Monday, September 09, 2013

ကောင်းတာလုပ်တဲ့ အတွက် ကောင်းကျိုး တွေပဲဖြစ်လာမယ်လို့ ယုံကြည်သူ စံရတီမိုးမြင့်

Posted by drmyochit Monday, September 09, 2013, under | No comments


ဒီတစ်ပတ်မှာတော့ ရုပ်ရှင်၊ ဗီဒီယိုလောကရဲ့ သရုပ်ဆောင်နယ်ပယ် မှာ ပရိ သတ်တွေအကြား အနုပညာသင်္ကေတ အမှတ်အသားတစ် ခုကို အသိအ မှတ်ပြုခံ နေရပြီဖြစ် တဲ့ သရုပ် ဆောင် စံရတီမိုးမြင့်ရဲ့ လူမှုဘဝရှင် သန်နေ ထိုင်ခြင်း၊ အနုပညာနဲ့ ယုံကြည်ချက်၊ တန်ဖိုးရှိစွာ ဝေဖန်ပိုင်းခြား မြင်တတ်တဲ့ စိတ်အလှ တရားတွေအကြောင်း ဖော်ပြလိုက်ပါတယ်။

အိပ်ရာထဲကမထခင်မှာတော့ အင်တာနက်အရင်သုံးဖြစ်တယ်

တကယ်တမ်း မိုးလင်း လင်းချင်းကို အိပ်ရာထဲက မထခင်မှာတော့ အင်တာနက် အရင် သုံးဖြစ်တယ်။ ပြီး တော့ ရှုတင်အတွက် ပြင်ဆင် စရာ ရှိတာကိုပြင်ဆင်ဖြစ်တယ်။ ရှုတင်မသွားခင်တော့ ဘုရား အရင်ဆုံး ရှိခိုးဖြစ်တယ်။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။ ကိုယ်ကလည်း အပြင်တွေ၊ ဘာတွေ သိပ်ပြီးမသွား တတ်တော့ တအားကြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထိန်းသိမ်းရ တာမျိုးမရှိပါဘူး။

အနုပညာရှင်ဖြစ်လာတော့ ကိုယ်ပိုင် အချိန်နည်းသွားတယ်

အနုပညာအလုပ်မလုပ်ခင်နဲ့ အခု အနုပညာရှင်ဖြစ်နေချိန်က တအားကြီးကွာခြားသွားတာမျိုး တော့ မရှိပါဘူး။ဒါပေမယ့်အချိန်တော့ သိပ် ပြီး မရတော့ဘူး။ဒီဇာတ်ကားပြီးသွားရင် နောက်ထပ်တစ်ကားဆက် ဝင်နေရ တော့ ကိုယ်ပိုင်အချိန်တော့ သိပ်ပြီး မရှိ တော့ လူငယ်သ ဘာဝသွားတာ၊လာတာ မျိုးတွေကိုလည်း အချိန်သိပ်ပြီး မပေး နိုင်တဲ့အတွက် လူငယ်သဘာဝ လွတ် လပ်ခွင့်တွေဆုံးရှုံးတယ်လို့တော့ တစ်ခါ တလေ ခံစားရပေမယ့် ကိုယ့်ရဲ့ပရိသတ် တွေ အားပေးသံကို ပြန်ပြီးကြား ရတဲ့အတွက်တော့ ဆုံးရှုံးရတာ တန်ဖိုးရှိတယ်လို့ ထင်မိပါတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် အိပ်ရေးဝအောင် အိပ်လိုက်ပါတယ်

တစ်ခါတလေ တအားစိတ်ဖိစီး မှုများလာတဲ့အချိန်တွေဆိုရင်တော့ အိပ်ရေးဝအောင်အိပ်ပစ်လိုက်တယ်။ ဒါမှမဟုတ် Spa သွားတယ်။ တစ်ခုခု နဲ့ဖြေဖျောက် အပန်ြးေ ဖဖြစ်တယ်။ သီချင်းနားထောင်လိုက်တယ်။ တခြားတော့မရှိပါဘူး။

ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဘာသာရေးကိုယုံကြည်တယ်

ဘာသာရေးကို လူကြီးတွေ လောက်တော့ မလုပ်နိုင်သေးပါဘူး။ ရိုက်ကွင်းသွားရင်းနဲ့ ကားပေါ်မှာ မေတ္တာသုတ်ကို ဂိတ်ကနေပြီးတော့ ရွတ်နေဖြစ်တယ်။ ပုတီးစိပ်ဖြစ် တယ်။ နေ့တိုင်း အိမ်မှာတော့ ဘုရား ရှိခိုးဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် ဘာသာရေးကို ယုံ ကြည်၊ လေးစားပြီး ရိုသေကိုးကွယ် ဖြစ်ပါတယ်။ ကောင်းတာလုပ်တဲ့ အတွက် ကောင်းကျိုးတွေပဲ ဖြစ်လာ မယ်လို့ ယုံကြည်ပါတယ်။

အနုပညာကြေးကို အကျိုးရှိမယ့် နေရာတွေမှာ သုံးစွဲတယ်

ကိုယ့်အနုပညာနဲ့ရလာတဲ့ အနု ပညာငွေကြေးကိုလည်း ကိုယ့်ရဲ့အနု ပညာအလုပ်အတွက် ပြန်ပြီးတော့ လည်း အသုံးပြုဖြစ်တယ်။ လှူနိုင် တန်းနိုင်တဲ့နေရာတွေမှာ ပြန် ပြီး လှူဖြစ်တယ်။ ပြီးတော့ ကိုယ့်မိသားစု ကိုလည်း ကိုယ့် ရဲ့လုပ်အားနဲ့ အဆင့်အတန်းမြင့် မြင့် ထားနိုင်တဲ့အတွက် လည်း ကျေနပ်မိ တယ်။ရတဲ့အနုပညာကြေးကို အကျိုးရှိ မယ့် နေရာတွေမှာ သုံးစွဲဖြစ်ပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်

အဓိကကတော့ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုကို အကောင်းဆုံးဖြစ် အောင် လုပ် တယ်။ အနုပညာအလုပ် ကိုပဲ ဝါသနာပါတယ်။ ငယ်ငယ်လေး ကတည်း က မင်းသ မီးဖြစ်ချင်တဲ့စိတ် ပဲရှိတယ်။ လူကြီး၊ မိဘ၊ ဆရာသမား တွေက ကြီးလာရင် ဘာလုပ်မလဲလို့မေးရင် ငယ်ငယ်ကတည်းက မင်းသမီးဖြစ်ချင် တယ် လို့ပဲ ဖြေတယ်။ အဲဒီအတွက် အခု အချိန်မှာ ကိုယ် ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဘဝတစ် ထပ်တည်း ကျတယ်။

ပြီးတော့ ကျေလည်း ကျေနပ်တယ်။ဒီအလုပ်ကို ငယ်ငယ် ကတည်းကလည်း တအား ဝါသနာ ပါတယ်။ အဲဒီအတွက် ဖြစ်အောင် လုပ်မယ်လို့လည်း စိတ်ကူးရှိတယ်။ အဲဒီအတွက် အများကြီး ကြိုးစား ပြီးလုပ်ဖြစ်တယ်။ အဲဒီလို ကြိုးစားနေ တဲ့အတွက် ပရိသတ်ရဲ့ အားပေးမှုက လည်း အဓိကျပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အောင်ဇော်မင်း
Popular Journal

ဘန်ကောက်ရှိ သုဝဏ္ဏဘူမိ လေဆိပ်တွင် လေယာဉ်တစ်စင်း လမ်းချော်မှုဖြစ်ပွား

Posted by drmyochit Monday, September 09, 2013, under | No comments

Airbus 330-300 အမျိုးအစား ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်သည် ရှေ့ဘီးကျိုးသွားရာမှ လမ်းချော် တရွတ်ဆွဲသွားပြီး ခရီးသည် (၁၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ်တွင် တနင်္ဂနွေနေ့ ညပိုင်းက ခရီးသည်တင် လေယာဉ်တစ်စင်း လမ်းကြောင်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ Airbus 330-300 အမျိုးအစား ထိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်သည် ရှေ့ဘီးကျိုးသွားရာမှ လမ်းချော် တရွတ်ဆွဲသွားပြီး ခရီးသည် (၁၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုင်းလေကြောင်းလိုင်းက အဆိုပါ လေယာဉ်သည် တရုတ်နိုင်ငံ၊ ဂွမ်ဇူမှ စတင်ပျံသန်းလာကာ ခရီးသည် (၂၈၈)ဦးနှင့် အမှုထမ်း (၁၄)ဦး လိုက်ပါလာကြောင်း ပြောကြားခဲ့သည်။ လေယာဉ် လမ်းချော်မှု ဖြစ်ပွားပြီးနောက် အရေးပေါ် လှေကားများကို အသုံးပြုကာ ခရီးသည်များကို ချက်ချင်း ရွှေ့ပြောင်းပေးခဲ့ပြီး ဒဏ်ရာရသူ (၁၄)ဦးကိုလည်း ဘန်ကောက် ဆေးရုံ တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းလေကြောင်းလိုင်းက ဆိုသည်။

"သုဝဏ္ဏဘူမိ လေဆိပ်မှာ ထိုင်းလေကြောင်း ခရီးစဉ်အမှတ် TG 679ဟာ ရှေ့ဘီးပြဿနာကြောင့် လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။ ဂွမ်ဇူးကနေ ပျံသန်းလာတဲ့ လေယာဉ်ဟာ သတ်မှတ်ချိန်အတိုင်း ဒေသစံတော်ချိန် (၂၃း၀၀)နာရီမှာ ဆိုက်ရောက်ခဲ့ပြီး ပြေးလမ်းပေါ်အဆင်း လေယာဉ်ဘီး ကျိုးထွက်သွားတာ ဖြစ်ပါတယ်"ဟု လေကြောင်းလိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ လေကြောင်းလိုင်းက "အင်ဂျင်ဘေး ညာဘက်ဘီးနားမှာ မီးပွားတွေ ထွက်ခဲ့တာကို သတိပြုမိခဲ့တာလည်း ရှိပါတယ်။ ဖြစ်စဉ်ကို စုံစမ်းနေဆဲပါ"ဟုလည်း ဆိုသည်။ သုဝဏ္ဏဘူမိ လေဆိပ်သည် အာရှတိုက်၏ ခရီးသည် ဝင်ထွက်သွားလာမှု အများပြားဆုံး လေဆိပ်တစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ပြည်တွင်းပြည်ပ ခရီးသွား အရေအတွက် (၅၃)သန်းမျှ အသုံးပြုနေကြောင်း သိရှိရသည်။

From: Planet

ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် စိတ်ဝေဒနာခံစားနေရသည်ဟုဆိုကာ ရဲကိုတိုင်ကြား

Posted by drmyochit Monday, September 09, 2013, under | No comments

နေအိမ်အခန်းတွင်း၌ ပိတ်လှောင်ပြီး ခြိမ်းခြောက်ခံရသဖြင့် ဇနီးသည် စိတ်ဝေဒနာခံစားရသည်ဟုဆိုကာ သူ့ အမျိုးသားက တိုင်တန်းမှုတစ်ခုကို အလုံရဲစခန်းက စက်တင်ဘာ ၇ ရက်တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မျူးရုံးက သတင်းထုတ်ပြန်သည်။

သူ့ဇနီးသည်အား တစ်လမ်းတည်းနေ အမျိုးသမီးတစ်ဦးက အိမ်ပေါင်သည့် ကိစ္စ ပြောရန်လာခေါ်သဖြင့် သြဂုတ် ၁၇ ရက်တွင် လိုက်ပါသွားခဲ့ပြီး ထိုနေ့ည ၈ နာရီအချိန်အထိ အိမ်ပြန်ရောက်မလာသဖြင့် လိုက်သွားရာလမ်းတွင် ထိတ်လန့်နေသည့် အမူအရာဖြင့် ဇနီးသည်ကို တွေ့ရှိခဲ့သည်ဟု အဆိုပါ အမျိုးသားက ထွက်ဆိုထားသည်။

ဇနီးသည်ကို မေးမြန်းရာ သူမကို အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးက မီးဖိုခန်းထဲတွင် တံခါးပိတ်ပြီး အိမ်ပေါင် သည့် စာချုပ်ကို လက်မှတ် မထိုးပေးလျှင် ရဲနှင့်ရှေ့နေခေါ်ထားပြီး ဖမ်းချုပ်ထောင်ချမည်ဟု ပြောကြောင်းသိရသည်ဟု တရားလိုကရဲကို ဆက်လက်တိုင်တန်းထားသည်။

ထို့ပြင် သူ့ဇနီးသည်ကို မီးဖိုခန်းထဲတွင်ထားကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆိုသဖြင့် စာချုပ်တွင် လက်မှတ်ထိုးပေးခဲ့ရကြောင်း ကြောက်ရွံ့တုန်လှုပ်နေကာ ပြန်လည်ပြောပြခဲ့သဖြင့် အိမ်သို့ ပြန်ခေါ်ကာ အိပ်ခိုင်းထားခဲ့သည်ဟု အမျိုးသားက ရဲကို ထွက်ဆိုသည်။

ည ၁၂ နာရီခန့်တွင် ထိုအမျိုးသမီးမှာ အိပ်ယာမှလန့်နိုးပြီး “ကြောက်တယ်၊ ရဲတွေလာဖမ်းနေပြီ” စသဖြင့် အော်ဟစ်ကာ အသိစိတ်ပျောက်ပြီး ထွက်ပြေးနေသဖြင့် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါ အမျိုးသားက သူ့ဇနီးသည်သည် ဆေးဝါးကုသခံယူနေသော်လည်း ယနေ့တိုင် ကောင်းမွန်လာခြင်းမရှိသဖြင့် ယခုလိုရဲစခန်း၌ ခြိမ်းခြောက်ခဲ့သူများကို လာရောက်တိုင်တန်းခြင်းဖြစ်ကြောင်းလည်း ထွက်ဆိုထားသည်။

စွပ်စွဲတိုင်တန်းခံထားရသူများမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးဖြစ်သည်ကို ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ယခုအမှုကို အလုံရဲစခန်းက အမှုဖွင့်ထားပြီး စွပ်စွဲခံရသူများကို ရှာဖွေနေသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

ကင်မ်ဂျုံအန်းတွင် သမီးလေးတစ်ဦး ရှိနေပြီဟုဆို

Posted by drmyochit Monday, September 09, 2013, under | No comments

ကင်မ်၏ လူမှုရေး ဘဝသည် လူသိနည်းလွန်းသော လျှို့ဝှက်မှုများ ရှိနေပြီး သမီးလေးတစ်ဦး ရှိနေကြောင်း သတင်းစကားသည် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၌ သမီးလေးတစ်ဦးရှိကြောင်း အမေရိကန် ဘတ်စကက်ဘော ကစားသမားဟောင်း ဒင်းနစ်ရော့ဒ်မန်းက ထုတ်ဖော် ပြောကြားလိုက်သည်။ ရော့ဒ်မန်းသည် ပြီးခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားသို့ ဘတ်စကက်ဘော သံတမန်ရေးရာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည်။ ၎င်းက Guardian သတင်းစာနှင့် အင်တာဗျူးတွင် ကင်မ်၌ သမီးလေးတစ်ဦး ရှိနေပြီး ဂျူအီဟု အမည်ပေးထားကြောင်း ပြောဆိုသွားသည်။ ကင်မ်၏ လူမှုရေး ဘဝသည် လူသိနည်းလွန်းသော လျှို့ဝှက်မှုများ ရှိနေပြီး သမီးလေးတစ်ဦး ရှိနေကြောင်း သတင်းစကားသည် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရော့ဒ်မန်းက မိမိသည် ကင်မ်တို့ မိသားစုနှင့် ပင်လယ်ကမ်းခြေတွင် တွေ့ဆုံခွင့် ရခဲ့ပြီး ကင်မ်သည် ဖခင်ကောင်း တစ်ဦးဟု မှတ်ချက်ပြု ချီးကျူးခဲ့သည်။

"ကင်မ်နဲ့ ကျွန်တော်တို့ဟာ ပင်လယ်ကမ်းခြေနားမှာ သူ့မိသားစုနဲ့အတူ ခဏအပန်းဖြေခဲ့တယ်။ သူတို့ရဲ့ သမီးလေး ဂျူအီကို ကျွန်တော် ချီခဲ့ပါသေးတယ်။ ပြီးတော့ ကင့်မ်ဇနီးသည်နဲ့လည်း စကားပြောဖြစ်တယ်။ ကင်မ်က ဖခင်ကောင်း တစ်ယောက်ပါ။ သူ့မှာ လှပတဲ့ မိသားစုလေးတစ်ခု ရှိတယ်"ဟု ရော့ဒ်မန်းက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်က ကင်မ်၏ ဇနီးသည် ရီဆိုလ်ဂျူသည် ကိုယ်ဝန်ရှိနေသည်ဟု ယူဆရဖွယ် ဓာတ်ပုံအချို့ ထွက်ပေါ်ခဲ့သော်လည်း မြောက်ကိုရီးယား အစိုးရက တရားဝင် အတည်ပြုချက် မထုတ်ပြန်ခဲ့ချေ။ ထို့အပြင် ရီသည် ကင်မ်၏ တရားဝင် ဇနီးဖြစ်ကြောင်း (၂၀၁၂)ခုနှစ်၊ ဇူလိုင်လကမှ ကြေညာခဲ့သည်။ ရော့ဒ်မန်းသည် မြောက်ကိုရီးယားသို့ ယခုနှစ်အတွင်း (၂)ကြိမ်တိုင် သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ကာ (၂၀၁၁)ခုနှစ်က ကွန်မြူနစ် နိုင်ငံ၏ အဓိပတိ ဖြစ်လာသူ ကင်မ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် အမေရိကန် နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့သည်။

From: Planet Myanmar Network

ကေတီဗွီ (KTV)

Posted by drmyochit Monday, September 09, 2013, under | No comments

ပုံ အမေ့အိမ်မှ
ဆင်းရဲမွဲတေနေတဲ့ လက်တင်အမေရိက ကလေးငယ် ၃၅သန်းအတွက် ရှာကီရာဟာ သူမရဲ့လုံးဝန်းတဲ့ တင်ပါးအိအိတွေကို ဝှေ့ရမ်းလှုပ်ခါပြစ်လိုက်တယ်။ အင်ဂျလီနာဂျိုလီ လှစ်ဟပြလိုက်တဲ့ ည၀တ်အင်္ကျီထဲက ပန်းနုရောင်ပေါင်တံတွေဟာအဟာရချို့တဲ့နေတဲ့ အာဖရိက ဒုက္ခသည်တွေ
ဆီ တဖွဲဖွဲဝင်လာမယ့် ရံပုံငွေ တွေပဲ။

ကဲ . . . ဘာထူးလို့လဲ ကျွန်မမောင်လေး နောက်နှစ်ကျောင်းဆက် ထားနိုင်ဖို့ သိုးစော်နံနေတဲ့ အဲ့ဒီအဆီ တစ်ထပ် အသားတစ်ထပ် ခန္ဒာကိုယ်ကြီးတွေကို ကျွန်မအခုနိုပ်ပေးနေရတယ်။

ကျွန်မအမေမြန်မြန်နေပြန်ကောင်းလာအောင်လို့ ကျွန်မစကပ်တွေ တဖြည်းဖြည်းတိုတိုလာရတယ်။ တစ်လ တစ်လ အလျှင်မီအောင် အိမ်စရိတ်ထောက်ဖို့အရေး ရှင့်ကိုအကြင်နာတွေပေးပေးနေရတယ်
ကောင်း ရောင်းကောင်းဝယ် . . . ဟုတ်တယ်ဟုတ် . . ကျွန်မတို့ အထည်တွေ မချုပ်ကြတော့ဘူး။

စက်ရုံတွေပိတ်သွားပြီ ကျွန်မတို့ပန်းရံလည်းမလုပ်နိုင်ကြဘူးလေ ခွန်အားနဲ့အတက်ပညာတွေ ဈေးပေါနေ တဲ့ ခေတ်ကြီးထဲမှာ ဈေးကောင်း ရတာပဲ ကျွန်မတို့ရောင်းစားလိုက်ကြတော့တယ် ကျွန်မနာမည်လား . . အ မေပေးခဲ့တာတောင်မေ့တေ့တေ့ရယ် ကျွန်မနာမည် ကြယ်စင် . ကျွန်မနာမည် နံနက်ခင်း . ကျွန်မနာမည် တာရာ . ကျွန်မနာမည် အလင်္ကာ ဟုတ်တယ်လေ ကျွန်မတို့မတည်မြဲကြဘူး။

