Saturday, March 23, 2013

မိတ္ထီ လာမှာ စစ်တပ် ချထား

Posted by drmyochit Saturday, March 23, 2013, under | No comments

 မိထ္ထီ လာမှာ အရေးပေါ် အခြေ အနေ ကြေ ညာ ပြီးနောက် စစ် တပ်ကို ချထား လိုက်ပြီး စစ်သား တွေဟာ မြို့ လမ်းမတွေ ပေါ်မှာ ကင်းလှည့် သွားလာ စောင့်ကြည့် နေကြ ပါတယ်။

အခုတော့ အခြေ အနေတွေ ပြန်တည် ငြိမ် လာပြီ ဖြစ်ပြီး၊ အရင် သုံးရက်က ဖြစ်ပွား ခဲ့တဲ့ အဓိက ရုဏ်းတွေ အ တွင်း မှာတော့ အနည်းဆုံး ၃၀ လောက် သေဆုံး သွားခဲ့ ရပါတယ်။

ဗလီ ၅ ခု အပါ အဝင် မွတ်ဆလင်တွေ ပိုင်တဲ့ အိမ်နဲ့ ဆိုင် ခန်း အတော် များ များလည်း မီးရှို့ခံလိုက် ရပါတယ်။

နှစ်ဘက် စလုံးက ဒုက္ခသည် အရေ အတွက် ၂ သောင်း လောက်ရှိ မယ်လို့ ဒုက္ခသည် ဒေသခံ တွေက ပြော ပါတယ်။ အခုတော့ ဒုက္ခ သည်တွေ အတွက် ကယ်ဆယ် ရေး ပစ္စည်းတွေ ရောက်ရှိ လာနေ တယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက် ရှိတဲ့ အထဲမှာ မွတ်ဆလင် လူဦးရေက ခန့် မှန်းခြေ ၄ ရာခိုင် နှုန်း လောက် ရှိပါ တယ်။

From : ..bbc

မိတ္ထီ လာမြို့ အခြေ အနေ မှာ တည်ငြိမ် နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံ တပ်ရင်း များစသော တပ်ရင်း များမှ တပ် မတော် သား များက လုံခြုံရေး တာဝန် ယူ ဆောင်ရွက် လျက်ရှိ

Posted by drmyochit Saturday, March 23, 2013, under | No comments

 မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ် နေပြီး အမှတ် (၇၇) ခြေမြန် တပ်မ လက်အောက် ခံတပ် ရင်း များ၊ စကခ (၄) လက်အောက် ခံ တပ်ရင်း များစသော တပ်ရင်း များမှ တပ် မတော် သားများက လုံခြုံရေး တာဝန် ယူ ဆောင် ရွက် လျက် ရှိ သည်။

မိတ္ထီ လာမြို့တွင် ဖြစ်ပွား ခဲ့သော ပဋိ ပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီး ကျောင်း များတွင် စုစုပေါင်း ဒုက္ခ သည် ဦးရေ ၉,၀၀၀ ခန့် ရှိနေကြောင်း သတင်းရ ရှိသည်။

အဆိုပါ ဒုက္ခသည် များ အတွက် ရေနှင့် အစား အသောက်များ၊ အညစ် အကြေး စွန့်ရန် အိမ်သာများ လို အပ်နေကြောင်း အဆိုပါ ဒုက္ခ သည် များအား ကူညီ ဆောင်ရွက် ပေးနေ သူ များက ပြောသည်။

"ဒုက္ခသည် စခန်းမှာ မီး အ သုံးပြုခွင့် မပေးဘူး။ အဲဒါကြောင့် အစား အသောက် ခြောက်တွေ၊ ရယ်ဒီ မိတ်တွေပဲ စားသုံးနေ တယ်" ဟု ဒုက္ခသည် များကို ကူညီ ဆောင်ရွက် ပေးနေသော အင်န်အယ်လ် ဒီ ပါ တီမှ ကိုတေဇာ က ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေး အဖွဲ့ များနှင့် စေတ နာရှင်ပြည် သူများက ဒုက္ခသည် များအတွက် အစား အသောက် ပစ္စည်းများ လာရောက် ပို့ဆောင်ပေး နေကြောင်း သတင်းရ ရှိသည်။

မိတ္ထီ လာမြို့တွင်ဖြစ် ပွားသော အကြမ်း ဖက်မှု များကြောင့် သုံးရက် အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရ ရှိခဲ့ သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အ အုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင် ကယ် တစ်စီး၊ သုံးဘီး ဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်း ထုတ်ပြန်သည်
 
From : ..7day

နော်ဝေး မှ မြန်မာ တစ်ယောက်ရင်ဖွင့်သံ...

Posted by drmyochit Saturday, March 23, 2013, under | 2 comments

နှစ်ဆောင်ပြိုင် အိမ်ကြီး မီးဟုန်း ဟုန်းတောက်နေ တယ်။ ရရာ အထုတ်ဆွဲပြီး ဟိုဟိုဒီဒီ ဂယောက် ဂယက် ပြေးလွှာ...းနေတဲ့ မိတ္ထီလာ မင်္ဂလာဇေယျ ရပ်ကွက် က ပြည်သူတွေ။ ၆နှစ်အရွယ် သမီးလေး လက် ကို ဆွဲပြီးပြေးနေ တဲ့ အဖွားအိုရဲ့ လက်တဖက် မှာ ပိန်လိန်နေတဲ့ သံသေတ္တာတလုံး။ ကလေးငယ်ရဲ့ မျက်လုံးနဲ့ အဖွား အိုရဲ့ မျက်လုံးတွေ ဟာ ဆောက် တည်ရာမဲ့၊ စိုးရိမ်ပူပန်မှု အပြည့်။ အော်ခေါ် သံ၊ ဆဲဆိုသံ၊ မီးသတ် ကားဥသြ သံ၊ နေအိမ် တလုံးပြီး တလုံးမြိုပြီး တဖျစ်ဖျစ် တဟူးဟူး မီးစွယ်တွေရဲ့ မာန်ဖီသံတွေက မိတ္ထီလာညကို အိပ်ရေး ပျက်စေ တယ်။ အိမ်ကြီး တလုံးပေါ်က ပစ္စည်းတွေအောက်ကို တွန်းချပြီး စိမ်ပြေနပြေ ထုနှက်ခွဲချေ နေတဲ့ တုတ်တ ပျက် ဓားတပျက် အရပ် သားတွေ ကိုလည်း ဖေ့စ်ဘွတ် Video မှတ်တမ်းတိုလေးမှာ တွေ့နေရတယ်။ တကယ့်ကို စိတ်မကောင်း စရာ အနိ ဋ္ဌာရုံ မြင်ကွင်းတွေပါပဲ။

အပြင်မှာတွေ့ရင် မြင်ကွင်းက ဒီထက်ပိုဆိုးမှာသေချာတယ်။ အခုဆောင်းပါးရေးနေချိန်ထိ သေဆုံးသူချည်း ၅ယောက် ထက် မနည်းဘူးဆိုလား၊ ဒဏ်ရာရသူတွေက ၅၀ လောက်တဲ့။ မီးလောင်လို့ အိုးအိမ်မဲ့သွားသူတွေက ၆၀၀ နီး ပါး။ ဘုရားဘုရား အင်္ဂါနေ့ကပဲအေးအေးငြိမ်းငြိမ်း ရှိခဲ့တဲ့ မြန်မာပြည်မြေလတ်ပိုင်းက မိတ္ထီလာမြို့လေးရဲ့ ရပ်ကွက်လေးဟာ နောက်တနေ့ မတ်လ၂၀ ရက်နေ့မှာ မီးတဟုန်းဟုန်း တောက်နေပြီ။

ပိုဆိုး တာက ဒေါသမီး၊ လူမျိုးရေး မုန်းတီးတဲ့မီး၊ ဘာသာရေး ပဋိပက္ခမီး တွေဖြစ် တယ်။ အဲဒီမီးတွေ က ငြိမ်းသတ် ရခက် တယ်။ လူ့အဖွဲ့အစည်းတခုလုံးကို တမြေ့မြေ့ကျွမ်းလောင်စေတယ်။ ပဋိပက္ခများ ရဲ့ ဓားစာခံ ခလေး ငယ်တွေ အပေါ် စိတ်ဒဏ်ရာကို ဖြစ်စေတယ်။ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဖျက်ဆီးတယ်။ ဒီမိုကရေစီကို စည်းမဲ့ ကမ်းမဲ့ဖြစ်စေ တယ်။

အခုလို လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို ကျနော်တို့ နိုင်ငံမှာ တောက်လျှောက်ကြုံခဲ့ရတယ်။ လွတ်လပ်ရေး မရခင် နယ်ချဲ့က ရန်မီးမွှေးလို့ဖြစ်ခဲ့တဲ့ ကုလားဗမာရိုက်ပွဲဆိုတာ ကျနော်တို့ ငယ်ငယ် အထက် တန်း ကျောင်း သား သမိုင်းမှာတောင် သင်ရသေးတယ်။

ဒါနဲ့ပတ် သက်ပြီး ဆရာကြီး သခင်ကိုယ် တော်မှိုင်းက ‘ကုလား အရေး ဓါး အသွေးလောက်ပါဖူး” လို့ ပြောဖူး တယ်။ သူတို့လည်းကျွန် ငါတို့လည်းကျွန် ကျွန်ကျွန်ခြင်း သင့်မြတ်အောင်ပေါင်းဖို့ သြ၀ါဒပေးဖူးတယ်။ လွတ်လပ်ရေး ရပြီး မဆလခေတ် တလျှောက် လုံးလည်း အာဏာပိုင်တွေက အဲဒီ အောက်လမ်း နည်းတွေ ပြန်သုံးပြီး လူမျိုး ဘာသာခြားတွေနဲ့ အေးအေး ချမ်းချမ်း အတူနေ ထိုင်တဲ့ မြန်မာ့လူ့အဖွဲ့ အစည်းကို ဖျက်ဆီး ခဲ့တယ်။ ရန်တိုက် ခဲ့တယ်၊ သံသယတွေ ၀င်အောင် လုပ်ခဲ့တယ်။

သေချာ တာက နိုင်ငံရေး ထွက်ပေါက်ကို ဘာသာရေး ပဋိ ပက္ခတွေနဲ့ အသုံးချတာပဲ။ နိုင်ငံရေး ခြွတ်ခြုံကျရင် ဘာသာရေး ပဋိပက္ခတွေ ဖန်တီးတတ်တယ် ဆိုတဲ့ မဆလခေတ် ထုံးစံအတိုင်း ၁၉၈၈ တပြည်လုံး ဒီမိုကရေ စီ တောင်းဆိုအုံကြွမှု မတိုင်မီ အခုလို ဘာသာရေး ပဋိပက္ခတွေ ဖန်တီးတာ ကြုံဖူးတယ်။ ဖြစ်လိုက်ရင်လည်း အစ္စလမ် ဘာသာဝင်တွေနဲ့ကြီးပဲ။

