Thursday, May 02, 2013

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား

Posted by drmyochit Thursday, May 02, 2013, under | No comments


ရန်ကုန်-နှစ်နိုင်ငံ သဘော တူညီ မှုဖြင့် ထိုင်း နိုင်ငံသို့ အလုပ် သမား စေလွှတ် နေသော အေဂျင်စီ ၁၂ ခုအား ထိုင်းနိုင်ငံ သို့ အလုပ်သမားစေလွှတ်ခြင်း ဆိုင်းငံ့ထားရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာနက ဧပြီ ၂၅ ရက်တွင် ညွှန်ကြားလိုက်သည်။

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်နေသော အေဂျင်စီများအနေဖြင့် စေ လွှတ်ပြီး အလုပ်သမားများအား အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဟုတ်၊ မဟုတ် စိစစ်ဆောင် ရွက်နေသော ကာလအတွင်း အေဂျင်စီများမှ အလုပ်ခေါ်စာများ တင်ပြလာခြင်းကို ဆိုင်းငံ့ ထားရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MOU နဲ့ ပို့တဲ့ လုပ်သားတော်တော်များများက အဆင်မပြေဘူး ဖြစ်နေတယ်။ တော်တော်များများ ပွဲစား အဆင့် ဆင့် ခံထားတဲ့ အတွက် ကုန်ကျ စရိတ် များတယ်။ အလုပ်ကလည်း ပြောထားသလိုမဖြစ်တာ များတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးကွန်ရက် မြန်မာပြည် တာဝန်ခံ ကိုကျော်ဇော်လင်းက ပြောသည်။

ထို့အပြင် မြန်မာ နိုင်ငံမှ MOU စနစ်ဖြင့် စေလွှတ်နေသော အေဂျင်စီ အများစုမှာ ထိုင်းနိုင်ငံမှ အလုပ်ရှင် နှင့် တိုက်ရိုက် ချိတ်ဆက် ထားသူ အလွန်နည်းပါးပြီး ပွဲစားများမှတစ်ဆင့် စေလွှတ်နေသဖြင့် တစ်စုံတစ်ရာ ပြဿနာ ပေါ်ပေါက် လာပါက ဖြေရှင်းမပေးနိုင်ကြကြောင်းလည်း ကိုကျော်ဇော်လင်းက ဆိုသည်။

သက်ဆိုင်ရာက ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားသော အေဂျင်စီ ၆၀ ရှိသော်လည်း ယခုရပ် ဆိုင်းခြင်း ခံထား ရသော ကုမ္ပဏီ ၁၂ ခုကသာ အများဆုံး ပို့ဆောင်နေရကြောင်း သတင်းရရှိသည်။ နှစ်နိုင်ငံ သဘော တူညီမှု စနစ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရာတွင် မြန်မာ ကျပ်ငွေ တစ်သိန်းနှင့် ဘတ်ငွေ တစ်သောင်းသာ အကျိုးဆောင်ခယူရန် သတ်မှတ်ထားသည်။

နှစ်နိုင်ငံ သဘော တူညီ မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာမှစ၍ အေဂျင်စီ ၆၂ ခုအား နယ်စပ်စခန်း သုံးခုဖြစ် သော မြ၀တီ၊ ကော့သောင်းနှင့် တာချီလိတ် စခန်းများမှ အလုပ်သမား စေလွှတ်ခွင့်ပြုခဲ့ပြီး ၂၀၁၃ ဖေဖော် ၀ါရီ လ လယ် ထိ အလုပ်သမား ၅၁၃၈၀ ဦး စေလွှတ်နိုင်ခဲ့သည်။

7day News

မုံရွာတွင် သတင်းထောက် တဦး ပျောက်ဆုံးနေ

Posted by drmyochit Thursday, May 02, 2013, under | No comments


 သတင်းထောက် ကိုမျိုးမြင့်၏ Facebook

လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း သတင်းများ လိုက် နေသည့် Hot News ဂျာနယ်မှ တိုက်ပိုင် သတင်း ထောက် ကိုမျိုးမြင့်မှာ မုံရွာမြို့ပေါ်တွင် ယမန်နေ့ ညနေမှ စတင် ပျောက်ဆုံး လျှက် ရှိကြောင်း ဂျာနယ် အုပ်ချုပ် ရေးမှူး အာရု ဏက ပြောသည်။

“၁ ရက် ၂ ရက်တော့ စောင့်ကြည့်ရအုံးမယ်၊ လောလော ဆယ်တော့ မျိုးမြင့်နဲ့ အဆက်အသွယ် ပြတ်နေ တယ် လို့ပဲ ပြောလို့ ရတာပေါ့။ ခရိုင်ရဲရုံးနဲ့ ရဲမှူး ဦးတင်ထွန်းကို မေးလိုက်တော့ တရားဝင် လွှဲထားတာ မရှိသေး ဘူး၊ ပြန်လည် စိစစ် ပေးပါ့မယ်လို့ အကြမ်းဖျဉ်း ပြောထားတယ်” ဟု အုပ်ချုပ်ရေးမှူး အာရုဏက ဆို သည်။

လက်ပန်းတောင်းတောင် စီမံကိန်းတွင် ပါဝင်လှုပ်ရှားမှုကြောင့် လတ်တလောတွင် ဖမ်းဝရမ်း ထုတ်ခံထား ရသူ ကိုဟန်ဝင်းအောင်က တိုက်ပိုင်သတင်း ထောက်ဖြစ်သူ ကိုမျိုးမြင့်သည် မုံရွာမြို့ပေါ်တွင် ပျောက်ဆုံး နေကြောင်း ဂျာနယ်တိုက်သို့ အီးမေးလ်တစောင် ပို့ထားကြောင်း၊ ထို့အပြင် ဟန်ဝင်းအောင်၏ ကိုယ်ပိုင် facebook စာမျက်နှာတွင်လည်း တင်ထားကြောင်း သိရသည်။

သတင်းဓာတ်ပုံ အရေးကြီးသည်ဟု ထင်ကာ သတင်းလိုက်လံ ရယူနေသည်ဟု ထင်မြင်ကြောင်း၊ ဂျာနယ်၏ နယ်ခံ သတင်း ထောက် များကလည်း ၎င်းကို ရှာဖွေနေကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးချိန်မှာ ၂၄ နာရီ မပြည့် သေး သဖြင့် ပျောက်ဆုံး သည်ဟု အတည်ပြု၍ မရကြောင်း အထက်ပါ ဂျာနယ်တိုက် တာဝန်ရှိသူက ဆို သည်။

“ကျနော်တို့တွေ ကိုမျိုးမြင့်ကို ဖမ်းဆီး ထိန်းသိမ်းတာမျိုး လုံးဝမလုပ်ထားပါဘူး။ သူက ဒေသခံတွေဆီကို သတင်း ယူတဲ့ အခါမှာ ဗီဒီယို ရိုက်တယ်၊ ဗီဒီယိုရိုက်တော့ သမားရိုးကျ မဟုတ်ဘဲ ဒေသခံတွေကို ဒီလိုပြော ပါ၊ ဟိုလိုပြောပါ ဆိုပြီး သင်ပေးတာ မျိုးတွေ လုပ်တော့ မလုပ်သင့်ဘူးလို့ တားမြစ်တာပါ။ သတင်း လွတ်လပ် ခွင့်ကို ကျနော်တို့ မထိပါးပါဘူး” ဟု မုံရွာခရိုင် ရဲမှူး ဦးတင်ထွန်းက ဧရာဝတီသို့ပြောသည်။

အဆိုပါ သတင်းယူသည့် ကိစ္စနှင့် ပတ်သက်၍ ရဲများ၊ မယက တာဝန်ရှိသူများ အပါအဝင် တခြား သတင်း ထောက် တချို့နှင့် ပါ ကတောက်ကဆ ဖြစ်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

လက်ပန်းတောင်းတောင် စီမံကိန်းသို့ သွားရောက် သတင်းယူနေသည့် ဧရာဝတီ သတင်းထောက် တဦး ကမူ “မျိုးမြင့်နဲ့ မနေ့ ညနေ ၅ နာရီကျော် လောက်ကတည်းက ဖုန်းအဆက်အသွယ် မရတော့တာ၊ မနေ့က မုံရွာမြို့ မယက တွေနဲ့ သူနဲ့ သတင်းယူတဲ့ကိစ္စ စကားများတာမျိုး ဖြစ်ခဲ့တယ်” ဟု ဆက်သွယ် ပြောပြသည်။

ထို့အပြင် ကိုမျိုးမြင့်နှင့် အတူ သတင်းယူရာသို့ တောက်လျှောက် လိုက်ပါနေသည့် ဒေသခံ ၂ ဦးကိုလည်း ၎င်း ပျောက် ဆုံးသွား ချိန်မှ စတင်ကာ မတွေ့ရတော့သည့် အတွက် အဆိုပါ ဒေသခံ နှစ်ဦးနှင့်အတူ ကျေးရွာ တရွာရွာသို့ ပါသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ပျောက်ဆုံးနေသူ ကိုမျိုးမြင့်မှာ Hot News ဂျာနယ်၏ တိုက်ပိုင် သတင်းထောက်ဖြစ်ပြီး လက်ပန်း တောင်းတောင် စီမံကိန်း သတင်းများကို အစဉ်တစိုက် ရေးသားနေသူ တဦးဖြစ်ကြောင်း သိရသည်။

ကြေးနီ စီမံကိန်း ရှိရာ ဆည်တည်းရွာတွင် အခြေချ နေထိုင်နေသည်မှာ တလကျော်ခန့် ရှိပြီဖြစ်ပြီး လက်ပန်း တောင်းတောင် အရေး လှုပ်ရှားမှုကြောင့် မုံရွာရဲတပ်ဖွဲ့မှ လတ်တလော အလိုရှိ ဝရမ်းထုတ် ခံထားရ သူ ကိုဟန်ဝင်းအောင်နှင့် ချိတ်ဆက်ကာ စီမံကိန်း သတင်းများ ရယူခြင်းအပြင် ဗီဒီယိုရိုက် ကူးမှု များလည်း ပြုလုပ်သည့် သတင်းထောက် တဦးဖြစ်သည်။

မေစစ်ပိုင်
From: ဧရာဝတီ 

သင်္ဘောနှစ်စင်းတိုက်မှု သင်္ဘောသားများကို စတင်စစ်ဆေး

Posted by drmyochit Thursday, May 02, 2013, under | No comments


ရန်ကုန်၊ မေ ၁

ရန်ကုန် မြစ်ဝတွင် သင်္ဘောနှစ်စင်း တိုက်မိပြီး ရေနံသင်္ဘော နစ်မြုပ်ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ဧပြီလ ၃၀ ရက် နေ့က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သင်္ဘောနှစ်စင်းလုံးရှိ သင်္ဘောသား များကို စတင် စစ်ဆေး နေပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန် ရှိသူ တစ်ဦး က The Voice သို့ ပြောကြားသည်။

