Tuesday, February 12, 2013

ငြိမ်းချမ်းရေးဖော်ဆောင်ရန် ထပ်မံတွေ့ဆုံမည်

Posted by drmyochit Tuesday, February 12, 2013, under | No comments

From : မဇ္စျိမ

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC တို့ ယခုလ တတိယအပတ်တွင် တွေ့ဆုံနိုင်မည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင် ရွှေ က ပြောသည်။

“မြောက်ကိုရီးယား နျူကလီးယာစမ်းသပ်မှုကြောင့် ငလျင်လှုပ်ခတ်မှုဖြစ်ပေါ်”

Posted by drmyochit Tuesday, February 12, 2013, under | No comments



North Korea's Nuclear Test UPDATE:


မြောက် ကိုရီးယား နိုင်ငံက နျူ ကလီးယား စမ်းသပ်မှု ပြုလုပ် ခဲ့ခြင်းကြောင့် မြောက်ကို ရီးယားနိုင်ငံ Ryanggang ဒေသရှိ Sungjibaegam မြို့အနီး ပြင်းအား ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှု တစ်ခု ဖြစ်ပေါ်ခဲ့သည်။

ချင်းအမျိုးသားနေ့ ရန်ကုန်တွင်ကျင်းပ

Posted by drmyochit Tuesday, February 12, 2013, under | No comments

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၂

ယခင် အစိုးရ လက်ထက် အဆက် ဆက်တွင် လွတ်လပ်စွာ ကျင်းပ ခွင့် မရရှိ ခဲ့သည့် ချင်း အမျိုး သားနေ့ ကို အရှို ချင်းတိုင်း ရင်းသား များက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရန်ကုန် မြို့၌ ကျင်းပခဲ့သည်။

ဖေဖော်ဝါ ရီလ ၂၀ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်း အမျိုး သားနေ့ အကြို အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ကာ လွတ် လပ်ပြီး ချိန်မှ စ၍ ချင်းဝိသေသ တိုင်းမှ ပြည်နယ် အဖြစ် သတ်မှတ် ခဲ့သော ဇန်န၀ါ ရီလ ၃ ရက်နေ့ကိုသာ ချင်းပြည် နယ်နေ့ အဖြစ် တရားဝင် သတ်မှတ် ကျင်းပခွင့် ရရှိ ခဲ့သည်။

ဂေါ်ဖီထုတ်သုပ်စားရာမှ အစာအဆိပ်သင့်၍ ဦးသေ၊ ၃၀ ဦး ဆေးရုံတင်ထားရ

Posted by drmyochit Tuesday, February 12, 2013, under | No comments



ရန်ကုန်၊ ဖေဖော်ဝါရီ-၁၂

စစ်ကိုင်း တိုင်းဒေ သကြီး ဟုမ္မလင်း မြို့နယ် အတွင်းရှိ သစ်ပါးလွှာ စက်ရုံမှ အလုပ် သမား များသည် ဖေဖော် ၀ါရီ ၁၁ ရက်က ဂေါ်ဖီထုပ် သုပ်စား သုံးရာမှ အစာ အဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေ ဆုံးကာ ၃၀ ဦးခန့် ဆေးရုံ တင်ထား ရကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ကလေး၊ တမူး၊ ချင်းတောင်ဘက်မှ မူးယစ်ဆေးဝါးကိစ္စ

Posted by drmyochit Tuesday, February 12, 2013, under | 1 comment

ကလေး၊ချင်းတောင်၊တမူး ဒေသတွင် ယခုရက်ပိုင်းမူးယစ် ဆေးဝါးများသိန်းပေါင်းထောင်ချီ သောင်းချီ ဖမ်းမိနေ သည်။ကလေး ဒေသခံတစ်ဦးအဆိုအရကလေး၊ တမူးဒေသတွင် ရုတ်တရက်ချမ်း သာကြီးပွား လာပါက လိုင်းကောင်း ကောင်းမိထားသူဟုဆိုကြသည်။ အရပ်ထဲမှာတော့ တိုးတိုးတိတ် တိတ်ဘာ ပစ္စည်းလုပ် သည်ကို သိ ကြသည်ချည်းဖြစ်သည်။ ကလေး ဒေသတွင်တော့ အချို့ကနှစ်ခေါက် သုံးခေါက်တိုက် တည်ကားဝယ်၊ လုပ်ငန်းလိုင်းပြောင်းနိုင်လျှင်ပင် ဘရိတ်အုပ်ရပ်တန်းကရပ်ကြသည်။ အနေအထား တစ်ခုတွင်၊ ငြိမ်နေကြ သူများလည်းရှိသလို၊အချို့ကတော့ လောဘမသတ်နိုင်တော့ပဲ အ ခေါက်ခေါက် အခါ လုပ်ကိုင်နေကြ သည်။အချို့ကလည်း ခွင်လိုင်း အကြောကိုအကောင်းကောင်းသိ သွားသည့် အခါ မြက်မြက်ကလေး စားရမည့်အခါတိုင်းထလုပ်နေကြ သည်။

ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်

Posted by drmyochit Tuesday, February 12, 2013, under | No comments


ငါးထောင်တန်ဖုန်းထွက်ရှိ ရန် ကြိုးစားလျက်ရှိသော ရွှေ ပြည်တံခွန် အများပိုင် ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေး ကဏ္ဍတစ် တောင့်တစ် နေရာ ဖွံ့ဖြိုး တိုးတက် စေရန် အတွက် မြန်မာနိုင် ငံတွင် တယ် လီဖုန်းစက်ရုံ စတင် တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မွေးနေ့မှာ ပြောသည့်သူတို့ စကား

Posted by drmyochit Tuesday, February 12, 2013, under | No comments


ဒေါက်တာအေးမောင်

ကျွန်တော်တို့ တွေက ဗိုလ် ချုပ်မွေး နေ့ကို မေ့ထား ကြတယ်။ ဗိုလ်ချုပ် မွေးနေ့မှ မဟုတ်ပါဘူး။ အခြား နေ့တွေ အများကြီးကို တောင် အမေ့ထားကြတယ်။ လူငယ်လူရွယ်အတွက် အစဉ် လာကောင်းတွေ အခုလို ကာလ မျိုးမှာ ပြန်လည်ပြီး နိုးထလာဖို့၊ သတိရလာဖို့ ဗိုလ်ချုပ်မွေးနေ့ကို ပြန်ပြီးတော့ကျင်းပဖို့လိုတယ်။ ဗိုလ်ချုပ်လိုလူမျိုးတွေ မွေးလာဖို့ ဖေဖော်ဝါရီ ၁၃ ကို ကလေးများ နေ့ဆိုပြီးတော့တောင် သတ်မှတ် ခဲ့တယ်။ ဗိုလ်ချုပ်ကို အသက် ၃၀ လောက်ပဲ ကျွန်တော်တို့နိုင်ငံက ရခဲ့တယ်။ 

ပိတောက်ပင် ရေနံလုပ်ငန်းအတွင်း လုပ်ငန်းရှင်နှင့် လုပ်ကွက်ရှင်များ ပဋိပက္ခဖြစ်ပွား

Posted by drmyochit Tuesday, February 12, 2013, under | No comments

မကွေးတိုင်း သရက်မြို့နယ် ပိတောက်ပင်ကျေးရွာရှိ ရေနံလုပ်ငန်းအတွင်း လုပ်ငန်းပိုင်ရှင်နှင့် လုပ်ကွက် အဌားပိုင်ရှင်တို့ကြား ပဋိပက္ခများ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံနှင့် ရေနံမြေ အလုပ်သမားများမှ ပြော သည်။

အဆိုပါ ပဋိပက္ခများမှာ ရေနံထုတ်လုပ်သည့် လုပ်ငန်းပိုင်ရှင် ရွှေရာသီ ကုမ္မဏီမှ ရေနံဈေး သတ်မှတ်မှု နည်းခြင်း၊ မီးလောင်မှုဖြစ်ပွားခဲ့သည့် လုပ်ကွက်များအား လုပ်ကွက်အဌားပိုင်ရှင်များမှသာ တာဝန် ခံရခြင်းတို့ အတွက်ကြောင့်ဖြစ်သည်ဟု လုပ်ကွက်အဌားပိုင်ရှင်များက ပြောသည်။

ကချင်စစ်ပွဲဟာ သယံဇာတ ချုပ်ကိုင်ရေးစစ်ပွဲ တစ်ပွဲ ပဲလား

Posted by drmyochit Tuesday, February 12, 2013, under | No comments

အစိုးရ ကိုယ်စားလှယ် အဖွဲ့နဲ့ KIO/KIA ကိုယ်စားလှယ် အဖွဲ့ တို့ဟာ ဖေဖေါ်ဝါရီလ (၄) ရက်နေ့က ရွှေလီမြို့ မှာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြပေမယ့် စစ်ပွဲရပ်စဲတဲ့အဆင့်ကို မရောက်သေးတာ တွေ့ရပါတယ်။ စစ်ပွဲ စောင့်ကြည့် ဖို့၊ စစ်အရှိန်ကျဆင်းဖို့နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် ဂတိပြုကြတဲ့ အစည်းအဝေး ဖြစ်ပါ တယ်။ အစိုးရက ဆွေးနွေးဖြေရှင်းဖို့ ကြိုးပမ်းနေပေမယ့် အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ရဲ့  လွှတ်တော် ကိုယ်စားလှယ် အချို့ ကတော့ စစ်အင်အားသုံးပြီး နှိမ်နင်းဖို့သာ လိုလားကြပါတယ်။ ကချင်ပြည်နယ်မှာ သယံ ဇာတ ထုတ်ယူနေတဲ့ အခွင့်ထူးခံ အရင်းရှင် ဦးတေဇကလည်း ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်အတွက် နှစ်ဆန်း ပိုင်းက ကျပ်သန်း (၇၀) လှူဒါန်းသွားပါတယ်။ ကချင်ပြည်နယ်စစ်ပွဲဟာ နယ်မြေလုပွဲလို ဖြစ်နေပါ တယ်။