ကျွန်မတို့ဟာ လျှပ်စီးကြောင်းနဲ့ ပတ်ကြားအက်နေတဲ့ မိုးတိမ်တွေပဲ ကွက်ကျားမိုးတွေ ဖွံ့ဖြိုးတိုးတက် လာ ချိန်မှာ ဘွားကနဲ ပေါက်ရောက် လာတဲ့ မိုးဦးမှိုပွင့်တွေပဲ စီးဆင်းနေတဲ့ငွေကြေး စာရင်ဇယားတွေဘေး
မှာ ကွေးညွှတ်နေတဲ့ မြစ်ကျိုးအင်းတွေပဲ လျှော်ဖွတ်ပြီး မီးပူတိုက်ထားတဲ့ ဘေထုတ်ထည်ကိုကြည့်သလို ရှင် ကျွန်မကိုမကြည့်ပါနဲ့ ရှင့်စကားနဲ့ ကျွန်မကိုအဖျားခတ်လိုက်ပုံက ကျွန်မတို့ကပဲ သူများအိမ်ထောင် ရေးတွေ
ပေါ် လမ်းကြိတ်စက်တက်မောင်းနေသလိုလို ကျွန်မတို့ကပဲ သူများမိသား စုတွေကို ကူးတို့ဆိပ်မှာ မှို့အိတ် ဖွင့်နေသလိုလို ကျွန်မတို့ကပဲ ရှင်တို့ရဲ့ တိတ်ဆိတ်နေတဲ့ ယဉ်ကျေးမှု့စာမျက်နှာတွေကို ပလုပ်တုတ် ခေါက် နေသလိုလို။

အချစ်တဲ့ . . . ရှင်လေချဉ်တက်လိုက်သလား ဘီယာစော်နံလိုက်တာဟုတ် ပါတယ် ဟုတ်ပါတယ် ကျွန်မတို့ အလုပ်က သဒ္ဒါစည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီပါဘူးကျွန်မတို့ဘ၀တွေကလည်း ၀ါကျတည် ဆောက်ပုံမ မှန်ကန်ပါဘူး ဒါပေမယ့် . . ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှု ပါရှင်။

"အမ္ဗပါလီ" အစ "မော်နီကာဗယ်လူချီ" အဆုံး ကျွန်မတို့အားလုံးဟာ ရှင်တို့ယောင်္ကျားတွေရဲ့ လျှို့ဝှက်တဲ့ စက်ရုံမှာ အချိန်ပိုဆင်းရတဲ့ ခွေးသွားစိတ် တွေပါပဲ။

တကယ်တော့ ကမ္ဘာကြီးပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး အိုစမာဘင်လာဒင် သေဆုံးသွား တာလည်း ကျွန်မတို့နဲ့ တခြားစီ ဒေါ်လာဈေး ကမောက်ကမဖြစ်အောင် ကျွန်မတို့တစ်ခါမှ မလုပ်ခဲ့ဖူးဘူး ကျွန် မတို့ကို ရေးကြီးခွင်ကျယ် ကဗျာစပ်မနေပါနဲ့ ရှင်ရယ် ဘောစိနော် ဘော်ကယ်ကြေးလေး စ်ပဲခြောက် ပြားနဲ့ ရှင်ကျွန်မကို ဒီအတိုင်းပြစ်မထားခဲ့နဲ့ဦး။

အိုခေ . . . ဒီငယ်ကျွမ်းဆွေ တစ်ပုဒ်ဆိုပြီးသွားရင် တစ်ဆက်ရှင် စာအချိန်စေ့ပြီနောက်တစ်ခါလည်း ကျွန်မတို့ဆီကို ဒီလို ဆင်တွေတအုပ်ကြီးနဲ့ လာရောက်အားပေးနိုင်ပါစေ။

သင့်(ခ်)ယူ . . . ဘိုင့်ဘိုင့် . . . ဆီးယူ . . . ဖလိုင်းကစ်(စ်)။ ။

Credit to မောင်ရှင်စော (ရတီ 2012)
Kachin News

NLD မှ လက်မခံသော ၈၈မျိုးဆက်နှင့် နိုင်ငံရေး

Posted by drmyochit Monday, September 09, 2013, under | No comments


လာမည့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ၈၈ မျိုးဆက်ကျောင်းသား တချို့မိုးသီးဇွန် အပါ အ၀င် နိုင်ငံရေးပါတီ ထူထောင် မည်ဟု ပြောဆို ခဲ့ပြီး ရွေးကောက် ပွဲဝင်ကြ မည်ဟု ပြောဆိုခဲ့သောကြောင့်နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများမှလည်း စိတ်ဝင်စား စွာ စောင့် ကြည့်နေကြသည်။

နိုင်ငံရေး လေ့လာသူ အချို့မှလည်း ၈၈မျိုးဆက်များအနေဖြင့် ပါတီတစ်ခုထူထောင်ပြီး နိုင်ငံရေးကို ထဲထဲဝင်ဝင် ၀င်ရောက်လုပ်ကိုင်စေကြသလို  NLDပါတီနှင့် ပူးပေါင်းကာတိုင်းပြည် အနာဂတ် အရေးအတွက် ၀င်ရောက်လုပ်ကိုင်စေလိုကြသည်။သို့ သော်လည်း ၈၈မျိုးဆက်များအနေဖြင့် အရပ်ဘက် လူမှု အဖွဲ့ အစည်းများတွင် လုပ်ကိုင်နေကြသော အတွေ့ အကြုံသာ ရှိသည့်အတွက် ပါတီ တစ်ခုထူထောင်ကာ နိုင်ငံရေးလုပ်မည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်မှာလည်း မလွဲ ဧကန်ပင်ဖြစ်ပါသည်။

၈၈မျိုးဆက်များအနေဖြင့်လည်း NLDပါတီနှင့် ပူးပေါင်းကာနိုင်ငံရေးလုပ်ဆောင်မည်ဆိုလျှင် တိုင်းပြည် အနာဂတ်အကျိုးရှိမည်ဟု လူအများက ယူဆကြသော်လည်း ၈၈မျိုးဆက်များ၏ အခြေအနေကို ကောင်းစွာ သိရှိသော NLD ပါတီဝင်များမှ ပူးပေါင်းလုပ်ဆောင်ကြရန် ယခုအချိန်ထိ တွန့် ဆုတ်နေဆဲဖြစ်သည်။NLD ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှလဲ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွင်လဲမှတ်သားလောက် ဖွယ် စွမ်းဆောင်နိုင်မှုမရှိသော ၈၈မျိုးဆက်များနှင့် လက်တွဲလုပ်ဆောင်ရန် လက်ခံနိုင်မည့် အခြေအနေ မရှိသေးပေ။

၈၈မျိုးဆက်များနှင့် ပတ်သတ်၍ NLD ပါတီအတွင်းလူတစ်ဦးကမူ"အမေစုက သူတို့ ကို အလုပ်ကို အလုပ်နဲ့တူအောင်မလုပ်တာကို သဘောမကျတာဗျ။နောက်ပြီး ၈၈ဆိုတာ အခုနောက်ပိုင်း အချင်းချင်း စည်းလုံးမှု မရှိတာတွေကော၊ပြည်သူတွေက လဲငြိုငြင်လာကြ တာတွေကော ပါမှာပေါ့ဗျာ။ အဲ့တာတွေတော့ အမေစုက ပိုသိမှာပေါ့" ဟု Shwe News သို့ ပြောဆိုခဲ့သည်မှာလည်းပြည်သူတို့ သိရှိ ပြီးဖြစ်ပါလိမ့်မည်။။


တစ်ခုရှိတာက နိုင်ငံရေးဆိုတာကလဲ သူများပြောတာ ကြားဖူးနားဝဖြစ်ပြီး ဒို့ အရေးအော်ယုံနဲ့ တင် နိုင်ငံရေး သမားဖြစ်နေကြတဲ့ ၈၈မျိုးဆက်ဆိုသူတွေကို ဘယ်လိုလုပ်ပြီး နိုင်ငံတော်အတွက် ယုံကြည်စိတ်ချ အားကိုးရမလဲဆိုတာပဲဖြစ်ပါတယ်။ ဘယ်လိုပညာရပ်မျိုးဖြစ်နေပါစေ။သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ပဲ ၀င်လုပ်ရင် အလွဲတွေနဲ့ ပဲကြုံရမှာဖြစ်ပါတယ်။ အမှန် အတိုင်းပြော ရလျှင် ထောင် ထဲမှာသာအချိန်ကုန်ခဲ့ပြီး"စိတ်ကူးယဉ်နိုင်ငံရေး"လုပ်လာကြတဲ့ ၈၈မျိုးဆက်များ အတွက် ထောင်မှ ထွက်လာပြီး နိုင်ငံရေး အနဲအကျဉ်းဝင်လုပ်ကာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေကြတာလဲ အားလုံး သိရှိပြီးသားဖြစ် ပါလိမ့်မည်။

ဒါ့ကြောင့် ဒို့ အရေးအော်ပြီး နိုင်ငံရေးသမားဖြစ်နေကြသော ၈၈မျိုးဆက်များအနေဖြင့်ကျွမ်းကျွမ်း ကျင်ကျင် မတတ်မြောက်သေးတဲ့ နိုင်ငံရေးကို လေ့လာနေကြသလား၊အီးယောင်ဝါးလုပ်ပြီး နိုင်ငံရေး လုပ်စားနေကြအုံး မလားဆိုတာကတော့ ၄င်းတို့ ၏လုပ်ဆောင်မှုများကပင် သက်သေပြသွား မည်ဖြစ်ပါသည်။

မျိုးချစ်သူ

မိုဘိုင်းဖုန်း သယ်ဆောင်အသုံးပြုနိုင်သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံအထိရှိလာ

Posted by drmyochit Monday, September 09, 2013, under | No comments


ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အော်ပရေတာပေါင်း ၄၄ ခုမှ မိုဘိုင်းဖုန်းသုံးစွဲသူများသည် မြန်မာနိုင်ငံသို့ ၎င်းတို့ ၏ မိုဘိုင်းဖုန်းလိုင်းများကို သယ်ဆောင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှ မိုဘိုင်း ဖုန်း လိုင်းများသည်လည်း အဆိုပါ နိုင်ငံပေါင်း ၂၃ နိုင်ငံသို့ သယ်ဆောင်အသုံးပြုနိုင်စေရန် ဆောင်ရွက်လျှက်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချုပ်က နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြောကြားသည်။

Bilateral နည်းဖြင့် အပြန်အလှန် တိုက်ရိုက်ချိတ်ဆက်ထားသောနိုင်ငံများနှင့် အော်ပရေတာများမှာ တရုတ် (China Unicom)၊ ဗီယက်နမ် (Vina Phone & Viettle Corporation)၊ ကိုရီးယားနိုင်ငံ (SK Telecom)၊ ဂျပန် (NTTDOVOMO)၊ စင်ကာပူ (Star Hub Mobil & Aing Tel Mobile)၊ ဟောင်ကောင် (Hutchison HGC & HKT)၊ အင်ဒိုနီးရှား (TELKOSEL)၊ ထိုင်း(TrueMove) တို့ဖြစ်သည်။

ကြားခံ Roaming Hub ကို အသုံးပြု၍ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်းများ သယ်ဆောင်အသုံးပြုနိုင်ရန် ချိတ်ဆက်ထားသည့်နိုင်ငံများနှင့် အော်ပရေတာများမှာ ဘရူနိုင်း (DST Com)၊ မလေးရှား (CELCOM)၊ ဖိလစ်ပိုင် (SMART)၊ စင်ကာပူ (M One)၊ တောင်ကိုရီးယား (Korea Telecom)၊ ဂျပန် (SOFT Bank) နှင့် သီရိလင်္ကာ (DIALOG) တို့ဖြစ်ကြောင်း သိရသည်။ အလားတူ Orange Hub ကို အသုံးပြု၍ ချိတ်ဆက်ထားသောနိုင်ငံများနှင့် အော်ပရေတာများမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ စပိန်တို့ဖြစ်ကြပြီး ဟောင်ကောင် (CSL)၊ တရုတ် (တိုင်ပေ) (Taiwan Mobile)၊ မလေးရှား (U Mobile)၊ အိန္ဒိယ (Aricel)၊ ကမ္ဘောဒီးယား (Latelz - Smart)၊ ဘယ်လ်ဂျီယံ (Mobi Star)၊ လူဇင်ဘက် (Orange)၊ အိုက်စ်လန် (NOVA)၊ အိန္ဒိယ (Tata)၊ သီရိလင်္ကာ (Barthi)၊ ကာတာ (Ooredoo)၊ အိန္ဒိယ (Barthi Airtel)၊ ပြင်သစ် (Free Mobile) နှင့် ဘရူနိုင်း (B Mobile)၊ လာအို (Loa Tel)တို့ ဖြစ်ကြောင်း ယခုလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြထားသည်။

 အတွဲ (၁၄)၊ အမှတ် (၃၅)
Internet Journal

တရက်အတွင်း အမျိုးသား၉၁၉ ယောက်နဲ့ အိပ်ပြီး စံချိန်သစ်တင်တဲ့အမျိုးသမီး (COPY ကြိုက်သော မမ ညိမများ ဒါတွေကို ဖတ်ပဲ ဖတ်ပါ အတုမယူပါနဲ့).

Posted by drmyochit Monday, September 09, 2013, under | No comments

အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။ (နာမည်က မြန်မာစကားလုံးနဲ့ ဆိုရင်တော့ နာမည်နဲ့ လူနဲ့ လိုက်ပါတယ်နော်။ လီဆာစပတ်ခ်)
ဒီပြိုင်ပွဲမှာ သူနဲ့ တခြားအမျိုးသမီးနှစ်ဦးယှဉ်ပြိုင်ကြတာပါ။ အဲဒီနှစ်ယောက်ထဲကတယောက်က ယခင်က အမျိုးသား ၇၅၉ ယောက်နဲ့ အိပ်ပြီး စံချိန်တင်ထားသူအမျိုးသမီးပါ။ ဒိုင်လူကြီးတွေအပြင် ကင်မရာမန်းခြောက်ယောက်ကလည်း ဒီပြိုင်ပွဲကိုသေသေချာချာမှတ်တမ်းတင်ခဲ့ကြပါတယ်။

အောက်က ဒီအံ့သြချီးကျူးဖွယ်အမျိုးသမီးရဲ့ ဓာတ်ပုံကို ကြည့်ရင်း အားပေးလိုက်ကြပါဦး။ဗွီဒီယိုကော မကြည့်ချင်ကြဘူးလား။











အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

Posted by drmyochit Monday, September 09, 2013, under | No comments

အမျိုးသမီး သတင်းထောက် တယောက် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသဖြင့် ဆန္ဒပြနေကြသော အာသံပြည်နယ် ဓာတ်ပုံ သတင်းထောက်များ အသင်းမှ အဖွဲ့ဝင်များ (ဓာတ်ပုံ – Reuters)

မုဒိမ်း အဓမ္မပြုကျင့်မှုဟာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အိန္ဒိယနိုင်ငံရဲ့ အဆိုးဝါးဆုံး ရာဇဝတ်မှုလို့ အဆို ရှိကြ ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကဆို “အမျိုးသားရေး ပြဿနာ”လို့တောင် ပြောဆိုဝေဖန်ခဲ့ဖူးပါတယ်။

တကယ်လည်း အိန္ဒိယဟာ နှစ်ပေါင်း ၂၀၀၀ နီးပါး သက်တမ်းရှိတဲ့ ကာမသျှတ္တရကျမ်း (Kama Sutra) ရဲ့ မူရင်း နိုင်ငံ။ အွန်လိုင်းပေါ်မှာ ဘာတွေ Search အများဆုံး လုပ်ကြသလဲဆိုတာကို စောင့်ကြည့်တဲ့ Google Trends ရဲ့ အဆိုအရ အိန္ဒိယဟာ “sex” ဆိုတဲ့ စကားလုံးကို ရိုက်ထည့်ပြီး ရှာတဲ့ ထိပ်ဆုံး ၇ နိုင်ငံမှာ ပါဝင်နေတယ်။ အိန္ဒိယမှာ မိနစ် ၂၀ တိုင်းမှာ မိန်းကလေးတယောက် မုဒိမ်းကျင့်ခံ နေရတယ်။

အရင်တပတ်က အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းက ရာဂျက်စသန် ပြည်နယ်မှာ အသက် ၁၆ အရွယ် ကျောင်းသူလေးတယောက်ကို မုဒိမ်းကျင့်တယ်လို့ စွပ်စွဲခံရပြီး အသက် ၇၂ အရွယ် ဂုရုကြီးတပါးကို ဖမ်းဆီးခဲ့တယ်။ ဒီမတိုင်ခင်ကလည်း လူတွေ ဟိုးလေးတကျော် မုဒိမ်းမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တယ်။ သြဂုတ်လ ၁၂ ရက်နေ့က ချယ်ရစ္စဂါး ပြည်နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးတယောက် ရထားအိမ်သာမှာ မုဒိမ်းကျင့်တာခံလိုက်ရတယ်။ မေလတုန်းက ဂန်ဆော ဆိုတဲ့ မြို့ငယ်ကလေးမှာ အသက် ၄ နှစ် အရွယ်ကလေး တယောက်ကို အသက် ၃၅ နှစ်အရွယ် လူတယောက်က မုဒိမ်းကျင့်ပြီး နှိပ်စက်လိုက်တာ သေဆုံးသွားခဲ့တယ်။ ၂၀၁၂ ဒီဇင်ဘာလထဲမှာ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူတယောက်ကို နယူးဒေလီမြို့မှာ လိုင်းကား တစီးပေါ်မှာ လူ ၆ ယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး နှိပ်စက်ခဲ့တယ်၊ ဒဏ်ရာ အပြင်းအထန်နဲ့ နောက်ဆုံး စင်ကာပူက ဆေးရုံမှာ သေဆုံးခဲ့တယ်။ သြဂုတ်ထဲမှာ အသက် ၂၃ နှစ်အရွယ် ဓာတ်ပုံ သတင်းထောက်မလေးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့အမှု ပေါ်ပေါက်ခဲ့တယ်။

အိန္ဒိယမြေပေါ်မှာ မုဒိမ်းကျင့်ခံရတဲ့ အထဲမှာ နိုင်ငံခြားသူတွေလည်း မလွတ်ပါဘူး။ မတ်လထဲမှာ အသက် ၃၉ နှစ်အရွယ် ဆွစ်ဇာလန် နိုင်ငံသူကို အိန္ဒိယ နိုင်ငံ အလယ်ပိုင်းမှာ လူ ၈ ယောက် လောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်။ နောက်နှစ်လကြာတဲ့အခါ အမေရိကန် အမျိုးသမီး တယောက်လည်း မြောက်ပိုင်းက မန်နီလီ မြို့မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း အိန္ဒိယမှာ မုဒိမ်းမှုအရေအတွက် ၈၇၃ ရာခိုင်နှုန်း တိုးလာတယ်။ ကလေးမုဒိမ်းမှုက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ၃၃၆ ရာခိုင်နှုန်းတိုးလာတယ်။ ၂၀၀၁ ခုနှစ်မှာ ၂၁၁၃ မှု ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာ ၇၁၁၂ မှု ရှိခဲ့တယ်လို့ ဆိုတယ်။ ဒါတောင် လူမသိသူမသိ အမှုတွေကို ရာနဲ့ချီပြီး မရေမတွက်နိုင်အောင်ရှိပါဦးမယ်။

အိန္ဒိယမှာ မုဒိမ်းမှုတွေ အခုလောက် ဟိုးလေးတကျော်ဖြစ်နေတာ ယဉ်ကျေးမှုကိစ္စ၊ ဆင်းရဲမွဲတေမှု၊ ရဲတွေနဲ့ တရားရုံးတွေရဲ့ မပြည့်ဝမှုကြောင့်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မွမ်ဘိုင်းမှာ ဓာတ်ပုံသတင်းထောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုမှာ ဖမ်းထားတဲ့ လူတွေ ငါးယောက်စလုံးက ပညာမတတ်ကြပါဘူး။ သုံးယောက်က ခိုးမှုနဲ့ အဖမ်းခံဖူးသူတွေ ဖြစ်နေတယ်လို့ မွမ်ဘိုင်း ရဲတပ်ဖွဲ့က ဆိုတယ်။ သူတို့တွေ အားလုံး ဆင်းရဲသား ရပ်ကွက်မှာ နေကြတယ်။ ဒေလီမြို့မှာ ဆေးကျောင်းသူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုမှာလည်း ကျူးလွန်တဲ့လူ လေးယောက်က ဒေလီ မြို့ပြင် ဆင်းရဲသား ရပ်ကွက်မှာ နေကြတယ်။ ဆွစ်ဇာလန်က တိုးရစ်အမျိုးသမီးကို မုဒိမ်းကျင့်တဲ့အမှုမှာ အတူပါသွားတဲ့ ယောင်္ကျားကို တုတ်နဲ့ရိုက်၊ သစ်ပင်မှာ ကြိုးနဲ့ချည် ထားခဲ့တယ်။ မုဒိမ်းကျင့်ပြီးတဲ့နောက်မှာ ဆွစ်လင်မယားဆီကနေ တယ်လီဖုန်း၊ ကွန်ပြူတာနဲ့ ပိုက်ဆံ (ဒေါ်လာ ၁၈၀) လောက်ကို လုယူသွားတယ်။