စစ်ဆေးမှုပြီးဆုံးမှသာ ဂျပန် သင်္ဘောကို ထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး လျော်ကြေးပေးခြင်း၊ အရေး ယူခြင်း များကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးအဖွဲ့မှူး အထွေ ထွေမန် နေဂျာ ဦးမျိုးသန့် ကဆိုသည်။

"သင်္ဘောနစ်မြုပ်မှုရဲ့ တာဝန်ရှိတဲ့ သင်္ဘောပိုင်ရှင်က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒါမှမ ဟုတ် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ရဲ့ ခွင့်ပြုချက်ယူပြီး သင်္ဘောဆယ်ဖို့ တင်ဒါခေါ်ရမယ်။ ဆယ်ယူခ ကိုလည်း အဲဒီ ပိုင်ရှင်က တာဝန်ယူရမယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတကာရေကြောင်း စည်းမျဉ်း စည်းကမ်းအရ သင်္ဘောတိုက်မှုဖြစ်ပွားစဉ် တာဝန် ထမ်းဆောင်နေသည့် ကပ္ပ တိန်နှင့် သင်္ဘောသားများ၊ ရေစီးနှုန်းများ၊ မှတ်ချက် များကို စစ်ဆေးလျက်ရှိကြောင်း၊ သင်္ဘော နစ်မြုပ် မှု၊ သင်္ဘောတိုက်မှုများ ဖြစ်ပါက ဥပဒေအရ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကသာ စစ်ဆေး ရကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အဖွဲ့မှူး အထွေထွေမန်နေဂျာ ဦးမျိုးသန့်က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံတွင် မှတ်ပုံတင်ထားသော ဂျပန်နိုင်ငံမှ မော်တော်ယာဉ်များ တင်ဆောင်သည့် M.V Malacca Highway ယာဉ်တင်သင်္ဘောနှင့် စွမ်းအင် ဝန်ကြီးဌာနပိုင် ရေနံတင်သင်္ဘောတို့ ဧပြီလ ၂၈ ရက်နေ့က ရန် ကုန် မြစ်ဝတွင် တိုက်မိပြီး ရေနံတင်သင်္ဘော နစ်မြုပ်ခဲ့သည်။

The Voice Weekly

မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် အနီး၌ ခရီးသည် တစ်ဦးကို တက္ကစီ သမား တစ်ဦးက ဓားထောက် ဓားပြတိုက်

Posted by drmyochit Thursday, May 02, 2013, under | No comments


မေဒေးနေ့တွင် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် အနီး၌ ခရီးသည် တစ်ဦးကို တက္ကစီ သမား တစ်ဦးက ဓားထောက် ဓားပြတိုက် သွားသည်ဟု သတင်းရသည်။

“ဓါးမြှောင် တစ်ချောင်းနဲ့ လည်ပင်းကို ထောက်ထားပြီး အိတ်ကို ယူသွား တယ်။ငွေက နှစ်သိန်း ကျော်ပါ သွားတယ်။ အ၀တ်အစား ပစ္စည်း ကတော့ တစ်သိန်း ဖိုးလောက် ရှိတယ်။ မှတ်ပုံ တင် လည်း ပါသွားတယ်။ မောင် ငွါးဆီးနို၁/ပတအ (နိုင်) ၀၄၈၆၁၄ ဖြစ်ပါတယ်။ တစ်နေရာရာမှာ တွေ့ခဲ့ ရင်ကျေးဇူးပြုပြီး ဆက်သွယ် ပေးပါ။ ဖုန်းနံပါတ်က (တစ်ဆင့်) ၀၉၄၉၂၃၃၆၂၈ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ဓား ထောက် လုယက် ခံရသည့် ခရီးသည် ကိုငွါးဆီးနိုက ပြောသည်။

အဆိုပါ ခရီးသည်က  အောင် မင်္ဂလာ အဝေးပြေး ကားကွင်းမှ ခရေပင် လမ်းခွဲသို့ သွားရန် တက္ကစီ တစ်စီးငှါး စီးလာ ခြင်းဖြစ်သည်။ သို့သော် တက္ကစီသမားက လူသူရှင်းသည့်နေရာသို့ မောင်းချသွားပြီး ဓါးထောက် ကာ ပါလာ သည့် ငွေ နှင့် ပစ္စည်းအားလုံး လုယက်ပြီး ခရီးသည်ကို ကားပေါ်မှ ဆင်းခိုင်းခဲ့သည်။

“ယုံဖို့ ခက်ခဲတယ်။ ဒါပေမဲ့ တကယ်ဖြစ် ခဲ့တာပဲ။ သူငယ်ချင်းက အ၀တ် တစ်ထည် ကိုယ်တစ် ခုနဲ့ ရောက် လာတာ” ဟု ဓားပြ တိုက်ခံရသူ ၏သူငယ်ချင်း ကိုငွါးချယ်ကပြောသည်။

ဖြစ်စဉ်ကို သက်ဆိုင်ရာသို့ အကြောင်းကြားထားပြီး တက္ကစီ သမားကို စုံးစမ်း ရှာဖွေ နေသည် ဟု သတင်းရ ရှိ သည်။

ကိုဂျေ 
From: မြစ်မခမီဒီယာ 

ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ လုပ်ဆောင်ချက်အတွက် စံပြအဖြစ် ပြောနိုင်တဲ့ အမှု

Posted by drmyochit Thursday, May 02, 2013, under | No comments




Thein Win

((( ရဲ တွေ ဥပဒေမဲ့ အနိုင်ကျင့် ရိုက်နှက်တဲ့အခါ ကိုးကားပြီး တိုင်ရမဲ့ အမှုတစ်မှု )))

(ပြစ်မှု ဆိုင်ရာ အမှုကြီး အမှတ် ၅၃/၂၀၁၂ - တောင်ငူ ခရိုင် တရားရုံး) ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်း ထိန်း သိမ်းရေး ဥပဒေ အရ ထောင်ဒဏ် တစ်နှစ် ။

ရဲတပ်ကြပ်ကြီး အုန်းလွင် ၊ ရဲတပ်သား မင်းကိုလတ်တို့ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ
ထုတ်ပယ် ။
ဒုရဲအုပ် ဝင်းတင် ကို တဆင့်နိမ် ရာထူးချ
--------------------------------------------------------------------------------------

ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူးမှ ထုတ်ပယ်
===================================
ဖြူး ၊ ဧပြီ ၂၈
အရက်မူး နေသည့် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်သုံးဦးက ရိုက်နှက် စစ်ဆေး ရာမှ သေဆုံးခဲ့ သည်နှင့် ကိ စ္စနင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲ မှူး စိုးသန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ လူသေဆုံးမှု သည် လွန်ခဲ့သော ခြောက်လခန့် စက်တင်ဘာလ ၁ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ၊တောင်ငူ ခရိုင်၊ ဖြူးမြို့တွင် အရက်မူးနေသည့် အသက်၂၄ နှစ်အရွယ် ဦးလင်းကိုကိုထက် (ခ) တောသား က စားသောက် ဆိုင် မှ အိမ်သို့ အပြန်တွင် ဖြူးမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် သုံးဦးက ဖမ်းဆီးခေါ်ေ ဆာင် စစ်ဆေး ခဲ့ပြီးဒဏ် ရာ များဖြင့် သေဆုံး ခဲ့ကြောင်း သေဆုံး သူ၏ ဖခင်ဦးလှမြင့် ကပြောကြားသည်။

ဒုရဲအုပ် သူရိန်စန်းကို ရဲစည်းကမ်းထိန်သိမ်းရေး ဥပဒေ အရ ထောင်ဒဏ် တစ်နှစ် အပါအဝင် ၊ ရဲတပ်ကြပ် ကြီး အုန်းလွင် ၊ ရဲတပ်သား မင်းကိုလတ်တို့ သုံးဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ထုတ်ပယ်ခဲ့ပြီး ၊ ဒုရဲ အုပ် ဝင်းတင် ကို တဆင့်နိမ် ရာထူးချကာ ၎င်းတို့လေးဦးလုံးကို တောင်ငူခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး လျက်ရှိကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ရဲမှူး စိုးသန်းက ရှင်းပြသည်။

“ရဲတပ်ဖွဲ့ဝင်တွေက လူငယ်ကို ရိုက်ရင် ရဲ အရာရှိမှာ တားရမဲ့ တာဝန် ရှိတယ်၊သူ မတားခဲ့လို့ ရဲစည်းကမ်း ထိန်းသိမ်းရေးနဲ့ အရေးယူတာပါ၊ လူသေတာက တော့ တရာရုံးက ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဖြူးမြို့နယ် ရဲ တပ် ဖွဲ့ မှူးရုံးမှ ရဲမှူး ဦးစိုးသန်းက ထပ်လောင်းပြောကြားသည်။

“ဆေးရုံမှာ ကျွန်မ မောင်လေးကို တွေ့တုန်းက နှာဖူးမှာဘု ထွက်ပြီ ညိုမဲနေတယ်၊ မျက်ကွင်းလည်း မဲနေ တယ် ၊ ညာဘက်မျက်နှာမှာလဲ ဒဏ်ရာ ဒဏ်ချက်နဲ့ ဘယ်ဘက် နားရွက်မှာလည်းဒဏ်ရတွေ့တယ် ၊ နှာေ ခါင်း လည်းသွေး ထွက်ပြီး ၊ပါးစပ်မှာလဲ ဒက်ရာတွေတွေ့တယ် ။” သေဆုံးခဲ့သည့် မောင်ဖြစ်သူ လင်းကိုကို ထက် ကို မြင့်တွေ့ခဲ့ရသည့် အခြေအနေအား အမတော်စပ်သူဒေါ်မြင့်ခက်ခက်မွန်က ပြော သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ၊ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ် ၅၃/၂၀၁၂ ဖြင့် နိုဝင်ဘာလ ၂၉ ရက်မှ စတ င်ကာ စစ်ဆေးလျက်ရှိပြီး ဧပြီလ ၂၆ ရက်နေ့ အထိ ရုံးချိန်းပေါင်း ၁၄ ကြိမ် နှင့် သက်သေပေါင်း ၁၁ ဦး ကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း တောင်ငူ ခရိုင် တရားသူကြီး ဦးအောင်စိုးက ပြောကြားသည်။

(The Voice Weekly)

