Wednesday, June 12, 2013

ဘုရား ဆင်းတုတော် ၆၅ ဆူ တူးဖော်တွေ့ရှိ

Posted by drmyochit Wednesday, June 12, 2013, under | No comments


နေပြည်တော် ဇွန် ၁၁
ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ်(၂) ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ရွှေနှုံးတိုး ပင်မ စေတီတော် မြတ်ကြီးအား ပြန်လည် ပြုပြင်ရန် ရွှေနှုံးတိုး ကျောင်းတိုက် ဆရာတော်
ဘဒ္ဒန္တ စန်္ဒိမာ ဦးဆောင်၍ ဂေါပက အဖွဲ့ဝင်များ၊ အလုပ်သမား များဖြင့် ဇွန် ၈ ရက် နံနက် ပိုင်းတွင် စေတီတော် ကြီး၏ မြောက်ဘက်မှ စ၍ မြေအောက်လိုဏ်ကျင်း တူးဖော်စဉ် အလျား ၃ ပေ၊ အနံ ၃ ပေ၊ အမြင့် ၂ ပေရှိ အရန် ဌာပနာတိုက် အတွင်းမှ သံဖြင့် သွန်းလောင်းကာ    ကြေးရည် လောင်းထားသည့် ဉာဏ်တော် ၃ လက်မခန့်ရှိ ဆင်းတုတော် ၆၅ ဆူအား တူးဖော် တွေ့ရှိ ရသဖြင့် မူလအတိုင်း ဌာပနာသွင်း ပိတ်သိမ်းခဲ့ရာ ညနေ ၆ နာရီတွင် ပြီးစီးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

ဦးဌေးဦးနဲ့ ဦးသိန်းညွန့် သုံးသပ်တဲ့ သူရရွှေမန်းသမ္မတဖြစ်လိုကြောင်းစကားနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားရမယ့် ပုဒ်မ ၅၉ (စ) -

Posted by drmyochit Wednesday, June 12, 2013, under | 1 comment

ဇွန်လ ၁၂ ရက် ၂၀၁၃

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပြည်ပခရီးစဉ် တစ်ခုအ တွင်း ၂၀၁၅ ၌ သမ္မတဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌လည်း ဒုတိယအကြိမ်ထပ်မံ၍ သမ္မတ ဖြစ်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း သူ၏အမေရိကန်ခရီးစဉ်၌ VOA သတင်းဌာနနှင့် မေးမြန်းခန်းပြု လုပ်ရာ၌ မိမိအနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတ ဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်၍ သမ္မတဖြစ်လိုကြောင်း ဆန္ဒပြုသူ နှစ်ဦးစလုံးမှာ အမိနိုင်ငံတော်၌ ဦးစွာ ပြောကြားခြင်းမျိုး မဟုတ် ဘဲ ပြည်ပနိုင်ငံများ၌သာ ပြော ကြားခြင်းမှာ ထူးခြားမှုတစ်ခုပင် ဖြစ်ကြောင်း လေ့လာသူ အချို့က သုံးသပ်ကြသည်။ ယင်းနှင့်ပတ် သက်၍ နိုင်ငံရေးနှင့် လွှတ်တော် နယ်ပယ်၌ ထင်ရှားသူ အချို့ အားHot Newsမှ ဆက်သွယ်၍ သဘောထားမေးမြန်း ဖြစ်ခဲ့ပါ သည်။

ဦးဌေးဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(USDP)

လွှတ်တော်ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော နှစ် ဦးစလုံးက သူတို့ရဲ့ဆန္ဒကို ပြော တာပါ။ သူတို့တိုင်းပြည်ကို တာဝန်ယူချင်တဲ့ ဆန္ဒတို့ပြောကြ တာပါ။ ဒါနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်သမ္မတဖြစ်ချင်ကြောင်း ဆန္ဒပြုကြတဲ့ ပုဂ်္ဂိုလ်နှစ်ဦးစလုံး ဟာလည်း တကယ့်ကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ပြီး တော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် လူတွေ လည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ ၂၀၁၅ ဆိုတာက လိုပါသေး တယ်။ လိုသေးတယ်ဆိုပေမဲ့ လည်း ရှိနေတဲ့အချိန်ပေါ်မှာ မူ တည်ပြီး သမ္မတဆန္ဒပြုတဲ့ လွှတ် တော် ဥက္ကဋ္ဌကြီးရော၊ ဒေါ် အောင်ဆန်းစုကြည်ရော ကြိုးစား ကြရလိမ့်မယ်။ ကြိုးလည်းကြိုးစား နေကြပါတယ်။

