်မကင်းတဲ့ အာဏာပိုင်တွေကို ဖော်ထုတ်အရေးယူဖို့ကို တိုက်တွန်းပါတယ်။

“ဒီလိုကိစ္စတွေမှာ အစိုးရအနေနဲ့ ဘယ်လိုမှ သည်းခံမှာ မဟုတ်ဘူးလို့ ပြောဆိုတာတွေ ကြားရတာ ကျေနပ်စရာပါ။ ဒါပေမဲ့ ဒါ တကယ်အမှန် လက်တွေ့ဖြစ်ဖို့ လိုပါတယ်။ လက်ရှိ အခြေအနေအထိတော့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ဆောင်ရွက်တာတွေ၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူတာမျိုးတွေ မတွေ့ရသေးပါဘူး။ အချို့နေရာတွေမှာ ဗုဒ္ဓဘာသာဝင်အချို့ကို တရားရုံးကနေ အပြစ်ပေး ထောင်ချတာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြဿနာက လုံခြုံရေးတပ်ဖွဲ့တွေ ကိစ္စပါ။ အခုလို အသွင်ကူးပြောင်းရေးမှာ ရဲတပ်ဖွဲ့ရဲ့အခန်းကဏ္ဍက ဘာလဲဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီအကြမ်းဖက်မှုမျိုး မဖြစ်အောင် ရဲတပ်ဖွဲ့တွေက အကာအကွယ် ပေးတာမျိုး မတွေ့ရပါဘူး။”

“တချိန်တည်းမှာပဲ စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်ရပါမယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို ၈ ကြိမ်တိုင်တိုင် ရောက်ပါတယ်။ အကြမ်းဖက်မှုတွေ မဖြစ်အောင် အစိုးရအာဏာပိုင်တွေအနေနဲ့ အရေးယူ လုပ်ဆောင်စရာတွေ ကျန်ရှိနေပါတယ်။ ဒီအထဲမှာ impunity လို့ခေါ်တဲ့ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အရေးမယူနိုင်တဲ့ ကိစ္စလည်း ပါဝင်ပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက မူဆလင်လူနည်းစုတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှု အခြေအနေကို ဝေဖန်ပြောဆိုခဲ့တာကြောင့်၊ သူ့ရဲ့ ပြီးခဲ့တဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ဆန္ဒပြကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရသလို ဘက်လိုက်တယ်ဆိုပြီး ဝေဖန်ပြစ်တင်တာတွေလည်း ခံခဲ့ရပါတယ်။

ဒီခရီးစဉ်နောက်ဆက်တွဲအဖြစ် လာမယ့် လ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံမှာ မြန်မာပြည် အစီရင်ခံစာ တင်သွင်းမှာဖြစ်သလို၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သူ့ရဲ့တာဝန်ယူမှု သက်တမ်းဟာလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

From: VOA

မယုံကြည်နိုင်ဖွယ်ရာ သဘာဝ ကျောက်တစ်လုံးမှ မီးကူး လောင်ကျွမ်း၍ ကျောက်စုသူ တစ်ဦး ဆေးရုံတင်ရ

Posted by drmyochit Wednesday, October 02, 2013, under | No comments

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ကျောက်စုသူ တစ်ဦးသည် မယုံကြည်နိုင်ဖွယ်ရာ ကျောက်ငယ် တစ်လုံးမှ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ယမန်နေ့က ဆေးရုံ တင်လိုက်ရသည်ဟု သတင်းရရှိသည်။

ဆေးရုံတင်လိုက်ရသူမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီး ကျေးရွာတွင် ကျောက်စု လုပ်ငန်းများကို လာရောက်လုပ်ကိုင်သူ အဖ ဦးမောင်သိန်းရီ၊ အမိ ဒေါ်နှင်းအေးခိုင်တို့၏သား ညီညီ အသက် (၂၀နှစ်) ဖြစ်သည်။

ပေါက်ကွဲမီးလောင်ပုံနှင့် ပတ်သက်၍ မီးလောင်ခံရသူ ကိုညီညီအား ကိုယ်တိုင်သွားကြည့်သူ ကိုညီစေ့ ဆိုသူက နိရဉ္စရာသို့ ယခုလို ပြောသည်။

“ မနေ့က မွန်းလွဲ သုံးနာရီခွဲက အခုဒဏ်ရာရတဲ့ ကိုညီညီက ကျောက်စုပါတယ်။ ကျောက်စုတဲ့အခါ မြေအောက်က အနီရောင် ကျောက်တလုံးက သူရဲ့ ခန္ဓာကိုယ်ထဲကို ရောက်လာပါတယ်။ အဲဒီ ကျောက်ကိုကြည့် လိုက်တဲ့ အခါ အနီ အမဲ ပေါင်းစပ်ထားတဲ့ ကျောက်လို့ပြောတယ်။ သူက အဲဒီ ကျောက်ကို လုံချည်ထဲကို ထည့်ပြီး ဘုတ်ပေါ်ကို တက်လာတယ်။”