ရက်သားကလေးငယ်ကို မီးရှို့သတ်ဖြတ်သည့် ချီလီမှ အယူသီးဂိုဏ်းခေါင်းဆောင် သေဆုံး

Posted by drmyochit Thursday, May 02, 2013, under | No comments


ရက်သား ကလေးငယ် တစ်ဦးကို ဘာသာရေး အယူသီးမှုဖြင့် မီးရှို့ သတ်ဖြတ်စေခဲ့သည့် ဘာသာရေး ခေါင်း ဆောင် ဖြစ်သူအား သေဆုံးလျှက်သား ပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ချီလီ ရဲများ သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အသက်(၃)ရက်သာ ရှိသေးသည့် မိန်းကလေးငယ် တစ်ဦးအား မကောင်း ဆိုးရွား ကမ္ဘာမြေပေါ် ရောက်ရှိ လာသည် ဆိုသော အယူ သီး မှုဖြင့် အရှင် လတ်လတ် မီးပုံထဲ ပစ်ချ ခဲ့သည့် ကိစ္စအတွက် စုံစမ်း ဆောင်ရွက်နေရင်း အသက်(၃၆)နှစ်အရွယ် ရေမွန် ဂူစတာဗို ကက်စ်တီလို၏ အလောင်း ကို ရှာဖွေ တွေ့ ရှိ ခဲ့သည်။ အစောပိုင်းက ချီလီရဲတပ်ဖွဲ့သည် ကလေး၏ မိခင်အပါအဝင် လူ(၄)ဦးကို ဖမ်းဆီး ထားပြီး အဆိုပါ ဘာသာရေး ဂိုဏ်းသည် အဖွဲ့ဝင် (၁၂)ဦး ပါဝင်သည့် ခေတ် ပညာ တတ်များ ဖွဲ့စည်းထားကြောင်း ကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့၊ အစောပိုင်းကမူ ကက်စ်တီလို၏ အလောင်းအား လည်ပင်းတွင် ကြိုးဆွဲချလျှက် တန်းလန်း အနေ အထားဖြင့် စွန့်ပစ်ထားသော အိမ်တစ်လုံး၌ တွေ့ရှိခဲ့သည်။ ကက်စ်တီလိုသည် ကုန်းမြင့်ပိုင်း မြို့တစ် မြို့ဖြစ်သည့် ကက်ဇ်ကိုတွင် ရောက်ရှိနေကြောင်း ရဲများက ဆိုသည်။ ၎င်းသည် သေဆုံးချိန်တွင် ဂျင်းဝတ် စုံများ၊ ဂျာကင်မီးခိုးရောင်တစ်ထက်၊ ဦးထုပ်၊ ရှူးဖိနပ်တို့ကို ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ ကျောပိုးအိတ် တစ်လုံး လည်း လွယ်ထားကြောင်း သိရှိရသည်။ ၎င်းသည် လူမနေသည့်အိမ်၏ ဒုတိယထပ် မျက်နှာကျက် လျှပ် စစ်ကြိုး လိုင်းများမှ ကြိုးတစ်ကြိုးဖြင့် ဆွဲကြိုးချလျှက် ရှိနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က မီဒီယာများကို အသိပေး ခဲ့သည်။

လက်ဗွေ မှတ်တမ်း အရ အလောင်းမှာ ကက်စ်တီလိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ၎င်းသေ ဆုံးမှု သည် သူတစ်ပါး လုပ်ကြံခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်း ဆိုသည်မှာ ပြောဆိုရန် စောလွန်း သေးကြောင်းလည်း ရဲများက ဆိုသည်။ နိုဝင်ဘာလ (၂၃)ရက်နေ့က ဗယ်လ်ပါရိုင်ဆို အနီးရှိ ကြီလ္ဂြီ မြို့ငယ်လေးတွင် ကလေးတစ်ဦးအား စတေးသတ်ဖြတ်မှုအတွက် ရဲများက ကက်စ်တီလိုနှင့် အခြား လူ (၂)ဦးကို လိုက်လံ ရှာဖွေနေပြီး ကက်စ်တီလိုကို သက်မဲ့ ခန္ဓာကိုယ်အဖြစ် ပြန်လည် တွေ့မြင်ခဲ့ခြင်းဟု သိရှိ ရသည်။ 

Source: CTV News
From: Planet Myanmar Network 

၁၅၀၀ တန်ဖုန်း နဲ့ အချောင်သမားစိတ်ဓာတ်

Posted by drmyochit Thursday, May 02, 2013, under | No comments


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဧပြီ ၂၄ရက်နေ့က အ များ ပြည်သူ ဆက်သွယ်ရေး အဆင် ပြေ ချောမွေ့စေရန် အတွက် ရည် ရွယ်ပြီး တန်ဖိုးနည်းတယ်လီဖုန်း လိုင်းတစ် ခုဖြစ် သည့် ၁၅၀၀ ကျပ် တန် CDMA 800 MHZ ၏ မို ဘိုင်း ဖုန်း များကို စတင် ရောင်းချ ပေးခဲ့သည်။

၁၅၀၀ တန်ဖုန်းနှင့် ပတ် သက်၍ အများပြည်သူများက ကျေနပ်ဝမ်းမြောက်သံများ ထွက် ပေါ်လာ ခဲ့သော်လ ည်း လူနည်းစု ကတော့ အမျိုး မျိုးပြစ် တင်ဝေ ဖန် မှုများ ရှိနေသည်။ လူ့လောက ထုံးစံအတိုင်း အကောင်း မြင်ရှိ သလို အဆိုးမြင်များလည်း ရှိကြ ပါသည်။ ရွှေပြည်တံခွန်က ၅၀၀၀ ကျပ်နှင့် ရောင်းပေး မည့်ဆင်း ကတ် များကိုကျော်ပြီး မြန်မာ့ဆက် သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးလိုက်သဖြင့် အများ ပြည်သူ များကြားတွင် သို့လော သို့လော အတွေးများ၊ ထင်မြင် ယူ ဆချက်များ ဖြစ်ပေါ်နေသည်။ ပုဂ္ဂလိ ကက ကုမ္ပဏီ တစ်ခုက အနည်းဆုံး ရောင်းချ နိုင်သည့် ဈေးနှုန်း အပေါ် အစိုးရအဖွဲ့က သာလွန် ကျော်ပြီး ရောင်း ချပေး သည့် ပမာဏသည် ယခုအခါ စံချိန်တင် ပမာဏ ဖြစ်ခဲ့သည်။ နည်းပညာ ပိုင်းဆိုင် ရာ ကိစ္စရပ် များ၊ မည်သို့မည်ပုံရောင်းချသည်၊ မဲနှိုက်သည့်အခါ မည်သို့ မသမာ မှုများပြုသည်ကို ရေးသား တင်ပြ မှုမပြု လိုပါ။ စာရေးသူတင်ပြလို သည်မှာ မြန်မာလူမျိုးအချို့၏ မကောင်းတတ်သည့်ညာဉ်ဆိုးကို ပြောပြ လိုခြင်းဖြစ်သည်။

စာရေး သူနေထိုင်သော တောင်ဥက္ကလာပ(၁၃)ရပ်ကွက် တွင် အများရပ်ကွက်တွေလိုပဲ မဲနှိုက်ကြရပါသည်။ ဖုန်း ကတ် မဲနှိုက်ရန်အတွက် ရပ်ကွက်အုပ် ချုပ်ရေးမှူးထံသို့ ဖုန်းကတ် လျှောက်လွှာ သန်းခေါင်စာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့တင်ပြီး လျှောက်ရပါသည်။ အိမ်ထောင်စု  တစ်စု(သို့) သန်းခေါင်စာရင်း တစ်ခုကို တစ်ဦး လျှောက်ကြ ရပါ သည်။ ရပ်ကွက်ဓမ္မာရုံ၌ လော်စပီ ကာကြီးဖြင့် မဲနှိုက်၍ ကံစမ်းမဲဖွင့် ကြပါသည်။ စာရေး သူက ဖုန်း တစ်လုံး ၅သိန်းခေတ်ကတည်း က တစ်လုံးဝယ်ကိုင်ထားသဖြင့် လျှောက်လွှာမတင်ခဲ့ပါ။ သို့သော် သူငယ်ချင်းအများစုကတော့ လျှောက်လွှာတင်ပြီး မဲနှိုက်ကြပါ သည်။ မဲလာနှိုက်သူများထဲတွင် ၅ သိန်းဖုန်း ကိုင် နေသူများ၊ ၂သိန်း ဖုန်းကိုင်နေသူများ အများအပြား ကို တွေ့ရသည်။ ပိုဆိုးသည်က ၁၅ သိန်းဖုန်း ကိုင်နိုင် သူများလည်း ပါဝင်လာသည်ကို မြင်တွေ့နေရ ၏။

စာရေး သူက မနေနိုင်မထိုင် နိုင်၍ ၎င်းဖုန်းလက်ဝယ်ကိုင်ပြီး သားသူများ လျှာရှည်မေးမိရာ အချို့က ““အိမ် က သမီးလေး အတွက်””ဟု ဖြေလာသည်။ သူ့ သမီးမှာ ယခုမှ သူငယ်တန်းတက် ခါစ အရွယ်ပင်။ သူ၏အိမ် တွင် သူက တစ်လုံး၊ သူ့မိန်းမက တစ် လုံးနှင့် သူ၏သားကြီးက ဖုန်းတစ် လုံးစီကိုယ်စီ ပိုင်ကြပါသည်။ သူငယ် တန်း သမီးလေး အတွက် မလိုအပ်သေးဘဲ ၁၅၀၀ ကျပ်ဖြင့် အလကားမူးတင်နီးပါးရသော ဖုန်းကတ် အပေါ် လောဘတက် နေကြသည်ကို  တွေ့ရသည်။ တကယ်တမ်း အဆိုပါပုဂ်္ဂိုလ် ဖုန်း ကတ်ပေါက် သွားပါသည်။ မလို အပ်သောလူတစ်ဦး၏လောဘ ကြောင့် အမှန်တကယ်လိုအပ်သူ တစ်ဦး ဖုန်းကတ် ရခြင်းမှ နစ်နာ သွားခဲ့သည်။  ဖုန်းကတ်လာ လျှောက်သူ ၅၀ရာခိုင်နှုန်းလောက် မှာ အမှန် တကယ် လိုအပ်၍ မဟုတ်ဘဲ ဈေးပေါ၍ အလကား နီးပါးမျှရ၍ လာလျှောက်ကြခြင်း ဖြစ်နေသည်ကို မြင်တွေ့ရ ချိန်တွင် ““မြန်မာပြည်သူတွေ အလကားရ ရင် ဆင်တောင်အကြွေးနဲ့ဝယ်စီး”” တယ်ဟုဆိုသော ရှေးလူကြီး တို့၏ ဆိုရိုး စကားကို ပြေးမြင်မိသည်။

