Friday, April 26, 2013

မိုက်ကယ်လန်း ဓါတ်ပုံကိစ္စ အယ်ဒီတာအဖွဲ့က ကာယကံရှင် မော်ဒယ်ကို တောင်းပန်

Posted by drmyochit Friday, April 26, 2013, under | No comments



မြန်မာနယူးဝိခ်ဂျာနယ် အမှတ်(၂) အတွဲ (၇၇) တွင် မိုက်ကယ်လန်းအဖွဲ့ ပင်တိုင်အဆိုတော် ဂျာရှာ
နှင့် မြန်မာမော်ဒယ် အမရာညိမ်းတို့၏ ဓာတ်ပုံကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖော်ပြခဲ့သည့်အ
တွက် မြန်မာနယူးဝိခ်ဂျာနယ်မှ ဧပြီ ၁၂ ရက်က မော်ဒယ်၏ အိမ်သို့ သွားရောက်တောင်းပန်ခဲ့ကြောင်း
အယ်ဒီတာ ဦးထူးလွင်အောင် ကပြောသည်။

သို့ပေမယ့် အင်တာနက်စာမျက်နှာများတွင်ကား ပေါ်ပြူလာဖြစ်ခဲ့တဲ့ သတင်း ဓါတ်ပုံဖြစ်ခဲ့တယ်ဆိုတာ ငြင်းမရခဲ့ပါဘူး။ ခုခေတ်မော်ဒယ် အမည်ပြ အဖော်အချွတ်မိန်းကလေးများ များပြား လာတာနဲ့အမျှ Facebook စာမျက်နှာများတွင်လည်း ယောင်လည်လည်မော်ဒယ်များ အဖော် အချွတ်ပြ ဓါတ်ပုံများ တောက် လျောက် တင်ပြ လာကြတာ ကိုတော့ ယဉ်ကျေးမှုကို ဖီဆင်လာတာနဲ့တူသလို မိန်းမပျက် များ အဖြစ် တစ်ချို့သောသူများက ဝေဖန် comment ပေးထားကြတာကိုလည်း အများအပြား တွေ့
လာရ ပါတယ်။

မိန်း ကလေးက လက်ထပ် ပေါင်းသင်းရန် တောင်းဆို ရာမှ သမီး ရည်းစားစုံတွဲစကားများပြီးလူသတ်မှုဖြစ်

Posted by drmyochit Friday, April 26, 2013, under | No comments


ကယား ပြည်နယ်၊ လွိုင်ကော် မြို့နယ်၊ ချိကယ် ကျေးရွာ အုပ်စု၊ ဒေါစော်ဘီးကျေးရွာအရှေ့ဘက်  သဲတောင် သွား လှည်း လမ်းဘေး တောင်ယာ စိုက်ခင်း တစ်ခု အနီး စွယ်တော် ပင် အောက်တွင် ဒဏ် ရာများ နှင့် သေဆုံး နေသော အမျိုး သမီး အလောင်း တစ်လောင်း ကို ဧပြီ ၂၁ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့၍ လွိုင်ကော် ရဲစခန်းက (ပ)၃၇/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှု ဖွင့် စုံစမ်းခဲ့သည်။

အမျိုး သမီးမှာ ဦးခေါင်းနှင့် မေးစေ့ အောက် လည်ပင်း ပတ်လည် တို့တွင် ညိုမည်းဒဏ်ရာများ ရရှိ လျက် ပက်လက် အနေအထား ဖြင့် သေဆုံးနေသည်ကို တွေ့ရ ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ရာ သေဆုံး သူမှာ လွိုင်ကော်မြို့ နယ် လောပိ တကျေးရွာ အုပ်စုနေ မသိမ့်သိမ့်ဝင်း (၁၈)နှစ်ဖြစ် ကြောင်း သိရှိခဲ့ရ သည်။ ယင်း နောက်သေဆုံးသူ မသိမ့်သိမ့်ဝင်း နှင့် အိမ်ချင်းကပ်လျက်နေထိုင်ပြီး မသိမ့်သိမ့်ဝင်း၏ ရည်စား ဖြစ်သူ ထက်မင်းဦး(၂၁)နှစ်၊ မော်တော် ဆိုင်ကယ်ပြင်အလုပ်လုပ်သူအား အဆိုပါနေ့ ည ၁၀ နာရီအချိန် တွင် ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက် အရ မသိမ့်သိမ့် ၀င်းနှင့် ထက်မင်းဦးတို့ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ချိန်း ဆိုတွေ့ ဆုံကြ စဉ် မသိမ့်သိမ့်ဝင်း က လက်ထပ်ပေါင်းသင်းရန် တောင်းဆိုရာမှ အစပြု၍ စကား များရန်ဖြစ်ပြီး ယင်း အခြေ အနေ အထိ ဖြစ်ပေါ် ခဲ့သည် ဟုဆိုသည်။


ကြီးမြင့်နိုင်(လွိုင်ကော်)
From: The Hot News 

ပြည်မြို့ လူသတ်မှု စစ်ခုံရုံး ဖွဲ့စစ်မည်

Posted by drmyochit Friday, April 26, 2013, under | No comments


 သေဆုံးသူ ဇော်မင်းဦး ဈာပန (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)

ဧပြီလ ၂၃ ရက် ညတွင် ပြည်မြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သံသယရှိသူ ၃ ဦးလုံးကို ယခုအခါ ခလရ ၇၅ တပ်ရင်း အချုပ် ခန်းတွင် ထိန်းသိမ်းထားပြီး စစ်ခုံရုံးတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရှိရသည်။

ယမန်နေ့က ပြုလုပ်သော သေဆုံးသူ အသက် ၂၃ နှစ် ရှိ မောင်ဇော်မင်းဦး၏ ဈာပနသို့ လာရောက်၍ DNA ထုတ် ယူစဉ် စစ်ခုံရုံး ဥက္ကဋ္ဌဖြစ်သူ ဒု ဗိုလ်မှူးကြီးနေဝင်းက သက်ဆိုင်သူ မိသားစုဝင်များနှင့် သတင်း ထောက် များအား ယခုလို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတား အောက်) တွင် ချိန်း တွေ့ နေသည့် သမီး ရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော် သားများ ဖြစ်နေ ခဲ့သည်။

အဖမ်း ခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ ၇၅ တပ်ရင်း သို့ ပြန်လွှဲခဲ့ရာ ချုပ်နှောင်ထားပြီး လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အလာ တွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့ကြောင်း သိရသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်း ဖြေရှင်း သွားမှာ ဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ငယ်စဉ်မှ ဘွဲ့ရသည်အထိ ပညာ သင်ကြား ပေးခဲ့သူ မဟာဇေယျုံကျောင်းတိုက်  ဆရာတော်ဦးဉာဏိဃအား လျောက်ထား ပြောကြား ခဲ့သည်။

သေဆုံးသူ မောင်ဇော်မင်းဦးသည် မဟာဇေယျုံကျောင်းတိုက်ရှိ ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ၇ နှစ်သား အရွယ်မှ စတင်ကာ ကျောင်းထိုင်ဆရာတော်မှ သားတပည့်အဖြစ် မွေးစားကာ  အထူးပြု ပထဝီ ဘာသာ ရပ်ဖြင့် ဘွဲ့ရသည်အထိ နေထိုင်ခဲ့ပြီး၊ ၎င်း ဘုန်းတော်ကြီး စာသင်ကျောင်းတွင် ကျောင်း ဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တယောက်လည်းဖြစ်ကြောင်း၊ အခုလို သားတပည့်သေဆုံးရမှုနှင့် ပတ် သက် ၍ တူညီသောတန်ဖိုးအဖြစ် နောက်နောင်ကို အခုလိုဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရန် တာဝန်ရှိ သူများ ပြုပြင်သင့်ကြောင်း ပြောကြားသည်။

“ သေသွားတာက သားတပည့်၊ သိပ်လိမ္မာတဲ့ ကလေး၊ ၂ တန်းနှစ်ကတည်းက ကျောင်းမှာ ခေါ်ထားတာ၊ နှမြော တော့ နှမြောတာပေါ့။ အဲဒါနဲ့ ထိုက်တန်တဲ့ လျှော်ကြေးပေးဖို့တော့ ဘုန်းဘုန်းတောင်းလိုက်တယ်။ အဲဒီ လျှော်ကြေးက အခြားမဟုတ်ဘူး။ နောက်နောင်ကို အခုလို ဖြစ်ရပ်မျိုးမဖြစ်အောင် တာဝန်ရှိသူတွေ လုပ်ဆောင် ပါလို့ စစ်တပ်ရော၊ ရဲရော လာတုန်းက ဘုန်းဘုန်းပြောလိုက်တယ်။ တရားခံ ဖော်ထုတ်တာတွေ မထုတ် တာတွေ ဘုန်းဘုန်းမပြောလိုဘူး။ နောင်ကို မဖြစ်အောင်ပဲ ကြိုးစားဆောင်ရွက်စေချင်တယ်” ဟု မဟာဇေ ယျုံ ကျောင်းတိုက် ဆရာတော် ဦးဉာဏိဃက ဧရာဝတီသို့ ပြောသည်။

ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ယင်းအမှုနှင့်ပတ်သတ်၍ ရက်ပိုင်း အတွင်း အမြန်ဆုံး သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လူသတ်မှုနှင့်ပတ်သတ်ပြီး တပ်မတော် သားများ သတ်ဖြတ်သည် မှန်ကန်ပါက တပ်တွင်းစစ်ခုံရုံးမှ စစ်ဆေးခံရပြီး အရပ်ဘက် တရားရုံး သို့ ပြန်လည်လွှဲပြောင်းကာ ထပ်မံစစ်ဆေးခံရမှာ ဖြစ်ကြောင်း၊ တပ်မတော်သားများကို တရားစီ ရင်ရာမှာ လုပ်ထုံးလုပ်နည်းအရ အမှုကို နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ရမှာဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားခဲ့သည်။

သေဆုံးသူထံမှ DNA ရှာဖွေထုတ်ယူပြီး အထိန်းသိမ်းခံသုံးဦးတို့၏ DNA နဲ့ တိုက်ယူ စစ်ဆေး သွားမှာဖြစ်ကြောင်း ၎င်းအမှုနှင့်ပတ်သတ်ပြီး ပြောရေးဆိုခွှင့်ရှိသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်လေးက ပြောသည်။ “လက်သည်းကြားတွေ ဘာတွေထဲမှာ ကုတ်လိုက် မိတာမျိုး ပဲဖြစ်ဖြစ် သေဆုံးသူထံက ကျူးလွန်သူတွေရဲ့ DNA ရှိကောင်းရှိနိုင်မယ်၊ ထွက်လာတာနဲ့ ထိန်းသိမ်း ခံထား ရတဲ့ လူတွေရဲ့ DNA ကို တိုက်ဆိုင်စစ်ဆေးသွားမှာ” ဟု ဆိုသည်။

သေဆုံး သူ ဇော်မင်းဦးအား ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၃ နာရီက ပြည်မြို့အေးငြိမ်းရာ သုသာန်မှာ မီးသင်္ဂြိုလ် ခဲ့ပြီး ထောင်ချီသောမြို့ခံလူထုမှ ဈာပနအား လိုက်လံပို့ဆောင်ပေးခဲ့ပြီး အလောင်းတွင်လည်း “အမှန် တရားကို ဖော်ထုတ်ပေးကြပါ” စာသားပါ ဆိုင်းဘုတ်ကို ချိတ်ဆွဲခဲ့သည်။ လိုက်လံပို့ ဆောင်သူ များက လည်း အဆိုပါစာသားပါသည့် စာတန်းများကို ကားများ၊ ဆိုင်ကယ်များနှင့် ဦးထုပ်များတွင် ကပ်၍  အသု ဘ ပို့ခဲ့ကြသည်။