အစဉ်အလာအရ မိန်းကလေးတွေကို အိမ်တွင်းပုန်းထားတဲ့ နိုင်ငံမှာ အခုတော့ မိန်ကလေးတွေကလည်း ဆရာဝန်တွေ၊ ရှေ့နေတွေ၊ သတင်းထောက်တွေ၊ ဘဏ်လုပ်ငန်းတွေ၊ ကျောင်းဆရာမတွေ ဖြစ်နေကြပါပြီ။ မြို့ပေါ်က အလုပ်တော်တော်များများမှာ အမျိုးသမီးတွေ နေရာယူထားတာလည်း တွေ့နိုင်ပါတယ်။ ဒါကို မျှော်လင့်ချက်တွေမဲ့၊ အနာဂတ်မဲ့၊ အခွင့်အရေးမဲ့ဖြစ်နေတဲ့ ယောင်္ကျားတွေက မရှုစိမ့် နိုင်ဖြစ်ကြတဲ့ သဘောထားနဲ့လည်း ဆိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ အစဉ်အလာ ဖိုဝါဒ ကြီးစိုးတဲ့ နိုင်ငံမှာ အမျိုးသားတွေက ပြောင်းလဲနေတဲ့ အခြေအနေကို မလိုက်မီတော့တဲ့ အခါ ကာယအားကိုးပြီး အနိုင်ကျင့်တာတွေ ဖြစ်လာတယ်။ သူတို့ အလုပ်လက်မဲ့တာကို မိန်းကလေးတွေကြောင့်လို့ မြင်ကြတယ်။ ဒါကြောင့် မိန်းကလေးတွေကို ကြောက်ပြီး အိမ်မှာပဲ နေအောင် လိင်ပိုင်းဆိုင်ရာ စော်ကား ကြတယ်လို့ ဆိုတယ်။

နောက်တချက်က ယဉ်ကျေးမှုကိစ္စနဲ့ဆိုင်ပါတယ်။ အိန္ဒိယမှာ လူသန်းပေါင်းများစွာရဲ့ အမြင်မှာ မုဒိမ်းမှုဖြစ်ရင် မိန်းကလေးတွေက ပြသနာကို ဖိတ်ခေါ်တာနဲ့လည်းဆိုင်တယ်လို့ ယူဆကြတယ်။ ခေတ်မီမီ အ၀တ်အစားတွေ ၀တ်ရင် အမေတွေက သမီးတွေကို ဆူကြတယ်။ လက်ပြတ်နဲ့ ဂျင်းဘောင်းဘီ ကျပ်ကျပ် ၀တ်ရင်တောင် အမေတွေက ဆူကြတယ်။ ဒီလိုပဲ နိုင်ငံရေး သမားတွေ၊ ဘာသာရေး ခေါင်းဆောင်တွေကလည်း မုဒိမ်းကျင့်ခံရသူတွေကို အပြစ်တင်တယ်။ လွန်ခဲ့တဲ့ လေးနှစ်က ဒေလီမြို့မှာ မနက် ၃ နာရီအချိန် အလုပ်ကနေ ကားမောင်းပြန်လာတဲ့ သတင်းထောက် အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့အခါ၊ ပြည်နယ် အမျိုးသမီး ၀န်ကြီးချုပ် က ညကြီး အချိန်မတော်မှာ မိန်းကလေးတယောက်ဟာ ဒီလို မစွန့်စားသင့်ဘူးလို့ မှတ်ချက် ပေးတယ်။ မနှစ် ဒီဇင်ဘာက ဖြစ်ခဲ့တဲ့ နယူးဒေလီမှာ ဆေးကျောင်းသူကို အုပ်စုဖွဲ့ မုဒိမ်းကျင့်တဲ့ အမှုနဲ့ ပတ်သက်လို့ အဆရမ်ပြည်နယ်က ဂုရုကြီးတပါးကလည်း ပရိတ်သတ်ကို တရားဟောတဲ့ အခါမှာ မုဒိမ်းကျင့်ဖို့ ကြိုးစားနေတဲ့လူတွေကို ကောင်မလေးက ခြေသလုံးဖက်ပြီး တောင်းပန်လိုက်ရင် အခြေအနေ ဒီလောက် ဆိုးမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။

နောက်တချက်က တရားရေးစနစ်ပါ။ ပြစ်မှုကျူးလွန်ပေမယ့် အပြစ်ပေးမခံရတဲ့ အစဉ်အလာကို အကြောင်းရင်းတခုအနေနဲ့ ထောက်ပြကြ တယ်။ ၂၀၁၁ ခုနှစ်အတွင်း တိုင်ကြားတဲ့မုဒိမ်းမှု တွေထဲက လေးပုံတပုံကိုပဲ ရုံးက စီရင်ချက်ချခဲ့တယ်။ ဒါတောင် အိန္ဒိယမှာ မုဒိမ်းမှု ၁၀ မှု ဖြစ်ရင် ၁ မှုပဲ ရုံးပေါ်ရောက်တယ်လို့ ခန့်မှန်းတာလည်း ရှိနေတယ်။ တရားရုံးတွေမှာ အမှုတခုကို စီရင်ချက်ချဖို့ ၅ နှစ်ကနေ ၁၀ နှစ်အထိ ကြာတတ်တယ်။ ဒါကြောင့် တရားလိုဘက်က စိတ်ပျက် ငြီးငွေ့လာ၊ တရားရုံးစရိတ် မတတ်နိုင်လို့ တရားရုံးအပြင်မှာပဲ ညှိနှိုင်းပြီး လျှော်ကြေးအနည်းအပါးနဲ့ ကျေနပ်လိုက်ရတာတွေ အများကြီးလို့ ဆိုတယ်။ တချို့ ဆိုးတဲ့အမှုတွေမှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးကို မုဒိမ်းကျင့်တဲ့ လူနဲ့ အိမ်ထောင် အတင်းချပေးတာမျိုးလည်းရှိနေတယ်။ ရာဂျက်စသန် ပြည်နယ်မှာ လောလောလတ်လတ် ဖြစ်တဲ့ အမှုတခုဆိုရင် အသက် ၆ နှစ်အရွယ် ကလေးတယောက်ကို အသက် ၄၀ အရွယ် လူကြီး တယောက်က အခန်းထဲမှာ ပိတ်လှောင်ပြီး မုဒိမ်းကျင့်ခဲ့တယ်။ ရွာကောင်စီကို တိုင်တော့ မုဒိမ်းကျင့်ခံရတဲ့ ကလေးကို ရှစ်နှစ် အရွယ် မုဒိမ်းကျင့်တဲ့လူရဲ့သား (ရှစ်နှစ်အရွယ်) နဲ့ လက်ထပ်ဖို့ ရွာကောင်စီက အမိန့်ချခဲ့တယ်။ ဒီကြားထဲ မုဒိမ်းကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ မိန်းကလေးတွေကို ဆရာဝန်တွေက လက်နှစ်ချောင်းနဲ့ မုဒိမ်းကျင့်ခံရတာ တကယ် ဟုတ်မဟုတ်၊ အပျိုဟုတ်မဟုတ် စမ်းသပ်နေတုန်းလို့ ဆိုတယ်။

၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဇာတ်နိမ့်က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက် လူသုံးယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံပြီးတဲ့နောက်မှာ ကျောင်းထုတ်ခံ လိုက်ရတယ်။ ဒီဇင်ဘာလထဲမှာ ပန်ဂျပ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးကို ရဲက အမှုမဖွင့်ပေးတဲ့ အတွက် သတ်သေသွားခဲ့တယ်။ အဆင်းရဲဆုံးနဲ့ ဇာတ်အနိမ့်ဆုံး မိန်းကလေး တွေဟာ မုဒိမ်းကျင့်ခံရတာ အများဆုံးဖြစ်နေတယ်။ ဥတြာပရာဒတ်ပြည်မှာ မုဒိမ်းမှု ၁၀ မှု ဖြစ်ရင် ၉ မှုက ဇာတ်နိမ့်တဲ့ မိန်းကလေးတွေကို ကျူးလွန်တာ ဖြစ်နေတယ်။

အိန္ဒိယဟာ ကမ္ဘာမှာ စီးပွားရေးတိုးတက်မှု အမြန်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်တယ်။ အိန္ဒိယမှာ အမျိုးသမီးကို နိုင်ငံခေါင်းဆောင်အဖြစ် ရွေးခဲ့တာ ၁၉၆၀ ပြည့်လွန်ကတည်းက ဖြစ်လို့ (အမေရိကန် ပြည်ထောင်စုထက်တောင်) ရှေ့ ရောက်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ အာဏာရ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင်၊ အောက်လွှတ်တော် ဥက္ကဌက အမျိုးသမီးဖြစ်တယ်။
ဒါပေမယ့် အိန္ဒိယမှာ မိန်းကလေးတွေနဲ့ပတ်သက်လာရင် ပြသနာကတော့ နက်နက်ရှိုင်းရှိုင်းရှိနေတုန်းပါပဲ။

၂၀၁၁ ဇွန်လအတွင်းက ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ရဲ့ အခြေအနေကို (TrustLaw) အဖွဲ့က စစ်တမ်းကောက်တဲ့အခါ အိန္ဒိယဟာ အမျိုးသမီးတွေအတွက် အန္တရာယ်အများဆုံး နိုင်ငံဖြစ်နေတယ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကက်ရှမီးယား ဒေသမှာ အိန္ဒိယစစ်သားတွေဟာ တချို့ မိန်းကလေးတွေကို အစ္စလာမ္မစ်တွေကို ထောက်ခံစာနာတယ်လို့ စွပ်စွဲပြီး မုဒိမ်းကျင့်ကြတယ်။ ရဲတွေကလည်း ဇာတ်နိမ့်တဲ့ မိန်းကလေးတွေကို မုဒိမ်းကျင့်ကြ တယ်လို့ ဆိုတယ်။ ၀ါရှင်တန် အခြေစိုက် International Centre for Research on Women ရဲ့ ၂၀၁၁ သုတေသန စစ်တမ်းအတွက် မေးခဲ့တဲ့ အိန္ဒိယ အမျိုးသားတွေထဲက ၆၅ ရာခိုင်းနှုန်းက မိန်းမဆိုတာက ရိုက်နှက်ပေးရတယ်။ ဒါမှ အိမ်မြဲမယ်။ မိန်းမဆိုတာ ရိုက်နှက်တာကို သည်းခံရမယ်လို့ ယုံကြည်ကြတယ်လို့ ဆိုတယ်။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်မယ်လို့ ဆိုတဲ့ မဇျွိမသားတွေ။

ဒီဇင်ဘာလက ဆေးကျောင်းသူလေး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရတဲ့ အမှုဖြစ်ပြီးနောက်ပိုင်း တနိုင်ငံလုံးက မြို့တွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတယ်၊ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေး အတွက် အမျိုးသမီးတွေကိုယ်တိုင်က ဦးဆောင်ပြီး ဆန္ဒပြလာကြတယ်။ အစိုးရကလည်း အပြစ်ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုထားတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ယဉ်ကျေးမှုက ပုံသွန်းလောင်းထားတဲ့ ယဉ်ကျေးမှုကိစ္စ၊ ဇာတ်ခွဲခြားတဲ့ စနစ်၊ လူတွေရဲ့ စိတ်နေစိတ်ထားကို မပြောင်းလဲနိုင်ရင် ဥပဒေက စာရွက်ပေါ်မှာပဲ ရှိနေလိမ့်မယ်လို့ သုံးသပ်ကြတယ်။ အပြောင်းအလဲကို ဦးဆောင်ရမယ့် နိုင်ငံရေးသမားတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ရဲတွေ၊ တရားသူကြီးတွေကို ပြောင်းလဲဖို့က အခက်အခဲဆုံးကိစ္စက ဖြစ်နေတယ်လို့ ဆိုကြတယ်။ တဖက်မှာလည်း စီးပွားရေးအလျင်အမြန် တိုးတက်နေတာနဲ့အတူ ဆင်းရဲချမ်းသာကွာဟနဲ့ အလုပ်လက်မဲ့ ပြသနာတွေကို မကိုင်တွယ်နိုင်ရင် တနိုင်ငံထဲမှာ အခွင့်အရေးမတူညီတဲ့ အလွှာနှစ်ခု ထိပ်တိုက်တွေ့မှုက ရှောင်လွှဲဖို့ ခက်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဇူလိုင်လအတွင်းက ထုတ်ပြန်ကြေညာချက်အရ ၂၀၀၃ ခုနှစ် မှ ၂၀၁၃ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မုဒိမ်းမှု ၄၆၉၈ မှု ဖြစ်ပွားခဲ့ပြီး ကလေးသူငယ် မုဒိမ်း ပြုကျင့်ခံရမှု ၂၃၀၂ မှု ရှိတာကြောင့် ၄၈ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ကျူးလွန်သူများတွင် အရပ်သား (သူစိမ်း) ၁၉၄၈ ဦး၊ ဝန်ထမ်း ၁၄ ဦး၊ တပ်မတော်သား ၂၉ ဦး၊ သံဃာ ၃၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ကျောင်းသား ၁၁ ဦး၊ ဖခင် ၈၅ ဦး၊ ပထွေး ၁၁၇ ဦးနှင့် ဆွေမျိုး ၁၂၂ ဦးတို့ ဖြစ်ကာ အဆိုပါ ကျူးလွန်သူများထဲတွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ် ၇၆ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ဇန်န၀ါရီလ ကနေ မေလအထိ မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ရာမှာ ၅၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ၂၉ မှုဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်များအပေါ် ကျူးလွန်ခဲ့ကြတာကြောင့် ဒီ အရေအတွက်အရ အမျိုးသမီး ၂ ယောက် အဓမ္မ ပြုကျင့်ခံရရင် ၁ ယောက်ဟာ အရွယ်မရောက်သေးသူ ဖြစ်နေတဲ့အတွက် အလွန်စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တ်တော်အမတ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဒီနေရာမှာ ပြောစရာရှိတာက ဘာသာခြားတွေက မုဒိမ်းကျင့်တယ်ဆိုပြီး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူတွေကိုပါပဲ။ ဒီလို အမျိုးသမီးတွေကို မတော်မတရားလုပ်ခံရပြီဆို မီးရှို့၊ လုယက်တာ ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ ပိုဆိုးသွားစေပါတယ်။ တကယ်ဆို အမျိုးသမီးများရဲ့ တန်းတူအခွင့်အရေးကို အာမခံပေးပြီး အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို အပြည့်အ၀ ပေးသင့်ပြီး တရားခုံရုံးမှာ အများပြည်သူ လွတ်လပ်စွာ လာရောက်နာကြားခွင့်နဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့် ရှိရပါမယ်။ ဒါမှသာ အမျိုးသမီးများအပေါ် မတော်မတရား ကျူးလွန်နေမှုများကို ထိန်းချုပ် လျှော့ချသွားနိုင်မယ်လို့ ထင်မြင်မိပါတယ်။


ညီစောလွင်|ဧရာဝတီ

ခင်ပွန်းနှင့် စိတ်ဆိုးပြီး အစ်မအိမ်သွားနေသည့် အမျိုးသမီး ခဲအို၏ အဓမ္မကျင့်ခံရသည်ဟုဆို

Posted by drmyochit Monday, September 09, 2013, under | No comments

ခင်ပွန်းသည်နှင့် စကားများရန်ဖြစ်ပြီး အစ်မ၏ အိမ်သို့ သွာရောက်နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦး ခဲအို၏ အဓမ္မပြု ကျင့်ခံရဟုဆိုကာ အမှုဖွင့်တိုင်တန်းမှုတစ်ခုအား တွံတေးရဲစခန်းက စက်တင်ဘာ ၆ ရက်တွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲဌာနမှူးရုံးမှ သတင်းထုတ်ပြန်သည်။

အဓမ္မပြုကျင့်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ရဲဌာနက ဆိုသည်။ သူမသည် တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က ခင်ပွန်းသည်နှင့် စကားများ ရန်ဖြစ်ခဲ့သဖြင့် နှစ်နှစ်အရွယ်သမီးကိုခေါ်ကာ အခြားရွာတစ်ခုရှိ အစ်မဖြစ်သူ၏ နေအိမ်တွင် နေထိုင်နေ ခဲ့သည်ဟု ကာယကံရှင်က ထွက်ဆိုထားသည်။

၎င်းသည် စက်တင်ဘာ ၆ ရက်နေ့လည်က အစ်မဖြစ်သူ၏ အိပ်ခန်းထဲတွင် သူ့သမီးအပါအ၀င် တူမငယ် တို့နှင့်အတူ အိပ်ပျော်နေစဉ် အရက်မူးပြီး အပြင်မှ ပြန်လာသော အသက် ၅၁ နှစ်အရွယ် ခဲအိုက အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲအား ထွက်ဆိုချက်ပေးထားသည်။

သူမသည် ရုန်းကန်အော်ဟစ်သော်လည်း ခဲအိုဖြစ်သူက ပါးစပ်အားပိတ်ထားပြီး သိုင်းဖက်ထားခဲ့သဖြင့် သားမယား
ပြုကျင့်ခံရခြင်းဖြစ်သည်ဟုလည်း ဆိုထားသည်။ ထို့နောက် ထွက်ပြေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုသည်။

ယခုအမှုကို တွံတေးမြို့နယ်ရဲစခန်းက အမှုအမှတ် (ပ)၃၄၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ပို့ သွားမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။

ဘဝမှာ အမှတ်တရ ဖြစ်မယ့် အစီအစဉ်ကို ပရိသတ်တွေဆီ ချပြဖို့ စီစဉ်နေတဲ့ မိုးဟေကို

Posted by drmyochit Monday, September 09, 2013, under | No comments


မိုးဟေကိုက ဒါရိုက်တာကို ဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ ‘ATM ကတ်သုံး သူများ သတိထား’ ဆို တဲ့ဇာတ်ကားမှာ သူများပိုက်ဆံတွေ ကို လိုက်ခိုးတဲ့ဇာတ်ရုပ်ကို သရုပ် ဆောင်နေပါတယ်။ ဒီလို ဇာတ် ရုပ်က ပထမဆုံးသရုပ်ဆောင်တာ ဖြစ်ပြီး လုပ်ချင်စိတ်အပြည့်အဝရှိ တယ်ဆိုတာကြောင့်..

“ပိုက်ဆံတွေလိမ်ပြီးခိုးတာ၊ ဒီ လိုသူခိုးပုံစံက တစ်ခါမှ မလုပ်ဖူး ဘူး။ ဇာတ်ကားတစ်ကား၊ ဇာတ် ရုပ်တစ်ခုအနေနဲ့ပဲ ကြည့်စေချင် တယ်။ ပရိသတ်တွေ အားပေးမယ် လို့လည်း မျှော်လင့်မိတယ်။ မလုပ် ဖူးတာကို လုပ်ရတဲ့အတွက် ဘယ် လိုနေမလဲ ဆိုပြီး လုပ်ကြည့်ချင်တဲ့ စိတ်အပြည့် အဝရှိတယ်” လို့ ပြော ပြပါတယ်။

ဇာတ်ရုပ်တွေကို ကိုယ်မလုပ် ရသေးတဲ့ ပုံစံမျိုးလုပ်ရတာ ပိုစိတ် ဝင်စားသလို၊ ဇာတ်ရုပ်တွေထပ်မှာ ကိုလည်း စိုးရိမ်တယ်လို့ ပြောပြတဲ့ မိုးဟေကိုက..

