Sunday, September 08, 2013

“အမျိုးစောင့်ဥပဒေနှင့် ထိမ်းမြားဥပဒေမတူပါ”

Posted by drmyochit Sunday, September 08, 2013, under | No comments


Aung Myo Htet အကောင့်အမည်နှင့် မေးထားတဲ့မေးခွန်းတွေပါ။ သူမေးခွန်းကို ဖတ်ကြည့်ပြီးမှ အဖြေကိုဖတ်ကြည့်ပါ။

အရှင်ဝီရသူ အစစ်ဟုယူဆ၍ မေးလျှောက်ခွင့်ပြုပါ။ မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေလိုမျိုး အမျိုးသမီးတွေ အခွင့်အရေးကို ကာကွယ်ပေးနိုင်မဲ့ ဥပဒေမျိုးနဲ့ပတ်သက်ပြီး ဥပဒေပညာရှင် ဦးကျော်ဇေယျက မရှိဘူး လိုအပ်တယ်။

နောက်တစ်ယောက်ကလဲ လိုအပ်တယ်။ အင်းစိန်ရွာမဆရာတော်ကြီးကလဲ မရှိသေးဘူးလို့ ပြောပါတယ်။ ဆရာမောင်သွေးချွန်ကလဲ ဓလေ့ထုံးတမ်းဆိုပေမဲ့ တကယ်တမ်း ဥပဒေအရာမဝင်ဘူးလို့ ပြောပါတယ်။
တစ်ဖက်မှာလဲ ဦးကိုနီက အလားတူဗုဒ္ဓဘာသာအမျိုးသမီးကို ကာကွယ်ပေးမဲ့ ဥပဒေမျိုးရှိပြီးသားလို့ ပြောပါတယ်။

အခြားတစ်ယောက်ကလဲ ဒီလိုပဲပြောပါတယ်။ ဂျာနယ်တွေမှာ အရှင်ဘုရားတွေ့ပြီးဖြစ်မှာပါ။ ဗုဒ္ဓဘာသာ မိန်းမက ဘာသာခြားယူလဲ ဘာသာခြားက သူ့ဘာသာ ထုံးစံကို ကျင့်သုံးခွင့်မရှိဘူး။ ဗုဒ္ဓဘာသာနိုင်ငံမို့ ဗုဒ္ဓဘာသာမိန်းမက ဘာသာတူချင်းယူလို့ရတဲ့ အခွင့်အရေးတိုင်းပဲ ခံစားခွင့်ရှိတယ်တဲ့ ဥပဒေရှိပြီးသားပါတဲ့။ ဒါကြောင့် ဘယ်ဟာအမှန်လဲဆိုတာ စာတွေ့ရော လက်တွေ့ပါမရှောင် မလွှဲပြတ်ပြတ်သားသား သိချင်ပါတယ် ဘုရား။

တစ်နည်းနည်းနဲ့ အရှင်ဘုရား Page ကနေဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးစေချင်ပါတယ်ဘုရား။ တပည့်တော် အလွန် သိချင်နေပါတယ်။ အောင်မျိုးထက် ဗမာ/ဗုဒ္ဓ ဆရာဝန် နော်ပြည်တော် ကျန်းမာရေးဝန်ကြီးဌာန။

ဖုန်း=09-2301938
အမျိုးစောင့်ဥပဒေ အမှန်တကယ် လိုအပ်တာပါ။ သာမန်လိုအပ်တာတောင် မဟုတ်ဘူး။ မရှိမဖြစ် လိုအပ်နေတာပါ။ ဒီဥပဒေပေါ်ပေါက်ဖို့ တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းကပါ။ ဦးဝီရသူရဲ့ အိပ်မက်လို့ ဆိုနိုင်ပါတယ်။

ဥပမာပြောမယ်။

ဥယျာဉ်လေးခုရှိတယ်။ အသေးလေးကတစ်ခု၊ အလတ်စားကနှစ်ခု၊ အကြီးကြီးကတစ်ခုပါ။
အသေးနှင့် အလတ်နှစ်ခုက ဝန်းနံရံရှိတယ်။ ခြံလုံတယ်။ အန္တရာယ်ကင်းတယ်။ ဥယျာဉ်အကြီးကြီးက ခြံခတ်မထားဘူး။ ဒါကြောင့် သဘာဝပန်းအလှတွေလည်း နေ့စဉ်နှင့်အမျှ အဖျက်ဆီးခံနေရတယ်။ အပြစ်မဲ့ သမင်းလေးတွေလည်း မျိုးသုဉ်းတော့မည့်အခြေအနေရောက်နေတယ်။
နှစ်ပေါင်းရာချီ ခြံမခတ်ဘဲ ရိုးရာမပျက် ဆက်ထားမှာလား....? စားပေါက်ပိတ်မှာ မလိုလားသူတွေရဲ့ မလိုလားမှုတွေကို ထည့်မတွက်ဘဲ ခြံခတ်မှာလား.....?

ဆက်ထားမြဲထားရင်တော့ ကိုယ့်ခြံဟာ သူများခြံဖြစ်သွားမှာနော်။ သဘာဝသယံဇာတတွေ အဖျက်ခံရမှာနော်။ အဖိုးတန်ရတနာလေးတွေ မျိုးသုဉ်းပျောက်ကွယ်သွားမှာနော်။
ဒါက ဥပမာကို ပြောပြတာပါ။

1954 ဥပဒေက ဘာသာခြားနှင့်ရတဲ့ အိမ်ရှင်မတွေရဲ့ အမွေဆက်ခံမှု အခွင့်အရေးကိုသာ အကာအကွယ်ပေးထားတာပါ။ လင်သေတဲ့အခါ မယား (ဗမာ/ဗုဒ္ဓ) အမွေခံစားခွင့်မရတာမျိုး မဖြစ်လေအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေသာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေကျတော့ ဗုဒ္ဓဘာသာယောင်ဆောင်ပြီး အယုံသွင်းခံရတာမျိုး၊ သက်ငယ်မိန်းကလေး တွေ မာယာကျော့ကွင်း အဆင်ခံရတာမျိုး၊ လူမသိ၊ သူမသိ ဘာသာကူးပြောင်း လိုက်ရတာမျိုး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတာမျိုး စတာတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေပါ။
ဗုဒ္ဓဘာသာအမျိုးသမီးများကို အကာအကွယ်ပေးမယ့် အလားတူ ဥပဒေမျိုးရှိပြီးသားလို့ ပြောတဲ့ ဦးကိုနီက အစ္စလာမ်ဘာသာဝင် မူဆလင် ရှေ့နေကြီးတစ်ယောက်ပါ။ NLD ရဲ့ ဥပဒေ အမှုဆောင် အကြံပေး အရာရှိကြီးပေါ့။

ဒီလိုလူတွေရဲ့ အကြံပြုချက်တွေကြောင့်ပဲ ချစ်သူကနေ ချဉ်သူဖြစ်မှာ စိုးရိမ်နေတာပါ။

ဦးပဉ္ဇင်းဝီရသူ (မစိုးရိမ်)
Wira Thu

ခင်ဝင့်ဝါ ရဲ့ ဓါတ်ပုံ Album

Posted by drmyochit Sunday, September 08, 2013, under | No comments






































ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးတစ်လျှောက် နေအိမ်အချို့ရေနစ်မြုပ်

