Saturday, November 30, 2013

ဒေါ်စုကို ဥပမာပေးပြီး မျိုးစောင့် တရားဟော

Posted by drmyochit Saturday, November 30, 2013, under | No comments


မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူရဲ့ အခု ရက်ပိုင်းအတွင်း မျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဟောပြောခဲ့တဲ့ တရားတွေထဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောသွားခဲ့တယ်လို့ သိရပါတယ်။

စောင့်လေ မျိုးနွယ် ဆိုတဲ့ တရားနဲ့ မညီခဲ့လို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ စစ်အစိုးရ လက်ထက်က တိုက်ခိုက် ပြောဆိုခံခဲ့ရတာ ဖြစ်သလို သမ္မတ ရာထူး ယူဖို့ ကိစ္စမှာလည်း အခက်တွေ့နေရတာ ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

မျိုးစောင့် ဥပဒေကို ဖေါ်ဆောင်တဲ့ နေရာမှာ အမျိုးစောင့်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေနဲ့ အမျိုးမစောင့်ရင် ဖြစ်ပေါ်လာမယ့် မကောင်းကျိုးတွေကို ပိုင်းခြားပြီး ဟောပြောခဲ့တာလို့ ဦးဝီရသူက ဘီဘီစီကို မိန့်ပါတယ်။

ဦးဝီရသူအနေနဲ့ ဘာသာ မတူသူတွေ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးကို လက်ကိုင်ထားကြောင်း၊ လွတ်လပ်စွာ ထိမ်းမြား လက်ထပ်ခွင့် ဆိုတာ လူ့အခွင့်အရေး ဖြစ်ပြီး အမျိုးစောင့်ရေး ဆိုတာ အမျိုးသားရေး ဖြစ်တာမို့ လူ့အခွင့်အရေးနဲ့ အမျိုးသားရေးကို ခွဲခြား ပြချင်တဲ့ အတွက် အခုလို ဟောပြောခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ အားကောင်းပေမယ့် အုပ်ချုပ်ရေးမှာ အားနည်းတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် တိုင်းပြည် ဖရိုဖရဲ ဖြစ်သွားနိုင်တယ်လို့ လည်း ဦးဝီရသူက သူ့တရားတွေထဲမှာ ဟောပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထုတ် ကမ္ဘာကျော် TIME မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဦးဝီရသူရဲ့ ဓာတ်ပုံနဲ့အတူ "The Face of Buddhist Terror" ဗုဒ္ဓဘာသာ အကြမ်းဖက်မှု တွေရဲ့ မျက်နှာစာက ပုဂ္ဂိုလ်အဖြစ် ဖော်ပြခဲ့ပြီး ဦးဝီရသူ ဟောပြောတဲ့ တရား တွေကြောင့် ဘာသာ မတူသူတွေ ကြားမှာ အမုန်းတရားတွေ ပွားများ စေတယ်လို့ မဂ္ဂဇင်းထဲက ဆောင်းပါးမှာ ထောက်ပြ ထားပါတယ်။


BBC Burmese

Friday, November 29, 2013

အလှအပအတွက် မျက်နှာသစ် ဆေးတောင် မသုံးဖြစ်ဘူးလို့ ဆိုလာတဲ့ ရွှေမှုန်ရတီ

Posted by drmyochit Friday, November 29, 2013, under | No comments


အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်း နဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။ သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေး တစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီး အနှံတွေလဲ စားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့် ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေး တယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend
ခင်ဆွေသက်

အစိုးရနှင့်ပြည်သူညီညွတ်ဖို့လိုပြီ

Posted by drmyochit Friday, November 29, 2013, under | No comments


ယခုဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံရေးအသွင်သို. ကူးပြောင်းလာခဲ.သည်မှာ ၂နှစ်ခွဲကျော် (အစိုးရ/လွှတ်တော် သက်တမ်းတစ်ဝက်ကျော်)သို. ရောက်ရှိခဲ.ပြီ ဖြစ်သည် ။ ကုန်လွန်ခဲ.သော ကာလကို ပြန်ပြောင်းကြည်.လျှင် ပြည်သူလူထုအားလုံး ဒီမိုကရေစီစနစ်အကြောင်းကို သေသေချာချာ သိသူများ အင်မတန် နည်းပါးကြောင်း လေ.လာတွေ.ရှိရပါသည် ။