ဦးသိန်းညွန့်(NNDP) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်
လွှတ်တော်ဥက္ကဋ္ဌကြီး ၂၀၁၅ သမ္မတဖြစ်ချင်တယ်ဆိုတဲ့ စကားကို လေ့လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာလည် ပြည်ပနိုင်ငံတစ်ခုမှာ ပထမဆုံး ပြောခဲ့တယ်။ ခုလွှတ်တော်ဥက္ကဋ္ဌ ကြီးဟာလည်း အမေရိက ခရီး စဉ်မှာ ပြောခဲ့တယ်။ ဒါနဲ့ပတ် သက်ပြီး ပြောရမယ်ဆိုရင် ပြည် တွင်းမှာ ၂၀၁၅ သမ္မတဖြစ်ရေး အတွက် ဆန္ဒပြုသူနှစ်ဦးစလုံးဟာ အမိနိုင်ငံမှာ ဦးဆုံးပြောတာ မဟုတ်ဘဲ ပြည်ပနိုင်ငံ ခရီးစဉ် တွေမှာ ပြောကြားခဲ့တာဟာ ထူး ခြားတယ်လို့ ကျွန်တော်ယူဆ တယ်။

နောက်တစ်ခုက သမ္မတ လောင်းနှစ်ဦး စလုံးဟာ ၂၀၁၅ မှာဝင်ပြိုင်မယ်ဆိုတဲ့အတွက် မြန်မာ့နိုင်ငံရေးစင်မြင့်မှာ လှုပ်လှုပ်ရွရွဖြစ်ပြီး အရမ်းကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲပဲ။ ဒါပေ မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးသပ်ရမယ်ဆိုရင် သူရဦးရွှေ မန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉အပိုဒ်ခွဲ(စ)နဲ့ညီညွတ်နေ တဲ့အတွက်သူရဲ့သမ္မတ ၀င် ရောက်ယှဉ်ပြိုင်မှုမှာ ဘာအတား အဆီးမှ မရှိတော့ဘူး။ ဒေါ် အောင်ဆန်းစုကြည်ကတော့ သူ့ခင်ပွန်းကရော၊ သူ့သားသမီး နှစ်ဦးကရော နိုင်ငံခြားသားတွေ ဖြစ်နေတယ်။ ဒီတော့ သူ့ရဲ့ သမ္မတ ၀င်ရောက်ယှဉ်ပြိုင်မှုမှာ အခြေခံဥပဒေပုဒ်မ ၅၉(စ)က အတားအဆီးသဘောဖြစ်နေတယ်။

ဒါနဲ့ပတ်သက်ပြီး အနီးဆုံးသာဓက တစ်ခုကို ကြည့်မယ်ဆိုရင် တိုင်း ဒေသကြီး ၀န်ကြီးချုပ်တစ်ဦးရဲ့ သားမက်တော်စပ်သူဟာ နိုင်ငံ ခြားသားဖြစ်တဲ့အတွက် သူ့ရဲ့ ဒုတိယ သမ္မတဖြစ် ခွင့်မရခဲ့တာ လည်း အထင်အရှားကြီးရှိနေ တယ်။ ဒီလိုသာဓကမျိုးကို သိရဲ့ သားနဲ့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ၀င်ပြိုင်မယ်လို့ ပြော တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သူလိုချင်တဲ့ပုံစံအတိုင်း လုပ်နိုင်မယ်လို့ယူဆလို့ ပြော သလားလို့ပေါ့နော်”” အထက်ပါ သုံးသပ်ချက်များအပြင် မကြာမီ ကာလအတွင်းHot News နှင့်NLDဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ရာတွင်လည်း ယင်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လိုသည်မှာ အာဏာရလိုမှု၊ လုပ်ပိုင်ခွင့်ရလိုမှုသက်သက် မဟုတ်ဘဲ လူစုအကျိုးကိုထိ ရောက်စွာ သယ်ပိုးကူညီနိုင်ရန် အတွက် လုပ်ပိုင်ခွင့်၊ အာဏာ ရှိမှသာ အထိရောက်ဆုံးလုပ်နိုင် မည်ဖြစ်သဖြင့်သာ သမ္မတလုပ်လို ကြောင်း ပြောကြားခဲ့သည်။

 နိုင်ငံ ရေးနှင့်ဥပဒေရေးနယ်ပယ်မှ လေ့လာစောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစု ကြည်၏ သမ္မတ၀င်ပြိုင်မည်ဆို သည့်စကားနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ပြဋ္ဌာန်းထားသော ပုဒ်မ (၅၉)(စ)ပါပြဋ္ဌာန်းချက်အား မည် သို့ကျော်လွှားမည်ကို စိတ်ဝင်စား စောင့်ကြည့်လျက်ရှိနေကြသည်။

ခန့်ခန့်(ဒဿနိက)