ကိုယ့်မှာက မလိုအပ်ရင် အရေးပေါ်မလိုအပ်ရင် တကယ် လိုအပ်သူအတွက် ကိုယ့်ရဲ့အခွင့် အရေး မဲတစ်မဲ ကို ဖယ်ပေးလိုက် ခြင်းက ဒီမိုကရေစီနိုင်ငံသားတစ် ဦးရဲ့ ရဲရင့်သော စိတ်ဓာတ်ဟု အသိအ မှတ်ပြုလိုက် ချင်သည်။ အခုတော့ ၁၅၀၀ ဖုန်းကြောင့် အချောင်သမားတွေအများကြီးပဲ။ စာရေးသူတို့နိုင်ငံမှာ ရှိနေသေး တယ်။ ငါ့ အခွင့် အရေးပဲ ဆိုပြီး အတ္တ၀ါဒီတွေ သောင်းကျန်းနေ သေးတာကို တွေ့လိုက်ရပါတယ်။

ဒီလို စံနှုန်း တွေနဲ့ တိုင်းပြည် ကို ဒီမိုကရေစီဖော်ဆောင်ရေး အတွက် လမ်းလျှောက်ကြမယ် ဆိုရင်ဖြင့်… ဟင်း…ဟုသာ သက်ပြင်းချလိုက်မိပါတော့တယ်။

From:Hots

ရခိုင်၌ ပြစ်မှုကျူးလွန်ခဲ့သည့် တပ်ဖွဲ့ဝင်များကို အရေးမယူဘဲ လုံခြုံရေးနှစ်ဆတိုးပါက တစ်ကျော့ပြန် ကြမ္မာငင်နိုင်ဟု HRW ဆို

Posted by drmyochit Thursday, May 02, 2013, under | No comments


ရခိုင် ပဋိ ပက္ခ၌ ပြစ်မှု ကျူးလွန် ခဲ့ ကြသော လုံခြုံရေး တပ်ဖွဲ့ဝင် များအား ထိုက်သင့်သော ပြစ်ဒဏ် ခတ်ခြင်း မပြု လုပ်ဘဲ လုံခြုံရေး အင် အားကို နှစ် ဆတိုး မြှင့်လိုက်ပါက ဖြစ်ရပ်ဆိုးများကို ထပ် မံဖိတ် ခေါ်ရာ ရောက် နိုင် ကြောင်း လူ့အ ခွင့်အရေး စောင့်ကြည့်အဖွဲ့(HRW) က ဆိုသည်။

HRW ၏ အာရှဒေသဆိုင်ရာလက် ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရော ဘတ်ဆန်က ရခိုင်အရေး စုံစမ်း စစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာ တွင် အ ကြံပြုထားသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူ အညီများ ချက်ချင်းစီမံပေးရေးကို အ ပြည့်အဝထောက် ခံသော်လည်း လုံခြုံ ရေးတပ် ဖွဲ့အင်အား နှစ်ဆတိုးမြှင့်ချထား ရန် အကြံပြုချက်ကိုမူ စဉ်းစားဆင်ခြင်၍ လုပ်ဆောင် ရမည့် အချက်ဟု ဆိုထား ခြင်း ဖြစ်သည်။

”ပြစ်မှု ကျူးလွန်ခဲ့ကြတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပြစ်ဒဏ်ခတ်မခံရတာကို ပြင်ဆင်ဖို့ အဆုံးသတ်ဖို့ မလုပ် ဘဲနဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့ ဝင် အင်အား နှစ်ဆထပ်မံတိုးမြှင့် ချထား မယ်ဆိုရင် ဖြစ်ရပ် ဆိုးတွေကို ထပ်မံဖိတ် ခေါ်ရာ ရောက်ပါလိမ့်မယ်”ဟု ဖီးလ် ရောဘတ်ဆန် က ပြော သည်။

HRW ၏ရခိုင်အစီရင်ခံစာကို ပြီး ခဲ့သည့် ဧပြီလ ၂၂ ရက်က ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော ပဋိ ပက္ခဖြစ်စဉ်များ၌ ဘင်္ဂါလီ မွတ် ဆလင် များအပေါ် အကြမ်းဖက်မှုများအား လုံခြုံရေး တပ်ဖွဲ့ ဝင် များ က တားဆီးမှု မပြု ရုံ သာမက ကိုယ်တိုင် ကိုယ်ကျ ပါဝင် ခဲ့ကြသည်ဟု စွပ်စွဲရေး သားထားသည်။

သို့ရာ တွင် မြန်မာ အစိုးရက HRW ၏ ရခိုင်အစီရင်ခံစာသည် တစ် ဖတ်သတ်ထွက်ဆိုချက်များအပေါ်တွင် သာ အခြေပြု ထားခြင်းဖြစ်ပြီး အ သုံးအနှု န်းများသည်လည်း လက်ခံနိုင် ဖွယ်မရှိဟု ကန့်ကွက် ထားသည်။ ယင်းကဲ့သို့ ရခိုင်ပဋိပက္ခတွင် ပြစ် မှုကျူးလွန်ခဲ့သူများနှင့် လုံခြုံရေးတပ် ဖွဲ့ဝင်များ ပြစ်ဒဏ်ခတ်ခြင်း မခံရ မှုက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပဋိပက္ခမှု များ ဖန်တီးလိုသူတို့ကို အားပေးအား မြှောက်ပြုရာ ရောက် သည်ဟု HRW ၏ အစီရင်ခံစာက ဆိုထားပြန်သည်။

မတ်လ အတွင်းက မိတ္ထီလာမြို့တွင် စတင်ခဲ့သော အကြမ်းဖက်ပဋိပက္ခများ ကြောင့် လူ ၄၃ ဦးထက်မနည်း သေ ဆုံးခဲ့ရပြီး ယင်းဖြစ်ရပ်သည် ပြ စ်မှုကျူး လွန်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြစ်ဒဏ် ခတ်ရန် မစွမ်း ဆောင်နိုင်မှု၏ အကျိုးဆက်ဟုပီတာဆန်က သုံးသပ် သည်။ ရခိုင်စုံစမ်းစ စ်ဆေးရေးကော်မရှင် ၏ အပြီး သတ် အစီရင် ခံစာကို ဧပြီလ ၂၂ ရက်နေ့က သမ္မတထံ တင်သွင်းပြီး ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန် ခဲ့ရာ မြန်မာ အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တွင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များထပ်မံ တိုးမြှင့်ချထားသင့်ကြောင်း ပါရှိခဲ့ သည်။

”ကျွန်တော်တို့ရဲ့ ကွင်းဆင်းမေး မြန်းချက်အရ ဒုက္ခသည်တွေက လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ ရုပ်သိမ်း သွားမှာကို စိုးရိမ်နေကြတယ်။ ဒါလူအဖွဲ့အ စည်း နှစ်ဖက်စလုံးဆီက ကြားရတဲ့ စကားပါ” ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ ဝင် ဦးကိုကိုကြီးက ပြောသည်။ ထို့အတူ ပဋိပက္ခများ ထပ်မံမေ ပါ် ပေါက်ရေးအတွက် လက်ရှိ တွင် လူ့အဖွဲ့ အစည်းနှစ်ခုအား သီးခြားစီ ခွဲထားရ မည်ဖြစ်ကြောင်း၊ ယင်းသို့ ခွဲထားခြင်းမှာ ရေရှည် အဖြေ မဟုတ်သော်လည်း လက် ရှိတွင်မူ မဖြစ်မနေ ကျင့်သုံးလုပ်ဆောင် ရမည့် ကိစ္စရပ်ဟု အစီရင်ခံ စာတွင် ပါရှိ သည်။

”လူ့အဖွဲ့အစည်းနှစ်ခုကို သီးခြား စီ ခွဲထားတာဟာ ရေရှည်အဖြေမဟုတ် ပေမယ့် နှစ်ဖက် အမုန်း တရားတွေ ပြေ လျော့သွားတဲ့အထိတော့ မဖြစ် မနေကို ကျင့်သုံးရပါမယ်။ ဒါမှမဟုတ်ရင် ပဋိ ပက္ခတွေ တစ် ကျော့ပြန် ဖြစ်ပွားဖို့ အလားအလာ များပါတယ်”ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက် တာ ကျော်ရင်လှိုင်က ပြောသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို ရခိုင်လူမျိုး ၁၂ဝဝ နှင့် ဘင်္ဂါလီ ၈ဝဝတို့အား တွေ့ ဆုံမေးမြန်းပြီး အကြိမ်ကြိမ်ကွင်းဆင်း လေ့လာမှုတို့အပေါ်အခြေခံ၍ အကြံ ပြု ရေးသားထားသည်ဟု သိရသည်။ ရခိုင်ပဋိ ပက္ခ အစီရင်ခံစာကို ဧပြီ လ ၂၉ ရက်နေ့က ထုတ်ပြန် ခဲ့ပြီး ယင်း နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲကို ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန တွင် ပြုလုပ်ခဲ့ သည်။
ကျော်ရဲလင်း

Popular Myanmar News Journal

စွမ်း အဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ဇာတ်ကခွင့် တိုင်းအစိုးရ ပိတ်ပင်

Posted by drmyochit Thursday, May 02, 2013, under | No comments



ဇာတ်မင်းသား ဖိုးချစ်၊ စွမ်းဇာနည်နဲ့ ဟန်ဇာမိုးဝင်း

ဇလွန် ပြည်တော်ပြန် ဘုရားပွဲမှာ ပရိ သတ်နဲ့ ပဋိပက္ခ ဖြစ်ပြီး ပွဲပျက် ပြန်ပြေး ခဲ့ရတဲ့ စွမ်း ဇာနည် ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က အဲဒီ တိုင်းအတွင်း လာရောက်ဖျော်ဖြေခွင့် ပိတ် ပင်လိုက် တယ်လို့ သိရပါတယ်။

ဧရာဝတီ တိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်မှာ တပေါင်းလပြည့်ကျော် ၁ ရက် နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်က စွမ်းသဘင် ဇာတ်ရုံမှာ စွမ်း ဇာတ်အဖွဲ့နဲ့ ပရိသတ် တချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စင်ကို မီးရှို့ ခံရတဲ့အပြင်၊ ဇာတ်အဖွဲ့က ပါလာတဲ့ လေအိတ်ကား တစီး၊ ကုန်ကား နှစ်စီး နဲ့ မင်းသားရဲ့ ကိုယ်ပိုင် ကား မှန်တွေကို ရိုက် ခွဲခံရ ပြီး ၁ လ အကြာမှာ စွမ်း ဇာနည် ဇာတ် အဖွဲ့ကို ဧရာဝ တီတိုင်း အစိုးရအဖွဲ့က သူတို့ဒေသမှာ လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါ တယ်။

