Saturday, September 14, 2013

မြန်မာနိုင်ငံတွင် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံးဥပဒေဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီဖွင့်လှစ်

Posted by drmyochit Saturday, September 14, 2013, under | No comments


အမေရိကန် နိုင်ငံ အခြေစိုက် ဥပဒေ အကျိုးဆောင် ကုမ္ပဏီ တစ်ခုဖြစ်သော Duane Morris ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် အမေရိကန် ပြည်ထောင်စု ၏ ပထမဆုံး ဥပဒေ ဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီ အဖြစ် ပထမဆုံး ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ၊ ၄င်းတို့၏ ၂၆ ခုမြောက် ရုံးခွဲ ဖြစ်သည့် မြန်မာနိုင်ငံ ရှိ ဥပဒေဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီသည် စင်ကာပူ တွင် အခြေစိုက် ထားသည့် Selvam နှင့် ပူးတွဲ ဆောင်ရွက် မည်ဟု သိရသည်။

မြန်မာနိုင်ငံ တွင် ဖွင့်လှစ်မည့် ရုံးတွင် ဥပဒေ အကျိုးဆောင် ၁၂ ဦး ရှိမည် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု ဖီလာဒဲဖီးယား တွင် အခြေစိုက် ထားသည့် Duane Morris ကုမ္ပဏီ သည် အခွန် စည်းကြပ်ခြင်း ၊ လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း ၊ စည်းမျဉ်း စည်းကမ်းများ ထိန်းသိမ်းခြင်း ၊ ဈေးကွက် ၀င်ခွင့် ရရှိရေး နှင့် လိုအပ်သည့်များ သတင်းပို့ခြင်း ၊ အမေရိကန် ပြည်ထောင်စု ၏ အကျင့်ပျက် ချစားမှု ဆိုင်ရာ ဥပဒေ နှင့် ဗြိတိန်နိုင်ငံ ၏ လာဘ်ပေး လာဘ်ယူမှု ဆိုင်ရာ ဥပဒေ ထုတ်ပြန် ပေးခြင်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သက်ကြီးရွယ်အို များအတွက် နေ့ပိုင်း စောင့်ရှောက်ရေး အခမဲ့ ဂေဟာ ဖွင့်လှစ်ရန်စီစဉ်

Posted by drmyochit Saturday, September 14, 2013, under | No comments

သက်ကြီးရွယ်အို ဘိုးဘွားများ အတွက် နေ့ပိုင်း စောင့်ရှောက်ရေး အခမဲ့ ဂေဟာ ( Day care centre foe the Aged ) ကို လာမည့် အောက်တိုဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မှ သိရသည်။
ဖွင့်လှစ်မည့် နေရာမှာ မရမ်းကုန်း မြို့နယ် ၊ ကမ္ဘာအေး ဘုရားလမ်း နှင့် ပါရမီ လမ်းထောင့်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ရုံးချုပ် အဆောက်အအုံ ဟောင်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ သက်ကြီး ရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတွင် ဆွေမျိုး ၊ သားသမီး မရှိဘဲ ပင်ပန်း ကြီးစွာ ရှာဖွေ စားသောက် ကြရသည့် ဘိုးဘွားများ အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာ ၇၀ ကျော်တွင် ဘိုးဘွား အရေအတွက် ၂၃၀၀ ကျော်ရှိပြီး နိုင်ငံတကာ နှင့် ယှဉ်လျှင် စောင့်ရှောက်မှုနှုန်း နည်းပါး သေးကြောင်း ၊ သက်ကြီး ရွယ်အို ၅ ဒသမ ၄ သန်းခန့် ရှိနေပြီး ၅၄၀၀၀၀ ခန့်မှာ အရေးပေါ် ကူညီ စောင့်ရှောက်မှု လိုအပ် နေသည်ဟု လည်း သိရှိရသည်။ (၄၀၁)

ကိုယ်တိုင် စိတ်ချမ်းသာချင်ရင်…..

Posted by drmyochit Saturday, September 14, 2013, under | No comments


တစ်ခါတုန်းက.. လယ်သမားကြီးတစ်ဦးရှိသတဲ့…။ သူဟာ နှစ်စဉ် အင်မတန်မှ ဖွံ့ထွားလှပတဲ့ ပြောင်းဖူးတွေကို စိုက်ပျိုးပြီး မြို့ ပေါ်ကသစ်သီးဝလံပြပွဲမှာလည်း နှစ်စဉ်ဆုတွေရပါသတဲ့…။

တစ်နှစ်မှာတော့ သတင်းထောက်တစ်ယောက်က သူ့က...ိုအင်တာဗျူးပါတယ်…။ ဘယ်လိုများ ဒီလိုလှပဖွံ့ထွားတဲ့ ပြောင်းဖူးတွေကို စိုက်သလဲပေါ့..။ သတင်းထောက်ဟာ မေးရင်းနဲ့ လယ်သမားကြီးက သူ့ဆီက မျိုးကောင်းမျိုးသန့်တွေကို လယ်နီးနားချင်းတွေကို မျှဝေပေးတယ်ဆိုတာကို သိရတော့ အံ့သြစွာနဲ့မေးပါတယ်..။

