Wednesday, June 26, 2013

လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ၏ ခင်ပွန်း အချုပ်ခန်းထဲ၌ သေကြောင်းကြံစည်

Posted by drmyochit Wednesday, June 26, 2013, under | No comments

 မသန်းသန်းအေး၏ အလောင်းကို မိသားစုဝင်များ င်္ဂြိုဟ်စဉ် (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

ရွှေထည်ပစ္စည်း ပျောက်ဆုံးမှု တခုနှင့်ပတ်သတ်၍ အမှုစစ်ဆေးနေစဉ် လက်ထိပ်တန်းလန်းဖြင့် ရေထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူ မသန်းသန်းအေး၏ ခင်ပွန်း ကိုနန်းဝင်းသည်လည်း ရဲစခန်းအချုပ်ထဲ၌ ရှိစဉ် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။

ဧရာဝတီတိုင်း ပုသိမ်မြို့ လိန်ကုန်းကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းသန်း၊ ဒေါ်မြင့်မြင့်သန်းတို့ နေအိမ်မှ ရွှေ ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ ပစ္စည်းပိုင်ရှင်များ၏ တိုင်တန်းချက်အရ ကိုနန်းဝင်းအား မေလ ၃၀ ရက်နေ့တွင်
ပုသိမ်မြို့ တဘက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခဲ့သည်။

ရဲများကဖမ်းဆီးသွားပြီးနောက် ကိုနန်းဝင်းအား ချုပ်နှောင်ကာ ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ရွှေထည် ပစ္စည်းများ ခိုးယူကြောင်း ၀န်မခံပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုသည့်အတွက် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခြင်း ဖြစ်သည်ဟု ကိုနန်းဝင်းက ပြောဆိုကြောင်း ယမန်နေ့က ပုသိမ်ထောင်၌ သွားရောက် တွေ့ဆုံခဲ့သည့် ဦးညီစိုးက ပြောသည်။

“မင်းဒီကိစ္စကို ၀န်မခံရင် မင်းကို သတ်မယ်လို့ ရဲကပြောလို့ မင်းတို့ သတ်တာတော့ မခံဘူး၊ ငါ့ဟာငါပဲ သတ်သေမယ်ဆိုပြီး ခြင်ဆေးခွေထွန်းတဲ့ သံပြားနဲ့ လည်ပင်းကိုလှီးတာတဲ့။ ကျနော်နဲ့တွေ့တော့ သူ့လည်ပင်း ဇလုတ်အောက်နားမှာ ၂ လက်မလောက် ရှိမယ့် ကန့်လန့်ဖြတ် ဒဏ်ရာတခု တွေ့ရတယ်” ဟု ဦးညီစိုးက ဧရာဝတီကို ရှင်းပြသည်။

ပုသိမ်ထောင်၌ ချုပ်နှောင်ထားသည့် ကိုနန်းဝင်းအား မိဘများက ယခုလ ၂၀ ရက်နေ့က သွားရောက် တွေ့ဆုံရာတွင်လည်း လည်ပင်း၌ ပြတ်ရှဒဏ်ရာတွေ့၍ မေးမြန်းခဲ့ရာ ခြင်ဆေးခွေ သံပြားဖြင့် မိမိဘာသာ လှီးဖြတ်ခြင်းဖြစ်သည်ဟု ကိုနန်းဝင်းက
ပြောဆိုကြောင်း အမှုကို လိုက်ပါကူညီပေးနေသည့် မြန်မာလင်းဝင်းကြီး ကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။

“သူ့မိဘတွေက ပုသိမ်ထောင်ထဲမှာ သွားတွေ့တော့ လည်ပင်းက ဒဏ်ရာတွေ့တယ်။ ဘာဖြစ်တာလဲ မေးတော့ ခြင်ဆေးခွေ သံပြားနဲ့ ကိုယ့်ဘာသာကိုယ် လှီးတာလို့ ပြောတယ်” ဟု သူက ဆိုသည်။

သင်္ဘောကျင်းရဲစခန်းတွင် ချုပ်နှောင်ထားစဉ် ကာလအတွင်း ထုပ်တန်း၌ ကြိုးဖြင့် တွဲလောင်းဆွဲကာ ရိုက်နှက်ခံရမှုများ ရှိခဲ့ကြောင်း၊ ရိုက်နှက်မှုများကို မခံနိုင်သည့်အဆုံး ၀န်ခံလိုက်ခြင်း ဖြစ်ကြောင်း ကိုနန်းဝင်းက ပြောပြသည်ဟု ဦးညီစိုးက ရှင်းပြသည်။

“သင်္ဘောကျင်း ရဲစခန်းထဲမှာ သူ့ကို ထုပ်တန်းမှာ တွဲလောင်းဆွဲထားပြီးတော့ ခြေထောက်တွေနဲ့ ကန်တယ်။ တံတောင်နဲ့ ထောင်းတယ်။ ဒုရဲအုပ် နိုင်အောင်ကျော်က မင်းဝန်ခံလိုက်ပါလို့ ပြောတယ်။ ကျနော့်မှာမှ ရွှေမရှိတာ၊ ကျနော် ဘယ်လိုလုပ်
ဝန်ခံမလဲလို့ ပြောတာ့ ရွှေရှိတာမရှိတာ မင်းအလုပ် မဟုတ်ဘူး။ မင်းဝန်ခံလိုက်။ အဲဒီရွှေကို ငါတို့ဘာသာ စီစဉ်သွားမယ်လို့ ပြောတယ်။ အဲဒီကျတော့မှ သူက သက်သာရာ သက်သာကြောင်း ၀န်ခံလိုက်တယ်” ဟု သူက ဆက်ပြောသည်။

သင်္ဘောကျင်းရဲစခန်း၌ ကိုနန်းဝင်းအား ချုပ်နှောင်ထားစဉ် ယခုကဲ့သို့ မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ ဖြစ်ပွားခဲ့ခြင်း ရှိမရှိ သင်္ဘောကျင်း စခန်းမှူး ရဲအုပ် ကြည်လင်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

င၀န်မြစ်အတွင်း လက်ထိပ်သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံသည့် အနေဖြင့် ရေထဲသို့ ခုန်ချသွားခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောဆိုသကဲ့သို့ ကိုနန်းဝင်းသည်လည်း သင်္ဘောကျင်း စခန်း အချုပ်ထဲ၌ စစ်ဆေးစဉ် ခြင်ဆေးခွေဖြင့် ၎င်း၏လည်ပင်းအား လှီးဖြတ်၍ သေကြောင်း ကြံစည်ခဲ့ရာ ရွှေထည် ပစ္စည်းခိုးမှုဖြင့် အဖမ်းခံခဲ့ရသည့် လင်မယား ၂ ဦးစလုံး သေကြောင်း ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် မသန်းသန်းအေး သေဆုံးမှုအတွက် တာဝန်ရှိသူ ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်းနှင့် ဒု တပ်ကြပ် ကျော်လင်းနိုင်တို့အား ခုံရုံးအဖွဲ့ဖြင့် စစ်ဆေးကာ သက်သေခံ အကျဉ်းချုပ် ပြုစုနေပြီး ရဲဘက်ဆိုင်ရာ တရားရုံးဖြင့် အမိန့်ချ အပြစ်ပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

ရဲများက ကိုနန်းဝင်းအား ဖမ်းဆီးသွားပြီးနောက် မိသားစုဝင်များနှင့် တွေ့ခွင့်လုံးဝမပေးခဲ့ဘဲ မည်သည့်နေရာတွင် ချုပ်နှောင် ထားသည်ကိုပင် မသိခဲ့ရကြောင်း၊ ဇွန်လ ၂၀ ရက်နေ့ကျမှသာ ပုသိမ်ထောင်၌ ချုပ်နှောင်ထားသည်ဟု သတင်းကြား၍ မိဘများက တွေ့ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း အမှုအား လိုက်ပါကူညီ ပေးနေသည့် ကိုဌေးအောင်က ပြောသည်။

“သူ့မိန်းမ သေတဲ့သတင်းကို သူလုံးဝမသိဘူး။ သူ့မိဘတွေ နန်းဝင်းကို သွားတွေ့တော့မှ မင်းမိန်းမတော့ ဆုံးရှာပြီလို့လည်း ပြောရော နန်းဝင်းက သံဇကာတွေ သံတိုင်တွေကို ခေါင်းတွေနဲ့ဆောင့်ပြီး အော်ငိုတယ်။ သူ တအား စိတ်ထိခိုက်သွားပုံ ရတယ်” ဟု သူက ပြောသည်။

လက်ရှိတွင် ကိုနန်းဝင်းအား ပုသိမ်ထောင်ကြီးချုပ်မှ ပုသိမ်မြို့ ကိုးသိန်းရဲစခန်း (အမှတ် ၂ ရဲစခန်း) တွင် ပြောင်းရွှေ့ ချုပ်နှောင်ထားကြောင်း သိရသည်။

ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးဇော်ဝင်းကျော်က မသန်းသန်းအေး၏ဖခင် ဦးပြည်သိမ်း၊ အစ်မ မမွှေးမွှေးဦးနှင့် သက်သေ တချို့အား ယမန်နေ့က ခရိုင်ရုံးသို့ ခေါ်ယူ တွေ့ဆုံခဲ့သည်။

“ခရိုင်ရဲမှူးကြီး ပြောတာက နန်းဝင်းဆိုတာက သံသယ တရားခံအဆင့်ပဲ ရှိတာကို ဒီလိုတွေ မလုပ်သင့်ဘူးတဲ့။ သန်းသန်းအေး ဆိုတာက ဘာမှကိုမဆိုင်ဘဲနဲ့ အသားလွတ် အဲဒီလို ဖြစ်ရတယ်ဆိုတာ သူတို့ရဲတွေဘက်မှာ ပျက်ကွက်မှုတွေ၊ ချိုးဖောက်မှုတွေ တအား များနေတဲ့အတွက် ကျနော်တို့ ထိထိရောက်ရောက် အရေးယူပေးပါ့မယ်လို့ ပြောတယ်” ဟု ဦးပြည်သိမ်းက ဆိုသည်။

ခိုးမှုနှင့်ပတ်သတ်၍ ကိုနန်းဝင်းအား အကြမ်းဖျဉ်း စစ်ဆေးကြည့်ရာ ခိုးမှုကျူးလွန်သည့် အထောက်အထား မတွေ့ရကြောင်း၊ အသေးစိပ် စစ်ဆေးပြီးသည့်အခါ အမှုမထင်ရှားပါက ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု ခရိုင်ရဲမှူးက ပြောဆိုကြောင်း ဦးပြည်သိမ်းက ပြောသည်။

ခိုးမှုဖြင့် စွပ်စွဲခံနေရသည့် ကိုနန်းဝင်းအား ဇွန်လ ၂၇ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး လက်ရှိအချိန်အထိ ကိုနန်းဝင်းဘက်မှ
လိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ မရှိသေးကြောင်း သိရသည်။

ဆလိုင်းသန့်စင်| ဧရာဝတီ

ခွဲစိတ်မှု ခံယူပြီး ရှစ်လကြာသည် အထိ လိင်အင်္ဂါ ထောင်မတ် နေသူက ဆရာဝန်ကို တရားစွဲ

Posted by drmyochit Wednesday, June 26, 2013, under | No comments


အသက် ၄၄ နှစ် အရွယ် ဒင်နီယယ် မက်ဂါးစ် ဆိုသူက ၂၀ဝ၉ ခုနှစ် အတွင်းက ပြုလုပ် ထားတဲ့ ခွဲစိတ် ကုသမှုကို မကျေနပ် တာကြောင့် ခွဲစိတ် ဆရာဝန်ကို တရားစွဲဆို လိုက်ပြီလို့ သိရ ပါတယ်။ သူ့အနေနဲ့ လိင်အင်္ဂါ အတု တပ်ဆင်တဲ့ ခွဲစိတ် ကုသမှုကို ပြုလုပ် အပြီးမှာ ရှစ်လ ကြာတဲ့ အထိ လိင်အင်္ဂါ ထောင်မတ် နေပြီး သူရဲ့ကပ်ပယ် အိတ်မှာလည်း ဘော်လီဘော အရွယ်လောက် ရှိနေ တာ ကြောင့်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ် ကြောင့် သူ့အနေနဲ့ မော်တော်ဆိုင် ကယ်စီးပြီး သတင်းစာ ဝေနေရတဲ့ နေ့စဉ် လုပ်ငန်းတွေကို ထိခိုက် တာကြောင့်လို့ ဆိုပါတယ်။ လိင်အင်္ဂါ အတု တပ်ဆင်ရာ မှာ လိင်အင်္ဂါ အတွင်း အရည်ပြည့် နေတဲ့ ဆလင်ဒါ နှစ်ခုကို ခွဲစိတ်ပြီး ထိုးထည့်ထား ရကာ အဲဒီဆလင်ဒါနဲ့ ဆက်နေတဲ့ အရည်အိတ် တစ်အိတ်ကို ဝမ်းဗိုက် အရေ ပြားအောက် အတွင်း ထည့်သွင်း ထားရပြီး ကပ်ပယ်အိတ် အတွင်းမှာ ထည့်ထားတဲ့ Pump တစ်ခုနဲ့ အသုံးပြုရတယ်လို့ ဆိုပါ တယ်။