အဲဒီ ကိစ္စနဲ့ ပတ် သက်ပြီး မင်းသား စွမ်းဇာ နည်နဲ့ တိုက်ရိုက် အဆက် အသွယ် မရခဲ့ပေမယ့် မြန်မာနိုင်ငံ သဘင် အစည်း အရုံး အတွင်း ရေးမှူး ဦးမိုးဝင်း ကတော့ “ပိတ်မယ် ဆိုတဲ့ သတင်း ကြားရုံ ရှိပါသေးတယ်။ အတိ အကျတော့ ကျနော်တို့ ဆီကို စာမပို့သေးပါဘူး” လို့ ပြောပါတယ်။

အငြိမ့်မင်းသမီး ခေါင်းဆောင် မင်းသမီးတဦးလည်း ဖြစ်၊ စွမ်းဇာနည်တို့ မိသားစုနဲ့လည်း ခင်မင်သူ ကျားလေး စိန်ကတော့ ပိတ်ရင်လည်း ကောင်းပါတယ်လို့ ဆိုပါတယ်။

သူက “ပိတ်တယ် ဆိုတာလည်း စွမ်းကို နစ်နာစေလိုတဲ့ ဆန္ဒတော့ မဖြစ်နိုင်ပါဘူး၊ လောလောဆယ် ဧရာဝတီ တိုင်း ဘက်မှာ မဖျော်ဖြေ သေးတာတော့ အကောင်းဆုံးပေါ့။ ဒီကိစ္စမှာ စွမ်းတို့ဘက်က တရားမ စွဲဘူးလို့ သိရတယ်” လို့ ဆက်ပြောတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ပရိသတ်တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်အကျဉ်းကိုတော့ စွမ်းဇာနည်နဲ့ နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြ တာကတော့ -

ဇလွန်မှာ စွမ်းဇာနည် ဇာတ်အဖွဲ့ အနေနဲ့ မတ် ၂၄၊ ၂၅၊ ၂၆ သုံးရက် ဖျော်ဖြေပေးဖို့ စီစဉ်ထားပေမယ့် ၂၅ ရက် နေ့ ညဘက်မှာ ဇာတ်ရုံ အဖောက်ခံရပြီး တီးဝိုင်းသမား ပစ္စည်း တချို့နဲ့ သဘင်အစည်းအရုံး ကတ် တချို့ အခိုး ခံခဲ့ရတယ်။ ၂၆ ရက်နေ့ ညနေမှာတော့ ဇာတ်သမားတချို့ ပွဲဈေးတန်းအတွင်း ထမင်း သွားစား တဲ့ အချိန် ဒေသခံတချို့ရဲ့ ရန်စထိုးကြိတ်ခြင်း ခံခဲ့ ရတယ်လို့ သိရပါတယ်။ အဲဒီလို ဖြစ်လာတော့ စွမ်းဇာ နည်က ကန်ထရိုက်ကို ပွဲဆက်မကတော့ဖို့ ပြောရာမှာ ကန်ထရိုက်က အစစ တာဝန်ယူကြောင်း တောင်း ပန်တာ နဲ့ အဲဒီည ပွဲဆက်က ဖြစ်တယ်၊ စွမ်းဇာနည်ရဲ့ ဖခင်ကတော့ ဇလွန်သားတွေ ဘယ်လို ဆိုးရွား တဲ့ အ ကြောင်း တော်တော်ကလေး မကျေမနပ် ပြောဆို လိုက်တယ်လို့ သူတို့ ဇာတ်အဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါ တယ်။

ဒါပေမယ့် အဲဒီညပွဲမှာပဲ ပွဲခင်းထောင့်က လူတစုက အမျိုးမျိုး ရန်စလာတာကြောင့် မင်းသားက စင်ပေါ် ကနေ “သတ္တိရှိရင် တယောက်ချင်း ချမလား၊ စင်ပေါ်တက်ခဲ့” ဆိုပြီး မိုက်ကရိုဖုန်းနဲ့ အော်တာနဲ့ ပရိသတ် ထဲက စင်ပေါ်တက်လာ ကြတော့ မင်းသားက တက်လာတဲ့သူရဲ့ မျက်နှာကို ခြေထောက်နဲ့ ဆောင့် ကန်လိုက် တယ်လို့ စွမ်းဇာနည်နဲ့ နီးစပ်တဲ့သူက ဧရာဝတီကို ရှင်းပြပါတယ်။ ပဋိပက္ခက အဲဒီကနေ ကြီး လာပြီး စွမ်းဇာနည်ရဲ့ကားအပါအဝင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဖိုးလောက် ဖျက်ဆီး ခံခဲ့ရတဲ့အပြင် ဇာတ် တဖွဲ့လုံး ပြန်ပြေးခဲ့ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ကတော့ ဒီလိုကိစ္စတွေ ဆက်မဖြစ်ဖို့ ပွဲကန်ထရိုက်တွေနဲ့ အနု ပညာ ရှင် တွေ ကြိုတင် စာချုပ် ချုပ်ထား သင့်တယ်လို့ ဆိုပါတယ်။

အတွင်းရေးမှူး ဦးမိုးဝင်းက “စွမ်းဇာတ်သဘင် ကိစ္စ ဖြစ်ဖြစ်ချင်း ကျနော်တို့ဆီ ဆက်သွယ်လာပါတယ်။ ဒါ ကြောင့် ကြေညာချက် တခု ထုတ်ခဲ့ပါတယ်။ ဒီကိစ္စကို ဝမ်းနည်းကြောင်းပေါ့။ ဒီ ပဋိပက္ခက တော် တော်ကြီး သွားတယ်၊ ရှုပ်ထွေး တဲ့ အပိုင်းလည်း ရောက်သွားတယ်။ ပရိသတ်နဲ့ အနုပညာရှင် ဖြစ်နေတယ်။ စွမ်းဘက် ကတော့ တရား မစွဲ တော့ပါဘူး။ ဖြစ်တဲ့ အချိန်မှာ ညဥ့်နက်တဲ့ အတွက် လုံခြုံရေးများ အားနည်းတယ်လို့ ယူဆရ ပါတယ်။ နောက်ဆိုရင် သဘင်သည်တွေ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ရင် လုံခြုံရေးအတွက် ကန် ထရိုက် ဘက်က တာဝန် ယူ ပါမည်၊ ပြဿနာ ဖြစ်ခဲ့ရင် ကန်ထရိုက်မှ လျော်ကြေး ပေးရမည်ဆိုတဲ့ အချက် ပါဝင် ရေးသားသင့်တယ်။ ဇာတ်ပွဲတခု ကပြမယ် ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်သဘင် အစည်း အရုံး တွေကို အကြောင်းကြားထားဖို့ လိုပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ဒေသခံတွေ ပဋိပက္ခ ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက “၂၇ – ၃ – ၂ဝ၁၃ ရက်နေ့ ဇလွန်မြို့ ပြည်တော်ပြန် မြတ်စွာဘုရား ပွဲတော်တွင် စွမ်းဇာနည်ဇာတ် ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မ တီအဖွဲ့မှ များစွာ ဝမ်းနည်း ခဲ့ကြရပါသည်။ သို့ဖြစ်ပါ၍၊ နောက်နောင် ၎င်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု မရှိစေ ရန် ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်း အရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီ (အသစ်) မှ စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဇာတ် သဘင် ချစ်ခင်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်” ဆိုပြီး ဟု ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇ လွန်ပြည် သူ တဦးလည်းဖြစ်၊ ဇလွန်မြို့နယ် သဘင်အစည်းအရုံးနဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဦးအေး ချမ်းက “စွမ်း ဇာတ်သဘင်ကို ပိတ်မယ်ဆိုတာ နှုတ်စကားအရပဲ ရှိသေးတာဆိုတော့ ကျနော်တို့ အတိ အကျတော့ စာမထွက် သေးပါဘူး။ ကျနော်တို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲဆိုတာ အတွင်းအပြင် လုံခြုံ ရေး ၇၀ ကနေ ၁၀၀ အကြား ထားလေ့ရှိတယ်။တခြားမြို့တွေ ကလည်း အကူအညီ ခေါ်ကြတယ်။ အဲဒီပွဲ မှာ တော့ လုံခြုံရေး အားနည်းချက်တွေ ရှိခဲ့တာတွေ့ရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်း ဇာတ်သဘင်ကို ဧရာဝတီတိုင်းအတွင်း ဖျော်ဖြေခွင့်ပိတ်ခဲ့ရင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တတ်နိုင် သမျှ ကူညီပေးသွားမယ်လို့ သဘင်အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။

“စွမ်းအဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ပွဲ ပါမစ်ပိတ်မယ်လို့ ကျနော်တို့ ဒီနေ့မနက် သိရတယ်။ တရားဝင်စာ မလာသေး ပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဥပဒေအရ ပြဿနာ ဆက်မဖြစ်ပွားဖို့ ပါမစ်ပိတ်တယ် ဆိုရင် တောင် သဘင်သည်များ အရေးအတွက် သွားရောက် တောင်းပန်ညှိနှိုင်း ပေးဖို့ အစီအစဉ်ရှိပါတယ်” လို့  သူ က ဆက်ပြောတယ်။

ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးခန်းက ၃ ရက်တိတိ ဖုန်းမကိုင်ဘဲ၊ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ အတွင်းရေးမှူးဆီ ဖုန်းဆက်တဲ့ အခါမှာလည်း အစည်းအဝေး ရှိနေလို့ နောက်မှပြန်ခေါ်ဖို့ပဲ ပြန်ကြား ပါတယ်။ ပြန်ခေါ်တဲ့အခါမှာ ဖုန်းမကိုင်တဲ့အတွက် အဲဒီဘက်က အခြေအနေကို သေသေချာချာ မသိရှိ ရသေး ပါဘူး။

စွမ်းဇာတ် သဘင် ပြန်လည် လည်ပတ်နိုင်ဖို့ လက်ရှိ အနေအထားအရ ဖိုးချစ်က ကူညီပေးနေတဲ့ သတင်း ကြားတဲ့ အတွက် ဖိုးချစ်ကိုမေးကြည့်တော့ “ဘယ်သူမှန်တယ် မှားတယ်တော့ မပြောလိုပါဘူး၊ မှတ်ချက် လည်း မပေးတတ်ပါဘူး၊ သဘင် ညီအစ်ကိုတွေ ဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးသွားမှာပါ။ ဒီနေ့ ဒီအ ချိန် အထိ ကျနော်ဘာမှ ကြီးကြီးမားမား မကူညီရသေးပါဘူး” လို့ ဖြေပါတယ်။