၎င်းနောက် သူ့ခန္ဓာကိုယ်က မီးခိုများထွက်လာကြောင်း၊ ၎င်းနောက် ကျန်သူများမှာ ကြောက်ပြီး ရေထဲကို ခုန်ချ ထွက်ပြေးကြကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ဘုတ်ပေါ်က လူတွေက ဟေ့ကောင် မင်းခန္ဓာကိုယ်က မီးခိုးတွေ ထွက်နေတယ်ဆိုပြီး ပြောတဲ့အခါ သူရဲ့ခန္ဓာကိုကနေ ဓါတ်ငွေ့တွေ ပျံ့ပီး မီးလောင်နေတယ်။ ကျန်တဲ့လူတွေက ကြောက်ပြီး ရေထဲကို ခုန်ဆင်းသွားကြတယ်။ သူ့ခန္ဓာကိုယ်ပေါ် မီးလောင်နေတဲ့ အတွက် ကျောက်ကို ရေထဲ  ကတန်းကမန်း ပစ်ချလိုက်တော့ မီးက နောက်တော့ ငြိမ်းသွားတယ်။ ဒါပေမယ့် လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာ အနည်းငယ် ရရှိသွားတဲ့ အတွက် အခု ကမ်းထောင်းကြီး ဆေးရုံမှာ တင်ထားရပါတယ်” ဟု ဆိုသည်။

မီးထလောင်သော ကျောက်မှာ ရေထဲမှ ကျောက်တူးနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါကျောက်အား လှပထူးဆန်းသဖြင့် လှေပေါ်မှ လူများကို ပြသရန် ယူလာစဉ် မီးလောင်းကျွမ်းခြင်း ဖြစ်သည်။

မီးလောင်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး ကမ်းထောင်းကြီး ရဲစခန်းမှူးကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ကြောင်း၊ ဒဏ်ရာမှာ ဗုံးပေါက်ကွဲ၍ ရရှိသော ဒဏ်ရာမျိုး မဟုတ်ကြောင်း၊ သဘာဝ ဓါတ်ငွေ့တခုခုကြောင့် မီးလောင်ခြင်း ဖြစ်နိုင်ကြောင်း၊ အဆိုပါ နေရာ အနီးအနား တွင် ဓါတ်ငွေ့တခုခု ရှိနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ စခန်းမှူး အနေဖြင့်လည်း ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အထူး အံ့သြနေသည်ဟု ဆိုသည်။

၎င်းပြင် ယခုကဲ့သို့ သဘာဝ ကျောက်ငယ် တလုံးမှ အလိုလို မီးကူးစက် လောင်မှုကြောင့် ဒေသခံများကလည်း မယုံကြည်နိုင်ဘဲ အထူး အံ့သြနေကြသည်ဟု သိရသည်။

ယခု ပေါက်ကွဲသော ကျောက်အမျိုးအစားများကို မကြာခဏ တွေ့ရှိသော်လည်း တစုံတရာပေါက်ကွဲမှု၊ မီးလောင်မူ မရှိခဲ့ကြောင်း၊ ယခုအကြိမ်သာလျှင် မီးလောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

( နိရဉ္စရာ- ၁ သြဂတ်စ် ၂၀၁၃) / မောင်ရမ္မာ

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး

Posted by drmyochit Wednesday, October 02, 2013, under | No comments



မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာ
များ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အေဟင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။

အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း
တွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ် ဆောင်
ရွက်လျက်ရှိသည်။

                                                                                                         မြိတ်ပုလဲမြေ

တက္ကစီတစ်စီး ယာဉ်မောင်းမရှိဘဲ ရုတ်တရက် ထွက်ခွာမောင်းနှင်

Posted by drmyochit Wednesday, October 02, 2013, under | No comments

မောင်းသူမရှိဘဲမောင်းထွက်သွားသော ကားကို တွေ့ရစဉ်။ ဓာတ်ပုံ - သော်ဇင်ထက်

ရန်ကုန် ၊ အောက်တိုဘာ ၁

သာကေတမြို့နယ်တွင် တက္ကစီ အငှား ယာဉ်တစ်စီး  ယာဉ်မောင်း နှင်သူမရှိဘဲ ရုတ်တရက် ထွက်ခွာ မောင်းနှင်သွားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  သာကေတမြို့ နယ်၇/၈ ရပ်ကွက် အောင် သပြေ အရှေ့ (၁၃) လမ်းရှိ အဖြူရောင်ကိုရို လာဗင်အမျိုးအစား တက္ကစီအငှားယာဉ်တစ်စီးသည် စက်တင် ဘာ ၃ဝရက်မွန်းလွဲ ၂နာရီခွဲခန့်က အငှား ကားမောင်းနှင်သူ၏နေ အိမ်ရှေ့တွင်ရပ်နားထားစဉ် ယာဉ် မောင်းမပါဘဲ ထွက်ခွာ သွားခြင်း ဖြစ်ကြောင်း အဆိုပါရပ်ကွက်နေသူ မျက်မြင်သက်သေများက ပြောသည်။