“ နေပါဦးဗျ… ခင်ဗျားက ဘာလို့ ကိုယ့်ဆီက အကောင်းဆုံးမျိုးစေ့တွေကို လယ်နီးနားချင်းတွေဆီ မျှပေးရတာလဲ… သူတို့လည်း ပြိုင်ပွဲမှာ ဝင်ပြိုင်ကြတာမဟုတ်လား…”
ဆိုတော့ လယ်သမားကြီးက…

“ ဒီလိုရှိတယ်ဗျ… လေက ဝတ်မှုန်လေးတွေကို ဟိုဘက်အခင်းကနေ ဒီဘက်အခင်းကို သယ်ဆောင်ပြီး ဝတ်မှုန်ကူးတယ်လေ…တကယ်လို့...ကျုပ်လယ်နီးနားချင်းတွေက မျိုးစေ့ညံ့တာတွေစိုက်ထားရင်.. အပြန်အလှန်ဝတ်မှုန်ကူးမှုကြောင့် သူတို့ဆီက အရည်အသွေးညံ့တာတွေ ကျုပ်အပင်တွေဆီ ကူးလာနိုင်တယ်… ကျုပ်က အမျိုးကောင်းတွေစိုက်ထားရင်.. လယ်နီးနားချင်းတွေကိုလည်း…အမျိုးကောင်းစိုက်နိုင်အောင် ကျုပ်ကူညီရမယ်ဗျ…”
လို့ ပြန်ဖြေလိုက်ပါတယ်….။

ဒါဟာ…ကျုပ်တို့ဘဝပဲဗျ…။ ဘဝမှာ ငြိမ်းချမ်းစွာနေထိုင်သွားလိုသူဟာ…ပတ်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းအောင် ကူညီရမယ်….။ ဘဝတစ်ခုရဲ့  တန်ဖိုးဆိုတာကို သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ရဲ့  အခြေအနေ နဲ့ တိုင်းတာရမယ်….။

စိတ်ချမ်းသာပျော်ရွှင်ချင်တဲ့သူဟာ… သူတစ်ပါးကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင် ကူညီပေးရမယ်..။ ဘာလို့လဲဆိုတော့… တို့တတွေကိုယ်စီ ငြိမ်းချမ်းဖို့ဆိုတာ အားလုံး ငြိမ်းချမ်းမှဖြစ်မယ်…။

ဒါကြောင့် ကိုယ်စိုက်တဲ့ ပြောင်းဖူးကောင်းချင်ရင်..
သူများအခင်းက ပြောင်းဖူးကောင်းအောင်လည်း ကူညီပေးရမယ်ဗျ…နော့ …….။ ။