ရန်ကုန်၊ ပြည်၊ တောင်ကြီး၊ တောင်ငူ၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ လက်ပံတန်းမြို့တွေမှာ ၁၉၈၈ ဒီမိုကရေစီ အရေး အခင်း မတိုင်ခင် ကပ်ပြီး ဘာသာရေးပဋိပက္ခတွေဖြစ်တယ်။ တနေရာနဲ့ တနေရာ ချိန်ကိုက်ထားသလို ဆက် တိုက်ဖြစ်တာ။ ဇာတ်လမ်းတွေကလည်း သိပ်မကွာဖူး၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို မွတ်စလင်က အဓမ္မကျင့်တဲ့ ဇာတ်လမ်းမျိုး၊ ရီးစားစကားပြောနှောက်ယှက်တဲ့ ဇာတ်လမ်းမျိုး၊ ကိုရင်လေးဆွမ်းခံတုန်း မွတ်စလင်တွေက ရန်စတဲ့ ဇာတ် လမ်းမျိုး ဒါတွေပဲ။ နောက်ဆုံးတော့ ဂျင်ဂလိမှန်ကြ၊ လေးဂွမှန်ကြ၊ သေကြ၊ မီးရှို့ကြ၊ ဒဏ်ရာရကြ နဲ့။ ကြား ထဲက အစိုးရ အာဏာပိုင်တွေက နိုင်ငံရေးအမြတ်ထုတ်သွားတယ်။ လူထုက အစိုးရအပေါ်မကျေနပ်တဲ့ အမျက်တွေ ထားကြ၊ ကိုယ့်အချင်းချင်း သတ်ကြ ဖြတ်ကြ နဲ့ ဘာသာမတူသူချင်း အမုန်းတွေ အာဃာ တတွေကြွင်းကျန်ရစ်ကြ၊ စိတ်ဒဏ်ရာတွေရကြ။

စိတ်ဒဏ်ရာဆိုတာ ဘ၀တလျောက်လုံး မသိမသာ ကပ်ပါနေတာ ဖြစ်တယ်။တောင်ငူက ကျနော့မိတ်ဆွေ ပညာတတ် အစ္စလမ်ဘာသာဝင် တယောက် သူ့ကိုယ်တွေ့ကို ပြောဖူးတယ်။ သူ့တို့ မိသားစုချွေးနည်း စာလေးနဲ့ နှစ်ပေါင်း များစွာရုန်းကန် စုဆောင်းပြီး ထူထောင်လာတဲ့ အထည်ဆိုင်လေး ဖျက်ဆီးခံရပြီးတဲ့နောက် သူတို့မိ သားစု ပြန်ပြီးနလံမထူနိုင်၊ မိဘတွေလည်း စိတ်ဓာတ်တွေကျ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်၊ သူတို့ မောင်နှမတွေ လည်း ရန်ကုန်ရွှေ့ပြီး ကြုံသလို လည်သလို စီးပွားရှာရပ်တည်ကြရ နဲ့ အသိုက်ပျက်သွားတဲ့ အကြောင်း။ အဲဒီ မိတ်ဆွေပြောပြ တာတခုက စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အနေနဲ့ ကာလကြာလို့ မေ့မယ်ထင်တာ လူစုလူဝေး နဲ့ ပဋိပက္ခတွေ အရေးအခင်းတွေ ဖြစ်တာနဲ့ သူဟာ ရှေ့တမ်းက တက်တက်ကြွကြွနဲ့ သွေးဆူတတ်တဲ့ အကြောင်း၊ ရန်ကုန် က ၂၀၀၇ သံဃာ့ ဆန္ဒပြပွဲမှာ လုံထိမ်းတပ်တွေကို သူဂဲနဲ့ထုခဲ့သလို မြင်မြင်ရာ ထုခွဲ ရိုက်နှက် ဖျက်ဆီး ချင်တဲ့ စိတ်ကြမ်းတွေ ဘယ်က ဘယ်လို ၀င်လာမှန်းမသိတဲ့ အကြောင်း ၊ စိတ်သဘောထားနူးညံ့တယ်လို့ အများ က သတ်မှတ်ခံထားရတဲ့သူဟာ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစီးရဲ့မှန်ကို အုတ်ခဲနဲ့ ထုခွဲဖူးတဲ့ အကြောင်း ကျနော့ ကို ပြောဖူးတယ်။ ဒီတော့ မတရားအနိုင်ကျင့်ခံရသူတွေ နိုင်ထက်စီးပိုး ဖိနှိပ်ခံရသူတွေ လူအများနဲ့ အကြမ်းဖက် ခံရသူတွေရဲ့ တုန့်ပြန်မှုတွေကလည်း မလှတတ်ပါဖူး။ ထကြွပုန်ကန်ချင်စိတ် အကြမ်းဖက်ချင်စိတ် ဒါမှမ ဟုတ် စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့စိတ်၊ သူရဲဘောနည်းတဲ့ စိတ္တဇတွေ စွဲကပ်တတ်ပါတယ်။ အနာဂတ်လူ့အဖွဲ့ အစည်း အတွက် သူဟာ မျှမျှတတ စဉ်းစားဆုံးဖြတ်ဖို့ အခက်တွေ့ရမှာပါ။

ဒီကနေ့ အစ္စလမ် ဘာသာ ၀င်တွေ လူဦးရေ များပြားပြီး နိုင်ငံတကာမှာ ပျံ့နှံ့ရောက်ရှိနေတာကို ဗုဒ္ဓဘာသာဖြစ်စေ၊ ခရစ် ယာန် ဘာသာဖြစ်စေ အားကောင်းတဲ့ ဌာနေနိုင်ငံသား လူမျိုးတွေက စိုးရိမ်ပူပန်တတ်ကြပါတယ်။

ကျနော် နေထိုင်နေတဲ့ နော်ဝေးနိုင်ငံမှာ မွတ်စလင်လူမျိုးတွေ များပြားပြီး သြဇာတက်မှာ စိုးရိမ်လို့ နော်ဝေးလူမျိုး Anders Behring Breivik ဆိုတဲ့လူငယ်တယောက်ဟာ ၂၀၁၁ ခုနှစ်က အစိုးရ၀န်ကြီးများရုံးကို ဗုံးခွဲဖျက်ဆီး ခဲ့သလို အာဏာရပါတီရဲ့ လူငယ်ကေဒါ ၉၀ကျော်ကိုလည်း ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ ဒါပေမဲ့ နော်ဝေး အစိုးရနဲ့ ပြည် သူတွေ က ဒီအတွက် ၀မ်းနည်းကြေကွဲမှုတွေပြခဲ့တယ်။ Breivik ကို ဥပဒေအတိုင်းပဲ တရားစီရင် ခဲ့ပါတယ်။ သူတို့နိုင်ငံရဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၂နှစ် ချခဲ့တယ်။ နော်ဝေးမှာ အဲဒီကိစ္စက ဘာသာခြား လူမျိုးခြားတွေ ထူထပ် လာတဲ့ အကြောင်းတရားကိုမှီပြီးဖြစ်ခဲ့တာ ဆိုပေမဲ့ ဘာသာခြားမုန်းတီးမှုတွေ၊ နှိမ့်ချဆက် ဆံမှုတွေ မရှိပါဖူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးရုံမက ကလေးငယ်တွေကို အစိုးရ စာသင်ကျောင်းမှာပဲ (စာသင်ချိန် အားလပ်ရက်) အစ္စလာမ် ကိုရမ်ကျမ်းစာ သင်ကြားဖို့ ခွင့်ပြုတယ်။ ဘာသာပေါင်း စုံ အကြောင်း ကျောင်း သားတွေ သင်ခန်းစာတခုအနေနဲ့ သင်ကြားရတယ်။ သူ့ဘာသာနဲ့သူ ဘာသာရေး အထိမ်း အမှတ် ပွဲတွေ ကို ကျင်းပပေးပါတယ်။

ဥပမာ ခရစ်စမတ်ပွဲဆိုရင်လည်း မူစလင်နဲ့ ဟိန္ဒူကလေးတွေ ကခုန်သီဆိုဖျော်ဖြေတယ်၊ ခရစ်တော်ရေ ရှုဖွားတော် မှုတဲ့ ပြဇာတ်ကို ဘာသာခြားတွေလည်း ၀င်ကတယ်။ သူတို့မိဘတွေကလည်း လာကြည့်ပြီး အားပေးတယ်။ အစ္စလာမ် ဘာသာဝင်တွေရဲ့ပွဲဆိုလည်း ခရစ်ယာန်တွေ၊ ထိုင်းနဲ့ ဗီယက်နမ် ဗုဒဘာသာ ကလးငယ်တွေ၊
ခေါင်းမြီးခြုံတွေ၊ သံပရာခွံဦးထုတ်တွေဆောင်းပြီး အာရဗီ ဗုံလေးနဲ့ ကနေတာပဲ၊ သိတ်ကြည်နူးစရာကောင်းတယ်။ ဘာသာခြားပေမဲ့ လူသားချင်း အတူတူဖြစ်တယ်၊ လူအချင်းချင်း ခွဲခြားဆက်ဆံစိတ် မရှိအောင် ငယ်ငယ်က တည်းက ပုံသွင်းပေးတာပါ။

နော်ဝေးမှာ အစ္စလာမ် ဘာသာအသင်းပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာ အသင်းပဲ ဖြစ်ဖြစ်၊ ဟိန္ဒူ အသင်းပဲဖြစ်ဖြစ် လွတ်လွတ် လပ်လပ် မှတ်ပုံတင် ထူထောင်ခွင့် ရှိသလို အစိုးရ ကိုယ်တိုင် အသင်းအဖွဲ့ဝင်တွေကို နှစ်စဉ် ငွေထောက် ပံ့သေးတယ်။

နော်ဝေးမှာ မြန်မာ နိုင်ငံသား ဗုဒ္ဓ ဘာသာ အသင်း ရှိသလိုမြန်မာပြည် ဖွား အစ္စလာမ် အသင်းတွေလည်း ရှိပါ တယ်။ မြန်မာပြည်ဖွား ခရစ်ယာန် အသင်းတွေဆို လက်ချိုးရေ လို့ မရဘူး၊ ကရင် အမျိုးသား အသင်းတော်၊ ချင်း အမျိုး သား အသင်းတော် ထဲမှာတောင် ဂိုဏ်းမတူတဲ့အလျောက်၊ လူမျိုး မတူတဲ့ အလျောက် တသီး တခြားစီ ထူထောင် ထားကြ တာတွေလည်း အများကြီးပဲ။ ကွဲပြားတဲ့ အယူဝါဒနဲ့ သဘောထားတွေကို စည်းစနစ်တကျ ဥပဒေနဲ့ အညီ လက်ခံထားပါတယ်။