မျက်မြင်သက်သေတစ်ဦး ဖြစ်သူ အငှားယာဉ်မောင်း၏ အစ်မဖြစ်သူက ''အစ်မကကလေး ကျောင်းကြိုပြီး ပြန်လာတာပေါ့။  ၂နာရီခွဲလောက်ဖြစ်မယ်။ ကား က အိမ်ရှေ့မှာရပ်ထားရာကနေ မောင်းတဲ့သူမရှိဘဲ ထွက်သွား တာ။ မောင်လေး ကလဲ ကားသော့ ကိုလဲ ဖြုတ်ယူထားပြီး အိမ်ထဲ မှာရောက်နေတဲ့အချိန်မှာ ဖြစ် တာပါ''ဟု ပြောသည်။ အဆိုပါကားသည် ပေ ၆၀ ခန့်အကွာသို့ ရောက်ရှိသွားခြင်း ဖြစ်ပြီး အောင်သပြေအရှေ့(၁၃) လမ်သွယ်မှတစ်ဆင့် အောင်သပြေ လမ်းမကြီး ပေါ်သို့  မောင်းနှင်သွား ကြောင်း၊ ယင်းသို့ လူမဲ့မောင်းနှင် လာစဉ် လမ်းချိုးတစ်ခု၌ ရပ်နား ထားသော စက်ဘီးတစ်စီးကိုဝင် တိုက်သွားကြောင်း မျက်မြင်သက် သေတစ်ဦးက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး မျက်မြင်သက်သေတစ်ဦးက ''စက်ဘီးတိုက်တာ ဝုန်းကနဲအသံ ကြားတော့ ကြည့်လိုက်တာ။ ပြော မလို့ရှိသေးတယ်။ ထူးခြားတာက ကားက ရွေ့နေပြီးတော့ လူမပါ ဘူး။ ပြီးတော့ လမ်းကိုကွေ့ပြီး လမ်းဘေးမှာ ထိုးရပ်သွား တယ်။ ကားစက်နှိုးတဲ့အသံလဲ မကြားရ ဘူး။ ဖွတ်ဖွတ်နဲ့ ကားကမောင်း ထွက်သွားတာ''ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး ယာဉ်ပိုင်ရှင်သို့ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာမှ ဆက်သွယ် မေးမြန်းရာ ''ဒါ စက်ချွတ်ယွင်း တာပါ။ ကားဘက်ထရီထဲကိုရေ ဝင်ပြီး ရှော့ခ်ဖြစ်ပြီး မောင်းထွက် သွားတာပါ။ ကားကွေ့သွားတာက လဲ စတီယာရင် တိုင်က ချိုးထားလို့ ပါ''ဟု ပြန်လည်ဖြေကြားသည်။ အဆိုပါရပ်ကွက်မှ ရာအိမ် မှူး ဦးစံမြင့်က ''ဒီလိုဖြစ်တာ ကား က မော်တာကြိုးပဲငြိပြီးဖြစ်တာ လား၊ မော်တာကြိုးငြိရင်လဲ စက်က နိုးရမှာ။ အခုက စက်က မနိုးဘူး။ စတီယာ ရင်တိုင် ကွေ့ထားဦးတော့ ကားမောင်းသွားရင် စတီယာရင် က ပြန်တည့်သွားရမှာ။ ကားက တည့်တည့်မသွားဘူး။ သဘာဝ တော့ မကျဘူး''ဟု ပြောသည်။

မျက်မြင်သက်သေ ဆိုက် ကားနင်းသူ ကိုမျိုးက ''ကျွန်တော် ကားကို လူမပါဘဲ မောင်းသွား တာကိုမြင်တော့ သူတို့မောင်နှစ်မ ကို အော်ခေါ်တာပေါ့။ ကားက ကြည့်တော့ လူလဲမပါဘူး။ ဒါနဲ့ ကားကို ခုတုံးလိုက်ပြေးခုတာ သဲပုံ နား ခုတုံးကို ပစ်ထည့် လိုက်မှ ကားလဲ ရပ်သွားတယ်။ မွန်းလွဲ ၂နာရီခွဲလောက်က ဖြစ်တာ''ဟု ပြောသည်။

အဆိုပါ လမ်းဆုံနေရာသည် လူသွားလူလာပေါများကြောင်း၊ ညနေကျောင်းဆင်းချိန်မဟုတ် သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအတွက် အလွန် ကံကောင်းကြောင်း ရပ်ကွက်နေ သူများက ဆိုသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ကားမောင်း သက်တမ်း နှစ် ၃ဝခန့်ရှိသူ ကိုမောင်မောင်က ''ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး ကား ပိုင်ရှင်ပြောတာက ဖြစ်နိုင်ခြေများ ပါတယ်။ ကားကို ဂီယာတစ်ချက် ထိုးထားပြီး ကားသော့ဖြုတ်ထား ရင်တောင် ကားဝါယာရိန်းရှော့ခ် ဖြစ်ပြီး လူမမောင်း ဘဲ ထွက်သွား နိုင်တယ်။ တော်တော်လေးကို ဖြစ်တောင့်ဖြစ်ခဲပါ''ဟု ပြော သည်။

ယင်းက ဆက်လက်၍ ''တကယ်ထူးဆန်းတာမျိုးတော့ ဘားအံမှာ ကြုံခဲ့ဖူးတယ်။ စစ် ကားတစ်စီး ဟောင်းနွမ်းနေပြီး လမ်းဘေးမှာ ဒီတိုင်းပစ်ထား တယ်။ ကားမောင်းတဲ့သူက သူ့ မိန်းမဆုံးသွားတဲ့စိတ်နဲ့ သေသွား တဲ့သူ။ ကားက ဘက်ထရီလဲ မရှိ တော့ဘူး။ ဒါပေမဲ့ ကားက ည ၁၂နာရီဆိုရင် မီးတွေပွင့်တယ်။ စက်တွေနိုးလာတယ်။ ဝိုက်ဘာ တွေလှုပ်လာတယ်။ ဒါကတော့ နာနာဘာဝလို့ ပြောစရာဖြစ်တာ ပေါ့။ ဘက်ထရီမရှိရင် ကားက နိုးစရာအကြောင်း မရှိဘူး လေ။ အခု သာကေတမှာ ဖြစ်တာမျိုး က ဖြစ်တောင့်ဖြစ်ခဲ ရှော့ခ်ဝင် ပြီးဖြစ်တာပါ။ ကားကွေ့သွား တာလဲ လမ်းအနေအထားကြောင့် ဖြစ်နိုင်တယ်''ဟု ပြောသည်။