ဘာသာပြန်ရေးသားသူ & Credit: -Nyein Chan Win
Lady Fashion

ရန်ကုန်ကလေးဆေးရုံကြီးတွင် အရေးပေါ်လူနာများကို အခမဲ့ကုသပေးမည်

Posted by drmyochit Saturday, September 14, 2013, under | No comments


ရန်ကုန် ကလေးဆေးရုံကြီးသို့ အရေးပေါ် ခွဲစိတ်ရန်နှင့် ဆေးကုသရန် ရောက် ရှိလာသောလူနာများကို အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။
ယင်းသို့ကုသပေးရာတွင် ဆေးမှာ အလွယ်တကူဝယ်ယူနိုင် သောဆေးဖြစ်ခြင်း၊ ဆေးရုံတွင် အဆင်သင့်ရှိပြီး လုံလုံလောက် လောက်ရှိသောဆေးဝါးများနှင့် ကုသရမည်ဆိုပါက ဆင်းရဲချမ်းသာ မရွေး ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။
''လူတိုင်းတော့ မရဘူး။ဆေးကလဲ သိပ်ဈေးမကြီးဘူး၊ ရောဂါကလဲ အသည်းအသန်ဖြစ် နေရင်တော့ ဒီဆေးတွေကို ပေးသုံး တယ်။ လူတိုင်းကိုတော့ ဆရာ တို့ မပေးနိုင်သေးဘူး။ တချို့ကို တော့ ပေးတယ်။ ဒါပေမဲ့ ဆေးရုံ ကို အရေးပေါ်ရောက်လာတယ်၊ အရေးပေါ်ခွဲစိတ်ဖို့ ရောက်လာ တဲ့လူနာတွေကို ဆရာတို့ အခမဲ့ ပေးနိုင်အောင် ဆေးဝါးတွေကို စုဆောင်းထားတယ်။ အရင်တုန်း ကတည်းကလဲ လုပ်ပေးတယ်။ အခုတော့ ပိုပြီးတော့ လုပ်ပေး လာနိုင်တယ်''ဟု ရန်ကုန်ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာသန်း ထိုက်က ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန သို့ နိုင်ငံတော်အစိုးရမှဘတ်ဂျက် ငွေပိုချပေးခြင်းသည် ကျန်းမာရေး နှင့်ပညာရေးသည် အရေးကြီး သည့်အတွက် တခြားဝန်ကြီးဌာန များ၏ အသုံးစရိတ်လျှော့ချ၍ ခွဲ ပေးခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပိုမိုရရှိလာခြင်းကြောင့် ပိုမိုကုသ ပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
''ကျန်းမာရေးဝန်ကြီးဌာန ကို ဘတ်ဂျက်ငွေ ပိုချပေးတယ် ဆိုတာက ကျန်းမာရေးနဲ့ ပညာ ရေးကအရေးကြီးလို့ တခြားဝန် ကြီးဌာနတွေက အသုံးစရိတ်တွေ သုံးရမယ့်စရိတ်တွေကို လျှော့ပြီး တော့ ဆရာတို့ကို ခွဲပေးလိုက်ရ တာလေ။ ဒါကြောင့် ဆရာတို့က အကျိုးရှိရှိလူနာတွေအတွက် အ သုံးပြုပေးနေတာပါ''ဟု ဆိုသည်။
အခြေခံမရှိမဖြစ် လိုအပ် သောဆေးဝါး၊ ဖြည့်စွက်ဆေးဝါး များရှိပြီး အခြေခံဆေးဝါးများကို အလုံအလောက်ဝယ်ယူထားပြီး ဖြစ်ကာ ယင်းဆေးဖြင့် ကုသ၍ ရသောရောဂါ၊ ကုသ၍ရသော လူနာများဖြစ်ပါက ဆေးကုသစ ရိတ်ကို ဆေးရုံမှပေးနိုင်မည်ဖြစ် ကြောင်း၊ ကြီးမားသောရောဂါများ ဖြစ်သည့် ကင်ဆာရောဂါများ၊ ဆိုး ရွားသောရောဂါဝေဒနာရှင်များ ဖြစ်ပါက ချို့တဲ့သောလူနာများ၊ အရေးပေါ်လူနာများအတွက် ဆေး ဝါးများကို အထိုက်အလျောက် ဝယ်ယူပေးကာ ကုသစေကြောင်း သိရသည်။
''ကလေးဆေးရုံကြီးမှာ ဒီ လို အခမဲ့ကုပေးမယ်ဆိုတော့ တော်တော်အဆင်ပြေတာပေါ့။ တတ်နိုင်တဲ့သူတွေအတွက်က တော့ စရိတ်မျှပေးပေါ့။ မတတ် နိုင်တဲ့သူတွေအတွက်တော့ အခ မဲ့ပေးတာ ကောင်းပါတယ်။ တချို့ ဆို တကယ်ကိုမတတ်နိုင်လို့ ဆေး စစ်ခိုင်းရင် ငိုနေတာမျိုးတွေ မြင် ဖူးတယ်''ဟု ကလေးမိခင် ဒေါ်ချို ချိုမာက ပြောသည်။
ဆေးရုံများ၏ကုန်ကျစရိတ် ကို နိုင်ငံတော်အစိုးရမှ ပံ့ပိုးပေး သောအခြေအနေအပေါ် မူတည် ၍ အခမဲ့ကုသခြင်းများရှိပြီး ရေ ရှည်တွင်မူ လွယ်ကူနိုင်မည်မဟုတ် ကြောင်း သိရသည်။

ခင်သက်မွန်

အသည်းအဆီဖုံးရောဂါအတွက် သိသင့်သောအချက်

Posted by drmyochit Saturday, September 14, 2013, under | No comments




အသည်းအဆီဖုံးခြင်းသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်း အဝလွန်သောအမျိုးသမီးများတွင် ပိုမိုဖြစ်ကြပါတယ် ။ ဌင်းရောဂါသည့် အမျိုးသားများထက် အမျိုးသမီးများတွင် ၆၀ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ။

ဒီရောဂါဖြစ်ပွားရခြင်းသည် အဓိကတော့ အဆီပါဝင်မှု့ များသော အစားသောက်များကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပွားရပါသည် ။ အဆီအဆိမ့်ပါဝင်နှုန်းများပြားသည့် အစားအစာများမှာ မလိုင် ၊ ထောပတ် ၊ ဒိန်ခဲ နှင့် နို့ ထွက်ပစ္စည်းများဖြင့် အထူးပြု့ လုပ်ထားသော မုန့် မျိုးစုံအစားသောက်တွင် Cholesterol များစွာပါဝင်ခြင်းကြောင့် ရေရှည်စားသုံးလာခဲ့လျှင် အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေပါတယ် ။

တာရှည်ခံအောင် အထူးစီမံပြု့ လုပ်ထားသော စည်သွတ်ဘူးများတွင် လူခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေနိုင်သော အဆီဓာတ်များပါဝင်နေခြင်းကြောင့် စည်သွတ်ထားသော သား ငါး တွေကိုလည်း ရှောင်ကြဉ်ရမှာပါ ။

ထိုအပြင် အသားများတွင် အဆီများများပါဝင်သည့် ကြက် ၊ ဘဲ ၊ ငါး၏အရေပြား ၊ ကြက်ဥ ၊ ဘဲဥ ၊ ငုံဥ ၊ အဆီပိုသော အမဲသား နှင့် ဝက်သားများကို ရှောင်ရှားသင့်ပါသည် ။ ဌင်းအစားသောက်များကို စားသောက်လျှင် အသီးအချဉ် နှင့် ဟင်းရွက်အသီးအနှံများကိုပါ ရောနှောစားသောက်ပါ သို့ သော အသားများကို အလွန်အကျွံစားသောက်တက်ခြင်းကို လျှော့ရပါလိမ့်မည် ။ သင်သည် အဆီများသော အစားသောက်များကို စားသောက်ပြီးလျှင် အေးသောရေကို ချက်ခြင်းသောက်သုံးခြင်း မပြုသင့်ပါ ။