အိန္ဒိယဘာသာရေးပွဲတော်တွင်း လူနင်းမှုကြောင့် ၃၆ ဦးသေ

Posted by drmyochit Tuesday, February 12, 2013, under | No comments

အိန္ဒိယနိုင်ငံမှာ ဘာသာရေးအားလပ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့က မီးရထားဘူတာရုံ တရုံအတွင်း လူအုပ်ကြီး တိုးဝှေ့ခဲ့ကြရာမှာ အနည်းဆုံး လူ ၃၆ ယောက် သေဆုံးသွားတဲ့အကြောင်း အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ

Posted by drmyochit Tuesday, February 12, 2013, under , | No comments


Cobra Gold စစ်ရေးပူးပေါင်းလေ့ကျင့်မှု

အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Cobra Gold စစ်ရေးလေ့ ကျင့်မှု ကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံးအနေနဲ့ ပါဝင်လာပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့် မှုဟာ အာရှဒေသတွင်းမှာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အကြီးမား ဆုံး စစ်ရေး လေ့ကျင့် မှုလည်း ဖြစ်ပါတယ်။

မာလီနိုင်ငံ မြောက်ပိုင်းရှိ ဂါအို မြို့တွင် ကားဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား

Posted by drmyochit Tuesday, February 12, 2013, under | No comments


မာလီနိုင်ငံ မြောက်ပိုင်းရှိ ဂါအို မြို့တွင် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ကားဗုံး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်းနှင့် ပြင်သစ် ဦးဆောင်သည့် တပ်ဖွဲ့များသည် ၎င်းတို့၏ စစ်ဆင်ရေး ကာလ ၅ ပတ် မြောက်တွင် ဗုံးခွဲ တိုက်ခိုက်မှု များနှင့် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ 

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈နှစ်ပြည့် မွေးနေ့ အမှတ်တရ...

Posted by drmyochit Tuesday, February 12, 2013, under | No comments




ဗိုလ်ချုပ်ရဲ့ ဂျပန်ခေတ်ရှားပါး ဓာတ်ပုံများ တာတီးဖေ့စ်ဘွတ်ခ်


ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများ
=======================
၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။ 
ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင် အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

ပြောစမှတ်တွင်သွားတဲ့ငြိမ်းချမ်းရေး လမ်းလျှောက် သူတို့ ရဲ့ မငြိမ်း ချမ်းနိုင် တဲ့အဖြစ်

Posted by drmyochit Tuesday, February 12, 2013, under | No comments

ငြိမ်းချမ်းရေးလမ်းလျှောက်သူများ သဘောထားချင်းမတိုက်ဆိုင်သဖြင့် အဖွဲ့(၂)ဖွဲ့ကွဲ

ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ခရီးရှည်ချီတက်လာသော အဖွဲ့ တွင် ဦးအောင်မြင့် ခေါင်းဆောင်သောအဖွဲ့နှင့် ကိုရန်နိုင်ထွန်းခေါင်းဆောင်သောအဖွဲ့(၂)ဖွဲ့ကွဲနေကြောင်း သိရှိရသည်။

နမ့်ခမ်းလူသတ်မှုကို တရားမျှတစွာဆောင်ရွက်ပေးရန် ကျားဖြူပါတီဥက္ကဌ တိုက်တွန်း

Posted by drmyochit Tuesday, February 12, 2013, under | No comments

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ပေါက်တိုက်ရပ်ကွက်၌ ယခုလ ၆ ရက်နေ့ကဖြစ်ပွားခဲ့သော လူသတ်မှု အပေါ် တရားမျှတ စွာဆောင်ရွက်ပေးရန် ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တိုက်တွန်းပြော ကြားခဲ့ကြောင်း နမ့်ခမ်းကျားဖြူပါတီထံမှ စုံစမ်းသိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအား ကျေနပ်မှုမရှိပါက အချိန်ပြည့် တိုင်ကြားနိုင်ပြီ

Posted by drmyochit Tuesday, February 12, 2013, under | No comments

ဒီမိုကရေစီ အသွင် ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် ပြည်သူများအား ပြည်တွင်း လုံခြုံ မှုကို ကူညီ စောင့်ရှောက်ပေးနေ သည့် ရဲတပ် ဖွဲ့ ဝင်များ၏ လုပ်ငန်း တာဝန်ဆောင် ရွက်မှု များကို ကျေနပ်နှစ် သက်မှု မရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် နေပြည်တော်သို့ (၂၄)နာရီ အချိန်ပြည့် တိုက်ရိုက် တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရ သည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်