Hot News

ကြက်ဟင်းခါးသီးဟင်း ချက်ကျွေး၍ လင်မယားချင်းဓါးထိုးမှု

Posted by drmyochit Wednesday, June 12, 2013, under | No comments

ပဲခူးတိုင်း ဒေသကြီး ၊ အုတ်ဖိုမြို့နယ် ၊ လက်ပံတော ကျေးရွာ အုပ်စု၊ ဂရန် စံပြကျေးရွာတွင်၊ ၁၆-၅-၁၃ ရက်နေ့ ၊ နေ့လည် ၁း၀၀ ခန့်က ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူချက်ကျွေးသော ကြက် ဟင်းခါး သီးဟင်းကို အရမ်း ခါးလွန်း သည်ဟု ၊ ပြစ်တင်ပြောဆိုရာမှ လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ပါသည်။
ကိုဇော်မင်းနိုင်မှ ဇနီးဖြစ်သူ မစန်းစန်းမော် ၏မျက်နှာကို လက်သီးဖြင့် စတင်ထိုးပြီးခြေဖြင့် ကန်ခဲ့၍ ဇနီးဖြစ်သူမှ ဓါးမြှောင်ဖြင့် ပြန်ထိုးခဲ့ရာ ဇော်မင်းနိုင် ၏ရင်ညွန့်တည့်တည့်တွင် ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ၊ ဆေးရုံသို့ပို့ဆောင်၍ဆေးကုသမှုခံယူခဲ့ရကြောင်းသိရှိရပါသည်။

ကိုဇော်မင်းနိုင် ၏တိုင်တန်းမှုကြောင့် အုတ်ဖိုရဲစခန်းမှ ပ(၁၃၀/၁၃) ပုဒ်မ ၃၂၄ အရ အရေး ယူဆောင်ရွက် လျှက်ရှိကြောင်းသိရှိရပါသည်။ အစားအသောက်နှင့်ပတ်သက်၍၊ ထမင်း တလုတ် တုတ်တစ်ချက် ဟူသော စကားပုံ အသိ ရှိခဲ့သော်လည်း ဒေါသမထိန်းနိုင်သည့်အခါ ဟင်းတစ်ခွက် ကလည်း ဓါးတစ်ချက် ဖြစ်ပေါ်စေနိုင် ကြောင်း စာဖတ်သူများ သတိပြုစေနိုင်ရန် တင်ပြလိုက်ရပါသည်။

ပဲခူး သတင်းစဉ်

Free Product Keys for Microsoft Office Professional Plus 2010 Beta

Posted by drmyochit Wednesday, June 12, 2013, under | No comments

If you want to test Microsoft Office 2010 Beta you grab free product keys or license keys forMicrosoft Office Professional Plus 2010, Microsoft Project Professional 2010, and Microsoft Visio Premium 2010 on Microsoft website. The product keys are used to activate Microsoft Office 2010 Beta when installed on your computer.


Actually there are two type of activation methods for Microsoft office 2010, using multiple activation keys (MAK) and using key management service (KMS). Multiple Activation Key (MAK) is used to activate fewer than 50 computers. Key Management Service (KMS) for activate thousands computer at the same time. On this Post I only provided Multiple Activation Key.


How to get activation keys for Microsoft office 2010 beta
Open this page: http://www.microsoft.com/office/2010/en/activation.aspx
Once opened the page you will see the product key like this:






How to activate Microsoft Office Professional Plus 2010 Beta using MAK product keys
You can activate your Microsoft Office 2010 beta by entering your product key. You can use one of the 3 options to enter the product key. For more info how to activate Microsoft Office 2010 using your product key you can open this website.


Here the product key (MAK keys) for Microsoft Office 2010:


Microsoft Office Professional Plus 2010: 22HGX-728MX-BBWX9-7BB8X-J96B4
Microsoft Visio Premium 2010: PQCFB-YGXGC-TXB66-DH3VW-GCGYQ
Microsoft Project Professional 2010: CQYRY-3KBR3-JW34C-VGH7M-MQM49


Other Keys MAK keys for Microsoft Office 2010 beta


2PWHY-KT4X6-96PYW-XQR7V-HW2W9
YF79C-7Y4B4-PGM89-6BKGJ-46PBT
7XD2X-JWJ94-BCHBW-W9WXP-J2WPT


Microsoft Visio Premium 2010 Beta :

P33XK-G7GK2-Y742B-8HCY6-RX3K8


Microsoft Project Professional 2010 Beta :

FJDHB-D2KBB-XJK2Y-FCWGH-63J23


Microsoft office 2010 beta can be downloaded here:http://www.microsoft.com/office/2010/en/default.aspx