စွမ်းဇာနည်ကတော့ အဲဒီနေ့က ဆုံးရှုံးနစ်နာမှု သိန်း ၁၅၀၀ ကျော် ရှိမယ်လို့ အလင်းတန်း ဂျာနယ် အင် တာဗျူးမှာ ဖြေကြားတားတာ တွေ့ရတယ်။ စွမ်းက တရားစွဲဆိုမှုတော့ မပြုလိုကြောင်း၊ ဖြစ်ဖြစ်ချင်း ဖိုးချစ်၊ တင်မောင် ဆန်းမင်းဝင်း၊ဟန်ဇာမိုးဝင်း စတဲ့ သဘင်ညီအစ်ကိုတွေက အကူအညီပေးမယ်လို့ ပြော ခဲ့ကြ ကြောင်း အလင်းတန်းမှာ ဖော်ပြထားပါတယ်။

စွမ်းဇာနည်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ စွမ်းကိုယ်တိုင်လည်း ဒီပဋိပက္ခမှာ အမှားမကင်းတဲ့အတွက် တရားစွဲ ဆိုတာတွေ ဘာတွေ မလုပ်တာလို့ သိရတယ်။

စွမ်းရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာတော့ ပြဿနာဖြစ်ပြီးပြီးချင်း သူ့မိခင်က ပွဲမှာ ပျက်ဆီး သွားတဲ့ ကားအတွက် လင်ခရူဆာကားတစီး ပြန်ဝယ်ပေးခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့က ရေးတင်ထားတာ တွေ့ရ တယ်။ စွမ်းဇာနည်က စွမ်း ဇာတ်သဘင်မှာ ခေါင်းဆောင်မင်းသား အဖြစ် ဦးဆောင်ပြီး ရုပ်ရှင်ဗီဒီယို သရုပ် ဆောင် အဖြစ်ပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင် နေပါတယ်။

စွမ်းဇာနည်ဆိုတာ အရင်ကလည်း ပရိသတ်နဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ အတွက် သဘင်အစည်းအရုံးက ဇာတ် ကပြ ဖျော်ဖြေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရဖူးတဲ့သူ ဖြစ်ပါတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စမှာတော့ ၂၀၁၃ မှာ အသစ် ဖွဲ့စည်း ထားတဲ့ သဘင်အစည်းအရုံးက စွမ်းဇာတ်သဘင်ကို ပိတ်ပင်ခြင်း ပြုမှာမဟုတ်တဲ့ အကြောင်း သဘင် အစည်း အရုံး ဗဟို အဖွဲ့ဝင် ဦးအေးချမ်းဆီက သိရ ပါတယ်။

စွမ်းဇာ နည် ဇာတ်အဖွဲ့ ဖျော်ဖြေပွဲကို ကြည့်ဖူးသူတွေကတော့ စွမ်းဇာနည်ဟာ စတိတ်ရှိုး ဆိုရာမှာကော၊ စင်ပေါ် ကနေ ပရိသတ်ကို ပြောဆိုရာမှာပါ မယဉ်ကျေးတဲ့ အကြောင်း၊ ကြည့်ရှုသူ လူငယ်တွေ အနေနဲ့ သူ့အပေါ် မကျေမနပ် ဖြစ်နိုင်တယ်၊ ပြဿနာ များနိုင်တယ် ဆိုတဲ့အကြောင်း ဝေဖန်ကြပါတယ်။

From: ဧရာဝတီ 

ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးပြီး နေရာ၌ပင် ပိုးသတ်ဆေးသောက်သေ

Posted by drmyochit Thursday, May 02, 2013, under | No comments


ရန်ကုန်- မြောက် ဥက္က လာပ မြို့နယ် ရွှေ ပေါကံ္က မြို့သစ်ရှိ အအေး ဆိုင် တစ်ခု တွင် ဧပြီ ၂၉ ရက်ညနေက ချစ်သူစုံ တွဲချင်း စကား များရာမှ လူသေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ရွှေ ပေါက္ကံ မြို့သစ်ရှိ လှိုင် ရတနာ အအေး ဆိုင် အတွင်း (၂၇) နှစ်အရွယ်ရှိ ယာဉ်နောက်လိုက် အောင်မြင့် ထွန်းသည် (၂၁) နှစ်အရွယ် ဂျီတီအိုင် နောက်ဆုံးနှစ် ကျောင်း သူ ၎င်း၏ ချစ်သူနှင့် စကား များကြရာမှ အောင်မြင့် ထွန်းသည် ချစ်သူမိန်းကလေးကို အရိုးအသွား ငါးလက်မခန့်ရှိ စတီးလ်ဓားဦးချွန်ဖြင့် လည်ပင်း၊
ဝဲနံကြား၊ ၀ဲတံတောင်နှင့် ယာလက် ဖျံတို့ကို ထိုးခဲ့သည်။ ထို့နောက် အသင့်ပါ လာသော ပိုးသတ်ဆေး နှစ် ပုလင်း သောက်ကာ မိမိ ကိုယ်ကို သေကြောင်း ကြံစည် ခဲ့ခြင်း ဖြစ်သည်။

အောင်မြင့် ထွန်းသည် အဆိပ် သောက်ပြီးနောက် သေဆုံး သွားပြီး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သော မိန်း ကလေးမှာ မြောက် ဥက္ကလာပ ဆေးရုံတွင် အတွင်း လူနာ အဖြစ် ကုသ လျက် ရှိကြောင်း သတင်း ရရှိသည်။

7Day News Journal

မြောက်ကိုးရီးယား နိုင်ငံအတွက် ၀င်ငွေကောင်းသော ကေဆုန် စက်မှုဇုန်ကြီးမှ တောင်ကိုရီးယား နိုင်ငံသားများ ထွက်ခွာပြီ

Posted by drmyochit Thursday, May 02, 2013, under | No comments


၁၉၅၀-၅၃ မှ စတင်ကာ တောင်နှင့် မြောက် ကိုးရီး ယား များ အဖြစ် ကွဲသွားသော နှစ်နိုင်ငံအား ပြန် လည် ပေါင်း စည်းရေး စီမံချက်ဖြစ်သည့် sunshine policy အရ တည်ထောင်ထားသည့် Kaesong စက်မှု ဇုံ စီမံကိန်း ကို ၂၀၀၄ ခုနှစ်မှ စတင်ကာ တည်ထောင် ထားခဲ့သည်။

ယခု အခါ တောင် ကို ရီးယားနှင့် မြောက်ကို ရီးယား နိုင်ငံ အကြား စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ် လျက် ရှိရာ မြောက် ကိုရီးယား နိုင်ငံအတွင်း တည်ရှိသည့် အဆိုပါ Kaesong စက်မှုဇုံ စီမံကိန်းမှ တောင် ကိုရီးယား အလုပ် သမားများ အားလုံးအား ဧပြီ ၂၇ ရက်တွင် အပြီး ရုတ်သိမ်း ထွက်ခွာခဲ့ကြပြီ ဖြစ်ကြောင်း တောင် ကို ရီးယား နိုင်ငံ ယွန်ဟပ် သတင်းဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ကေဆုန် ပူးတွဲ စက်မှုဇုန်ရှိ လုပ်ငန်းများ လည်ပတ်မှုရပ်ဆိုင်းခဲ့မှုအပေါ်ဖြေရှင်းရန် အတွက် တရားဝင် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ရန် တောင်ကိုရီးယား အစိုးရ၏ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယား အစိုးရက ငြင်းပယ် ခဲ့ပြီးနောက် တောင် ကိုရီးယား အလုပ်သမား အားလုံးကို ကေဆုန် စက်မှုဇုန်မှ ပြန်လည် ခေါ်ယူ ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကေဆုန် စက်မှုဇုန်တွင် တောင်ကိုးရီးယား ကုမ္ပဏီပေါင်း ၁၂၃ ခုရှိပြီး အထည် ချုပ် လုပ်ငန်းများ ၊ အိမ်သုံးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ ၊ မော်တော်ဆိုင်ကယ်စီး ဟဲလ်မက် ဦးထုပ် လုပ်ငန်းများ စသဖြင့် ပါဝင်သည်။ မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ အဆိုပါ ကေဆုန် စက်မှုဇုန်တွင် အလုပ် လုပ် ကိုင်သည့် တောင်ကိုးရီးယား လူမျိုး အလုပ်သမား တစ်ဦးစီအတွက် လစဉ် ဒေါ်လာ ၁၃၀ ပေးဆောင် ရပြီး မြောက်ကိုးရီးယား နိုင်ငံသည် အဆိုပါ စက်မှုဇုန်မှ တစ်နှစ်လျှင် ၀င်ငွေ ဒေါ်လာသန်း ၉၀ ရရှိ သည်။


သက်မွန်မြင့်မှာ ရည်းစားရှိတာကို ကျွန်တော် လုံးဝမကြားမိသေးပါဘူး ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted by drmyochit Thursday, May 02, 2013, under | No comments

“စိုင်းစိုင်း ဟု ခေါ်သည်” ဆိုတဲ့ ဗီဒီယို ဇာတ်ကား အောင်မြင် သွားတယ်..စိုင်းစိုင်း ရဲ့မွေးနေ့ ရှိုးပွဲ ဟာ ခမ်း ခမ်း နားနားကြီးကြီးကျယ်ကျယ်နဲ့ အဆုံးသတ်သွားနိုင်ခဲ့တယ်။ ဒါတွေဟာ စိုင်းစိုင်းရဲ့အောင် မြင် မှု တွေ ဆိုရင် အဲဒီ အောင်မြင် မှုရဲ့နောက်ကွယ်မှာ ကပ်ငြိ လိုက်ပါ လာတဲ့ ကောလ ဟာလ တွေက လည်း စိတ်ဝင် စားစရာ တစ်ခုပါပဲ။ အထူးသဖြင့် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်တို့ရဲ့ဆက်ဆံရေးဟာ


From: Myanmar Daily News

စီတန်းလှည့်လည်ခွင့် ဥပဒေ လူ့အခွင့်အရေးစံမမီဟု ကုလထံတင်မည်

Posted by drmyochit Thursday, May 02, 2013, under | No comments

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံး နေသည့် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ဥပဒေသည် နိုင်ငံတကာ လူ့ အခွင့် အရေး စံချိန် စံညွှန်း နှင့် မကိုက်ညီသဖြင့် ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ် ကြောင်း အာရှ လူ့အခွင့်အရေးနှင့် ဖွံဖြိုးရေး ဆုံရပ်အဖွဲ့ (Forum-Asia)မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေး ဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။

ယင်းအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မှတစ်ဆင့် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တင်သွင်းမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