Pump ကို ညှစ်အားပေးတဲ့ အတွက် ဆလင်ဒါထဲ အရည်ပြည့် သွားကာ ငါး စက္ကန့်မှ ၁၀ စက္ကန့် အတွင်း လိင်အင်္ဂါ ထောင်မတ်နိုင် တယ်လို့ သိရပါတယ်။ ဒယ်နီယယ်ကို လိင်အင်္ဂါ အတုတပ်ဆင် ပြီးနောက်ပိုင်းမှာ ရောဂါပိုး ဝင်သွားတဲ့ အတွက် ထောင်မတ်ရာက ပြန်မကျနိုင် တာကြောင့် အတုကို ပြန်လည် ဖြုတ် လိုက်ရတယ်လို့ သိရပါတယ်။ လိင်အင်္ဂါ အတု တပ်ဆင်တဲ့ နည်းကို ဆိုးရွားတဲ့ ပန်းသေပန်းညှိုးရောဂါ ရှိသူတွေမှာ အသုံးပြုလေ့ ရှိပါတယ်။

From:ရိုးရာလေး

ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်သည့်အတွက်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသောကားရှေ့တွင် အသေခံမည်ဟုဆို

Posted by drmyochit Wednesday, June 26, 2013, under | No comments



မုံရွာ၊
မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေ ခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြား ချက်များအရ သိရသည်။

“ ဖခင်ဖြစ်သူကိုယ် တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အခါ ကျန်းမာရေးထိခိုက်ပြီး မူးမေ့လဲသွား ရာ ကနေ ဆေးရုံကိုရောက်လာ တာဖြစ်ပါတယ်။

သူ့ဖခင်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှုးမှာ တာဝန်ရှိတယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကားကိုရပ်ခိုင်းရာကနေ အခုလို ကားရှေ့မှာ သမီးဖြစ်သူက အိပ်နေတာဖြစ်ပါတယ်..” ဟု ၎င်း ဆေးရုံ ၀န်ထမ်းတစ်ဦးမှ မျက်မြင်အခြေအနေတစ်ရပ်အား ယင်းကဲသို့ ပြောပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတည်ဆောက်ရန် မြေယာရှင်းလင်းခြင်း ဆောင်ရွက်ရာတွင် လူနေအိမ်အချို့မှ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ဟုဆိုကာ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊နေ ဦးရွှေရ ဆိုသူ အပေါ် မြို့နယ်တရား ရုံးမှ ပြစ်မှုကြီးအမှုအမှတ် ၃၇၃၅/ ၂၀၁၃ ၊ အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အရ ထုတ်ပြန်ထားသော နည်းဥပဒေ ၆၉(၂) ရုံးတော်သို့ ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပိုင် မှတ်တမ်းများအရ သိရသည်။

“ ပြီးခဲ့တဲ့သောကြာနေ့က တရားရုံးသမ္မာန်စာရောက်လာတယ်။ တနင်္လာနေ့ရုံးချိန်တဲ့။ မနေ့က အဖေက ရုံး ကိုမသွားဖြစ်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီနေ့ကို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အကြောင်း ရဲတွေကအိမ်ကိုလာပြီး ၀ရမ်း ဖတ်ပြနေတဲ့အချိန်မှာ အဖေကမေ့လဲသွားတာကြောင့် အခုလို ဆေးရုံကိုရောက်လာရတာဖြစ်ပါတယ်..” ဟု ကားရှေ့၌ ၀ပ်စဉ်းအိပ်ခဲ့သူ မညိုမမှ ပြောပြသည်။

Posted From Monywa Times

စွဲဆောင်မှုအပြည့်ရှိတဲ့မျက်နှာသစ်မော်ဒယ် မေမြင့်မိုး ရဲ့ဖက်ရှင်အလှဓာတ်ပုံတွေပါ...

Posted by drmyochit Wednesday, June 26, 2013, under | No comments





တိုင်းမ်မဂ္ဂဇင်းကို သံဃာ နှင့် ပြည်သူများ ဆန္ဒပြကြမည်

Posted by drmyochit Wednesday, June 26, 2013, under | No comments


ရန်ကုန် -  ဇွန် - ၂၅ ။            ။ ဦးဝီရသူအား တိုင်းမ်မဂ္ဂဇင်းမှ ဗုဒ္ဓဘာသာ အကြမ်းဖက် သမားဟု ရေးသား ချက် အပေါ် ကျေနပ်မှု မရှိ၍ သံဃာတော်များ  ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူ ဆရာတော် ဦးပါမောက္ခက မိန့်သည်။ ''တိုင်းမ်မဂ္ဂဇင်းက ဦးဝီရသူ ကို ဒီလို စွပ်စွဲပြီး ရေးတာက ဗုဒ္ဓ ဝါဒ တစ်ခုလုံးကို စွပ်စွဲ လိုက်သ လိုပဲ။ ဗုဒ္ဓဝါက အကြမ်းဖက် ဝါဒ ဆိုပြီး စွပ်စွဲချက် အပေါ် မခံနိုင်လို့ဆန္ဒ ထုတ်ဖော်မှာပါ''ဟု မိန့်သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော် ရန်အတွက် ဗဟန်း ရဲစခန်းတွင် ခွင့် ပြုမိန့် တင်ရန် စီစဉ် ထားသော်လည်း  အမေရိကန် သံရုံးသည် ဗဟန်းမြို့နယ်တွင် မရှိသောကြောင့် ကမာရွတ် ရဲစခန်းတွင် တင်ရန် ကမာရွတ် မြို့နယ်မှူးနှင့် တွေ့ခဲ့ကြောင်းသိ ရသည်။

ကမာရွတ်မြို့နယ်မှူးက ယင်းကိစ္စသည် အမေရိကန် သံရုံး နှင့် သက်ဆိုင်မှု မရှိကြောင်း၊ တိုင်းမ်မဂ္ဂဇင်းသည် ပုဂ္ဂ လိကဖြစ် သောကြောင့် အမေရိကန် သံရုံး ရှေ့တွင် ဆန္ဒ ထုတ်ဖော်လို့မရ ကြောင်း ပြောခဲ့သည်ဟု သိရသည်။ ဆရာတော် ဦးပါမောက္ခက ''အမေရိကန် သံရုံးရှေ့မှာ ပြဖို့ စီစဉ် ထားပေမယ့် မြို့တော်ခန်းမ ရှေ့မှာဆို ပြမယ်ဆိုရင် ဖြစ်နိုင်ချေ ရှိတယ်လို့ မြို့နယ်မှူးက ပြော တော့ အဲဒီမှာပဲ ဆန္ဒ ပြဖြစ်မယ်'' ဟုမိန့်သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော် ရန်အ တွက် ဇွန် ၂၅ ရက်၌ ကျောက်တံ တားရဲစခန်းတွင် ရှေ့နေဦးအေး ပိုင်၊ ဆရာတော် ဦးပါမောက္ခအ ပါအဝင် လူဦးရေ အယောက် ၁ဝဝဝဖြင့် ခွင့်ပြုမိန့်တင်လိုက် ပြီးဖြစ်ကြောင်း သိရသည်။ ဆရာတော် ဦးဝီရသူက ''တိုင်းမ် မဂ္ဂဇင်း က တကယ်တမ်း ကျတော့ ဦးဇင်းကို ပစ်မှတ်ထား ပြီး တိုက်ခိုက်တာ။ ဒါပေမဲ့ ဦးဝီ ရသူတစ်ပါးတည်းနဲ့ ပြီးမသွားဘဲ ဗုဒ္ဓဘာသာ တစ်ခုလုံးကို တိုက်ခိုက် မှုဖြစ်နေ တယ်။ ဒါကို သံဃာထု က စိတ်မချမ်း သာဘူး။ ပြည်သူ က မကျေနပ်ဘူး။ ဒီအပေါ်မှာ ဆန္ဒပြဖို့ လုပ်ကြတာ ဖြစ်မယ်။ဦးပဉ္ဇင်း အနေနဲ့ကတော့ တရား စွဲတယ်ဆိုတာထက် ဆန္ဒ ပြတာကို လက်ခံတယ်။ ဆန္ဒပြတယ်ဆိုတာ မမှန်ရင် မမှန်ဘူးဆိုတဲ့ အကြောင်း ကို ထုတ်ဖော်ခွင့် ရှိတယ်။ ပြော ခွင့် ရှိတယ်။ ဒီအပေါ်မှာ ဦးပဉ္ဇင်းက ကြိုဆိုပါ တယ်''ဟု မိန့်သည်။

ဇွန် ၃ဝရက် မြို့တော်ခန်းမ ရှေ့ညနေ ၆နာရီတွင် လူစုပြီး မဟာဗန္ဓုလပန်းခြံအား တစ်ပတ် ပတ်မည်ဖြစ်ပြီး ရှေ့နေဦး အေး ပိုင်၊ ဦးပါမောက္ခ၊ ထေရဝါဒ ဓမ္မ ကွန်ရက်မှ ဦးအေးမြိုင်တို့မှ ဆန္ဒ ထုတ်ဖော်မည့် အကြောင်းနှင့် ပတ်သက် ၍ ဟောပြောမည်ဖြစ် ကြောင်း ဆရာတော်က ပြောသည်။ ဆရာတော် ဦးပါမောက္ခက ''ဘုန်းဘုန်း ကတော့ ဗုဒ္ဓဝါဒ သည် အကြမ်းဖက် ဝါဒမဟုတ်  မေတ္တာတရားကို အခြေခံတဲ့ ငြိမ်း ချမ်းရေး ဝါဒဖြစ်တယ် ဆိုတာကို ဟောပြော မယ်''ဟု မိန့်သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော်ရန် အတွက် ပါဝင်ချင်သူများအား မိဒီယာများ၊ အွန်လိုင်းက နေ တစ် ဆင့် ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဦးဆောင်မည့် သူများက ပြောသည်။

ရွှေရည်မဉ္ဇူ
From: Yangon Media Group

ဆရာဝန် တစ်ခုခုလုပ်မိပြီ ဆိုရင် Warning ရမ်းကုတွေကြောင့်သေရင် ပါးစပ်ပိတ်ပြီးနေကြတယ်

Posted by drmyochit Wednesday, June 26, 2013, under | No comments





Mieko ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာမိမိကိုနှင့် တွေ့ဆုံခြင်း

► ဒီနေ့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ဆေးဝါးကျွမ်းကျင်သင်တန်းတို့၊ သူနာ ပြုအကူသင်တန်းတို့ကို ဖွင့်တာများလာတယ်။ ဒီသင်တန်းတွေဟာ တရားဝင် အသိအမှတ်ပြုထားတာလား။