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

Posted by drmyochit Wednesday, June 12, 2013, under | No comments

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်တွင် မေ ၂၈ ရက် ညနေပိုင်း၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း ၂၄ နှစ်ကို ကျိုင်းတုံမြို့နယ်တွင် နေသူ နေ၀င်းမှ ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ကျူးလွန်သူ နေ၀င်းကို ဖမ်းဆီးစစ်ဆေးရာတွင် ဘောင်းဘီအိတ်ထဲ မှ WY စာတန်းပါ မူးယစ်ဆေးဝါး နှစ်ပြားကိုလည်း ရှာဖွတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက "ကျူးလွန်တဲ့ နေ၀င်းကို မီးရှို့မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် မှုတွေနဲ့ ဇွန် ၁၁ ရက် နံနက်ပိုင်းမှာ လားရှိုးမြို့နယ် တရားရုံးကို စွဲဆိုတင်ပို့ လိုက်တယ်။ ပြီးတော့ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၅၀ မှာ သူ့ကို မြို့နယ် တရားသူကြီးက အမိန့်ချ လိုက်ပါတယ်။ ဒါကြောင့် တရားခံကို တောင်ကြီးထောင်ကို လွှဲအပ်လိုက်ပါပြီ။ ဒါ့အပြင် နေအိမ်တွေ ဖျက်ဆီးမီးရှို့ ကျူးလွန်တဲ့ သူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်" ဟု ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ် . . . . .

ကျူးလွန်သူ နေ၀င်းကို လားရှိုးမြို့နယ် တရားရုံးမှ ပုဒ်မ ၃၀၇ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူး/စိတ်ပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ မှုး/စိတ်ပြစ်မှု ပုဒ်မ ၁၆ (င)အရ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သံသယရှိသူ ၆၀ ကျော်ကို ဖမ်ဆီးစစ်ဆေးနေပြီး တရားစွဲဆိုရန် အထောက်ထား သက်သေခိုင်လုံမှု မရှိသူ ၂၉ ဦးကို ခြေချုပ်ခံဝန် ဥပဒေဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက ဇွန် ၁၁ ရက် ညနေပိုင်းတွင် "ကျူးလွန်သူကို တရားဥပဒေ အကြောင်းအရ အပြင်းထန်ဆုံး အရေးယူခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိရင်လည်း ဝေဖန်ထောက်ပြလို့ ရတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ်။ လားရှိုးမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ လူသတ်၊ ဓားခုတ်၊ မီးရှို့၊ ဖျက်ဆီးခဲ့တဲ့ ကျုးလွန်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေး နေတယ်။ အမြန်ဆုံး တရားရုံးကို စွဲဆိုတင်ပို့ သွားပါမယ်" ဟု ပြောကြားခဲ့သည်။

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင်ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ဖြစ်ပြီး၊ ယခု ဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ မနက် ၃ နာရီအထိ ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

From: Eleven

မလေးရှားတွင် ဆက်လက်ဖမ်းဆီးထားသူ ၁၉၆ ဦး ရှိသည်ဟု မလေးရှား ရဲများကပြောကြောင်း နိုင်ငံခြားရေး ဒုဝန်ကြီး ပြောကြား

Posted by drmyochit Wednesday, June 12, 2013, under | No comments

မလေးရှားတွင် ဆက်လက်ဖမ်းဆီးထားသူ ၁၉၆ ဦးနှင့် သေဆုံးသူ လေးဦးရှိသည်ဟု မလေးရှားရဲများက ပြောကြောင်း နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော်က ဇွန် ၁၁ ရက် ညနေပိုင်းက မလေးရှားနိုင်ငံသို့ မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောကြားသည်။

လောလောဆယ်တွင် မလေးရှားနိုင်ငံ၌ အလုပ်သမား တရားဝင် ဟုတ်မဟုတ် စိစစ်ခြင်းများ များပြားသည့်အတွက် ပထမဆုံး အနေဖြင့် လူ ၁၀၀၀ ဖမ်းသည်ဆိုပြီး သတင်းရကြောင်း၊ သို့သော် အကုန်လုံးကို စိစစ်ပြီး ပြန်လွှတ်လိုက်သည့် အခါတွင် ၁၉၆ ယောက် ကျန်နေကြောင်း၊ နောက်တစ်ကြိမ် စိစစ်သည့် အခါတွင်လည်း UNHCR ၏ ကတ်အတုများ ကိုင်ထားသည့် သူများ ရှိနေကြောင်း၊ သေဆုံးသူ အနေဖြင့်မူ ရဲစာရင်းအရ လေးဦးသာရှိကြောင်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

ဖမ်းဆီးစိစစ် ခံနေရသည့် မြန်မာနိုင်ငံ သားများအတွက် မည်ကဲ့သို့ ကူညီနိုင်မလဲ ဆိုသည်ကို မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၊ မလေးရှား အလုပ်သမား ၀န်ကြီးဌာန စသည်ဖြင့် သွားရောက်တွေ့ဆုံ . . . . .