Posted by drmyochit Sunday, September 08, 2013, under | No comments


သီပေါ၊ စက်တင်ဘာ ၈။

ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာမှုကြောင့် သီပေါမြို့ ကမ်းပါးတစ်လျှောက် နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သောကြောင့် ကမ်းပါးနံဘေး နေထိုင်သူများ မိမိတို့နှင့် နီးစပ်သည့် ဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း ၎င်းတို့က ပြောကြသည်။

“ရေတက်လာလို့ အိမ်အချို့ကိုယ့် အစီအစဉ်နဲ့ကိုယ် ဖျက်ထားကြရတယ်။ လောလောဆယ်တော့ နီးစပ်ရာအသိအိမ်၊ ဆွေမျိုးသားချင်း အိမ်တွေမှာပဲ နေနေကြရတယ်။ စားတော့လည်း ကိုယ့်အသိ အိမ်မှာပဲ ပေါင်းစားကြပေါ့”ဟု မြစ်ကမ်းပါးဘေးတွင် နေထိုင်သော မုံရွာမြို့မှ လာရောက်ဈေးရောင်းသည့် ဈေးသည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြစ်ရေမှာ အနည်းငယ်ပြန်လည်ကျဆင်းစ ပြုနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောကြသည်။ ရေနစ်မြုပ်သည့် ကမ်းပါးဘေး ရပ်ကွက်မှာ သီပေါမြို့ အတွင်းရှိ ဈေးရပ်ကွက်တွင် အဓိကဖြစ်ကြောင်း ဆုံးရှုံးမှု မရှိသေးကြောင်း သိရှိရသည်။

“ရေက (၈) ရက်နေ့ည (၁)နာရီကနေ စတက်လာတာ မနက်ကျတော့ ပိုဆိုးလာတယ်။ ပစ္စည်းတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြီးတော့ ထားလိုက်ရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေကတော့ သတိပေးတာမျိုးတွေ လုပ်နေပါတယ်”ဟု သီပေါဒေသခံတစ်ဦးမှ ပြောသည်။

ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာရခြင်းမှာ သီပေါအထက်ပိုင်း မြို့များဖြစ်သည့် လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူမြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းခြင်းကြောင့် ဖြစ်ကြောင်း နှစ်စဉ်ယခုကဲ့သို့ ရေတက်သော်လည်း ယခုလောက်ထိ ဆိုးရွားမှု မရှိဘဲ ယခုအကြိမ်မှာ တတိယအကြိမ် ရေမြင့်တက် လာခြင်းဖြစ်ကာ အနည်းငယ် ဆိုးရွားမှု ရှိလာကြောင်း သီပေါဒေသခံတစ်ဦးက ပြောသည်။

ရေပိုမိုတက်လာပါက အဆင်သင့် ရွှေ့ပြောင်းနိုင်ရန် စက်လှေများ၊ မီးသတ်တပ်ဖွဲ့များအား အသင့်အနေအထားဖြင့် စီစဉ်ပေးထားပြီ အလှည့်ကျ ကင်းချထားပါကြောင်း ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

သီပေါမြို့ ဒုဋ္ဌ၀တီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၆၀၀) သတ်မှတ်ထားပြီး လက်ရှိတွင် မြစ်ရေ၏ ရေအမှတ်မှာ (၄၀၀)တွင် ရောက်ရှိနေပြီဖြစ်ကြောင်း မိုးဆက်တိုက် ထပ်မံရွာသွန်းပါက စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း တာဝန်ရှိသူအချို့ထံမှ သိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age

လူပေါင်း ၄၂၉ ဦး၊ ကလေး ၄၂၆ ဦးသေတဲ့ ဆီးရီးယား သြဂုတ်လ လူသတ်မှု ဗွီဒီယို ထွက်ပေါ်..

Posted by drmyochit Sunday, September 08, 2013, under | No comments


ဒီနေ့ ထွက်ပေါ်လာတဲ့ ဆီးရီးယား အနိဌါရုံ ဗွီဒီယိုတစ်ခုကြောင့် အမေရိကန် သမ္မတ အိုဗားမား တစ်ယောက် မှင်တက်သွားတယ် လို့ ဒေးလီးမေးလ် သတင်းစာက ဖေါ်ပြတယ်။

ဒီ ဗီဒီယိုလေးဟာ အိုဗားမားအတွက် ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်ဖို့ ကွန်ဂရက်ကို တင်ပြမယ့် အထောက်အထား တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

ဗွီဒီယိုထဲမှာ ပါတာက လူပေါင်း ၁၄၂၉ ယောက်သေခဲ့ပြီး ကလေးငယ်ပေါင်း ၄၂၆ ယောက်ပါတဲ့ သြဂုတ်လအတွင်းက ဆီးရီးယား အစိုးရက ပြည်သူကို တိုက်ခိုက်တဲ့ အဆိပ် ဓါတုလက်နှက်ကြောင့် သေဆုံးခဲ့တဲ့ပြည်သူတွေရဲ့ ပုံတွေဖြစ်ပါတယ်။

အခန်းတစ်ခုလုံးပြည့်နေတဲ့ ကလေးငယ် အလောင်းတွေဟာ အိုဗားမားအတွက် အံ့သြ မှင်တက်ခ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အိုဗားမားဟာ သူကိုယ်တိုင် စစ်တပ်ကို တိုက်ရိုက် အမိန့်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်ပေမယ့် ဆီးရီးယားကို စစ်တိုက်ဖို့ ကိစ္စနဲ့ပါတ်သက်ပြီး နောက်တွန့်နေခဲ့သူ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် မမှားရအောင်နဲ့ ပြည်သူလူထု ထောက်ခံချက် ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီးနိတ်မှာ မဲပေးဖို့ ပြုလုပ်ထားပါတယ်။

မီဒီယာတွေရဲ့ ကြိုတင် ခန့်မှန်း စစ်တမ်းကောက်ချက်အရ ဆီးနိတ်ဟာ ဆီးရီးယားကို စစ်တိုက်ဖို့အတွက် ထောက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြည်သူကို သတ်တဲ့ အာဏာရှင်တို့ သက်ဆိုးရှည်နေအုံးမှာလား....

(ဇော်လွင်ဝင်း)

ဗွီဒီယို ကြည့်လိုသူများအနေနဲ့ သတိပြုသင့်ပါတယ်။... ရုတ်ရင်း ကြမ်းတမ်းတဲ့ ပုံတွေ ပါတယ်ဆိုတာ ကြိုတင် သတိပေးလိုပါတယ်။ အောက်ပါလင့်မှာ ကြည့်ပါ...

http://www.dailymail.co.uk/news/article-2415192/Obamas-shocking-case-striking-Syria-Gruesome-series-videos-taken-aftermath-gas-attacks-White-House-using-persuade-Senators-Congressmen-US-air-strikes.html

Posted From Zaw Lwin Win

မယ်ရွေးပွဲကို ဂျကာတာ ကနေ ဘာလီမှာ ပြောင်းကျင်းပမယ်

Posted by drmyochit Sunday, September 08, 2013, under | No comments

Miss Universe ရွေးပွဲတခုက မြင်ကွင်း
အခုနှစ် မယ်စကြဝဠာ ရွေးပွဲ ဗိုလ်လုပွဲကို အင်ဒို နီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ မူလက စီစဉ် ထားခဲ့ ပေမယ့် ဆန့်ကျင် ဆန္ဒပြမှုတွေ အများ အပြား ဖြစ်ခဲ့ပြီးတဲ့နောက် မြို့တော် ကနေ အလှမ်းဝေး တဲ့ ဘာလီမှာ ကျင်းပမယ်လို့ ပြောပါတယ်။