ကောင်းမြတ်မင်း 
ဧရာဝတီ 

မိုက်ကယ်ဂျက်ဆင်၏ဝိညာဉ်က ငယ်ဘဝနေအိမ်တွင် စွဲကပ်ခြောက်လှန့်နေဟုဆို

Posted by drmyochit Friday, April 26, 2013, under | No comments


မိုက်ကယ်ဂျက်ဆင်၏ အစ်မဖြစ်သူက သူမမောင်၏ ဝိညာဉ်သည် ငယ်ဘဝက ဖြတ်သန်းခဲ့သော နေအိမ် တွင် စွဲကပ် ခြောက်လှန့်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၅၆)နှစ်ရှိ လာတို ယာဂျက် ဆင်က တစ်ချိန်က ကမ္ဘာ့ဂီတလောကတွင် Popဂီတ ဘုရင်ကြီးအဖြစ် နာမည်ကျော်ခဲ့သော မိုက်ကယ် အနေဖြင့် ကွယ်လွန်ချိန်တွင် မကျွတ်လွတ်သေးဘဲ ၎င်း၏ ကလေး(၃)ဦးကို စွဲလန်းနေဆဲဟု ယုံကြည်လျှက် ရှိ သည်။ မိုက်ကယ်၏ ကလေးများဖြစ်သော ပရင့်စ်၊ ပဲရစ်နှင့် ဘလန့်ကက်တို့သည် မိုက်ကယ်၏ မိခင် ဖြစ်သော ကက်သရင်းဂျက်ဆင်နှင့်အတူ အဆိုပါ နေအိမ်တွင် နေထိုင်ကြသည်။ ကယ်လီဖိုးနီးယားရှိ အန် ဆီနိုမှ နေအိမ်တွင် မိုက်ကယ်၏ အရိပ်အယောင်များကို ထိတွေ့ခံစားရကြောင်း လာတိုယာက ဆိုသည်။

Celebrity Big Brother ကြယ်ပွင့်ဟောင်း လာတိုယာက "ဘာမှာတော့ မမြင်ရဘူး။ ဒါပေမဲ့ သူရှိနေတဲ့ အသိ ကို ရှင်လည်း ခံစားနိုင်လိမ့်မယ်"ဟု ပြောကြားခဲ့သည်။ လာတိုယာက သူမသည် ဝိညာဉ်ဆိုင်ရာ ကျွမ်း ကျင်သူ တစ်ဦး၏ အကူအညီဖြင့် မိုက်ကယ်ကို ဆက်သွယ်ရန် ကြိုးစားဖူးကြောင်းလည်း ဆိုသည်။ "တကယ် လို့ မိုက်ကယ်က ကျွန်မကို တစ်ခုခု ပြောချင်နေတယ် ဆိုရင်တော့ ကျွန်မ အဲဒါကို သိချင် တယ်"ဟု ဖွင့်ဟခဲ့သည်။ မိုက်ကယ်သည် (၂၀၀၉)ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့က အသက်(၅၀)အရွယ်တွင် ဆေးဝါး လွန်ကျွံမှုဖြင့် လော့စ်အန်ဂျလိစ်တွင် ကွယ်လွန်ခဲ့သည်။

Source: TheSun
င်္From: Planet Myanmar Network

ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်) မဟာအောင်ဆန်း(သို့မဟုတ်)မြန်မာပြည်ကကြယ်နီ

Posted by drmyochit Friday, April 26, 2013, under | No comments


သမိုင်းဆိုတာ ဟောင်းလေတန်ဖိုး ကြီးလေပါပဲ။ နိုင်ငံ တစ်နိုင်ငံ ပဲဖြစ်ဖြစ်၊ လူ ပုဂိ္ဂုလ် တစ်ဦး တစ်ယောက် ပဲဖြစ် ဖြစ် အချိန် ကြာလာတာနဲ့အမျှ သမိုင်း တန်ဖိုးမြင့် တက်လာ တတ်ပါ တယ်။ ကုန်ကုန်ပြောရ ရင် အိုးခြမ်းပဲ့ လေး တစ်ခု ကတောင် သူ့ သမိုင်းနဲ့ သူ ရှိနေ တတ်တယ်။

အိုးခြမ်းပဲ့ ဆိုပြီး တန်ဖိုးမဲ့ လိမ့်မယ် မထင်လိုက် ပါနဲ့။ သူ့မှာ ဖွဲ့တည် နေတဲ့ အချိန် ကာ အလျှောက် သူ့ခေတ် သူ့ကာလ က လူနေမှု စနစ်ကို ပြောပြ နေတယ်။ သာမာန် လူတွေ နားမလည် နိုင်ပေမဲ့ သမိုင်း ပညာ ရှင် တွေကတော့ အိုးခြမ်းပဲ့ ကပြော တဲ့ သမိုင်း ကို နားလည် နေကြတယ်။

အိုးခြမ်း ပဲ့မှာ ပါဝင် နေတဲ့ ရွှံ့မြေ အမျိုး အစား၊ သူ့မှာ ကပ်ငြိ နေတဲ့ နွယ်၊ မြက်၊ သစ်ရွက်၊ သူ့ကို အလှဆင် ထားတဲ့ ပန်းချီ၊ အနုပညာ အားလုံး ပေါင်းစပ် ကြည့်လိုက် ရင် သမိုင်း မှတ်တမ်း တစ်စောင် ရနိုင်တဲ့ အထိ အိုးခြမ်းပဲ့ တစ်ခုဟာ သမိုင်းဝင် ပစ္စည်းဖြစ် သွား တတ်ပါ တယ်။ ဒါကြောင့် မို့လည်း ဆရာ တင်မိုး ပြောခဲ့ သလို အလှ ကိုယ်စီ ရှိကြ တာ ချည်း ပါပဲ။

အခု ဆိုရင် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်တဲ့ ပုဂံ အာနန္ဒာ ဘုရားမှာ နံရံ ဆေးရေး ပန်းချီ တွေကို ပြန်လည် ဖော်ထုတ် နေပြီ။ နှစ်ပေါင်း များစွာ ချေး ညှော်တွေ ကပ်နေတဲ့ နံရံ ဆေးရေး ပန်းချီတွေ၊ ထုံး သုပ်ထား လို့ တိမ်မြုပ် ပျောက် ကွယ် နေတဲ့ ပန်းချီ တွေကို အိနိ္ဒယ နိုင်ငံရဲ့ အကူ အညီ နဲ့ ပြန်လည် ဖော်ထုတ် နေတာ ကိုဖြင့် ကျေးဇူးတင် ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်။

နံရံ ဆေးရေး ပန်းချီ တွေကလဲ ပုဂံ ခေတ်ရဲ့ လူနေမှု ဘ၀ကို အတန် အသင့် ပြောပြ နိုင်မယ် ထင်ပါ တယ်။ ပုဂံမှာ ရှိတဲ့ ဂူဘုရား တွေရဲ့ နံရံ ဆေးရေး ပန်းချီတွေဟာ ဖြင့် ပုဂံ ခေတ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ် ကျေးမှုတွေကို အများကြီး ပြောပြနေတာလေ့လာတွေ့ရှိရပါတယ်။ နှစ်ပေါင်း ထောင်ချီ ကြာမြင့် နေပြီ ဖြစ်တဲ့ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ် မြေဟာ ဖြင့် တန်ဖိုး ကြီးမားတဲ့ သမိုင်း အမွေ အနှစ် တွေကို ချန်ရစ်ခဲ့ တာတော့ အမှန်ပါပဲ။

ဒီလိုပါပဲ မြန်မာ့ သမိုင်းမှာ ပထမ မြန်မာ နိုင်ငံတော် ကြီးကို တည်ထောင်ခဲ့ တဲ့ အနော်ရထာ၊ ဒုတိယ မြန်မာ နိုင်ငံ တော်ကြီး ကို တည်ထောင်ခဲ့တဲ့ ဘုရင့် နောင်ကျော်ထင်နော်ရထာ၊ တတိယ မြန်မာ နိုင်ငံတော် ကြီးကို တည်ထောင်ခဲ့ တဲ့ အလောင်းဘုရား ဦးအောင်ဇေယျ၊ နောက်ဆုံး စတုတ္ထ မြန်မာ နိုင်ငံတော် ကြီး ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်း။

ဗိုလ်ချုပ် အောင်ဆန်းနဲ့ ခေတ်ပြိုင် လုပ်ဖော် ကိုင်ဖက် နိုင်ငံရေး သမား အချို့ ကတော့ ဒီ အဆို ကို သဘော တူကောင်း မှ တူကြမှာပါ။ ဒါပေမဲ့လည်း ပြည်သူလူ ထုတစ်ရပ်လုံးရဲ့ရင်ထဲမှာရှိခဲ့တာက ဗိုလ် ချုပ် အောင်ဆန်း ပါပဲ။ (၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)နေ့က တည်းက သူ့ကျွန် ဖြစ်ခဲ့ ရတဲ့ မြန်မာ နိုင်ငံကို လွတ် လပ်ရေး လမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်းပါ။ လွတ် လပ်ရေး မီးရှူး တိုင်ကို ထွန်းညှိ ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်းပါ။ ကျန်တဲ့ သူတွေက လွတ်လပ်ရေး မီးရှူး တိုင်ကို ၀ိုင်း ၀န်းထိန်းသိမ်းရင်း လက်ဆင့်ကမ်းသယ် ယူလာတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း ဗိုလ်ချုပ် အောင်ဆန်း ကို စတုတ္ထ မြန်မာ နိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ သူလို့ ပြည်သူ တစ်ရပ် လုံးက ဂုဏ်ပြုခေါ် ဝေါ်ခဲ့ တာပါ။

ဗိုလ်ချုပ် အောင်ဆန်း၊ သခင်အောင် ဆန်း၊ ဦးအောင်ဆန်းလို့ခေါ်ဝေါ်နေကြ တာဟာဖြင့် ပြည့်စုံ လုံလောက်မှု မရှိဘူး ထင်ပါတယ်။ ကျွန်တော်သဘောပြောရ ရင် ““မဟာအောင်ဆန်း””လို့တောင် ခေါ် လိုက် ချင် တယ်။

ခေါ်လည်း ခေါ်ထိုက် မယ်လို့ ထင်ပါ တယ်။ ပုဂံခေတ်ကနေ မျက်မှောက်ခေတ် အထိ သူ့လို ယောက်ျားမျိုး ဘယ်နှစ်ယောက် ပေါ်ထွန်း ခဲ့ဖူး လို့လဲ။ စစ်ရေးအမြင်၊ နိုင်ငံ ရေးအမြင်၊ စီးပွားရေးအမြင်၊ လူတန်းစား အမြင် ဘက်ပေါင်းစုံ အမြင် ကျယ်ကျယ် နဲ့ ရှုမြင်သုံးသပ်ခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်ပါ။ ပဒေ သရာဇ် ခေါင်းဆောင် တွေလို လူမျိုးကြီးဝါဒကျင့်သုံးပြီး နိုင် ထက်စီးနင်းအနိုင်ယူတာမျိုးမလုပ်ခဲ့ဘူး။ အားလုံး တန်းတူ အခွင့် အရေး ပေးပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို ဖော် ဆောင်ပေးခဲ့တယ်။ ဗမာ တစ်မျိုး သားလုံး လွတ်လပ်ပြီး တိုင်းရင်းသားတွေကတော့ နယ်ချု့လက်အောက်မှာ ကျွန်သားပေါက် ဘ၀ရောက် နေမှာကို မလိုလားဘူး။ ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ကချင်တစ်ကျပ်၊ မွန်တစ်ကျပ်၊ ကရင် တစ်ကျပ်၊ ရခိုင်တစ် ကျပ်၊ အားလုံးအေးတူပူအမျှ သာယာဝ ပြောတဲ့ မြန်မာနိုင်ငံအဖြစ် အမှန်တကယ် သူမြင် ချင်တယ်။ ဒါကြောင့်မို့လဲ ပင်လုံ စာချုပ်ကို သည်းခံခွင့်လွှတ်နားလည်မှု တွေပေးပြီး ညီညွတ်ရေး စာချုပ် ချုပ်ဆို နိုင်အောင် သူကြိုးပမ်းခဲ့တယ်။ သူကွယ် လွန်ပြီးကာမှ နိုင်ငံတော်ဝါးအစည်းပြေ သွား တာဟာ သူ့ရဲ့ပယောဂမဟုတ်တော့ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ နိုင်ငံ တော်ရဲ့သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့တဲ့သူပါ။ ဒါကြောင့်မို့ လဲ ဗိုလ်ချုပ် အောင်ဆန်းကို ကျွန်တော်တို့ ရဲ့ ကြီးမြတ်သော ခေါင်းဆောင်ကြီးအဖြစ် ““မဟာအောင်ဆန်း””ရယ်လို့ ဂုဏ်ပြု ခေါ် ဝေါ်လိုက်ချင်တာပါ။