မနှစ် ဇွန်လက ဒေါ်အောင်ဆန်းစုကြည် အော်စလိုလာမဲ့ရက် ဒေါ်အောင်ဆန်းစုကြည် တည်းခိုမဲ့ ဟော်တယ်ရှေ့ မှာပဲ ၁၀ယောက်နီး ပါးရှိတဲ့ နော်ဝေးလူမျိုး ခရစ်ယာန် အစွန်းရောက်တွေက "နော်ဝေးက မူစလင်တွေထွက်သွား” လို့ ဆန္ဒပြကြွေးကြော် ပါတယ်။ သူတို့ ရဲ့ မျက်နှာ ချင်းဆိုင်မှာ မူစလင်လူငယ်တွေ(နော်ဝေးလူမျိုး သူငယ်ချင်း 
တွေတောင် ပါသေးတယ်) တန်ပြန်ဆန္ဒပြနေပါတယ်။ ရဲတွေလည်း ကြိုးဝိုင်းတားပြီးစောင့်ကြပ်နေတယ်။ ဘာမှ ပဋိ ပက္ခ မဖြစ်ပါဘူး။ ကိုယ့်ဆန္ဒထုတ်ဖော် အော်ဟစ်ပြီးပြန်သွားကြတာပဲ။ တယောက်နဲ့တယောက် ဆဲဆိုအော် ဟစ်တာတောင် မရှိဖူး။

သွေးဆူတတ်တဲ့ အသက် ၁၈နှစ်နဲ့ ၂၅နှစ်ကြား လူငယ်လေးတွေပေမဲ့ သိပ်ကိုယဉ်ကျေးပါတယ်။

ဥရောပမှာလည်း ခွဲခြားဆက်ဆံမှု မရှိဘူးလို့ မဆိုလိုပါ။ ခွဲခြားဆက်ဆံမှု ဆိုတာထက် အခွင့်အရေး ပိုယူတတ်မှုနဲ့ အခွင့်အရေးတန်းတူ မထားတဲ့ လူနေမှု၊ ယဉ်ကျေးမှုပုံစံကို မလိုလားတာက များပါတယ်။

ကိုယ်တွေ့တခုပဲ ပြောပြချင်ပါတယ်။ မနှစ်က အော်စလို အပြင်ဘက်
မြို့တမြို့ကနေ ဘတ်စ်ကားနဲ့ပြန်အလာ ကားပေါ်မှာ ထိုင်ခုံတခုံပဲ လွတ်နေပါတယ်။ ကျနော်က ဇနီးကို ဦးစားပေးပြီး သွားထိုင်ဖို့ ပြောပေမဲ့ ဒူးနာပြီး ကြာကြာမရပ်နိုင်တဲ့ ကျနော့ကို ဇနီးသည်က ငဲ့ညှာပြီး မထိုင်ပါ ဘူး။ ပြောမရတဲ့အဆုံး ကျနော်ပဲ အသက်ခပ်ကြီးကြီး နော်ဝေး အမျိုးသမီးဘေးက ထိုင်ခုံမှာ ထိုင်တယ်။ အဲဒီအမျိုး သမီးက ကျနော်နဲ့ မထိမတို့မိအောင် အတော်လေး သတိထားနေပုံပဲ။ ဘတ်စ်ကားယိမ်းလို့ မတော်တဆ ထိရင် ကျနော့ ကို တတောင်နဲ့တွက်ပါတယ်။ ၃ကြိမ်မြောက်မှာ ကျနော်က မကျေနပ်လို့ “စိတ်မကောင်းပါဘူး၊ ဒီလို ခွဲခြား ဆက် ဆံတာမျိုး ဒီနိုင်ငံမှာ အခုမှကြုံတာပါ” လို့ပြောလိုက်တယ်။ ဒီတော့ အဲဒီ အမျိုးသမီးက “ ငါက မင်းတို့လို အမျိုး သမီးတွေကို အခွင့်အရေးမပေးတတ်တဲ့ လူတွေ ခဏခဏတွေ့ဖူးတယ်” လို့ ပြန်ပြောပါတယ်။ ဒီတော့မှ ကျနော် က အဖြစ်မှန်ကို သိပြီး အခြေအနေကို ရှင်းပြပါတယ်။ အဲဒီအမျိုးသမီးကြီးလည်း ကျနော့် ကို ပြန်တောင်း ပန်ပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုမှာ လူကိုယ်လူချင်း နှိမ့်ချမှု၊ ခွဲခြား ဆက်ဆံမှုကို မလိုလား ဖူးဆို တာ ရှင်းရှင်းလင်းလင်းပြသနေတာဖြစ်တယ်။

ကျနော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ပွင့်လင်းပြီး လွတ်လပ်တဲ့ လူမှုစနစ်နဲ့ အလှမ်းဝေးခဲ့ရတယ်။ အာဏာရှင် စနစ်ရဲ့ ၀ါဒဖြန့်မှု၊သွေးထိုး လှုံ့ဆော်မှုတွေထဲမှာပဲ ကျင်လည်နေခဲ့ရတယ်။ နိုင်ငံရေးကို အကြောင်းပြုပြီး လူမျိုးရေး ဘာသာရေးနဲ့ သွေးခွဲတာ အသုံးချတာတွေကို ကြုံနေရတယ်။ ပြည်သူတွေကို ပညာရေးမြှင့်တင်မပေးဘူး၊ နိုင်ငံ တကာနဲ့ တံခါးပိတ်ထားတယ်၊ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေမှာ ဆင်းရဲမွဲတေအောင် လုပ်ခံထားရတော့ အမြင် ကျယ်ခွင့်မရရှာဖူး၊ ဒီကြားထဲ ငါတို့ ဘုန်းကြီးတချို့က ငါတို့လူမျိုးမှ ငါတို့၊ ငါတို့ဘာသာမှ ငါတို့ဆိုတဲ့ တလွဲ ဆံပင်ကောင်း ဇာတိမာန်တွေ နဲ့ မှိုင်းတိုက်ပြီး ပြည်သူတွေကို သွေးခွဲလှုံ့ဆော်တရားဟောတာတွေ၊ စာအုပ် တရားခွေ စီဒ်ီခွေဖြန့်တာတွေက ရှိသေးတယ်။

ပြည်သူတွေကို မိမိဆင်ခြင်တုံတရား၊ မိမိကိုယ်ပိုင်သုံးသပ်နိုင် စွမ်းအားတွေ လျော့ကျအောင် ၀ါဒမှိုင်းတွေ မတိုက် သင့်ဖူး။ သူတို့က ၇၈၆ မို့လို့ ဒို့ကလည်း ၉၆၉ ဆိုပြီး ဂိုဏ်းဂဏဖွဲ့တာဟာ ပြဿနာရဲ့ အဖြေမဟုတ်၊ ပဋိပက္ခရဲ့ နိဒါန်း သာဖြစ်တယ်။

အာဏာရှင် စနစ်ကိုလက်ယပ်ခေါ်တဲ့ အကြမ်းဖက် အတွေးအခေါ်မျိုးတွေ လက်ဆင့် မကမ်းသင့်ဖူး။ လူသား တဦး ချင်းစီရဲ့ တန်ဖိုးကို သိနားလည်စေတဲ့၊ လူတယောက်ချင်းစီရဲ့ ခံစားမှုကို စာနာပေးနိုင်တဲ့ လူသားစိတ်ပီသတဲ့ စိတ်ဓာတ် မျိုးတွေ မရှိသမျှ ကျနော်တို့ လူ့အဖွဲ့အစည်းက ငြိမ်းချမ်းမှာ မဟုတ်ဖူး။ မွေးရာပါ လူသားအ ခွင့်အရေး ကို ပိတ်ပင် ထားရင် တနေ့ပြဿ နာပေါ် တာပဲ။

ဒီကနေ့ မိထ္တီလာ အဓိကရုဏ်း ကနေ ထပ်မံပြီး အညှိုးတွေ ဒေါသတွေ အတုန့်အလှယ်တွေ ထပ်ယူမှာ ကို ပြည် သူတွေ က စိုးရိမ်နေကြတယ်။

ပြည်သူတွေဟာ ဒီလို အဓိကရုဏ်းတွေ ပေါ်တိုင်း ဆောက်တည်ရာမဲ့ ဘ၀တွေနဲ့ အသစ်က ပြန်စနေရတယ်။ ကျနော်တို့နိုင်ငံမှာ ဗမာမူစလင်လည်းရှိတယ်၊ ဗမာခရစ်ယာန်တွေလည်းရှိတယ်။ ငယ်ငယ်တုံးက ရပ်ကွက်ထဲက မူစလင်အိမ်မှာ စမိုင်အစ်လုပ်ရင် စမိုင်သွားစားတယ်၊ အမဲသားအစ်လုပ်ရင် အမဲသားဟင်းတွေ လာပို့တာ အ၀စားခဲ့ဖူးပါတယ်။ ကျနော်တို့ အိမ်မှာ ၀ါကျွတ်ပွဲ၊ သင်္ကြန်နှစ်ကူးပွဲ နဲ့ ဘာသာရေးပွဲတွေလုပ်ရင် အိမ်ဘေးက ဟိန္ဒူဘာသာဝင်အိမ်တွေရော မူစလင်အိမ်တွေကိုရော အမေက မုန့်သွားပို့ခိုင်းလေ့ရှိတယ်။

မြန်မာ့ လူ့ အဖွဲ့ အစည်း ထဲမှာ ရန်လို စိတ်ကင်းပြီး ဘာသာခြား လူမျိုးခြားပေမဲ့ ချစ်ချစ် ခင်ခင်နဲ့ အင်မ တန်မှ ငြိမ်းချမ်း စွာ အတူနေ တတ်တဲ့ ဓလေ့ စရိုက်တွေ ရှိပါတယ်။ အဲဒါ ဇစ်မြစ်အမှန်ပါ။

မြန်မာ ဗုဒ္ဓဘာသာတွေဆိုတာ ဘာသာ လူမျိုးမခွဲ အဆင့်အတန်း မခွဲဘူး။ ပြည်သူတွေက နားလည် တယ်။ ပြည်သူတွေက ယဉ်ကျေးချင် သလောက် အာဏာရှင် နိုင်ငံရေးခေါင်းဆောင်တွေက မိုက်ရိုင်းတယ်။ အဆင့် အတန်း ခွဲတယ်။ ဘယ်နိုင်ငံက နိုင်ငံသားမှတ်ပုံတင် တွေမှ ဘယ် ဘာသာ ကိုးကွယ်တယ်ဆိုပြီး မရေး ထားဖူး။ ကိုးကွယ်သည့်ဘာသာကို မှတ်ပုံတင်မှာဖော်ပြတာ အဓိပ္ပါယ်မရှိဖူး။ ကိုယ့်ဖာသာ ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ် ဘာမှခွဲခြားဆက်ဆံစရာမလိုဖူး။ အဲလိုခွဲခြားစိတ်ဟာ လူစဉ်မမှီတဲ့ ခတ်ညံ့ညံ့ စိတ် ဓာတ်ဖြစ် တယ်။