”မိုးကို များသောအားဖြင့်က ဇာတ်ရုပ်အမာပုံစံကို ပရိသတ် တွေ တအားကြိုက်ကြတယ်။ ဇာတ် တစ်ခုလာရင် ကိုယ့်ကို ဒီလို နေ ရာများ ထပ်ပေးထားပြန်ပြီလား။ ဒီလို ဆို ငြင်းသင့်ရင်လည်း ငြင်း တယ်။ များနေမှာစိုးလို့ ဇာတ်ကို အရင်တောင်း ကြည့်ဖြစ်တယ်။ မိုးကမလုပ် ရသေးတာကို ပိုပြီး လုပ် ချင်တယ်။ စိတ်ပါတယ်။ ဒါကြီးပဲ လုပ်နေရင် ငြီးငွေ့သွားတတ်တယ်။ ကိုယ်က အပျင်းလည်း ကြီးတယ်ဆို တော့ မလုပ်ရသေးတာကို လုပ်ရ တာ ပိုစိတ်ဝင်စားတယ်။ အခုဆိုရင် တော့ မိုးရိုက်ထား တာတွေက မျှ ပါတယ်။ အရင်ကတော့ အဲဒီလို ဇာတ်တွေ များတယ်။ အခုနောက် တချို့ပုံစံမျိုးလုပ်ဖြစ်ပါတယ်။ မိုးက အရင်ထဲ ကလည်း ဇာတ်ကား တွေကို ပုံမှန်အေးေ အးပဲ ရိုက် တယ်။ အခုလည်း ပုံမှန်အေး အေးပဲ ရိုက်တော့ ကိုယ့် အတွက်တချို့လုပ်စရာ လေးတွေ အချိန်ချန်ပြီး လုပ်ဖြစ် နေတယ်။မိုးတို့ ကြိုးစား ရကျိုးနပ်တာ ကလည်း ၇ရက် သား သမီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ကြောင့်ပဲလေ” လို့ ပြောပြပါတယ်။

မိုးဟေကိုက ဘဝမှာ အမှတ်တရ အနေနဲ့ အစီအစဉ် တစ်ခုကို ပရိ သတ်တွေစီ ချပြချင်တဲ့ အတွက် စ တင်အ ကောင် အထည် ဖော် နေ ပြီလို့ လည်းသိ ရတာကြောင့် ဘယ်လို စိတ် ကူးတွေနဲ့ လုပ်ဖြစ်တာလည်းဆို တော့..

“မိုး အမှတ်တရအနေနဲ့ အစီ အစဉ်လေးတစ်ခု လုပ်ချင်တယ်။ ကိုယ့်ရဲ့ ဘဝမှာ အမှတ်တရဖြစ်မယ့် အရာလေးတစ်ခု ဖန်တီးနေတယ်။ အခုတော့ စတင်အကောင် အထည်ဖော်နေပြီ မိုးကစလုပ် တုန်းပဲရှိသေးတော့ ပြီးခါနီးကျရင် အသိပေးမှာပါ။ ဒီအမှတ်တရလေးကို ပရိသတ်တွေကိုလည်း ချပြချင်တော့ လေးလေးနက်နက်နဲ့ အချိန်ပေးပြီး လုပ်နေတယ်။ ကိုယ်လုပ် ချင်တဲ့စိတ်လေးက လည်း ဒီနှစ်ဝက်မှစပြီး ပေါ် လာတော့ ကားရိုက်ရက်တွေ ကအစ ကိုယ့်အစီအစဉ် လေးတွေ လုပ်မယ့်ရက် ချန်ပြီးမှ ကားရိုက် လုပ် ဖြစ်တယ်။ တချို့ကား ရိုက်လေးတွေ လျှော့ လိုက်ပြီး အချိန်ချန် လိုက်တယ်။ ရာသီ ဥတုကလည်း ရှိသေး တော့လေ။ အကောင်း ဆုံးဖြစ် အောင် ကြိုးစားနေပါတယ်။ ဒီ အချိန်ဒီအလုပ်ကို တအား လုပ်ချင် နေတယ်။ ကိုယ်လုပ်နေတဲ့ အနုပညာ ရယ်၊ကိုယ်သာပရိသတ် တစ် ယောက် ဖြစ်ခဲ့ရင်ဒါတွေ အားလုံးကိုမျှေ တွးပြီး စဉ်းစားတော့ ဘာလုပ်ရင်ကောင်း မလဲဆိုပြီး ဒီအတွေးလေးက ခေါင်း ထဲ ဝင်လာတာ။ ကြိုတင်စဉ်းစားတာ မဟုတ်ဘဲ လုပ်ချင်တဲ့စိတ်အပြည့်အ ဝရှိတော့ မရရအောင် အကောင် အထည်ဖော်ဖြစ်တာ။ ဒါမျိုးက အမြဲတမ်းမလုပ်နိုင် ဘူး။ လုပ်နေတာနဲ့ ဖြစ်ချင်တာ တစ်ထပ်တည်း ကျနေ တဲ့အချိန် အမှတ်တရအနေနဲ့ လုပ် ဖြစ်တာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

ဆိတ်နှင့် တရားဝင်လက်ထက်ရသူ

Posted by drmyochit Monday, September 09, 2013, under | No comments


ဆူဒန်နိုင်ငံမှာ ဖြစ်ပါတယ်။ ဆိတ်တစ်ကောင်ကို သားမယားပြုကျင့်တဲ့ ပြစ်မှု ကို တွေ့ရှိခဲ့ပြီး ယင်းဆိတ်မနဲ့ တရားဝင် လက်ထက်ဖို့အတွက် အစိုးရမှ အမိန့်ပေးလိုက်ပါတယ်။

ယင်းအမိန့်ကြောင့် ကျူးလွန်သူဟာ ဆိတ် မင်္ဂလာပွဲကို တစ်ခမ်းတနား ကျင်းပ ပေးခဲ့ရပြီး အိမ်ထောင်တကယ်ပြုခဲ့ရပါတယ်။ သူ့အနေနဲ့ အခြား ဘယ် အမျိုးသမီးကိုမှ ယူခွင့်လည်း မရှိတော့ပါဘူး။ ငွေဒဏ် အဖြစ်လည်း ဆူဒန် Dinar ၁၅၀၀၀ လည်း ဆောင်ခဲ့ ရပါတယ်။

အိမ်ထောင်ရေးနှင့် လိင်ကိစ္စနဲ့ ပက်သက်လို့ စည်းကမ်းတင်းကြပ်တဲ့ ဆူဒန် လို နိုင်ငံမှာ ယင်းကဲ့သို့ ပြစ်မှုက ရှားပါတယ်။ အဓိကကတော့ စည်းကမ်း တင်းကြပ်လို့ပါ။ အလားတူပဲ ဘယ်တိရစ္ဆာန်နဲ့ပဲ ဖြစ်ဖြစ် ပြစ်မှု ကျူးလွန်တာ တွေ့ရှိရင် ထိမ်းမြားလက်ထက်လို့ တစ်ဘဝစာ နေထိုင်စေရန် ဥပဒေ ချမှတ်ထားကြောင်း သိရပါတယ်။
.
Ref: dyknow

International news for myanmar

မိန်းမများ၏ အာဝေနိက ဒုက္ခ(၅)ပါး

Posted by drmyochit Monday, September 09, 2013, under | No comments


၁။တလတကြိမ် ဖြစ်ပေါ်သော ဓမ္မတာကို သိမ်းဆည်းရခြင်း။
၂။လင်ခေါ်ရာနောက်သို့လိုက်ရခြင်း။
၃။လင်၏ခြေရင်းအလုပ်အကျွေးပြုရခြင်း။
၎။ကိုယ်ဝန်ဆောင်ရခြင်း။
၅။သားဖွားရခြင်း။ (အာဝေနိက ဒုက္ခသုတ် သဠာယတန၀ဂ္ဂသံယုတ်)

မိန်းမတို့၏လော်လည်ခြင်း(၅)ပါး

၁။အာဟာရလောလတာ-အစားအသောက်၌ လျှပ်ပေါ်လော်လည်ခြင်း။
၂။အလင်္ကာရလောလတာ-အ၀တ်တန်ဆာ၌လျှပ်ပေါ်လော်လည်ခြင်း။
၃။ပရပုရိသလောလတာ-ယောက်ျားတပါး၌(အနည်းဆုံးစိတ်ဖြင့်ပင်)နှစ်သက်တတ်ခြင်းဟူသောလျှပ်ပေါ်လော်လည်ခြင်း။
၎။ဓနလောလတာ-ပစ္စည်းဥစ္စာ၌ လျှပ်ပေါ်လော်လည်ခြင်း။
၅။ပါဒလောလတာ-ဟိုဟို ဒီဒီ သွားလာမူ၌ လျှပ်ပေါ်လော်လည်ခြင်း။ (သုတ္တပါဠိ)

Myanmar News Media

သက်မွန်မြင့် မရိုက်ချင်တော့တဲ့ ဇာတ်ရုပ်ပုံစံ

Posted by drmyochit Monday, September 09, 2013, under | No comments

ဒါရိုက်တာညွန့်မြန်မာညီညီ အောင်ရိုက်ကူးနေတဲ့ ‘ကြင်ယာတော် ခခလေး’ လို့ ယာယီနံမည်ပေးထားတဲ့ ဇာတ်ကားကို သက်မွန်မြင့်က မြင့်မြတ်နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ သက်မွန်မြင့်က ကျူတာဆရာမအဖြစ် ပါဝင်သရုပ် ဆောင်ထားပါတယ်။

သက်မွန်မြင့်က အခုနောက်ပိုင်း မှာ ရိုက်ကူးမှုနဲ့ပတ်သက်ပြီး တည် ငြိမ်တဲ့ ဇာတ်ရုပ်မျိုးတွေကို ပိုပြီးရိုက် ချင်လာတယ်လို့ ဆိုပါတယ်။ “သက်မွန်က အချိန်ရတယ်ဆို ရင်တော့ ကိုယ့်ရိုက်နေကျပုံစံနဲ့ကွဲတဲ့ ဇာတ်မျိုးလေး တွေကိုရွေးတယ်။ ဒီဇာတ်ကားလေးဆိုလည်း ရှေ့မှာ ဟာသလေး။ ပြီးတော့ ဆယ်ကျော် သက်အရွယ်လေးဖြစ်နေ တယ်။ နောက်ပိုင်းကိုယ်က ဘယ်လိုဖြစ်နေ လဲဆိုတော့ အသက်အရွယ်နဲ့လည်း ဆိုင်မှာပေါ့။ ငြိမ်တဲ့ဇာတ်ရုပ်မျိုးကို ရိုက် ချင်လာတယ်။ ဆယ်ကျော်သက် ကလေးတစ်ေ ယာက်လိုတွေးတဲ့ ကောင် မလေးမျိုးဆိုရင် သိပ်ပြီးမရိုက်ချင်တော့ဘူး။ ကိုယ့်အရွယ်နဲ့ နည်း နည်းကိုက် ညီမယ့် ဇာတ်လေးရိုက်ဖြစ်တယ်။ သက်မွန်က အသက် အရွယ်နဲ့ ကန့်သတ်ပြီးရိုက်တာမျိုးတော့ မဟုတ်ဘူး ကျောင်းသူဇာတ်ရုပ်ရိုက် ဆိုလည်း ရိုက်လို့ရတယ်။ ကိုယ့်ရဲ့ အသက်ကတော့ကြီးနေမှာပဲ ဒါပေမဲ့ ကိုယ့် ရဲ့မျက်နှာက တစ်ခု ကံကောင်းသွားတာက ကလေး မျက်နှာဘက်ကို သွားတယ်။ နောက်ပြီးအသံကလည်း ကလေးဆန်တဲ့ဘက်ကိုသွားတော့ အဲဒါလေးကတော့ ကံကောင်းတော့ ကျောင်းသူ ဇာတ်ရုပ်မျိုးတော့ ရိုက် လို့ရသေးတယ်။ ဒါပေမဲ့ ကိုယ်ကစပြီး အနုပညာ လုပ်တုန်းကလိုမျိုး တအားကလေးဆန်လွန်းတဲ့ဇာတ်ရုပ် မျိုးဆိုရင်တော့ မရိုက်ချင်တော့ ဘူး။ တွေးတတ်တဲ့ကောင်မ လေးပုံစံမျိုးလေးတွေဆိုရင်တော့ ရိုက်ချင်တယ်။ တအား ကလေးဆန်တဲ့ပုံစံမျိုးဆိုရင်ကိုယ်လည်း ရိုက် ရမှာ ရှက်လာတယ်” လို့ ပြောပါတယ်။

သက်မွန်မြင့်က ဇာတ်ကားတွေ ကို ဆက်တိုက်ရိုက်နေပြီး ဇာတ်ကား ထွက်လာရင်လည်း ပရိသတ်တွေက စောင့်ကြည့်အားပေးကြပါဦးလို့ ပြော ပါတယ်။ “ကိုယ့်ကမင်း သမီးဖြစ်နေတဲ့ အခါကျတော့ Control မရှိဘူး။ ဥပမာမင်းသားဆိုလို့ရှိရင် ဒီ တစ်ပတ်မှာ ဒီမင်းသားနှစ်ကားပဲ ထွက်ရမယ်ဆို နှစ်ကားပဲထွက် တယ်။ သူ့မီဒီယာနဲ့ သူသွား တယ်။ သူအချိန်နဲ့သူသွားတယ်။ ကိုယ်မှာကျ တော့ အဲဒီလိုမျိုးမရှိဘူး။ ဒီမင်းသား နဲ့ပဲ သွားတဲ့အခါကျတော့ ဒီမင်းသား နဲ့လည်း ကိုယ့်ကားပါတယ်။ ဟိုမင်း သားနဲ့လည်း  ကိုယ်က ရိုက်ထားတဲ့ ကားထွက်မယ် ဆိုလို့ရှိရင် ထွက် လိုက်တာပဲဆိုတော့ ကိုယ့်ရဲ့ ဇာတ် ကားက မထွက်ရင် မထွက်ဘူး ထွက် လိုက်ပြီဆိုရင်လည်း ဆက်တိုက် သုံး လေးခွေထွက်လာတာ မျိုးတွေလည်း ရှိတယ်။ အဲဒီတော့ ကိုယ့်ရဲ့ဇာတ် ကားလေးတွေကိုအားပေးပြီး ကြည့် တဲ့ ပရိသတ်တွေကိုလည်း စောင့် ပြီး ကြည့်ပေးစေချင်ပါ တယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီက ဈေးကွက် တွေကိုလည်း ကိုယ်က Control လုပ်လို့မရ ဘူးလေ။  သက်မွန်ရဲ့ ဇာတ်ကားလေးတွေ ကို စောင့်ကြည့်အား ပေးကြပါ” လို့ပြောချင် တယ်။

 လွင်လွင်ထွန်း
Populr Journal

LG Optimus Pro ကို Root လုပ်နည်း

Posted by drmyochit Monday, September 09, 2013, under | No comments


အသစ်ထွက် Smart ဖုန်းတစ်လုံးဖြစ်တဲ့ LG Optimus Pro ကို Root လုပ်ကြည့်ရအောင် ။ လုပ်နည်းက သိပ်မခက်ပါဘူး ။ ကိုယ်တိုင်စမ်းသပ်ပြီးသားမို့ step by step သေချာလိုက်လုပ်မယ်ဆိုရင် မိမိတို့ရဲ့ ဖုန်းအသစ် LG Optimus Pro ကို အောင်မြင်စွာ root လုပ်နိင်ပါလိမ့်မယ်။ Root လုပ်နည်းကို အောက်မှာ ဆက်ဖတ်ရှုပါ။

Root မလုပ်ခင်လိုအပ်ချက်တွေကတော့

Root Process လုပ်နေစဉ် ဖုန်းရဲ့ Power သုံးစွဲမှုအနည်းငယ်များတဲ့အတွက် ဖုန်းရဲ့ Battery အားက ၈၀ ရာခိုင်နှုန်းခန့်အနည်းဆုံးရှိနေဖို့လိုအပ်ပါတယ်။ ဖုန်းရဲ့ Driver ကိုကွန်ပျူတာမှာသွင်းထားဖို့လိုအပ်ပါတယ်။

Driver မရှိသေးရင် အောက်က link မှာရယူပြီး ကွန်ပျူတာမှာသွင်းလိုက်ပါ။

LG Driver အားရယူ၇န်

-USB Debugging ကို Enabled လုပ်ထားပါ။

အရင်ဆုံးလိုအပ်တဲ့ Root Tool ကိုအောက်က link မှာရယူပါ။

LG Optimus Pro root tool အားရယူရန်

-Download ရယူပြီးပြီဆိုရင်တော့ ယင်း Root tool ဇစ်ဖိုင်လေးကို ကွန်ပျူတာပေါ်မှာ ဖိုဒါတစ်ခုဆောက်ပြီး ဇစ်ဖြည်ထားပါ။

- ဖုန်းနဲ့ကွန်ပျူတာနဲ့ ကို USB ကြိုးအသုံးပြု၍ ချိတ်ဆက်ပါ။

- ဖုန်းမှာ USB Modeေ၇ွးခိုင်း၇န် Charge Only Mode ကိုရွေးပေးလိုက်ပါ။ ပြီးရင် ၂ မိနစ်လောက်ခဏစောင့်ပါ။

- အပေါ်မှာတုန်းက download လုပ်ပြီး ဇစ်ဖြည်ထားခဲ့တဲ့ Root Tool ဖိုဒါလေးထဲကိုဝင်ပြီး CurrentRoot.bat ကို Run လိုက်ပါ။

- ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ထားတယ်ဆိုရင် Root Tool ဆော့ဝဲလေးက ဖုန်းကို detect သိပါလိမ့်မယ်။

- ပြီးလျှင် ဖုန်းရဲ့ Setting> General ထဲကိုဝင်ပြီး PC Connections ကိုရွေးပါ။ ပြီးလျှင် USB Connections> Media Sync Mode ကိုရွေးလိုက်ပါ။ (Settings> General> PC connections> USB connection> Media sync )

- ပြီးလျှင် ၂ မိနစ်ခန့်ခဏစောင့်ပါ။

- ၂ မိနစ်ခန့်စောင့်ပြီးပြီဆိုရင်တော့ ကီးဘုတ်ပေါ်က ကြိုက်နှစ်သက်ရာခလုတ်တစ်ခုကိုနှိပ်၍ Root Process ကိုစတင်လိုက်ပါမယ်။

- Root Tool Program လေးက Rooting Process လုပ်နေစဉ် CurrentRoot ဆော့ဝဲ Screen မှာ “uid=0(root)” or “gid=0(root)” ဆိုတဲ့ Message ပေါ်လာရင်တော့ Root Process မအောင်မြင်ခြင်း / အပေါ်မှာပြောခဲ့တဲ့ step အတိုင်းလုပ်တာမမှန်ကန်လို့ပါ။ step by step သေချာပြန်လည်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

- အဲလိုမှမဟုတ်ဘဲ step တစ်ခုပြီးတစ်ခု အဆင်ပြေပြေ ပြီးသွားပြီး Root Tool Screen လေးမှာ Step 10 ရောက်သွားပြီ ‘you are now properly rooted’ ဆိုတဲ့စာသားပေါ်လာပြီဆိုရင်တော့ ဖုန်းကို Root လုပ်တဲ့ Process အောင်မြင်သွားပြီလို့ပြောလို့ရပါတယ်။

-ခဏအကြာမှာ ဖုန်းက auto reboot ကျသွားပါမယ်။

- ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပြီဆိုရင်တော့ Google Play မှာ SuperUser လို့ခေါ်တဲ့ application လေးကိုရှာပြီး ဖုန်းမှာသွင်းလိုက်ပါ။ ပြီးလျှင် supersu ဆော့ဝဲထဲကိုဝင်ပြီး install binary su ကို နှိပ်ပေးပြီးရင် ဖုန်းက root process အောင်မြင်ပြီးမြောက်ပါပြီ။ ( ဒီနေရာမှာ SuperSU မသုံးဘဲ တရုတ် V Root ဆော့ဝဲရဲ့ Root apk လေးကိုထည့်လို့လည်းရပါတယ်။)

အားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။


ရေးသားသူ- သက်နိုင်စိုး (Myanmar Mobile App Store)
From: Myanmar Mobile App

ရှောင်ရှားသင့်သည့် Fake Jailbreak/Unlocking Web Site များ စာရင်း

Posted by drmyochit Monday, September 09, 2013, under | No comments

Jailbreak မလုပ်ရသေးတဲ့ iDevice တွေဟာ အစွယ်မပါတဲ့ကျား လို့ ဆိုကြပါတယ်၊ ဒါပေမယ့် Fake Jailbreak Tool တွေကိုလည်း မယုံစားမိဖို့လိုပါတယ်၊ Fake Jailbreak ဆိုတာက တကယ့် Jailbreaker တွေကိုယ်တိုင်တောင် မထုတ်ဝေနိုင်သေးတဲ့ iOS Jailbreak Tool တွေကို ပိုက်ဆံနဲ့ရောင်းတာ၊ Survey တွေဖြည့်ခိုင်းတာ စသည်ဖြင့် အမျိုးမျိုး လုပ်ခိုင်းပြီးမှ နောက်ဆုံးရလာတော့လဲ ဘာမှ အသုံးမ၀င်တဲ့ Fake Jailbreak Tool သာ ဖြစ်နေကြပါတယ်၊

နောက်တစ်ချက်ကတော့ Fake Unlocking Site တွေပါ၊ ပိုက်ဆံယူပြီး အမှန်တကယ် Unlock လုပ်ပေးတဲ့ Site တွေရှိပေမယ့် Fake Site တွေကတော့ ကိုယ့်ပိုက်ဆံကို လိမ်ယူသွားနိုင်ပါတယ်၊  Locked iPhone တွေကို Unlock လုပ်ချင်ကြတဲ့ အခါ ဆိုင်တွေကို လုပ်ခိုင်းသူတွေ ရှိပေမယ့် ကိုယ်ပိုင် Credit/Debit Card ရှိသူက ကိုယ့်ဟာကိုယ် စမ်းသပ်မယ်ဆိုရင် ဒီလို Web Site မျိုးကို ရှောင်စေချင်ပါတယ်၊