အသည်းအဆီဖုံးခြင်း ဖြစ်နေသောသူများတွင် ဆက်လက်ပြီးတော့ အသိပေးလိုတာက အဆီများစွာဖြင့် ကြော်လှော်ထားသော အစားသောက်များ ၊ အုန်းသီး အုန်းနို့  ၊ အထူးသဖြင့် စားအုန်းဆီတို့ ကိုရှောင်သင့်ပြီး အမျိုးသားများတွင် စားသုံးလေ့ရှိသည့် အရက် ၊ ဆေးလိပ် နှင့် ကွမ်းစားခြင်းကိုပါ ရှောင်ကြဉ်ပါ ။

အသည်းအဆီဖုံးသူအတွက် ဂတ်စ်များစွာ ပါဝင်နှုန်းဖြင့်စီမံထုတ်လုပ်ထားသော အချိုရည် ဗူးကိုသောက်သုံးခြင်းကို အထူး ရှောင်ရှားပါ ။

ဝေဒနာသည်အနေနှင့် စားသုံးသင့်သည့် အစာအဟာရများကတော့ လက်ဆတ်သော ဟင်းသီးဟင်းရွက် ၊ အရည်ရွမ်းသော အသီးအနှံများ ၊ မလှိုင်ဖယ်ထားသော နို့ နှင့် အဆီပါဝင်မှု့ နည်းပါသော အသား ၊ ငါး ၊ ပုဇွန် တို့ ဘဲ ဖြစ်ပါတယ် ။ အသီးဖျော်ရည်များဖြစ်သော သံပုရာရည် ၊ ရှောက်သီးဖျော်ရည် ၊ ဂရိတ်ဖု ဖျော်ရည်များကို မကြာမကြာ သောက်သုံးသင့်ပါသည် ။

Mg Mandalay
ကျန်းမာရေးစာတိုများစုစည်းမှု

iPhone 5C နဲ့ 5S

Posted by drmyochit Saturday, September 14, 2013, under | No comments



အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Apple ကနေ iPhone လက်ကိုင်ဖုန်း အမျိုးအစား အသစ် ၂ မျိုးကို ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ iPhone 5C နဲ့ 5S ပါ။ ဈေးသက်သက်သာသာနဲ့ ရောင်းမယ့် iPhone 5C က ပလပ်စတစ်တမျိုးနဲ့ လုပ်ထားတာဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာမြင့် အမျိုးစားက iPhone 5S ကတော့ ဖုံးပိုင်ရှင်ကို သူ့ရဲ့ လက်ဗွေရာနဲ့ မှတ်နိုင်တဲ့ ဖုံးမျိုးပါ။

ယှဉ်ပြိုင်မှုသိပ်များလှတဲ့ ဒီ Smartphones တွေရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က ဆက်သွယ်ရေးအင်ဂျင်နီယာ ပါရဂူတဦးဖြစ်တဲ့ ဒေါက်တာဦးစိုးတင့်ကပြောပြပေးထားပါတယ်။

The new iPhone 5C in five colours are placed together at Apple Inc's announcement event in Beijing, September 11, 2013.

VOA
iPhone 5C နဲ့ 5S
Saturday, September 14, 2013

အမေရိကန်နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Apple ကနေ  iPhone လက်ကိုင်ဖုန်း အမျိုးအစား အသစ် ၂ မျိုးကို  ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။   iPhone 5C နဲ့  5S ပါ။  ဈေးသက်သက်သာသာနဲ့ ရောင်းမယ့်  iPhone 5C က ပလပ်စတစ်တမျိုးနဲ့ လုပ်ထားတာဖြစ်ပြီး   နောက်ဆုံးပေါ် နည်းပညာမြင့် အမျိုးစားက iPhone 5S  ကတော့  ဖုံးပိုင်ရှင်ကို သူ့ရဲ့ လက်ဗွေရာနဲ့ မှတ်နိုင်တဲ့ ဖုံးမျိုးပါ။

ယှဉ်ပြိုင်မှုသိပ်များလှတဲ့ ဒီ Smartphones တွေရဲ့  နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို  အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က  ဆက်သွယ်ရေးအင်ဂျင်နီယာ ပါရဂူတဦးဖြစ်တဲ့ ဒေါက်တာဦးစိုးတင့်ကပြောပြပေးထားပါတယ်။

The new iPhone 5C in five colours are placed together at Apple Inc's announcement event in Beijing, September 11, 2013.

VOA

မြတ်ဗုဒ္ဓ၏ ဥာဏ်တော် (၁၀)ပါး ....