ပြောရမယ်ဆိုရင် ဒီသင်တန်းတွေ ဟာ ပထမဆုံးဖွင့်ခဲ့ကြတာက အန်တီက စဖွင့်တာပေါ့။ အန်တီတို့ ဒီလိုသင်တန်း တွေကို ၂ဝဝ၃ ခုနှစ်ကနေစပြီး ပထမ ဆုံး ဆေးနှင့် ဆေးပစ္စည်းကုန်သည်များ နှင့် လုပ်ငန်းရှင်များအသင်းကနေ ဦးစီး ပြီးမှ ဒီသင် တန်းကလေးကို အန်တီတို့ စပြီးဖွင့်တာ။ အဲဒီအချိန်မှာ ပြင်ပပုဂ္ဂလိ ကတွေက ဘာမှ မလုပ်ဘူး။ အန်တီ့အ နေနဲ့ ကိုယ်ပိုင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဘူး။ အသင်းအဖွဲ့အစည်းအနေနဲ့ လုပ်တယ်။ ဘာတွေလုပ်လဲဆိုတော့ အသင်းရဲ့ Member တွေအတွက်ကို ဆေး ရောင်းသူတွေအတွက်ကို Knowledge  တွေအတွက်ကို သီးသန့်လုပ်ပေးတာ ပေါ့။ အဲဒါကို အန်တီတို့ တောက် လျှောက်ဖွင့်ခဲ့ပါတယ်။ မနှစ်ကအထိဖွင့် ခဲ့ပါတယ်။ တစ်နှစ်ကို ၇ ကြိမ် ၈ ကြိမ် လောက်ကိုအခြေခံသင်တန်းနှင့် အဆင့် မြင့်သင်တန်းဆိုပြီး ဖွင့်ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းကဆိုလည်း ကျန်းမာရေးဝန်ကြီး ဌာနကိုအန်တီတို့ခွင့်ပြုချက် တောင်းပြီး မှ ဖွင့်ခဲ့တာပေါ့နော်။ ဖွင့်ခဲ့တယ်ဆိုတဲ့ နေရာမှာ အန်တီက ပထမဆရာဝန် လုပ်တာပြီးတော့ ဆေးကုမ္ပဏီမှာလုပ်ခဲ့တယ်။ ဆေးဆိုင်စဖွင့်တဲ့အချိန်မှာလည်း ဆေးဆိုင်မှာ မန်နေဂျာအနေနဲ့ လုပ်တယ်ပေါ့။ AA Pharmacy စဖွင့်တဲ့ အချိန်တုန်း ကပေါ့။ ရန်ကုန်မြို့မှာ အကြီးဆုံးပေါ့။ အဲဒီမှာ အန်တီက စာသင်ပေးတယ်ပေါ့။ တချို့ တတ်ထား တဲ့လူတွေကို ခေါ်တယ်။ ဒါပေမဲ့ Knowledge  တွေကွဲနေတာပေါ့။ အဲဒီ အချိန်မှ ခေါင်းထဲမှာ ဘာတစ်ခုရှိလဲ ဆိုတော့ စပ်တွဲတွေပေါ့။ စပ်တွဲတွေကို ဒီလိုတွဲတာ သူတို့ဟာ သူတို့ နားလည်လို့ တွဲနေကြတာ မဟုတ်ဘူး။ ဟိုလူပြော ဒီလူပြောနဲ့ တွဲကြတာ။ ဒီစပ်တွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေရှိ တယ်။ သူတို့ကို ဒီလိုမတွဲသင့်ဘူးဆိုတာ ကို သိစေချင်တာ။

နောက်တစ်ခုက ဆေးမှားရောင်းကြတာ။ လာဝယ်တဲ့ သူကလည်း နားမလည်ဘူး။ ရောင်းတဲ့ လူကလည်း နားမလည်ဘူး။ အန်တီ စဖွင့်တဲ့အခါမှာ အဲဒီရည်ရွယ်ချက်နဲ့ပေါ့။ ကိုယ်ကိုယ်တိုင်ဆေးရောင်းရင်းနဲ့ ကြီး ကြပ်ပေးတယ်။ အမြဲတမ်းလိုလို ပြဿ နာက တစ်ခုမဟုတ်တစ်ခု ပေါ်တာပေါ့။ အလွယ်ကူဆုံး ဆေးမှားရောင်းကြတာ တွေ။ စပ်တွဲတွေတွဲတာ ဘယ်လိုမျိုးရှိ တယ်ဆိုတာကို လုပ်ချင်တယ်ဆိုတော့ အသင်းရဲ့ဦးဆောင်မှုနဲ့ပဲ အသင်းအတွက် ကို အန်တီက လုပ်ပေးခဲ့တာပေါ့။ အန်တီတို့ အဲဒီတုန်းကလည်း လူကြီး တွေကိုပြောတယ်။ မြန်မာနိုင်ငံအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကလည်း အန်တီတို့ကို Guide Line တွေ ပေးတယ်ပေါ့။ ဒါပေမဲ့ ဆေးဆိုင်တွေနဲ့ ပတ်သက်ပြီး ဘယ်သူမှ ဘာမှ မပေး ထားဘူး။ သူများနိုင်ငံတွေမှာဆိုရင် ဆေးဆိုင်ဆိုတာ ဆေးဝါးကျွမ်းကျင် လက်မှတ်ရပြီးမှ ဖွင့်ရတာပေါ့။ အန်တီ တို့ဆီမှာက လွဲနေတာပေါ့။ လွဲနေတာက ဆေးဝါးကျွမ်းကျင်ဖြစ်လာတဲ့သူ အားလုံး က ဆေးဆိုင်မှာရှိရမယ်ဆိုတာတော့ ရှိ တာပေါ့။ ဒါပေမဲ့ သွားကြည့်လိုက်ရင် အကုန်ရောင်းနေတဲ့လူတွေက မိရိုး ဖလာ ရောင်းနေလား။ သူတို့ကိုဘယ် သူသင်ပေးလဲ။ သူတို့ဟာ သူတို့ရောင်း နေတာလားပေါ့။ သူတို့ကို ဘယ်သူမှ စနစ်တကျ မသင်ပေးဘူး။ အဲဒီအတွက် အန်တီကစနစ်တကျ ဖြစ်စေချင်တဲ့အတွက် အန်တီက စပြီးဆေးဝါးထားသိုနည်း၊ ဆေးဝါးကို ကိုင်တွယ်ရောင်းချနည်း၊ ဆေးဝါးဆိုတာ Side effect  ရှိတယ်။ ခေါင်းကိုက်တယ်။ ပါရာစီတမော သောက်ပျောက်ဆိုပြီး မရိုးရှင်းဘူး။ ပါရာစီတမောလိုဟာတောင် ဘေးထွက် ဆိုးကျိုးတွေရှိပါတယ်။ A ဆေးနဲ့ B ဆေးနဲ့ရှိတယ်။ သူ့ဟာသူတစ်ခုချင်းစီ တော့ အကျိုးအာနိသင်ရှိတယ်။ နှစ်ခု ပေါင်းလိုက်တော့ Side effcet ဖြစ်သွားတယ်။ အဲဒါမျိုးပေါ့။ အန်တီတို့မှာတော့ Lecture ၂ဝ လောက်ပါတယ်ပေါ့။ ဆယ်နှစ်ကျော်အန်တီတောက်လျှောက် သင်တန်းတွေပေးခဲ့တယ်။

နောက်ပိုင်း မှာတော့ ပုဂ္ဂလိကတွေပေါ်လာတယ် ပေါ့။ အန်တီထင်တယ်။ ပုဂ္ဂလိကတွေ ကလည်း အန်တီတို့ဖွင့်ပြီး ၃နှစ် လောက်နေမှ ဖွင့်တာပေါ့။ အဲဒီတုန်း ကတည်းက တရားဝင်ဖွင့်ခွင့်ရလားဆို ရင် ဒီဟာတွေဟာ တရားဝင်ဖွင့်ခွင့်မရှိ ပါဘူး။ ပြောရမယ်ဆိုရင် ဒီသင်တန်း တွေက ဘာနဲ့ဖွင့်လဲဆိုရင် ဒီသင်တန်း တွေက ဘာပဲဖြစ်ဖြစ် ဆိုင်းဘုတ်တစ်ခု တင်ရမယ်ဆိုရင် ကုမ္ပဏီလိုင်စင်လိုတယ် ပေါ့။ သူတို့ကများသောအားဖြင့် ကုမ္ပ ဏီလိုင်စင်ပေါ့။ စီးပွားကူးသန်းက ကုမ္ပ ဏီလိုင်စင်နဲ့ပေါ့။ ဆိုင်းဘုတ်တစ်ခုတင် ပြီး  ဘာပဲဖြစ်ဖြစ်ကုမ္ပဏီလိုင်စင်တစ်ခု ကိုင်ထားတာပေါ့။ နောက် ပညာရေး ဝန်ဆောင်မှုကျူရှင်သဘောအနေနဲ့ လည်း ဖွင့်တယ်။ နောက်တစ်ခု ဘာ အနေနဲ့ဖွင့်လဲဆိုတော့ နည်းပညာဝန် ဆောင်မှုအနေနဲ့လည်း ဖွင့်တာပေါ့။ အချို့ကလည်း ဆေးဆိုင်နဲ့တွဲရက်ဆိုပြီး ဖွင့်တယ်။ ဆေးလည်းရောင်းတယ် ဒီလို မျိုးဟာလည်းသင်တယ်ဆိုပြီး ဖွင့်တာပေါ့။ အန်တီ့ကိုလည်း ခေါ်တယ်။ အန်တီက တော့ သူတို့ဆီမှာတော့ လိုက်မသင်ဘူး။ အချို့ဒီမှာလာတက်တယ်။ ဒီက  Notes  တွေနဲ့ဟိုမှာ ပြန်သင်တာလည်းရှိတာ ပေါ့။ ကျန်းမာရေး ဌာနအနေနဲ့ ဒါကို တရားဝင်ဖွင့်လားဆိုရင် ကျန်းမာရေး ဌာနအနေနဲ့ မရှိဘူးပေါ့။ အရင်တုန်းက တော့ အန်တီတို့က အသင်းအဖွဲ့နဲ့လုပ် တယ်ဆိုပေမယ့် အခုအချိန်မှာနားထား တာပေါ့။ တစ်နှစ်လောက်ရှိပြီပေါ့။ ဒါ မျိုးဟာ အမှန်တကယ်တော့ လိုအပ်ပါ တယ်၊ လမ်းညွှန်မှုအနေနဲ့ သေသေ ချာချာ စနစ်တကျပေးမယ်ဆိုရင် သူတို့ တွေ အနေနဲ့ပေးနေကြတာ တစ်လွဲတွေ။ ပုဂ္ဂလိကကို ဘယ်လောက်အရည်အ ချင်းနဲ့သတ်မှတ်ပြီး ဘယ်လိုပေးမယ်ဆို တာကတော့ နည်းနည်းခက်သွားတာ ပေါ့။ လူကြီးတွေလည်း စီစဉ်နေတာ ပေါ့။ ရှင်းရှင်းပြောရရင် သင်တန်းတွေ များလာတော့ မဟုတ်တာတွေလည်း များလာတော့ပေါ့။

ဒါတွေက အမှန် ဆိုရင်တော့ တရားဝင်ဖွင့်ခွင့်ရထားတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒါတွေကို ကိုင်တွယ်တော့မှာပါ။ ဆေးကုတယ်ဆိုတာကိုပေါ့။ အရင်က သင်တန်းကြီးတစ်ခုဆို TV မှာရော၊ ဂျာနယ်တွေမှာရော အမြဲကြေညာနေတာ။ အခု မတွေ့ရတော့ဘူး။ သူတို့ သင်တန်းက ဆင်းလာတဲ့ လူတွေအများ ကြီးပေါ့။ ကိုယ်က စီးပွားဖြစ်လုပ်စား နေတာမပါဘူး။ ကိုယ်ကျိုးလည်း မပါ ဘူး။ အသင်းအဖွဲ့အတွက် လုပ်နေတာ။ သူတို့ဆီကလူတွေကို တွေ့နေတာပဲ။ သိလည်းသိတာပဲ။ သူတို့ဆီ က Notes  တွေကိုယူကြည့်လိုက်ရင် သိတာပဲ။ လွဲနေတာတွေကို။

 ► တရားဝင်တာ မဝင်တာထက် အဲ ဒီသင်တန်းဆင်းတွေရဲ့ အရည်အချင်း ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခု ဝန်ဆောင်မှုပေးလို့ရတဲ့အခြေ အနေရှိလား။

တကယ်သာလမ်းကြောင်းမှန်နဲ့ သွားတယ်ဆိုရင် ဝန်ဆောင်မှုရှိပါတယ်။ သူတို့ကိုလည်း ကန့်သတ်မှုပေါ့။ ဘာက ဘယ်လိုကန့်သတ်မယ်ဆိုတာပေါ့။ အဲဒီလိုဆိုရင် အကျိုးဆက်တစ်ခု ရှိ ပါတယ်။ ဘာ မှမသိတာထက်စာရင်တစ် စုံတစ်ခုတော့သိသွားတာပေါ့။ ဒါပေါ် မှာလည်း အမြင်မျိုးစုံရှိတာပေါ့။ မသိတဲ့ ဟာလေးတစ်ခုကို သိတာပေါ့။ တကယ် ကြိုးစားတယ်။ သင်တဲ့ လူကလည်း နား လည်တဲ့ သူမျိုးဆိုရင် အဆင်ပြေနိုင် မယ်။ မဟုတ်ရင်တော့ ရမှမရတာ။ အ သိတစ်ခုလေးရှိသွားရင်တော့ ပိုကောင်း တာပေါ့။ ဥပမာထားပါတော့ ပါရာစီတ မောလွယ်တယ်။ ရောင်းလို့ရတယ် ထား ပါတော့။ ရောင်းရတယ်။ ပါရာစီတမော ခေါင်းကိုက်တယ် သောက်ပါ။  မသက်သာဘူး။ နောက်တစ်ကြိမ် မသက်သာဘူး။ ပြန်သောက် မသက်သာဘူး။ နောက်တစ်ကြိမ်သောက်ရတယ်။ ဒါ ပေမဲ့ ပါရာစီတမောမှာလည်း သူ့ Limit  နဲ့ သူရှိတယ်။ ဒါက ပါရာစီတမောကို ပြောတာ။ တကယ်လို့ ဗAntibiotic ၊ Antibiotic  ဆိုတာ အန်တီတို့နိုင်ငံမှာ လွယ်လင့်တကူ ရောင်းနေတာ။ တကယ်တော့ Antibiotic ကကန့်သတ်ချက်နဲ့ ရောင်းရမယ့်ဆေး။ ဆရာဝန်ညွှန်ကြားချက်နဲ့ ရောင်းရမယ့်ဆေး။