အခု ဖော်ပြပေးမှာကတော့ TheiPhoneWiKi.com က စာရင်း ပြုစုထားတဲ့ Fake Jailbreak/Unlocking Web Site များပဲ ဖြစ်ပါတယ်၊ Google မှာ Jailbreak/Unlock နဲ့ ပက်သက်လို့ ရှာကြည့်မယ်ဆိုရင် အဲ့ဒီ့ Fake Site တွေ ပါလာတတ်ပါတယ်၊ အဲ့လို Fake Site တွေကို ကြိုတင် ရှောင်ရှားနိုင်ဖို့ ဒီ စာရင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်






  •      alphajailbreak.com Survey scam
  •     downgradeiphone.com Sells a false promise (universal iOS/baseband downgrade) for $29
  •     evad3rsdevteam.com Survey scam, copy of evasi0n.com
  •     evad3rsteam.com Survey scam
  •     evasi0njb.net Copy of evasi0n.com
  •     evasion-jailbreak.com Survey scam
  •     evasi0n-jailbreak.net Survey scam, copy of evasi0n.com
  •     evasionjailbreak.net Survey scam, copy of evasi0n.com
  •     evasi0n-official.com Survey scam, loosely copied from evasi0n.com
  •     evasl0n.blogspot.com Survey scam, copy of evasi0n.com
  •     firest0rm.net Survey scam
  •     icysn0w.com Survey scam
  •     ievad3rs.com Survey scam
  •     ineedjailbreak.com Sells evasi0n / redsn0w for $24.95
  •     ios-6-1-4-jailbreak.com Survey scam
  •     ipadjailbreak3.com Forwards to jailbreakunlock.org
  •     iphone5break.com Sells unspecified tool for $49.99
  •     iphonejailbreakplus.com Sells evasi0n / redsn0w for $29.95
  •     iphonejailbreak-unlock.com Sells unspecified tool for $27.00
  •     jailbreakios7untethered.com Survey scam, all set up in advance for iOS 7
  •     jailbreak-my-ipad.org Sells evasi0n / redsn0w for $29.95 per month
  •     jailbreak-team.com Sells an unspecified tool for $29.99
  •     jailbreakunlock.org Sells evasi0n / redsn0w for $14.95
  •     latestiphoneunlock.com Sells an unspecified tool for $9.95 or $29.95
  •     pod2gblog.blogspot.com Copy of pod2g’s blog
  •     purpletools.wordpress.com and all the other sites/people offering similar stuff Scam – It sells PurpleRestore and other internal tools at high price promising they’ll allow to downgrade any device/firmware and to install any firmware on any device (e.g. iOS 6.1.3 on iPhone 3G).
  •     redpois0n.net Survey scam
  •     redsn0w-r9-new.blogspot.com Survey scam, text is ripped from Dev-Team Blog
  •     rocky-racoon.com Survey scam, copy of Dev-Team Blog
  •     silv3rwind.com Sells an unspecified tool for $20
  •     unja1l.com Survey scam


 Fake iPhone Unlocking Sites တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်

  •     appleunlocker.com 
  •     att-iphone-unlock.com JBQA spammer
  •     cheapestiphoneunlock.com 
  •     classicunlocking.com JBQA spammer
  •     deblocage-iphone-fr.com 
  •     desbloquear-iphone-pro.com 
  •     easy-iphone-unlocker.com 
  •     easyiphoneunlock.net 
  •     easyiphoneunlocking.com 
  •     easyra1n.com 
  •     easyunlockiphone.net 
  •     easyunlockingsolutions.com 
  •     iphone5break.com 
From: Myanmar Mobile

မေတ္တာသည်သာ အေးချမ်းရာ....

Posted by drmyochit Monday, September 09, 2013, under | No comments

လွန်ခဲ့သော ၁၉၂၅ ခုနှစ် ခန့်မှန်းခြေ အားဖြင့် ဇူလှိုင်လလောက် တုန်းက နယူးယောက်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ရေးသား လိုက်ပါတယ်။

တစ်နေ့ နယူးယောက်မှာ အကြီးတန်း အရာရှိတွေဟာ မြို့ကို ကားဖြင့် ပတ်ပါတယ်။ ထုံးစံအတိုင်း လမ်းကို ဥသြဆွဲပြီး လမ်းရှင်းပေး ရတာပေါ့။ ထိုအချိန်မှာပဲ အရာရှိတွေ၏ ကားများဟာ ရုတ်တရာက် ရပ်လို့သွားပါတယ်။
ဘာလို့ ကားတွေကို ရပ်လိုက်လဲ ဆိုတော့ ကားလမ်းမပေါ်မှာ ကြောင် မကြီးက သူ့သားလေးကို ကိုက်ချီ၍ လမ်းဖြတ်ကူးတာကို တွေ့လိုက်ရလို့ပါ။ ဒါကြောင့် အရာရှိတွေနှင့်တကွ နောက်လိုက်များဟာ ကြောင်သားအမိကို လမ်းဖြတ်ကူးခွင့်ကို ပေးလိုက်ပါတယ်။

ခေါင်းဆောင် အရာရှိက သူ၏ တပည့်တွေကို အခုလို ပြောပါတယ်။ " မည့်သည့် သတ္တဝါမဆို နာကျင်တတ်တဲ့ နှလုံးသားရှိတယ်၊ ကိုယ် ကယ်လိုက်တဲ့ အတွက် တစ်နေ့ ကိုယ့်ကိုယ် ပြန်ကယ်မယ့်သူ ပေါ် လာလမ့်မယ် " လို့ ပြောလိုက်ပါတယ်။

အချုပ်အားဖြင့် ဆိုသော် မည်သည့် သတ္တဝါ မဆို နာကျင်တတ်တဲ့ နှလုံးသားတွေ ရှိတယ်။ လူသားတွေဟာ သူတို့အပေါ်ကို ရက်စက်စွာ မလုပ်သင့်ဘူး။ မေတ္တာထား သင့်တယ်။ မေတ္တာသည်သာ လူတိုင်းအတွက် အေးချမ်းရာ နေရာတစ်ခု ဖြစ်ပါတယ်။

Ref - Do Something
ကျော်လင်းနိုင် (ရိုးရာလေး)

စကားများများပြောခြင်း၏ အပြစ်ငါးပါး

Posted by drmyochit Monday, September 09, 2013, under | No comments


၁ ။ စကားများများ ပြောသဖြင့် မမှန်မကန်သော မုသာဝါဒ စကားများပြောမိခြင်း ။
၂ ။ ပိသုဏ၀ါစာ ကုန်းတိုက် ၊ ချောပစ်စကား ပြောဆိုမိခြင်း ။
၃ ။ အကျိုးမဲ့သော သမ္ဗပ္ပလာပ စကားပြောဆိုမိခြင်း ။
၎ ။ ကြမ်းတမ်းယုတ်မာသော ဖရုသ၀ါစာ စကားကိုပြောမိခြင်း ။
၅ ။ သေဆုံးပါက အပါယ်သို့ လားရခြင်း ။

ပညာတို့ နစ်မြုပ်ခြင်းအကြောင်း (၃) ပါး
=====================

၁ ။ တပည့်မိုက်ကို ပညာသင်ကြား လက်သုံးထားခြင်း ။
၂ ။ အကျင့်ယုတ်သော မိန်းမနှင့် ပေါင်းဖော်ခြင်း ။
၃ ။ မသူတော်နှင့် ပေါင်းဖော်ခြင်း ။

ပညာရှိတို့၏ အကျင့် (၃)ပါး
===============

၁ ။ သုစိန္တ တစိန္တိ ကောင်းသောအကြံအစည်ကို ကြံစည်ခြင်း ။
၂ ။ သုဘာသိတဘာသီ ကောင်းသောစကားကိုသာ ပြောခြင်း ။
၃ ။ သုကတ ကမ္မကာရီ အပြစ်မရှိ ကောင်းသောအလုပ်ကိုသာ ပြုလုပ်လေ့ရှိခြင်း ။

ပညာရှိတို့ စွန့်ပယ်အပ်သူ (၁၁)ဦး
==================

၁ ။ ကောဓံ - အမျက်ဒေါသကြီးသူ ။
၂ ။ လောဘံ - အလိုကြီးသူ ။
၃ ။ မဒံ - မာန်ယစ်လွန်းသူ ။
၎ ။ မာနံ - ထောင်လွှားသူ ။
၅ ။ တိန္နံ - ပျင်းရိသူ ။
၆ ။ ဣဿံ - ငြူစူစောင်းမြောင်းသူ ။
၇ ။ ပမာဒံ - ကုသိုလ်ကောင်းမှု၌ မေ့လျော့သူ ။
၈ ။ သောဏ္ဏံ - သေအရက်သောက်ကြူးသူ ။
၉ ။ နိဒ္ဒါလုကံ - အအိပ်ကြူးသူ ။
၁၀။ မက္ခံ - ကျေးဇူးချေတက်သူ (ကန်းသူ) ။
၁၁။ မစ္ဆေရဉ္စ - ၀န်တိုသူ ။

“ ဓမ္မစကား ၊ နေ့တိုင်းကြားက ၊ စိတ်ထားဖွေးလက် ၊ သိဥာဏ်ထက်၏ ”

လိုင်စင်မဲ့တရုတ်နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင်

Posted by drmyochit Monday, September 09, 2013, under | No comments


တရုတ် နိုင်ငံလုပ်လိုင်စင်မပါဘဲ ဝင်ရောက် လာသောနှုတ်ခမ်းနီများနှင့် တရား ဝင်တင်သွင်းသော နာမည်ကြီး တံဆိပ်အတု နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင်မှုမြင့်မားနေ၍ အ သုံးပြုသူများ သတိထားကြရန် တနင်္ဂနွေနေ့က သတိပေးထုတ် ပြန်ခဲ့သည်။

အစားအစာနှင့်ဆေးဝါးအုပ် ချုပ်ရေးဌာန(FDA)က အကြံပြု စာတစ်ရပ် ထုတ်ပြန်ခဲ့သည်မှာ
မြို့များ၏လမ်းဘေးများ၌ ကျယ် ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိ သောပစ္စည်းများမှာ FDA ခွင့် ပြုချက်မပါရှိဟု ဖော်ပြခဲ့သည်။

အဆိုပါပစ္စည်းများတွင် လေးလံသောသတ္တုများ ပါဝင်နေ ပြီး အထူးသဖြင့်ခဲများပါဝင်နေ ကြောင်း အဆိုပါကြေညာချက် ကဖော်ပြခဲ့သည်။

ဤနှုတ်ခမ်းနီဆိုးဆေးများ မှာ ဌာနသို့ တရားဝင်ကြေညာ မထားသော တရုတ်မှလာသော ပစ္စည်းများဖြစ်ပြီး အစစ်ကိုတုပ ထားသောပစ္စည်းများဖြစ်ကာ လမ်း ဘေးဈေးသည်များက ရောင်းချ နေကြကြောင်း အဆိုပါအကြံပေး ကြေညာစာက ဖော်ပြခဲ့သည်။

အဆိုပါနှုတ်ခမ်းနီဆိုးဆေး တံဆိပ်များမှာ Baolishi, Miss Beauty, Shijing, Ling Mei နှင့် Heng Fang တံဆိပ်များဖြစ်ကြ သည်ဟုဆိုသည်။

လူကြီးများတွင် ခဲအဆိပ် သင့်ခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်ပြီး အဆစ်အမျက်ကိုက် ခြင်း၊ သတိမေ့တတ်ခြင်းနှင့် အာရုံ စုစည်းမှုအားနည်းခြင်း ပြဿနာ များဖြစ်နိုင်ကြောင်း FDA က ဖော်ပြခဲ့သည်။

ကလေးများမှာမူ အာရုံ ကြောရောဂါဖြစ်ပွားနိုင်ခြေ ရှိ တတ်ကြောင်း၊ ၎င်းတို့၏ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

င်္FDA ပြောကြားရာတွင် အဆိုပါပစ္စည်းများအား သိမ်းဆည်း ရန် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့ အစည်းများကို အကြောင်းကြား ထားပြီဟု ဆိုသည်။ သို့ရာတွင် ဤနှုတ်ခမ်းနီဆိုးဆေးများ နိုင်ငံ တွင်းသို့ မည်သို့ဝင်ရောက်လာခဲ့ သည်ကိုမူ FDA ကမဖော်ပြဟု ဆိုသည်။

Yangon Media Group

သူတို့ကို ပရိသတ်သိစေခဲ့ပြီး အောင်မြင်အောင် လုပ်ပေးခဲ့တာက ခိုးကူးခွေတွေပါလို့ ဆိုတဲ့ ကြယ်သီး

Posted by drmyochit Monday, September 09, 2013, under | No comments


ခိုးကူးခွေပပျောက်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နေတယ်လို့ ဂျာနယ်အများစုမှာ ဖော်ပြနေကြပေမယ့် သီးလေးသီး လူရွှင်တော်အဖွဲ့ဝင် ကြယ်သီးက သူတို့အဖွဲ့ရဲ့ ကျော်ကြားမှုတွေဟာ ခိုးကူးခွေတွေရဲ့ ကျေးဇူးနဲ့မကင်းဘူးလို့ ဖွင့်ပြောလိုက်ပါတယ်။

သီးလေးသီးအနေနဲ့ လက်ရှိအချိန်အထိ အငြိမ့်ခွေ တစ်ခွေမှ မထုတ်ဖူးသေးကြောင်းနဲ့ ပရိသတ်တွေ ကြားမှာ ပျံ့နှံ့နေတဲ့ အခွေတွေကလည်း ခိုးကူးခွေတွေသာ ဖြစ်တယ်လို့ သိရပါတယ်။ ခိုးကူးခွေတွေနဲ့ ပတ်သက်ပြီး ကြယ်သီးက “ အပြင်မှာ အခုထွက်နေတဲ့ အခွေတွေက ခိုးကူးခွေတွေပါ။ စီးပွားရေးသမားတွေက သူတို့သဘောနဲ့သူတို့ ရိုက်ပြီး ပြန်ရောင်းကြတာပါ။ ကျွန်တော်တို့ ညဘက်တွေမှာ ပွဲကတယ်။ နောက်တစ်နေ့ မနက်ရောက်ရင် မီးပွိုင့်တွေမှာ ရောင်းနေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ၀ယ်ကြည့်တယ်။ခိုးကူးခွေတွေကို အရေးယူသူတွေ ရှိသလို ရောင်းသူတွေလည်း ရှိတုန်းပါပဲ” လို့ ပြောပါတယ်။

ပန်းသီးနဲ့ ဇီးသီးတို့ရဲ့ တင်ဆက်မှုတွေကို နိုင်ငံရေးအကြောင်း စိတ်ဝင်စားတဲ့ ပရိသတ်တွေ အများဆုံး အားပေးခဲ့ကြပြီး သူတို့ရဲ့ ပျက်လုံးတွေက စစ်အစိုးရလက်ထပ်မှာ ဆင်ဆာ ငြိစွန်းမှု များခဲ့ပေမယ့် အခုတော့ လွတ်လပ်စွာ ပြောဆိုခွင့် ရရှိသွားခဲ့ပါပြီ။။။။။။။။။

Friday(Malay)

နိုင်ငံရေးအမည်ခံ လုပ်စားများအား ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့

Posted by drmyochit Monday, September 09, 2013, under | No comments


ယခုတလော မည်သည့်နေရာ၊ မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွ၊ မြောက်ကြွဖြင့် မိုက်ကိုင်ပြီးတက်ရောက်လာသူပရိတ်သတ်များစိတ်ပျက်ဖွယ် ကောင်းလောက်အောင်
ပြောဆိုနေကြသည်မှာ နိုင်ငံရေးသမားယောင်ယောင်၊ဟိုယောင်ယောင်၊ ဒီယောင်ယောင်
ထောင်ထွက်များပင်ဖြစ်သည်။
     နိုင်ငံတော်သမ္မတကြီး၏           စေတနာဖြင့်      ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေသည့်ကာလတွင်       နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား    ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့်အချိန်က   ပြည်သူအများမှ
မျှော်လင့်တကြီးဖြင့်    ကြိုဆိုခဲ့ကြဖူးသည်။

သို့သော်.....တဖြည်းဖြည်းဖြင့် အချိန်ကာလ ရှည်ကြာလာသောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည်၏           တိုးတက်ရာတိုးတက်ကြောင်းကို                ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ရောက်ရှိသည့်  နေရာတိုင်းတွင်     ကောင်းကျိုးများ         ဖြစ်ပေါ်လာသည်မရှိဘဲ မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊   အမျိုးမျိုးသောဆန္ဒပြပွဲများ ကို    လုပ်ဆောင်နေသူများအဖြစ်
ပြည်သူအများက သတိပြုမိလာခဲ့ပြီဖြစ်သည်။

အထက်ပါ အကြောင်းအရာများနှင့်  ပတ်သက်၍  ယခုအပါတ်ထုတ်       First  News
ပြည်တွင်းထုတ်   ဂျာနယ်တစ်စောင်မှလည်း နိုင်ငံရေးအမည်ခံ   လုပ်စားများအကြောင်းအား
ဖော်ထုတ်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်ပေသည်...။    

- ပရိုမီးသီးယပ်စ်
From : ....MyanmarExpress

ဆီးရီးယားကို သုံးရက်ဖြင့် အပြတ်တိုက်မည်

Posted by drmyochit Monday, September 09, 2013, under | No comments

ပင် တဂွန်က ဆီးရီးယားကို ရက်ရှည် တိုက်ရန် မူလကရည်ရွယ်ထား သော်လည်း ယခုအခါ သုံးရက် သာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်း စာက ရေးသားဖော်ပြလိုက်သည်။
ဒုံးလက်နက်များဖြင့် တိုက် ခိုက်၍ မထိခိုက်သောပစ်မှတ်နေ ရာများအား စစ်လေယာဉ်များက အပြင်းအထန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အရာရှိများ၏ပြော ကြားချက်ကို တိုင်းမ်ကကိုးကား၍ ဖော်ပြခဲ့သည်။

အိမ်ဖြူတော်က မူလကပေး ထားသော ပစ်မှတ် ၅ဝထက်ပိုသော ပစ်မှတ် များကို တောင်းထားသည်ဟုဆို သည်။ဆီးရီးယားသမ္မတဘာရှား အယ်လ်အာဆတ်၏ စစ်တပ်များ ပြိုကွဲသွားရန် တိုက်ခိုက်သွားမည့် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟုဆိုသည်။

ပင်တဂွန်စစ်ရေးစီစဉ်သူ များက လေတပ်ဗုံးကြဲလေယာဉ် များနှင့် ဒုံးပျံတပ်ဖျက်သင်္ဘော ငါးစင်းက မြေထဲပင်လယ်မှ ဆီးရီး ယားဒုံးပျံများ မမီနိုင်သည့်နေရာ မှ နေ၍ဝေဟင်မှမြေပြင်ပစ်ဒုံးများ ဖြင့် ပစ်ခတ်သွားမည်ဟုဆိုသည်။

ပင်လယ်နီ၌တပ်စွဲထားသော လေယာဉ်တင်သင်္ဘော USS Nimitz ကလည်း ဒုံးပျံများဖြင့်ပစ် ခတ်မည်ဖြစ်သည်။

၇၂နာရီအတွင်း အဆက် မပြတ်ပစ်ခတ်သွားမည်ဖြစ်ပြီး ပစ် မှတ်ကိုသေချာစစ်ဆေး၍ နောက် ထပ်ပစ်ခတ်မည်ဟုဆိုသည်။ ပစ် ခတ်မှုမှာ ၇၂နာရီကြာမည်ဟု သက် ဆိုင်ရာမှ တိုင်းမ်သို့ပြောခဲ့သည်။
သမ္မတအိုဘားမားက တနင်္လာနေ့တွင် အသံလွှင့်ဌာနသုံး ခုဖြစ်သည့် PBS, CNN နှင့် Fox News တို့နှင့် တွေ့ဆုံမေးမြန်း မည်ဖြစ်ပြီး ၎င်းမေးမြန်းချက်ကို ရေဒီယိုမှလည်း ထုတ်လွှင့်မည် ဟုဆိုသည်။
အိုဘားမားက စစ်လေယာဉ် များအရေအတွက် နည်းနည်းသာ အသုံးပြုလိုသည်ဟုဆိုသည်။
''အမေရိကန်ထိုးစစ်က အာဆတ်ရဲ့စစ်ရေးကို ဟန့်တား နိုင်ပါလိမ့်မယ်''ဟု အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။