အဲလိုခွဲခြား စိတ် ရှိရင် ဘုရားလောင်း သိဒ္ဓထလည်း တောထွက်ဖြစ်မှာ မဟုတ်သလို ဗုဒ္ဓ အဖြစ်လည်း သဗ္ဘေညု တရွှေဥာဏ်တော် မရဘူး။

ပြီးတော့ ဂေါတမ ဟာ အိန္ဒိယ က ဇာတ် ခွဲခြားတဲ့ စနစ်ကို အဦး ဆုံးတော်လှန်အောင်မြင်သူ ဖြစ်မလာဖူး။ ကျနော်တို့ လူမျိုးဟာ တလွဲဆံပင်ကောင်း လူမျိုးတွေ မဟုတ်ဘူးဆိုတာ ဒီခေတ်မှာ သက်သေပြရတော့မယ်။

ဒီကနေ့ ဒီမို ကရေစီခေတ် ဆိုတာနဲ့ တချိန်က ဒီမို ကရေစီ အော်သူတွေကို ထောင်ချ နှိပ်စက်ခဲ့ သူတွေက ကမန်း ကတန်း ဒီမိုကရေစီ အရေခွံကြီး ဆွဲခြုံ လိုက်တယ်။ ပြီးတော့ ဒီမိုကရေ အနှစ်သာရတွေကို ချေဖျက်ဖို့ ကြိုးစားနေ တယ်။ ကိုယ့်လူမျိုး ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လုပ်နေကြတယ်။ အဲဒီအာဏာရှင်တွေကပဲ တိုင်းပြည်ရဲ့ အာဏာ စီးပွား အရင်း အမြစ်တွေ ချုပ်ကိုင်ပြီး ပြည်သူကို တခါလည်ပင်းညှစ်နေပြန်ပြီ။ ရန်တိုက်ပေးနေပြန်ပြီ။ ကျနော်တို့ ပြည်သူတွေ အမြင်ကျယ်ဖို့ လိုပါတယ်။

ပြည်သူတွေအမြင်ကျယ်ဖို့ဆိုတာကလည်း ထူးထူးထွေထွေ အားထုတ်နေစရာ မလိုပါဖူး။ ဗုဒ္ဓ ရဲ့ တရား စစ်တရား မှန်အတိုင်း ကျင့်ကြံအားထုတ် နေထိုင်ပြရုံပါပဲ။ ကိုယ့်တရားနဲ့ကိုယ်နေရုံပါပဲ။ သူများဘာသာ တပါးလူမျိုးကို အထင်သေး စရာလည်းမလိုဖူး၊ တိုက်ခိုက်စရာလည်း မလိုဖူး။ ဗုဒ္ဓဟာ ဆင်ခြင်တုံတရားနဲ့ ကျင့်ကြံအားထုတ်မှုကို လမ်းညွှန် ခဲ့တယ်။ ကျင့်ဝတ်သီလကို ထိမ်းဖို့ဟောကြားခဲ့တယ်။ ဒါဆိုလောကပါလတရားနဲ့ ပြည်စုံနေပါပြီ။ ဒီမိုကရေစီ ဆိုတာ ၈၈ တုံးက ကိုမင်းနောင်တို့ ဒေါ်မာမာအေးတို့ ဆိုပြခဲ့တဲ့ “ခွတ်ဒေါင်းနဲ့ အတူတိုက် “ သီချင်းလေး အတိုင်း “သူမကြိုက်တာ ကိုယ်မလုပ်၊ ကိုယ်မကြိုက်တာ သူမလုပ် ကိုယ်ကြိုက်တာပဲ ကိုယ်လုပ်ကြ ရမည်” ဆိုတာလို ကိုယ့် အကြိုက်ဟာ သူများကို မထိခိုက်သင့်ဘူး။

ဒီမိုကရေစီခရီးမှာ ဆူးညှောင့်ခလုတ်တွေ အများကြီးနဲ့ပါ။ တချိန်က အာဏာရှင် ယန္တရားကြီး လည်ပတ် ခဲ့သူတွေ ဟာ အစွဲ မကျွတ်သေးဘူး။

ပြည်သူတွေကို ဆေးခါးကြီးတွေ တိုက်နေတုံး။ ဘာသာရေးမှိုင်း၊ လူမျိုးရေး မှိုင်းတွေတိုက်နေတုံး။ အဲဒီမှိုင်းတွေ ဟာ အပေါစား အညံ့စား စည်း ရုံးရေးပါ။ သိပ်လွယ်ပြီး အဆင့်နိမ့် ပါတယ်။ ဒီကနေ့ ခေတ်သစ်ကို လှမ်းမဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ မီဒီယာတွေ ဟာ တိုင်းပြည် ညင်ညင်သာသာ အသွင်ကူးစေဖို့ ပိုပြီးတာ ၀န်ကြီး ပါတယ်။ ဒီအချိန် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပြန်လည် သင့်မြတ်ရေးကို လုပ်ဖို့လို မယ်ထင် ပါတယ်။

ကျနော်တို့ ယုံကြည်မှုတွေပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ တဖက်မှာလည်း ရန်သူမိတ်ဆွေ ခွဲခြားသိဖို့ လိုပါ တယ်။ အမြင်ကျယ်ဖို့ အမြင်ကြည်ဖို့ လိုပါတယ်။ မျက်မှန်အမဲကြီးတပ်ပြီး ဟိုကြည့်ဒီကြည့် မလုပ်ကြ ပါနဲ့။ သေချာမြင်ရမှာလည်း မဟုတ်ပါဖူး။

ပြည်သူတွေ အန္တရယ်များပါတယ်။
တိုင်းပြည်လည်းနာတယ်။
ခေတ်သစ်ကိုသွားချင်ရင် ခေတ်ဟောင်းက အတွေးဟောင်းတွေ
လျှော်ဖွတ်လိုက်ပါ။
အမြင်မကြည်တဲ့ မျက်မှန်မဲကြီး ဖြုတ်လိုက်ပါ။

ကိုညို( အော်စလို)

ဖိနပ်အရောင်ကြောင့် ကျောင်းတွင် ဝိုင်းပယ်ခံရ

Posted by drmyochit Saturday, March 23, 2013, under | No comments

 ဖိနပ် အရောင်ကြောင့် ကျောင်းမှ ဝိုင်းပယ်ခံ ရ သည့် ဖြစ်ရပ် တစ်ခု အမေရိကန်နိုင်ငံ တွင် ဖြစ်ပွား ခဲ့ သည်။
အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးသည် သူမ၏ ခြေထောက် အနေ အထား ပုံမှန် မဟုတ် 
သောကြောင့် သီးသန့် ဖိနပ်ကို ဝတ်ဆင်နေ ရသူဖြစ် သည်။ သူမအား ကျောင်းမှဆရာများက သတ်မှတ် ထားသည့် ဖိနပ်ကို မဝတ် ဆင်ပါက သီးခြား ခွဲထုတ် ထားခြင်း ခံရမည်ဟု သတိပေးခြင်း ခံခဲ့ရသည်။

ကီလေ စကော့ဆိုသည့် မိန်းကလေးတစ်ဦးသည် ခြေဖနောင့်တွင် အရွတ်ဖြစ်ပြီး နာကျင် သည့် ဝေဒနာ ခံစား နေ ရသောကြောင့် သီးသန့်ဖိနပ်ဝတ်ဆင်နေရသူဖြစ်သည်။

ကျောင်းမှ ထုတ်ပေး ထားသည့် ဖိနပ်သည် သူမနှင့် ဝတ်ဆင်ရန် အဆင် မပြေ သဖြင့် သီးသန့်ဖိနပ် အဖြူ၊ အနက် နှစ်ရောင်စပ် ဖိနပ်ကိုသာ ဝတ်ဆင်ပြီး ကျောင်းကို လာရသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၊ တမ်းဝပ်ပြည်နယ်၊ ဝီနီကုတ် အထက်တန်းကျောင်းမှ အာဏာပိုင်များက သူမ တင်ပြသည့် ဆေးစာကို လစ်လျူရှုပြီး၊ ကျောင်းမှထုတ်ပေးသည့် ဖိနပ်ကိုသာဝတ်ဆင်ရန် အမိန့်ထုတ်ခဲ့ သည်။

ကျောင်းမှ ဆရာများသည် ကီလေအား သတ်မှတ် ထားသည့် ဖိနပ်ကို ဝတ်ဆင် မလာပါက သီးခြား ခွဲထုတ်ထား မည်ဟု ခြိမ်းခြောက် ခဲ့ကြသည်။

သူမ၏ မိခင်ဖြစ်သူ ကာရီ စကော့က ကီလေသည် ရှက်ရွံ့ တတ်သည့် မိန်း ကလေးဖြစ်ကြောင်း၊ သူမအနေဖြင့် မည်မျှ ကြိုးစား သည်ဖြစ်စေ ကျောင်းမှဤသို့ အရေးယူဆောင်ရွက်ချက်သည် ဝမ်းနည်းအား ငယ်စိတ်ဖြစ် 
စေ ကြောင်း၊ နေ့စဉ် မျက်ရည်နှင့်မျက်ခွက်ဖြစ်နေရကြောင်းပြောကြားခဲ့သည်။

မိခင်ဖြစ်သူက ဆေးစာကို ကျောင်းကလက်မခံခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ သူမအတွက် သီးသန့်ဖိနပ် စီးခွင့် ကို ပြူစေလိုကြောင်းပြောကြားခဲ့သည်။

ကျောင်း အုပ်ကြီး စတူးအက် တော့န်ကလည်း မိမိတို့အနေဖြင့် ကျောင်းသားအားလုံး တူညီယူနီဖောင်းဝတ်ဆင် ရန် အမိန့် ချပြီးဖြစ်နေသဖြင့် ပြင်ဆင်ပေးရန် မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။ သူတို့ကျောင်းတွင် ကျောင်းသား အားလုံး ဝတ်ဆင်သည့် ဖိနပ်မှာ အနက်ရောင်သီးသန့်ဖြစ်သဖြင့် ယခုလို အဖြူအနက်ရောထားသော ဖိနပ်ကို ဝတ်ဆင် ခွင့် မပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။

ref:>>>မောက္ခ

လွိုင်ကော်မြို့ပေါ် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ပြုရန် လျှောက်တင်ထား

Posted by drmyochit Saturday, March 23, 2013, under | No comments


ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားများ အမှတ် ၁၄ စစ်ရေး လေ့ကျင့်ရေး 
ကျောင်း တည်ဆောက် နေမှု ကိစ္စ ရပ်နဲ့ပတ် သက်လို့ လွိုင်ကော်မြို့ပေါ်တွင် စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ် ခွင့်ပြုရန် သက်ဆိုင်ရာ အာဏာ ပိုင်ထံသို့ ဥပဒေနှင့် အညီ ခွင့်ပြုမိန့် လျှောက်တင် ထားတယ်လို့ ဖရူဆိုမြို့နယ် ဒေသ ခံမှ ဆရာသဲ ရယ်က ပြောပါတယ်။