ဒီမိုကရေစီ ယဉ်ကျေးမှု. ၊ ဒီမိုကရေစီ သဘောတရားတွေကို နိုင်ငံရေးသမားတွေ ၊ ခေါင်းဆောင်တွေပဲ သိဖို. လိုအပ်တာ မဟုတ်ပါဘူး။ သာမန် သူလိုကိုယ်လို ရပ်သူရွာသားတွေကအစ ပြည်သူတွေအားလုံး သိဖို. လိုအပ် ပါတယ် ။ ဒီမိုကရေစီကို ထူထောင်မယ်ဆိုရင် ပြည်သူလူထုရဲ. အသိအမြင် ၊ အတွေးအမြင်တွေဟာ မြင်.မား နေဖို. လိုအပ်တယ်ဆိုတာ ပြောပြဖို.တောင် လိုအပ်မည် မထင်ပါ ။ အဲဒီလို မြင်.မားနေဖို.ဆိုရင် ပညာရှင် ဆိုတဲ.သူတွေ ပညာတက်တွေဟာ သာမန်ပြည်သူတွေရဲ. ဘ၀ ၊ လိုအပ်ချက်တွေ ဆန္ဒတွေနဲ. ကိုက်ညီတဲ. အတွေးအခေါ် ၊ အယူအဆတွေကို ပြောဆို ၊ရေးသား၊ ဖြန်.ချီ ၊ ထုတ်ဝေနေဖို.လည်း လိုအပ်ပါတယ်။
မိမိတို.နေထိုင်တဲ. နိုင်ငံကို ပြည်သူတွေကပဲ ပိုင်ပါတယ်။ နို်င်ငံကို ဘယ်အဖွဲ.အစည်း ၊ ဘယ်ပုဂ္ဂိုလ်ကမှ မပိုင် ပါဘူး ။ သူလိုကိုယ်လို သာမန်နိုင်ငံသား ပြည်သူတွေကပဲ ပိုင်ဆိုင်ကြတာပါ ။ သမ္မတဆိုတာကလည်း နိုင်ငံတော်ကို မိမိတို. ကိုယ်စား ခဏတာ အုပ်ချုပ်ဖို. ရွေးချယ်ထားတဲ. ကိုယ်စားလှယ်ပါပဲ ဖြစ်ပါတယ်။ ဒါကြောင်.လည်း သမ္မတ ရွေးချယ်ရာမှာ ဥာဏ်အမြော် အမြင်ရှိသူ ၊ ပြည်သူလူထု အကျိုးကို လိုလားသူကိုသာ ရွေးချယ်ကြရမှာ ဖြစ်ပါတယ် ။

ဒီမိုကရေစီ ၀ါဒဆိုတာ အစိုးရမင်းတွေရဲ. ထင်ရာမြင်ရာ ၊ လုပ်ချင်တာကို လုပ်ဖို. အသိအမှတ်မပြုပါဘူး ။ အစိုးရဆိုတာ ပြည်သူတွေ စေခိုင်းရာကို လုပ်ဖို.အတွက် ဖွဲ.စည်းထားတဲ. အဖွဲ.ပဲလို. သတ်မှတ်ထားတာပါ ။ ယနေ.ခေတ်က လူတစ်ယောက် (သို.) လူတစ်စုက တိုင်းသူပြည်သားတွေကို ထင်သလို လုပ်ပြီး အုပ်ချုပ်တဲ. ခေတ် မဟုတ်တော.ပါဘူး ။
်သူတွေဟာ ရွေးကောက်ပွဲတွေမှာ သူတို.ရဲ. ကိုယ်စားလှယ်တွေကို ဆန္ဒမဲတွေနဲ. ရွေးချယ်ကြပါတယ် ။ အဲဒီကိုယ်စားလှယ်တွေကမှတဆင်. ပြည်သူအားလုံး လိုက်နာရမယ်. ဥပဒေတွေကို ရေးဆွဲပြဌာန်း ကြပါတယ် ။ ဒါကြောင်. ကိုယ်စားလှယ်တွေ ပြုလုပ်တဲ. ဥပဒေတွေဟာ ပြည်သူလူထုကိုယ်တိုင် ပြုလုပ်တဲ. ဥပဒေတွေ လိုပါပဲ ။ ပြည်သူအားလုံးကလည်း ဒီဥပဒေကို လိုလိုချင်ချင် လိုက်နာရပါမယ် ။ 