Posted by drmyochit Saturday, September 14, 2013, under | No comments



မြတ်ဗုဒ္ဓတွင် ဥာဏ်တော် (၁၀)ပါး ရှိ၏ ... ယင်းတို့ကားးး

(၁) အကြောင်း ဟုတ် ... မဟုတ်ကို သိသောဥာဏ်တော်

(၂) ကောင်းကျိုး ... မကောင်းကျိုးကို သိသောဥာဏ်တော်

(၃) သတ္တ၀ါတို့ လားရာရောက်ရာကို သိသောဥာဏ်တော်

(၄) အထူးထူးသော ဓာတ်သဘောတို့ကို သိသောဥာဏ်တော်

(၅) သတ္တ၀ါတို့၏ အလိုဆန္ဒအားလုံးကို သိသောဥာဏ်တော်

(၆) သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်ကို သိသောဥာဏ်တော်

(၇) ဈာန် ... ၀ိမောက္ခ ... သမာဓိ ... သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဥာဏ်တော်

(၈) ရှေးဖြစ်ဟောင်း ဘ၀ခန္ဓာအစဉ်ကို သိသော ဥာဏ်တော်

(၉) သတ္တ၀ါတို့၏ စုတေခြင်း ... ပဋိသန္ဓေနေခြင်း တို့ကို သိသော ဥာဏ်တော်

(၁၀) အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်း ဖြစ်သော ဥာဏ်တော် ဟူ၍ ဖြစ်ပါသည် ...။

ဗုဒ္ဓသာသာဝင်ကောင်းတစ်ယောက် စာအုပ်မှ -

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင် ကြပါစေ~~~

နှလုံးသား၏ ဓမ္မသံစဉ်
Photo: မြတ်ဗုဒ္ဓ၏ ဥာဏ်တော် (၁၀)ပါး .... Friday, September 13, 2013 မြတ်ဗုဒ္ဓတွင် ဥာဏ်တော် (၁၀)ပါး ရှိ၏ ... ယင်းတို့ကားးး (၁) အကြောင်း ဟုတ် ... မဟုတ်ကို သိသောဥာဏ်တော် (၂) ကောင်းကျိုး ... မကောင်းကျိုးကို သိသောဥာဏ်တော် (၃) သတ္တ၀ါတို့ လားရာရောက်ရာကို သိသောဥာဏ်တော် (၄) အထူးထူးသော ဓာတ်သဘောတို့ကို သိသောဥာဏ်တော် (၅) သတ္တ၀ါတို့၏ အလိုဆန္ဒအားလုံးကို သိသောဥာဏ်တော် (၆) သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်ကို သိသောဥာဏ်တော် (၇) ဈာန် ... ၀ိမောက္ခ ... သမာဓိ ... သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဥာဏ်တော် (၈) ရှေးဖြစ်ဟောင်း ဘ၀ခန္ဓာအစဉ်ကို သိသော ဥာဏ်တော် (၉) သတ္တ၀ါတို့၏ စုတေခြင်း ... ပဋိသန္ဓေနေခြင်း တို့ကို သိသော ဥာဏ်တော် (၁၀) အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်း ဖြစ်သော ဥာဏ်တော် ဟူ၍ ဖြစ်ပါသည် ...။ ဗုဒ္ဓသာသာဝင်ကောင်းတစ်ယောက် စာအုပ်မှ - ~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင် ကြပါစေ~~~ နှလုံးသား၏ ဓမ္မသံစဉ်

အာဖဂန် ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ ရဲဝန်ထမ်း ၃ ဦးသေဆုံး

Posted by drmyochit Saturday, September 14, 2013, under | No comments

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း ၊ ဟားရတ်မြို့ ရှိ အမေရိကန် ကောင်စစ် ၀န်ရုံး ကို စစ်သွေးကြွ အဖွဲ့က တိုက်ခိုက် ခဲ့ရာ အာဖဂန် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂၄ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။စစ်သွေးကြွ များသည် စင်တင်ဘာလ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ခန့်က ကောင်စစ်ဝန်ရုံး ၏ ၀င်ပေါက် တွင် ကားတစ်စီး ကို ဗုံးထောင် ဖောက်ခွဲမှု တစ်ရပ် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် စစ်သွေးကြွ များသည် ကောင်စစ်ဝန်ရုံး ရှိ လုံခြုံရေး ၀န်ထမ်းများအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။ ထို့နောက် ဒဏ်ရာ ရရှိသူများ အား ရဟတ်ယာဉ် များဖြင့် သယ်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိ သူများထဲတွင် အမေရိကန် နိုင်ငံသားများ မပါဝင်ကြောင်း သိရှိရသည်။

The Myawady Daily
အာဖဂန် ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ ရဲဝန်ထမ်း ၃ ဦးသေဆုံး
ကဘူးလ် ၊ ၁၄-၉-၂၀၁၃

အာဖဂန်နစ္စတန် နိုင်ငံ အနောက်ပိုင်း ၊ ဟားရတ်မြို့ ရှိ အမေရိကန် ကောင်စစ် ၀န်ရုံး ကို စစ်သွေးကြွ အဖွဲ့က တိုက်ခိုက် ခဲ့ရာ အာဖဂန် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂၄ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။စစ်သွေးကြွ များသည် စင်တင်ဘာလ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ခန့်က ကောင်စစ်ဝန်ရုံး ၏ ၀င်ပေါက် တွင် ကားတစ်စီး ကို ဗုံးထောင် ဖောက်ခွဲမှု တစ်ရပ် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် စစ်သွေးကြွ များသည် ကောင်စစ်ဝန်ရုံး ရှိ လုံခြုံရေး ၀န်ထမ်းများအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သည်။ ထို့နောက် ဒဏ်ရာ ရရှိသူများ အား ရဟတ်ယာဉ် များဖြင့် သယ်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိ သူများထဲတွင် အမေရိကန် နိုင်ငံသားများ မပါဝင်ကြောင်း သိရှိရသည်။