"လူထု ဆန္ဒဖော်ထုတ်ပွဲကို စီတန်းလှည့်လည်ခြင်း လုပ်ဖို့အတွက် ခွင့်ပြုချက် သွားတင်ထားတယ်။ တင်ဖို့ဆို တာကလည်း အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတယ်။ နောက်ပြီးတော့ တတ်ကျွမ်းတဲ့သူတွေနဲ့ ညှိနှိုင်း တယ်။ သူတို့ရဲ့ အကြံအဥာဏ်နဲ့ သူတို့ရဲ့ ဥပဒေလမ်းကြောင်းနဲ့ အကြံအဥာဏ်တောင်းပြီးတော့မှ ကျနော် တို့ ပြင်ဆင်ပြီး ဒီနေ့သွားတင်ပါတယ်" လို့ ပြောပါတယ်။

စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည့်နေ့ကို ဧပြီလ ၁ ရက်နေ့တွင် လျှောက်တင်ထားကြောင်း၊ အကြောင်း အရာတွေ ကတော့ အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းကို ပြန်ရုတ်သိမ်းဖို့၊ လယ်ယာမြေ သိမ်းဆည်း မှုတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရပ်တန့်ပေးဖို့ဆိုတဲ့ အချက်တွေကို လျှောက်တင်ထားတယ်လို့ သိရပါ တယ်။

ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး မှလည်း ခွင့်ပြုမိန့် တင်ထားတဲ့စာကို လက်ခံ ရရှိပြီး ဖြစ်ကြောင်း သိရပါတယ်။

စီတန်းလှည့်လည်ခွင့်ကို လွိုင်ကော်မြို့တွင်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် မနက် ၈ နာရီမှ ညနေ ၅ နာရီ ပြု လုပ်ခွင့်ပြုရန် တင်ပြတောင်းဆိုထားကြောင်း ပြောပါတယ်။

ဥပဒေနှင့် အညီ နည်းမှန် လမ်းမှန် တရားဝင် ပြုလုပ် သွားရင် ဘယ်အရာ မဆို လူထု ဆန္ဒဖော် ထုတ် လို့ရကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ပြောသွားပါတယ်။

"အခုက တရားဝင်လုပ်လို့ရပြီး ဆန္ဒပြတယ်ဆိုရင် ဆန္ဒပြလို့လည်း ရပါတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ် ဘာမှ ခွင့်မပြုနိုင် စရာ အကြောင်းမရှိပါဘူး။ ခွင့်မပြုတာတွေဆိုတာက နားလည်မှုတွေ လွှဲနေပါတယ်"

ကန္တာရ၀တီသင်း

လက်ထပ်ပါ့မယ် ဆိုပြီး ကျောင်းသူလေး၏ အပျိုဘ၀ကို ယူခဲ့သည့် ဆရာ

Posted by drmyochit Saturday, March 23, 2013, under | No comments

မတ်လ ၂၃ ရက်၊ ၂၀၁၃

သူဟာ သူမကို သူ့ရဲ့ချစ်သူ ဖြစ်ဖို့ ကမ်းလှမ်း ခဲ့တယ်၊ ပြီးတော့ အတူ နေကြ တယ်။ လက်ထပ် ပါ့မယ် လို့ လည်း က တိတွေ ပေးခဲ့တယ်။ ဒါပေမယ့် သူ မဟာ ၁၃ နှစ် အရွယ် ကျောင်း သူလေး ဖြစ် တာေ...ကြာင့် အသက် မပြည့် သူနဲ့ အတူနေ မှု အတွက် တရား စွဲ ခံရ ပါတော့ တယ်။

ယခုအခါ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ Ross Ryan Kristiaensen ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အသက် မပြည့် သေးတဲ့ ကျောင်းသူလေးနဲ့ အတူနေမှုအတွက် တရားစွဲဆိုမှုကို ကြားနာခြင်း ခံခဲ့ရပါတယ်။ သူတို့ရဲ့ ဇာတ် လမ်း လေးကတော့ ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းမှာ စခဲ့ပါတယ်။

အဲဒီ အ ချိန်က ပြည်တွင်းစင်တာ တစ်ခုက ကြီးမှူးပြုလုပ်တဲ့ ပြိုင်ပွဲ တစ်ခုမှာ သူမ အတွက် လေ့ကျင့်ပေး တဲ့ Eco ဘာသာ ရပ် သင်ပေးတဲ့ ဆရာ တစ်ယောက်ဖြစ် ပါတယ်။ ပြိုင်ပွဲ မလုပ်ခင် တစ်ရက်မှာတော့ သူဟာ သူ မ ကို နေ့လည်စာ စားဖို့ ခေါ်ခဲ့ပြီး အဲဒီနောက်မှာတော့ ပြိုင်ပွဲအတွက် လိုအပ်တာတွေ အတူ သွားဝယ် ခဲ့ကြ သတဲ့။

အဲဒီ အဖြစ် အပျက် နောက်ပိုင်း သူတို့ဟာ ပိုမို ရင်းနှီး လာကြပြီး Msg တွေ အပြန် အလှန်ပို့ ကြတယ်။ နေ့ တိုင်း ဖုန်းတွေ ဆက် ခဲ့ကြတယ်။ သူမက သူ့ကို အစ်ကိုကြီး တစ်ယောက်လို သဘောထားပြီး သူမရဲ့ ပြဿ နာေ တွ ကို တိုင်ပင် တယ်။ သူကလည်း သူမကို ညီမလေး တစ်ယောက်လို ဆက်ဆံခဲ့ပြီး တစ်ခါတစ်ေ လတော့ အပြင်မှာ အ စားတွေ အတူ သွားစားခဲ့ကြပါတယ်။ ၄ လ လောက်အကြာမှာတော့ သူတို့ ၂ ဦး နံနက် စာ အတူစားအပြီးမှာ သူက သူမ ကို Commonwealth Avenue မှာရှိတဲ့ သူ့ရဲ့ အခန်း လိုက်လည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အိပ် ခန်း ထဲကို အရောက် မှာတော့ သူတို့ နှစ်ယောက် နမ်းကြတယ်။ ဖက် ထားကြတယ်။ အဲဒီနောက်တော့ သူ က သူမ ကို သူ့ရဲ့ ချစ်သူ ဖြစ်နိုင်မလားလို့ မေးတော့ သူမကလည်း သဘော တူ ခဲ့ ပါ တယ်။ ဒါကိုတော့ ဘယ် သူ့ ကိုမှ မပြောဖို့ သူက သူမကို ပြောခဲ့ပါတယ်။

တစ်ပတ်လောက် အကြာမှာတော့ သူက သူမကို နောက်တစ်ခါ လာလည်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ဒီတစ်ခါမှာတော့ သူ တို့ အတူနေဖြစ် ခဲ့ကြပါ တယ်။ သူမရဲ့ အပျိုဘ၀လေးကို ယူပြီးနောက် သူက သူမကို လက်ထပ်မယ်လို့ ကတိေ ပး ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းမှာတော့ Bayshore Road မှာ ရှိတဲ့ ကွန်ဒို တစ်ခုမှာ သူတို့ နောက်တစ်ကြိမ် တွေ့ခဲ့ပြီး အတူထပ်ပြီး နေခဲ့ကြပြန်ပါတယ်။

၂၀၁၀ စက်တင်ဘာလ ၁ ရက်မှာတော့ အဆိုပါ ကျောင်းသူလေးဟာ သူနဲ့ တစ်ခြား ကောင်မလေး တစ်ေ ယာက် အွန်လိုင်းမှာ Chatting လုပ်တာကို တွေ့ခဲ့ရပါတယ်။ သူမက သူ့ကို အဲဒီ အကြောင်း မေးတဲ့အခါ မှာေ တာ့ သူမက သူ့အတွက် အချိန်မပေးနိုင်ကြောင်း၊ အဲဒါကြောင့် အခြားမိန်းကလေးနဲ့ Chatting လုပ်ေ ကြာင်း ပြန်ပြောခဲ့ပါတယ်။ သူတို့ ၂ ယောက် စကားတွေ များကြပြီး တစ်လလောက် လမ်းခွဲခဲ့ကြပါတယ်။

၅ ပတ် လောက်အကြာမှာတော့ သူ့ကို အချစ်မပြယ်တဲ့ ကျောင်းသူလေးဟာ သူမ မိဘတွေ နိုင်ငံခြား သွား တုန်း သူ့ကို အလည်ခေါ်ပြီး တစ်ညလုံး အတူနေခဲ့ကြပါသတဲ့။

နောက် ၂ ရက်အကြာမှာတော့ သူတို့ နှစ်ဦး ပြန် အဆင်ပြေပြီး သူမဟာ အိမ်မှာ ညနေစာ မိသားစုနဲ့ အတူ စားဖို့ ပျက် ကွက်ခံပြီး သူ့ဆီကို သွားလည်ခဲ့ပါတယ်။ သူမရဲ့ အစ်ကိုဟာ သူတို့ အမေနဲ့ သူ့မိန်းမကို ခေါ်ပြီး သူမ ကို လိုက်ရှာခဲ့ရာမှာတော့ သူ(Kristiaensen) နဲ့ ပူးပူးကပ်ကပ် ထိုင်နေပြီး ငိုနေတဲ့ သူမကို တွေ့လိုက် ပါတယ်။

သူကတော့ သူဟာ သူမရဲ့ ဆရာဖြစ်ကြောင်း၊ သူမမှာ သူငယ်ချင်းတွေ မရှိတဲ့ အတွက် သူက သူမရဲ့ စာအ တွက် ကူပြီး လုပ်ပေးကြောင်း တို့ကို ပြောပြခဲ့ပါတယ်။

သူမ အိမ်ပြန်ရောက်လို့ မိသားစုတွေက သူမကို စစ်မေးတဲ့ အခါမှာတော့ သူတို့နှစ်ဦး အတူနေတဲ့ အထိ အခြေ အနေ ရှိကြောင်း သူမ ၀န်ခံလိုက်ရပါတယ်။ နောက်ရက်တွင်တော့ သူမ မိသားစုဟာ ရဲကို တိုင်ခဲ့ ပါ သတဲ့။

ရဲ ကို တိုင်ခဲ့ပြီးနောက် သူက သူမကို အဆက်အသွယ် မလုပ်ဖို့ ပြောခဲ့သော်လည်း သူမကတော့ သူ့ကို သိပ် ချစ်၊ သိပ်လွမ်းရတဲ့ အတွက် ဆက်ပြီး ဆက်သွယ်နေခဲ့ပါတယ်။

ရဲတပ် ဖွဲ့ အစီရင်ခံစာ အရ သူဟာ ကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး၊ ဆရာအဖြစ်မှ ရုပ်သိမ်းခံခဲ့ရပါတယ်။