ဒီလိုဟာမျိုးတွေ လုံးဝ မရောင်းသင့်ဘူး။ အန်တီက အန်တီ့သင်တန်းတွေမှာ အမြဲပြောတယ်။ ဒီလို Antibiotic ပဋိဇီဝဆေး ပြောရရင် အန်ပက်စလင်၊ အမောက်စ်စလင်တို့က ဒါက လူတိုင်းသိနေတဲ့ဆေး အဲဒီဆေး တွေကို တစ်လုံး၊ တစ်ပြားဘယ်တော့မှ ဖြတ် မရောင်းကြပါနဲ့။ မသောက်ရင် အရှင်းမသောက်နဲ့။ တစ်ခြမ်း၊ တစ်လုံးစာ၊ တစ်ခွက်စာ၊ တစ်ရက်စာ အစကတည်း က ဖဲ့မရောင်းနဲ့။ တွက်မရောင်းနဲ့။ သူတစ်ရက်စာ သောက်တော့လည်း ဘာမှ အကြောင်းမထူးဘူးပေါ့။ ဒီမှာအဲဒီလို မဆင်မခြင်ရောင်းတဲ့အတွက် အန်တီတို့နိုင်ငံက ဆင်းရဲတဲ့အတွက်ဒီ Antibiotic နဲ့ပတ်သက်တဲ့ ဆေးယဉ်ပါးတဲ့ပဋိဇီဝဆေးယဉ်ပါးတဲ့ ပြဿနာတွေ ဘာတွေကလည်းရှိ တယ်ပေါ့။ ဒါမျိုးတွေ အနေနှင့်က သိသင့်တဲ့ဟာလေးတွေ ပေါ့။ မရောင်းနဲ့။ သေချာရှင်းပြ။ ဘာလို့ မလိုအပ်ဘဲနဲ့ ဗညအငဘငသအငခ နှစ်မျိုး လောက် ထည့်ရောင်းမှာ လည်းပေါ့။ အဲဒါတွေက အန္တရာယ်ကြီးတယ်။ ဒီလိုမျိုးနဲ့ ဆင်းသွားတဲ့လူလေးတွေပေါ့။ တချို့က ဘာမှကို မသင်ထားတာပါတာ ပေါ့။ ပြောရရင်တော့ အပေါ် ယံရှပ်ပြီး သင်ထားတာတွေ့တယ်။ အချို့ဆိုရင် သင်တန်းကြေး ခုနစ်သောင်း တစ်သိန်း ယူထားပြီးတော့ ကိုယ်ယူထားတာနဲ့ ထိုက်တန်တဲ့ဝန်ဆောင် မှုကို ပေးရမှာ ပေါ့။ အဲဒါမျိုးတွေထိ မပေးထားတာ တွေ့ရတယ်။ လုပ်စားနေတဲ့ဟာမျိုးပေါ့။ အဲဒါမျိုးက အများစုဖြစ်သွားတာပေါ့။

► ဒီလိုသင်တန်းဆင်းထားတဲ့သူတွေဟာ ဆေးရောင်းတဲ့ဆိုင်တွေ ဖွင့်ခွင့်ရှိပါသလား။

ဆေးရောင်းတဲ့ဆိုင်ကို ဖွင့်ခွင့်ရှိ လားဆိုတာ ဆေးရောင်းတဲ့ဆိုင်ကို ပြောတဲ့အခါမှာ ဆေးရောင်းတဲ့ဆိုင်ကို ဖွင့်တဲ့အခါမှာ ကျွမ်းကျင်လက်မှတ် မ လိုဘူးလေ။ ဆေးဝါးကိုဖွင့် မယ်ဆိုရင် အမှန်အတိုင်းပြောရရင် ဘွဲ့မရတဲ့လူ တွေအများစု ဖွင့်နေတာပါ။ မေးရင်သူ့ နေရာလေးနဲ့ဘာဈေးဖွင့်မယ်ဆို ရတာ ပဲ။ ဘာကျွမ်းကျင် လက်မှတ် ဘာတစ်ခု မှ ပါစရာမလိုဘူး။ အခု နောက်ပိုင်းမှ သာ ဘွဲ့ရတောင်းတာ။အရင်တုန်းက ဘယ်သူပဲဖွင့်ဖွင့် မြို့နယ်ကျန်းမာရေး ဌာနမှာ သွားပြီးလိုင်စင်လျှောက် လိုက် ရင်ရတာပဲ။ ကျွမ်းကျင်တဲ့ဟာ ဘာတစ်ခု မှ မလိုဘူး။ အမှန်ဆိုရင်တော့ Pharmacist  ရှိရမယ်။

ဆရာဝန်ရှိရမယ်ပေါ့ နော်။ ဆေးဝါးကျွမ်းကျင်သူဆိုတာက လည်း အမှန်ပြောရရင် ဆရာဝန် ဖြစ်ဖို့ လူက အမှတ်ကလေး တစ်မှတ်လောက် နဲ့လည်း အဲဒီကိုရောက် သွားတာ။ သူတို့ က တစ်နှစ်ကို တစ်ရာ လောက်ဆင်း တယ်။ အမှန်က ဒါမျိုးလူ တွေရှိရမယ်။ ဆေးကုမ္ပဏီမှာလည်း ဒါမျိုးတွေ ရှိရမယ်။ ဆေးဆိုင်တိုင်းမှာ ဆေးဝါး ကျွမ်းကျင်သူရှိရမယ်လို့ ကန့်သတ် လိုက်ရင် နဂိုမိရိုးဖလာ ရောင်းနေတဲ့သူ တွေ ဘယ်လိုလုပ်ကြမလဲ။

► လက်ရှိမှာ ဆေးဆိုင်ဖွင့်ဖို့ ဘယ်လိုပုံစံမျိုး သတ်မှတ်ချက်တွေရှိပါသလဲ။

ဆေးဆိုင်ဖွင့်ဖို့က လက်လီ၊ လက် ကားဆိုပြီးရှိတယ်လေ။ လိုင်စင်ကြေး သတ်မှတ်ထားတယ်။ တစ်သောင်းလား တစ်ထောင်လားတော့ မသိဘူး။ အဲဒါ သတ်မှတ်ထား တယ်။ နေရာရှိရမယ်။ ဆေးဝါးထားသိုတဲ့နေရာလေးဘာလေး လာကြည့်သွားမယ်။ ကျန်တဲ့ဟာက တော့ အခုကတော့ တော်တော်များများ ကတော့ ဘွဲရလို့ဘာလို့ ဆိုပေမယ့် ဘွဲ့ရ လို့ ကန့်သတ်ထားတာမရှိဘူး။ ပညာ အရည်အချင်းက ကန့်သတ်ထားတာ မရှိဘူး။

►အခုဆို အစိုးရက ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တာ အားနည်း တဲ့ဒေသ အချို့မှာ အဲဒီ သင်တန်း ဆင်း တွေဟာ အပ်ပုန်းလို့ခေါ်တဲ့ တရားမဝင် ဆေးကုသမှုတွေကိုပါ
လုပ်နေတယ်လို့ သိရတယ်။ အပ်ပုန်းတွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပြောပြပေးပါ။

အပ်ပုန်းက ဒီသင်တန်းကဆင်း သွားတဲ့လူတွေက အပ်ပုန်းလုပ်တာ မဟုတ်ဘူး။ အပ်ပုန်းတွေကလည်း အချိန် ကုန်ခံပြီးတော့ ဒီမှာ သင်တန်းလာတက် မှာမဟုတ်ဘူး။ နယ်တစ်နယ်မှာဆိုရင် အန်တီ့သူငယ်ချင်းဆရာဝန်က ဆေးခန်း ဖွင့်ဖို့သွားလိုက်တာမှာ အပ်ပုန်းလည်း ခေါ်တယ်။ ရမ်းကုလည်း ခေါ်တယ်။ လက်သည်လည်း ရှိတယ်။ ဒါမျိုးတွေ ဖွင့်ထားတဲ့ဟာတွေ အဲဒီလို ကုနေတာ။ အယောက် ၂ဝ လောက် ရှိတယ်။ အဲဒါနဲ့ ဆရာဝန်ဖြစ်တဲ့သူ ပြန်ပြေးလာ ရတယ်။ ဒီဟာကိုဖွင့်ပြီးမှ ဒီလက်မှတ် ကိုကိုင်ပြီး ရမ်းကုလုပ်တာ မဟုတ်ဘူး။ ရမ်းကုက နဂိုကတည်းကလုပ်တာ။ ရမ်း ကုလုပ်တဲ့လူတွေကလည်း ဒီသင်တန်း တော့ လာမတက်ဘူး။ ရမ်းကုနဲ့ဒီသင် တန်းနဲ့ ဘာမှတော့ မဆိုင်ဘူး။ သူ့ဟာသူ ဖွင့်လို့သာ နောက်ဘိတ်ဆုံး သူ့ဟာသူ လုပ်ရင်းနဲ့ ရမ်းကုဖြစ်ရင်ဖြစ်သွားမယ်။ ဆိုလိုတာက ရမ်းကုက နဂိုကတည်းက ရှိနေတယ်။ ဆရာဝန်တစ်ယောက် နယ်သွားကုတာ ရမ်းကု ၂ဝ ရှိနေလို့ ပြန်လာခဲ့ရသလိုပေါ့။ ရမ်းကု လုပ်စား နေတဲ့ နာမည်ရှိတဲ့ရမ်းကုက ဒီသင်တန်း တွေမှာ လာမတက်ဘူး။ အန်တီတို့  ကျန်းမာရေး ဝန်ဆောင်ပေးနိုင်တဲ့ System ကလည်း ဟိုး အစွန်းထိ မရောက်ဘူး။ မြို့ပေါ်မှာပဲ အားလုံးက နေနေကြတာများတယ်။ ရှိတဲ့နေရာ နယ်တွေကို ဘယ်သူမှ မသွား ကြဘူး ပေါ့။ ဆရာမတောင် မရှိတဲ့နေရာတွေ အများကြီးပါ။

ရမ်းကုက ဆေးပါထိုး တာ။ ဆေးထိုးတာက အန်တီတို့ဆီမှာ နဂိုကတည်းက Law တွေ ရှိပြီးသားပေါ့။ နဂိုကရှိထားတဲ့ Law တွေမှာ သူနာပြု ဆရာမက ဆရာဝန်ရှိတဲ့ ဆေးရုံတွေမှာ သူ့လူနာကို ဆေးထိုးပေးလို့ရတယ်။ သူ့ဘာသာသူ အရပ်ထဲမှာ ဆေးခန်း ဖွင့်ပြီး ဆေးထိုးလို့ မရဘူး။ သူလည်း လိုက်ထိုးလို့မရဘူး။ လိုက်ထိုးတယ် ဆိုရင် သူထိုးလို့ဖြစ်ရင် အပ်ပုန်းနဲ့ မခြားဘူး။ အန်တီတို့သင်တန်းမှာတော့ မသင်ပါဘူး။ အချို့ ဆေးဝါးသင်တန်း တွေမှာဆေးဝါးကျွမ်းကျင်ရော၊ သူနာပြု အကူတွေရော သင်တာရှိတယ်။ အဲဒီလို သင်တန်းမျိုးမှာ တစ်ယောက်တစ်လှည့်စီ ဆေးထိုးခံပြီး သင်ကြတဲ့ သင်တန်းတွေ ရှိတယ်။ အဲဒါမျိုးကိုတော့ အန်တီတို့ လုံးဝ ခွင့်မပြုဘူး။ အန်တီတို့ ဆောင်ရန် ရှောင်ရန်ကို သင်ရိုးညွှန်းတမ်း စစ်ပေါ့။