ယခုတိုက်ခိုက်မှုက လက်ရှိ ဆီးရီးယားစစ်ကို ရပ်ပစ်မှာမဟုတ် သကဲ့သို့ ဆီးရီးယားစစ်ပွဲမှာ နောက် နှစ်နှစ်ခန့်ကြာဦးမည်ဟု အမေ ရိကန်အရာရှိတစ်ဦးက ဆိုသည်။

Ref-AFP ၊ ၀ါရှင်တန် ၊ စက်တင်ဘာ(၈)
Yangon Media Group

မိတ်္ထီလာ NLD အမတ်ကို ရာထူးရုပ်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်ဟု ဆို

Posted by drmyochit Monday, September 09, 2013, under | No comments

ဒေသခံများဘက်မှ ရပ်တည်မပေးဆိုသည့် စွပ်စွဲချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မိတ်္ထီလာမြို့နယ် အောက် လွှတ်တော်အမတ် ဦးဝင်းထိန်ကို အမတ် ရာထူးရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွား မည်ဟု ထိုအရေးကိုဦးဆောင်လှုပ်ရှားနေသည့် မိတ္ထီလာမြို့ခံ မကြည်ကြည်အေးက ပြောသည်။

ထိုအမတ်ကို ရာထူးရုပ်သိမ်းရေး တောင်းဆိုရန် စက်တင်ဘာ ၇ ရက်ကစတင်ဆော်သြခဲ့ရာ နှစ်ရက်အတွင်း လက်မှတ်ရေးထိုးပေးသူ ၁၀၀၀ ကျော်ရှိကြောင်း၊ ၁၀ ရက်အတွင်း ရွေးကောက်ပွဲကော်မရှင်ထံတင်ပြမည်ဟုလည်း သူက ဆက်ပြောသည်။

မိထ္ထီလာမြို့တွင် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းက အမြင်မတူသော လူအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ထိုအချိန်က ပြုမူခဲ့သော မြို့ခံလူထု၏ လုပ်ရပ်နှင့်ပတ်သက်၍ ဦးဝင်းထိန်က “မိတ္ထီလာသား တစ်ယောက်ဖြစ်ရတာ ရှက်တယ်” ဟု သတင်းဂျာနယ်တစ်စောင်ကို ပြောကြားခဲ့သဖြင့် ထိုအချက်သည် “အဓိကအကျဆုံး မကျေနပ်ချက်”ဖြစ်သည်ဟု မကြည်ကြည်အေးကဆိုသည်။

သို့သော် လွှတ်တော်အမတ် ဦးဝင်းထိန်ကမူ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မြို့သားများ၏ အကြမ်းဖက်မှု များကို ကိုယ်တိုင်မျက်မြင်တွေ့ရှိရသည့်အတွက် ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။

ဒေသခံများက အမတ်ဦးဝင်းထိန်ကို မိတ္ထီလာမြို့သားများဘက်မှ ရပ်တည်မပေးဟူသည့် အကြောင်းပြချက်ဖြင့် ရာထူးမှရုပ်သိမ်းပေးရန် ရွေးကော်ပွဲကော်မရှင်ထံ လက်မှတ်ထိုးတင်ပြမည်ဟုဆိုကြသည်။ သို့ သော်အခြေခံဥပဒေ ပုဒ်မ ၃၉၆ တွင် အမတ်တစ်ဦးသည် နိုင်ငံ့ကျေးဇူးသစ္စာဖောက်လျှင်၊ အခြေခံဥပဒေကို ချိုးဖောက်လျှင်၊ အကျင့်သိက္ခာ ပျက်ပြားလျှင်၊ အမတ်အရည်အချင်း ပျက်ယွင်းလျှင်၊ ဥပဒေအရပေးထား သည့် တာဝန်မကျေပွန်လျှင်မှသာ ရာထူး ရုပ်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။

သို့သော် အမတ်ကိုမဲပေးခဲ့သည့် ပြည်သူများ၏ တစ်ရာခိုင်နှုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်တန်းလာလျှင်မူ ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းရမည်ဖြစ်ပြီး စွပ်စွဲခံရသူ အမတ်ကိုလည်း ချေပခွင့်ပေးရမည်ဟု အခြေခံဥပဒေတွင် ဆက်လက်ပြဌာန်းထားသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်က အမတ်ဦးဝင်းထိန်ကို မဲဆန္ဒရှင် ၆၈၀၀၀ ကျော်က ထောက်ခံမဲပေးခဲ့သည်ဟု ကာယကံရှင်က မဇ္ဈိမကိုအတည်ပြု ပြောကြားသည်။

ဒေသခံများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ဦးဝင်းထိန်က “ကျောင်းတွေ ဘတ်ဂျက်ရအောင် ကျွန်တော် လုပ်ပေးတာပဲ။ အခုလမ်းတွေ စည်ပင်ကို ကျွန်တော်သွားပြောတဲ့အတွက် ကောင်းသွားပြီ။ အဲ့ဒါတွေ သူတို့ မသိဘဲနဲ့ ဘာကြောင့် တာဝန်မကျေလည်းပြောတာတော့ ကျွန်တော်နားမလည်နိုင်ဘူး” ဟုဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက မိတ္ထီလာသို့ရောက်ရှိစဉ် မြို့ခံများက လူအုပ်စုဖြင့် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသည့်လုပ်ရပ်နှင့်ပတ်သက်၍ အောက်လွှတ်တော်အ မတ်ဦးဝင်းထိန်က မီဒီယာ များ၌ မှတ်ချက်ပြုခဲ့သည့် စကားများနှင့် ပတ်သက်၍လည်း ဒေသခံများက မကျေနပ်မှုများ ရှိခဲ့သည်။

မိတ်္ထီလာမြို့သားများက လူအင်အား ၁၀၀ ဖြင့် လွှတ်တော်အမတ် ဦးဝင်းထိန်ကို ယခုလ ၅ ရက်က၌ ဆန္ဒပြရန် စီစဉ်ခဲ့သေးသော်လည်း မတည်ငြိမ်မှုများ ထပ်ဖြစ်မည် စိုးသောကြောင့်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ပေ။

Mizzima - News in Burmese

လူထုနှင့် သက်ဆိုင်သော NGO အဖွဲ့အစည်းများ၏ လတ်တလော ဖြစ်စဉ်များက အာဏာရှင်စနစ် လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်မှု မရှိခြင်း၊ ဒီမိုကရေစီ အလေ့အကျင့် အားနည်းခြင်း၊ ဖွဲ့စည်းပုံ မခိုင်မာခြင်းနှင့် ခေါင်းဆောင် အရည်အသွေး နိမ့်ပါးခြင်းတို့ကို ရည်ညွှန်းနေ

Posted by drmyochit Monday, September 09, 2013, under | No comments

ပြည်သူ့ဝန်ဆောင်မှု စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့မှ ပေးပို့လာသော အကြောင်းကြားစာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ သြဂုတ် ၁၃ ရက်က အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ - လင်းလင်းခိုင်)

လူထုနှင့် သက်ဆိုင်သော NGO အဖွဲ့အစည်းများ၏ လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်စဉ်များက အာဏာရှင်စနစ် လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်မှု မရှိခြင်း၊ ခွဲထွက်လာသော ဒီမိုကရေစီ အလေ့အကျင့် အားနည်းခြင်း၊ ဖွဲ့စည်းပုံ (institution) မခိုင်မာခြင်းနှင့် ခေါင်းဆောင်မှု အရည်အသွေး နိမ့်ပါးခြင်းတို့ကို ရည်ညွှန်းနေကြောင်း သုံးသပ်သူများက ပြောဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် ဥပဒေအရ မဟုတ်ဘဲ နိုင်ငံတော် သမ္မတ၏ ပုဂ္ဂိုလ်ရေးအရ နိုင်ငံတော် ဘတ်ဂျက်မှ လှူဒါန်းသော ငွေကျပ်သိန်း ၅၀၀ ကို လက်ခံခဲ့သည့် အတွက် ကောင်စီဝင်များ အကြားတွင် သာမက သတင်းမီဒီယာ သမားများ အကြားတွင်ပါ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ဂုဏ်သိက္ခာနှင့် ယုံကြည်မှု အပေါ်ကိုလည်း မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

အစိုးရ (ပြန်ကြားရေး ၀န်ကြီးဌာန) က ရေးဆွဲတင်ပြသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း၊ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကြမ်းများနှင့် ဆက်စပ်ပြီး ဂျာနယ်လစ် အဖွဲ့အစည်းများနှင့် အစိုးရအကြား အငြင်းပွားမှုများ ဆက်ရှိနေချိန်၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို ဟန့်တားနေသည့် အချက်များကို လုံးဝ ပယ်ဖျက်နိုင်ခြင်း မရှိသေးချိန်တွင် သမ္မတ၏ အလှူငွေကို ဥပဒေအရ မဟုတ်ဘဲ ရယူခဲ့ခြင်းကို သတင်းသမား အများစုက လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ လက်ခံလိုက်ခြင်းသည် ယခင်အစိုးရလက်ထက် ပြန်ကြားရေး ၀န်ကြီးဌာန၏ “လက်ကိုင်တုတ်” ဟု စာပေနယ်အတွင်း သတ်မှတ်ခြင်း ခံခဲ့ရသော မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ ပုံစံကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဝေဖန်မှုများ ရှိနေခဲ့သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ရုပ်ရှင်လောကအတွင်း အငြင်းပွားဖွယ် ပြဿနာ အချို့ကို ဖြေရှင်းရာ၌ သက်ဆိုင်ရာ ကာယကံရှင်များကို ခေါ်ယူ ညှိနှိုင်းခြင်း မရှိဘဲ အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့် အာဏာရှင် ဆန်သော ဆုံးဖြတ်ချက်များ ချမှတ်ပြီး အရေးယူ ပိတ်ပင်သည့် နည်းလမ်းများ အသုံးပြုလာသဖြင့် ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသား အချို့အကြား မကျေလည်မှုများ ရှိလာခဲ့သည်။

ထိုနည်းတူစွာပင် မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ ဆယ်စုနှစ် တစ်စုကျော် ကြာသည်အထိ တာဝန်ယူထားသော ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်တို့က အသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းပါ အချက်ကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာကို BOT စနစ်ဖြင့် ရောင်းချရန် စီစဉ်ခဲ့သဖြင့် ပြဿနာများ ပေါ်ပေါက်လျက် ရှိနေသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ လုပ်ဆောင်ချက်သည် အသင်းဝင် ဆရာဝန်များ၏ သဘောတူညီချက် မပါဝင်ဘဲ လုပ်ဆောင်ခဲ့သည် ဆိုသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကာ ထိုလုပ်ဆောင်ချက်ကို တားဆီးသည့် အနေဖြင့် “မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(ယာယီ)” အဖွဲ့လည်း ပေါ်ပေါက်ခဲ့သည်။ ထိုအဖွဲ့က လက်ရှိ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို နုတ်ထွက်ရန် တောင်းဆိုထားသည်။

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၏ ဖြစ်စဉ်မှာလည်း အခြားသော အဖွဲ့အစည်းများ၏ ဖြစ်စဉ်နှင့် တူညီမှုများ ရှိနေပါသည်။ သြဂုတ် ၂၇ ရက်တွင် သဘင်ပညာရှင်များ အစည်းအရုံး၏ အတွင်းရေးမှူး ဦးမိုးဝင်းက အဖွဲ့၏ လုပ်ဆောင်ချက်များကို လက်မခံ နိုင်သဖြင့် တာဝန်မှ နုတ်ထွက်ခဲ့သည်။ သဘင်ပညာရှင်များ အစည်းအရုံးကို ဒီမိုကရေစီ နည်းလမ်းဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် ဗဟိုဦးစီး စနစ်ဖြင့် အာဏာရှင် ခေတ်ကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ တစ်ဦးတစ်ယောက်၏ ဆန္ဒဖြင့် လုပ်ဆောင်ခြင်းများ ပိုမိုများလာခြင်း၊ အစည်းအဝေး ခေါ်ယူတိုင်ပင်ခြင်း၊ အများဆန္ဒ တောင်းခံခြင်းများ မရှိဘဲ ထွက်ရှိလာသော ဆုံးဖြတ်ချက်များကို အစည်းအဝေး ဆုံးဖြတ်ချက်ဟု ပြောဆိုလာခြင်းများ ရှိသဖြင့် ထိုလုပ်ရပ်များကို လက်မခံ နိုင်သောကြောင့် တာဝန်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမိုးဝင်းက ပြောကြား ခဲ့သည်။

ပြဿနာများဖြင့် ရင်ဆိုင်နေရသော NGO များတွင် ခေါင်းဆောင် အရည်အသွေး ပြည့်ဝသူများက ခေါင်းရှောင်နေကြခြင်း ခေါင်းဆောင် အရည်အသွေး နိမ့်ပါးသူများက ခေါင်းဆောင်နေရာသို့ ရောက်ရှိနေခြင်း၊ ထိုသူများ၏ ပညာအရည်အချင်းနှင့် ဖြတ်သန်းရသည့် ပတ်ဝန်းကျင် နိမ့်ပါးမှုကြောင့် သိမ်ငယ်စိတ်များပြီး ယုံကြည်မှု ပျောက်ဆုံးခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု မရှိသည့်အပြင် သူတစ်ပါး ယုံကြည်မှု ရရှိအောင် စွမ်းဆောင်နိုင်မှု မရှိခြင်း၊ အရည်အသွေး မပြည့်ဝဘဲ ရရှိထားသော နေရာကို တပ်မက်လာပြီး ထိုနေရာကို ဖယ်မပေး လိုသဖြင့် အရှည်ကို ကြည့်နိုင်စွမ်း မရှိဘဲ အာဏာရှင်ဆန်သော အပြုအမူများကို လုပ်ဆောင်လာခြင်းတို့...



ပြီးခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အစိုးရ လောင်းရိပ်အောက်တွင် “လက်ကိုင်တုတ်” အသွင်ဖြင့် ရှိနေခဲ့သော NGO အဖွဲ့အစည်း များသည် သက်ဆိုင်ရာ နယ်ပယ်အလိုက် လောကသားများ၏ တောင်းဆိုချက်အရ အစိုးရ လက်အောက်မှ ခွဲထွက်ပြီး သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ထိုကဲ့သို့ ကြိုးပမ်းခဲ့ပြီး နောက်ပိုင်း အစိုးရ ၀န်ကြီးဌာန အချို့၏ ၀င်ရောက် စွက်ဖက်ရန် ကြိုးပမ်းမှုများ၊ သွယ်ဝိုက်သော နည်းဖြင့် “လက်ကိုင်တုတ်” အသွင်ဖြစ်ရန် လုပ်ဆောင်မှုများ ရှိလာချိန်တွင် ထိုအဖွဲ့အစည်းများ၏ မူဝါဒ (Principle) ခိုင်မာမှု မရှိခြင်း၊ လူအများစုနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချသည့် ဒီမိုကရေစီ အလေ့အကျင့် အားနည်းခြင်းနှင့် အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ (institution) ခိုင်မာမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သုံးသပ်သူများက ပြောကြားသည်။

ထို့အပြင် ပြဿနာများဖြင့် ရင်ဆိုင်နေရသော NGO များတွင် ခေါင်းဆောင် အရည်အသွေး ပြည့်ဝသူများက ခေါင်းရှောင်နေကြခြင်း ခေါင်းဆောင် အရည်အသွေး နိမ့်ပါးသူများက ခေါင်းဆောင်နေရာသို့ ရောက်ရှိနေခြင်း၊ ထိုသူများ၏ ပညာအရည်အချင်းနှင့် ဖြတ်သန်းရသည့် ပတ်ဝန်းကျင် နိမ့်ပါးမှုကြောင့် သိမ်ငယ်စိတ်များပြီး ယုံကြည်မှု ပျောက်ဆုံးခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှု မရှိသည့်အပြင် သူတစ်ပါး ယုံကြည်မှု ရရှိအောင် စွမ်းဆောင်နိုင်မှု မရှိခြင်း၊ အရည်အသွေး မပြည့်ဝဘဲ ရရှိထားသော နေရာကို တပ်မက်လာပြီး ထိုနေရာကို ဖယ်မပေး လိုသဖြင့် အရှည်ကို ကြည့်နိုင်စွမ်း မရှိဘဲ အာဏာရှင်ဆန်သော အပြုအမူများကို လုပ်ဆောင်လာခြင်းတို့ ရှိလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။

“အစိုးရ အဖွဲ့အစည်း မဟုတ်တော့တဲ့ NGO တွေမှာ ခေါက်ရိုးကျိုးနေတဲ့ အကျင့်တွေ၊ စရိုက်တွေ၊ ပြီးတော့ အဖွဲ့အစည်းများရဲ့ ဖွဲ့စည်းပုံဆိုင်ရာ အချက်အလက်တွေကို အားလုံးပြောင်းဖို့ လိုတယ်။ ပြောင်းတဲ့အခါမှာ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ၊ မူတွေကိုသာ ပြောင်းရုံမဟုတ်ဘဲ လူပုဂ္ဂိုလ်တွေရဲ့ သဘောထားတွေ၊ အကျင့်စရိုက် တွေကိုလည်း ပြောင်းရမယ်။ အရင်အစိုးရ လက်ထက်က ကျင့်ကြံ လုပ်ဆောင်နေတဲ့ အကျင့်စရိုက် တွေကိုလည်း ပြောင်းလဲရမယ်။ အဲဒီအကျင့် စရိုက်တွေကို မပျောက်မချင်း ပြောင်းဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲလိုပြောင်းမှ အရင်တုန်းက လုပ်ခဲ့တဲ့ အကျင့်စရိုက်တွေကို ဖျောက်ပြီးတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ လုပ်ဆောင်လာတဲ့ အဖွဲ့အစည်းမျိုး ဖြစ်လာမယ်လို့ ပြောချင်ပါတယ်” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

“တစ်သက်လုံး နှစ်ပေါင်းငါးဆယ် ကျော်လောက် အစိုးရရဲ့ လက်ကိုင်တုတ် အသင်းတွေအဖြစ် ရပ်တည်ခဲ့ ကြတာပဲလေ။ သူတို့ချပေးတဲ့အတိုင်း၊ သူတို့ပြောခိုင်းတာတွေ ပြောရတာတွေက ခေါက်ရိုးကျိုး အကျင့်ပါနေပြီ။ နောက် ကျွန်တော်တို့က ဒီမိုကရက်တစ် institution တွေ ဖြစ်လာမယ်ဆိုရင် သဘောထား ကွဲလွဲတာတွေ၊ သူ့ဘက် ကိုယ့်ဘက် ရှိမှာပဲ။ ဒါကလည်း ကျွန်တော်တို့ သဘောထား ကြီးကြီးနဲ့ ဖွင့်ပေးရမှာပဲ။ မကျေနပ်ကြောင်း ပြောမယ်ဆိုရင်လည်း ပြောခွင့်ပေးပါ။ အမှားအမှန်က ပေါ်လာမှာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ဒါတွေက ဒီမိုကရေစီ မရင့်ကျက်တဲ့ သဘောပါပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ အာဏာရှင် စနစ်အောက်က ရုန်းထွက်ခဲ့ကြတယ်။ ရုန်းထွက်တယ်ဆိုတာ ကျွန်တော်တို့ အာဏာရှင်စနစ်ကို မကြိုက်လို့ ရုန်းထွက်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်နေ စိတ်ထားတွေ၊ ဆောင်ရွက်တဲ့ ပုံသဏ္ဌာန်တွေက အာဏာရှင် စနစ်ရဲ့ တွေးခေါ်စဉ်းစားမှု အောက်က တစ်ခါတလေမှာ ရုန်းမထွက်နိုင်ဘဲ ကျန်ခဲ့တာတွေ ရှိတယ်” ဟု လှည်းကူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အစိုးရ လောင်းရိပ်အောက်မှ ထွက်လာသော NGO အဖွဲ့အစည်းများ၏ လုပ်မှားကိုင်မှား များသည် အာဏာရှင်စနစ်၏ အကျိုးဆက်သာ ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီက သုံးသပ်သည်။

“ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီ လက်တွေ့ ကျင့်သုံးမှုမျိုး နှစ်ပေါင်း ၅၀ လောက် ဖြတ်တောက် ခံခဲ့ရတယ်။ အဲဒီ အကျိုးဆက်ကြောင့် အခုအခါ အတော်အတန် ပြန်လည် ပွင့်လင်းလွတ်လပ် လာတော့လည်းပဲ အခက်အခဲတွေ ပြဿနာတွေ ပေါ်နေတာပါ။ အာဏာရှင် ပုံစံကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အစိုးရဌာန အုပ်ချုပ်ရေး ၀န်ထမ်းတွေဆိုရင် ဒီကနေ့အထိ အာဏာရှင်ဆန်ဆန် လူထုပေါ်မှာ အုပ်ချုပ်နေတုန်း၊ ဆက်ဆံနေတုန်းပဲ” ဟု ဦးကိုနီက ပြောကြားသည်။