သော်ဇင်ထက်
Yangon Media Group

အကြမ်းဖက်ဖြစ်ရပ်များ အသွင်ကူးပြောင်းရေး ထိခိုက်နိုင်ကြောင်း ICG သတိပေး

Posted by drmyochit Wednesday, October 02, 2013, under | No comments



မြန်မာနိုင်ငံမှာ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ဆောင် ရွက်ခြင်း မလုပ်နိုင် ရင် ပိုမို ပျံ့နှံ့လာနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်တယ်လို့ ICG ခေါ် နိုင်ငံ တကာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

“The Dark Side of Transition: Violence Against Muslim in Myanmar” မူဆလင်များအပေါ် အကြမ်းဖက်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်တိုဘာလ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုဟာ မြန်မာ-ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ အရှိန်အဟုန် မြင့်မားလာမှုနဲ့ ဆက်စပ်နေပြီး သံဃာတော်တချို့ဦးဆောင်တဲ့ ၉၆၉ လှုပ်ရှားမှုကနေ မူဆလင်တွေကို စီးပွားရေးအရ သပိတ်မှောက်ဖို့ ဟောပြောမှုရဲ့ သြဇာမကင်းဘူးလို့လည်း ဆိုပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက် ချုပ်တည်းလာခဲ့ရတဲ့ နာကျည်းခံပြင်းမှုတွေနဲ့ ဘာသာရေး အရေခြုံ နိုင်ငံရေးအင်အားစုတို့ရဲ့ လှုံ့ဆော်မှုတွေ ပေါင်းစည်းမိခြင်းဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA

သံတွဲအကြမ်းဖက်မှု ၂ ဦးထက်မနည်း သေဆုံး

Posted by drmyochit Wednesday, October 02, 2013, under | No comments

၂၇ အောက်တိုဘာ ၂၀၁၂ က ပုံဖြစ်ပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဒီကနေ့လည်း မီးရှို့ဖျက်ဆီးတဲ့ အဓိကရုဏ်းအခြေအနေတွေ ဆက်ဖြစ်ခဲ့ပါတယ်။ သံတွဲမြို့နဲ့ ၁၈ မိုင်လောက်ဝေးတဲ့ရွာကို လူအုပ်စုတစ်စုက ၀င်ပြီး မီးရှို့သွားတယ်လို့ သတင်းထုတ်ပြန်ရေး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

နဂိုကတည်းက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနက် ၆ နာရီကနေ ည နေ ၆ နာရီအထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့လည်း သံတွဲမြို့ခံတွေအနေနဲ့ အကာအကွယ်မဲ့သလို ခံစားနေရကြောင်း ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ ၁၈ မိုင်ခန့် ကွာဝေးတဲ့ သဗျုချိုင်ရွာကို စက်တင်ဘာလ ၃၀ ရက်နေ့ ညပိုင်းကစပြီး ဘာသာရေး၊ လူမျိုးရေး တင်းမာသူတွေက ၀င်ရောက် စီးနင်းမှုတွေ လုပ်အပြီးမှာတော့ သဗျုချိုင်ရွာကို မီးရှို့ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နေ့လည်ခင်းမှာ ဆက်ပြီး သဗျုချိုင်ရွာနဲ့ ၂ မိုင်ခန့်ကွာဝေးတဲ့ ပေါက်တောရွာကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်သွားခဲ့တာပါ။ သဗျုချိုင်ရွာမှာတော့ အိမ်ခြေ ၄၀ ခန့် မီးလောင်သွားပြီး လူ ၂ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သဗျုချိုင်ရွာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

မေး။          ။ သပြုချိုင်ရွာမှာပေါ့နော် အသေအပျောက်များ ရှိပါသလားရှင့်။
ဖြေ။           ။ အသေအပျောက်ကတော့ လောလောဆယ် ၂ ယောက်တော့ စာရင်းရထားပါပြီ။

မေး။          ။ နာမည်စာရင်းများ သိရမလားရှင့်။
ဖြေ။           ။ နာမည်ကတော့ တယောက်ကတော့ အေးသူဇာ လို့ သိရတယ်။ နောက်တယောက်ကတော့ မသိရသေးဘူး။ လူ ၂ ယောက်တော့ သေတယ်လို့တော့ ကြားထားတယ်လေ။

မေး။          ။ နောက် အခြေအနေတွေကရော အိမ်တွေကရော မီးရှို့ခံရတာ ဘယ်နှစ်လုံးမြောက် ရှိသွားပြီလဲရှင့်။
ဖြေ။           ။ အိမ်တွေကတော့ ကျနော်လည်း သွားရေး လာရေး ခက်တာနဲ့ အန္တရာယ်များတာနဲ့လေ၊ ခန့်မှန်းချေ ၄၀ လောက်တော့ ခန့်မှန်းတာပေါ့လေ။