ဘာဘာမလုပ်ရဘူး။ သင်တန်းဆရာ အရည်အချင်းတွေကို စစ်ပေါ့။ ဆေးထိုး တဲ့သင်တန်းပေးနေတဲ့ သင်တန်းလည်း ရှိတယ်။ စပ်တွဲပေးတဲ့ သင်တန်းပေးတဲ့ သင် တန်းတွေလည်း ရှိတယ်။ မရှိဘူး မပြောဘူး။ အဲဒါတွေကျတော့ တစ်လွဲ တွေ ဖြစ်သွားမှာ စိုးတယ်ပေါ့။

► အပ်ပုန်းတွေက မြန်မာနိုင်ငံမှာ ဘယ်လောက်ထိများနေလဲ။

အန်တီထင်တယ်။ ဆရာဝန်တွေ အရေအတွက်ထက်တောင်များနေဦးမယ်။ ဒီရက်ပိုင်းမှာ ဆမအသစ်ထပ် ပေးမှာ ၂ဝဝဝ နီးပါးရှိသေးတယ်။ ၂ဝဝဝ လောက်ထပ်ပေးမယ် ဆိုတော့ ဆရာဝန်အရေအတွက် ၃၈ဝဝဝ ဝန်း ကျင်ရှိလိမ့်မယ်။ ၃၈ဝဝဝ သော ဆရာ ဝန်အရေအတွက်ထက် များပါတယ်။ ဒါတောင် ဆမ(၁)တို့ဆိုတဲ့ လူတွေက သေကုန်ပြီလေ။ တချို့လည်း နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့လူတွေရှိမယ် ဆို တော့ ဒီမှာ ၂ဝဝဝဝ လောက်တော့ ရှိ မယ်ပေါ့။ အဲဒီထက် ၃-၄ ဆများမယ်။ ဆမကပေးတဲ့အတိုင်း စီမယ်ဆိုရင် တော့ ၃၈ဝဝဝ ရှိတယ်။

► အပ်ပုန်းတွေ ပပျောက်ရေးအတွက် ဘာတွေလုပ်ဖို့ လိုမလဲ။

လူတွေရဲ့အသိဥာဏ်ကို ကိုယ် သိ ရမှာပေါ့။ လူထုကိုနားလည်အောင်ပေါ့။ ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ရေးတော့ ရေးထားတာပေါ့။ အရင်တုန်း ကလည်း တောနဲ့မြို့ရဲ့ကျန်းမာရေး ကွာဟချက်ကို ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းအောင်လုပ်ပေးမယ်ဆိုပေမယ့်  အခုကလည်း ကွာဟနေတာပဲပေါ့။ တကယ်လို့များ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်တဲ့ နားလည်တဲ့ ကျန်း မာရေးဝန်ထမ်းတွေဟာ နေရာတိုင်းမှာ အချိန်ပြည့်ရှိမယ်ဆိုတဲ့ စီမံကိန်း၊ ဒီလို စီမံကိန်းတွေက ရှိပါတယ်။ သူနာပြု ဆရာမတွေ တစ်ရွာတစ်ယောက် ထား မယ်ဆိုတဲ့ဟာမျိုးရှိပါတယ်။ ကြိုးစားပြီး အကောင်အထည်ဖော်နေကြတာပဲပေါ့။ အရင်ခေတ်တွေတုန်းကဆိုရင် ကျေး လက် ဆရာဝန်ပေါ့။ ဒါမျိုးစီမံကိန်းတွေ ကလည်း အရင်က ရှိခဲ့ကြတာပဲပေါ့။ ရှိပေမယ့် ကောင်းတဲ့ System တွေက ပျက်သွားတာလည်း ရှိတာပေါ့။ ကျန်းမာရေးစောင့်ရှောက်တဲ့ System လည်း ပိုကောင်းလာမယ်ဆိုရင်ပေါ့။ကောင်းတယ်ဆိုတာကလည်း လူ တွေချည်း ကောင်းလို့မရဘူး။ အဓိကလိုအပ်ချက် က Budget  ပေါ့။ Budget   လည်းကောင်းမယ်ဆိုရင် ကျေးလက် တွေမှာ ဆရာဝန်တွေနဲ့ ကျေးလက် ကျန်းမာရေးဌာနတွေကို သားသားနား နား ဖွင့်ထားမယ်ဆိုရင် ရမ်းကုလည်း ဘယ်ခံနိုင်မှာလဲ။

► အဲဒီလိုဖြစ်လာဖို့ အချိန်ဘယ် လောက်ယူရမလဲ။

အဲဒါကတော့ နံပါတ် ၁ က လူ တွေရဲ့အသိဥာဏ်ပါ။ တော်တော် ဆင်းရဲပါတယ်။ အန်တီတို့နိုင်ငံက မြို့ပေါ် နေပြီးကျန်းမာရေးနဲ့ပတ်သက်ပြီး Knowledge က သုညပါ။ မြို့ပေါ်မှာ နေပြီး ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး။ ကျန်းမာရေးနဲ့ဗဟုသုတ အတွက်ထား။ သူ့ဟာသူ ဘောလုံးဂျာနယ် ဝယ်ဖတ်ချင်ဖတ်မှာ။ လူတွေရဲ့ အသိဥာဏ်လည်းလိုတယ်။ ပိုက်ဆံလည်းလို အပ်တယ်။ နောက်တစ်ခုရှိတာက ရမ်းကုတွေကို ဥပဒေလမ်းကြောင်းအရလည်း လိုတာပေါ့။ တရားဥပဒေအရ အရေး ယူခံရမယ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ ထူး ဆန်းတာက ဆရာဝန်တစ်ခုခုလုပ်မိပြီဆိုရင် warning  ၊ ရမ်းကုတွေကြောင့် သေရင် ပါးစပ်ပိတ်ပြီးနေကြတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ ရမ်းကုရှိတယ် ဆိုရင် သိနေကြတာပဲ။ လူတွေက သူတို့ ကိုခေါ်ပြီး ဒီလိုလုပ်ရင် အရေးယူခံရမယ် ဆိုပြီး ပညာပေးရင် ရတာပဲ။ အချိန်က တော့ အန်တီသိတဲ့ အချိန်ကဆို အန်တီ ဆရာဝန်မဖြစ်ခင် အနှစ် ၃ဝ က ရှိနေ တာ။ နောင်လည်းရှိအုံးမှာပဲ ဒီလိုမျိုး ဆိုတော့ အချိန်ကတော့ ပြောရခက်တယ်။

► နိုင်ငံတကာမှာဆရာဝန်လက်မှတ်ပါမှ ဆေးဝယ်လို့ရတယ်လို့ သိရတယ်။ ဒီမှာသာ ဆေးကိုဘယ်သူမဆို အလွယ် တကူဝယ်လို့ရနေတာ အပ်ပုန်းများလာ ခြင်းရဲ့ အကြောင်း အချက်တစ်ခုလားရှင်။

နိုင်ငံတကာတင် မဟုတ်ဘူး။ အန်တီတို့နိုင်ငံမှာ အန်တီတို့ဆရာဝန် ဖြစ်စတုန်းက ဆရာဝန်လက်မှတ်နဲ့ပဲ ဆေးဝယ်ရတာ။ ဒီလိုလည်း ဆေးဆိုင် တွေ မှိုလိုပေါက်မနေဘူး။ အသိအမှတ် ပြုထားတဲ့ ဆိုင်တွေကပဲရောင်းရတာ။ ဆရာဝန်ဆေးလက်မှတ်နဲ့ပဲ ဝယ်ရတာ။ အဲဒီလောက်တုန်းက ရောင်းရပြီးတော့ ဆေးလက်မှတ်နဲ့ဆေးဝယ်ခြင်းဟာ ၉ဝ
နောက်ပိုင်းလောက်မှာ ပျောက်သွားပြီး တော့ အခုဆို နေရာရှိတယ်ဆို ကိုယ့် နေရာနဲ့ကိုယ်ရှိတယ်ဆိုရင် ဖွင့်ကြ တယ်။ ၉ဝ နောက်ပိုင်း မှာ ဆေးကုမ္ပဏီ တွေလည်း အများကြီးဖြစ် သွားပြီးတော့ လို၏မလို၏ ဆေးတွေအများကြီးဝင်လာ တယ်။ ဒီလိုအချိန်မှာ ဆေး လက်မှတ်နဲ့ ရောင်းဖို့ဆိုတာက ဒါတွေကို ပြန်ထိန်း ချုပ်ဖို့ကို လူကြီးတွေလည်းစီစဉ်နေကြ တယ်။ ဆေးလက်မှတ်တွေရေးဖို့က ဆရာဝန်ကြီးတွေမှာ တာဝန်ရှိတာပေါ့။ ဆရာဝန်ကြီးတွေမှာရော ရေးဖို့အချိန် ရှိပါ့မ လား။ ဆေးဆိုင်တွေ ကို ကန့်သတ် ချုပ်ချယ်လိုက်မယ်ဆိုရင် အရင်ဆုံး ဒုက္ခရောက်မှာ မရှိဆင်းရဲသားတွေပဲ။ ဒီလူတွေ ဆရာဝန်ပြကြဆိုလည်း သူတို့ မှာပိုက်ဆံမှမရှိကြတာ။

► ဆေးကို လူတိုင်းအလွယ်တကူ ဝယ်လို့ရနေတာကရော အပ်ပုန်းများ လာခြင်း၏ အကြောင်းရင်းတစ်ခုလို့ ပြောလို့ရပါသလား။
ဆေးကတော့ ဝယ်တာက အကုန် လုံးဝယ်လို့ရနေတာပဲ။ အဲဒါနဲ့တော့ မဆိုင်ဘူး။ ဆေးဝယ်လို့ရတာနဲ့ အပ်ပုန်းများလာတာနဲ့ကတော့ အချိုးမကျဘုး။

► ဆေးကို အလွယ်တကူ ဝယ်လို့ရ နေတာကရော လူထုကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိလဲ။

သူ့ဟာနဲ့သူ တည့်နေကြလို့ ပြဿ နာဖြစ်လည်း ငြိမ်နေကြတာပေါ့။ ရှင်း ရှင်းပြောရရင် ခေါင်းကိုက်တဲ့လူက ဆရာဝန်ဆီမလာဘူး။ ခေါင်းကိုက်တဲ့ အကြောင်းရင်းက အများကြီးရှိတယ် လေ။ သူ့ဟာနဲ့သူဖြေရှင်းလိုက်တာပဲ။ သူ့ဟာနဲ့သူတော့ သွားနေတာပေါ့။ ဒီဟာကြီးကို ငါတို့ကိုင်မယ်။ ဆေးဆိုင် တွေ အကုန်ပိတ်ဆိုတော့လည်း ဘာဖြစ် သွားမလဲ။ ရပ်ကွက်တစ်ခုမှာ အားကိုး ရတဲ့ဆေးဆိုင်ဆိုလည်း အားကိုးနေရ တာပဲ။ အချို့ ဆေးဆိုင်တွေကလည်း အရမ်းကြိုးစားကြတာပဲ။ဘယ်နေရာကို လွှတ်တော့ဆိုပြီး ပြောတာလည်းရှိ ကြတာပဲ။ သူ့ ဟာနဲ့သူတော့ အသုံးကျ နေတာရှိတယ်။ ဆရာဝန်က ဆရာဝန် ကဏ္ဍနဲ့ သွားလိမ့်မယ်။ ဆေးရောင်းသူ တွေနဲ့ knowledge ပေါ့။ သူတို့က လည်း အခြေခံ ကျန်းမာရေးစောင့် ရှောက်မှုကို ပေးနေတဲ့လူလို့ ပြောလို့ ရတာပေါ့။ သူတို့ကိုလည်း မှန်မှန်ကန် ကန်ပေါ့။ လမ်းကြောင်းမှန်အောင် တည့်ပေးမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိမှာပါ။

► ကျန်းမာရေးဝန်ကြီးဌာနက သတ် မှတ်ချက်အရဆိုရင် ကျန်းမာရေး ဝန် ထမ်းဘယ်လိုအဆင့်မျိုးသာ ဆေးထိုးအပ်ကိုင်ပြီး ကုသလို့ရပါသလဲ။
ဆရာဝန်ကလွဲလို့ ဘယ်သူမှ ကိုင် လို့မရဘူး။ ဆရာမက ဆေးရုံမှာကိုင်လို့ ရတယ်။ သူ့ဟာသူအိမ်မှာ ထိုးလို့မရ ဘူး။ ဆရာဝန်ပဲ။ ဒါတောင် ဆမ ရတဲ့ ဆရာဝန်မှ။ ဆမသိမ်းထားတဲ့ လူဆိုရင် အပ်ပုန်းဖြစ်ရော။ ဆမသက်တမ်းရှိတဲ့ ဆရာဝန်ပဲ အပ်ကိုင်လို့ရတယ်။ ဆမ သက်တမ်းက ၃ နှစ်၊ ၃ နှစ်ပြည့်ရင် သက်တမ်းတိုးလို့ရတယ်။