ည်

သို.သော် ယခုလက်ရှိမှာတော. ပြည်သူအများစုဟာ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိ ဖြစ်နေပါတယ် ။ သူများ အော်လို လိုက်အော်နေတာ ၊ သူများပြောလို လိုက်ပြောနေတာ များပါတယ် ။ အများစုသော ပြည်သူတွေက ဒီမိုကရေစီ ရရင် ငါတို.ဘာလုပ်လုပ် လုပ်လို.ရပြီလို. ထင်နေကြပါတယ် ။ စစ်အစိုးရဘက်က ပြုပြင်ဖို. လိုနေသေးသလို ပြည်သူတွေ အနေနဲ.လည်း ပြင်ဆင်ရမယ်. အချက်တွေ အများကြီး ရှိနေပါသေးတယ် ။ ယနေ.ခေတ် Social Network တွေ အသုံးပြုနေကြတဲ.အချိန်မှာ ဘယ်အရာမဆို ဖုံးကွယ်ထားဖို. မဖြစ်နိုင်တော.ပါဘူး ။ ပွင်.လင်းမြင်သာမှု.နဲ.အတူ လူအများရဲ ဝေဖန် အကြံပြုသံတွေကို ခံစားရမှာပဲ ဖြစ်ပါတယ် ။ သတင်းတွေ အတော်များများ ဖတ်ကြည်.မိရင် ပြည်သူတွေရဲ. စိတ်သဘောထားတွေကို သိနိုင်ပါတယ် ။ ယနေ.မှာတော. တိုင်းပြည်တိုးတက်တာက နည်းနည်း ၊ မှုခင်းတွေ ဖြစ်တာက များများ ဖြစ်နေပါတယ် ။ ဘာကြောင်.လဲဆိုတာ စဉ်းစားကြည်.ပါ ။ အခြေခံ အကျဆုံးလို. ပြောရရင် ပြည်သူတွေရဲ. ဆင်းရဲမွဲတေမှု.ကြောင်.လို. ပြောကြမှာ ဖြစ်ပါတယ် ။ အစိုးရက ပြည်သူတွေကို အခွင်.အရေးတွေ လုပ်ပိုင် ခွင်.တွေ မပေးနိုင်တာလည်း ပါပါတယ် ။ အဓိက အကျဆုံးက လူတွေရဲ. စိတ်ဓါတ်ပဲ ဖြစ်ပါတယ် ။ အဲဒီ စိတ်ဓါတ်တွေကို ပြုပြင်မှသာ ကျွန်တော်တို. နိုင်ငံဟာ မြန်မြန်ဆန်ဆန် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဘယ်အရာမဆို သေသေချာချာ ရေရေရာရာ မသိဘဲ စမ်းတ၀ါးဝါးနဲ. လုပ်တက်ကြတာ ကျွန်တော်တို. မြန်မာ လူမျိုးတွေရဲ. အကျင်.ပဲ ဖြစ်ပါတယ် ။ လူအတော်များများမှာ ဒီလို အကျင်.ရှိနေကြပါတယ် ။