“လူတွေရဲ့ စိတ်ထဲမှာက စစ်အာဏာရှင်ကို မကျေနပ်ဘူး ဆိုပေမယ့် တစ်ဖက်မှာလည်း အသိအမှတ် ပြုထားတာရှိတယ်။ သူတို့တည်ရှိမှုကို ကျွန်တော်တို့ စိတ်ထဲမှာ မသိမသာ လက်ခံထားတဲ့ အချက်တွေရှိတယ်။ ဥပမာ လွှတ်တော် ကိုယ်စားလှယ် တွေဆိုလည်း ဒီအတိုင်းပဲ။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့အခါမှာ သူတို့ကိုယ်တိုင်က သာမန်ပြည်သူနဲ့ မတူဘူးဆိုတာမျိုး တွေးထင်တာတွေ တွေ့လာရတယ်။ အရင်တုန်းက သူတို့က သာမန်ပြည်သူ လူထုဘ၀ကပဲ လာကြတာ။ ဒါပေမဲ့ ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှာ မတူတော့ဘူးပေါ့။ ထို့အတူပဲ အဖွဲ့အစည်းတွေ ကလည်းပဲ ဒီလိုပုံစံမျိုးတွေ တွေ့နေရတယ်။ ဒီမိုကရေစီ လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အာဏာပိုင်စိုးမှုကို တကယ်တန်း ကျွန်တော်တို့ အလေ့အကျင့် မရှိသေးဘူး။ စကားကသာ ပြောနေတာ နှလုံးသားထဲမှာ မရှိသေးဘူး။ ကျွန်တော်တို့ရဲ့ သွေးလည်ပတ်မှုထဲမှာ မရှိသေးဘူး။ အဲဒါက ပြနေတာပဲ။ ပါးစပ်ကသာ ဒီမိုကရေစီလို့ ပြောနေပေမယ့် အာဏာရှင်ရဲ့ လောင်းရိပ်အောက်မှာ လူ့အဖွဲ့အစည်း တစ်ခုလုံး ရှိနေသေးတယ်” ဟု ဗေဒါနိုင်ငံရေး သင်တန်းကျောင်းမှ ဦးမျိုးရန်နောင်သိန်းက ပြောကြားခဲ့သည်။

Eleven

အိန်္ဒိယ အမျိုးသမီးများ ဘေးကင်းကြရဲ့လား

Posted by drmyochit Monday, September 09, 2013, under | No comments



အိန္ဒိယတွင်   လတ်တလော မုဒိမ်းမှုများ ဖြစ်ပေါ်နေခြင်းအရ အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအတွက် ဘေးကင်းရာ နေရာ မဟုတ်ဟု ထိုသတင်းကို ကြားရသူတိုင်းက မှတ်ယူနေကြသည်။ သို့သော် ထိုအခြေအနေ မျိုးသည် တစ်နိုင်ငံလုံး ၌ ဖြစ်နေကြသည်တော့ မဟုတ်ပါ။   တစ်ဦးချင်း မုဒိမ်းကျင့်သည့် ကိစ္စနှင့်  လူအုပ်စုဖြင့် မုဒိမ်းကျင့်သည့် ကိစ္စများသည် လက်တစ်ဆုပ်စာ လူတစ်စု၏ ရာဇာဝတ်မှု ကျူးလွန်ကြခြင်း မျှသာဖြစ်သည်။

သို့သော်လည်း မကြာသေးမီက ထိုအမှုများကြောင့် ထိုကိစ္စအပေါ် သတိပြုအာရုံစိုက်မိ လာခဲ့ကြခြင်း ဖြစ်ပေသည်။ အိန္ဒိယ အမျိုးသမီးများသည်  ခေတ်မီစွာ ဝတ်စား ဆင်ယင်ကြသော်လည်း ယဉ်ယဉ်ကျေးကျေး ဝတ်စားဆင်ယင် နေထိုင်သွားလာကြပြီး  မိမိတို့၏ လုံခြုံဘေးကင်းမှုအတွက် ကိုယ်ခံပညာရပ် များကိုလည်း  သင်ကြားလေ့ကျင့် ထားသင့် သည်ဟု ထင်မြင်မိသည်။ ယခုဆိုလျှင် အမျိုးသမီး တချို့သည် ကိုယ်ခံပညာ ရပ်တစ်ခုခုကို သင်ယူ လေ့ကျင့် နေကြပြီ ဟု ကြားသိရသည်။  အလွန်ပင် လုပ်သင့်သော  ကိစ္စဖြစ်သည်ဟု ထင်သည်။  မီဒီယာများကလည်း အဆိုပါ သတင်း များကို ဖော်ပြပေးပြီး ထိုပြစ်မှု ကျူးလွန်သည့်လူကို  ဖမ်းမိသည့် နေရာတွင်ပင် လူထုက ကိုယ်ထိလက်ရောက် တစ်ယောက် တစ်ချက် ဆိုသလို ဝိုင်းဝန်း၍ ဆုံးမကြပုံများကို မီးမောင်းထိုး ပြလိုက်လျှင် အတင့်ရဲစွာ အမှုကျူးလွန်နေသူ တစ်စုအဖို့  ကိုယ်ရှိန်သတ် သွားစရာရှိပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း  ကဲရားလားပြည်နယ်ဆိုလျှင် နယူးဒေလီမြို့တော်မှာကဲ့သို့ မိန်းကလေးတစ်ဦးတည်းသွားလျှင် အန္တရာယ်ရှိနိုင်၍ လုံခြုံစိတ်ချမှုမရှိသည့် ဒေသမျိုးမဟုတ်ပါ။  အမျိုးသမီးများကို အလွန်လေးစားစရာ အဖြစ် တွေ့ရသည့်

အတွက် မိန်းမသားများ အဖို့ လုံခြုံစိတ်ချရသည်ဟု သိရပါသည်။

တခြားနိုင်ငံများနှင့် ယှဉ်လျှင် အိန္ဒိယသည် အမျိုးသမီးများကို  လေးစားသော တိုင်းပြည်ဖြစ်သည်။ အိန္ဒိယတွင် မိန်းက လေးများကို ဘုရားတစ်ဆူ၊ ဂူတစ်လုံးသဖွယ် သဘောထားသည့် ရွာတစ်ရွာရှိသည်။ ရွာ၏အမည်မှ ပန်ချာလီပရာ ဖြစ်၏။ ထိုရွာ၌ မိန်းမတစ်ယောက်သည် ယောက်ျားအများကြီး ယူခွင့်ရှိပြီင်္း၊ ယောက်ျားများကတော့ မိန်းမတစ်ယောက် သာ ယူခွင့်ရှိသည့်နေရာ ဖြစ်လေ၏။ သတို့သမီးဘက်မှ မိဘများကို Dowry ခေါ်သည့် မင်္ဂလာကြေး အမြောက် အမြား ပေးရလေ့ ရှိသည်။

ရှေးခေတ်ကတည်းက အိန္ဒိယ တိုင်းရင်းသားများ ဒေသတွင် အမျိုးသမီးများက အဓိက ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသည်။  သူတို့ကိုယ်တိုင်  ရွေးချယ်ပိုင်ခွင့် ရှိပြီး လက်မထပ်ဘဲ ယောက်ျား တစ်ယောက်ကို ယူပိုင်ခွင့် ရှိသည်။ ထို့အတူ ကွာရှင်း ပိုင်ခွင့်လည်းရှိသည်။  ဟာရာယားနား ဘက်က ရွာများ၌လည်း မိန်းမများပင် လွှမ်းမိုးသည်။ ဤအချက်က အိန္ဒိယသည် မိန်းမများကို  လေးစား တန်ဖိုးထားသည် ဆိုသည်ကို ထောက်ပြလိုက်ခြင်းဖြစ်သည်။

အိန္ဒိယသည် မိန်းမသားများ အတွက်  လုံခြုံစိတ်ချမှု မရှိသော တိုင်းပြည်ဟူ၍ ထင်မှတ်ပြောဆိုခြင်း ခံခဲ့ရသည်မှာ  မကြာသေးမီက နယူးဒေလီတွင် အသက် ၂၃နှစ်အရွယ်ရှိ ဆေးတက္ကသိုလ် ကျောင်းသူနှင့် ယောက်ျားလေး သူငယ်ချင်း အဖော်နှစ်ဦးတို့ ဘတ်စကား စီးသွားရာ၌ ကားပေါ်တွင်ပါလာသော လူငယ်တစ်စုတို့က ဘတ်စကားပေါ်မှာပင်  အုပ်စုဖြင့် မုဒိမ်းကျင့်ပြီး ယောက်ျားလေး နှစ်ယောက်စလုံးကို သံတုတ်များနှင့် ရိုက်နှက်၍ မိန်းကလေးကို အဝတ်အစား ကင်းမဲ့ လျက် ကားပေါ်မှ ကန်ချထားခဲ့သော အမှုသည် ကမ္ဘာကျော် သွားသကဲ့သို့ ကမ္ဘာ့ အမျိုးသမီး ထုမှာ  ကြားရချက် မသက် သာသဖြင့် မိန်းမချင်း ကိုယ်ချင်းစာ၍   စိတ်မကောင်းဖြစ်မိ ကြရသည်။ အိန္ဒိယကိုလည်း   အမျိုးသမီး များအတွက် စိတ်မချရသော တိုင်းပြည် အဖြစ် ထင်မှတ်သွားစေခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် အုပ်ချုပ်ကွပ်ကဲမှု တာဝန်ရှိခြင်း အခြေခံမူများနှင့်ပတ်သက်၍  JVC က ၁၉၅၈ ခုနှစ် လက်နက်ကိုင် တပ်ဖွဲ့များ အက်ဥပဒေပုဒ်မ(၆) ကို အစားထိုး ပြင်ဆင်ရန် ထောက်ခံ တင်ပြသည်။ ယင်းပြဋ္ဌာန်း ချက်တွင်  လက်နက်ကိုင် တပ်ဖွဲ့ဝင်များက မုဒိမ်းမှုနှင့် လိင်စော်ကားမှု ကျူးလွန်လျှင် တရားစွဲဆိုခြင်း မပြုမီ   ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟူ၍ ဖော်ပြထားရာ ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့ဝင် များက မုဒိမ်းမှု ကျူးလွန် လျှင်လည်း သာမန် ရိုးရိုးတရားရုံး များတွင်သာ တရားစွဲ ဆိုရမည်ဟု ပြင်ဆင်လိုသည်။ အကယ်၍ မုဒိမ်းမှုကို အချုပ်ခန်းတွင် ကျူးလွန်သည် ဆိုလျှင် အထက်အရာရှိကိုပါ တာဝန်ရှိသူ အနေဖြင့် မုဒိမ်းမှု ကျူးလွန်သူ နှင့်အတူ အရေးယူ ရမည်ဟု ပြင်ဆင်လိုသည်။

ပြီးခဲ့သည့်ရက်များက  မွန်ဘိုင်းမြို့တွင် လိင်စော်ကားမှု သတင်းကြားရပြီးနောက် တွစ်တာမှ နေ၍ မွန်ဘိုင်း မြို့သူများ  မိမိကိုယ်ကို ဂရုစိုက်ရန်၊  လုံခြုံ ဘေးကင်းအောင် နေရန်ဟူ၍ တောင်းဆို သတိပေးချက်နှင့် ပတ်သက်၍ ဒါအဓိပ္ပာယ် မရှိ တာပဲ။ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ကြပါ၊  ဂရုစိုက်ကြပါလို့ ပြောနေမည့် အစား  ယောက်ျားလေး တွေက အမျိုးသမီးများ အတွက် မွန်ဘိုင်းမြို့ကို ပိုပြီး လုံခြုံမှုရှိအောင် တစ်ခုခုတော့ ပီပီပြင်ပြင် လုပ်ပေးကြပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေကို စောင့်ရှောက်ဖို့ အချိန်ကျ ရောက်လာပါပြီ ဟူ၍သာ နှိုးဆော် တိုက်တွန်း ကြရန် လိုပါသည်။

မိန်းကလေးများကို လိင်စော်ကားမှုသည် လူမှုရေး ပြစ်မှုဖြစ်သည်။ ဤအပြစ်များမှ လွတ်ကင်းအောင် မည်သို့လုပ်ရမည် နည်း။ မီဒီယာများကရော အခြေအနေကို ကောင်းအောင် မည်သို့လုပ်ဆောင် မည်နည်း။ အသက်အရွယ် မရောက်သေး သူများ လိင်စော်ကားမှု ဖြစ်လျှင်လည်း လူကြီးများကဲ့သို့ စဉ်းစားမည်လော။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိ အောင် မည်သို့လုပ်ဆောင်ရမည်နည်း။ စသည်ဖြင့် အချေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟုသိရ၏။

တချို့ကလည်း အစိုးရပိုင်းရော  အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုပါ အမျိုးသမီးများ အတွက်   အိန္ဒိယကို လုံခြုံ အောင်နှင့် ဘေးကင်းမှု ရှိအောင်လုပ်ရမည် သာဖြစ်ကြောင်း မွန်ဘိုင်းအမှုကို ကြည့်လျှင် အိန္ဒိယ နိုင်ငံ၏ အရေးကြီးဆုံး စီးပွားရေး မြို့တော်ကြီး ဖြစ်၍ လုံခြုံရေး ရဲတပ်ဖွဲ့အင်အား ၄၅ဝဝဝရှိသည့်အနက် ၃ဝဝဝလောက်မှာ  ပြန်လည်ဖြည့်တင်း ခန့်အပ်ခြင်း မရှိသေးသဖြင့် နေရာလစ်လပ် လျက်ရှိနေသည်။

မွန်ဘိုင်းတွင် ယခုနှစ် ပထမနှစ်လ အတွင်းက ရဲတပ် ဖွဲ့အင်အား ၂၇၇၄ဝမှာ အရေးကြီး ပုဂ္ဂိုလ်များ အတွက် တာဝန်ချ ထားပေးခြင်းနှင့် နိုင်ငံရေး သမားများ၏ လုံခြုံရေးကို လုပ်ဆောင် ပေးနေရခြင်း စသည်တို့ကြောင့် လမ်းများ၊ ရပ်ကွက် များတွင် လုံခြုံရေးအင်အား နည်းသွားခဲ့သည်ဟု ဆို၏။  မွန်ဘိုင်းမြို့ကြီးတွင် လူဦးရေ သန်း ၂ဝ ခန့်ရှိရာ ရဲအင်အားက နှစ်သောင်း ခန့်သာ ရှိနေသည်။ တကယ်တော့ လုံခြုံရေးအတွက် လူတစ်သိန်းရှိလျှင် ရဲအင်အား တစ်ရာ အနည်းဆုံးရှိ သင့်သည်။ ပိုမို၍ လုံခြုံမှု လုပ်ပေးနိုင်စေရန် ဆိုလျှင်  ရဲအင်အား ၁၆၅ယောက် ရှိသင့်သည်ဟု သိရသည်။

ကုလသမဂ္ဂ၏ ထောက်ပြချက်အရ ဆိုပါက လူတစ်သိန်းရှိလျှင် ရဲတပ်ဖွဲ့အင်အား ၂ဝဝမှ ၂၅ဝအထိရှိမှသာ လုံခြုံရေးကို ကောင်းစွာ ဆောင်ရွက် နိုင်မည်ဟုဆို၏။

ဒါဆိုတရားရုံးတွေ ကရော ဘယ်လိုအခြေအနေ ရှိနေသလဲဟု ပြန်ကြည့်လျှင် အိန္ဒိယ တရားရုံးများသည် အမှုပေါင်းသန်း နှင့်ချီ၍ မစစ်ဖြစ်သေးဘဲ  အမှုလက်ကျန်များအဖြစ် ဆိုင်းငြံ့ဖစ်နေသည်ကို တွေ့ရသည်။ အမျိုးသမီးများအပေါ် ကျူးလွန်

သော အမှုပေါင်း ၄၉၁၇ဝသည် မဟာရာရှတ ပြည်နယ် တစ်ခုလုံးတွင် မစစ်ဆေးရဘဲ အမှု လက်ကျန် ဆိုင်းငံ့ဖြစ် နေကြောင်း တွေ့ရသည်။  ဤအမှုအရေအတွက်သည် ၂ဝဝ၈ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်များ အကြားတွင် ၄ဝရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။

မုဒိမ်းမှုပေါင်း ၁၄၄၁၄ မှုတွင်လည်း ၁၃၃၈၈ မှုမှာ မစစ်ဆေးရဘဲ အမှုလက်ကျန် အဖြစ် ဆိုင်းငံ့ နေသေးကြောင်း တွေ့ရသည်ဆို၏။ အစိုးရအနေဖြင့် နှစ်စဉ်တိုးလာသော လူဦးရေ နှင့်အညီ  အလုပ်အကိုင်များ အလုံအလောက် ရရှိရေး ကို ကြိုးပမ်း၍ အလုပ်အကိုင် အသစ်များကို ဖန်တီးပေးနိုင်ခဲ့ သော်လည်း နိုင်ငံအနေဖြင့်  အလုပ်လက်မဲ့များ ရှိနေကာ ဝန်ဆောင်မှု လုပ်ငန်းများ ပင်လယ်ကြောတွင်  တစ်ပြိုင်နက်တည်း မျောပြီး ရေနစ်နေသူပမာ ဖြစ်နေရသည် ဟုဆို၏။

ဤပြုပြင်ပြောင်းလဲမှုများသည် အလွန်ရှုပ်ထွေးသောကြောင့် ဤသို့မဖြေရှင်း နိုင်ဘဲဖြစ်နေရ ပါသလားဟု ပြောစရာရှိ သည်။ မွန်ဘိုင်း ရဲတပ်ဖွဲ့အတွက် နှစ်စဉ် ဘတ်ဂျက်မှ ရူပီးငွေ  ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၉၁ သန်း)ခန့် ခွင့်ပြု ချက်ချထား ပေးလျက်ရှိသည်။ ဤဘတ်ဂျက်၏ ၈၅ ရာခိုင်နှုန်းမှာ ရဲတပ်ဖွဲ့ဝင် များ၏ လစာငွေများအတွက် ဖြစ်သည်။

အမျိုးသမီးများ၏ ဘေးကင်း လုံခြုံမှုရှိရေးအတွက် ရဲတပ်ဖွဲ့ကို ပြုပြင်မည်၊ တရားရုံး များတွင် တရားသူကြီး အသစ်များ ခန့်ထားမည်၊ တရားရုံး အသစ်များ ထပ်ဖွင့်မည်၊ စသည်တို့ကို လုပ်ပြန်လျှင်လည်း နိုင်ငံရေးအပိုင်းက ရှိနေသေး၍ အစိုးရသည် လုပ်ဆောင်ရန် အခက်အခဲ ရှိနေသည်။ အိန္ဒိယ၏ ပြဿနာများကို ဆွေးနွေး အဖြေရှာရာ၌ အားလုံးက ဖြစ်ရိုး ဖြစ်စဉ်တွေပါဟု ပြောရပါမည်။  မုဒိမ်းမှုများ အမေရိကန် နိုင်ငံတွင်ဖြစ်သလို လာဘ်စားမှုများလည်း တရုတ် ပြည်တွင် ရှိနေသည်။

အာဟာရ ချိုတဲ့မှုများလည်း အင်ဒိုနီးရှားတွင် ရှိနေသည်သာဖြစ်၏။ ရဲတပ်ဖွဲ့ကို ပြန်လည်ပြုပြောင်းလဲရန် ရှုပ်ထွေး၍ ပညာရေးကို ပြုပြင်ပြောင်းလဲရန်လည်း ရှုပ်ထွေးမည်ဖြစ်သည်။ အခွန်ကောက်ခံရေး ကလည်း ရှုပ်ထွေးမည်။  စသည်ဖြင့် လုပ်၍ မရနိုင်ဘဲဖြစ်နေသည်။

ရဲတပ်ဖွဲ့နှင့် တရားရုံးတွေကို ယခုချက်ချင်း အကြီးအကျယ် ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးဟု ဆိုပါလျှင် မွန်ဘိုင်း၊  နယူးဒေလီနှင့်  အခြားဒေသဆိုင်ရာ အုပ်ချုပ်မှုအပိုင်းက  ပုဂ္ဂိုလ်များ အနေဖြင့် တရားဥပေဒ စိုးမိုးရေးကို တိုးတက် ကောင်းမွန် လာစေရန် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သော အဆင့်များ ရှိနိုင်သည်။ လူမှုဝန်ထမ်းများ၊ လုပ်အားပေးများဖြင့် ဆောင်ရွက်ခြင်း၊ လူမှုရေး အသိစိတ်ဓာတ်ဖြင့် စည်းရုံးလှုံ့ဆော် ဆောင်ရွက်ခြင်းနှင့် အနီးအနား ဆင်ခြေဖုံး နေရာများကို လျစ်လျှူရှု မထားဘဲ စောင့်ကြည့် စနစ်များဖြင့် လုပ်ဆောင်မည် ဆိုလျှင် အတိုင်းအတာ တစ်ရပ် အထိ တိုးတက် ကောင်းမွန်
လာနိုင်ပါသည်။   ။