မေး။          ။ အခု အန်ကယ်တို့ရော အဲဒီနေရာမှာ နေလို့မရတော့ဘူးလား။
ဖြေ။           ။ နေလို့တော့ ရပါသေးတယ်။

မေး။          ။ မီးလောင်သွားတာ တော်တော်များလား အန်ကယ်။
ဖြေ။           ။ အိမ်ခြေ အလုံး ၄၀ လောက် ရှိပါတယ်။

မေး။          ။ အခုအခြေအနေကရော ထိန်းနိုင်ပြီလား။ အာဏာပိုင်တွေက ရဲတွေ၊ စစ်တပ်တွေ လာထိန်းပြီ လားရှင့်။
ဖြေ။           ။ တပ်တွေနဲ့ ရဲတွေ ရှိပါတယ်။

မေး။          ။ လူတွေရော အဲဒီမှာ နေလို့ရသေးလားရှင့်။
ဖြေ။           ။ အဲဒီမှာတော့ နည်းနည်းကတော့ စိတ်ချလက်ချတော့ မဟုတ်သေးဘူးပေါ့။

သံတွဲမြို့က ရဲစခန်းကို မေးမြန်းကြည့်တဲ့အခါမှာတော့ အသေအပျောက် မရှိဘူးလို့ အခုလို ပြောပါတယ်။

မေး။          ။ သံတွဲဆူပူမှုကြောင့် လူအသေအပျောက်များ ဘယ်လောက် ရှိပြီလဲရှင့်။
ဖြေ။           ။ အခုထက်ထိတော့ ဘာမှမသိသေးပါဘူး။ ဘာမှ မရှိသေးပါဘူး။

သံတွဲမြို့က ပဋိပက္ခတွေနဲ့ပတ်သက်လို့ ဒဏ်ရာရသူများရဲ့ စာရင်း အတိအကျကို မသိရသေးပေမဲ့ နေ့ခင်းပိုင်းမှာတော့ ဂျင်ကလိ ထိမှန်သူတဦး ခွဲစိတ်ဖို့ရှိကြောင်း သံတွဲမြို့ခံတွေက ပြောသလို၊ ရိုက်တာသတင်းတပုဒ်မှာတော့ လူ ၄ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အရ ည ၆ နာရီကနေ မနက် ၆ နာရီအထိ တိုးမြှင့်လိုက်ပါတယ်။ ပြည်နယ်အစိုးရဘက်က အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ သံတွဲမြို့ကို ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်နယ်အစိုးရဘက်က ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပြောပါတယ်။

“လောလောဆယ်တော့ ၀န်ကြီး ၂ ပါး သွားပါပြီ။ သူတို့ကတော့ လက်ရှိအနေအထားမှ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။”

သဗျုချိုင်ကျေးရွာရဲ့ လုံခြုံရေးနဲ့ သံတွဲမြို့ရဲ့ နောက်ဆုံးအခြေအနေကိုတော့ သတင်းမှန် ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

“နေ့ခင်းက အစည်းအဝေးကနေပြီးတော့ ထွက်လာတဲ့သတင်းကတော့ ဗျူဟာမှူးကနေပြီးတော့ ပစ်မိန့်ပေးထားတယ်ပေါ့။ ပစ်မိန့်ပေးထားတယ်။ နောက် လူ ၁၀၀ ပေါ့၊ ရဲနဲ့တပ်နဲ့ လူ ၁၀၀ အဲဒီဘက်မှာ အင်အားချထားပါတယ်လို့ ကျနော် သတင်းရပါတယ်ခင်ဗျ။ သံတွဲမြို့မှာကျတော့ ရဲတွေ၊ စစ်တပ်တွေလည်း ထိုက်သင့်သလောက် နေရာချထားပါတယ်။ မြို့ကတော့ ခြောက်ကပ်ပြီးတော့ ဖြစ်နေပါတယ်။ လူတွေလည်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိပါတယ်။ ရေတပ်က၊ တပ်မတော် (ရေ) က လုံခြုံရေး ယူပေးနေတယ်နဲ့ တူပါတယ်။ ကားတစီး တွေ့ပါတယ်။”

သံတွဲမြို့ ဆူပူမှုမှာ အဓိကတာဝန်ရှိတယ်လို့ အာဏာပိုင်တွေက ယူဆတဲ့ ကမန်အမျိုးသားပါတီ ဥက္ကဌ ဦးကျော်စံလှကိုတော့ အာဏာပိုင်တွေက ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစော ကတော့ ရခိုင်ပြည်နယ်တွင်းက လက်ရှိ ဖြစ်ရပ်တွေအပေါ်မှာ သံသယ ဖြစ်မိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောဆိုပါတယ်။

“အဲဒါတွေဟာ သွေးရိုးသားရိုးတော့ မဟုတ်လောက်ဘူးထင်တယ်။ ဒါက စနစ်တကျကို Motivate (လှုံ့ဆော်) နေသလားဆိုတာက သံသယဖြစ်စရာပဲ။”

ည ၉ နာရီမှာ ထုတ်လွှင့်မယ့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်းတွေမှာတော့ သံတွဲမြို့ အခြေအနေတွေကို ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