မွတ်ဆလင် နိုင်ငံ တော်တော် များများက ဆန္ဒပြသူတွေက တနင်္ဂနွေနေ့မှာ စတင် ကျင်းပမယ့် မယ်စကြဝဠာ ရွေးပွဲကို အစ္စလာမ် ဘာသာနဲ့ ကိုက်ညီမှု မရှိတဲ့ ပွဲလို့ ယုံကြည် ယူဆ ကြတာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ အမှတ် တံဆိပ် အမျိုးသမီး ရေကူး ဝတ်စုံနဲ့ပုံ ကိုလည်း အဖော် အချွတ်နည်းတဲ့ လုံခြည်နဲ့ ပုံကို ပြောင်းပေးဖို့ ပွဲစီစဉ် ကျင်းပသူတွေက ကတိပေး ခဲ့ကြရ ပါတယ်။

ဖွင့်ပွဲကို ဟိန္ဒူ လူမျိုး အများစု နေထိုင်ရာ ဘာလီမှာ ကျင်းပတော့မှာ ဖြစ်ပြီး သီတင်းသုံးပတ် ကြာမြင့် မယ်လို့ သိရပါတယ်။

From: BBC

မှုခင်းရေရာ ကိစ္စများတွင် ၎င်းတို့စားရိတ်များစိုက်ထုတ်၍ ဆောင်ရွက်နေရဟု ရဲတပ်ဖွဲ့ဝင်များဆို

Posted by drmyochit Sunday, September 08, 2013, under | No comments



သီပေါ၊ စက်တင်ဘာ ၈။

ရဲတပ်ဖွဲ့ဝင်များသည် အချုပ်သားမျာအား တရားဥပဒေ အကြောင်းအရ တရားစွဲဆိုနိုင်ရန် တရားရုံးသို့ ပို့ဆောင်ရာတွင်ဖြစ်စေ၊ သက်သေခံချက်ယူရာတွင်ဖြစ်စေ၊ ကိုယ့်စရိတ်ဖြင့်ကိုယ်သာ သွားလာရပြီး အဓိကတာဝန် ထမ်းဆောင်နေရသော ဒုရဲအုပ်များ အနေဖြင့်လည်း သတင်းအရ ဖမ်းဆီးခြင်း၊ ပြစ်မှုကျူးလွန်သူအားမိလျှင် ခရိုင်မြို့သို့ ပို့ဆောင်ရခြင်းတို့အတွက် သွားလာစရိတ်များ မရရှိကြကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“လစာအနေနဲ့ကတော့ ကျတော်တို့ ဒုရဲအုပ်တစ်ဦးကို နိုင်ငံတော်က လစာအနေနဲ့ သတ်မှတ် ပေးထားတာက ( ၈ ) သောင်းခွဲပါ။ ထောက်ပံ့ကြေး (၃) သောင်းနဲ့ဆိုရင် (၁) သိန်း (၁)သောင်း ရပါတယ်။
ဒီနေရာမှာ တရားခံမိတဲ့အမှုမျိုး (၁)လကို (၅)မှုလောက်ရရင် လစာလေးတွေက ပြောင်ရောပဲဗျ”ဟု ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက ရှင်းပြသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးထားသည့် ကာလတစ်လျှောက်နှင့် တရားရုံးမှ ပြစ်မှုတစ်စုံတစ်ရာ မချမချင်း အဆိုပါ အချုပ်သားအတွက် စားစရိတ် (၄၈၂) ကျပ်သာလျှင် ချထားပေးပြီး တရားရုံးသို့ ပို့ဆောင်သည့်စရိတ်များ၊ အချုပ်သားအတွက် လိုအပ်သည့် ကုန်ကျစရိတ်များအား အမှုတာဝန်ယူရသော အမှုစစ် IO မှသာ စရိတ်စကများ ကျခံရကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

“ဒီ့ပြင်ဌာနတွေက အသုံးစရိတ်အနေနဲ့ ပြန်တင်လို့ရတာမျိုး ရှိတယ်။ ကျတော်တို့မှာ မရပါဘူး။ မိတ္တူစာရွက်စာတမ်း၊ ဓာတ်ပုံထုတ်ခတွေ မပါသေးပါဘူး။ တကယ်တမ်း ရဲတပ်ဖွဲ့ဝင်တွေကို လာဘ်စားတယ် လို့ပြောတယ်။ ကျွန်တော်တို့တွေရဲ့ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့လည်း ဘယ်သူ့ဆီကမှ မျက်နှာငယ်ခံပြီးတော့ လာဘ်စားတဲ့အလုပ်၊ အဂတိလိုက်စားတဲ့အလုပ် မလုပ်ချင်ကြပါဘူးဗျာ”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦးဖြစ်သူက ပြောသည်။

ဖမ်းဆီးရမိသော အချုပ်သားအတွက် နယ်မြို့များမှ ခရိုင်မြို့များသို့ သွားရောက်ဆောင်ရွက်ရကြောင်း ဥပဒေကိစ္စအတွက် ဥပဒေအကြံ တောင်းယူရာတွင် (၂) ရက်ခန့် ကြာမြင့်တတ်ကြောင်း တရားရုံးသို့ သက်သေခံရန် လိုအပ်ပါကလည်း သက်သေခံသွားရကြောင်း အသက်မပြည့်သေးသည့် အချုပ်သားမျိုး ဖြစ်ပါက မန္တလေးအထိ ပို့ဆောင်ပေးရကြောင်း ထိုစရိတ်များမှာ အမှုစစ်များ၏ တာဝန်ပင်ဖြစ်ကာ ကိုယ့်စရိတ်နှင့်ကိုယ် သွားလာရကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

ယင်းသို့ စားရိတ်များ ကုန်ကျသည့်အတွက် လစာနှင့် မလောက်ငှသဖြင့် မိမိနှင့် နီးစပ်သူများထံမှ အကူအညီတောင်းခံရကြောင်း ထိုကိစ္စများအတွက် ရဲတပ်ဖွဲ့ဝင်များ၏ အခက်အခဲများကို လွှတ်တော်တွင် တင်ပြပေးမည့်သူများ မရှိပါကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

၎င်းသို့ လိုအပ်ချက်များအား နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါက အဂတိလိုက်စားမှုများ ထိုက်သင့်သလောက် ပပျောက်သွားမည်ဖြစ်ကာ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများမှ
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတွင်းရှိ နယ်မြို့များ၊ ခရိုင်မြို့များတွင် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ရရှိနေသော ရဲတပ်ဖွဲ့ဝင်များ၏ လစာများမှာ ရဲတပ်သားတစ်ဦးလျှင် (၅) သောင်းကျပ်၊ ဒုတပ်ကြပ်တစ်ဦးလျှင် (၆)သောင်း (၁)ထောင်ကျပ်၊ တပ်ကြပ်တစ်ဦးလျှင် (၆)သောင်း (၇)ထောင်ကျပ်၊ ဒုရဲအုပ်တစ်ဦးလျှင် (၈)သောင်း (၅)ထောင်ကျပ်၊ ရဲအုပ်တစ်ဦးလျှင် (၉)သောင်းကျပ် အသီးသီးရရှိကြကြောင်း ထို့အပြင် နိုင်ငံတော်မှ ထောက်ပံ့ငွေကြေးအဖြင့် ကျပ် (၃)သောင်းဆီ တစ်ပြေးညီထောက်ပံ့ပေးထားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်