နိုင်ငံတကာတွင် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်အတွက် သက်ဆိုင်ရာ ကို အသိပေးရသော်လည်း ခွင့်ပြုချက် တောင်းခံရန် မလိုအပ်ကြောင်း၊ မြန်မာနိုင်ငံ တွင်မူ စီတန်းလှည့်လည်ခွင့် အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ကို တောင်းခံရပြီး ခွင့်ပြုချက် မပြုဘဲ စီတန်းလှည့်လည် ပါက ဖမ်းဆီး တရားစွဲဆိုခံရကြောင်း ဦးအောင်မျိုးမင်းက ထောက်ပြသည်။
"တရားစွဲတာလည်း တရားရုံး တစ်ရုံးထဲက မဟုက်ဘူး။ အမှုတစ်ခုကို တရားရုံး အများကြီးက တစ်ပြိုင်နက်တည်း တရားစွဲတယ်" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ဥပဒေအားလုံး၏ ပင်ရင်းဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေက လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တို့ကို ခွင့်ပြုထားသော်လည်း လွတ်လပ်စွာစီတန်း လှည့်လည်ခွင့် ဥပဒေတွင်မူ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံမှ ခွင့်ပြုချက် တောင်းခံရမည်ဟု ပြဋ္ဌာန်း ထားသဖြင့် အခြေခံဥပဒေ၏ အထက်တွင် ရဲတပ်ဖွဲ့ ထားရှိသလိုဖြစ်နေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ထောက်ပြထားသည်။

"နှစ်ပေါင်း ငါးဆယ် လောက် ဒီမို ကရေစီ စနစ်နဲ့ ကင်းကွာ ခဲ့တယ်။ စီတန်း လှည့်လည်ခွင့် ဥပဒေ ထွက် လာတော့ အထိုက် အသင့် လွတ်လပ်ခွင့် ရလာတယ်။ လိုချင် တာတော့ ၁၀၀ ရာခိုင် နှုန်းပေါ့။ လွှတ်တော် ထဲမှာကျ လုပ်ရ ကိုင်ရတာ ထင်သ လောက် မလွယ်ဘူး" ဟု ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအဖွဲ့ ဦးသိန်းညွန့်က ဆိုသည်။

ယင်း အစီရင် ခံစာပါ တွေ့ရှိချက် များနှင့် အကြံပြု ချက် များကို အစိုးရနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မ ရှင် တို့နှင့် တွေ့ဆုံတင်ပြနိုင်ရန် ခွင့်ပြု ချက် တောင်းခံ ထားကြောင်း ဦးအောင်မျိုးမင်းက ပြော ကြား သည်။

အာရှ လူ့ အခွင့် အရေးနှင့် ဖွံ့ဖြိုးရေး ဆုံရပ် အဖွဲ့ (Forum-Asia)သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေ စိုက် အဖွဲ့ အ စည်း တစ်ခုဖြစ်ပြီး အာရှ ဒေသ တွင်း နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို စောင့် ကြည့် လေ့လာရန် အဖွဲ့ခွဲပေါင်း ၁၂၀ ခန့် ရှိကြောင်း ၄င်းက ဆိုသည်။

လွတ်လပ်စွာ စီတန်း လှည့် လည် ခွင့် ဥပဒေ ကို လွှတ် တော်က ပြဋ္ဌာန်းပြီး နောက်ပိုင်း ၂၀၁၂ခုနှစ် အတွင်း လွတ် လပ်စွာ စီတန်း လှည့် လည် ခွင့် တိုင်း ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုခြင်း၊ ခွင့်မပြုဘဲ ပြုလုပ်ပါက ဖမ်းဆီး ခြင်း၊ အမှုတစ်ခုတည်း ကို မြို့နယ် တရားရုံး များ စွာက တစ်ပြိုင်နက်တည်း တရား စွဲ ဆိုခြင်း တို့ ဖြစ်ပွား ခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

From: The Voice Weekly 

ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက် ခေါင်းဖြတ်လူသတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်

Posted by drmyochit Thursday, May 02, 2013, under | No comments



နေပြည်တော်၊ မေ ၁

၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှ ကျေးရွာ အနီး၊ ဇဟား ချောင်း တံတား အောက်တွင် ဦးခေါင်းမပါသည့် အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ ကြောင်း သတင်း အရ ဖြူး ရဲ စခန်းမှ တပ်ဖွဲ့ဝင်များ သွား ရောက် စစ် ဆေးရာ ရန်ကုန်-မန္တလေး ပုံမှန် လမ်း မိုင်တိုင် အမှတ်(၁၃၉-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်း စပ် တွင် ““၅၅၅””တံဆိပ် ပီနံအိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံး တီး အလောင်း တစ်လောင်း နှင့် မိုင်တိုင် အမှတ် (၁၃၈/၂)အနီး လမ်းဘေးတွင် အမျိုး သမီး ဦးခေါင်း ပြတ် တစ်ခု ထပ်မံ တွေ့ ရှိ ၍ ဖြူးရဲ စခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေး လျက်ရှိ သည်။

အဆို ပါ အမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်း ဖော် ထုတ် လျက် ရှိပြီး သေဆုံးသူ မည်သူ မည်ဝါ ဖြစ်ကြောင်း သိရှိ သတင်း ပေးလို ပါက မှုခင်း ရဲတပ်ဖွဲ့ မှူးရုံး တယ်လီဖုန်း အမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ ဆက် သွယ် အကြောင်းကြား သတင်းပေး ပို့ နိုင်ကြောင်း သတင်း ရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့စွမ်းဆောင်ရည်ဆုရရှိသူများစာရင်း

Posted by drmyochit Thursday, May 02, 2013, under | No comments




(၁) စိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ် သမားဆုအတွက် ပဲခူးတိုင်းဒေသကြီး ဒိုက် ဦးမြို့နယ် သုံးခွကျေးရွာအုပ်စု ပဲနွတ်ကျေးရွာမှ ဦးသိန်းမြင့်၊

(၂) စိုက်ပျိုး ထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင် ဆု အတွက် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ် ကမ်း) မြို့နယ်မှ ပင်လယ်ကိုးသွယ် ကုမ္ပဏီ လီမိတက် ပိုင်ရှင် ဦးအောင်သန်းဦး၊

(၃) မွေးမြူ ထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုအတွက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် နောင် ကုန်ကျေး ရွာမှ ဦးကျမော့၊

(၄) မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် တောမကျေးရွာမှ ဦးခင်မောင်ဝင်း၊

(၅) ရေထွက်ပစ္စည်း မွေးမြူ ထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပထော်ပထက်ကျွန်းမှ ဦးလှသန်း၊

(၆) အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်သူဆုအတွက် လသာမြို့နယ် အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ရဲကျော်စွာအောင်လှ၊

(၇) နိုင်ငံ့ဂုဏ်ဆောင် အားကစားစွမ်းဆောင်ရည် အကောင်းဆုံးဆု အတွက် ဆုတံဆိပ် (၅၂) ဆုရှင် မြား ပစ် အားကစားမယ် မအောင်ငှိမ်း၊

(၈) အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုအတွက် ဧရာဝတီတိုင်း ဒေသကြီးမှ Golden Delta Co., Ltd ပိုင် ရှင် ဦးချစ်ခိုင်၊

(၉)တန်ဖိုးမြင့် ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် နေရှင် နယ် ဝုဒ်အင်ဒက်စတွီ လီမိတက်ပိုင်ရှင် ဦးကျော်ဝင်း၊

(၁၀) နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင် ဆုအတွက် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊

(၁၁)ထုတ်လုပ်ရောင်းချမှု အကောင်းဆုံးအသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သဇင်နွယ် မိသား စုရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် ပိုင်ရှင် ဒေါ်သန်းသန်းဆွေ၊

(၁၂) ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သံရည်ကျို လုပ်ငန်းရှင် ဦးအေးဝင်း၊

(၁၃) အထူးအစီအစဉ်ဖြင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိကြသည့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကိုယ်စား ဦးစိန်ဝင်းအောင်နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေး များေ ကျာင်း ကိုယ်စား ဦးဒေါ်ညွန့်ညွန့်သိန်း

စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ်သမားဆုရရှိသည့် ဦးသိန်းမြင့်က ''ကျွန်တော်က နှစ်ပေါင်း ၅ဝ လယ်ယာလုပ်ငန်း လုပ်ခဲ့တဲ့သူပါ။

ကျွန်တော့်အသက် ၂ဝ အရွယ်ကတည်းက လုပ်လာတာပါ။ ဒီနေ့ ကျွန်တော်ရရှိတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ စွမ်းဆောင်ရည်ဆုဟာ ရှေးယခင်က တည်းက ကြိုးစားခဲ့တဲ့ အချက်က အဓိကဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ လယ်မြေဧက ၁ဝဝဝ ကို ချုံနွယ်တွေ၊ သစ်ငုတ်တွေနဲ့ ကိုင်းတောကြီး ဖြစ်နေတဲ့ အနေအထားကနေ သတ်မှတ်ကာလ ငါးနှစ်အတွင်းရှင်းလင်းပြီး စိုက်ပျိုးလုပ် ကိုင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ဒေသမှာ ကျန်တဲ့တောင်သူတွေကိုလည်း ကျွန်တော့်လို ကြိုးစားချင် လာအောင် စံပြဆောင် ရွက်နေပါတယ်။

ကျွန်တော့်အနေနဲ့ မြေလွတ်မြေလပ် ဧက ၁ဝဝဝ ကို ချုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းပြီး စိုက်ပျိုးနိုင် ခဲ့တာရယ်၊ အဲဒီဧက ၁ဝဝဝ ကို အဆင့်မြင့် လယ်ယာမြေ လုပ်မယ်ဆိုတဲ့ အချက်ရယ်၊

နောက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဧက ၂ဝဝဝဝ ကိုလည်း အဆင့်မြင့် လယ်ယာဖြစ်အောင် ဝိုင်းဝန်းကူညီ ဆောင် ရွက်မ ယ်ဆိုတဲ့ ရည်မှန်းချက်ရယ်၊ ဒါ့အပြင် ဒေသမှာ စပါး၊ ပဲနဲ့ အခြားသီးနှံတွေကို နိုင်ငံတော်က ရည်မှန်း ချက်ထားတဲ့ အထွက်နှုန်းမျိုးရအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အချက်တွေကြောင့် ထိုက်ထိုက် တန် တန် ဆုချီးမြှင့်ခြင်းခံရတာလို့ ထင်ပါတယ်''ဟု ပြောပြခဲ့သည်။