"အခု လောလောဆယ် သေဆုံးတယ်ဆိုတဲ့ အနေနဲ့ ရဲကလာပြီး ပြောဆိုတာ လေးဦးပဲ ရှိပါတယ်။ အဲဒီထဲက တစ်ဦးကို သင်္ဂြိုဟ်ခွင့်ပြုပြီး ဖြစ်ပါတယ်။ မလေးရှားမှာပါ။ သံရုံး အစီအစဉ်နဲ့ မဟုတ်ပါဘူး။ သူတို့ရဲရဲ့ အစီအစဉ်နဲ့ ဖြစ်မယ်။ နာရေးကူညီမှု အစီအစဉ်နဲ့ ဖြစ်မယ်" ဟု ဦးဇင်ယော်က ဆိုသည်။

မလေးရှားသို့ သွားရခြင်း အကြောင်းမှာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပို၍ထိရောက်သည့် အကာအကွယ် ပေးမှုများ ရရှိနိုင်ရန် သွားရောက်ခြင်း ဖြစ်ပါကြောင်း၊ ဖမ်းဆီးစိစစ် ခံနေရသည့် မြန်မာနိုင်ငံ သားများအတွက် မည်ကဲ့သို့ ကူညီနိုင်မလဲ ဆိုသည်ကို မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မလေးရှား ပြည်ထဲရေး ၀န်ကြီးဌာန၊ မလေးရှား အလုပ်သမား ၀န်ကြီးဌာန စသည်ဖြင့် သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

အခြားနိုင်ငံသို့ ဧည့်သည်အဖြစ်နှင့် ရောက်နေခြင်း ဖြစ်သည့်အတွက် အဆိုပါ နိုင်ငံ၏ ဥပဒေဘောင် အတွင်းမှသာ အကာအကွယ်၊ အကူအညီ ပေးနိုင်မှုများ လုပ်၍ရမည်ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် အတည်ပြုချက် ရယူရခြင်းများ ရှိသည့်အတွက် သတင်းထုတ်ပြန်မှုများ နှောင့်နှေးမှုများ ရှိသည်ဆိုသည်မှာ မှန်ကန်ပါကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

မလေးရှားတွင် မြန်မာလုပ်သားများ၏ လုပ်အားသည် မရှိမဖြစ် အရေးပါသည် ဆိုသည်ကို လုပ်ငန်းရှင်များ အနေနှင့် သိရှိပြီး ဖြစ်သည့်အတွက် ကျန်ခဲ့မည့် သူများအတွက် မလေးရှား အစိုးရတင် မဟုတ်ဘဲ မလေးရှား လုပ်ငန်းရှင်များ၏ အကူအညီ၊ သံရုံးက ကူညီနိုင်သည့် အကူအညီများသည် ယခင်ကထက် ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ပါကြောင်း၊ မလေးရှားတွင် အလုပ်လုပ်ကိုင်ပြီး သေဆုံးပါက မြန်မာပြည်တွင် ကျန်ရှိသော ဆွေမျိုးသားချင်းများ၏ တရားစွဲမှုများ ရှိလာနိုင်သည့်အတွက် မလေးရှား ဥပဒေအရ ချက်ချင်းသင်္ဂြိုဟ်၍ မရသည့်အတွက် ကြန့်ကြာမှုများ ရှိရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အချို့တိုက်ခိုက်မှုများတွင် စီစီတီဗီ ကင်မရာများဖြင့် ရိုက်ကူးထားခြင်းများ ပြုလုပ်ထားသည့်အတွက် လူလုံးမကွဲသော်လည်း ခြေရာခံ ရရှိမှုများ ရှိနေပြီဖြစ်ကြောင်း၊ မလေးရှား ရဲမှူးကိုယ်တိုင် စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးမည် ဆိုသည်ကို သံရုံးသို့ ပြောကြားထားကြောင်းလည်း ဒုတိယ၀န်ကြီး ဦးဇင်ယော်က ပြောကြားသည်။

From: Eleven

လူကုန်ကူးသူများ အဝေးပြေးကားဂိတ်တွင် ရဲတပ်ဖွဲ့က ဖမ်းမိ

Posted by drmyochit Wednesday, June 12, 2013, under | No comments


လူကုန်ကူးသူများကို ရန်ကုန်မြို့ အောင်မင်္ဂလာကားဝင်းအတွင်း၌ ဇွန် ၉ ရက်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းက မှုခင်းသတင်းထုတ်ပြန်သည်။

ရဲဌာနက လူကုန်ကူးသူများ၏ သတင်းကို ကြိုတင်ရရှိထားသဖြင့် မွန်းလွဲ ၃ နာရီအချိန်ကတည်းက ယင်းအဝေးပြေး ကားဂိတ်တွင် ကြိုတင်စောင့်ဆိုင်းကာ စစ်ဆေးမှုများ လုပ်ဆောင်သဖြင့် ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ စောင့်ဆိုင်းနေစဉ် ကယ်လ်ဒီနာ အမျိုးအစား အဖြူရောင်အငှားယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်တွင် မှုဆယ်မြို့သို့ လူကုန်ကူးမည်ဟု မသင်္ကာသူများကို တွေ့ရှိခဲ့သည်ဟု လည်းဆိုသည်။