စင်္ကာ ပူမှာ ထိုကဲ့သို့သော ပြစ်မှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၁၀ နှစ်၊ ငွေဒဏ် ၊သို့မ ဟုတ် ၂ ခုလုံး ဖြစ်ပါတယ်။

OppositEyE

ဓာတ်ပုံများ က ပြောသော မိတ္ထီလာ

Posted by drmyochit Saturday, March 23, 2013, under | No comments

မိတ္ထီလာ မြို့ တွင် သုံး ရက် အတွင်း ဖြစ်ပွား ခဲ့ သည့် ဆူပူ အကြမ်း ဖက် မှု များ ကြောင့်အိမ်ခြေ ၂၀၀ ကျော် ပျက် စီး ဆုံး ရှုံး ပြီး လူ ၄၀ ထက် မနည်း သေဆုံး ခဲ့သည်။ ဘာသာရေး အဆောက် အဦ ၁၄ ခု ဖျက်ဆီး ခံ ရပြီး ပညာ ရေး မှုး ရုံး နှင့် စာရင်း စစ်ရုံး အဆောက် အဦများ ပျက်စီးခဲ့သည်။ မော်တော် ဆိုင်ကယ် နှင့် မော်တော် ကား များ လည်း ပျက်စီးခဲ့သည်။

ဓာတ်ပုံ များ | AP , AFP, Reuters





























ကုလားကို ထိလျင်မခံသော ဒေါ်စု နှင့် ဘင်္ဂလီကို ထိလျင် မကြိုက်သော ၈၈ မင်းကိုနိုင် ဖတ်ရန်

Posted by drmyochit Saturday, March 23, 2013, under | 13 comments



ကိုယ့်မြန်မာအချင်းချင်း - သတ်ဖို့- မုန်းဖို့ - စိတ်ဝမ်းကွဲဖို့ - လှုံ့ဆော်ဖို့ဆိုရင်တော့ - ခြင်္သေ့ကြီးတွေလို - သောက်သံကြီးတွေ - ဟိန်း ထွက်လာတတ်ပြီး

မွတ်စလင်မ် တွေနဲ့ ပက်သက်လာရင်တော့-
( ခဲပစ်ခံ ရမှာကြောက် တဲ့ခွေးလို ) သောက်ပြစ် တစ်ခွန်းမှ မပြော ရဲတော့ပဲ-
( ကြောက် လွန်းလို့ - ရူးကြောင်ကြောင် ဖြစ်သွားသော ) ကြောက်ရူးများ

မွတ်စလင်မ် အရေးနဲ့ ပက်သက် လာရင်တော့- မြန်မာတွေ ကို နှစ်ပြား မတန်အောင်ပြော ရဲပေ မယ့်- ပြော ထွက်ပေမယ့်-

အစ္စလာမ်နဲ့ ပက်သက်လာရင် ကြောက်လန့်ပြီး - အသံတောင် မထွက်ရဲတော့တဲ့-

အထူအပါး-နားမလည်သော- ဂေါက်ကြောင်များသို့-

" မွတ် ဆလင် ကို ထိလျှင် - အဖေ ကို အစော်ကား ခံရ တာထက် ပိုနာသော -လောက်ကောင်များ" နှင့် " အစ္စ လာမ် ထိလျှင် - မချိအောင် နာတတ်သော ဂေါက်ကြောင်များ " - သို့


မြန်မာတွေကမှားတယ်၊ မွတ်ဆလင်တွေက မှန်တယ်တဲ့။ မူဆလင် လောက်ကောင် တွေပြောတဲ့စကား-

ဒါဆိုရင် -

တစ်ကမ္ဘာလုံးမှာ ဟိန္ဒူနဲ့ - ဘယ်နိုင်ငံမှ ရန်မဖြစ်ပဲ- မြန်မာပြည်မှာ မှ - မြန်မာနဲ့ ဟိန္ဒူနဲ့ ဖြစ်ရင် - မြန်မာမှားတယ်ဆိုတာလက်ခံပေးလို့ရတယ်

တစ်ကမ္ဘာလုံးမှာ ခရစ်ယာန်နဲ့ ဘယ်နိုင်ငံမှ ရန်မဖြစ်ပဲ-
မြန်မာပြည်မှာမှ - မြန်မာ နဲ့ ခရစ်ယာန်ဖြစ်ရင် - မြန်မာမှားတယ်ဆိုတာ လက်ခံပေးလို့ရတယ်

တစ်ကမ္ဘာလုံးမှာ ဘာသာမဲ့တွေနဲ့ ဘယ်နိုင်ငံမှ ရန်မဖြစ်ပဲ-
မြန်မာပြည်မှာမှ - မြန်မာ နဲ့ ဘာသာမဲ့တွေနဲ့ဖြစ်ရင် - မြန်မာမှားတယ်ဆိုတာ လက်ခံပေးလို့ရတယ်

အခု-တစ်ကမ္ဘာလုံးမှာ နိုင်ငံတိုင်းမှာ သောက်ပြဿနာပေါင်း
သောင်းခြောက်ထောင်လိုက်ရှာပြီးတော့-
နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းနဲ့ သောက်ပြဿနာဖြစ်နေတဲ့ မူဆလင်ချီးထုပ်တွေကြောင့်-
မြန်မာမှားတယ်ဆိုရင်တော့ အဓိပ္ပါယ်မရှိတော့ဘူး။

မူဆလင်တွေက ဘယ်နိုင်ငံ၊ ဘယ်လူမျိုးနဲ့ မှ ဘယ်လိုအဓိကရုဏ်း၊ ဘယ်လိုပြဿနာမှ မဖြစ်ခဲ့ဖူးပဲ နဲ့-

မြန်မာတစ်နိုင်ငံတည်းမှာမှ ထူးပြီး - မူဆလင်တွေနဲ့ ဖြစ်တယ်ဆိုရင်တော့ပြောပေါ့ဗျာ။

Logic နဲ့ အဓိပ္ပါယ်ရှိရှိ၊ ကျိုးကြောင်းဆက်စပ်ဆီလျှော်မှုရှိရှိပြောကြပါ။

ဘာသာတိုင်းက ငြိမ်းချမ်းမှုကို ရှေးရှုတယ်ဆိုရင်-

အစ္စလာမ်ကုရ်အာန်အယူဝါဒကို အတိအကျကျင့်သုံးနေတဲ့
မွတ်ဆလင်ဌာန ချုပ်ဆော်ဒီမက်ကာမှာ စေတီပုထိုးတစ်ခု ( ဘာသာတိုင်းညီညွတ်မှု၊ သာတူညီမျှအတွက် ) တည်ပြလိုက်ပါ။

အဲဒီလို ဦးတည်ချက်ရှိတဲ့ အစ္စလာမ်ကုရ်အာန်အယူဝါဒကိုယ်၌ကို - ဘာသာတရား အဆင့် အတန်း- မရှိရုံမျှမက - အောက်တန်းစားအယူဝါဒတစ်ခုမျှသာဖြစ်ပါတယ်။

From:လူထု မောင်ကာဠု

ကရင်နီအမှတ်(၂)ဒုက္ခသည်စခန်း မီးလောင်မှု (ဓါတ်ပုံများ)

Posted by drmyochit Saturday, March 23, 2013, under | No comments












ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား

Posted by drmyochit Saturday, March 23, 2013, under | 7 comments



(မိထ္ထီလာ အရေးအခင်းအပေါ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အင်တာဗျူး)

မတ်လ ၂၀ ရက်နေ့က ရွှေဆိုင် တဆိုင်တွင် အငြင်းပွား ရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့် သွားခဲ့ရ သည့် မိထ္ထီလာ ရာဇဝတ်မှုကြီး များမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အ ဆိုး ရွား ဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။

အုပ်စုဖွဲ့၍ အားနည်း သူကို အနိုင်ကျင့် သတ်ဖြတ် မှုများ၊ မီးရှို့ ဖျက်ဆီး မှုများ ဖြင့် အမှောင် လွှမ်းသော မိထ္ထီ လာ နေ့ရက်များမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ရရုံနှင့် မပြီးဘဲ အရေးပေါ် အခြေ အနေ အဖြစ် ကြေညာ လိုက် သည် အထိ အခြေ အနေ ဆိုးရွား ခဲ့ရသည်။

အခင်းဖြစ်ပွားရာ မိထ္ထီလာသို့ အခြေအနေ ဝိုင်းဝန်းထိန်းသိမ်းရန် သွားရောက်ခဲ့ကြသူများထဲတွင် ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်သည်။

ကိုယ်တိုင် သွားရောက်ခဲ့သည့် ကိုမင်းကိုနိုင်အား ၎င်းမြင်တွေ့ခဲ့ရသည့် အခြေအနေနှင့် အလားအလာကို သုံးသပ်ပေး ရန် မဇ္ဈိမက တွေ့ဆုံမေးမြန်းခဲ့သည်။

အကြမ်းဖက်မှု၊ မတရားမှုများ ကျယ်ပြန့်ကြီးမားလာရပုံနှင့် လုံခြုံရေး တာဝန်ရှိသူများ၏ အားနည်း ချက် များကို ကိုမင်း ကိုနိုင်က ထောက်ပြ အကြံပြု ထားပြီး ၎င်းတို့ အတွေ့ အကြုံအရ ထိုသို့သော အဖြစ်အပျက်
များဖြစ်လာနိုင်ချေ ရှိကြောင်း ကြိုတင် စိုးရိမ် တွေးထင်ခဲ့ သည်ဟု ကိုမင်းကိုနိုင် က အစချီ ပြောပြထား သည်။

မိတ္ထီလာကို ရောက်ရောက်ချင်း ဘယ်လို အနေအထားတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။

မင်း။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းကတည်းက စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တယ်။ အဲဒါတွေ က မိတ္ထီလာမှာ စဖြစ်တယ်။ ဘယ်နေရာမှာ ဖြစ်မယ်ဆိုတာ မသိတာ စိတ်ထဲမှာ စိုးရိမ် ပူပန် မှုတွေ ကတော့ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေတော့ ဖြစ်လာတော့မယ်လို့တော့ ကျနော်တို့ရဲ့ အသက် ၅၀၊ နိုင်ငံရေး အသက် ၂၅၊ ထောင်သက် ၂၀၊ အဲဒီအတွေ့အကြုံက တခုခု ဖြစ်လာတော့မယ်လို့ ထင်နေခဲ့တာ။ မိထ္ထီ
လာမှာ စဖြစ် တယ် ဆိုတော့ အတိုင်းအဆကို ကျနော် မေးလိုက်တယ်။