The Myawady Daily

လတ်ဗီးယား-မြန်မာ ချစ်ကြည်ရေး အသင်း ဖွဲ့စည်းပြီး နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

Posted by drmyochit Saturday, September 14, 2013, under | No comments


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် လတ်ဗီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H. E. Mr. Edgars Rinkevics ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီတွင် လက်ခံတွေ့ဆုံသည်။

ယင်းတွေ့ဆုံပွဲတွင် ၂ဝဝ၉ ခုနှစ်ကတည်းက လတ်ဗီးယား-မြန်မာ ချစ်ကြည်ရေး အသင်း ဖွဲ့စည်းခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ဆက်သွယ် ဆက်ဆံခဲ့မှု၊ ၂ဝ၁၂ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့မှု၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ခရီးသွားလာရေး လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ သတင်း နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးစသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော် သမ္မတက လတ်ဗီးယားနိုင်ငံ သမ္မတအား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။

http://www.myawady.com.mm/allnews/headline/item/25297-2013-09-14-07-58-27

Apple ကုမ္ပဏီ မြန်မာနိုင်ငံတွင် အရောင်းပြခန်းဖွင့်မည် ၊ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်တော့မည်

Posted by drmyochit Saturday, September 14, 2013, under | No comments


ကမ္ဘာကျော် Apple နည်းပညာကုမ္ပဏီရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရန်ကုန်မြို့မှာ သီးသန့် အရောင်းပြခန်းတစ်ခုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ ဂျန်းရှင်းမော်တင်မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးတော့ ထူးခြားချက်က တန်ဖိုးကြီးပ စ္စည်းတွေကို အရစ်ကျစနစ်နဲ့ပါ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်တဲ့ အော်ရီဒူးနဲ့ တယ်လီနောကုမ္ပဏီတွေ လုပ်ငန်းစရင် မြန်မာပြည်ရဲ့ မို ဘိုင်း ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာဖို့ရှိတာကြောင့် အခုလို နည်းပညာမြင့်ထုတ်ကုန်ဖြစ်တဲ့ Apple ရဲ့ပစ္စည်းတွေကို နိုင်ငံတကာစံနှုန်းနဲ့ ဖွင့်လှစ် ရောင်းချဖို့စီစဉ်ရတာလို့ mDrive ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးမြတ်ထွန်းကပြောပါ တယ်။ လောလောဆယ်မှာ iPad နဲ့ iPhone ပစ္စည်းတွေကို ရောင်းချဦး မှာ မဟုတ်သေးပဲ iMac အမျိုးအစား နည်းပညာထုတ်ကုန်တွေပဲ ရောင်းချပေးမှာလို့သိရပါတယ်။

ခြောက်လမ်းသွားလမ်းမများနှင့် လမ်းမကြီးများပေါ် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေအပြင် စီမံချက်ဒဏ်ငွေဖြင့် အရေးယူမည်

Posted by drmyochit Saturday, September 14, 2013, under | No comments



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည့်အပြင် စီမံချက်ဒဏ်ငွေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်လမ်းတစ်လျောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန် လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းယားလမ်း၊ ဓမ္မာစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးတို့တွင် ယာဉ်များခေတ္တရပ်နား ခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကြေညာထားကြောင်း သိရသည်။

''အခု ရန်ကုန်မြို့အတွင်းမှာရှိတဲ့ လမ်းပေါင်း ၂၆ လမ်းမှာ ယာဉ်တွေရပ်နားခြင်း မလုပ်ဖို့ ကြေညာထားပြီးဖြစ်တယ်။ အခုလည်း နှစ်ပတ်ကာလအတွင်းမှာ ပညာပေး ဆောင်ရွက်နေတယ်။ပညာပေးကာလ ကျော်လွန်သွားရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့ရော စီမံချက် ဒဏ်ငွေနဲ့လည်း အရေးယူသွားမယ်။ စည်းကမ်းမဲ့ ရပ်နေတဲ့ယာဉ်တွေကို ကရိန်းနဲ့ဆွဲပြီး အရေးယူဖို့အတွက် ပြည်ပကနေ ကရိန်းတွေလည်း မှာယူထားပါတယ်'' ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူး သာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။ အဆိုပါ လမ်းမကြီးများပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်တင်ယာဉ်များအနေဖြင့် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်းနှင့် ခရီးသည်တင်ယာဉ်လိုင်းအချို့မှ ယာဉ်များကို လမ်းမများပေါ်တွင် ညအိပ်ရပ်နားသည့်အတွက် ယာဉ်မတော်တဆမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

ဗညားဒလလမ်းတွင် စည်းကမ်းမဲ့ရပ်ထားသော ယာဉ်များနှင့် ယာဉ်ပိတ်ဆို့မှုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