လူကုန်ကူးသူများအဖြစ် ရဲက သံသယရှိသူများမှာ လှိုင်သာယာတွင်နထိုင်ကြသည့် အသက် ၃၆ နှစ်အရွယ် ဦးချစ်ခိုင်၊ အသက် ၃ဝ အရွယ် မစုစုလှိုင်(ခ)မပိုးအိ၊ အသက် ၂၇ နှစ်အရွယ် မဆုဆုလှိုင်(ခ)မကြယ်စင်နှင့် မူဆယ်မြို့နယ်တွင်နေသည့် အသက် ၅ဝ အရွယ် ဒေါ်မိုးမိုးတို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ လေးဦးသည် ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှ ကျေးရွာတစ်ခုတွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို လူကုန်ကူးရန် စီစဉ်ထားကြောင်း ရဲများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲဌာန၏ မှတ်တမ်းများတွင်တွေ့ရသည်။

သူတို့သည် အဆိုပါအမျိုးသမီးကို အဝေးပြေး ခရီးသည်တင်ယာဉ်ဖြင့် မူဆယ်မြို့သို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့ကြောင်းလည်း ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

လူကုန်ကူးသူများအဖြစ် ရဲများက သံသယရှိသူ လေးဦးကို အရေးယူပေးရန် ဒုရဲမှူးဝင်းမြင့်က တရားလိုပြုလုပ်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းက အမှုအမှတ် (ပ) ၃၂၁/၁၃ ဖြင့် အမှုဖွင့်ထားကာ လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄ ဖြင့် တရားစွဲဆိုမည်ဟု ရဲဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် လူကုန်ကူးမှု သံသယရှိလျှင် ပြည်သူများ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို အစိုးရက ထုတ်ပြန်ထားပြီး အဆိုပါ ဖုန်းများသို့ ဆက်သွယ် တိုင်တန်းမှုများကြောင့် အမှုအများအပြား ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

Mizzima - News in Burmese

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပိုမိုဆိုးရွားလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ

Posted by drmyochit Wednesday, June 12, 2013, under | No comments


မလေးရှားတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိသေး ချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးတို့ကို လူသတ်မှု သုံးခု အတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလိုရှိသူများ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေ သည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)

မလေးရှား နိုင်ငံတွင် မြန်မာများ အကြမ်းဖက်ခံရမှု ပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အတိုင်း အတာဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။
မလေး ရှားရောက် မြန်မာနိုင်ငံ သားများအား ဒေသခံ လူတစ်စုက တိုက်ခိုက်မှုများ မေ ၂၉ ရက်မှ စတင် လာခဲ့ပြီး ယနေ့အထိ ဆက်လက်တိုက်ခိုက် နေမှုများ ဖြစ်ပွားနေသောကြောင့် မလေးရှားတွင်ရှိသော မြန်မာ လူမျိုး တို့ စိုးရိမ်ကြောက်ရွံ့လျက် ရှိနေသည်ဟု မလေးရှားတွင် ရှိနေသော မြန်မာများက ပြော ဆိုကြ သည်။

ထို့ပြင် ဇွန် ၉ ရက်ကလည်း မြန်မာအမျိုးသမီးနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ်ခဲ့သည်။ မလေးရှား နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုစံမင်း ကလည်း "၉ ရက်နေ့ကလည်း ကွာလာလန်ပူနဲ့ နီးတဲ့နေရာမှာ အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ပြီး အသတ် ခံရတယ်၊ အခြေအနေက ဘာမှန်းမသိဘူး။ အားလုံးက ချောက်ချားနေကြတယ်။ မလေးရဲကတော့ အလောင်း ကောက် တာမျိုးပဲ လုပ်နေတယ်၊ ဒီမှာလည်း တော်တော်များက ပြန်ချင်နေကြပြီ" ဟု ပြောကြား ခဲ့သည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော NLD Youth (LA) မှ ကိုကျော်ကိုကိုက "မလေးမှာ ဖြစ်နေတာက မေလ ၃၀ ရက်နေ့ ကတည်းက စဖြစ်ဖြစ်ချင်းမှာ မြန်မာသံရုံး ကရော၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရော၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ရော အားလုံးက မမှန်သတင်းတွေ ပြောကြတယ်၊ ဒီမှာက ငါဘယ်နေ့ အသတ်ခံရမလဲ ဆိုတာကို စိုးရိမ်နေကြရတယ်။ ကျွန်တော်တို့တွေကတော့ မလေးအစိုးရ အနေနဲ့ရော၊ မြန်မာအစိုးရ အနေနဲ့ရော ဥပဒေကြောင်းအရ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ယူဆတာက မြန်မာပြည်အတွင်းမှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခတွေကို ဘယ်သူတွေ ဖန်တီးတယ်လို့ဆိုဆို အဲဒီလူတွေ အနေနဲ့ မွတ်စလင် နိုင်ငံတွေမှာနေတဲ့ ကိုယ့်လူမျိုးတွေကိုတော့ မေ့မထား စေချင်ဘူး" ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထို့အတူ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်သူ ကိုမင်းမင်းက "ကျွန်တော်တို့တွေက သူများနိုင်ငံမှာ ပျော်လို့နေနေတာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မရှိဘူး။ ရှိတဲ့ အလုပ်ကလည်း လစာက မလောက်မငနဲ့။ ဒါကြောင့်လည်း မလေးလို နေရာမှာ အလုပ်လာလုပ် ကြရတာပါ။ အခုတော့ ကျွန်တော်တို့ ဘယ်ကိုမှ မထွက်ရဲဘူး။ ညလည်း ကောင်းကောင်း မအိပ်ရဘူး။ ကင်းစောင့်နေကြ ရတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်နေကြရတယ်။ ဒီမှာက လူအယောက် ၃၀ လောက်ရှိတဲ့ လူအုပ်စုက ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်နေတာ။ သူတို့တွေ ပြောတာက မြန်မာမှန်ရင် သတ်ပစ်မယ်တဲ့။ ဆလာရန်းကတော့ အရင်ကတည်းက မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ များပါတယ်။ အမ်ပန်းမှာ မြန်မာပြည်ကလာတဲ့ မွတ်စလင် ဆရာဝန် တစ်ယောက်က မြန်မာမွတ်စလင်တွေ အပေါ်မှာ သြဇာကြီးပါတယ်။ ဘယ်သူဘယ်ဝါ သတ်တာလဲ သေချာမသိပေမယ့် သတ်ခါနီး ဘာလူမျိုးလဲ မေးပြီးမှ သတ်တာဆိုတော့ မြန်မာပြည်ကလာတဲ့ မွတ်စလင်တွေ ဖြစ်ပုံရပါတယ်။ နောက်ကွယ်မှာတော့ မလေးလူမျိုးတွေ ပါမယ်ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

မလေးရှားတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းကြောင့် မလေးရှား ရဲတပ်ဖွဲ့အား ဖိအားပေးနေချိန်တွင် ဆလန်ဂေါ ရဲတပ်ဖွဲ့က ဧပြီလအတွင်း မြန်မာနိုင်ငံသားများ အသတ်ခံရမှုတွင် သံသယရှိသော မြန်မာလူမျိုး နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသူတစ်ဦး အသတ်ခံရမှုအတွက် အင်ဒိုနီးရှား အမျိုးသားတစ်ဦးအား သံသယရှိကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဖြစ်စဉ်များသည် ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့ ပါဝင်ပြီး မေလကုန်နှင့် ဇွန်လဆန်းတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် အသတ်ခံရမှု ဖြစ်စဉ်အတွက် တရားခံများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

နန်းခင်ဇေယျာ၏ Facebook စာမျက်နှာတွင် Profile picture ကို အနက်ရောင်အဖြစ် ပြောင်းလဲထားစဉ်

မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုနှင့် ပတ်သက်၍ နာမည်ကြီး သတင်းဌာန ဘီဘီစီ အပါအ၀င် နိုင်ငံတကာ သတင်းအေဂျင်စီ အချို့တွင် အကျယ်တ၀ံ့ ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရပြီး ဘီဘီစီ သတင်းဌာနတွင် ဇွန် ၉ ရက်က သတင်းတိုတစ်ပုဒ် ထည့်သွင်းထားသည်ကို တွေ့ရသည်။ မလေးရှားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုစံမင်းက  "ကျွန်တော်တို့ ဖြစ်ဖြစ်ချင်းမှာ ပြည်ပက နာမည်ကြီး သတင်းဌာနတွေက ဘာသံမှ မထွက်ပါဘူး။ ဒါကြောင့်လဲ။

တချို့လူတွေက ဘာမှ သိပ်မသိလိုက်တော့ မရှောင်နိုင်လိုက်ကြဘူး။ ရခိုင်ကိစ္စ တုန်းကကျတော့ လူ့အခွင့်အရေးဆိုပြီး အော်လိုက်ကြတာ ကျွန်တော်တို့ကိုကျတော့ လူ့အခွင့်အရေးနဲ့ ကာကွယ်မပေးကြဘူး" ဟု ရင်ဖွင့်သည်။

မလေးရှားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုဂျင်မီက "ကျွန်တော်တို့ မလေးမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို သုံးသပ်ကြည့်တော့ မလေးရှားဒေသခံ မွတ်စလင်တွေနဲ့ မြန်မာလူမျိုးတွေနဲ့ ဖြစ်တာမဟုတ်ဘူး။ မလေးရှား နိုင်ငံထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ဖြစ်တာလို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို အကြံပြုတာ၊ တိုက်တွန်းတာ၊ အချက်အလက် ပေးပို့တာတွေကို လုပ်ပေးပါတယ်။ အဓိက အရေးအကြီးဆုံး နှစ်ချက်က မလေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အဓိကကတော့ အသက်အန္တရာယ်ပေါ့။ နောက်တစ်ချက်က အရင်လို အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်ကိုင် နိုင်ဖို့အတွက် အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး အစိုးရ နှစ်ရပ်လုံးဆီကို အကြံပြုကြဖို့ လိုပါတယ်" ဟု ၎င်းကပြောကြားခဲ့သည်။  

မလေးတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက "အခု မလေးရှားက လူတွေအတွက် တစ်နိုင်ငံလုံးကလူတွေ တွေးပူပေးကြလို့ ဒုက္ခရောက်နေတဲ့ လူတွေ ကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ အထူးသဖြင့်တော့ ဒီကလူတွေ အိမ်အပြန်ခရီး ချောမွေ့စေဖို့နဲ့ ဒဏ်ရာရတဲ့ သူတွေအတွက်ပါ ကူညီကြတဲ့ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ကို ကျေးဇူးတင်ပါတယ်။ တစ်နိုင်ငံလုံးက ကိုယ့်လူမျိုးတွေကို မေ့မထားဘူးဆိုတာ သိရလို့ မျက်ရည်လည်အောင် ၀မ်းသာမိပါတယ်။ တစ်လက်စတည်း ကျွန်တော်ပြောချင်တာက အခုဒီမှာနေပြီး ဒုက္ခပိုရောက်ကျတာ Over stay တွေပါ။ သူတို့ကို ဦးစားပေးအနေနဲ့ ကူညီစေချင်ပါတယ်။ သူတို့လည်း Over stay  ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့်ပါ။ အခု သူတို့က ပိုဒုက္ခ ရောက်ပါတယ်။ ကျွန်တော်အဓိက ပြောချင်တာ Over stay သမားတွေကို ဦးစားပေးပါလို့ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က "ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး ကျွန်တော်တို့ လူမျိုးတွေ မလေးရှားမှာ အသတ်ခံနေရတာ မလေးရှား အစိုးရနဲ့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်။ အခုလို ဖြစ်တာတွေက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ၊ လားရှိုးမှာ ဖြစ်တာတွေရဲ့ နောက်ဆက်တွဲတွေပါပဲ။ မြန်မာနိုင်ငံ သားတွေကို အခြားနိုင်ငံသားများ နည်းတူ အကာအကွယ် ပေးဖို့အတွက် ဒီလ ၁၅ ရက်မှာ မလေးရှား သံရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့် တင်ထားပါတယ်" ဟုဆိုသည်။

မလေးရှား နိုင်ငံအတွင်း အကြမ်းဖက် ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံ သားတို့အား မြန်မာတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးတေဇတို့က ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်လာလိုသည့် သူများအား လေယာဉ်လက်မှတ် များကိုပါ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရွှေတောင်၊ ဒဂုံအင်တာနေရှင်နယ်၊ ဒိုင်းမွန်းစတား၊ ရွှေသံလွင် စသည်တို့မှ လှူဒါန်းမှုများ ယခုထိ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

From: Eleven

မလေးရှားမှ ပြန်လာမည့် မြန်မာပြည်သားများအား Air Bagan ကူညီမည်

Posted by drmyochit Wednesday, June 12, 2013, under | No comments


မြန်မာနိုင်ငံ၏ အချမ်းသာဆုံးဟု ပြောဆိုနိုင်သည့် သူဌေးကြီးဦးတေဇ မှ မလေးရှားတွင် ဖြစ်ပွါးနေသော အစ္စလာမ် အစွန်းရောက် သမားများမှ မြန်မာ တိုင်းရင်း သားများအား တွေ့သည့်နေ ရာတွင် ခုတ် ဖြတ် သတ်ခံ ရသော မြန်မာတိုင်းရင်းသားများအား ကူညီသည့်အနေဖြင့် - ဖော်ပြပါ ကူညီမှူ ၂ ခုအား ကူညီပေး မည်ဖြစ်သည် ။

၎င်းတို့မှာ ပြည်တော်ပြန် ချင်သော မြန်မာ တို့အား Air Bagan လေကြောင်းလိုင်းပိုင်လေယာဉ်များတွင် အခမဲ့ စီးနင်းခွင့် နှင့် မြန်မာနိုင်ငံပြန်လည်ရောက်ရှိပါက ယင်းလေကြောင်းလိုင်းရှိ လုပ်ငန်းများတွင် လစ် လပ်နေသော အလုပ်အကိုင်နေရာများ ဖန်တီးပေးမည်ဟု ကတိပြုပြောကြားခြင်းဖြစ်သည် ။
အကယ် ၍ ပြည်တော်ပြန်ရောက်ရှိလာသော မလေးရှားမှ ညီအကိုများအနေဖြင့် အလုပ်အကိုင်ရရှိလိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင် ပါကြောင်း Air Bagan မှ ကြေငြာ ထားပါသည် ။

From: မောင်ကျောက်ခဲ အဖွဲ့

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်