Miss Internetဆုရ မြန်မာ့ဂုဏ်ဆောင် ခင်ဝင့်ဝါကို သောင်းသောင်းဖြဖြကြို

Posted by drmyochit Sunday, September 08, 2013, under | No comments



Miss Supranational Myanmar ခင်ဝင့်ဝါ သည် အမိမြန်မာပြည်သို့ ဆုများသယ်ဆောင်ကာယနေ့ စက်တင်ဘာ(၈) ရက်နေ့ နေ့ လည်၁၂း၃၀နာရီမှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ုပြန်လည်ရောက်ရှိ လာခဲ့ရာကြိုဆိုကြသူများသောင်းသောင်းဖြဖြရှိခဲ့သည်။

Miss Supranational 2013ပြိုင်ပွဲသည်ကမ္ဘာတတိယအကြီးမားဆုံးနိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီး
ဖြစ်ပြီး Miss Supranational Myanmarခင်ဝင့်ဝါ ရဲ့ ပြိုင်ပွဲ ကာလ တလျှောက်ကမ္ဘာ တစ်ဝှမ်း ကမြန်မာ ပရိသတ်များ ကအွန်လိုင်းမှတခဲနက်အားပေးခဲ့မူကြောင့်Miss Internetဆုရကိုရရှိခဲ့သလိုMost Beautiful Girl in the World, People Choice Award နှင့်Face of Miss Supranational ဆုတို့ ကိုပါရရှိခဲ့သည်။

(ခင်ဝင့်ဝါမှာနိုင်ငံတကာပြိုင်ပွဲတွင်ဒုတိယမြောက် Miss Internet ဆုရမယ်မြန်မာဖြစ်ခဲ့ သလို နိုင်ငံ တကာပြိုင်ပွဲ ဆန်ကာ တ င်လက်ရွေးစင်Finalist စာရင်းဝင် မြန်မာနိုင်ငံ၏ ပထမဆုံးအလှမယ် ဖြစ်လာခဲ့ သည်။)ယင်းသို့ အမိမြေ အတွက်ဂုဏ်ယူဖွယ်ဆုများ ဆွတ်ခူး ရယူလာခဲ့သူမြန်မာ့ ဂုဏ်ဆောင်အ လှမယ်လေး နဲ့ အတူအင်တာနက်မှတစ်ဆင့်အားပေးခဲ့ကြသူပရိသတ်များပျော်ရွှင်ကြည်နူးဖွယ်ဆုံတွေ့ မူလည်းဖြစ်သည့် အတွက်မင်္ဂလာရှိသောပုံရိပ်များအဖြစ်ပေါ်ပြူလာကဂုဏ်ယူစွာတင်ဆက်လိုက်ရပါသည်။

ဓါတ်ပုံ-အောင်ဇော်မင်း
Popular Journal

AKSketch v15.0 For Win Xp/7/8 x64&x86 64MB

Posted by drmyochit Sunday, September 08, 2013, under | No comments


ဓာတ်ပုံတွေကို ကာလာပန်းချီ ခဲခြစ်ပန်းချီ ဆေးရေးပန်းချီ အဖြစ်ပြောင်းချင်တဲ့
သူငယ်ချင်းတွေအတွက်ပါ မိမိစွမ်းသလို ထပ်ပြီးတော့ လုပ်ဆောင်နိုင်ပါသေးတယ်
လုပ်ဆောင်ချက်တွေလည်းလွယ်ပါတယ် အသုံးပြုမယ်ဆို အောက်မှာရယူနိုင်ပါတယ်

Dwonload x86 (or) 32b>>>>mirrorcreator (or)zippyshare

Download x64 >>>> mirrorcreator (or)zippyshare

သူမှာက လိုင်စင်မပါဘူး ရက်ပြည့်တဲ့အခါ Trial Reset ကိုအသုံးပြုပါ
AKVISTrialReset ကိုကလစ်နှစ်ချက်ပေးလိုက်ရင် အဆင်ပြေပါပြီ

အမျိုးသမီးများ မုဒိန်းကျင့်ခံရမှုမှ ကင်းဝေးစေဖို့ မှတ်စရာများ

Posted by drmyochit Sunday, September 08, 2013, under | No comments


မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင...်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊

ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့
ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။

အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။

သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။

အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ

ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။

အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။

မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။

အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။


သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊

အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။

နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။

အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..

(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )

(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။

( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။

အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။

ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။

ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။

သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။

ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။

ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

Birth control pills for emergency contraception ပုံမှန် တားဆေးကို အရေးပေါ် အသုံးချနည်း

Posted by drmyochit Sunday, September 08, 2013, under | No comments


သမီးတို့ချစ်သူ ၂ ယောက်ဟာ ရာသီလာပြီး ၁၄ ရက်အတိမှာ မရည်ရွယ်ဘဲနေမိပါတယ်ရှင်။ သမီးဆီမှာ Morning after pills ကလဲဝယ်ဖို့ မလွယ်ပါဘူး။ အဲဒါနဲ့ Marvelon 28 ကဒ်ထဲက ပထမဆုံး ၄ လုံးကို သောက်ပါတယ်။ နောက် ၁၂ နာရီ ခြားပြီး နောက်ထပ် ၄ လုံးကို ဆက်သောက်ခဲ့ပါတယ်။ နောက်နေ့တွေ မှာတော့ ကျန်တဲ့ ၉ ကနေဆက်ပြီး သောက်ပါတယ်။ မလိုလားလိုလား မကျိန်းသေတဲ့အတွက် ဆက် သောက်ပါတယ်။ အခုဒီနေ့ဆိုရင် သမီးမှာ ၂၈ ရက်ဖြစ်လို့ လာခါနီးဖြစ်နေပါပြီ။ ကိုယ်ဝန်ရှိမှာ စိတ်ပူနေရတဲ့ အတွက် သောက်လိုက်တဲ့ဆေးနည်းဟာ မှန်မမှန် သိပါရစေ။ % ဘယ်လောက် ကာကွယ်နိုင်ခဲ့တယ် ဆိုတာလဲ သိပါရစေ။

တနေ့ ၁လုံး၊ တလ ၂၈ လုံး သောက်ရတဲ့ အများဆုံးသုံး ကိုယ်ဝန်တားစားဆေးတချို့တွေကို အရေးပေါ် တားဆေး အနေနဲ့ သုံးနိုင်ပါတယ်။ အားလုံးမဟုတ်ပါ။ Levonorgestrel ပါတာမျိုးကိုမှ အဲလို အရေးပေါ် အနေနဲ့သုံးနေခဲ့တာ ၁၉၇ဝ ကျော် ကတည်းက ဖြစ်ပါတယ်။ ဆေးအတူတူပါတဲ့ Morning after pill ဆေး လောက်တော့ မထိရောက်လှဘူး။

အမေရိကားမှာ အရေးပေါ်တားဆေးတွေထဲက Ella (Ulipristal acetate) ဆေးကို ဆရာဝန်လက် မှတ်နဲ့ သာ ရောင်းတယ်။ Plan B One-Step, Next Choice One Dose, Next Choice and Levonorgestrel Tablets (progestin) တွေကို အသက် ၁၇ နှစ်ကျော်သူ ကျား-မ ဘယ်သူမဆို ဝယ်လို့ရတယ်။ နေ့တိုင်း သောက်ရတဲ့ တားဆေးတွေထဲမှာ Progestin နဲ့ Estrogen တွေပါတယ်။ Marvelon ဆေးထဲမှာ Ethinyl-estradiol နဲ့ Desogestrel ပါတယ်။