အဲဒီမဟာအောင်ဆန်းဆိုတဲ့ လူ တစ်ယောက် ကျွန်တော်တို့ချောက်မြို့ကို ရေက်လာခဲ့ဖူးတယ်။ သူနဲ့ ပတ်သက် တဲ့ သမိုင်းတစ်ခုဟာဖြင့် ပြောစမှတ်ဖြစ်ပြီး ကျန်ရစ်စေချင်သလို နောင်လာနောင် သားတွေ လည်း အတုယူစေချင်တယ်။ ဒီ သမိုင်းတစ်ကွက်ကိုလဲ အသက်(၈၀) ကျော်နေပြီဖြစ်တဲ့ အဘဦး ၀င်းမောင် ဆီ က ကြားခဲ့ရလို့ မှတ်တမ်းတင်လိုက်ရတာ ပါ။ မြန်မာနိုင်ငံမှာ သခင်အရေအတွက် တွေ လျော့နည်း လို့လာ ပါပြီ။ မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးသမိုင်းဟာ သခင်တွေ မပါရင် မပြည့်စုံပါဘူး။ မြန်မာ့လွတ်လပ် ရေးနဲ့ သခင် တွေရဲ့ အခန်းကဏ္ဍဟာ ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ ပန်းလိုခွဲခြားပစ် လို့မရပါဘူး။ သခင်တွေရဲ့ လွတ်လပ် ရေး ကြိုပမ်းမှု အတိုင်းအတာတစ်ခုကြောင့် မြန်မာလွတ်လပ်ရေးရတာပါလို့ပြောရင် ငြင်းနိုင် မယ်မထင် ပါဘူး။ ဒါကြောင့်မို့လဲ သခင်ဆိုရင် ဦးညွှတ်ဂုဏ်ပြုချင်တော့တာ ပါပဲ။

အဘဦး ၀င်း မောင်ပြောပြ လို့ သခင် အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦး အောင်ဆန်း၊ မဟာ အောင်ဆန်း ဟာ ချောက်မြို့ကို ၁၉၄၇ ခုနှစ် မတ်လ (၂၃) ရက်နေ့မှာရောက်လာခဲ့ပါတယ်။ ချောက် ကိုမ လာခင် ချောက်မြို့ရဲ့ မြောက်ဖက်မှာ ရှိတဲ့ စဥ့်ကူဆိုတဲ့မြို့ကို အရင်သွားပါ တယ်။ စဥ့်ကူမြို့မှာရှိတဲ့ ဦးစံလှ- ဒေါ်ဖြူ လှရဲ့တိုက်မှာ တည်းခိုနားနေပြီး မြို့သူ မြို့သားတွေကို မိန့်ခွန်းပြောပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကို မြို့လူ ထုက သြ ဘာစာတွေဖတ်ပြီး ကြိုဆိုဂုဏ်ပြုတာကို ဗိုလ်ချုပ်ကမကြိုက်ပါဘူး။ ဒီတော့ လည်း ရှင်းရှင်းပဲ ပြောလိုက် တယ်။ ““သြဘာစာ ဖတ်နေလို့ လွတ်လပ်ရေးမရနိုင်ဘူး အချင်းချင်း ညီညီ ညွတ်ညွတ် စည်းစည်း လုံးလုံး လုပ်မှ လွတ်လပ်ရေး ရနိုင်မယ်လို့ ပြောသွား ခဲ့ပါတယ်။””

ခြောက်မြို့က ပြည်သူ့ရဲဘော်တွေ ကလဲ ဗိုလ်ချုပ်အောင်ဆန်းကို စဥ့်ကူမြို့ ထိသွားပြီး ကြိုကြပါတယ်။ အဲဒီ တုန်းက ပြည်သူ့ရဲဘော်ဆိုတဲ့သူတွေကတော့ ဗိုလ် မြတ်ကျော်၊ စလေဗိုလ်ဝ၊ သခင်သံခဲ၊ သခင်စံဦး၊ သခင်ခင် မောင်ညို၊ သခင်ခင် မောင်ဖြူတို့ဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းရဲ့ သားတပည့် တွေဖြစ်တဲ့ ပြည်သူ့ ရဲဘော် တွေဟာ ချောက်မြို့ ကနေပြီး စဥ့်ကူးမြို့ အထိ လာ ကြို နေတာကို တွေ့ရတော့ ဗိုလ်ချုပ်အောင် ဆန်းက ဒီလိုပြော ပါသတဲ့။ ““ငါ့ကို လာ ကြိုစရာ လဲမလို ဘူး၊ စောင့်ရှောက် စရာ လည်းမလိုဘူး။ မင်းတို့ တကယ် စောင့် ရှောက်ရ မှာက ပြည်သူလူထုပဲ””လို့ ပြော ပါ သတဲ့။

ဟုတ်ပါ တယ်။ လက်နက် ကိုင် အဖွဲ့ အစည်း ဆိုတာ ကိုယ့်ခေါင်း ဆောင်ကို ကာကွယ်ဖို့ ထက် ကိုယ့် နိုင်ငံသား တွေကို ကာကွယ် ဖို့က ပဓာနကျပါတယ်။ တကယ် တော့ နိုင်ငံသား တွေ ဆိုတာ အားကိုးရာ မဲ့တဲ့သူ တွေပါ။ သူတို့ရဲ့ဘ၀ဟာ လုံခြုံ မှုမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည် ငြိမ်အေးချမ်းနေတဲ့ ကာလမျိုး မှာသာ နိုင်ငံသားတွေရဲ့ လူနေမှုဘ၀က လုံခြုံ တာပါ။ လွတ်လပ်ရေးမရသေးတဲ့ ကြား ကာလ မျိုးမှာ လက်နက်ကိုင်သောင်းကျန်း သူတွေရဲ့ ရမ်းကားမှုတွေကြောင့် ပြည်သူ လူထုဟာ ကျီးလန့်စာ စားဖြစ် နေကြ ရ တယ်။ အဲဒီလိုကျီးလန့်စာစား ဘ၀ရောက် နေကြတဲ့ ပြည်သူလူထုကို ပြည်သူ့ရဲ ဘော်တွေ အနေ နဲ့ စောင့်ရှောက် ရမယ် လို့ ဗိုလ်ချုပ်အောင်ဆန်းက သြ၀ါဒခြွေ သွားခဲ့ခြင်းဖြစ်ပါတယ်။
တကယ် တော့ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူ ပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတာ ရှိသင့်ပါတယ်။ သူ့ရဲ့အခန်းကဏ္ဍ ကို ပစ်ပယ် ထား လို့မ ရပါဘူး။ သူလဲအရေး ပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံ တော်ရဲ့ လုံခြုံရေး၊ အေးချမ်း သာယာ ရေးဟာ (လက်နက်ကိုင်အဖွဲ့အစည်း)ရဲ့ ခံယူချက်အမြင်ပေါ်မှာ မူတည်နေပါ တယ်။ ဗိုလ်ချုပ် အောင်ဆန်း က ပြည်သူ့ ရဲဘော်တွေကို ပြောခဲ့သလို ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စောင့် ရှောက်တဲ့ အဖွဲ့ အစည်း အဖြစ် ရပ်တည် နေသမျှကာလပတ်လုံး ပြည်သူလူထုရဲ့ မေတ္တာကို ရရှိ နေကြ မှာပဲ ဖြစ်ပါတယ်။ ပြည်သူ လူထုနဲ့ စိတ် သဘော ထားချင်း ကွဲ တဲ့ နေ့ ဟာလဲ တိုင်းပြည် ပျက်တဲ့ နေ့ပဲ ဖြစ် ပါလိမ့်မယ်။

ဒီကနေ့ မြန်မာ နိုင်ငံတော် ဟာ ဒီမို ကရေ စီ နိုင်ငံတော် သစ်ပြန် လည်တည် ဆောက်ဖို့ အတွက် အရှိန်ယူ နေဆဲ ကာလ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်းများစွာ ခံစားလာ ခဲ့ရတဲ့ စိတ် ဝေဒနာ တွေကို ပြန်လည်ကု စားနေကြရတဲ့ ကာလမျိုးပါ။ ရင်ထဲမှာ မွန်းကြပ်နေအောင် ဖိနှိပ် ခံစား လာခဲ့ ရတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီ ရေကြည် တစ်ပေါက်သောက်ရဖို့အတွက် ဘယ် လောက် ရုန်းကန် ခဲ့ရတယ် ဆိုတာ အားလုံး အသိပဲဖြစ်ပါလိမ့်မယ်။ ရဟန်းရှင်လူ၊ ပြည်လူ/ပြည်သားတွေနဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ် တွေရဲ့ ဘ၀တွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ကြရပါတယ်။  နံနက်ခင်းရဲ့ နေရောင် ခြည်နဲ့  အတူရှင် သန်ကြီးပြင်းကြရမယ့် သားကောင်းရတ နာတွေဟာ အမှောင်လွှမ်းသောကာလ တွေနဲ့ ရင်ဆိုင် ကြုံတွေ့ ရလို့ တိုင်းပြည် ချောက်ထဲကျရောက်သွားကြရပြန်ပါ တယ်။ နိုင်ငံအတွက် ပြန်လည် ထူထောင် ရေးမှာ တစ်တပ်တစ်အား ပါဝင်ရမယ့် သူတွေဟာ နိုင်ငံတော်အချုပ်အခြာအာ ဏာ တည်တံ့ ခိုင်မြဲရေး အတွက် အသက် ပေး စတေး ခံလိုက် ကြရတယ်။ ဒီလိုနဲ့ပဲ မြန်မာ နိုင်ငံတော် ကြီးဟာ တစ်က နေပြီး ပြန်စကြရတဲ့ အခြေ အနေ မျိုး ကြုံ ခဲ့ကြ ရပြန် ပါတယ်။ အခြား နိုင်ငံ တွေက ရှေ့ကို ခြေ လှမ်း လေး၊ ငါးဆယ် ရောက်နေ ပေမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကဖြင့် အကြိမ်ကြိမ်အခါခါ တစ်ကပြန် စနေရ လို့ ခရီးမတွင် နိုင်ဘဲ ဖြစ်ခဲ့ ရပါတယ်။

မျက်မှောက်ခေတ် ကမ္ဘာ ကြီးရဲ့ တောင်းဆို ချက်နဲ့ အတူ ပြည်သူ တစ်ရပ် လုံး ကလဲ ဒီမို ကရေစီ အလင်း ရောင် သစ်ကို မြင်တွေ့ လို လှပါပြီ။ ပြည်သူ တစ်ရပ်လုံး လျှောက်လှမ်း ကြရမယ့် ဒီမိုကရေ စီလမ်း မကြီး ပေါ်မှာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်က လက် တွဲညီညီ လိုက်ပါ နိုင်ကောင်း ရဲ့လို့  ခံစားမိ ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ကလည်း ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ဆန္ဒနဲ့ တစ်ထပ် တည်း ကျတဲ့ မိန့်ခွန်း တစ်ရပ်ကို သူ့ရဲဘော် တွေကို ပြောပြခဲ့ ပါတယ်။

တကယ် တော့ စစ်သားကောင်း တစ်ယောက် ဟာ စစ်စည်း ကမ်းတွေကို တိတိကျကျ လိုက်နာပြီး လက်နက် အား ကိုး အနိုင်ကျင့် ဗိုလ်ကျ စိုးမိုး တာမျိုးတွေ သာ မလုပ်ဘူး ဆိုရင် သိကြား မင်းက လက်အုပ်ချီ ရှိခိုးရမယ့် ယောက်ျားကောင်း၊ ယောက်ျားမြတ် များသာ ဖြစ်ပါတယ်။ ဒီလို ယောက်ျား ကောင်း၊ ယောက်ျား မြတ် တွေ ဖြစ်လာ နိုင်အောင်လည်း တပ်မတော် ရဲ့ ဖခင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း အပါ အ၀င် တပ်မ တော်ခေါင်း ဆောင်တွေ ဟာ လေ့ကျင့် ပျိုးထောင် ပေးခဲ့ ကြဖူးပါ တယ်။

ဗိုလ်ချုပ် အောင်ဆန်း ကတော့ သူ့ရဲ ရဲဘော် တွေကို ပြစ်ပြစ် နှစ်နှစ် ဝေဖန်ပြီးတဲ့ နောက် ချောက်မြို့ကို ရောက်ရှိ လာပါ တော့တယ်။ ချောက်မြို့ကို ရောက်တယ် ဆိုရင်ပဲ ရေနံမြေ မန်နေဂျာ ဆိုတဲ့ သူတွေ နဲ့ အလိုတော် ရိတွေ၊ မြို့ မျက်နှာ ဖုံးတွေက ဗိုလ်ချုပ်ကို ထမင်း စားပွဲနဲ့ ဧည့်ခံဖျော် ဖြေဖို့ကြိုး စားပါတယ်။ ဒီနေရာမှာ ပို စတာ တိုက်ပွဲလေး တစ်ခု ဖြစ်သွား တယ်လို့ မှတ်သား ရပါတယ်။