သမိုင်းထဲကမေယု

Posted by drmyochit Saturday, September 14, 2013, under | No comments




သမိုင်းထဲကမေယု
မြန်မာ့ သမိုင်းကြောင်း တွင် လည်းကောင်း ၊ ရေတပ်မတော် ၏ အခန်းကဏ္ဍ တွင် လည်ကောင်း မေယုအမည် ရှိ စစ်ရေယာဉ်သည် အခန်းကဏ္ဍ တစ်ခုတွင် ထင်ရှား ပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံ သားတို့ အမြဲအမှတ်ရ နေသည့် အမည်နာမ ဖြစ်သည်။ ယခုသော အခါများစွာသော တာဝန်များ ထမ်းဆောင်ခဲ့ပြီး တာဝန်ကျေပြီ ဖြစ်သည့် မေယုစစ် သင်္ဘောကြီး အား သီလဝါရှိ ရေတပ်တွင် ထိန်းသိမ်း စောင့်ရှောက် ထားလျက် ရှိကြောင်း သိရသည်။
၁၉၄၇ခုနှစ် ၊ မေ ၂၅ ရက်တွင် ရန်ကုန် မြစ်လယ်၌ ဗြိတိသျှ ရေတပ်မတော် မှ မြန်မာပြည် အပျော်တမ်း အရန် ရေတပ်သို့ ဖရီးဂိတ် စစ်ရေယာဉ် HMS. Fal အား လွှဲပြောင်း ပေးအပ်ခဲ့ရာ ၄င်း အခမ်းအနား သို့ ဗိုလ်ချုပ် အောင်ဆန်း တက်ရောက် လက်ခံ၍ မိန့်ခွန်း ပြောကြား ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းက ဖားလ်သင်္ဘောမှာ စစ်အတွင်းက အမှုထမ်း ခဲ့သည့်အပြင် ရခိုင်ပြည် မေယု တစ်လျောက် မြန်မာ့ တပ်မတော် သားများ ဂျပန်အား နှိမ်နှင်းခဲ့ သည်ကို မမေ့နိုင်သည့် အတွက် အမည်နာမ ထင်ရှား စေရန် မေယု ဟု အမည်ပေး လိုက်ကြောင်း ၊ ထို့အတွက် မိမိသည် မြန်မာလူမျိုး အနေဖြင့် ဂုဏ်ယူ ကြောင်းဖြင့် ယင်း အခမ်းအနား ၌မိန့်ကြား ခဲ့သည်။