VOA Burmese

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတ ဦးသိန်းစိန် သွားရောက်

Posted by drmyochit Wednesday, October 02, 2013, under | No comments


သမ္မတ ဦးသိန်းစိန်နှင့် မောင်တောမြို့ မှ မြို့မိမြို့ဖများနှင့် အောက်တိုဘာ ၁ ရက်က တွေ့ဆုံစဉ်

ရခိုင်ပဋိပက္ခလွန် တစ်နှစ်ခွဲအတွင်း ရခိုင်ပြည်နယ်သို့ သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁ ရက်က သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် မောင်တောသို့ ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် နှစ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကာ မြို့ကို ကားဖြင့် လှည့်ပတ်ကြည့်ရှုပြီး ညနေ ၃ နာရီတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။ နှစ်ဖက် လူမှုအဖွဲ့အစည်းများ အနေဖြင့် ယခင်ကကဲ့သို့ အတူယှဉ်တွဲ နေထိုင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မောင်တောမြို့သို့ ရောက်ရှိပြီး နှစ်ဖက် လူမှုအဖွဲ့အစည်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာ့လေကြောင်းဖြင့် ရောက်ရှိခဲ့ပြီး ၉ နာရီ မိနစ် ၄၀ တွင် ရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ထွက်ခွာခဲ့သည်။ မြောက်ဦးမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကာ န၀ရတ်ဟိုတယ်တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ''တွေ့ဆုံရာတွင် ဒေသတည်ငြိမ် အေးချမ်းဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းမှ နိုင်ငံခြားသားများ ၀င်ရောက်မည့် ကိစ္စတွေကို ပြောကြားခဲ့တယ်''ဟု မြောက်ဦးမြို့မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။ မြောက်ဦးမြို့မှတစ်ဆင့် မဟာမြတ်မုနိဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး ကျောက်တော်မြို့သို့ ရောက်ရှိခဲ့ကာ ကျောက်တော်ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျောက်တော်မြို့တွင် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက မြို့ရေပေးရေး စီမံကိန်းနှင့် လျှပ်စစ်မီး ရရှိရေးကိစ္စများကို တင်ပြခဲ့ကြောင်း၊ ယင်းမှတစ်ဖန် မောင်တောမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

''သမ္မတကြီးကတော့ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ မတ်တတ်ရပ်ပြီး တွေ့ဆုံခဲ့တာ ဖြစ်တယ်။ ပြောတာကတော့ ယခင်ကလည်း ဒီမှာ ညီအစ်ကိုလို၊ သူငယ်ချင်းလို အတူနေလာခဲ့ကြတာမလား။ နောက်လည်း ဆက်လက်ပြီး ပြဿနာမဖြစ်ဘဲ ဆက်လက် နေထိုင်ကြဖို့ ပြောတယ်။ ဖြစ်သွားတဲ့ ကိစ္စတွေဟာ ဒေသတွင်းမှာ ထိခိုက်နစ်နာမှုတွေ အများအပြား ဖြစ်သွားသလို မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ ပုံရိပ်ဆိုးရွားခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ပြောတယ်။ ဘင်္ဂါလီတွေကိုလည်း ဒီဒေသမှာ အေးအေးချမ်းချမ်းနေဖို့ ပြောပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသခံတွေ အုပ်ချုပ်ရေးမှူးတွေ ၀ိုင်းဝန်းဆွေးနွေးပြီး လိုအပ်ချက်တွေကို ပြည်နယ်အစိုးရ၊ လွှတ်တော်ကို တင်ပြဖို့၊ ပြီးမှ ဘတ်ဂျက်ဆွဲတဲ့အခါ ပါဖို့အကြောင်းတွေကို ပြောပါတယ်''ဟု သမ္မတနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။မောင်တောမြို့တွင် တွေ့ဆုံရာ၌ တိုင်းရင်းသားများဘက်မှ ၁၀ ယောက်၊ ဘင်္ဂါလီဘက်မှ ၂၀ကျော် ပါဝင်ခဲ့သည်။

တင်ပြခဲ့သည့် အချက်များမှာ ဘင်္ဂါလီဘက်မှ တက္ကသိုလ်ကျောင်းသားများ ပြန်လည် ကျောင်းတက်နိုင်ရေးအား တင်ပြခဲ့ပြီး ရခိုင်တိုင်းရင်းသားဘက်မှ လမ်းပန်း ဆက်သွယ်ရေးကိစ္စများအား တင်ပြခဲ့ကြောင်းလည်း သိရသည်။ မောင်တောမှ စစ်တွေသို့ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၁၀၀ ခန့်က သမ္မတကြီး ကျန်းမာပါစေဆိုသည့် ပိုစတာများ၊ နိုင်ငံတော်အလံများအား ဝှေ့ယမ်းကာ လေဆိပ် ၀င်ထွက်လမ်းတွင် စီတန်းကာ ကြိုဆိုခဲ့သည်။

နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ လိုက်ပါလာပြီး စုစုပေါင်း ၃၀ ကျော် ပါလာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံးတွင် ဒေသခံ မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား အဓိကရုဏ်းများ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလများအတွင်း ဖြစ်ပွားခဲ့ပြီး ရခိုင်နှင့် ဘင်္ဂါလီစုစုပေါင်း ၁၉၂ ဦး သေဆုံးခဲ့ရာ ၂၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။