ဒီလိုပါ။ ဈေး အနောက်ဖက် ခေတ် သစ် စတိုးပိုင်ရှင် ဦးခင်မောင်ဖြူ၊ ဒေါ်သန်း ရီတို့ရဲ့ ဆိုင်ရှေ့မှာ ““ဗိုလ်ချုပ်၊ အလိုတော် ရိတွေက ဗိုလ်ချုပ်ကို ညာ တော့မယ် သတိ ထားပါ”” ဆိုတဲ့ ပိုစတာကို ကပ်ပြီး တိုက်ပွဲဝင် ခဲ့သတဲ့။ ဗိုလ်ချုပ် အောင်ဆန်း ရဲ့အပါး တော်မြဲ ဗိုလ်ထွန်းလှက ဒီသတင်း ကို ဗိုလ်ချုပ်ကို အသိပေး လိုက်ပါတယ်။ ဗိုလ်ချုပ်လဲ မန်နေဂျာနဲ့ အလိုတော်ရိ တွေရဲ့ ဖိတ်ကြားချက်ကို လက်မခံတော့ ဘဲ (ယခု သာသနာ့ ဗိမာန်) ရှိတဲ့ မြေကွက် လပ်မှာ ရောက်နေကြတဲ့ ချောက် မြို့သူ/ မြို့သား တွေဆီကို တိုက်ရိုက် သွားပြီး မိန့်ခွန်း ပြောပါ တော့တယ်။ နံနက် (၁၀) နာရီလောက် ရှိပြီလို့ သိရပါတယ်။

အဲဒီ လူထု ဟောပြော ပွဲမှာ ဗိုလ်ချုပ် က ပုံပြင် တစ်ပုဒ်ကို ဥပမာဆောင်ပြီး ပြောသွား တယ်လို့ အဘ ဦးဝင်း မောင်က ပြောပြ ပါတယ်။ အဲဒီ ပုံပြင်ကတော့ ဘုရင် ဖြစ်ဖို့ ကံဇာ တာ ရှိတဲ့သူ တစ်ယောက်ကို ရွှေထီးဆောင်း ရလိမ့်မယ်လို့ ဗေဒင်က ဟောပေမဲ့ ဘုရင်ဖြစ် ထိုက်လောက်တဲ့ ကြိုးစား အားထုတ်မှု မရှိဘဲ ပေါ့ ပေါ့နေ၊ ပေါ့ပေါ့ စားမိလို့ နောက်ဆုံး သုသာန်မှာ အားပြတ်ပြီး လဲနေတုန်း ဘုရင်ကသနား လို့ ရွှေထီး ဆောင်း ပေးလိုက် ရတယ်ဆိုတဲ့ ပုံပြင်ကို ပြောပြီး ချောက်မြို့သူ /မြို့သား တွေလဲ လွတ်လပ်ရေး တော့ရမှာ ပဲဆိုပြီး ပေါ့ပေါ့နေ၊ ပေါ့ပေါ့ စားကြ ရင်တော့ လွတ်လပ်ရေး မရဘဲ သူ့ကျွန် ဘ၀နဲ့ သေ ကြရ လိမ့်မယ် လို့ ပြောခဲ့ တယ်ဆိုပဲ။ လူထု ဟောပြော ပွဲ အပြီး မှာတော့ အမျိုးသမီး ခေါင်းဆောင် သခင်မ ဒေါ်တင်ရွှေ (ရွာဟောင်း) က ဘူးသီး ငါးပေါင်း ကြော်နဲ့ ဧည့်ခံ လိုက်တယ် လို့လဲ ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ် အဖြစ် အဘဦးဝင်း မောင်က ပြန်ပြောင်းပြောပြတာကို မှတ် တမ်းတင်ရင်း ဒီမို ကရေစီ ခရီး လမ်းမှာ အပ္ပမာဒေန သမ္ပာဒေထလို့ပဲ နိုးဆော် လိုက်ပါ ရစေလား ခင်ဗျာ။


သိန်းမြင့်ညို(ချောက်)
From: Hot News 

လက်ပတောင်းတောင်ကြေးနီစီမံကိန်းတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

Posted by drmyochit Friday, April 26, 2013, under | No comments



ဧပြီ (၂၄) ရက် နံနက် ၈ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်း တောင် ကြေး နီ စီမံကိန်းဧရိယာ၊ လုပ်ကွက်အမှတ် (8 MCC)၏ မြောက်ဘက်ရှိ ယာခင်း၌

အောင်စိုး၊
ကိုထက် (ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်)၊
သောင်းထိုက်ဦး (ရန်ကုန်ဝိဇ္ဇာ/သိပ္ပံ ကျောင်းသား သမဂ္ဂအဖွဲ့)၊
မိုးကြိုးပြင် အလယ်ရွာနေ ဇော်နိုင်နှင့် ဝင်းကျော်တို့

ဦးဆောင်၍ ဇီးတောရွာနှင့် မိုးကြိုးပြင် ရွာတို့မှ ရွာသူ/ရွာသား (၃ဝ)ဦးခန့်သည် နွားလှည်း(၅)စီး၊ ထွန်(၄)ရှဉ်းဖြင့် ဝင်ရောက် ထွန်ယက်ခဲ့ကြပါသည်။

အဆိုပါအဖွဲ့အား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိ ယမြို့နယ် အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့တို့မှ သွားရောက် တားမြစ်ခဲ့ပါသည်။

နံနက် ၁၀ နာရီခန့်တွင် ရွာသူ/ရွာသား (၇၀)ဦးနှင့် နွား(၉)ရှဉ်းခန့်ထိ ရှိလာခဲ့ပြီး ဝင်ရောက် ဖြေရှင်း ပေးနေ သည့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးအား ထွန်ယက်နေသူများမှ ဝိုင်းဝန်းထားသဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ မှ ပြန်လည် ကယ်ထုတ်ခဲ့ရပါသည်။

ထွန်ယက် သူများ အနေဖြင့် ဆက်လက်ထွန်ယက်ကာ ၁၁ နာရီတွင် ပြန်လည် ထွက်ခွာ သွားခဲ့ပါသည်။


အလား တူ ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် လက် ပတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ၊ လုပ်ကွက် အမှတ် (8 MCC) အရှေ့ဘက်၌ ဆည်တဲရွာဟောင်းမှ ကိုခင်ငြိမ်းနှင့် မရီရီဝင်းတို့၏ ယာခင်း အနီးသို့ (ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်)မှ အဖွဲ့ဝင်တစ်ခိျု့ အပါအဝင် ရွာသူ/ရွာသား (၇၀)ဦးခန့် သည် ဝါးနှင့် ထန်းလက်တင် လှည်း(၁)စီးဖြင့် စုဝေးခဲ့ပါသည်။

အဆိုပါ လူစုလူဝေးအား မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိ ယာဖြစ် ၍ ဝင်ရောက် ထွန်ယက်ခြင်းမပြုရန်၊ ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေးအား ချက်ချင်း ဖယ်ရှား ရန် (၃)ကြိမ် သတိပေး ကြေညာခဲ့သော်လည်း လူစုကွဲသွားခြင်းမရှိဘဲ ဆက်လက်စုရုံးခဲ့ကြောင်း သိရှိရ ပါသည်။

(ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့)မှ အဖွဲ့ဝင်တစ်ခိျု့သည် ရွာသူ/ရွာသားများအား သွေးထိုး လှုံ့ဆော် ကာ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား စော်ကားလိုသည့် အပြုအမူ အပြောအဆို များ ပြု လုပ်လာ သည့်အပြင်

၎င်းတို့၏ မြှောက်ပင့်ပေးမှုကြောင့် ရွာသူ/ရွာသားများမှ ရဲတပ်ဖွဲ့ဝင် များအား ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဆူပူအကြမ်းဖက်သူ (၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

လူစုလူဝေးမှ ဆက်လက်၍ ခဲများဖြင့်ပစ်ပေါက်ခဲ့သဖြင့် လူစုခွဲရန် ကြေညာခဲ့ပြီး သေနတ်ဖြင့် (၃)ချက်ခန့် မိုးပေါ်ထောင်ဖောက်ခဲ့ရာ ရွာသူ/ရွာသားများသည် နောက်သို့ပေ(၁၀၀)ခန့် ဆုတ်သွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက် တပ်ဖွဲ့ဝင်(၁၀)ဦး(မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ ပါသည်။

၎င်းအပြင် ၀၉၁၅ နာရီတွင် လုပ်ကွက်အမှတ် (8 MCC)၏ အနောက်ဘက်သို့ မိုးကြိုးပြင် အလယ်ရွာနေ (ရန်ကုန်ဝိဇ္ဇာ/သိပကျောင်းသား သမဂ္ဂအဖွဲ့)မှ အဖွဲ့ဝင်တစ်ခိျု့ အပါအဝင် ရွာသူ/ ရွာသား (၂၀)ဦးခန့်သည် နွားလှည်း(၂)စီးဖြင့် ရောက်ရှိလာပြီး ၄င်းတို့၏ လယ်ယာမြေအတွင်း ထွန်ယက်ခဲ့ရာ

မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ၊
လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ဦးစီးမှူး ပါဝင်သောအဖွဲ့သည် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၄င်းတို့မှ ရန်လိုသည့်အပြုအမူဖြင့် တုန့်ပြန်လာသဖြင့် ၄င်းတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဖမ်းဆီးစဉ် ရွာသူ/ရွာသားများမှ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၅)ဦး(မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့ပါသည်။

နံနက် ၁၀ နာရီခန့်တွင် ရွာသူ/ရွာသားများမှ ဖမ်းဆီးထားသည့် သူများအား ပြန်လည်လုယူရန် လုပ်ကွက်အမှတ် (8 MCC) အရှေ့ဘက်နေ ရာသို့ ဆည်တဲရွာဟောင်းမှ ရွာသူ/ရွာသား(၂၀၀)ဦးခန့်သည် တုတ်၊ ဓား၊ ကျောက်ခဲ၊ လေးခွများ ကိုင်ဆောင်၍ ထပ်မံစုဝေးရောက်ရှိလာသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးမှ လူစုခွဲ ထွက်ခွာရန် ကြေညာခဲ့သော်လည်း

ရွာသူ/ရွာသားများမှ ရဲတပ်ဖွဲ့ဝင်များအနီးသို့ ရောက်ရှိလာပြီး ရွာသား တစ်ဦးမှ ဓားဖြင့်ဝင်ခုတ်သည့်အပြင် အမျိုးသမီးတစ်ဦးမှ ထန်းလက်/တုတ်ဖြင့် ဝင်ရိုက်ခဲ့ပါသည်။

ရဲတပ်ဖွဲ့ဝင်များမှ နောက်သို့ ပေ(၅၀)ခန့်ဆုတ်၍ သတိပေးကြေညာပြီး ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့ (၆)ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရပါသည်။

ထိုသို့ခြောက်လှန့် ပစ်ခတ်မှုကြောင့် ရွာသူ/ရွာသား များ နောက်သို့ပေ(၂၀)ခန့်ဆုတ်သွားပြီး ရဲတပ်ဖွဲ့ဝင်များအား ခဲများ၊ လေးခွများဖြင့် ဆက်၍ပစ်ခတ်သည့်အပြင် ရှေ့သို့တက်လာကာ ပလပ်စတစ်ရေသန့်ဘူးအတွင်း ဓာတ်ဆီထည့်၍ ကြိုးဖြင့် မီးစာပြုလုပ်ထားသော မီးလောင်ဗုံးများဖြင့် ရဲတပ်ဖွဲ့ဝင်များ ဟန့်တားသည့်နေရာသို့ ပစ်ပေါက်အန္တရာယ်ပြုလာပြီး ခဲများဖြင့် အင်အားသုံးပစ်ပေါက်ရှေ့သို့တိုးလာမှုကြောင့် ရိုင်ဖယ်သေနတ်ဖြင့် မိုးပေါ်သို့(၁၂)ချက် ထပ်မံ၍ခြောက်လှန့် ပစ်ခတ်ခဲ့ရပါသည်။

ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ရွာသား(၃)ဦးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးချုပ်နှောင်၍ ဒရွတ်တိုက်ဆွဲခေါ်သွားခဲ့ မှုကြောင့် သေနတ်(၄)ချက်ပစ်ဖောက်ပြီး ပြန်လည်ဆွဲထုတ်ခဲ့ရပါသည်။