အရေးပေါ်ဆိုတာ မရည်ရွယ်ဘဲ အတူနေမိတဲ့နောက် ကိုယ်ဝန်မရချင်ရင် ၁၂ဝ နာရီအတွင်း သောက်ရတဲ့ ဆေးဖြစ်တယ်။ Plan B One-Step နဲ့ Next Choice လိုမျိုး Levonorgestrel ပါတာဆိုရင် တခါတည်း သောက်လို့ရတယ်။ ပုံမှန်တားဆေးကို အရေးပေါ်သုံးရင် ကျန်တဲ့ဆေးအပိုကို မသောက်ပါနဲ့။ မထူးပါ။ ဘေးထွက်-ဆိုးကျိုးသာ ပိုခံစားရမယ်။

Progestin-only pills အရေးပေါ်တားဆေး

ဆေးနာမည် ချက်ချင်းသောက်ရန် နောက် ၁၂ နာရီမှာ သောက်ရန်
Ella -
Next Choice -
Plan B -
Plan B One Step -

Combined progestin and estrogen pills ပုံမှန်တားဆေး
ဆေးနာမည် ချက်ချင်းသောက်ရန် နောက် ၁၂ နာရီမှာ သောက်ရန်
Alesse
Aviane
Cryselle
Enpresse
Jolessa
Lessina
Levlen
Levlite
Levora
Lo/Ovral
LoSeasonique
Low-Ogestrel
Lutera
Lybrel
Nordette
Ogestrel
Ovral
Portia
Quasense
Seasonale
Seasonique
Sronyx
Triphasil
Tri-Levlen
Trivora

Emergency Contraception (2) အရေးပေါ်တားဆေးများ (၂) ကို ဆက်လက်ဖတ်ရှုရန်

ဒေါက်တာတင့်ဆွေ

အချိန်လေး တစ်မိနစ်ခွဲလောက် ပေးပြီး ဖတ်ကြည့်ပါ

Posted by drmyochit Sunday, September 08, 2013, under | No comments



တစ်ခါတုန်းက လူတစ်ယောက်မှာ မိန်းမလေးယောက် ရှိတယ်။ သူက မိန်းမလေးယောက်မှာ စတုတ္ထ မြောက် မိန်းမကို အချစ်ဆုံးပေါ့။ သူ့ကို အစစအရာရာလဲ ဂရုစိုက်တယ် အရမ်းလည်းတွယ်တာတယ်။

သူပြီးရင်တော့ တတိယမြောက် မိန်းမကို အချစ်ဆုံးပေါ့။ တတိယမြောက်မိန်းမက လှပကျော့ရှင်းတော့ သူ့မိတ်တွေ အပေါင်းအသင်းတွေ ရှေ့မှာရော ပွဲလမ်းသဘင်တွေမှာရော မကြာခဏ ခေါ်သွားလေ့ရှိတယ်။

ဒုတိယမြောက် မိန်းမကိုတော့ ဟိုနှစ်ယောက်ကို ချစ်သလို မချစ်ပေမယ့် အားကိုးတယ်။ ပြသနာတစ်ခုခု ကြုံတိုင်း သူနဲ့တိုင်ပင်တယ်။ သူကလည်း အကူအညီပေးတယ်။

ဒါပေမယ့် ပထမမြောက်မိန်းမကိုတော့ သူကလုံးဝမချစ်ဘူးတဲ့။ သူကမချစ်တာတောင် ပထမမြောက်မိန်းမ ကတော့ သူ့ကိုကောင်းရှာတယ်။ ဂရုလဲစိုက်တယ်။

အဲလိုနဲ့ တစ်နေ့မှာ အဲဒီလူကြီး နေမကောင်းဖြစ်ရော။ သူ့ကိုသူ သေရတော့မယ်လို့ သိလိုက်တဲ့ အချိန်မှာ သူ့မိန်းမလေးယောက်ကို ခေါ်လိုက်တယ်။ ပြီးတော့ စတုတ္ထမြောက်မိန်းမကို မေးတယ် ''ငါသေရင် မင်းငါနဲ့ အတူ လိုက်သေနိုင်မလားပေါ့ '' အဲဒီလိုမေးတဲ့အခါ စတုတ္ထမြောက် မိန်းမက ငြင်းလိုက်တယ်။ သူလိုက် မသေ ပေးနိုင်ပါဘူးတဲ့။

အဲဒါနဲ့ တတိယမြောက် မိန်းမကိုမေးတယ်။ တတိယမြောက် မိန်းမကပိုတောင်ဆိုးသေးတယ်။ ရှင်သေရင် ကျွန်မက နောက်တစ်ယောက်
ထပ်ယူမှာတဲ့။

ဒုတိယမြောက် မိန်းမကိုလဲမေးပြန်တယ်။ ဒုတိယမြောက် မိန်းမကတော့
ဒီလိုပြောတယ်။ ရှင်နဲ့အတူတူ မသေပေးနိုင်ပေမယ့် ရှင့်အုတ်ဂူမှာ ပန်းစည်းလေး လာချပေးမှာပါတဲ့။ ရှင့် အတွက်လဲ ဆုတောင်းပေးမှာပါတဲ့။

ဒီလိုနဲ့ နောက်ဆုံးတော့ ပထမမြောက် မိန်းမပဲကျန်တော့တာပေါ့ ။ အဲဒါကြောင့် ပထမမြောက်မိန်းမ ကိုမေးတော့ သူကတစ်ခြားမိန်းမတွေနဲ့ မတူဘူး ဒီလိုဖြေတယ်။ ကျွန်မက ရှင့်နဲ့အမြဲတမ်း အတူတူရှိနေ မှာပါတဲ့။ ရှင်ဘယ်သွားသွား ကျွန်မလိုက်ခဲ့မှာပါတဲ့။

တကယ်တော့ ကျွန်တော်တို့လူသားတွေမှာလည်း ပုံပြင်ထဲကလူကြီးလို ဇနီးလေးယောက်ရှိပါတယ်။

စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်ပါ။ ကျွန်တော်တို့ သူ့ကိုဘယ်လောက်ချစ်ချစ် အချိန် တန်တော့လဲ ထားခဲ့ရတာပါပဲ။

တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုစည်းစိမ်ဥစ္စာတွေပေါ့။
ကျွန်တော်တို့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပါစေ။ ကျွန်တော်တို့ မရှိတော့ရင် အဲဒီပစ္စည်းဥစ္စာတွေဟာ တစ်ခြားသူလက်ထဲပဲ ရောက်သွားမှာပါ။

ဒုတိယမြောက် ဇနီးကတော့ မိသားစုပေါ့။ ဘယ်လောက်ပဲ ကိုယ့်မိသားစုကို သံယောဇဉ်ရှိပါတယ်ပြောပြော ကျွန်တော်တို့ သေသွားတဲ့အချိန်မှာ သူတို့က လွမ်းဆွတ်တမ်းတပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်း ပေးရုံကလွဲလို့ ကျန်တာ မတတ်နိုင်ပါဘူး။

ပထမမြောက် ဇနီးကမှ ကျွန်တော်တို့သေရင် ကျွန်တော်တို့နောက်ကို ထပ်ကြပ်မကွာ လိုက်လာမယ့် ကျွန် တော်တို့ အသက်ရှင်နေတဲ့ အချိန်မှာ ပြုလုပ်ခဲတဲ့ ကောင်းမှု /မကောင်းမှု / ကုသိုလ် ကံ / အကုသိုလ် ကံ တွေပေါ့ ဗျာ............။

ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့ မှ ဘာသာပြန် တင်ဆက်သည်။

မော်ဒယ်လ်အဖြစ် လုပ်ကိုင်လိုသူများအတွက် သတင်းကောင်း

Posted by drmyochit Sunday, September 08, 2013, under | No comments

GTR Media Co.,Ltd မှ မော်ဒယ်လ်လုပ်ကိုင်ရန်စိတ်ဝင်စားသူများ နှင့် တက်သစ်စမော်ဒယ်လ် များစွာ အလိုရှိပါသည်။

လာရောက်လျှောက်ထားသော မော်ဒယ်လ်များစွာထဲမှ သတ်မှတ်အရည်အချင်းကိုက်ညီသော မော်ဒယ်လ် များကို GTR Media Co.,Ltd မှ ပင်တိုင်မော်ဒယ်လ်များအဖြစ် ထားရှိသွားမှာဖြစ်ပြီး မဂ္ဂဇင်းကာဗာများ ၊ ပွဲများ အပြင် အခြားများစွာသော အစီအစဉ်များအတွက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။

(မော်ဒယ်လ်လုံးဝမလုပ်ဖူးသေးသည့်မော်ဒယ်လ်များနှင့် တက်သစ်စ မော်ဒယ်လ်များကို ဦးစားပေးရွေး ချယ်သွားပါမည်)

စိတ်ဝင်စားသူများအနေဖြင့် gtrcarmagazine@gmail.com သို့ အလှဓာတ်ပုံ များ ပေးပို့ နိုင်ပါသည်။
GTR Car Journal Page သို့ လည်း message ပေးပို့ နိုင်ပါသည်။

CNN က ညွှန်းဆိုသည့် အကောင်းဆုံး မြန်မာ့အစားအစာ ၁၀ မျိုး

Posted by drmyochit Sunday, September 08, 2013, under | No comments


မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မပျက်မကွက် မြည်းစမ်း သင့်သည့် အစားအစာ (၁၀)မျိုးကို CNNသတင်းဌာနမှ အော်စတင်ဘုရှ်က စိတ်ဝင်စားဖွယ် ဖော်ပြ ထားသည့် လမ်းညွှန်မှုကို ဖော်ပြအပ်ပါသည်။

လက်ဖက်သုပ်

မြန်မာ့အစားအစာတွေထဲမှာ ဂုဏ်သတင်း အကျော်ဇောဆုံးကတော့ လက်ဖက် ဖြစ်နိုင်ပါတယ်။ လက်ဖက်ပ င်က အရွက်ကို အချဉ်ဖောက်ထားတာပါ။ အဲဒီအရွက်ကို ဒီအတိုင်းလည်း စားကြတယ်။ အချိုတည်းသလို ပုံစံပေါ့။ လက်ဖက်သုပ်ကတော့ လက်ဖက်ရွက်လေးတွေကို အသုပ်ပုံစံမျိုး ဖန်တီးထားတာပါ။ လက်ဖက်သုပ်အတွက် ချဉ်ပြီး နည်းနည်းခါးတဲ့ အရွက်လေးတွေကို ပါးပါးလှီးထားတဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးကွင်းကြီးတွေ၊ ပဲခြမ်းကြော်ရွရွ၊ မြေပဲ၊ ပဲလုံး၊ ဆီချက်၊ ခပ်စပ်စပ် ငရုတ်သီးတွေအပြင် ကြက်သွန်နဲ့ပါ ရောပြီး နယ်ရပါတယ်။ တကယ့်ကို ဘက်စုံပြည့်ဝတဲ့ အစားအစာပါ။ ဒါကို သရေစာ အဖြစ်လည်း စားနိုင်တယ်။ ထမင်းနဲ့တွဲပြီး ဟင်းအနေနဲ့ စားလို့လည်း ရတာပဲ။ မြန်မာနိုင်ငံမှာတော့ လက်ဖက်သုပ်ဟာ အာရုံနိုးကြားစေတဲ့ ဆေးဝါးလည်း ဖြစ်ပြန်တယ်။ လက်ဖက်များများစားရင် အိပ်မပျော်ဘူးလို့ မြန်မာလူမျိုး တော်တော်များများက ပြောကြတယ်လေ။

ရှမ်းထမင်း

ငါးထမင်းလို့လည်း ခေါ်ကြတယ်။ မြန်မာနိုင်ငံရဲ့ အရေအတွက် အများဆုံး ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်တဲ့ ရှမ်းတွေက တီထွင်ထားတာပါ။ ထမင်းကို နနွင်းထည့်ချက်ပြီး ပျော့အောင်နယ်လိုက်တယ်။ ပြီးတော့ ရေချိုငါး အသားလွှာလေးတွေနဲ့ ကြက်သွန်ဖြူ ဆီချက်ကို တင်ထားလိုက်တာပါ။ ဆီရွှဲရွှဲနဲ့ အနံ့လေးက မွှေးနေတာပဲ။ ကြက်သွန်မြိတ်လေးတွေပါ ထည့်ပြီး ပြင်ဆင်လေ့ရှိတယ်။ ကြက်သွန်ဖြူ အစိမ်းရယ်၊ ဝက်ခေါက်ကြော်ရယ်ပါ ထပ်ပေါင်းလိုက်ရင်တော့ ငါးထမင်းရဲ့ အရသာက တစ်မျိုးတစ်ဘာသာ အပြောင်းအလဲလေး ဖြစ်လာမှာပေါ့။

မြန်မာထမင်းဟင်း

မြန်မာထမင်းဟင်း ရောင်းတဲ့ဆိုင် တစ်ခုကို သွားမယ်ဆိုရင် အစားအသောက် ကိစ္စအတွက်တင် မကဘူး၊ အချက်အပြုတ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံသစ်တွေပါ ရနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဟင်းဆိုတဲ့ စကားလုံးက ထမင်းပွဲ အလယ်က အဓိက ဟင်းခွက်တွေကို ဆိုလိုတာပါ။ အများအားဖြင့်တော့ အသားဟင်းတွေ၊ ဝက်သား၊ ငါး၊ ဆိတ်သား၊ အမဲသား၊ ပုစွန်တို့ပေါ့လေ။ ဟင်းမှာပြီးရင်တော့ မဆုံးနိုင်လောက်ဘူးလို့တောင် ထင်ရလောက်အောင် အရန်ဟင်းခွက်တွေ လာချပေးပါလိမ့်မယ်။ ထမင်းပါမယ်ဗျာ။ ဖွယ်ဖွယ်ရာရာ အသုပ်ကလေးလည်း ပါလိမ့်မယ်။ ပန်းကန်သေးသေးလေးနဲ့ ထည့်ထားတတ်တဲ့ အသီးအရွက်ကြော်ရယ်၊ စွပ်ပြုတ်ပန်းကန်လုံး အသေးလေးရယ်လည်း ပါဦးမှာ။ ပြီးတော့ ဟင်းသီးဟင်းရွက်တွေက တို့စရာအဖြစ် ရောက်လာဦးမယ်။ နောက်ပြီး ငါးပိရည်ဆိုတာ ရှိသေးတယ်ဗျ။ ငါးအသား တော်တော်လေး ကဲထားတဲ့ ဖျော်ရည်တစ်မျိုးပေါ့။ ဗာလချောင်ကြော် ဆိုတာကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ပုစွန်ခြောက်လေးတွေရယ်ကို ဆီနဲ့ရောကြော်ပြီး အခြောက်ခံထားတဲ့ ခပ်စပ်စပ် အကြော်မျိုးပါ။ မွတ်ဆလင်ဆိုင်တွေမှာ သုံးတဲ့ ဟင်းရည်ကတော့ ပဲနီလေးရယ်၊ အသီးအရွယ်တွေရယ် ပါတယ်။ မုန့်ကြွပ်လေးတွေလည်း ပါတတ်တယ်။ အားလုံး စုံစုံညီညီ ဖြစ်ပြီ ဆိုရင်တော့ ခင်ဗျားအနေနဲ့ စားပွဲပေါ်က ဟင်းပွဲတွေကို တွေ့ရလိမ့်မယ်။ မြန်မာ့အစားအစာရဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဆင်အပြင်ကို သေချာ မြင်ခွင့်ရမယ်။ ခင်ဗျား စားသောက်ပြီးပြီ ဆိုရင်တော့ မြန်မာ့ရိုးရာ စားစရာ တစ်ခုခုကို အချိုတည်းခွင့် ရမှာပါ။ လက်ဖက်နှပ်နဲ့ မြေပဲကို လင်ပန်းလေးနဲ့ ထည့်ထားတာမျိုး၊ ဒါမှမဟုတ်လည်း ထန်းလျက်ပုလင်းပေါ့လေ။