မြ၀တီ

ပြင်ဆင်ပြီးမှ လှလာတဲ့အလှမျိုးကို လုံးဝမကြိုက်ဘူးလို့ ဆိုတဲ့ ချစ်သုဝေ

Posted by drmyochit Monday, September 09, 2013, under | No comments

အောင်မြင်မှုရဲ့ အနုပညာ လမ်းကြောင်းပေါ်မှ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို တေးသံရှင် တစ်ယောက် အဖြစ်သာမ မင်းသမီး တစ်ယောက် အနေနဲ့ပါ ကျော်ကြားမှုတွေ ရထားပြီ ဖြစ်တဲ့ ချစ်သုဝေ နဲ့ဆုံပြီး စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ အောင်မြင်မှု လမ်းကြောင်းပေါ် တက်ရောက်နိုင်ဖို့အတွက် ချစ်သုဝေ တစ်ယောက် ဘယ်ပုံဘယ်နည်း ကြိုးပမ်းခဲ့ရတယ် ဆိုတာကို သူမရဲ့ပရိသတ်တွေ လေ့လာဆန်းစစ်ကြည့်လိုက်ကြရအောင်လား။။။။။။။။။။

ကိုယ့်ကိုကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ ထရီဇာထင်လဲ

ဟုတ်လား။ ထရီဇာက အောင်မြင်လို့လား။ ထရီဇာကတော့ ကိုယ့်အောင်မြင်မှုကို ဘယ်လို တွက်လဲဆိုတော့ ကိုယ်တိုင် စိတ်ချမ်းသာရမယ်။ ဖြစ်သင့်တာလေးတွေ၊ လုပ်ချင်တာလေးတွေက တစ်ထပ်တည်းကျပြီး ပျော်ပျော်ရွှင်ရွှင် နေရတာဟာ ထရီဇာ အောင်မြင်တာပဲ။တချို့နေ့တွေဆို ထရီဇာ အောင်မြင်သလို တချို့နေ့တွေဆို ထရီဇာ မအောင်မြင်ဘူး။ တချို့နေ့တွေမှာ ကျရှုံးသလို တချို့နေ့တွေမှာ အောင်မြင်တာရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ထရီဇာ ဒီမေးခွန်းကို မဖြေတက်ဘူး။

ပရိသတ်တွေကရော ထရီဇာကို ဘာကြောင့် ကြိုက်တယ်လို့ ထင်လဲ

အဲဒါက ထရီဇာ့ကို ကြိုက်တဲ့ ပရိသတ်ရှိသလို မကြိုက်တဲ့ ပရိသတ်ရှိတယ်။ ထရီဇာက ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားတယ်။ ထရီဇာက လူတွေကို ချစ်တယ်။ ထရီဇာ ပရိသတ်တွေအပေါ် တာဝန်ကျေတယ်။ လေးစားတယ်။ အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်တယ်။ အဲဒီအတွက် ထရီဇာကိုလည်း ချစ်ရင်းစွဲအခံရှိတယ်။ ထရီဇာ အလုပ်ကိုလည်း နှစ်သက်တယ်။ ချစ်မြတ်နိုးတဲ့ ပရိသတ်တွေက ထရီဇာ့ကို ချစ်ကြတယ်။ အသွားအပြန်ပေါ့။ အဲဒါကြောင့်လို့ပဲ ထရီဇာ မြင်မိတယ်။

ရှုတင်မှာ မိတ်ကပ်တွေ လိမ်းရတဲ့အခါမှာ

မင်းသမီးဖြစ်လာတဲ့အတွက် ကိုယ့်အလုပ်အပေါ်မှာ လေးစားတယ်။ လှလှပပနေရတဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲဒါကြောင့် မိတ်ကပ်လိမ်းရတာကို ကြိုက်လား ဆိုရင် တစ်ခါတစ်လေ မိတ်ကပ် မလိမ်းချင်တဲ့ အခါရှိသလို တစ်ခါတစ်လေ မိတ်ကပ်လေး လိမ်းပြီး လှလှပပလေး နေချင်တဲ့ အခါလည်း ရှိတယ်။ အဲဒီတော့ ထရီဇာ စိတ်ကို သေချာတွက်ချက်ပြီး ပုံသေနည်း ပြောလို့ မရဘူး။

ထရီဇာ တစ်ယောက်တည်းရှိနေတဲ့အချိန်

ထရီဇာ တစ်ယောက်တည်း ရှိနေရင် အိပ်တယ်။ စားတယ်။ ဒါမှမဟုတ် ဘုရားရှိခိုးတယ်။ ဂီတာတီးတယ်။ သီချင်းနားထောင်တယ်။ ဒါပါပဲ။

ထရီဇာ ခန္ဓာကိုယ်မှာရော ကိုယ်တိုင်သတ်မှတ်ထားတဲ့ လှပတယ်လို့ထင်တဲ့ အစိတ်အပိုင်း ဘာဖြစ်မလဲ

ထရီဇာကို လူတော်တော်များများ ပြောကြတာတော့ တစ်နေရာမှ လှတဲ့အရာ မရှိဘူးဆိုပဲ။ ထရီဇာက အဲဒီလို မသတ်မှတ်ထားဘူး။ တစ်ခုပဲ..ထရီဇာက မလှရင်လည်း ပြင်မှာ မဟုတ်ဘူး။ ပြင်ဆင်ပြီးမှ လှတဲ့ အလှမျိုးကို မကြိုက်ဘူး။ Natural ကိုပဲ သဘောကျတော့ ဘုရားပေးတဲ့အတိုင်းလေး၊ အမေမွေးတဲ့ အတိုင်းလေးပဲ သဘောကျတယ်။ ဘယ်နေရာမှ သိပ်လှလှပပ မရှိသလို ကိုယ့်ကိုကိုယ် ခံစားရတယ်။ ထရီဇာက စိတ်လှအောင်လို့ပဲ ကြိုးစားတယ်။

ဆိုပြီး မေးမြန်းဖြစ်ခဲ့သမျှ ပြောပြပေးသွားခဲ့သူကတော့ နာမည်ရ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ ပဲဖြစ်ပါတယ်။

Friday(Malay)

Breast Enlargement ကလေးအတွက်မို့ မသေးချင်တာ ရင်သားပါဟု ပြော

Posted by drmyochit Monday, September 09, 2013, under | No comments

Q: ကျွန်မအသက်၂၈ နှစ်ကျော် အိမ်ထောင်ရှိပါတယ်။ ကလေးတော့ မရှိသေးပါဘူး။ အခု နိုင်ငံခြားမှာပါ။ ရင်သားကို လိမ်းဆေး၊ ထိုးဆေးတွေမသုံးပဲ သဘာဝအတိုင်း ဖွံ့ဖြိုးလာအောင် ဘယ်လိုလုပ်ရမှာလဲဆရာ။ ရင်သား သေးနေရင် ကလေး ရလာတဲ့ အချိန်ကျရင် ကလေးအတွက် မိခင်နို့ရည် အခက်အခဲရှိမှာ စိုးလို့ပါ။ ကိုယ်ဝန်တားနည်း ကွန်ဒုံ သုံးပါတယ်။

ရင်သား ကြီးထွားချင်တာမှာ တချို့က တဖက်သား ဆွဲဆောင်ဘို့ရာ ကြီးချင်တာ။ တချို့က နို့ထွက်များ ခြင်တာ။ မေးတာက အလှအပအတွက် မဟုတ်ဘဲ ကလေးရရင် နို့ထွက်နည်းမှာ စိုးလို့ဆိုတာ ရည်ရွယ်ချက် အင်မတန် မွန်မြတ်ပါတယ်။ တားဆေးကြောင့် မဟုတ်တဲ့အချက် ဖယ်လို့ ရပါပြီ။

ရင်သားမှာ ကြွက်သားမပါဘူး။ အဆီ နဲ့ အရွတ်သာ ရှိတယ်။ ထူးခြားတာက Glands နို့ထွက်အိတ်၊ Ducts နို့ထွက်ပြွန်တွေ၊ Lobules, Alveoli အစုလိုက် ရှိနေတယ်။ အရွယ်အစားကို ဖြစ်စေတာက (တစ်ရှူး) အစု ၂ ခုရှိတာမှာ Fatty tissue နဲ့ Glandular tissues တွေပါ။ Glands တွေက နို့ထွက်ဘို့အတွက် ဖြစ်တယ်။ အရွယ်အစား ကြီးဘို့ဆိုရင် Fat များနေရမယ်။ တယောက်နဲ့ တယောက်၊ တဖက်နဲ့ တဖက် အချိုးအဆ မတူကြဘူး။ အဆီ နဲသူ-နဲတဲ့ဘက်က ပိုတင်းမာနေမယ်။ အရွယ် ငယ်သူတွေလိုပေါ့။ “နို့သေးတာဟာ ပြွန်နည်းနေတာ မဟုတ်ပါ။ အဆီနဲတာသာ ဖြစ်တယ်။ ဒါ့ကြောင့် ကလေးနို့တိုက်ဘို့ ကြိုတင်ပူစရာ သိပ်တော့ မရှိပါ။” ခက်တာက အဆီတွေ ရင်သားမှာသာ လာစုအောင် အဆီ များများစားလို့လဲ မရပြန်ဘူး။

ရာသီ တလထဲမှာ ဟော်မုန်းကြောင့် ရင်သားကို အပြောင်းလဲတွေ ဖြစ်စေတယ်။ တကယ့်ကို ရုတ်တရက်-ချက်ချင်း ပြောင်းတယ်။ ရာသီ လာတော့မယ်ဆိုရင် Estrogen နဲ့ Progesterone ဟော်မုန်းတွေ များနေ တာမို့ ရင်သား တင်းမာ နေတယ်။ နာတတ်တယ်။ သွေးဆင်းပြီးရင် ပြော့လာပြန်တယ်။ “ကိုယ့်ကိုယ်ကို ရင်သားမှာ အကြိတ် ရှိ-မရှိ စမ်းချင်ရင် ဒီချိန် အကောင်းဆုံးဘဲ။ Mammogram ရိုက်တာလဲ ဒါ အချိန် ကောင်းဘဲ။”

ကိုယ်ဝန်ကြောင့်လဲ အဲလိုဘဲ။ ကိုယ်ဝန်ဆောင် ၇-၈ ပါတ်မှာ နို့အခြေအနေ ပြောင်းပြီ။ ၁၂-၁၆ ပါတ်ရှိလာမှ သိသာတယ်။ ၄ လရောက်ရင် တမျိုးတိုးလာတဲ့ ဟော်မုန်းတန်ခိုးနဲ့ Milk dust နို့ထွက်ပြွန်တွေ ကြီးထွား လာမယ်။ ကလေးမွေးပြီး အချင်း ထွက်ပြီးတာနဲ့ အရည်ကြည် Colostrum သာ ထွက်နိုင်ခဲ့တဲ့ နို့ရည်က အဖြူရောင် တကယ့်နို့ထွက်စေဘို့ နောက် ဟော်မုန်းတွေကနေ ဆောင်ကျဉ်း ပေးလိမ့်မယ်။ နို့ အရွယ် မငယ်သူတွေလဲ ကလေးဖွါးပြီး နို့ထွက်နဲတာ ဖြစ်ပါတယ်။ ဒီတော့ ရင်သားအရွယ် ငယ်ပေမဲ့ နို့ကောင်း ကောင်း ထွက်နိုင်မှာကိုလဲ မှန်းထားလို့ ရပါတယ်။ စိတ်က အရေးပါတယ်။

ဆေးပညာမှာ ရင်သား ဖွံ့ထွားအောင် လုပ်နည်းရယ်လို့တော့ မရှိပါ။ ဒါပေမဲ့ ကျန်းမာရေး (အစ်ရှူး) တခုဖြစ်တာမို့ ဆရာဝန်တွေ ဝင်ပါလာရတယ်။ ဘယ်နေရာမဆို စီးပွါးရေးကလဲ ပါနေတာမို့ ကြော်ည်ာတွေ များသလား မမေးနဲ့။

ကောင်းတယ်၊ ရမယ်ပြောတာတွေမှာ ဆရာဝန်တွေ မပါတာ များတယ်။ ဒါပေမဲ့ ဆရာဝန်မှ ဆေးကုကြတာ မဟုတ်ဘူး။ နောက်ပြီး၊ ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ဘယ်လောက် လက်ဆောင် ပေးခဲ့တယ်။ တခါ ဆရာဝန်တွေ ဆေးလက်မှတ် ရေးပေးတဲ့ အကျင့်လိုက်ပြီး ကုမ္ပဏီတွေကနေ ဆေးထုတ်နေတယ် ဆိုတဲ့ သတင်းတွေက ပူပူနွေးနွေး ရှိသေးတယ်။

နည်းရှိသမျှကို ချုပ်ရရင်
• Herbal ဆေးဘက်ဝင် ပစ္စည်းများ၊ Breast Enhancement Pills စားဆေး၊
• Breast massage နှိပ်နယ်နည်း၊
• Exercise လေ့ကျင့်ခန်း၊
• Breast pumps ကရိယာနဲ့ စုပ်ပေးတာ၊
• Surgery ခွဲစိတ်ပြုပြင်နည်းတွေ ဖြစ်တယ်။

Herbal ဆေးဘက်ဝင် ပစ္စည်းတွေထဲမှာ Fenugreek, Saw Palmetto, Fennel, Dong Quai, Mexican wild yam, Damiana နဲ့ Blessed thistle တွေဖြစ်တယ်။ Red clover နဲ့ Black cohosh တွေလဲပါသတဲ့၊ မများစေနဲ့လို့ ပြောတယ်။ မြန်မာလို့ နာမယ်တွေ မသေခြာပါ။ တခုချင်း ရှာနေတာထက် ဆေးဆိုင်တွေမှာ ဖေါ်ပြီး-စပ်ပြီး ရောင်းနေတာမို့ သိဘို့ မလိုလောက်ပါ။ Breast Enhancement Pills ဆေးလုံးဆိုတာ တွေမှာလဲ Herbal တွေသာ ပါတာပါ။ အချိန်တော့ ၂ လ လောက် ယူရတယ်လို့ ပြောတယ်။ Breast Enhancement Creams and Lotions လိမ်းဆေးတွေလဲ လုပ်ရောင်းပါတယ်။

Breast massage ရင်သားကို နှိပ်ပေးနည်းမှာ သူများဆီမှာတော့ Olive oil သုံးတယ်။ ကိုယ့်လူမျိုးတွေ အတွက် Sesame Seeds နှမ်းစေ့၊ နှမ်းဆီကို လိမ်းရင်လဲ ရင်သားကြီးစေမယ်၊ တင်းနေစေမယ်တဲ့။ ဘယ်ကနေဘယ်လို နှိပ်ပါ ဆိုတာတွေကို ကြော်ညာသလို မရေးတော့ပါ။ Massage ဗီဒီယို ကြော်ညာ တွေကို ကျန်းမာရေးအတွက် ဟုတ်တယ် မထင်ပါ။ နေရာအနှံ့နဲ့ အချိန်မှန်ဘို့သာ လိုပါမယ်။ ညောင်းလို့ နှိပ်တာမျိုးလို ကြွက်သား အနေအထားသိနေဘို့ မလိုပါ။

Breast Enhancement Exercises လေ့ကျင့်ခန်းဆိုတာ push-up လုပ်တာပါ။
1. ကြမ်းပြင်မာမာမှာ မှောက်အိပ်ပါ။
2. ဒူးကွေးပါ။ ခြေခြင်းဝတ်နှစ်ဖက် ကန့်လန့် ချိတ်ပါ။
3. လက်ဝါးနှစ်ဖက်ကို ပခုံးအတိုင်း တတန်းထဲထားပြီး၊ တဒေါင်ဆစ်ကို ကွေးပါ။
4. တဒေါင်နဲ့ လက်ဝါးကိုထိန်းညှိပြီး ကိုယ်ကို အထက်မပေးပါ။ ခြေခြင်းဝတ်ချိတ်တာ မဖြေပါနဲ့။
5. နောက် ကိုယ်ကို ဖြေးဖြေးချင်း အောက်ချပါ။
6. ၁ဝ ကြိမ်ဆက်လုပ်ပါ။ နောက်ရက်တွေမှာ တိုးလုပ်ပါ။ တပါတ်မှာ ၂-၃ ကြိမ်လုပ်ပါ။
7. အားကစားဝတ်စုံနဲ့ဆို ပိုကောင်းတယ်။

နောက်ဆုံး လှချင်သူများ Silicon ထည့်ကြရတယ်။ ၂ဝဝ၆ American Society of Aesthetic Plastic Surgery အရ အမျိုးသမီး ကြီး-ငယ် ၃ဝ၃၃၃၆ ယောက် breast augmentation surgery လုပ်ခဲ့ကြပါ သတဲ့။ ၁၉၉၇ ကနေ တွက်ရင် ၄၄၆% တိုးလာတာတဲ့။ Complication မရှိသူများ ဒစ်စကိုသွားဘို့၊ ရုပ်ရှင်ရိုက်ဘို့တော့ ကောင်းတာပေါ။

လှချင်သူများ လှနိုင်ကြလို၊ ကလေးငယ်များလည်း မိခင် နို့ချိုဝကြပါစေ။

Breast Massage ရင်သား နှိပ်နယ်ခြင်းပါ ဆက်လက်ဖတ်စေချင်သည်။

Dr. တင့်ဆွေ

နှစ်ပေါင်း ၅၀ ကျော်ကြာ ဖျက်ဆီးခံခဲ့ရသည့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသုံးဝင်မှု ရှိ၊ မရှိ အပေါ် NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် မေးခွန်းထုတ်

Posted by drmyochit Monday, September 09, 2013, under | No comments

နှစ်ပေါင်း ၅၀ ကျော်ကြာ ဖျက်ဆီးခံခဲ့ရသည့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသုံးဝင်မှု ရှိ၊ မရှိအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက မေးခွန်းထုတ်လိုက်သည်။

စက်တင်ဘာ ၈ ရက် နံနက်က တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ ကျောက်တန်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည့် တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း ဟောပြောသည့် အခမ်းအနားတွင် ဦးကိုနီက ယခုကဲ့သို့ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီက “၁၉၄၈ လွတ်လပ်ရေးရတဲ့ ဒီဘက်မှာ ဆက်ပြီးတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီ ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်ဟာလည်း ကံမကောင်း အကြောင်းမလှတော့ သိပ်မကြာခင် ပျက်သုဉ်းသွားခဲ့ပါတယ်။ အဲဒီလိုဖွဲ့စည်းပုံ အခြေခံစနစ် ပျက်သုဉ်းခြင်းနှင့် အတူ ကျွန်တော်တို့ တိုင်းပြည်ဟာလည်း ပျက်သုဉ်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ ပြန်လည် တည်ဆောက်မယ့် နှစ်ပေါင်း ၅၀ ဖျက်ဆီးခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ကြီးကို၊ ပြိုကျပျက်စီးနေတဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ကြီးကို ပြန်လည် တည်ဆောက်ရမယ့် အချိန်က ဒီအချိန် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး မရခင်ကတည်းက အမြော်အမြင်ကြီးစွာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြိုတင်ရေးဆွဲခဲ့ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၄၇ စက်တင်ဘာ ၂၄ ရက်မှာ အတည်ပြု ခဲ့သောကြောင့် ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေလို့ ခေါ်ခဲ့သည့်အပြင် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်မှာ လက်တွေ့စတင် ကျင့်သုံးခဲ့သောကြောင့် ၁၉၄၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟုလည်း ခေါ်ကြောင်း ဦးကိုနီက ရှင်းပြသည်။

“နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ဖို့ဆိုတဲ့ နေရာမှာ အခြေခံအကျဆုံး အကြောင်းအရာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ၁၉၆၂ ခုနှစ် စစ်တပ်က အဓမ္မ အာဏာသိမ်းလိုက်တဲ့ အချိန်က စပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့စနစ် ပျက်ပြားခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ဘာလဲဆိုတာ နားမလည် ကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ် ကျွန်တော်တို့ တိုင်းပြည်တည်ဆောက် ရေးအတွက် အသုံးဝင်ပါ့မလား။ အလုပ်ဖြစ်ပါ့မလား။ မဖြစ်ရင် ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ” ဟု ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် မေးခွန်းထုတ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ၆ ရက်က ကျင်းပခဲ့သော အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း (လပွတ္တာ)၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦး စသည့် ရှေ့နေလောကမှ ပုဂ္ဂိုလ်များ ပါဝင်ကြသည်။

Eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်