ရွာသူ/ရွာသား များဘက်မှ ပလပ်စတစ်ရေသန့်ဘူးအတွင်း ဓာတ်ဆီထည့်၍ ကြိုးဖြင့်မီးစာပြုလုပ်ထားသော မီးလောင်ဗုံးများဖြင့် ဆက်လက်ပစ်ခတ်လုံးထွေး တိုက်ခိုက်လာ၍ ရာဘာကျည်ဖြင့် (၃)ချက်ပစ်ခတ်ခဲ့ရာ နောက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။

၁၀၃၀ နာရီတွင် ဆည်တဲရွာဟောင်းဘက်သို့ ပြန်လည်ထွက်ခွာသွားပြီး ၁၀၄၀ နာရီတွင် အားလုံးလူစုကွဲခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရွာသား(၃)ဦး ဒဏ်ရာအသီးသီး ရရှိ ခဲ့ကြောင်းနှင့် မုံရွာပြည်သူ့ဆေး ရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပါသည်။

နိုင်ငံတော်အနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဖြစ်စဉ်မှန်၊ အခြေအနေမှန်ကို ဖော်ထုတ်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါကော်မရှင်မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်‌ပတ်သက်ပြီး ဆောင်ရွက်သင့်သည့်၊ ဆောင်ရွက်ရမည့် အချက်များအပေါ် အပြီးသတ်အစီရင်ခံစာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ကော်မရှင်မှ တင်သွင်းသည့် အစီရင်ခံစာနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အတွက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင် ရွက်မည့် ကော်မတီကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

ယင်းကော်မတီ၏ အစီရင်ခံစာနှင့်အညီ လက်ပံတောင်း နယ်မြေသို့ဝင်ရောက်ပြီး ဒေသခံလူထု၏ နစ်နာချက်များ မရှိစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဆူပူအကြမ်းဖက်လိုသူ လူတစ်စု၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် အများပြည်သူလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးတို့ကို ပျက်ပြား စေမည့်လုပ်ရပ်များ ဖြစ်ပေါ်လာစေခဲ့ပါသည်။

တာဝန်ရှိသူများအနေဖြင့် ကော်မရှင်အစီရင်ခံစာနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် သတိပေးပြောကြား ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများ ဆိုးရွားလာခဲ့သဖြင့် သတိပေးပြီး ခြောက်လှန့်ပစ်ခတ်မှုများကို ဆောင်ရွက်ခဲ့ရပါသည်။

သို့ဖြစ်ပါ၍ အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးရမိသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ပြစ်မှုကျူးလွန်သူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၅)ဦး ဒဏ်ရာရရှိခဲ့ပြီး ဆူပူအကြမ်းဖက်သူ (၃)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါဖြစ်စဉ်နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး၊

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ အနီးကပ်ကြီးကြပ်၍ စစ်ကိုင်းတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၆)ရဲတပ်ရင်းတို့မှ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)

ပြန်ကြားရေးဝန်ကြီးဌာန 

မိတ္ထီလာတွင် ပျော့ညံ့သည်ဟူ ဝေဖန်ခံရသည့်ရဲများ ဒေါ်စု မှာခဲ့သည့်အတိုင်း ဥပဒေမလိုက်နာသူများကို ထိထိရောက်ရောက် စတင် အပြစ်ပေး

Posted by drmyochit Friday, April 26, 2013, under | No comments

 မိတ္ထီလာတွင် ပျော့ညံ့သည်ဟူ ဝေဖန် ခံရသည့် ရဲများ ဒေါ်အောင် ဆန်းစု ကြည်လာ ရောက်စဉ်က  မှာခဲ့ သည့် အတိုင်း ဥပဒေ မလိုက်နာ သူများကို ထိထိ ရောက်ရောက် စတင် အပြစ် ပေး နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။ 

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် ယနေ ဧပြီ ၂၅ရက် နံနက် ၁၀နာရီ ခန့်က ဒေသခံများနင့် ရဲတပ်ဖွဲ့ဝင်များ အကြား ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခကြောင့် တုံရွာမှ ဦးတင့် ဇော် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံကျေးရွာသား နှစ်ဦး၊ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါ အဝင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေး ရေး ကော်မရှင်အား ကန့်ကွက်ခဲ့ကြသည့် ဆည်တည်း၊ တုံရွာနှင့် မိုးကြိုးပြင်ရွာ တို့မှ ဒေသခံ များကို ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ဦးအောင်စိုးက ဦးဆောင်ကာ အဆိုပါ စီမံကိန်း နယ်မြေ တွင် လယ်တဲဆောက်လုပ်ရန် စီစဉ်နေသဖြင့် ရဲတပ်ဖွဲ့က ဦးအောင်စိုးကို ဝင်ရောက် ဖမ်းဆီးရာမှ ဒေသခံ များနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 

လက်ပံ တောင်းတောင် ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ဒုတိယအခေါက် လာရောက်ခဲ့စဉ်က ဥပဒေ မလိုက် နာသူ များကို ထိထိရောက်ရောက်အရေးယူရန် တာဝန်ရှိသူများကို မှာထားပြီးဖြစ်ကြောင့် ဒေသခံ များကို ပြောကြားခဲ့သည်။ 

From: Myanmar Express

ရုရှားတွင် စိတ်ရောဂါကုဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၃၈ ဦးသေဆုံး

Posted by drmyochit Friday, April 26, 2013, under | No comments


ရုရှား နိုင်ငံတွင် စိတ် ရောဂါကု ဆေးရုံ တစ်ခု၌ မီးလောင် ကျွမ်းမှု ဖြစ်ပွားရာ လူပေါင်း (၃၈)ဦးမျှ သေ ဆုံး ဖွယ် ရှိနေကြောင်း သိရှိရသည်။ ရုရှားနိုင် ငံ၊ အရေးပေါ် အခြေအနေ စီမံရေး ဝန်ကြီးဌာနက မော်စ ကိုမြို့တော် ပြင်ပရှိ စိတ်ရောဂါကု ဆေးရုံ တစ်ခုတွင် ဆိုးဆိုးရွားရွား ပြင်းထန်သော မီးလောင် ကျွမ်းမှု ကြောင့် အများအပြား အသေအပျောက် ရှိခဲ့သော သတင်းကို အတည်ပြု ဖော်ပြခဲ့သည်။ အဆိုပါ အ ဆောက် အအုံသည် လိုအပ်ချက်အရ လုံလုံခြုံခြုံ ဆောက်လုပ်ထားပြီး တစ်ထပ် အဆောက်အအုံအတွင်း မီးလောင် မှု ဖြစ်ပွား ချိန်က ဝန်ထမ်း(၃)ဦး အပါအဝင် လူ(၄၁)ယောက် ရှိနေကြောင်း သိရသည်။

မီးစတင် လောင်ကျွမ်းချိန်တွင် အတွင်းမှ (၃)ဦးသာ လွတ်မြောက်ထွက်ပြေး လာနိုင်ခဲ့ကြောင်း သတင်း များက ဆိုသည်။ မီးလောင်ကျွမ်းမှု အပြီးတွင် အလောင်း (၁၂)လောင်းကိုသာ ပြန်လည် ရယူ ထားနိုင် သေးကြောင်း ကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။ မီးသည် သောကြာနေ့နံနက် အစောပိုင်း (၃)နာရီ တွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ RIA Novosti သတင်းဌာနက ကနဦး စုံစမ်းမှု ရလဒ်များအရ ဝါယာ ရှော့မှ စတင်သည့်မီး ဖြစ်နိုင်ကြောင်း အမည်မဖော်ပြသည့် ရဲဝန်ထမ်း တစ်ဦး၏ အဆိုကို ကိုးကား ရေးသား ခဲ့သည်။

ဆေး ရုံတွင် ရှိနေသူ (၄၁)ဦးအနက် အသက်အကြီးဆုံးသူမှာ (၁၉၃၇)ခုနှစ်ဖွား ဖြစ်ပြီး ဆေးရုံတွင် ကုသမှု ခံယူနေ ရကြောင်း၊ အသက်အငယ်ဆုံးသူမှာ (၁၉၉၃)ခုနှစ်တွင် မွေးဖွားသူ ဖြစ်ကြောင်း ရဲများက ဆိုသည်။ (၂၀၁၂)ခုနှစ်အတွင်း ရုရှားနိုင်ငံ တစ်ဝှမ်းတွင် မီးလောင်ကျွမ်းမှုများကြောင့် လူပေါင်း (၁၁၆၃၅)ဦး အသက် ဆုံးရှုံးခဲ့ကြောင်းလည်း သိရှိရသည်။

Source: Bloomberg
From: Planet Myanmar Network

ကြားဖြတ်သတင်း

Posted by drmyochit Friday, April 26, 2013, under | No comments


လဝကအား လုံးခြုံရေးယူနေသော တပ်ကြပ် မင်းအောင် ဘင်္ဂလီများထံ ခဲဖြင့် အပေါက်ခံရ

ယနေ့ နံနက် ၉ နာရီကျော်ခန့်က လဝက၊ ရဲ၊ စစ်တပ် သုံးအဖွဲ့သည် ဘင်္ဂလီများနေထိုင်သော သဲချောင်း၊ ဘောဒူဗ၊ သက်ကေပြင် ကျေးရွာများသို့ လူဦးရေစစ်ဆေးမှုများပြုလုပ်ရန်လာသည်ကို အဆိုပါ ဘင်္ဂလီ များက စစ်ဆေးမှု မခံဘဲ “ရိုဟင်ဂျာ” ဆိုသော ကြွေးကြော် သံများကို အော်က လဝကအဖွဲ့အား ဆန္ဒပြ နေကြ သည်။ ဆန္ဒပြရုံဖြင့် မလုံလောက်ဘဲ လုံခြုံရေးယူနေသော အမြောက်တပ်ရင်းမှ တပ်ကြပ် မင်းအောင်ကို ၄င်းတို့က ခဲဖြင့်ပစ်သောကြောင့် မင်းအောင်မှာ မျက်နှာတွင် ဒဏ်များရရှိသွားကြောင်း သတင်း ရရှိသည်။

၎င်း ဘင်္ဂလီ များသည် လူဦးရေ စစ်ဆေး မှုများပြု လုပ်သည်ကို မကျေနပ် သဖြင့် ဆန္ဒပြကြရန် စီစဉ် နေကြကြောင်း သတင်းရှိ သည်။

ယခု လက်ရှိတွင် ဆူပူနေကြသည့်အတွက် လုံခြုံရေးများ တိုးချရန်လိုအပ်ကြောင်း သိရသည်။

Arakan Times

ဦးရွှေမောင်နှင့် ဘင်္ဂါလီ လွှတ်တော်အမတ် နှစ်ဦးကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး

Posted by drmyochit Friday, April 26, 2013, under | No comments

ဘူးသီး တောင် မဲဆန္ဒနယ်က လွှတ်တော် အမတ် ဖြစ် လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ် ကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးခင်ရီ က ပြောကြားသည်။ 

နိုင်ငံသား လည်း မဟုတ် တိုင်းရင်းသားလည်း မ ဟုတ် ပဲ လွှတ်တော် ထဲရောက်ရှိသော ဦးရွှေမောင် အပါ အ၀င် လွှတ်တော် အမတ် သုံးဦး ကို ပြည်ထောင် စု ရွေးကောင်ပွဲကော်မရှင်နှင့်လွှတ်တော်က စစ်ဆေးပြီး ပြည် သူ လူထု ကျေနပ်အောင် ရှင်းပြရန် အစီစဉ် ရှိမရှိ ရခိုင်တိုင်း ရင်းသား စာရေးဆရာ ဦးခိုင်အောင်ေ ကျာ်က အမေ ရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါ ၀န်ကြီးနှင့် တွေ့ဆုံစဉ် မေးမြန်း လိုက် သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။ 

”မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါး ၀ါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါတယ်” ဟု ဦးခင်ရီက ရှင်းပြ သည်။ 

၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန် မတိုင်မီက တိုင်စာ ရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
 
Rakhine Citizen Journalists
oppositeyes info

သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်

Posted by drmyochit Friday, April 26, 2013, under | No comments


ဒေါ်အောင်ဆန်း စုကြည်ဟာ သမ္မတ သို့မဟုတ် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ တော့မယ် လို့ ဒီက နေ့ ထုတ် ရွှေနိုင်ငံ သစ် သတင်းစာမှာ နက္ခ ဗေဒ ဆရာ တယောက်က ရေးလိုက်ပါတယ်။