အရင်ကဆို အာဏာရှင်တွေကို ဝေဖန်ရင် အဖမ်းခံရပေမယ် အခုဆိုရင် လွတ်လွတ်လပ်လပ် ဝေဖန်လို. ရပါပြီ ။ သို.သော် လည်း မိမိ ဝေဖန်မယ်. အကြောင်းအရာကို သေသေချာချာ သိရှိပြီး ပိုင်ပိုင်နိုင်နိုင် ပြောတက်ဖို.တော. လိုအပ် ပါတယ် ။ သတင်း ဖြန်.ဝေခြင်းဟာ ဒီမိုကရေစီအတွက် အင်မတန် အရေးပါပါတယ် ။သာမန်ပြည်သူတွေ အနေနဲ. သတင်း အမှန်ကို ရအောင်ရှာဖွေဖို.နဲ. ရရှိလာတဲ. သတင်းတွေကို ကောင်းကောင်း အသုံးချ တက်ဖို. ကလည်း လိုအပ်ပါတယ် ။ ကိုယ်ရရှိလာတဲ. သတင်းတွေကို ကို်ယ်ထက်ပိုပြီး တက်သိနားလည်တဲ. မိတ်ဆွေ တွေနဲ. တိုင်ပင် ဆွေးနွေးပြီး သူတစ်ပါးကို ပြန်လည် ဖြန်.ဝေဖို.လည်း လိုအပ်ပါတယ် ။ ကိုယ်နဲ. ပတ်သက်တဲ. ပြဿနာတွေကို စုပေါင်းတိုင်ပင်ပြီး မလုပ်ရင် လက်တစ်ဆုပ်စာ လူစုကလာပြီး အားလုံးကို ချုပ်ချယ် သွားပါလိမ်.မယ် ။ ဒါကြောင်. ပြည်သူလူထူအားလုံး လက်တွဲပြီင်္း မိမိတို.ကိုယ်တိုင်လည်း ပြုပြင်ပြီး တခြား ပြုပြင်သင်.တာကို လက်တွဲညီညီ ပြုပြင်နိုင်မှသာ ဒီမိုကရေစီစနစ် ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ် ။

ကောင်းစံ

"ဒေါ်စု သမ္မတဖြစ်သွားရင် တိုင်းပြည် ဖယိုဖရဲ ဖြစ်သွားနိုင်တယ်၊ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး" ~ ဦးဝီရသူ (မစိုးရိမ်တိုက်အုပ်ဆရာတော်)

Posted by drmyochit Friday, November 29, 2013, under | No comments


မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် သမ္မတသစ်ရာထူးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဖြစ်သင့်ကြောင်း တရားဟောနေသည်ဟု သတင်းများပေါ်ထွက်နေသောကြောင့် ဧရာဝတီက တိုက်ရိုက်စုံစမ်းမေးမြန်းခဲ့ပါသည်။ “ဦးဇင်းဟော တာက စောင့်လေမျိုးနွယ်နဲ့ ပက်သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့ မယ်ဆိုရင် စစ်အစိုးရလက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး” ဟု အရှင်ဝီရသူက ဧရာဝတီသတင်းထောက် စနေလင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

မေး။ ။ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ ပြောဆိုနေကြပြီ။ ဦးသိန်းစိန်ကလည်း သမ္မတ ထပ်လုပ်မလုပ်ဆိုတာ မသိသေးတော့ ဘုန်းဘုန်းအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုသဘောထားရှိ ပါသလဲဘုရား။

ဖြေ။ ။ ၃ ယောက်စလုံး အရွေးခံမယ်ဆိုရင်တော့ ဦးဇင်းအနေနဲ့က သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တယ်။ သမ္မတကြီးက အရွေးမခံတော့ဘူးဆိုရင်တော့ ဦးရွှေမန်းကို ရွေးချယ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားလို့တော့မဟုတ်ပါဘူး။ ဒေါ်စု မှာက အားသာချက်လည်းရှိသလို အားနည်းချက်လည်းရှိတယ်။ အားသာချက်ကတော့ ဘ၀တခုလုံးကို လူထုအတွက်စွန့် လွှတ်ပြီးတော့ ပေးဆပ်ထားတာ။ အဲဒီအချက်ကတော့ သမ္မတကြီးရော၊ ဦးရွှေမန်းတို့ပါ သူ့ကို မသာနိုင်ဘူး။ တော်လှန်ရေး ဆင်နွှဲခဲ့တယ်၊ တော်လှန်ရေးစိတ်ဓါတ် အပြည့်အ၀ ရှိတယ်။ တော်လှန်ရေးသမားကောင်း တယောက်ဖြစ်တယ်။ အဲဒီအတွက် ဒေါ်စုကို ဘယ်ခေတ်၊ ဘယ်အခါနဲ့မှ မတူတဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ထားတယ်။