► ဒီနေ့ ကျေးလက်ဒေသ လူထုကျန်းမာရေးအပေါ် အစိုးရရဲ့ဝန်ဆောင်မှုဟာ ဘယ်လောက်အထိ အားနည်းနေသေးလဲ။

လိုတာက တော်တော်လေးလိုပါတယ်။ တောရောမြို့ပါ လိုပါတယ်။ တောဆိုတော့ ပိုလိုတာပေါ့။ Upgrated Knowledge  ရှိရမယ်။ ဆေးရုံကြီးတွေ ဆောက်နေတာ အားပေးပါတယ်။ နိုင်ငံခြားက ဆေးရုံကြီးတွေလည်း ဝင်လာနေတယ်။ နိုင်ငံခြားထွက်ပြီးကုတဲ့ လူတွေလည်းအများကြီးပဲ။ ကုနေကြ တာပဲ။ ဆေးပစ္စည်းအစုံနဲ့။ ပုဂ္ဂလိက ကလည်း ပုဂ္ဂလိကရှိသင့်တယ်လေ။ ကျန်တဲ့ဟာက အကုန်လုံးကအောက်ကို ဆင်းရမယ်လေ။ ဝန်ဆောင်မှုအပြည့် ကျကျနနပေးသင့်တာပေါ့။အန်တီ့ဘာ သာဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်း ထပ် ဖြည့်ပေးမယ်။ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းလည်းလိုတာပဲ။ အဆောက်အ အုံလည်းလို တာပဲ။ ငွေလည်းလို တာပဲ။ ဆေးပစ္စည်းတွေ လည်းလိုအပ်တာပဲ။ ပြောရရင်တော့လိုအပ်ချက်တွေ အများ ကြီးပဲပေါ့။

မြ တ် စု ငြိ မ်းေ တွ့  ဆုံေ မး မြ န်း သ ည်

From: Popular Myanmar

လက်နက်ကိုင်များ ဖမ်းဆီးသွားသူများအနက် ကလေးငယ် (၃)ဦးထွက်ပြေးလွတ်မြောက်လာ

Posted by drmyochit Wednesday, June 26, 2013, under | No comments

ကွတ်ခိုင်၊ ဇွန် ၂၆။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ တိုက်နယ်ကျေးရွာ အုပ်စုအတွင်းရှိ ကောင်းခါးနှင့် မန်ပြိန်းကျေး ရွာမှ ကလေးငယ် (၃)ဦး၊ လက်နက်ကိုင်များလက်မှ ထွက်ပြေး လွတ်မြောက် လာကြောင်း သိရသည်။

အဆိုပါ ပလောင်ကလေးငယ်များသည် အသက် (၁၄)နှစ်တစ်ဦး၊ (၁၈)နှစ် တစ်ဦးနှင့် အသက်(၂၀)ခန့် တစ်ဦးဖြစ်ပြီး လက်နက်ကိုင်များခေါ်ဆောင်သွားရာ တစ်လျှောက် နောက်ချန် နေခဲ့ကာထွက်ပြေး လာကြခြင်းဖြစ်ကြောင်း ကလေးငယ်များ၏ ပြောစကားအရ သိရကြောင်း ဒေသခံများက ပြန်လည် ပြောကြသည်။

လွတ်မြောက်လာသော ကလေးငယ်များသည် ကောင်းခါးမန်ပြိန်းအုပ်စုမှ ဇွန်လ(၁၇)ရက်နေ့က ခေးဆောင်သွားသော ကလေးများ ဖြစ်ကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက်လာသော ကလေးငယ်များမှာ ခေါ်ဆောင်သွားပြီး (၅)ရက် မြောက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြခြင်း ဖြစ်သည်။

“ကျွန်တော်မေးကြည့်တော့ သူတို့ကို တောင်ယာလို တဲတွေထဲမှာ ထားတယ်လို့ပြောတယ်။ လူအယောက် (၅၀)လောက်ရှိတယ်။ သူတို့ရဲ့လက်မောင်း ဘက်တွေမှာ (KIA)လို့ရေးထားတာ တွေ့ရတယ်လို့ ပြောတယ်။ အမျိုးသမီးတွေက ထွက်မပြေးရဲလို့ ကျန်နေကြတယ်။ ရိုက်တာနှက်တာတို့ မရှိဘူး။

ဒီအတိုင်း ထားတာတစ်ချို့ ကောင်လေးတွေဆိုသူတို့သွားတဲ့ နေရာတွေကို ခေါ်ခေါ် သွားတတ် တယ်လို့ ပြော တယ်” ဟု ဖမ်းဆီး ခံထားရသော ကလေးငယ်များ ပြန်လည် လွတ်မြောက်နိုင်ရေးဆောင်ရွက် ပေးနေသော ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါကလေးငယ်များမှာ မိဘများနှင့်အတူ ကောင်းခါးမန်ပြိန်းကျေးရွာတွင် ရှိနေကြောင်းနှင့် ကျန်ရှိနေသော လူများတွင် ကလေးငယ်များပါဝင်နေသည့်အတွက် အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်ရေး ဆောင်ရွက်နေကြာင်း သိရသည်။

“ကျန်တဲ့ကလေးတွေ ပြန်လွတ်လာဖို့ ကျွန်တော်တို့ ကြိုးစားနေတယ်။ ဒီဒေသကလက်နက်ကိုင် ဒေသဖြစ်နေတော့ ဘယ်သူမှ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာ။

ကလေးတွေထဲမှာ အသက် မပြည့်သေးသူတွေလည်း ပါနေတော့ ကျွန်တော် ILO(အထက်မြန်မာပြည်)ကနေ တဆင့် အကူညီတောင်းပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု
ဆက်လက် သိရသည်။

နမ့်ဖက်ကာ ဒေသတွင် လက်နက်ကိုင်များက ရွာအတွင်းသို့ ၀င်ရောက်ပြီး လူများခေါ်ဆောင်လေ့ ရှိကြောင်းနှင့် ထိုသို့ခေါ်ဆောင်သွားသူများအား ငွေကြေးဖြင့်
ပြန်လည် ရွေးခိုင်းလေ့ရှိကြောင်း၊ အဓိက အရွေးခိုင်း ခံရသော ရွာများမှာ မန်လွယ်၊ မန်ပန်၊ မန်ပြိန်းနှင့် ကောင်းခါးကျေးရွာတို့မှ အများဆုံးဖြစ်ကြောင်း သေဒခံများထံမှ
သိရသည်။

စိုင်းကံသာ (လားရှိုး)
မြန်မာ့ခေတ်



ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နောက်ဆက်တွဲ

Posted by drmyochit Wednesday, June 26, 2013, under | No comments



ဖြိုချလိုက်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံ မြေနေရာနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကြီးအကြောင်း  ဒီနေ့ထုတ် မြန်မာ့ အလင်း သတင်းစာ စာမျက်နှာ ၁၄ မှာ တမျက်နှာပြည့်ကြော်ငြာ တွေ့ရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကျော်မြင့်ရဲ့ ရှေ့နေ ၄ ဦးက ထည့်တဲ့ ကြော်ငြာပါ။

ကြော်ငြာရဲ့ ဆိုလိုရင်းကတော့ - အငြင်းပွားမှုမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ မှားတယ်၊ ဦးကျော်မြင့် မှန်တယ် ဆိုတာပါပဲ။

အထပ် ၂ဝ ကျော် တိုက်သစ်ဆောက်ရေးစီမံကိန်းအတွက် ကုန်ကျမယ့် ကျပ်သိန်းပေါင်း တသောင်းကို ဒေါ်ဝါဝါဝင်းရွှေ မပေးနိုင်သေးဘူးလို့ ကြော်ငြာမှာ ရေးပါတယ်။

တနေ့တုန်းက ဒေါ်ဝါဝါဝင်းရွှေတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ ကျပ်သိန်းပေါင်း ကိုးထောင် ပေးထားပြီးပြီလို့ ရေးထားတဲ့အပြင်
ဦးကျော်မြင့်ရဲ့ လူတွေ အဲဒီလုပ်ငန်းခွင်က ထွက်သွားဖို့ သတိပေးထားပါတယ်။

ဦးကျော်မြင့်တို့ရဲ့ ဒီကနေ့ တုံ့ပြန်ချက်မှာတော့ ....  ဒီမြေနေရာကို သူတို့ ထိန်းထားမယ်၊ ကျူးကျော်သူမှန်သမျှကို အရေးယူမယ် တဲ့။

အင်း ... တိုက်ပွဲကတော့ ပြင်းထန်လှတယ်လို့ ဆိုရပါမယ်။

ဦးကျော်မြင့်က ရန်ကုန်တိုင်းတရားရုံးမှာ အမှု ၂ ခု တင်ထားတယ်လို့လည်း ကြော်ငြာက ဆိုတယ်
၁။ အောက်လမ်းနည်းသုံးတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ စွပ်စွဲချက်အတွက် နစ်နာကြေးရလိုတယ်
၂။   မြေနေရာ ပြန်ပေးမယ်၊ သို့သော်လည်း စာချုပ်ကို တဖက်သတ် ဖျက်တဲ့အတွက် စရံငွေအားလုံး "အဆုံးရှုံးခံသည်ဟုသာ မှတ်ယူရန်ရှိ"
ဒီအမှု ၂ ခု စလုံးကို တရားရုံးက လက်ခံထားတယ်လို့ ကြော်ငြာက ဆိုတယ်။

ကြော်ငြာမှာ ပါတဲ့ အောက်လမ်းနည်း ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီဘလော့မှာ သတင်း ဖော်ပြခဲ့ပြီးပါပြီ။
ဒေါ်ဝါဝါဝင်းရွှေဓာတ်ပုံအင်းချပြီး မီးရှို့မှု သုံးကြိမ်ပေါ်ပေါက်

http://blog.irrawaddy.org/2013/06/blog-post_2517.html မှာ ဖတ်နိုင်ပါတယ်။

ဒေါ်ဝါဝါဝင်းရွှေ နဲ့ ဦးကျော်မြင့်တို့ နှစ်ဘက်လုံးက ဒီအမှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ သီးခြားစီ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ရှေ့ဆက် ဘာတွေဖြစ်လာမလဲ?
သူသိပ်မနာ၊ ကိုယ်သိပ်မနာ ဖြစ်အောင် ဝင်ညှိပေးမယ့် ကြားလူ ပေါ်လာမလား။
သို့တည်းမဟုတ်
တဘက်ဘက်က ရှုံးသွားမလား ??

လောလောဆယ် အမြတ်ထွက်နေတာကတော့ သူတို့ငှားထားတဲ့ ရှေ့နေတွေ၊ ကြော်ငြာပါတဲ့ သတင်းစာတွေပဲ ဖြစ်ပါလိမ့်မယ် လို့ ယူဆရပါတယ်။

(ဓာတ်ပုံ - ရွှေအမြုတေ)
From: ဧရာဝတီ

အမုန်းပွား စကားလုံးသုံးမှု ပပျောက်ရေးဆွေးနွေးပွဲ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးဆောင် ဆွေးနွေးမည်

Posted by drmyochit Wednesday, June 26, 2013, under | No comments


ရန်ကုန်၊ ဇွန် ၂၅

မြန်မာနိုင်ငံတွင် ဇွန်လ ၂၈ ရက်နေ့၌ ပထမဆုံးအကြိမ် ကျင်းပ မည့် အမုန်းတရား ကိုယ်စားပြု စကားလုံး သုံးနှုန်းမှု ပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတ ပြောရေး ဆိုခွင့် ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ဦးဆောင် ဆွေးနွေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။

အမေရိကန် သံရုံးက ဦးဆောင်၍ ချက်ထရီယံ ဟိုတယ်၌ ကျင်းပမည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးရဲထွဋ်က အမုန်းတရား ကိုယ်စားပြု စကားလုံး သုံးနှုန်းမှုများကြောင့် မြန်မာ့ လူမှုအဖွဲ့အစည်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ ဟူသော ခေါင်းစဉ်ဖြင့် ပြောကြားမည်ဖြစ်ကြောင်း သံရုံး ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် AP သတင်းဌာန၏ အထွေထွေကောင်စီ ဝင်ဟောင်းဖြစ်သည့် Mr.Richard Winfield ကလည်း ဒီမိုကရေစီနှင့် အမုန်း ကိုယ်စားပြု စကားလုံး အသုံးအနှုန်းများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်ကြောင်း၊ ထို့အပြင် ယင်းအခမ်းအနားသို့ ဘာသာရေး ခေါင်းဆောင် များဖြစ်သည့် အရှင်ဓမ္မပီယ၊ ဦးအေးလွင်၊ ဒေါက်တာ စောလှိုင်ဘွားနှင့် ဦးအောင်နိုင်တို့ တက်ရောက်မည်ဖြစ်ကြောင်း သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