ဆရာ ဦးဇေယျာကို (နက္ခသိပ္ပံ) ရဲ့ ဆောင်းပါးမှာ အဲဒီလို ဟောကိန်းထုတ် ရေးသားထားတာပါ။

"၂၀၁၅ နှောင်းပိုင်း ရွေးကောက်ပွဲအချိန်ကာလ နှင့် ၂၀၁၆ နှစ်ဦးပိုင်း သင်္ကြန် မတိုင်မီ အချိန် ကာလ များ သည် ဇာတာစန်းလဂ် တောက်ပ လင်းလက်လာမည့် အချိန်ကာလများ ဖြစ်သည့်အတွက် သူမ၏ အောင်မြင် မှု များအား မည်သူမှ တားဆီး ပိတ်ပင်၍ မရရှိနိုင်တော့ပေ" လို့ ဦးဇေယျာကို (နက္ခသိပ္ပံ)က ရေးထား ပါတယ်။

"၂၀၁၅ ဇူလိုင်လ နောက်ပိုင်း သိဟ်ရာ သီရောက် ကောဇာ ကြာသ ပတေး ဂြိုင်္ဟ်ကြီး၏ အထောက်အပံ့" ကို ဒေါ်အောင် ဆန်းစုကြည်ရဲ့ ကံဇာတာမှာ တွေ့ရကြောင်း ရွှေနိုင်ငံသစ် သတင်းစာမှာ နက္ခတ္တ အမြင် တွေကို နေ့စဉ် ရေးနေတဲ့ ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပါတယ်။

မြန်မာ ပြည်မှာ နိုင်ငံ အာဏာကို စစ်တပ်က ချုပ်ကိုင် ခဲ့တာ နှစ်ပေါင်း ငါးဆယ် ရှိသွား ပါပြီ။ စစ်တပ် ကရော ဗေဒင် ဆရာ ဟောကိန်း ထုတ် သလိုမျိုး ဒေါ်အောင်ဆန်း စုကြည် ထိပ်သီး ခေါင်း ဆောင်ကြီး ဖြစ်လာ ရေးကို သဘောတူပါ့မလား။ ဒီအချက်ကိုလည်း ဦးဇေယျာကို (နက္ခသိပ္ပံ)က တွက်ချက်ပြပါတယ်။

တနင်္လာ ဂြိုင်္ဟ်၏ သဘော တရား အရ တပ်မ တော်နှင့် အပေးအယူ ညီမျှစွာဖြင့် ညှိနှိုင်း ဆောင်ရွက်မှသာ "အနာဂတ် နိုင်ငံရေး ရည်မှန်းချက်"ကို ပုံဖော်ခွင့် ရပါမယ် တဲ့။

မြန်မာ့ ဒီမိုက ရေစီ ခေါင်းဆောင် အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်နေဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုယ် တိုင် ကလည်း သူ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း လူသိ ရှင်ကြား ပြောကြား ထားပြီး ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ် ဆိုတာကို တကြိမ်ထက်မနည်း ဟောကိန်းထုတ်ခဲ့သူကတော့ အထင် ကရ ဗေဒင် ဆရာကြီး တယောက်ဖြစ်တဲ့ စံဇာဏီဘို ဖြစ်ပါတယ်။

သူ့ရဲ့ ဟောကိန်း အကြောင်းကို ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/04/blog-post _15.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အင်္ဂါ နေ့ဖွား ဒေါ်အောင်ဆန်း စုကြည် မွေးတဲ့နေ့က ၁၃ဝ၇ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်နေ့၊ ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ပါ။ ရန်ကုန်မြို့ ဇာတိ ဖြစ်ပြီး မိဘများကတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်တို့ ဖြစ်ပါ တယ်။

ဗေဒ ပညာရှင် တဦးဖြစ်တဲ့ ဆရာကျော်စစ်ဟိန်းရဲ့ စာအုပ်တအုပ်မှာရေးထားတာကတော့ ဒေါ်အောင် ဆန်းစုကြည် ကို မွေးဖွားတဲ့အချိန်က ည ၇း၁၅ ဖြစ်ပါတယ် တဲ့။

မြန်မာ ပြည်မှာ၂၀၁၅ နှစ်ကုန်ပိုင်း ရွေးကောက်ပွဲ ကျင်းပပြီးရင် အုပ်ချုပ်မှု အပြောင်း အလဲ ဖြစ် လာမှာပါ။
ဗေဒင် ဆရာတွေ ဟောကိန်း ထုတ်တာ မှန်ကန်မယ် ဆိုရင်တော့ မဝေးတော့တဲ့ အနာဂတ်မှာ ဒီမို ကရေစီ ခေါင်း ဆောင်က သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ တာဝန် ယူရပါလိမ့်မယ်။
အဲဒီ အချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က အသက် ၇ဝ ရှိနေမှာ ဖြစ်ပါတယ်။

ဧရာဝတီ Blog

နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး

Posted by drmyochit Friday, April 26, 2013, under | 3 comments


နေပြည် တော်ရှိ တောတွင်း တစ်နေရာတွင် ဆံ တော် ရှင်ကျိုက် ထီးရိုး ဘုရားနှင့် ပုံစံ တူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန် ကုန်မြို့ ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင် နာ မည်ကြီး လာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည် ဟုကြား သိရသည်။

အဆိုပါ ထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီး တစ်ဝိုက်ရှိ မြို့လေးများသို့ ပါ အချိန် တို အတွင်း ပျံ့နှံ့ သွားခဲ့ပြီး နေ့စဉ် ဘုရားဖူး လာရောက် သူများဖြင့် စည်ကားလျက် ရှိနေကြောင်းကြား သိ ရချိန်တွင် မြန်မာ ပို့စ် သတင်း ဂျာနယ် ပရိသတ် အတွက် အဆို ပါကျောက် တုံးကြီး ရှိရာ ဒေသ သို့ သွားရောက် ကွင်းဆင်း လေ့လာ ဖြစ်ခဲ့ပါသည်။

နေပြည် တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမ ဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင် တာဝန် ထမ်းဆောင် လျက်ရှိ သည့် ရဲမှူးကြီး တစ်ဦးကို စတင် မေးမြန်း ရပါ သည်။ အဆိုပါ ရဲမှူးကြီး ထံမှ တစ်ဆင့် ထိုသ တင်း တိကျ မှန်ကန် ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက် အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း များပြုလုပ် ပြီးနောက် အဆို ပါ ရွှေပြည်သာရွာ သို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာ ခဲ့ပါသည်။

အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီ ကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။

နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ ရသည်။

အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည် အထိသာ လိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြား စက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန် သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆို ပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင် အောင် ကျောက်တုံးကြီးဆီ သို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်း တင် အပ်ပါသည်။

ဘုရား တောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်း ကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။

ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်း သွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။

ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင် တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင် တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။

ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။ အနီး နားရှိ အခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက် တုံးကြီး ပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။

“ဒီ အမှတ် အသား ကတော့ သဘာဝ အတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီး လေ့လာ နိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံ ရွာသား ကိုဖိုးပြား ကပြောသည်။

“ကျွန်တော် တို့ ဒီဒေသခံ တွေ အနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချ ကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်း ထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့ တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ် ဆိုတာက ကုတ် တစ်ချောင်း ကို လူငါးယောက် အားနဲ့ ညီမျှ တယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့် ငါးယောက် အား လောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကို ဖိုးပြားက ဆက် လက် ပြောပြသည်။

လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုး ဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့် သွားရောက် ကြည့်ရှု ခဲ့ကြပါသည်။ ကြည်လင် အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှု အား လုံးပြေ ပျောက် သွားရ သကဲ့ သို့ခံစား ရသည်။

အဆိုပါ ထူးခြား ဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခု အခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများနေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များ တွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။

ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက် ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ် ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။

“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခု ဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ် ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူ တွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက် ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်း ကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာ အနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြား သည်။

ထူးခြားဆန်းပြားပြီး အံ့သြ ဖွယ်ရာ ကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြား မှု မျိုးစုံ ရှိနေ သည် အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်း မြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။

အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည် လား၊ နိုင်ငံ တော် မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီး ရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။

ဖေ့စ်ဘုတ်မှာတွေ့လို့ဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဘင်္ဂလားဒေ့ရှ်က တိုက်ပြိုမှုအတွင်း လူ ၄၀ ကယ်နိုင်၊ ၂၅၀ သေဆုံး

Posted by drmyochit Friday, April 26, 2013, under | No comments


ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ​ပြိုကျ ခဲ့တဲ့ ​အဆောက် အဦးကြားက ​အသက် ရှင်လျက် ​ပိတ်မိနေသူ ​လူပေါင်း ​၄၀ ​ကို ​ကူညီ ကယ်ဆယ်ရေး သမားတွေက ​ကယ်တင်နိုင်ခဲ့ပေမယ့် ​ရာနဲ့ချီတဲ့လူတွေ ​ပျောက်ဆုံး ​နေဆဲ ​ဖြစ်ပါ တယ်။
ကယ်ဆယ် ရေး သမား တွေက ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်တာကို သွားရောက်ကြည့်ရှုသူတွေ များပြား (Credit: Reuters) 

မြို့တော် ​ဒါကာ ​မြို့မှာ ​အထပ် ​၈ ​ထပ်ရှိတဲ့ ​အဆောက်အဦးပြိုကျပြီး ​အဲလို ​ပြိုကျတဲ့အတွက် ​ခုလော လောဆယ် ​လူပေါင်း ​၂၅၀ ​ကျော် ​သေဆုံးပြီး ​၇၀၀ ​ကျော် ​ထိခိုက်ဒဏ်ရာ ​ရရှိခဲ့တဲ့အပြင် ​ရာနဲ့ချီတဲ့ ​လူတွေ ​ပျောက်ဆုံး နေဆဲ ​ဖြစ်ပါတယ်။

ကူညီ ကယ်ဆယ်ရေး သမားတွေက ​လူတွေကို ​အသက်ရှင်လျက် ​ကယ်ထုတ်နေတဲ့ ​ပုံတွေကို ​ရုပ်မြင် သံကြား မှာ ​တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အတွက် ​လူတစ်ယောက်ကို ​ကယ်တင်မိတိုင်း ​ဘေးမှာ ​စောင့်ကြည့် နေတဲ့ ​ထောင်နဲ့ချီတဲ့ ​လူတွေက ​လက်ခုတ်သြဘာပေး ​ဝမ်းမြောက်နေတဲ့ ​ပုံတွေကို ​မြင်ရပါတယ်။

အထပ် ​၈ ​ထပ်ရှိတဲ့ ​အဆောက်အဦးဟာ ​အထည်ချုပ် ​စက်ရုံဖြစ်ပြီး ​အဲဒီထဲမှာ ​အလုပ်သမား ​ရာနဲ့ချီ အလုပ် လုပ်ကြ သလို ​အဆောက်အဦးအတွင်း ​ဈေးဆိုင်တွေနဲ့ ​ဘဏ်တစ်ခုပါ ​ရှိတဲ့အတွက် ​လူအတော်များများ ​သွားလာ နေတဲ့ ​အဆောက်အဦးဖြစ်ပါတယ်။

အဆောက် အဦး ပြိုကျမှု မဖြစ်ခင် ​ရက်ပိုင်း အတွင်း ​ကွဲ အက်မှု တွေဖြစ်ပြီး ​အဆောက် အဦး အတွင်း ​နေထိုင်ဖို့ မသင့်ဘူး ဆိုတဲ့ ​သတိပေးချက်ကို ​ပိုင်ရှင်ကို ​ပိုင်ရှင်က ​လစ်လျူရှုခဲ့ပြီး ​အလုပ်သမားတွေကို ​ဆက်ပြီး ​အလုပ် လုပ်ဖို့ ​ပြောခဲ့ပါတယ်။

ခုအခါမှာ ​အဆောက်အဦးပိုင်ရှင်က ​ထွက်ပြေးတိမ်းရှောင်နေပြီး ​ပိုင်ရှင်ကို ​အမိအရဖမ်းဆီးပြီး ​ထိုက်တန် တဲ့ အပြစ် ပေးမယ်လို့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ဝန်ကြီးချုပ်က ​ကတိပေးလိုက်ပါတယ်။

From: ABC Radio

ရခိုင်ပဋိပက္ခ ဖြေရှင်းနည်းများကို အစီရင်ခံစာတွင် အဓိက ထည့်ရေးထား သည်ဟုဆို

Posted by drmyochit Friday, April 26, 2013, under | No comments


ရခိုင် ပြည်နယ်မှ ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရမှ ဖြေရှင်းရန် နည်း လမ်းများကို အစီရင် ခံစာတွင် အဓိက ထည့်သွင်း ရေးသား ထားသည်ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အတွင်း ရေးမှူးက မဇ္ဈိမကို ပြောသည်။