ထို့ပြင် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု ရရှိသည့် ဦးအောင်သန်းဦး ကလည်း ''နိုင်ငံတော် သမ္မတကြီး ချီးမြှင့်တဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရရှိတာ အင်မတန်မှ ဝမ်းသာပါတယ်။

ကျွန်တော်တို့ လုပ်ငန်းရှင်တွေ၊ တောင်သူတွေကို နိုင်ငံတော်အတွက် အကျိုးပြုတဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အောင် နိုင်ငံတော် အနေနဲ့ အခုလို အားပေးချီးမြှောက်တာ အားလုံးက ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့တော့ လယ်ယာကဏ္ဍ၊ စပါးကဏ္ဍကို အဓိက တိုးတက်အောင် ဆောင် ရွက်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဆန်စပါးကို စိုက်ပျိုးထုတ်လုပ်သည်မှ နိုင်ငံခြားတင်ပို့ ရောင်းချရသည်အထိ Supply Chain တစ်ခု လုံးကို ဆောင်ရွက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီက အထူးစပ်မျိုးစပါးတွေ၊ မျိုးစေ့ထုတ်တယ်၊ ပြီးရင် မျိုးကောင်း မျိုးသန့်တွေ ကိုလည်းပဲ စိုက်ပျိုးထုတ်လုပ်တယ်။ ပြီးရင် ခေတ်မီဆန်စက်ကြီးတွေနဲ့ ကြိတ်ခွဲတယ်။

ရိတ်သိမ်း ခြွေလှေ့တာကိုလည်း ရိတ်သိမ်း ခြွေလှေ့စက်တွေနဲ့ ရိတ်သိမ်းတယ်၊ စက်မှုလယ်ယာကို အပြည့် အဝ အသုံးပြုပြီးတော့ နိုင်ငံတော်ရဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ၂ဝ၁၂ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဆန်စ ပါး ညီလာခံမှာလည်း မြန်မာနိုင်ငံက ပေါ်ဆန်းမွှေးကို ပထမရအောင် လုပ်နိုင်တဲ့အတွက် အခုလို ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံရတယ်လို့ မှတ်ယူပါတယ်။

ဒုတိယ အချက်အနေနဲ့ကတော့ တောင်သူတွေ စီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် မျိုးကောင်း မျိုးသန့်သုံးစွဲတတ်အောင်၊ ဝင်ငွေတိုးတက်အောင် တစ်ဖက်တစ်လမ်းက ပံ့ပိုးတဲ့လုပ်ငန်းတွေကို ဆောင်ရွက် လျက်ရှိပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာ တောင်သူတွေကို မျိုးစေ့၊ စိုက်စရိတ်၊ သွင်းအားစု ဒါတွေကို ပံ့ပိုးပြီးတော့ ဒီလိုပံ့ ပိုး တဲ့ နေရာမှာလည်း လူတွေဆီက အတိုးမယူဘဲနဲ့ ငွေကြေး ပံ့ပိုးပေးတယ်။

ပြီးရင် သီးနှံကို ဈေးကောင်းလည်းပေးဝယ်ပြီး တောင်သူတွေရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေ တဲ့ ဆန်စပါး အထူးပြု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေ ဖို့ ရည်မှန်းချက်တွေ အများကြီး ထားပါတယ်'' ဟု ပြောပြခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

ဘင်္ဂလာဒေခ်ျ့တွင် ဧပြီတစ်လတည်း အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီး ၄၁၄ ဦးရှိ

Posted by drmyochit Thursday, May 02, 2013, under | No comments

 
မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လွန်ခဲ့တဲ့ ဧပြီ တစ်လ တည်းအတွင်းမှာ အကြမ်းဖက် ခံရသူ အ မျိုး သမီး အရေ အတွက်ဟာ ၄၁၄ ဦးထိ ရှိခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အမျိုးသမီး အဖွဲ့ချုပ် Bangladesh Mahila Parishad ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အဲဒီ ၄၁၄ ဦးထဲမှာ ၁၀၂ ဦးကတော့ မုဒိမ်း ကျင့် ခံခဲ့ရပြီး အဲဒီ အထဲက ၁၇ ဦးကတော့ အုပ်စု လိုက် ကျင့်ခံ ခဲ့ရတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါ တယ်။ ၇ ဦးကတော့ မုဒိမ်းကျင့်ပြီးနောက် အသတ်ခံခဲ့ရ တယ်လို့ ပြောပါတယ်။

အမျိုးသမီး ၁၆ ဦးကတော့ မုဒိမ်းကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရပြီး ၁၃ ဦးကတော့ မဖွယ်မရာ ဆက်ခံခဲ့ရ တယ် လို့ ပြောပါတယ်။ အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးက ၃ ဦးရှိပြီး ၄ ဦးကတော့ မီးရှို့ တိုက်ခိုက် ခံခဲ့ ရပြီး အဲဒီအထဲက သုံးဦးကတော့ သေဆုံးကုန်တယ်လို့ ပြောပါတယ်။ အမျိုးသမီး ၅ ဦးကတော့ ပြန်ပေး ဆွဲ ခံခဲ့ရ တယ်လို့ ဖေါ်ပြပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ် ၆၄ ဦး ဟာ ဧပြီ တစ်လတည်း အတွင်းမှာ အသတ်ခံခဲ့ရပြီး လူကုန်ကူးမူ ၄ မူ ရှိခဲ့ တယ် လို့ ပြောပါတယ်။ အမျိုးသမီး ၄၆ ဦးကတော့ အမျိုးသားဖြစ်သူကို လက်ထပ်စဉ်က ပေးဆောင် ရမယ့် ခန်းဝင် ပစ္စည်းတွေ ( ရွှေ၊ငွေ၊ ရေခဲသေတ္တာ၊ တီဗီ၊ ဆိုဖာ၊ အဲယားကောင့်စတဲ့ ပစ္စည်းများ) မပေး ဆောင် နိုင်တဲ့ အတွက် ညှဉ်းပမ်း နှိပ်စက် ခံခဲ့ရပြီး အဲဒီ အထဲက ၂၅ ဦးကတော့ အသတ်ခံခဲ့ရပါတယ်။

အမျိုး သမီး နှစ်ဦးကတော့ အိမ်တွင်း နှိပ်စက်မူကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ အမျိုးသား တွေရဲ့ နှောင့် ယှက် စော်ကား တာကို ခံခဲ့ရတဲ့ အမျိုးသမီးက ၄၅ ဦးရှိပြီး အဲဒီအထဲက တစ်ဦးကတော့ မိမိကိုယ်ကို သတ်ေ သသွားခဲ့တယ်လို့ ပြောပါတယ်။

အရေ အတွက် ၃၀ ထက်များတဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသော အကြမ်းဖက်မူတွေကြောင့် မိမိကိုယ်ကို သတ်သေ ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အသက်မပြည့်တဲ့ ကလေးမလေး တစ်ဦးကတော့ အရွယ် မတိုင် မီ အတင်း အိမ်ထောင်ပြု ခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အခု စုဆောင်းထားတဲ့ အရေ အတွက် ဟာ ဘင်္ဂလာဒေခ်ျ့က ထုတ်ဝေတဲ့ သတင်းစာတွေပါ ကိန်းဂဏန်းတွေကို စုဆောင်း ကောက် ယူဖေါ်ပြ တာ ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့က ဆိုပါတယ်။

Narinjara

1500 တန်ဖုန်းများမြို့နယ်ကျော်ယူဆောင်အသုံးပြုလို့မရ

Posted by drmyochit Thursday, May 02, 2013, under | No comments


 ဧပြီလ ၂၄ ရက်က ၁၅၀၀ နှင့်ရောင်းချ ပေးခဲ့သော CDMA 800 MHZ ဖုန်းများသည် ရန်ကုန်မြို့ ပြင်ပ မြို့နယ်အချို့ တွင် လိုင်း မမိခြင်း များဖြစ် ပေါ် နေကြောင်း သိရသည်။

““ကျွန်တော် မနေ့က အလုပ် ကိစ္စနဲ့ သိမ် ဇရပ်ကို သွားရ ပါတယ်။ ကျွန်တော်အခုရောင်းချပေးတဲ့ ၁၅၀၀ တန်CDMA 800 MHZ ဖုန်းကိုယူသွားတယ်။ ရန်ကုန်မြို့ အတွင်းမှာတော့ လိုင်းမိပါသေး တယ်။ မြို့ပြင် ရောက် တော့ လိုင်း မမိတော့ဘူး။ အလုပ်လုပ်ရမယ့် သိမ်ဇရပ်ရောက်တော့လည်း လိုင်းကမမိဘူး””ဟု ဒဂုံ တောင် ပိုင်း မြို့နယ် ၁၅၀၀ ဖုန်းဝယ်ယူသုံးစွဲ ခဲ့သူ တစ်ဦး ကပြောသည်။

““ကျွန်မရန် ကုန်နဲ့ နေပြည် တော်ကို ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ၂၄ ရက်က ၁၅၀၀ တန် ဖုန်းတွေကို ရောင်းချ ပေးတယ်။ အခု ရောင်းပေး တဲ့ ဖုန်းတွေ ကို ကိုင် ကြည့် ချင်တာနဲ့ ညီမလေး ဆီက နေယူ သွားကြည့် တယ်။ ဒါပေမဲ့ ရန်ကုန်မြို့ပြင်ရောက်တော့ လိုင်း တွေက မမိတော့ ဘူး။ နေပြည် တော်ကို အဲဒီဖုန်းကိုယူသွားတော့ လမ်းတောက်လျှောက်မှာ လိုင်း တွေက မမိဘူး။ ဖြူးကို ရောက် တော့ ဒီဖုန်းတွေက တိုင်တောင် မပေါ်ဘူး””ဟု ဗဟန်းမြို့နယ်နေ ၁၅၀၀ ဖုန်းသုံးစွဲ သူတစ် ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက် သွယ်ရေးမှ အင်ဂျင်နီယာဦးစိုး အောင်က ““အခုရောင်းချပေးတဲ့ CDMA 800 MHZ ဖုန်းတွေက ပြောလို့ရတဲ့မြို့တွေမှာ ရောင်းချ ပေးတာပဲဖြစ်ပါတယ်။ အခြားမြို့ တွေကို သယ်သွား ရင်တော့ ပြော လို့ရမှာမဟုတ်ပါဘူး။ နောက်ပြီး မြန်မာတစ်နိုင်ငံလုံးသယ်ဆောင် ပြီးတော့ ပြောနိုင် ဖို့ ဆိုတာ အခု လောလော ဆယ်တော့ ရနိုင်ဦး မှာမဟုတ်ပါဘူး””ဟု ပြောကြားခဲ့ သည်။



ဖြိုးအောင်
From: The Hot News 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်