ပောတာ က လိုအပ်နေတယ်၊ အရေးကြီးတယ်ဆိုတော့ ကျနော်တို့ ညတွင်းချင်း လိုက်သွားတယ်။

ပြဿနာတွေကို ဘယ်လိုညှိနှိုင်းခဲ့ရလဲ။

မင်း။ ။ လူတွေ ပိတ်မိရင် အရေးကြီးတယ်။ ကယ်ဆယ်ရေးက အဓိကပဲ။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဆက် အသွယ် ရတယ်။ ကျနော်တို့တွေ တိုင်းဒေသကြီး ဝန်ကြီးလည်း ရှိနေတဲ့အတွက် သွားတွေ့တယ်။ ဝန်ကြီး ချုပ် ဦးရဲမြင့်နဲ့ အဖွဲ့တွေနဲ့တွေ့ပြီးတော့ လူထုကို စည်းရုံးသိမ်းသွင်းပေးဖို့ ပြော တယ်။ သူတို့တွေကလည်း ဖြေရှင်း ဖို့ကို တက်တက်ကြွကြွ ရှိပါတယ်။

လုံခြုံရေး တွေက အထက် အမိန့် မရသေးတဲ့ အတွက် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတယ် ဆိုတဲ့အပေါ် ဘယ် လိုမြင်လဲ။

မင်း။ ။ တခုတော့ ရှိတာပေါ့ဗျာ။ အမိန့်မရဘဲ လူတွေရဲ့ အသက်ကို ကယ်မိမယ်၊ ရာဇဝတ်သားကို ဖမ်းလိုက် မယ် ဆိုရင် ဘာဖြစ်သွားမလဲပေါ့။ သူတို့ကိုယ်တိုင်လည်း သိဟန် မတူပါဘူး။ ဘယ် ဥပဒေမှလည်း ကျနော် တို့ တိတိ ကျကျ ပြဋ္ဌာန်းထားတာ မတွေ့ရဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုံမျိုး သူတို့တွေရဲ့ အသက်ဟာ အမိန့်နာခံမှု ဖြစ်နေတယ်။ အဲတော့ တချို့ ကိစ္စတွေဟာ ရှုတ်ထွေးနက်ရှိုင်းပေမယ့် မျက်စိရှေ့ မှာတင် လက်နက် မျိုးစုံ ကိုင်ထားပြီးတော့ လူတယော က်ကို အစစ်ဆေး မေးမြန်း မရှိ ဥပဒေမဲ့ သတ်ဖြတ်နေ တဲ့ကိစ္စ၊ ဥပဒေမဲ့ အိုးအိမ်တွေ ဖျက်ဆီးနေတာကို ဘာမှ အထွေအထူး အမေးအမြန်း လုပ်နေစရာမလိုဘူး။ ကျနော်တို့ လူသားဝါဒ အရ ချက်ချင်း လက်ငင်း ကာကွယ်ပေး ဖို့ ပါပဲ။ ပြီးတော့မှ ပြည်သူ လူထုရဲ့ အသက်အိုး အိမ်ကို ကာကွယ် မှုနဲ့ ကြိုးစင်ကို တက်ဆို ရင်လည်း တက်ဖို့ အဆင် သင့်ပါပဲ။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းအပေါ် ဘယ်လိုသုံးသပ်လဲ။

မင်း။ ။ သက်သက် ညှာညှာ စဉ်းစားမယ် ဆိုရင်တော့ တော်တော့်ကို အားမရစရာ ကောင်းပါတယ်။ ကျနော်တို့ အပြန်မှာ ဆိုရင် ဓါတ်ဆီဆိုင် တဆိုင်မှာ ကင်ဒိုဓါးကိုင်ပြီးတော့ ဆိုင်ကယ် တစီးနဲ့ တယောက်ထဲ ရမ်းနေတာ ကို တွေ့ရတယ်။ အုပ်ချူပ်ရေး ပိုင်းက၊ လုံခြုံရေး ပိုင်းက လူတွေက ဒီ အတိုင်းကို မတ်တပ်ရပ် ကြည့် နေကြ တာ။

ဒီပုံ အတိုင်းဆို အမိန့် တစုံ တရာ စောင့်စရာ မလိုတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ တရားဥပဒေ စိုးမိုးရေ ဆိုတာဟာ လက်နက်ကိုင်ပြီးတော့ ချိုးဖောက်နေပြီ ဆိုရင် အဲဒီဓါတ်ဆီဆိုင် ကို ကာကွယ်ပေးထားရမယ်။

အဲဒါကို ရဲတွေက ဘာလို့ ဝိုင်းပြီး ကြည့်နေတာ လဲ။ ရဲတပ်ဖွဲ့ဝင်တွေက အမိန့်မရလို့ပြောတယ်။ ကျနော့် သဘော ကတော့ အမိန့်မလိုပါဘူး။ အမိန့်မရဘဲနဲ့ ရာဇဝတ်ကောင် တကောင်ကို ဖမ်းလိုက်လို့ အပြစ်ပေး မယ်ဆို ရင် ကြိုးစင်တက်ဖို့ပဲ ရှိတော့တယ်။ ဒီလောက် လက်နက်တွေနဲ့ ရမ်းကားနေတာတွေကို မသိလို့ လည်း မဟုတ်ဘူး။

အဲဒါတွေက သိပ်သံသယဖြစ်ဖို့ ကောင်းတယ်။ နောက်တခုက တားထားတဲ့ ဒိုင်းတွေ ကြားထဲကနေ တိုးဝှေ ပြီး ဝင် သွားကြ တာတွေ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူတွေတုန်းကတော့ ဆက်ဆံပုံက တမျိုး၊ အခုလို ဖျက်ဆီးနေကြ တာကျတော့ တမျိုးနဲ့ဗျာ။ စိတ်အပူရဆုံး လို့တော့ မဟုတ်ဘူးဗျ။

ကျနော် ခေါင်းစဉ်ခွဲ ပြောရမယ်ဆိုရင် ကျနော်တို့တွေဟာ ဘဝတွေကိုပေးဆပ်ပြီး သုညဘဝကနေ ပြီးတော့ အစက နေပြန်စရတာ။ အခုကတော့ ဖျက်ဆီးခံရတာတွေနဲ့ စိုးရိမ်စရာ ဖြစ်နေတယ်။ တယောက်နဲ့ တယောက် မျိုးတုံး သတ်ဖြတ်ပစ်ဖို့ ဆိုတာမျိုး တိုင်းရင်းသား လူမျိုးတွေရဲ့ စိတ်ထဲမှာ ဘယ်တုန်းကမှ မရှိခဲ့ ဘူး။ မရှိခဲ့တဲ့ အပေါ်မှာ အဲလိုမျိုး လုပ်နေပါတယ်လို့ အစွပ်စွဲခံရပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျနော် တို့နဲ့ နားလည်မှု လွဲနေတယ်။ မဖြစ်သင့်တဲ့ အရာတွေ၊ ဒုက္ခတွေ နောက်ထပ် အကြပ်အတည်း
ပေါင်း စုံတွေ ရင်ဆိုင်ရမှာ တွေးပူမိတယ်။

တသက်လုံးမှာ ကျနော်တို့က ဘာသာလူမျိုးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင် တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီအစဉ် အလာ ဆိုတဲ့ ဟာတွေ ပျောက်သွား ပြီးတော့ သံသယတွေနဲ့ တချိန်လုံးမအေးချမ်းမှုတွေ ဖြစ်လာနိုင် တာတွေ ကိုလည်း စိုးရိမ်ရတယ်။ စိုးရိမ်မှုတွေကတော့ ပြောလို့ ကုန်မှာ မဟုတ်တော့ဘူး။

ဝါဒဖြန့်မှုတွေက ဘယ်လောက်အထိ အကျိုး သက်ရောက်မှု ရှိသွားမလဲ။

မင်း။ ။ အထူးသဖြင့် အွန်လိုင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ အရာတွေက ရေးတဲ့သူ၊ တင်ထားတဲ့ လူတွေက ကိုယ်လုပ် တဲ့ဟာကို ကိုယ်တာဝန်ယူတယ်။ အဲဒီလိုမှ မဟုတ်ရင် သူ့ရဲ့ နာမည်နဲ့ မတင်ထားတဲ့ လူတွေက တွေ့အကြောင်း ထိုင်ပြီး မကောင်းပြောမယ်။

ညစ်ညမ်းတာတွေ ရေးမယ်။ အကောင်းဘယ်လောက်ပဲ လုပ်လုပ် မဟုတ်တမ်းတရား စွပ်စွဲမှာပေါ့။ အဲတော့ အွန်လိုင်းမှာ တက်လာတဲ့သတင်း (သို့) ဝါဒဖြန့်ချီမှုတွေကို မျက်စိမှိတ်ပြီးတော့ မယုံပါနဲ့၊ ဓါတ်ပုံတွေက အစ လုပ်ကြံလို့ ရနေတာကိုဗျာ။

ကမ္ဘာ့ တနေရာမှာဗျာ သတ်ဖြတ်ခဲ့တဲ့ ဟာကိုမြန်မာပြည်တနေရာလို့ ပြောမယ်ဆိုရင်လည်း ယုတ္ထိရှိအောင် လုပ်လို့ ရနေတယ်။ တတ်နိုင်သမျှကတော့ ဆန်းစစ်ဖို့ လိုပါတယ်။

ဘယ်လောက်အထိ သက်ရောက်နိုင်လဲ ဆိုတော့ တိုင်းပြည်ပျက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အားလုံးရဲ့ ဉာဏ်အမြော်အမြင် ရှိမှုနဲ့ တဦးကို တဦးအပြန်အလှန် ထိန်းကြောင်းနိုင်မှုတွေနဲ့ပဲ ဒီကိစ္စကို ကာကွယ်နိုင်ပါလိမ့်မယ်။

အစိုးရကို ဘယ်လိုအကြံပေးချင်လဲ၊ ဘာတွေလုပ်ဖို့ လိုနေတယ်လို့ပြောချင်လဲ။

မင်း။ ။ ရဲတွေ၊ လုံထိန်းတွေက အထက်က အမိန့်မပေးရင် ရပ်ကြည့်ဆိုရင်လည်း ကြည့်နေတာပဲ မနာခံလို့ မရဘူး ။ သူတို့ရှေ့မှာ လက်နက်တွေ ကိုင်ပြီးတော့ သွားလာနေကြတာကို ဘုရားသွားဖို့ ပန်းကလေးတွေ လက်မှာ ကိုင်သွားသလိုပဲ ရပ်ကြည့်နေတာ။ အကုန်လုံး တုံ့နှေးတုံ့နှေးပဲ။ ပွဲဖျက်ပြီးတော့မှ ကယ်တင်ရှင် ဝင်လုပ်မှာလားလို့ တွေးမိတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