“အဓိ က ကတော့ ပဋိပက္ခတွေ ဘာကြောင့်ဖြစ်တယ်။ ဒီပဋိပက္ခတွေ ဖြေရှင်းဖို့အတွက်၊ ချုပ်ငြိမ်းသွား ဖို့အ တွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ် ဆိုတဲ့ဟာကို အဓိကထားပြီး ကျနော်တို့ ရေးထား ပါတယ်” ဟု ဒေါက်တာကျော်ရင်လှိုင် က ပြောသည်။

စာမျက်နှာ ၁၀၀ ကျော် ပါသော အဆိုပါ အစီရင်ခံစာကို သမ္မတထံသို့ ယခုလ ၂၂ ရက်နေ့က ပေးပို့ ထားပြီးဖြစ်ပြီး အသေးစိတ်အချက်များကို ၂၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟုဆိုသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေး ရန်နှင့် အကြံပြုရန် အဖွဲ့ဝင် ၂၇ ဦးပါသည့် ကော်မရှင်ကို သမ္မတက ဖွဲ့စည်းပေးပြီး ရှစ်လကျော် အကြာတွင် အပြီး သတ် အစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စုံစမ်းရရှိမှုများကို မတ်လကုန်တွင် သမ္မတထံ အစီရင်ခံစာ တင်ရန် ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း ရခိုင် တွင် ဖြစ်ပွားသကဲ့သို့ အလားတူ ကိစ္စရပ်များ ပေါ်ပေါက်ခဲ့၍ ကြန့်ကြာ ခဲ့ရကြောင်း ကော် မရှင် အဖွဲ့ ဝင်ဖြစ် သူ ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူး ဒေါ်သန်းသန်းနု က မဇ္ဈိမကို ပြောသည်။

“မတ်လကုန်မှာ မတင်ပြနိုင်တာက အဲဒီမတိုင်ခင်လေးမှာပဲ မိတ္ထီလာတို့၊ ကြို့ပင်ကောက်တို့မှာ ပြဿ နာ တွေ နည်းနည်း ပြန့်နှံ့သွားတယ်ဆိုတော့ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင် ရခိုင်နဲ့ အလားသဏ္ဍာန် တူနေ တယ်လေ။ တော်ကြာကျတော့ တမျိုးတဖုံ ကောက်ချက်ချကြမှာစိုးလို့ အဲဒီတုန်းက ဘာမှ မထုတ်ပြန် ခဲ့တာပါ” ဟု ပြောသည်။

အစီရင် ခံစာတွင် ပဋိပက္ခများ ဖြစ်ရပ်မှန်များ ဖော်ပြပေးပြီး အနာဂတ်အတွက် ထိရောက်စွာ ကိုင်တွယ် သင့်ကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ဆို သည်။

“ကျနော်တို့ ဆိုလိုချင်တာက ဒီပြဿနာရဲ့ အရင်းအမြစ်ပေါ့ဗျာ။ အရင်းအမြစ်ကို ဖေါ်ပြပေးဖို့ လိုတယ်။ ဖြစ်စဉ် ဖြစ်ရပ်အမှန် ဖေါ်ပြပေးဖို့ လိုတယ်။ ပြီးရင် နောင်ဒီလိုဖြစ်စဉ်ဖြစ်ရပ်မျိုးနောင်ကို မဖြစ်ရအောင် ဘယ်လို ကွယ်မလဲဆိုတာ ထိရောက်တဲ့ အစီအမံလိုတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုအစီရင်ခံစာကို သမ္မတထံ ပေးပို့သည့်နေ့မှာပင် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) က ရခိုင်ပြည်နယ် အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား “လူမျိုးတုန်း သုတ်သင်မှု” နှင့် လူသား မဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များအတွက် အာဏာပိုင်များနှင့် ဒေသ အာဏာပိုင် များအား စွပ်စွဲပြစ် တင်ထားသည့် “All You Can Do is Pray” ခေါင်းစဉ်တပ် ၁၅၃ မျက်နှာပါ အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဤပဋိပက္ခများ စတင်ဖြစ် ပေါ်ရခြင်းမှာ ဘာသာရေး ကြောင့် မဟုတ်ဘဲ စီးပွားရေး ကိုသာ အခြေခံ သည်ဟု ဒေါ်သန်းသန်းနုက မှတ်ချက်ပြုသည်။

“တဖက် ကလည်း လူဦးရေက အဆမတန် များလာတယ်။ များလာတော့ စီးပွားရေးမှာက တယောက်နဲ့ တ ယောက် က ပြိုင်ဘက်လို ဖြစ်လာတာပေါ့။ အဓိက ပြောမယ်ဆိုရင်တော့ အဲဒါကို အခြေခံတာပါပဲ” ဟု ဆို သည်။

၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းမှ ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူပေါင်း တ သိန်း ဝန်းကျင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁၄၀ ခန့် သေဆုံးခဲ့ရသည်။

mizzima
ရန်ကုန် (မဇ္ဈိမ) 

ဖက်ရှင်ဒီဇိုင်းခပ်ဆန်းဆန်းတွေနဲ့ Lady Gaga ရဲ့ ဓာတ်ပုံတွေပါ...

Posted by drmyochit Friday, April 26, 2013, under | No comments


















မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ

Posted by drmyochit Friday, April 26, 2013, under | No comments


မိန်းကလေး တွေဟာ အလှအပ နောက်ကို လိုက် ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာ တွေကို အ လေး မထား မိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ ရှိခြင်း
ယော ကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အ စားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲစေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်း အသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း
မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင် တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း
ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါ တယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံ တာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေ ကို သေချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း
ဒီကနေ့ ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေနဲ့ ရင်ပေါင်တန်းကာ မူးယစ် သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံ ကျင့်သုံးသူ များလာပါ တယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ခန္ဓာကိုယ် အနည်းငယ် ပိုပြီး သေးသွယ် တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ် အသုံးပြုမှု အနည်းငယ် ပိုနည်းပါ တယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူး ဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက် ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝ မသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ် လှည့် စီသောက်ပြီး အရက် သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း
မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင် ထား တတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စား ဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါ တယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေး လှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ် ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း
စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေး တွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာ တွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်း လေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲ နေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျ အောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်
မိန်းကလေး အများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲ လေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့ အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည် လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေး လွယ်အိတ် အရွယ်အစားက သိပ်ကြီး လွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလို အပ်တဲ့ အသုံးအဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း
ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအား ကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေသက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီး တဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း
ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါ တယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာ စားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မား စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုး ပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေး ပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း
မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန် လည်း ရှိတာ ကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်း တဲ့ အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ် တွေ အအေး မမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲ နိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်း ထားပါ။

wakhama

လယ်သမားတွေ အတွက် ဒေါ်စု ဘာလုပ် ပေးနိုင်မလဲ

Posted by drmyochit Friday, April 26, 2013, under | No comments

 လယ်သမားတွေ စက်မှု လယ်ယာ ပြောင်းဖို့ တန်ဖိုးကြီး စက်ပစ္စည်း မဝယ်နိုင်

မကြာခင် ရေးဆွဲဖို့ ရှိတဲ့ တောင်သူ လယ်သမား အခွင့် အရေး ကာကွယ်ရေး ဥပဒေ မှာ ထည့်သွင်း သင့်တဲ့ အချက်တွေကို ဒေါ်အောင်ဆန်း စုကြည်က အသေးစိတ် သိလိုတဲ့ အတွက် တောင်သူ လယ်သမား တွေက သွားရောက် ရှင်းပြ ခဲ့ကြ ပါတယ်။

ပြဌာန်း ထားပြီးသား လယ်ယာမြေ ဥပဒေမှာ ပါတဲ့ လယ်ယာမြေ မှတ် ပုံ တင်ရေးကို တစ်နိုင် ငံလုံး အတိုင်း အတာနဲ့ ပြီးပြတ်အောင် မဆောင် ရွက်နိုင် သေးတဲ့ ကိစ္စ၊ လယ်ယာ လုပ်သား ရှားပါးတဲ့ အတွက် စက်မှု လယ်ယာ အဖြစ် ကူးပြောင်း နိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေ ဈေးနှုန်း ကြီးမားမှု၊ စိုက်ပျိုးရေး ဘဏ်တွေ ကနေ ချေးငွေ ပြန်ဆပ် ရမယ့် အချိန်မှာ စပါးဈေး ကျတဲ့ ကိစ္စ၊ စတဲ့ အခက် အခဲ တွေကို လယ်သမား တွေက ဒေါ်အောင်ဆန်း စုကြည် သိအောင် တင်ပြ ခဲ့ကြတယ်လို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့တဲ့ ဧရာ ဝတီ တိုင်း ဒေးဒရဲ မြို့နယ်က လယ် သမားကြီး ဦးကျော်ထက်က ဘီဘီစီကို ပြောပါတယ်။

သားစဉ် မြေးဆက် လယ်ယာ လုပ်ကိုင် လာကြတဲ့ ပိုင်ဆိုင်မှု အငြင်း ပွားစရာ မရှိတဲ့ လယ်မြေ တွေကို မြန်မြန် ဆန်ဆန် မှတ်ပုံတင် နိုင်ရေး အတွက် သက်ဆိုင် ရာကို ဒေါ်အောင်ဆန်း စုကြည်က တင်ပြ ပေးသွား မယ်လို့ ပြောခဲ့ ကြောင်းလည်း ဦးကျော်ထက်က ပြောပါတယ်။

ဒါ့အပြင် လယ်သမားတွေ လယ်သိမ်း ချိန်မှာ ရာသီဥတု ဒဏ်ကြောင့် ဆုံးရှုံး နစ်နာမှာ မရှိရအောင် အမြန်ဆုံး ရိတ်သိမ်း ရာမှာ သုံးဖို့ လိုအပ်တဲ့ ကျပ် သိန်း ၃၀၀ တန် စပါး ချွေလှေ့ စက်ကို လယ် သမားတွေ ဝယ်နိုင်ဖို့ အလှမ်း ဝေးလွန်းတဲ့ အတွက် ဒါကို ဖြေရှင်း နိုင်မယ့် နည်းလမ်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်က ပြန်လည် ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံ ကနေ စက် အသေးစားတွေ ထုတ်လုပ် ပေးဖို့ ဒေါ်အောင်ဆန်း စုကြည်က ပြောမယ့် အကြောင်း နဲ့၊ ဂျပန်က တပါတ်ရစ် စက်တွေ သုံးနိုင် မလား၊ သြစတြေး လျနဲ့ နယူး ဇီလန် တို့က နေ အကူ အညီ တောင်းပြီး မြန်မာ လယ်သမား တွေကို ပံ့ပိုး ကူညီနိုင်ရေး အတွက် ဆွေးနွး ခဲ့ကြတယ်လို့ ပြန်ပြော ပါတယ်။

တောင်သူ လယ်သမား တွေရဲ့ အခက် အခဲတွေကို ကူညီ ဖြေရှင်း ပေးနိုင်ရေး နည်းလမ်း ရှာနိုင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တက္ကသိုလ် ရိပ်သာ လမ်းက နေအိမ်မှာ မြန်မာ နိုင်ငံ တိုင်းနဲ့ ပြည်နယ် အသီး သီးကို ကိုယ်စားပြုတဲ့ လယ်သမား၂၂ ယောက်က မြန်မာ နိုင်ငံ တောင်သူ လယ်သမား အသင်းရဲ့ စီစဉ်မှုနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွး ခဲ့ကြတာ ဖြစ်ပါတယ်။

From: BBC

သမီးဖြစ်သူ၏ ဘဝခရီးလမ်း အတွက် ဒေါ်လာ ၁၉၅ သန်း လက်ဖွဲ့ခဲ့သည့် တရုတ် နိုင်ငံမှ အာဂ ဖခင်

Posted by drmyochit Friday, April 26, 2013, under | No comments


တရုတ် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် သမီး ဖြစ်သူ၏ မင်္ဂလာပွဲတွင် သတို့သားနှင့် သတို့ သမီး တို့ အတွက် ခန်းဝင် ပစ္စည်းများနှင့် မင်္ဂလာ စရိတ်အတွက် ယွမ် တစ်ဘီလီယံ (အမေရိ ကန် ဒေါ်လာ ၁၉၅ သန်း)သုံး စွဲခဲ့ကြောင်း သိရသည်။