စစ်ရေယာဉ် မေယု၏ စစ်ရေယာဉ်မှူး အဖြစ် မေယု တိုက်ပွဲစဉ် များတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့သော ဗိုလ်မှူး ခင်မောင်ဘို မှ လွှဲပြောင်း ယူခဲ့သည်။ ထိုအခမ်းအနား တွင် ရေတပ် ထုံးစံအရ ရေယာဉ် ပိုင်ဆိုင်သော နိုင်ငံ၏ရေတပ် အလံကို လွှင့်ထူ ရသည်ဖြစ်၍ ရေယာဉ် ဦးပိုင်းရှိ ဗြိတိသျှ ရေတပ်အလံ အားချ၍ မြန်မာနိုင်ငံ ဘုရင့် အပျော်တမ်း အရန် ရေတပ် အလံအား လွှင့်ထူခဲ့သည်။ သမိုင်းတွင် သည့် စစ်ရေယာဉ် မေယုတွင် ဗိုလ်မှူး ခင်မောင်ဘို ၊ ဗိုလ်မှူး ခင်ဖေကြီး ၊   ဗိုလ်မှူး ကျော်ဇော ၊ ဗိုလ်မှူး ယော ၊ ဗိုလ်မှူး ဘရိုနီ ၊ ဗိုလ်မှူး ချစ်စိန် ၊ ဒုဗိုလ်မှူးကြီး သီဟသူရ ထွန်းတင် ၊ ဗိုလ်မှူး ဂျေအက်စ်ဘွန်း ၊ ဒုဗိုလ်မှူးကြီး ခင်မောင်မြင့်(၁) ၊ ဒုဗိုလ်မှူးကြီး ခင်မောင်ချို ၊ ဒုဗိုလ်မှူးကြီး ညွန့်အောင် ၊ ဒုဗိုလ်မှူးကြီး မောင်မောင်ကြီး ၊  ဒုဗိုလ်မှူးကြီး သက်လွင် ၊ ဒုဗိုလ်မှူးကြီး မင်းလွင် တို့က လွှဲပြောင်း ယူခဲ့သည့် ၁၉၄၇ ခုနှစ် ၊ မေ ၂၅ ရက်မှ ၁၉၇၆ခုနှစ် ၊ စက်တင်ဘာ ၉ ရက်နေ့ထိ တာဝန်ယူ ထမ်းဆောင်ခဲ့ ကြသည်။
မြန်မာနိုင်ငံ ၏ ကမ်းရိုးတန်း သည် ၁၃၈၅ မိုင် ရှည်လျားပြီး စုစုပေါင်း ပိုင်ဆိုင်သော မြန်မာ့ ပင်လယ်ပြင် အကျယ် အဝန်း ဧရိယာမှာ ၁၄၁၂၁ဝ စတုရန်းမိုင် ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ကုန်းမြေ ဧရိယာ ၂၆၁၂၂၈ စတုရန်းမိုင် နှင့် နှိုင်းယှဉ်ပါ က ကုန်းမြေ ဧရိယာ၏ တစ်ဝက်ခန့် ရှိရေပြင် ဧရိယာအား ပိုင်ဆိုင်သည့် ကမ်းရိုးတန်း နိုင်ငံ ဖြစ်သည်။ မြန်မာ့ ပင်လယ်ပြင် တွင် ကမ်းနီး ကမ်းဝေး ကျွန်းများ ၊ ကျွန်းစုများ ၊ ဆိပ်ကမ်း ကောင်းများ ၊ ပင်လယ်အော်များ ၊ ကမ်းခြေ ကောင်းများဖြင့်  ပြည့်စုံလျက် ရှိသည်။ သဘာဝ ဓာတ်ငွေ့နှင့် ကမ်းလွန် ရေနံများ ၊ သတ္တု ၊ ပုလဲ ၊ ကျွန်းသစ် စသည့် ရေပေါ် ရေအောက် သဘာဝ သယံဇာတ ပစ္စည်းများ ပြေါ<ွကယ်ဝသည့် အပြင် မြန်မာ့ ပင်လယ်ပြင်သည် ဒေသတွင်း ကုန်စည် စီးဆင်းမှု ရေလမ်းကြောင်း ကို စိုးမိုးလျက် ရှိသည့် အချက်အချာ နေရာတွင် တည်ရှိ နေသည်။
ထိုကဲ့သို့သော သဘာဝ သယံဇာတ များဖြင့် ပြည့်လျှန်း နေသည့် အမိနိုင်ငံတော် အတွက် မြန်မာ့ တပ်မတော် ရေနှင့် အတူ စစ်ရေယာဉ် မေယုသည် ကြီးလေးသော တာဝန်များကို ထမ်းဆောင် ခဲ့လေသည်။ ယခုသော အခါတွင် တာဝန်ကျေ အနားယူ နေသည့် စစ်ရေယာဉ် မေယုသည် နောင်လာ နောက်သားတို့ အား အတိတ်က သမိုင်းကြောင်း ပုံရိပ်များကို ပြန်ပြောပြ နေသယောင်ဖြင့် သီလဝါ ရေတပ်တွင် မူလလက်ရာ မပျက်တည်ရှိ နေလေသည်။ ခေတ်လူငယ်တို့ အနေဖြင့် အတိတ်က အမိနိုင်ငံ၏အခြေအနေ ၊ လွတ်လပ်ရေး အတွက် အဘယ်သို့ တိုက်ပွဲဝင်ခဲ့ ရသည် ၊ တိုင်းပြည် အတွက် မည်သို့ မည်ပုံ ပေးဆပ် ခဲ့ရသည် စသည့် မိမိနိုင်ငံ ၏ရာဇဝင် သမိုင်းကြောင်း တစိတ် တစ်ပိုင်း ကိုသိရှိစေရန် တစ်ခါ တစ်ခေါက်ဖြင့် သွားရောက် လေ့လာသင့် ပေသည်။ လွတ်လပ်ရေး ၏ တန်ဖိုး မည်မျှ ကြီးမားကြောင်း လွတ်လပ်ရေး ဆုံးရှုံးခဲ့ရချိန် တွင်နေခဲ့ရ သည့် သက်ကြီး ရွယ်အိုတို့ အားလုံး သိကြသည်။ လွတ်လပ်ရေး သည်ပထမ ၊ လွတ်လပ်ရေးသည် ဒုတိယ ၊ လွတ်လပ်ရေး သည် တတိယ ဆိုသည်မှာ အလကား မဟုတ်ပေ။ ရှိခြင်း၏ တန်ဖိုးကို မရှိမှ သိရသည့် သဘော ဖြစ်သည်။ ပြောသလောက် မလွယ်ဘဲ အသက်ပေါင်း မြောက်များစွာ ၊ ဒုက္ခပေါင်း အသင်္ချေ နှင့် သောက မျက်ရေ ပင်လယ်ဝေပြီးမှ ပြန်လည် ရရှိခဲ့သည့် အတွက် လွတ်လပ်ရေး ကိုတန်ဖိုး ထားတတ်ကြ စေရန် မြန်မာ့ သမိုင်းထဲက သက်မဲ့ စစ်ရေယာဉ် မေယုက အသင်တို့အား အမှာစကား အကြုံပါး ပေလိမ့်မည်။

ကျော်ကိုကို(ကိုကိုကျွန်း)

ezPDF Reader v2.3.1.0 Apk 12MB

Posted by drmyochit Saturday, September 14, 2013, under | No comments



ezPDF Reader Multimedia PDF အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Update လေးပါ
Android OS ဖုန်းနဲ့ Tablet တွေပေါ်မှာ PDF ဖိုင်တွေဖတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့
ezPDF Reader လေးပါ Function လည်းစုံလင်ပြီး

ebook တွေကိုဖတ်တဲ့နေရာမှာ စာအုပ်ကိုဖတ်ရသလို တစ်ရွက်ချင်းလှန်ရတဲ့ပုံစံမျိုးလေးနဲ့ပါ။

https://play.google.com/store/apps/details?id=udk.android.reader 

မှာလေ့လာပြီး အသုံးပြုမယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Dwonload>>>mirrorupload(or)hotfile (or)zippyshare





Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်