မင်း။ ။ အရေးတကြီး လိုအပ်ချက်က ကိုယ့်အိမ် လုံခြုံရေးကို ဂရုစိုက်ကြဖို့။ ဂရုစိုက်တယ် ဆိုတဲ့နေရာမှာ သံသယ အခြေခံပြီးတော့ ရန်သူရှာတာမျိုး မဖြစ်စေရဘူး။ ကျနော်တို့ ဈေးထဲမှာ တယောက်နဲ့တယောက် ပုခုံးချင်း တိုက်မိမှာပဲ။ အဲဒီအခါမျိုး ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို တိုက်မိတယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရိုးသားလား ရည်ရွယ်သလား ဆိုတာတော့ သေသေချာချာ ပိုင်းခြားရလိမ့်မယ်။ သူတို့ ကိုယ်တိုင်မှပဲ သိလိမ့်မယ်။ အဲဒီကနေပြီးတော့ ပျံ့ပြီးတော့ နည်းဗျူဟာက ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။

နောက်တချက်ကတော့ ဝါဒဖြန့်မှုတွေပါ။ ဒီနေရာမှာ ဘယ်သူက ဘယ်သူကို ဘာတွေ လုပ်သွားလဲ ဆိုတာမျိုး အဲဒါတွေကို သေချာ ဆန်းစစ်ပါ။ တကယ်အကြံအစည် တခုခု ရှိနေတဲ့ လူတွေဟာ အဲဒီနည်းတွေကို သုံးပါတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဘာမဆို ဆန်းစစ်မှ ရပါမယ်။ ကာကွယ်တာနဲ့ အတူသွားပြီးတော့ ကျူးကျော်တိုက်ခိုက်တာကို ခွဲခြားနိုင်ရပါမယ်။

ဓာတ်ပုံ - The Myanma Age

ခိုင်ခိုင်
Mizzima

မိတ္ထီလာ နောက်ဆုံးအခြေအနေ သတင်း စုစည်းမှုများ

Posted by drmyochit Saturday, March 23, 2013, under | No comments


>>> မိတ္ထီလာည ၉း၀၀နာရီ အချိန်။

တစ်မြို့လုံး။လုံးဝငြိမ်နေပါတယ်။
အသံတွေအားလုံးတိတ်ဆိတ်နေပါတယ်။
လမ်းဆုံ၊ လမ်းခွများ ဘဏ်များမှာ စစ်တပ် အင်အား အပြည့်ချထားပါတယ်။
စစ်ကား များနှင့်လဲလှည့်လည်စောင့်ကြပ်ပေးနေပါတယ်။

>>မိတ္ထီလာ နံနက် ၆း၀၀နာရီ am အချိန်

ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။
ရပ်ကွက် အတွင်းရှိ အိမ်များအတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။
မနက် ၆း၀၀နာရီ အချိန် စားသောက်စရာရေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင် လာသည့်
၁၀ ဘီး ကား များမြို့ထဲ သို့ဝင်ရောက်လာ။

မနက် ၆း၀၀နာရီခွဲအချိန် မြို့ထဲသို့ကျွန်တော်လည့်လည်ကြည့်ရှုရာတွင် ကယ်ဆယ်ရေး စခန်း တစ်ခု အတွင်း ရှိ လူမျိုးခြား များက စခန်း အပြင်ဘက် ထွက်လာပြီး လက်ဘက်၇ည် ဆိုင်ထိုင်ကြ။လက်ဘက် ရည် ဝယ် ၊ကွမ်း ဝယ်နှင့် စည်ကားနေ တာကိုတွေလိုက်ရပါသည်။ သည် အခြေနေမှာ လုံးဝ မဖြစ် သင့်သေး ပါ။ပြဿနာ ရှာလိုသူများနှင့်တွေလျှင် မီးထပ်ပွား သွားနိုင်ပါသည်။ ကယ်ဆယ်ရေး စခန်း အ တွင်း ရှိ တာဝန် ရှိသူများ စည်းကမ်းတကျကြပ်မတ်ရန်လိုအပ်ပါသည်။

လက်ဘက်ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စုလောက်မှတာဝန်ယူ၍ကျန် လူများအ တွက်ဝယ်ပေးသင့်ပါသည်။လက်ဘက်ရည်ဆိုင်ထိုင်ပြီးဟေးလားဝါးလားလုပ်နေသည်မှာ မသင့်တော်ပါ အမြန်ဆုံး ထိန်းသိမ်းသင့်ပါသည်။

ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းပေးသင့်ပါ သည် ။မြို့ထဲမှာဒီလိုဆက်ဖြစ်နေလျှင် ပြဿနာတွေထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာ မည် သည့် စခန်းဆိုတာကိုတော့တို့မီးရှို့မီးလုပ်မည့်လူများသိရှိသွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။

ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော် များကို ဆွမ်းလောင်း သည့်လူမျိုးခြားမွတ်ဆလင်အိမ် မိတ္ထီလာမှာရှိပါသည်။သဒ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့် ပဲလောင်းလောင်း၊မြို့ခံတွေမှအသိအမှတ်ပြုထားသည့်၎င်းနေအိမ်မှာ အန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ ခဲတစ်ချက်တောင် အမှန် မခံရပါ။ ဝမ်းသာကြည်နှုးဖွယ်ပါပေ။

မည့်သည့် အိမ်ဖြစ်သည်၊ မည်သည့်နေရာတွင်ရှိသည်ဆိုသည်ကိုမှု လူမိုက်ကလေးများကို သတိပေး၊သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမတင်တော့ပါ။

ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ ပြည်သူများ၏ အသက်အိုးအိမ်စောင့်ရှောက်ပေးနေသော တပ်မတော် သားများနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့သော တပ်မတော်နှင့်ပြည်သူများအကြား ရင်ထဲရှိအကျိတ်အခဲများပြေပျောက်၍ ဗိုလ်ချုပ် ရှိစဉ်ကကဲ့ သို့ ပြန်လည် ချစ်ခင် ညီညွှတ်ကြမည့် ရောင်နီဦးလေလားဟု မြော်လင့်မိကြောင်းပါ ခင်ဗျား။


>>> မိတ္ထီလာ နံ့နက် ၆း၃၀ အချိန်။

မြို့ပတ်ပြီး ကျွန်တော်လေ့လာကြည့် ပါတယ်။ အထိအခိုက် အပျက် အစီး များပါတယ်။ ဦးဝီရသူ မိတ္ထီလာ ကိုရောက်နေပါတယ်။

အပျက် အစီး အထိ အခိုက်ကတော့ အများ သူငါမြင်လို့ မကောင်းလို့ ဓါတ်ပုံ မတင်တော့ပါ။ အပျက် အစီး စာရင်း ကိုကျွန်တော်မြင်သလောက်တင်ပြရရင်

၁။ အခင်းဖြစ်ပွါးရာအိမ် - မီးမလောင်။ သို့သော် အတွင်းပိုင်းအားလုံးဖျက်ဆီး။

၂။ ဈေး အနောက်ဗလီ - အတွင်းပိုင်းပျက်စီး။

၃။ ကားဝန်းနားရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးထဲတွင်ပါဝင်သည့်ဗလီ - မီးလောင်သို့သော်မပြိုပါ။

၎။ မြို့နယ်ပညာရေးမှုးရုံး - မီးလောင် လုံးဝပျက်စီး။

၅။ နဝရတ်မြင့်ဦး - ကားများနှင့် အိမ်ပျက်စီး ။မီးမလောင်။

၆။ကုလားသုဿန်ဟောင်း ဗလီ။ ပါကစ္စတန်ဗလီ။ မြို့မဗလီ ။မီးလောင်(အနည်းငယ်)။

ရ။ အမှတ်၂ကျောင်းအနီးရှိ ကားပြခန်း အားလုံးနီးပါးပျက်စီး။ ကားများပျက်စီး။

ဂ။လမ်းဘေးတွင် မီးလောင်လုံးဝပျက်စီးနေသောဆိုင်ကယ် ၈စီး။

၉။ စတီးစိုးမြင့်၊ဇော်ခင် စသောစတိုးဆိုင်များ အတွင်းရှိပစ္စည်းများကို လမ်းပေါ်တွင်မီးရှို့ထား။

၈၈မျိုးဆက်ကျောင်းသားများလည်းရောက်ရှိလာပြီဖြစ်သည်။

နောက်ဆုံးအခြေအနေမှာ အားလုံးစောင့်ကြည့်သတိရှိရမည့် အချိန်ဖြစ်ပါသည်။ ညက တိမ်းရှောင် သွားသော လူမျိုးခြား မိသားစုများ။ မိမိအိမ်များတွင်ပြန်လည်ရောက်ရှိနေကြသည်။ အခုအချိန်မှာ သူတို့ အနေဖြင့် ရှောင်နေ သင့်ပါသည်။ထိပ်တိုက်တွေ့မှုများကိုရှောင်ရှားကြပါ။

အခြေ အနေမှာ တင်းမာဆဲဖြစ်ပါသည်။

အသေ အပျောက် စာရင်း များမှာ မခိုင်လုံ သေး၍ မတင်သေးပါ။

From:Min Thant Aung

ကရင်နီ ဒုက္ခသည် စခန်း မီးလောင် မှုကြောင့် လူ၃၀ ကျော်သေ

Posted by drmyochit Saturday, March 23, 2013, under | No comments


မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည် စခန်း ၂မှာ အိမ်ခြေ ၆၀၀ ကျော်လာက်ရှိ

ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည် စခန်း အမှတ်၂ ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေ ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ ရာမှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ ကျော် မီးထဲ ပါသွား တယ်လို့ သိရပါတယ်။

သေဆုံး သွားသူတွေ ထဲမှာ ကလေး ငယ်တွေရော၊ သက်ကြီး ရွယ်အို တွေပါ ပါတယ်လို့ ဆိုပါတယ်။

ရပ်ကွက် ၁ ကနေ မီး စတင် လောင်ကျွမ်းရာ ကနေ တခြား ရပ်ကွက် ကိုပါ ကူးစက် လောင်ကျွမ်းပြီး အရှိန် မသတ် နိုင်ခဲ့တဲ့ အနေ အထားထိ ဖြစ်သွား ခဲ့ရ တယ်လို့ စခန်း တာဝန်ခံ တဦးက ဘီဘီစီ ကို ပြောပါတယ်။

လောလော ဆယ်မှာ မီးဘေး ဒုက္ခသည် တွေကို ထိုင်း မြန်မာ နယ်စပ် အခြေစိုက် ဒုက္ခ သည်များ အကူ အညီ ပေးရေး အဖွဲ့တွေ ဖြစ်တဲ့ TBBC၊ IRC စတဲ့ အဖွဲ့တွေနဲ့ အတူ ထိုင်းစစ် တပ်က သောက်သုံး ရေနဲ့ အစား အစာတွေ ကူညီ ထောက်ပံ့ ကြတယ်လို့ သိရပါတယ်။

မနှစ် တုန်း ကလည်း မဲဆောက်မြို့ တောင်ဖက် ကီလို မီတာ ၁၀၀ နီးပါးက အုန်းပြန့် မြန်မာ ဒုက္ခသည် စခန်းမှာ မီးလောင်မှု ဖြစ်ပွား ခဲ့ရာမှာ အိမ်ခြေ တထောင် နီးပါး မီးထဲ ပါသွား ခဲ့ပါတယ်။

BBC

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်