ဝူကျူ ယန်ဘောင် ဆိုသူ အဆိုပါ စီးပွားရေး လုပ်ငန်းရှင်သည် သမီးဖြစ်သူ၏ မင်္ဂလာပွဲတွင် ရွှေသေတ္တာ လေး လုံးကို အနီရောင် ဖဲကြိုး စည်းနှောင်၍ လွှဲပြောင်း ပေးအပ်ခဲ့သည်။ သတို့သမီး၏ အမည်ကို ဖော်ပြ ထားခြင်း မရှိသော်လည်း အဆိုပါ စုံတွဲသည် ကလေးဘဝမှ စတင် သိကျွမ်းခဲ့ခြင်း ဖြစ်ပြီး အလယ် တန်းကျောင်း ကတည်း က အတန်းဖော်များ ဖြစ်ကြောင်း တရုတ် သတင်းဌာန များ၏ ဖော်ပြချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

သတို့ သား၏ အမည်မှာ ရူ ဆိုသူ ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရ အရာရှိ တစ်ဦး ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ၎င်းသည်  ဖူကျန်းပြည်နယ် ချန်ကျို့ စီရင်စု နယ်သားတစ်ဦး ဖြစ်သည်။ ၎င်းတို့ နှစ်ဦး၏ မင်္ဂလာ ပွဲအား ဖူကျန်း စီရင်စုနယ် ကျင်ကျန်းကောင်စီ ချီကျောင်မြို့တွင် ကျင်းပ ခဲ့သည်ဟု သိရသည်။ ယင်း မင်္ဂလာ ပွဲအား ဒီဇင်ဘာ ၂၈ ရက်တွင် စတင်၍ ၈ ရက်ကြာ ကျင်းပခဲ့သည်ဟု စီးပွားရေး လုပ်ငန်းရှင်၏ ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ခဲ့သည်။ စီးပွားေ ရး လုပ်ငန်းရှင်သည်  သမီးဖြစ်သူ မင်္ဂလာပွဲ အ တွက် ရွှေများ၊ တန်ဖိုးကြီးသော ကားများကိုသာ ပေးအပ်ခဲ့ခြင်း မဟုတ်ပေ။   ၎င်း၏ သမီးဖြစ်သူ ဇနီး မောင်နှံ အတွက်  ၎င်းကုမ္ပဏီ၏  ရှယ်ယာ ယွမ် ၅ သန်းကို ခွဲဝေ ပေးခဲ့သည့် အပြင် ယွမ်သန်း ၂ဝ တန်ဖိုး ရှိ ဘဏ်အကောင့် တစ်ခုကိုလည်း ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ကံကောင်းလှသည့် သတို့သားသည် ထိုစည်းစိမ်များ အပြင် ချန်ကျို့စီရင်စု နယ်တွင် လက်လီဆိုင်ကြီး တစ်ဆိုင် နှင့် ခမ်းနားလှသော အိမ်ကြီးအိမ်ကောင်း များကိုလည်း ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် သတို့သမီး၏ ဖခင်သည် လိုအပ်သည့် လူမှုရေး လုပ်ငန်းများတွင် အလှူငွေ လှူဒါန်းရန်လည်း မမေ့ မလျော့ ခဲ့ပေ။ သမီးဖြစ်သူ ၏ ဘဝခရီး သာယာ ဖြောင့်ဖြူးစေရန် ဒေသဆိုင်ရာ လူမှုရေး အသင်းအဖွဲ့ များသို့လည်း  အလှူငွေ ယွမ် ၁၅ သန်း လှူဒါန်းခဲ့ သည်။ 

သားမက် ဖြစ်သူသည် ထူးချွန်သော အစိုးရ ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်ကြောင်း၊ မိမိသည် သမီးဖြစ်သူအား စီးပွားရေး လုပ်ငန်းရှင်ထက် တည်ငြိမ်သော အစိုးရ ဝန်ထမ်း တစ်ဦးနှင့်သာ လက်ဆက် ပေးလိုကြောင်း၊ စီးပွားရေး လောကထက် အေးချမ်းသော ဘဝတွင် နေစေလိုကြောင်း သတို့ သမီး၏ မိခင်က ဆိုသည်။ သတို့သမီး မိဘများ ပိုင်ဆိုင်သော ဖူကျန်းဝမ်လီ ကုမ္ပဏီသည် မီးဖိုခန်းနှင့် ရေချိုး ခန်းသုံး အဆင့်မြင့် ကြွေထည် ပစ္စည်းများ ထုတ်လုပ်ပြီး အလုပ်သမား ၈ဝဝ ကျော်ရှိကြောင်း၊ တရုတ် နိုင်ငံ ၏ ထိပ်တန်း စက်မှုလုပ်ငန်း တစ်ခု ဖြစ်ကြောင်းနှင့် မစ္စတာဝူ မည်မျှချမ်းသာ ကြွယ်ဝေ ကြာင်း ဖော်ပြ ခြင်း မရှိပေ။ ဝူသည်  ပြီးခဲ့သည့် နှစ်က လစာယွမ် ၁၂ဝဝဝဝ ရရှိသည်ဟု သိရသည်။ သတို့ သမီး သည် ဖူကျန်းရှိ ရှာမန်း တက္က သိုလ်တွင် ပညာ သင်ယူခဲ့ပြီးနောက် ဗြိတိန်တွင်လည်း သွားရောက် ပညာ သင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မကြာ သေးမီက ကိုရီးယားတွင်လည်း စတော့ ဈေးကွက်နှင့် ပတ်သက်၍ လေ့လာ ခဲ့သည်။ သူမသည် ဖူကျန်း ဝမ်လီ ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။   ။

မြ၀တီ 

သက်မွန်မြင့်နှင့် သီချင်းဆိုရင်း တွဲကဖို့ သီချင်း သစ်ရေးတဲ့ စိုင်းစိုင်းခမ်းလှိုင်

Posted by drmyochit Friday, April 26, 2013, under | No comments


ဧပြီလ ၁၀ ရက်က မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့သော စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ ဖျော်ဖြေပွဲ၌ သီချင်းပုဒ်ရေ လေးဆယ်ကျော် ဖျော်ဖြေခဲ့ရာ သက်မွန်မြင့်နှင့် စုံတွဲ သီဆိုမှုကို ပရိတ်သတ်များက အထူး အားပေးခဲ့သည်။ ယင်း သီချင်းနဲ့ ပက်သက်၍ စိုင်းစိုင်းက “ပွဲမတိုင်မီ နှစ်ပတ် အလိုက ရေးထားတာ။ နာမည်တောင် မပေးရ သေးဘူး။ သက်မွန်မြင့်က ဆိုမယ် ပြောတော့ အကြံရပြီး သူနဲ့ လုက်မယ့် သီချင်း ရေးပေး ဖြစ်တာ”ဟု ပြော သည်။ 

ကိုးကြိမ်မြောက် မွေးနေ့ ဖျော်ဖြေပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ညခုနစ်နာရီမှ စတင်၍ လေးနာရီ ကြာအောင် ဖျော်ဖြေခဲ့ပြီး စိုင်းစုင်း၏ သူငယ်ချင်း များက လည်း အားဖြည့် သီဆိုခဲ့သည်။ 

ယင်းဖျော် ဖြေပွဲသို့ ပရိသတ် တစ်သောင်းခန့် လာ ရောက် ကြည့်ရှု အားပေးခဲ့ပြီး ပရိသတ်များထဲမှ မိန်းကလေး တစ်ဥိးကို ရွေးချယ်၍ စင်ပေါ် ခေါ်တင်ကာ ‘ရည်းစာစာ’ သီချင်းဖြင့် ဖျော်ဖြေရာတွင် ပရိသတ်များက နှစ်ခြိုက် အားပေးခဲ့သည်ဟု 7 Day News Journal တွင် ရေးသား ဖော်ပြ ပါရှိသည်။

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

Posted by drmyochit Friday, April 26, 2013, under | No comments


ရက်ရက် စက်စက် တော့ လှချင်မှ လှပါ။ Hot ဖြစ် တာတော့ အမှန် ပပါပဲ။ သို့ပေမယ့် ရက်ရက် စက်စက် တော့ သေသွား ရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက် က ၂၆ နှစ်သာ ရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့် သဲဖို ရုပ်ရှင်နဲ့ နာမည် ရအောင်မြင် လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ် ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါ တယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွား မိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ် လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေ တိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်ေ တာ့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်း သမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ် ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လို အခြေ အနေ မျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါ ပြော ဆိုခြင်းကို သတိ ထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

ကသာမြို့အနီး ရွာတစ်ရွာတွင် ၁၅ နှစ်အရွယ် ၁၅ နှစ် အရွယ် သမီးအရင်းကို အဓမ္မ ပြုကျင့်မှု ဖြစ်ပွား

Posted by drmyochit Friday, April 26, 2013, under | No comments


ကသာမြို့နယ် အပိုင်၊ မဿလင်း အုပ်စု၊ ပန်းခါး တောင်တွင် အသက် ၁၅ နှစ် အရွယ် သမီးအရင်းကို ဖခင် ဖြစ်သူမှ အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွား ခဲ့ပါသည်၊ နောက်ဆုံး အဓမ္မပြုကျင့်ခဲ့မှုမှာ ၂၃၊၄၊၁၃ ရက်နေ့ ည(၁၂) နာရီ အချိန်တွင် ဖြစ်သော်လည်း လွန်ခဲ့သည့် (၂)ပတ် ကျော် ကပင် စတင် အဓမ္မ ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဓမ္မ ပြုကျင့်ခံ ခဲ့ရ သည့် သမီး အရင်း ဖြစ်သူ မသိဂီ င်္မှ ပြောပြပါသည်။

လွန်ခဲ့သော (၂) ပတ်ကျော်တွင် တစ်ကြိမ်၊ သောကြာနေ့(ရက်မမှတ်မိ) ကတစ်ကြိမ်၊ ၂၁၊၄၊၁၃ ရက်နေ့ က တစ်ကြိမ်နှင့် ယခု ၂၄ ရက်နေ့ ညတွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် ကျူးလွန် ခဲ့သည်ဟု ရဲစခန်းတွင် ထွက် ဆို သွားပါသည်။

ဖခင် ဖြစ်သူ ဦးချစ်ငွေ၊ မသိဂီ င်္နှင့် မောင်ဖြစ်သူ တို့သည် ပန်းခါးတောင် ခြေရင်းတွင် တောင်ယာ လုပ်ကိုင် စားသောက် နေကြပြီး မိခင်မှာ လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန် သွားခဲ့ပြီး ဖြစ်ပါသည်။

၂၄ ရက်နေ့ နံနက်တွင် အဓမ္မပြုကျင့်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့မှု အပေါ် ကသာ ရဲစခန်းသို့ လာရောက် တိုင်ကြား ခဲ့ပါသည်။

တိုင်ကြားမှု အရ ရဲအုပ် မျိုးခိုင်နှင့် ခရိုင် ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၊ ဒုရဲအုပ် ဌေးဝင်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များက ပန်းခါးတောင်ခြေရှိ ဦးချစ်ငွေ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ရာ ဦးချစ်ငွေမှ အဖမ်း မခံဘဲ ပန်းခါး တောင်ပေါ်သို့ လက်တစ်ဖက်တွင် ဓါးကိုင်၍ အခြား လက်တစ်ဖက်တွင် အရက် ပုလင်း (ဘလူး မောင်တန် ဗူးခွံဖြင့် ထည့်ထား) ကိုင်ပြီး တက်ပြေး ခဲ့ပါသည်။ ထိုဖြစ်စဉ် အပေါ် ရဲအုပ် မျိုးခိုင်မှ ဓါးမချ ပါက ပစ်ခတ် ဖမ်းဆီးမည် ဖြစ်ကြောင်း ခြောက်လန့် ဖမ်းဆီးခဲ့ရကြောင်း ပြောပြပါသည်။

တရားလို၏ ပြောပြချက် အရ အဓမ္မ ပြုကျင့်သည့် အချိန်တိုင်းတွင် ဖခင် ဖြစ်သူမှာ အရက် သောက်စား ထားလေ့ ရှိကြောင်း သိရပါသည်။ ထိုဖြစ်စဉ်နှင့် ပါက်သက်၍ ကသာ ရဲစခန်းမှ (ပ)၁၀၈/၁၃ ဖြင့် သတင်း ပေး တိုင်ကြား ချက် ရယူခဲ့ပြီး ပုဒ်မ ၃၇၆ အရ တရား စွဲဆို တင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

ဟာဂျုလီ-ကသာ
သစ်ထူးလွင် မှ ကူးယူဖော်ပြသည်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်