ဒါပေမယ့် ဒေါ်စုမှာက အုပ်ချုပ်ရေး အားနည်းတယ်။ ပြီးတော့ ဒေါ်စုက မြန်မာပြည်ရဲ့အထာနဲ့ မြန်မာပြည်ရဲ့အကြောင်းကို သိပ်မသိဘူး။ သူသိတာက တော် လှန်ရေးလုပ်ဖို့လောက်၊ အစိုးရကို တိုက်ခိုက်ဖို့လောက်ပဲသိတာလေ။ အဲဒါကြောင့် ဒေါ်စုသာ သမ္မတဖြစ်သွားမယ်ဆိုလို့ရှိ ရင် တိုင်းပြည်အုပ်ချုပ်ရေးက ဒီ့ထက်ပိုပြီး ဖယိုဖရဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဒီ့ထက်ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒေါ်စုအပေါ် မကျေနပ်ချက်တွေနဲ့ ပြည်သူလူထုတွေက အုံကြွဆူပူမှုတွေ ပြန်ဖြစ်နိုင်တယ်။ ဒေါ်စုသာ ပြည်သူလူထုအပေါ်မှာ အထာသိတယ်၊ မြန်မာပြည်အကြောင်းကို သိတယ်ဆိုလို့ရှိရင် သူတို့ ၃ ယောက် ထဲမှာ ဒေါ်စုကိုပဲ ရွေးချယ်မှာပေါ့။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့ပြီး သူ့သား ၂ ယောက်ဟာ နိုင်ငံခြား သားတွေတွေဖြစ်တဲ့အတွက် တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုယူဆလဲ။

ဖြေ။ ။ ဦးဇင်းတို့ကတော့ သူ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့သတင်းကို နားစွင့်လိုက်တော့ သူ့ရဲ့မျိုးဆက်တွေအထိ မပါဘူး၊ သူတယောက်ထဲ သမ္မတဖြစ်ခွင့်ရတာလိုပေါ့။ သူ့အိမ်ထောင်က ပျက်ဆီးသွားတဲ့အတွက်ကြောင့်ပေါ့။ အဲဒါဆိုရင်တော့ သူ့ကို လိုလားပါတယ်။ သူ့နောက်ကနေ ပါလာတဲ့လူတွေ အကုန်လုံးကို ဥပမာဆိုရရင် တိုင်းရင်းသားမဟုတ်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူ အကုန်လုံးကို သမ္မတ ထလုပ်မယ်ဆိုရင်တော့ မကောင်းဘူးလေ။ တိုင်းရင်းသားမဟုတ်တဲ့သူတွေကို ၀င်လို့မရအောင် ကာကွယ်ထားနိုင်ပြီးတော့ တိုင်းရင်းသားဖြစ်သူတွေ မည်သူမဆို သမ္မတ ဖြစ်ခွင့်ပေးတဲ့ ပုံစံဆိုရင်တော့ ဒေါ်စုကိုလည်း လိုလားပါတယ်။

မေး။ ။ အခု သတင်းတခုထွက်နေတာက ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးအတွက် ဦးဇင်းရဲ့ တရားပွဲတွေမှာ ထည့်သွင်းဟော ကြားနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ဦးဇင်းက ဒေါ်စု သမ္မတ မဖြစ်ရေးကို မဟောပါဘူး။ ဦးဇင်းဟောတာက စောင့်လေမျိုးနွယ်နဲ့ ပက် သက်ပြီးပဲ ဟောတာပါ။ ဒေါ်စုရဲ့ အိမ်ထောင်ဘက်သာ တိုင်းရင်းသားဖြစ်ခဲ့မယ်ဆိုရင် စစ်အစိုးရ လက်ထပ်မှာ နိုင်ငံခြားသားကို ယူခဲ့လို့ တိုက်ခံတာကို ခံရမှာ မဟုတ်ဘူး။ ၅၉ စ ကိုလည်း ပြင်စရာမလိုဘူး။ သမ္မတ လုပ်ဖို့ အလွယ်တကူပဲ။ အခုတော့ စောင့်လေမျိုးနွယ် တာဝန်ကို ပျက်ကွက်ခဲ့တဲ့အတွက် အမျိုးသမီးတွေရဲ့ အပုပ်ချတာလဲခံရတယ်၊ ကြံ့ခိုင်ရေးတွေရဲ့ လုပ်ကြံတာလည်း ခံရတယ်။ စစ်အစိုးရရဲ့ ထိုးနှက်တာလဲ ခံရတယ်။ လွှတ်တော်ထဲမှာလည်း ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့ ကျားကုတ် ကျားခဲ ကြိုးစားနေရတယ်။ အဲဒီလောက်ပဲ ဟောပြောတာပါ။