EMG

ဝေဖန်မှုတွေကြောင့် ဓာတ်ပုံရိုက်ကူးမှုကို ရပ်လိုက်တော့မယ်လို့ မော်ဒယ် မြနှင်းရည်လွင် ပြော

Posted by drmyochit Wednesday, October 02, 2013, under | 1 comment

ဂျာနယ်တစ်ခုရဲ့မျက်နှာဖုံးမှာ ပြီးခဲ့တဲ့လအတွင်းက ဖော်ပြခံရတဲ့ ရင်ဟိုက် ဓာတ်ပုံကြောင့် ပရိသတ်တွေ ရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ မော်ဒယ်မြနှင်းရည်လွင်က လာမယ့်နှစ်
ကစပြီး ဓာတ် ပုံမော်ဒယ် အဖြစ် ဆက်ပြီးလုပ်ကိုင်သွားမှာ မဟုတ်တော့ဘူးလို့ မြန်မာတိုင်းမ်
ကို ပြော ပါတယ်။

စက်တင်ဘာလ ၂၆ ရက်ထုတ် CELebrites 8 days အပတ်စဉ်ထုတ် ဂျာနယ်ရဲ့ မျက်နှာဖုံး
ဓာတ်ပုံအဖြစ် ဖော်ပြခံရပြီးတဲ့နောက် မြနှင်းရည်လွင်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဂျာနယ်ထွက်ရှိပြီးနောက်ပိုင်းမှာ သူမကို စော်ကားသလို ဖြစ်စေတဲ့ စာသား တွေနဲ့ အင်တာနက်
စာမျက်နှာပေါ်မှာ တိုက်ခိုက်ပြောဆိုခံခဲ့ရတာကြောင့် အရှက်ရခဲ့ရတယ်လို့လည်း ဆိုပါတယ်။

"ဂျာနယ်မှာပါလာတဲ့ မျက်နှာဖုံးဓာတ်ပုံက ညီမအနေနဲ့ပြင်ထားတယ်ထင်လို့ ဂျာနယ်ကို ဆက်
သွယ်ပြီးမေးခဲ့တယ်။ ဒါပေမဲ့ သူတို့တွေအနေနဲ့ ပြင်ထားတာ မဟုတ်ပါဘူးလို့ ပြောခဲ့တယ်။အဲဒီ
ပုံကိုရိုက်တဲ့နေ့က တစ်ပုံတည်းမဟုတ်ပါဘူး။ ပုံပေါင်းများစွာကို ရိုက်ခဲ့တာပါ။ အကယ်လို့ ပုံက
အမြင်မတော်ရင်လည်း သူတို့ အနေနဲ့ တခြားဓာတ်ပုံကို ရွေးသင့်ပါတယ်။ အဲဒီလိုတင်လိုက်တော့
အိမ်နဲ့လည်း ပြဿနာတက်တယ်။ တချို့အွန်လိုင်းစာမျက်နှာမှာဆိုရင် ညီမနာမည်နဲ့ 'ဇစ်ပြုတ်မြ
နှင်းရဲလွင်'ဆိုပြီး ဝေဖန်သလိုမဟုတ်ဘဲနဲ့ ဆဲတဲ့စကားလုံးတွေပါ လျှောက်ရေး ထားကြတယ်။
တချို့ဆိုရင် ဟိုမဂ္ဂဇင်းရိုက်၊ ဒီမဂ္ဂဇင်းရိုက်ပါလားဆိုပြီး ၀ိုင်းပြောကြ တယ်"လို့ သူကြုံရတာတွေကို
ဓာတ်ပုံမော်ဒယ်တစ်ဦးလည်း ဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်အကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်တစ်ဦးလည်းဖြစ်
တဲ့ မော်ဒယ်မြနှင်းရည်လွင် က ပြောပြပါတယ်။

"ကိုယ်ကလည်း အမြဲတမ်းဖော်ချွတ်ရိုက်လေ့ရှိတာ မဟုတ်ဘူး။ ဒီမျက်နှာဖုံး မှာ ဒီလိုမျိုးရိုက်လိုက်
မယ်လို့ ရည်ရွယ်ထားတာလည်းမရှိဘူး။ 8 Days ဂျာနယ် အနေနဲ့လည်း ညီမနဲ့လက်တွဲလာတာ
ကြာပါပြီ။ ညီမအနေနဲ့ ပြဿနာလည်း မတက်ချင်သလို၊ ခင်မင်မှုလည်း မပျက်ချင်ဘူး။
စိတ်မကောင်းဖြစ်မိတာပဲရှိတယ်။ ညီမအနေနဲ့က ဓာတ်ပုံအရိုက်မခံခင် ဘယ်လိုရှုထောင့်ကမျိုးဖြစ်
နိုင်သလဲဆိုတာ စဉ်းစားကြည့်တတ်တယ်။ အခုတင်လိုက်တဲ့ပုံစံမျိုးက Snap Shot ပုံစံကို
မျက်နှာဖုံးတင်လိုက်သလိုမျိုးဖြစ်သွားတယ်"လို့လည်း ပြောပါတယ်။