"ဘုန်းဘုန်းကိုတော့ အမေရိကန် သံရုံးကနေ အမုန်းတရား ကိုယ်စားပြု စကားလုံး အသုံးအနှုန်းများ ပပျောက်ရေး အခမ်းအနား တက်ရောက်ပေးဖို့ ဖိတ်ထားတယ်။ ဘာအတွက် ကျင်းပတယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်တော့ မသိသေးပါဘူး" ဟု အခမ်းအနားသို့ တက်ရောက်မည့် ဆရာတော် အရှင်ဓမ္မပီယက မိန့်ကြားသည်။

သို့သော် အမေရိကန် သံရုံး ထုတ်ပြန်ချက်တွင် အဆိုပါ ဘာသာရေး ခေါင်းဆောင်များက ပြည်သူများနှင့် အမုန်းတရား ကိုယ်စားပြု အသုံးအနှုန်းများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးသွားကြ မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

ခွန်းဆင့်နေခြည် ရဲ့ Sexy ဓာတ်ပုံတွေ

Posted by drmyochit Wednesday, June 26, 2013, under | 13 comments

အာရှတိုက်မှာသာနေထိုင်ကျက်စားတဲ့ ကြောင်မျိုးနွယ်ဝင်

Posted by drmyochit Wednesday, June 26, 2013, under | No comments









အရှတိုက်အလယ်ပိုင်းဒေသတွေမှာ နေထိုင်ကျက်စားတဲ့တောကြောင်တစ်မျိုးပါ၊

သိပ္ပံအမည် ခေါ်ဆိုမှုအရ Pallas’s cat လို့ခေါ်ပါတယ်၊မြင်တွေ့ ရန်ခဲယဉ်းလွန်းတဲ့ ရှားပါးမျိုးနွယ်ဝင်ဖြစ်တဲ့ အတွက် အမဲလိုက်ခြင်းမှ ကန့်သတ်ထားပါတယ်

နေထိုင်ကျက်စားတဲ့ အသေးစိတ်ပုံကို ပြည့်စုံစွာဖော်ပြပေးလိုက်ပါတယ်၊

မြန်မာအမျိုးသမီး ၁၃ ဦး ထိုင်းမှာ အဓမ္မပြည့်တန်ဆာဘဝက လွတ်မြောက်

Posted by drmyochit Wednesday, June 26, 2013, under | No comments


ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့မှာ ပြည့်တန်ဆာအဖြစ် အတင်း အကြပ်စေ ခိုင်းခံ ထားရတဲ့ မြန်မာအမျိုးသမီး ၁၃ ဦးကို ထိုင်း လူကုန် ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (AHTD)က ကယ်တင်နိုင်ခဲ့ပြီး၊ အဲဒီ အမျိုး သမီးတွေကို ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့တဲ့ အသက် ၃၂ နှစ် အရွယ် Chonthipaporn ချွန်သီပါပွန်ဆိုသူ ထိုင်း အမျိုး သမီးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကယ်တင်ခံခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေထဲမှာ အသက် ၁၈ နှစ်အောက် ၄ ဦးပါဝင်ပြီး၊ ရနောင်းမြို့ ခေါင်နီဝပ် (Khao Niwet) မှာရှိ တဲ့ DD အပန်းဖြေဂေဟာကနေ ကယ်တင်နိုင် ခဲ့ တာဖြစ် ကြောင်း AHTD အကြီးအကဲ ရဲမှူးချုပ် ချာဝလစ်က ပြော ပါတယ်။

အဲဒီ မြန်မာအမျိုးသမီးတွေနဲ့ တွေ့ဆုံပြီး စကားပြောဆိုခွင့်ရခဲ့သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ရနောင်းကနေပြီးတော့ သူတို့ကို ထိန်းသိမ်းခံထားရတာပါတဲ့၊ သူတို့ ၁၃ ယောက်ရှိတယ်တဲ့၊ ဒီဒီ ကာရာအိုကေဆိုင်တဲ့၊ သူတို့ပြောပြချက်ပေါ့နော်၊ သူတို့ ၁ နာရီကို ၅ဝဝ ရတယ်၊ ၃ဝဝ ကို ပိုင်ရှင်ကဖြတ်တယ်၊ အဲမှာ ထမင်းဖိုးတို့၊ အခန်းစရိတ်ဖိုးတော့ ဘာတို့ဖြတ်တယ်ပေါ့နော် အဲလိုမျိုးပြောတယ်”

အဲဒီ ၁၃ ဦးထဲက အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၄ ဦးဟာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်လို့ပြောပါတယ်၊ ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးကို အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာအဖြစ်စေခိုင်းမှု၊ တရားမဝင် နိုင်ငံခြားသားလက်ခံမှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ရနောင်းခရိုင် အုပ်ချုပ်ရေးမှူးကတော့ ဒီလူကုန်ကူးမှုမှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်တာ မတွေ့ရှိရကြောင်း၊ အကယ်၍ ပတ်သက်တယ်လို့ စစ်ဆေးတွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပြောဆိုကြောင်းလည်း ထိုင်းသတင်းတွေက ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း တက်ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရတဲ့ အသက် ၁၈ နှစ်အောက် မြန်မာအမျိုးသမီးငယ် ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး၊ ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။

RFA Burmese

The Face of Buddhist Terror ဆောင်းပါးပါ တိုင်းမ်မဂ္ဂဇင်းကို အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပိတ်ပင်

Posted by drmyochit Wednesday, June 26, 2013, under | No comments


The Face of Buddhist Terror ဆောင်းပါးပါဝင်သော ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ကို ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုင်းမ်မဂ္ဂဇင်းတွင် သံဃာတော် ဥူးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့ကြောင်း၊ အဆိုပါ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သည်ကို တွေ့ရှိရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အဆိုပါ ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သည်ကို တွေ့ရှိရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထား . . . . .

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကာကွယ် ဆောင်ရွက်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အချက်ခြောက်ချက် ပါဝင်ပြီး အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်၊ လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ် နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် စသည့်အချက်များ ပါဝင်သည်။

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အတွင်းရေးမှူးအဖြစ် ပါဝင်သည်။

From: Eleven

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Posted by drmyochit Wednesday, June 26, 2013, under | No comments


ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက တကယ်ပဲ ခြိမ်းခြောက်ခံနေ ရသောကြောင့် ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကာကွယ်ရန် လိုအပ်နေပြီဟု ယူဆပါသလားဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ . . . . .

ထို့အပြင် တိုင်းမ်မဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာ သံဃာတော် တစ်ပါးဖြစ်သော ဦးဝီရသူအား အကြမ်းဖက် သမားအဖြစ် မျက်နှာဖုံးတင် ဖော်ပြပြီး ဗုဒ္ဓဘာသာအား အကြမ်းဖက် ဘာသာတစ်ခုအဖြစ် စွပ်စွဲဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဘာသာတရားအား အကြမ်းဖက်မှုနှင့် ဆက်စပ်သည်ဟု အမြင်မှားမှုများ မဖြစ်ပေါ်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

"ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာတရားဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်းအားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့ မြင်လာရင်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ" ဟု ၎င်းကပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သော အကြမ်းဖက်မှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စများမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ကိုင်တွယ်မှုတို့မှာ ပွင့်လင်းမြင်သာမှု မရှိခြင်း တို့ကြောင့်သာဖြစ်ကြောင်း ပြောကြားသည်။

"ဘာသာရေးဆိုတာ လူမှုရေးထဲမှာ ပါတယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တဲ့သူတွေကလည်း ဘာသာရေး ကိစ္စပိုင်းတွေကို ပစ်ပယ်ထားလို့ မရဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ဗုဒ္ဓဘာသာဝင်ဖြစ်သူ ယောက်ျားကသာ အိမ်ထောင်ပြုရမည်ဟု အချက်ပါဝင်သော မျိုးစောင့်ဥပဒေကြမ်းကို မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ ဦးဆောင်၍ ရေးဆွဲကာ လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်လျက် ရှိနေကြောင်း သိရသည်။

From: Eleven

တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်သည့် အရေးကြီးအဆို လွှတ်တော်တွင် တင်သွင်းဖွယ်ရှိ

Posted by drmyochit Wednesday, June 26, 2013, under | No comments



ရန်ကုန်  -  ဇွန် - ၂၅ ။                ။ယနေ့ကျင်းပမည့် သတ္တမ ပုံမှန် လွှတ်တော် အစည်း အဝေး များတွင် အရှင် ဦးဝီရသူအား ''ဗုဒ္ဓ ဘာသာ အကြမ်းဖက် သမား''ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာ ကျော် တိုင်းမ်မဂ္ဂဇင်းမှ ရေးသား ဖော်ပြချက် အပေါ် အရေးကြီး အဆို အဖြစ် တင်သွင်းလာ နိုင်ဖွယ် ရှိကြောင်း  လွှတ်တော် ကိုယ်စားလှယ် အသိုင်း  အဝိုင်းမှ သိရသည်။

ပထမ အကြိမ် သတ္တမ ပုံမှန် အစည်း အဝေး များကို ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင် ဒီကနေ့ ဇွန်လ (၂၅)ရက် နေ့တွင် စတင် ကျင်းပခြင်း ဖြစ်ပြီး အဆိုပါ အရှင် ဦးဝီ ရသူကိစ္စနှင့်ပတ် သက်၍လည်း အမျိုး သားရေးကို ထိပါးလာခြင်း အတွက် လွှတ်တော် ကဏ္ဍ မှလည်း သဘောထား တစ် ရပ် ထုတ်ဖော်ပြသရန် လိုအပ်ပြီး  ဖြစ်သည့် အတွက် လွှတ်တော်တွင် အရေးကြီး အဆို တစ်ရပ် တင်သွင်း ပြီး လွှတ်တော်၏ သဘော ထား ကို ပြည်သူ များ သိရှိရန် ပြတ်သားစွာ ထုတ်ဖော် သင့်ကြောင်း လည်း  လွှတ်တော် ကိုယ်စားလှယ် များက ပြောကြသည်။

ယင်းနှင့် ပတ်သက်၍ လသာ မြို့ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဦးကြည်မြင့်က ''ဒီကိစ္စက အမျိုး သားရေး ကိစ္စ ဖြစ်တော့ ဩဇာ ရှိတဲ့ လူပုဂ္ဂိုလ်တွေ နိုင်ငံရေး ပါတီ တွေက အစပြုပြီး အဆို တင်သွင်း လာမယ် ဆိုရင် ဝိုင်းဝန်းပြီး ဆွေးနွေး ကြမှာပါ။ မနက်ဖြန် အစည်းအဝေး အာဂျင် ဒါမှာတော့ မတွေ့ ရသေး ဘူး''ဟု ပြောသည်။ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ အေးမောင် က ''ဒီလို အရေး အသား မျိုးက အမျိုးသားရေးကို ထိပါး လာတယ်။ ဘာသာတစ်ခု ရဲ့ကျင့် ဝတ်သိက္ခာကို ထိပါးသလို ပဋိပက္ခ တွေကိုလည်း ဖြစ်လာ နိုင်စေတယ်။ ကျွန်တော်တို့ ပါတီ အနေနဲ့လည်း ဒီကိစ္စနဲ့ပတ် သက်ပြီး လွှတ်တော်မှာ တင်သင့်၊ မသင့်ကို ဆွေးနွေး သွားဖို့ ရှိပါ တယ်။ ပါတီ အနေနဲ့ ကတော့ ရှုံ့ချ ကန့်ကွက် တဲ့ ကြေညာချက် ထုတ်ပါမယ်။ အကယ်၍ လွှတ်တော်မှာ ဒါနဲ့ပတ် သက်ပြီး တင်လာ ရင်လည်း ဆွေးနွေးသွားမယ်''ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''လွှတ်တော် အစီ အစဉ် မှာတော့ မပါ ပေမယ့် လွှတ်တော်က အဖြေ ပေးရမယ့် အချိန် ရောက်လာရင် သံဃာတော် တွေရဲ့ ခံစား ချက်ကို နားလည်ပြီး ဆွေးနွေးသွားမယ်။ တိုင်းမ်မဂ္ဂဇင်း က စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီ တာကိုတော့ ကျွန်တော်တို့ ကန့်ကွက် တယ်။ လွှတ်တော်မှာ တင်လာ ရင်ဆွေးနွေးမယ်''ဟုပြောသည်။

ဝေမာသိမ့်
Yangon Media Group

တရားဥပဒေ စိုးမိုးမှု မရှိသဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဟုဆို

Posted by drmyochit Wednesday, June 26, 2013, under | No comments



အဓမ္မပြုကျင့်ခံရကာ ခိုးမှုဖြင့်လည်း တရားစွဲဆိုခံခဲ့ရသော အထက်ပါ အသက်မပြည့်သေးသည့် မိန်းကလေး ကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ များစွာရှိနေသည် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် လူ့အခွင့်အရေး အခြေအနေမှာ တိုးတက်မှု ရှိလာသော်လည်း တရားဥပဒေစိုးမိုးမှု မရှိသေးသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဧရာဝတီသို့ ပြောသည်။

စစ်တပ်မှ ကလေးစစ်သား အဖြစ် စုဆောင်းခြင်း၊ အသက်ပြည့်သူများကိုလည်း အတင်း အဓမ္မ စစ်တပ်ထဲသို့ ခေါ်သွင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ငွေရှင်ကြေးရှင်များက အာဏာပိုင်များနှင့် ပူးပေါင်း၍ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ဆင်းရဲမွဲတေမှုကြောင့် လူကုန်ကူးခံရခြင်း စသည့် ပြဿနာများစွာ ရှိနေသေးကြောင်း သိရသည်။

လက်နက်ကိုင် ပဋိပက္ခများ ရှိရာဒေသများသည် တခြားနေရာ ဒေသများထက် လူ့အခွင့်အရေး ပိုမိုချိုးဖောက်ခံနေရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ ပြည်သူလူထုအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတုန်းပဲ။ အစိုးရ စစ်တပ်အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါတယ်” ဟု သူကဆိုသည်။

၂၀၁၂ ဇွန်လတွင် စစ်တပ်မှ တပ်သားသစ် စုဆောင်းခြင်းနှင့် ပတ်သက်၍ ကချင်နှင့် ရှမ်းပြည်သူများ၏ တိုင်ကြားချက်ကြောင့်
မြစ်ကြီးနားမြို့သို့ ကွင်းဆင်းဆေးခဲ့ရာ စစ်ဘက်မှ ဗိုလ်မှူးတဦး အပါအဝင် တိုင်ကြားချက်အရ ပါဝင်ပတ်သက်သူ အားလုံးကို စစ်ဆေးရာ လက်နက်ကိုင် အဖွဲ့အစည်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။

ကလေးစစ်သား ပြဿနာ လျော့ကျလာသော်လည်း ယနေ့အချိန်ထိ စစ်တပ်မှ ကလေးစစ်သား အဖြစ် စုဆောင်းခံရခြင်း၊ အသက်ပြည့်သူ များကိုလည်း အတင်းအဓမ္မ စစ်တပ်ထဲ ခေါ်သွင်းနေခြင်း တို့ကို လာရောက် တိုင်တန်းမှုများ ရှိနေ သောကြောင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နှင့် ဆက်သွယ် ဆောင်ရွက် ပေးနေရကြောင်း ILO နှင့် ဆက်သွယ် ဆောင်ရွက်သူများ ကွန်ရက်မှ ဦးသက်ဝေက ပြောသည်။

“လှိုင်မှာနေတဲ့ ကလေးတယောက် ဆိုရင် တပ်က ကလေးစစ်သားဆိုပြီး ပြန်လွှတ်ပေးလိုက်ပေမယ့် ဒီပြန်ရောက်တော့ HIV ဝေဒနာနဲ့ သေသွားတယ်။ ကျနော် လေ့လာကြည့်လိုက်တော့ တပ်ထဲမှာ ဆေးထိုးအပ် တချောင်းထဲကို အများ ၀ိုင်းသုံးရာ ကနေ ကူးလာတာ။ သူတပ်ထဲ ပါသွားတုန်းက ၁၆ နှစ်ပဲ ရှိသေးတယ်။ ထွက်ပြေးတော့ အဖမ်းခံရပြီး မုပ္ပလင် ရဲဘက်စခန်းကို အပို့ခံရတယ်။ အသက်၂၀ လောက်မှ ILO ရဲ့ အကူအညီနဲ့ ပြန်လွတ်လာတာ” ဟု သူက ဆိုသည်။

ပြည်တွင်း ဥပဒေများသည် လူအခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ ဥပမာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် နှင့် ပတ်သက်၍ ခွင့်ပြုချက် တောင်းရန် လိုအပ်သော ပုဒ်မ ၁၈ ကို ပြန်လည် သုံးသပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

“လူ့အခွင့်အရေးမှာ ပေးထားတဲ့ အခွင့်အရေးတွေ အားလုံးရဖို့ကတော့ ကျနော်တို့ တော်တော် ကြိုးစားရဦးမှာပါ။ လူအခွင့်အရေး ကြေညာစာတမ်းကို ကျနော်တို့ ပြည်တွင်း ဥပဒေစံနှုန်းအတိုင်း ရောက်အောင်တော့ ကြိုးပမ်းကြဖို့ အရေးကြီးတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရအနေဖြင့် လူ့အခွင့်အရေး လေးစာလိုက်နာရန်၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဘာသာပြန်၍ အစိုးရ ဋ္ဌာနအဖွဲ့အစည်းများသို့ အုပ်ရေ နှစ်သောင်းခန့် ဖြန့်ဝေထားကြောင်း ဦးစစ်မြိုင်က ရှင်းပြသည်။

“လူ့အခွင့်အရေး ကြေညာစာတမ်းက ဖြန့်နေပြီဗျ။ ပြည့်စုံအောင် ပြောရရင် ၁၉၅၈ ခုနှစ်လောက်က ဘာသာပြန်တဲ့ စာမူ တခုလည်း ရှိပါတယ်။ အဲဒီမူကိုပဲ အရင်က သုံးနေကြတာပေါ့။ အခု ကျနော်တို့က အဓိပ္ပာယ် ပြည့်စုံမှန်ကန်အောင် ဘာသာပြန် ထားတယ်။ အဲဒီ စာမူကို ကော်မရှင်က အခြေခံပြီးတော့ ၆ လလောက် ပြင်ပြီး ဆွီဒင်က လူ့အခွင့်အရေး ပညာပေးတဲ့ အဖွဲ့က ကူညီတာ” ဟု သူက ဆိုသည်

အဆိုပါ လူ့အခွင့်အရေး ပညာပေးအဖွဲ့ ရန်ပုံငွေနှင့် အုပ်ရေ ၃ သောင်းကို အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနှင့် ရိုက်ပြီး ဇွန်လ ၁၈ ရက်နေ့က ဖြန့်ဝေသည့် အခမ်းအနား လုပ်ခဲ့ကြောင်း၊ ၀န်ကြီးဋ္ဌာနများကို အုပ်ရေ ၂ သောင်းနီးပါးနှင့် လူမှုအဖွဲ့အစည်းများ အတွက် အုပ်ရေ ၅ ထောင်နီးပါး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေသောကြောင့် အဖမ်းခံခဲ့ရသော အခြေအနေမှ အစိုးရ ဖွဲ့စည်းပေးထားသော လူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေနိုင်ခြင်းသည် တိုးတက်မှုပင် ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောသည်။

“တချိန်တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ဖြန့်ဝေလို့ အဖမ်းခံရတာရှိတယ်။ အဲဒီ အခြေအနေကနေ အခု လူ့အခွင့်အရေး ကော်မရှင်ကနေ ဖြန့်ဝေနိုင်တဲ့ အဆင့်ဟာ မြန်မာနိုင်ငံ အတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပဲ။ သူများနိုင်ငံမှာ လူ့အခွင့်အရေး အကြောင်းကို ကျောင်းသင်ခန်းစာတွေမှာ သင်နေတဲ့အချိန် ကျနော်တို့နိုင်ငံမှာ
ဖြန့်ဝေတဲ့ သူက ရာဇ၀တ်မှုနဲ့ ထောင်ကျခဲ့ပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး မရှိသရွေ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ပြဿနာများ ရှိနေဦးမည် ဖြစ်ကြောင်း၊
ငွေရှင်ကြေးရှင် များက အာဏာပိုင်များနှင့် ပူးပေါင်းကာ ခြိမ်းခြောက် တရားစွဲထားသော ဖြစ်စဉ်များ ရှိနေကြောင်း၊
ဆင်းရဲမွဲတေ မှုကြောင့် လူကုန်ကူးခံရခြင်း၊ ကလေးသူငယ်များကို အိမ်ဖော်အဖြစ် စေခိုင်းနှိပ်စက်ပြီး ပစ္စည်းခိုးသည်ဟု ဆိုကာ တရာရုံးတင် စွပ်စွဲမှုများ ရှိနေကြောင်း ဦးသက်ဝေက ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့ခဲ့ပြီး ၉ လနှင့် တနှစ် အတွင်း လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ ၃၀၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း၊ တိုင်ကြားစာအားလုံးကို အမှတ်စဉ်အလိုက် မှတ်တမ်းတင်ကာ ဥပဒေ ပညာရှင်များ ပါဝင်သော ကော်မရှင်အဖွဲ့က အစည်းဝေးထိုင် ဖြေရှင်းပေးနေကြောင်း သိရသည်။

“လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလားလို့ မေးရင် တိုးတက်ဖို့ အားလုံးဝိုင်းလုပ်နေတဲ့ အဆင့်ပဲ ရှိသေးတယ်။အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်၊ ကျနော်တို့မှာလည်း တာဝန်ရှိသလို၊ Civil Society တွေမှာလည်း တာဝန်ရှိတယ်။ အရင်ခေတ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် တိုးတက်တယ်လို့ ပြောနိုင်ပေမယ့် ဘယ်လောက် တိုးတက်သလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ တချို့ တိုးတက်မှုတွေက ထင်သာမြင်သာရှိပေမယ့် မတိုးတက်သေးတဲ့ အခြေအနေ တွေလည်း ရှိပါတယ်။ မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကလည်း အများကြီး ရှိပါသေးတယ်” ဟု ဦးစစ်မြိုင်က ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း တိုင်ကြားခံရလျှင် ဤဖြစ်စဉ်ကို မှန်ကန်မှု ရှိ မရှိ စုံစမ်းရပြီး ဖြစ်စဉ်မှန်ကန် ပါက မည်သူက ကျူးလွန်သည်ကို ဖော်ထုတ်ရကြောင်း၊ ဖော်ထုတ်ပြီးပါက မည်သို့ ဖြစ်ပွားသည်ကို သုံးသပ်ချက် ရေးရကြောင်း၊ ထို့နောက် အကြံပြုချက်၊ တိုက်တွန်းချက် ရေးရကြောင်း ဦးစစ်မြိုင်က လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းစဉ်ကို ရှင်းပြသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိသောအခါ သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ တင်ပြရကြောင်း၊ သမ္မတရုံးကလည်း သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများသို့ ဆက်လက် ညွှန်ကြားပေးကြောင်း၊ သို့သော် ယင်း ၀န်ကြီးဋ္ဌာနများမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း ကော်မရှင်၏ အဆိုအရ သိရသည်။

“အစိုးရဋ္ဌာနတွေကို ကျနော်တို့နဲ့ ပူးပေါင်းလာအောင်၊ တိုးတက်မှုတွေ ရှိလာအောင် နည်းမျိုးစုံနဲ့ လုပ်ရတာပေါ့။ဆောင်ရွက် ပေးတာတွေလည်း အထိုက်အလျောက် ရှိပေမယ့် ပူးပေါင်း ဆောင်ရွက်မှုကတော့ တော်တော်နည်းပါတယ်” ဟု
ကော်မရှင် အတွင်းရေးမှူးက ဆိုသည်။

အစိုးရသစ် လက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု တိုင်ကြားခွင့် ရှိနေခြင်းသည်ပင် တိုးတက်မှု ဖြစ်ကြောင်း၊ တိုင်ကြားသူ များမှာလည်း သမ္မတရုံး၊ လွှတ်တော် ကော်မတီများ၊ သက်ဆိုင်ရာ ၀န်ကြီးဋ္ဌာနများနှင့် ကော်မရှင် အဖွဲ့အစည်း အသီးသီးကိုပါ လိပ်မူ၍ အနည်းဆုံး လိပ်စာ ၅ ခုခန့်အထိ တိုင်ကြားမှုများ ရှိလာသည်ကို တွေ့ရကြောင်း လူ့အခွင့်အရေး ကော်မရှင်က ပြောသည်။

ထက်နိုင်ဇော်| ဧရာဝတီ

နာမည်ကြီးတရုတ်မင်းသမီးချော Michelle Chen ရဲ့ဖက်ရှင်အလှဓာတ်ပုံတွေပါ...

Posted by drmyochit Wednesday, June 26, 2013, under | No comments

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်