လက်ဖက်ရည်ဆိုင်မုန့်များ

မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေက နွားနို့ကဲထားတဲ့ လက်ဖက်ရည်ချို ခွက်သေးသေးလေးတွေကို တစ်ငုံချင်း အရသာခံ သောက်ရုံအတွက် သင့်တော်တဲ့ နေရာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ချက်ပြုတ်နည်း အမျိုးမျိုးကို ထိတွေ့နိုင်တဲ့ ဆိုင်လေးတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လက်ဖက်ရည်ဆိုင်က အစားအသောက်တွေက ဆိုင်ပိုင်ရှင်ဟာ ဘာတိုင်းရင်းသား ဖြစ်သလဲ ဆိုတာမျိုးကိုတောင် ထင်ဟပ်စေတတ်ပါတယ်။ ဒေသခံ ဗမာလူမျိုးတွေ ဖွင့်တဲ့ဆိုင်မျိုးတွေမှာ ရိုးရာ ခေါက်ဆွဲသုပ်၊ ဒါမှမဟုတ် ထမင်းသုပ်တို့ကို မြည်းစမ်းသင့်တယ်။ အိန္ဒိယသားတွေ၊ မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်မျိုးကျတော့ အရှေ့တောင်အာရှဟန် နည်းနည်းလွှမ်းတယ်။ စမူဆာတို့ ပူရီတို့လို အမွှေးအကြိုင် ထည့်ထားတဲ့ အကြော်အလှော်လေးတွေ ရှိတယ်။ ပူရီဆိုတာက ဂျုံသားကို ကြော်ပြီး အာလူးဟင်းနဲ့ စားရတာပါ။ နံပြားဆိုတာလည်း ရှိသေးတယ်။ အဲဒါက ဂျုံသားကို ပြားအောင်လုပ်ပြီး မီးဖုတ်ထားတာလေ။ အဲဒီဆိုင်တွေမှာ အရှေ့တောင်အာရှက တခြားအစားအသောက်တွေလည်း ရတတ်ပါသေးတယ်။ တရုတ်တွေပိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေကျတော့ ပေါက်စီတို့၊ ဒင်မ်ဆမ်းနဲ့တူတဲ့ အစားအသောက်တို့ကို တင်ဆက်တတ်ကြပြန်ရော။

မြန်မာ့ရိုးရာမုန့်ချိုများ

အနောက်နိုင်ငံတွေက အချိုစာတွေနဲ့ မတူတဲ့ တစ်ချက်က မြန်မာတွေက အဲဒါတွေ အားလုံးကို မုန့်ဆိုတဲ့ အသုံးအနှုန်းနဲ့ ခြုံငုံပြီး ခေါ်ဝေါ်လေ့ရှိတာပါ။ များသောအားဖြင့် အချိုပွဲအဖြစ် သိပ်မသုံးကြဘူး။ သရေစာ အနေနဲ့ အဓိက စားသောက်တတ်ကြပါတယ်။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ လက်ဖက်ရည်လေးနဲ့ ကျိုက်နေတတ်ကြတယ်။ တခြားအရှေ့တောင် အာရှနိုင်ငံတွေက အချိုစာတွေနဲ့ မတူတာက မုန့်တိုင်းက အမြဲတမ်း သကြားထည့်တာမျိုး မရှိတာပါ။ မုန့်တွေရဲ့ အချိုဓာတ်ကို ခြစ်ထားတဲ့ အုန်းသီးတို့၊ အုန်းနို့တို့ကနေလည်း ယူတတ်တယ်။ ဆန်မှုန့်၊ ဆန်ခပ်စေးစေးနဲ့ ချက်ထားတဲ့ ထမင်း၊ ပီလောပီနံ၊ အသီးအနှံတွေကနေလည်း ရလာတာပါပဲ။ လူသိများတဲ့ မြန်မာ့ အချိုစာတွေထဲမှာ ဆနွင်းမကင်းလည်း ပါတယ်။ ရွှေချီမှုန့်ထည့်ပြီး အုန်းနို့နဲ့ထိုးထားတဲ့ အတုံးလေးတွေပါ။ ဘိန်းမုန့်တို့ မုန့်ပစ်သလက်တို့လည်း ရှိသေးသဗျ။ မြန်မာ့ဟန် မြန်မာ့အမူအယာနဲ့ မုန့်အိုးကင်းကြော်တွေပေါ့ဗျ။ ချိုအောင်လည်း လုပ်လို့ရတယ်၊ ဟင်းခတ် အမွှေးအကြိုင် များများလေး ကဲအောင်လည်း လုပ်လို့ရတယ်။ ဘိန်းမုန့်က ခပ်စိုစိုလေး ဖြစ်နေတတ်ပြီး အပျစ်အကျဲမှာလည်း အင်္ဂလိပ် မုန့်ပြားဝိုင်းတွေနဲ့တော့ ကွာပါတယ်။

အကြော်စုံ

မြန်မာလူမျိုးတွေဟာ ဆီကြော်မုန့်တွေကို သဘောကျ စွဲလန်းတတ်ကြပါတယ်။ ဆီခပ်ရွှဲရွှဲနဲ့ ကြော်ထားတာမျိုးလေ။ မြန်မာနိုင်ငံ ရောက်ရင်တော့ ဆီကြော်မုန့်တွေကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။ လက်ဖက်ရည်ဆိုင်မှာ၊ လမ်းဘေးဆိုင်တွေမှာ တွေ့ရတတ်တဲ့ သရေစာ တော်တော်များများဟာ ဆီနဲ့ကြော်ထားတာပါ။ စမူဆာ၊ ကော်ပြန့်၊ မုန့်အချိုတွေ၊ ပေါင်မုန့်ကြော်တွေကအစ ဆီများများနဲ့ ကြော်ထားကြတာပါ။ ခေါက်ဆွဲသုပ်တို့ ဘာတို့ကိုလည်း အကြော်လေးဖြူးပြီး စားတတ်ကြသေးတယ်။ လူသိများတဲ့ ဘူးသီးကြော် ဆိုတာကတော့ ဘူးသီးလေးတွေကို လွှာပြီး ကြော်ထားတာမျိုးပါ။ အရည်ရွှမ်းတဲ့ ဘူးသီးပါးပါးလေးတွေကို ကြော်ထားတဲ့ အဲဒီအကြော်မုန့်ကို မန်ကျည်းသီးကထုတ်တဲ့ အချဉ်နဲ့ တွဲဖက်စားရပါတယ်။ အဲဒီအချဉ်ထဲကို ပဲမှုန့်တွေလည်း ထည့်ထားတတ်ကြသေးတယ်။