ဦးဇင်းကတော့ အမျိုးဘာသာ သာသနာကို အကျိုးရှိရာရှိကြောင်း၊ တကယ် အားကိုးရမယ့် သမ္မတ ဆိုလို့ရှိရင် ဒေါ်စုကို လို လားတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကိုလည်း လိုလားတယ်။ တကယ်လို့ အမျိုး ဘာသာ သာသနာအတွက် အဆိပ်အတောက် ဖြစ်နိုင်တယ်၊ အားကိုးလို့ မရဘူးဆိုရင်တော့ ဦးဇင်းတို့က ဘယ်သူမှ လက်မခံဘူးလေ။ အခု ပြည်သူတွေ လိုအပ်နေတာ ဒီအမျိုးစောင့် ဥပဒေကိုပေါ့။ အခုဆို ပြည်သူ ၄ သန်းကျော်က လက်မှတ်ထိုးထားတယ်။ တချို့ လက်မှတ်ထိုးချင်သူတွေက ရှိသေးတယ်။ ဦးဇင်းတို့က အပူတပြင်း လုပ်လိုက်ရလို့။ ဒီလို ပြည်သူလူထုကို ဥပက္ခာပြုပြီးတော့ လွှတ်တော်အမတ်တွေဟာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်မပေးနိုင်ဘူး။ တကယ်လို့ ဒေါ်စုကသာ မျိုးစောင့်ဥပဒေကို အကောင်အထည်ဖော်ပေးနိုင်လို့ရှိရင် ဒေါ်စု သမ္မတ ဖြစ်ရေးကိုလည်း ကြိုးစားလို့ရတယ်၊ ဒေါ်စုကို ရုပ်ထုလုပ်ပြီး ကိုးကွယ်မယ်ဆိုရင်လည်း ကိုးကွယ်ရဲတယ်။

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်မှုနဲ့ ပက်သက်ပြီး ဥပ မာပေးဟောတော့ တရားနာ လာတဲ့ လူထုကရော ဘယ်လိုတုံ့ပြန်တာမျိုးတွေ၊ ဘယ်လိုပြောဆိုတာမျိုးတွေ ရှိပါသလဲ။

ဖြေ။ ။ ပါရာဒိုင်းက ရွေ့သွားပြီဗျ။ ရခိုင်အရေး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ဒေါ်စုကို ပြည်သူလူထုက သိပ်ပြီးတော့ ကြည်ညိုလေးစားမှု အားနည်းသွားပြီ။ သိပ်ယုံကြည်မှု မရှိတော့ဘူး။ ဦးဇင်းပြောတာတွေကို အပြည့် အ၀ ထောက်ခံတယ်။

မေး။ ။ ဦးဇင်းက သံဃာတော် တပါးဖြစ်နေပြီးတော့မှ နိုင်ငံရေးနဲ့ ပက်သက်ပြီးတော့ အခုလို ဒေါ်အောင်ဆန်း စုကြည်ကို ဥပမာပေး ဟောကြားနေတာ တွေကို တချို့က ဝေဖန်ကြတယ်။ အဲဒီအပေါ်မှာရော ဦးဇင်း ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ဦးဇင်းတို့ကတော့ ဗုဒ္ဓတရားတော်နဲ့အညီ ဟောတာပဲလေ။ စောင့်လေမျိုးနွယ်ဆိုတာ ဘုရားဟော ခဲ့တယ်၊ ဘုရားဟော တယ်ဆိုတာကို ခေတ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ နမူနာ ပြပြီး ဟောသွား တာပဲလေ။ တရားတော်နဲ့အညီ ဟော တာဖြစ်တဲ့အတွက်ကြောင့် သူတို့ဝေဖန် ပုပ်ခတ်တယ်ဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒအရ ဦးဇင်းတို့က ခွင့်လွှတ်လို့ရပါ တယ်။ ဦးဇင်းက အစိုးရကို လိုလားသူလည်း မဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်သူလည်း မဟုတ်ဘူး။ အန်အယ်ဒီကို လိုလား သူလည်းမဟုတ်၊ ဆန့်ကျင်သူလည်းမဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးရှိမယ်ဆိုလို့ရှိရင် နောက်ဆုံးဗျာ အစ္စလမ်တွေနဲ့ ပူးပေါင်းဖို့တောင် ရည်ရွယ်ထားတဲ့သူပါ။ ဦးဇင်းကို တစုံတယောက်က ချုပ်ကိုင်ပြီးတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမှာ ဒေါ်စုကို အလဲထိုးဖို့ဆိုပြီး ဦးဇင်းကို ဘယ်သူမှ ချုပ်ကိုင်တာလည်း မရှိပါဘူး။ စေခိုင်းတာလဲ မရှိဘူး။ ဦးဇင်း ခံယူချက်၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေအရပဲလေ။