ဒီတစ်ကြိမ်ဟာ 8 Days ဂျာနယ်အတွက် သုံးကြိမ်မြောက် မျက်နှာဖုံးပုံ ရိုက်ကူးခံခဲ့တာဖြစ်ပြီး
ခုဂယက်ထနေတဲ့ဓာတ်ပုံရိုက်ကူးမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်း ပိုင်းက လှော်ကားဥယျာဉ်
ထဲမှာ ဓာတ်ပုံပညာရှင် ကိုအေးဇော်မိုး (စက်မှု)နဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"ဂျာနယ်ထဲမှာ ကြည့်လိုက်ရင် ပုံတွေကအများကြီးပဲလေ။ ဒါပေမဲ့ အဲဒီပုံကို ရွေးထုတ်ခဲ့တယ်
ဆိုတာကတော့ အစ်ကိုနဲ့မဆိုင်ပါဘူး။ အဓိကရိုက်တဲ့အချိန်က နေ့လည် ၁၂ နာရီကနေ ၁ နာရီ
ကြားဖြစ်နေတယ်။ သူက ၁ နာရီခွဲ ပြန်ရမယ်ဆို တော့ ဓာတ်ပုံရိုက်ချလိုက်တယ်။ ပြီးတော့ ပုံ
ကိုပြန်မကြည့်နိုင်ဘူး။ သူလည်း မကြည့်ခဲ့ဘူး။ ဇစ်က တမင်သက်သက်ဆွဲခိုင်းလိုက်တာ မဟုတ်
ပါဘူး။ လူတွေက အဲဒီပုံကိုပဲ ကြည့်ပြီးတော့ဝေဖန်နေကြတာပါ။ တခြားပုံတွေ အများကြီးရှိပါသေး
တယ်။ ဗမာအမြင်နဲ့ကျတော့ တမျိုးဖြစ်သွားတာပါ"လို့ ဓာတ်ပုံကိုအေးဇော်မိုး (စက်မှု)က ပြောပြ
ပါတယ်။

ဒီကိစ္စကို 8 Days ဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးကို ဖုန်းဆက် မေးမြန်းခဲ့ရာမှာ တစုံတရာ
ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး သူတို့ဂျာနယ်တိုက်အနေနဲ့ ဘယ်ဓာတ်ပုံကိုမှ ပြင်ဆင်ပြီး မထုတ်ဝေခဲ့ဘူး
လို့ ဆိုပါတယ်။

နန္ဒာအောင်  - မြန်မာတိုင်း(မ်)

SSA ( ရွက်ဆစ် ) အဖွဲ့နှင့် မိုင်းတင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့တိုက်ခိုက်မှု ဖြစ်ပွား

Posted by drmyochit Wednesday, October 02, 2013, under | No comments



ကျောက်မဲ ၊ ၂-၁၀-၂၀၁၃

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲ မြို့နယ် ၊ နားမွန်း ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဦး ၏ နေအိမ် သို့ စက်တင်ဘာလ ၂၈ ရက် နံနက် ၄ နာရီက SSA ( ရွက်ဆစ် ) အဖွဲ့မှ ခေါင်းဆောင် ( စိစစ်ဆဲ ) အင်အား ၂၀ ဦးခန့် ရောက်ရှိ လာပြီး အကြောင်းမဲ့ နေအိမ် တံခါးအား အတင်း ရိုက်ချိုး ဖျက်ဆီး၍ လက်နက်များ ဖြင့် ပစ်ခတ်ရာ နေအိမ် အတွင်းရှိ မိုင်းတင်း ပြည်သူ့စစ် ( ဌာနေ) အဖွဲ့မှ စိုင်းအောင်မျိုးသိန်း ဦးစီး ၄ ဦးမှ ပြန်လည် ခုခံခဲ့ပြီး ကျေးရွာရှိ ပြည်သူ့စစ် ( ဌာနေ ) အဖွဲ့ဝင်များ လာရောက် ပူးပေါင်း သဖြင့် SSA ( ရွက်ဆစ် ) အဖွဲ့များမှာ ရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွား ခြင်းကြောင့် နားမွန်းရွာသား ဦးရွှေအောင် ( ခ) ဆွေအောင် ၂၇ နှစ် (ဘ) ဦးကျော်ဦး ၏ ဘယ်ဘက် လက်မောင်း လက်နက်ငယ် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိခဲ့ပြီး ၊ ဦးကျော်ဦး ၏ နေအိမ် အချို့ အစိတ်အပိုင်း များ ပျက်စီး ခဲ့သည်။

ဒဏ်ရာ ရရှိခဲ့သည့် လူနာအား ကျောက်မဲ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါး ကုသပေးလျက် ရှိပြီး ဆုတ်ခွာ သွားသည့် SSA ( ရွက်ဆစ် ) အဖွဲ့များ နောက်သို့ နယ်မြေခံ စစ်ကြောင်း များမှ လိုက်လံ ရှင်းလင်း လျက်ရှိသည်။

နိုင်ငံတော် အစိုးရ၏ ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ရည်မှန်းချက် ထား၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆွေးနွေး အကောင် အထည်ဖော် နေချိန် ယခုကဲ့သို့ SSA ( ရွက်ဆစ် ) အဖွဲ့၏ အရပ်ဘက် အုပ်ချုပ်ရေးမှူး နှင့် ဒေသခံ တိုင်းရင်းသား များအပေါ် ဥပဒေမဲ့ လုပ်ရပ် များကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် ကျေနပ်မှု မရှိဘဲ ဝေဖန် ပြစ်တင်လျက် ရှိကြောင်း သိရှိရသည်။


From: The Myawady Daily

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်