ရှမ်းတို့ဟူး

မြန်မာနိုင်ငံမှာ ထူးထူးဆန်းဆန်း အစားအစာ တစ်မျိုးရှိသေးတယ်။ အဲဒါက တို့ဟူးနွေး ဆိုတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းက ရှမ်းတိုင်းရင်းသားတွေနဲ့ ဆက်နွယ်တဲ့ အစားအစာထဲက တကယ်တမ်းတော့ တို့ဟူးမပါဘူးဗျ။ အဲဒီအစား ပဲမှုန့်ကနေ လုပ်ထားတဲ့ ခပ်ထူထူ ခပ်ပြစ်ပြစ် ယာဂုလိုမျိုး ဖြစ်ပါတယ်။ စေးကပ်ကပ်နဲ့ အဝါရောင်ရှိတဲ့ အဲဒီ အစားအစာပေါ်မှာ ဆန်ခေါက်ဆွဲ ခပ်ပါးပါးလေးတွေ ထည့်ထားသေးတယ်။ ပြီးတော့ ကြက်သားဖြစ်ဖြစ်၊ ဝက်သားဖြစ်ဖြစ် မွမွလေး ဖြူးထားတတ်တယ်။ နောက်တော့ ငရုတ်သီးကြော်နဲ့ ဆီလေးဆမ်းပြီး ဟင်းရွက်လေးတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားလေ့ရှိပါတယ်။ ပြောရရင် နည်းနည်းထူးဆန်းပြီး စိတ်ဝင်စားလောက်စရာ ရောစပ်မှုမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားဟာ မွှေးမွှေးကြိုင်ကြိုင် အစားအသောက်တွေကို သဘောကျတဲ့ ပရိသတ် တစ်ယောက်ဆိုရင်တော့ စိတ်ကြိုက်တွေ့မှာပါ။

နန်းကြီးသုပ်

မြန်မာတွေက ခေါက်ဆွဲအခြောက်နဲ့ ဖန်တီးထားတဲ့ အစားအစာမျိုးတွေကို သဘောကျလေ့ ရှိပါတယ်။ နန်းကြီးသုပ်မှာတော့ ခေါက်ဆွဲကို အသားငါးတွေနဲ့ မဖြစ်မနေ ရောစပ်ရပါတယ်။ အရသာ အရှိဆုံး၊ နေရာ အနှံ့မှာ အတွေ့ရဆုံး အသုပ်တစ်မျိုးပါ။ ခေါက်ဆွဲသား ခပ်ထူထူ၊ ခပ်လုံးလုံးကို ကြက်သားနဲ့ သုပ်ထားတာပါ။ ငါးအသားလွှာ ပါးပါးလေးတွေလည်း လှီးထည့်တတ်ပါတယ်။ ပြုတ်ထားတဲ့ပဲကြီးရယ်၊ ပဲပင်ပေါက်လေးတွေရယ်၊ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥကို လွှာထားတာလေးတွေရယ် ပါသေး တယ်။ နန်းကြီးသုပ်ထဲ ထည့်တဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ ငရုတ်ချဉ်ရယ်ကလည်း ချန်ထား လို့ မရပြန်ဘူး။ လက်နဲ့မွှေနှောက်ပြီး သုပ်ရတာမျိုးဖြစ်ပြီး  နံနံပင်လေးတွေလည်း ထည့်လေ့ရှိပါတယ်။ ပြီးတော့ စွတ်ပြုတ်လေး တစ်ပန်းကန်နဲ့ တွဲဖက် သုံးဆောင်ရတာပါ။

မုန့်ဟင်းခါး

တရားဝင် မဟုတ်ဘူး ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ အမျိုးသားရေး အစားအစာလို့ အသိအမှတ်ပြု ခံထား ရတာ မုန့်ဟင်းခါးပါ။ ကောင်းမွန်ပြီး လုံးဝိုင်းတဲ့ ဆန်ခေါက်ဆွဲ (မုန့်ဖတ်)လေးတွေကို ငါးရယ်၊ ကြက်သွန်နီ ရယ်နဲ့ အခြေခံပြီး ချက်ထားတဲ့ မြိန်ရည်ရှက်ရည် ဟင်းရည်တစ်မျိုးနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ ငှက်ပျောပင်က ရတဲ့ ကျွတ်ကျွတ်ရွရွ အပိုင်းလေးတွေကိုလည်း ထည့်ပေးထားတတ်သေးတယ်။ မြန်မာ လူမျိုးတွေ ကတော့ မနက်စာဆိုရင် မုန့်ဟင်းခါးက အသည်းစွဲပါပဲ။ ဒါပေမဲ့ နေရာစုံ လှည့်ရောင်းနေ တဲ့ ဈေးသည်တွေ လည်း ရှိတာကြောင့် မနက်ရော၊ ညပါ စားချင်တဲ့အချိန် စားကြတယ်လို့ပဲ ပြောရမှာပါ။ ဆန္ဒ ရှိရင်တော့ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥရယ်၊ အကြော်ရယ်ကိုလည်း ထပ်ထည့်နိုင်ပါတယ်။ မုန့်ဟင်း ခါး အရသာကို ပြင်ချင်ရင် သံပုရာသီးစိတ်၊ ဒါမှမဟုတ် ငရုတ်သီးခြောက် အမှုန့်တွေကိုလည်း ရောစပ်နိုင်ပါသေး တယ်။

ရှမ်းခေါက်ဆွဲ

ရှမ်းပြည်နယ်နဲ့ အများဆုံး ဆက်နွယ်နေတဲ့ အစားအသောက်ပါ။ ပါးလွှာပြီး ပြားချပ်တဲ့ ခေါက်ဆွဲ မျှင်လေးတွေကို ကြည်လင်ပြီး ငရုတ်ကောင်းကဲထားတဲ့ ဟင်းရည်နဲ့ တွဲဖက်ပေးထားပါတယ်။ ပြီးတော့ နုပ်နုပ်စင်း ထားတဲ့ ကြက်သား၊ ဒါမှမဟုတ် ဝက်သားကို ထည့်ထားတာပါ။ ရှမ်းခေါက်ဆွဲကို ပြင်ဆင်တဲ့အခါ နှမ်းလှော်လေးဖြူးပြီး ကြက်သွန်ဆီချက်လေးလည်း ဆမ်းထားတတ်တယ်။ ပြီးတော့ ဟင်းရွက်လေးတွေ ဖွယ်ဖွယ်ရာရာနဲ့ ခင်းကျင်းလေ့ ရှိပါတယ်။ တခြား မြန်မာ့ရိုးရာ ခေါက်ဆွဲတွေနဲ့ ယှဉ်ကြည့်ရင် ရှမ်းခေါက်ဆွဲက ပိုပြီးရိုးစင်းတယ်၊ ဘာမှမထူးခြားသလောက် နီးပါး ဖြစ်နေတယ်၊ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာကတော့ အရသာက တကယ့်ကို ကောင်းမွန်တယ် ဆိုတာပါပဲ။

Planet

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်