မေး။ ။ တိုင်းပြည်က ဒီမိုကရေစီအပြောင်းအလဲ နုနယ်နေသေးတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး တဖက်နဲ့ တဖက် အပြန်အ လှန် ပြောနေကြလို့ရှိရင် တိုင်းပြည်ရဲ့အရွေ့က ပြောင်းသွားနိုင်တယ်လို့ တချို့က ပြောနေကြတယ်။

ဖြေ။ ။ စိတ်ချပါ။ ဦးဇင်းတို့လမ်းကြောင်းနဲ့ ဦးဇင်းတို့ သွားနေကြတာက ဒီမိုကရေစီကိုလည်း မထိခိုက်စေရဘူး၊ လူ့အခွင့်အရေးကို လည်း မဆုံးရှုံးစေရဘူး၊ တရားဥပဒေ စိုးမိုးရေးကိုလည်း မထိခိုက်စေရပါဘူး။ ဦးဇင်းတို့က ပြည်သူလူထုနဲ့ အမြဲတမ်း ထိတွေ့နေရတာလေ။ ဘယ်နေရာပဲ သွားသွား၊ ဘာတွေပဲ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ ကြည့်တယ်။ အဲဒီဘောင်ထဲကနေပဲ သွားနေတာပါ။

Myanmar Express
 

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား

Posted by drmyochit Friday, November 29, 2013, under | 1 comment

(ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)

အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။

ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသား ခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။

ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။

ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်း လုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစား လုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများ ရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။

နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး တပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များ အတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်း စဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။

ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်း စစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတသဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေ

Posted by drmyochit Friday, November 29, 2013, under | No comments


(နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ တက်ရောက် လာသူများက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်ထောင် ဆန္ဒပြုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတ၏ သဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရန် အတွက် မေတ္တာရပ်ခံကြောင်း စာပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင် တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထား တုံ့ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံသောစာကို လက်ခံရရှိကြောင်း၊ ၀ိုင်းဝန်းညှိနှိုင်းဖြေရှင်း ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်သည် ကောင်းမွန်သင့်မြတ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ အနေဖြင့် တင်ပြလာသည့် အတွက် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီပေါင်း ၅၈ ပါတီရှိရာ ကျန်ရှိနေသော နိုင်ငံရေး ပါတီများ၏ သဘောထားနှင့် အကြံပြုချက် များကိုလည်း အလေးထားသင့်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး အခြေခံဥပဒေအရ အခွင့်အာဏာ အပ်နှင်းထားသော ပြည်ထောင်စု လွှတ်တော်သည် လက်ရှိအချိန်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသော ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို လေးစားရမည်ဖြစ်ပြီး ကျော်လွန်ရာ မရောက်ရှိစေရန်လည်း သတိပြုသင့်ပါကြောင်း၊ ထို့ကြောင့် ကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှသာ လေးပွင့်ဆိုင် ဆွေးနွေးရေးကိစ္စကို စဉ်းစားဆောင်ရွက် သင့်သည်ဟု နိုင်ငံတော်သမ္မတက သဘောထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ သဘောထား တုံ့ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ယင်းကိစ္စရပ်သည် နိုင်ငံရေးအရ အရေးကြီးသည့်ကိစ္စ ဖြစ်သည့်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

''ငြင်းဆိုတယ်ဆိုတဲ့ သဘောတော့ ပါချင်ပါမယ်။ ငြင်းဆိုတယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။ သို့သော် သူတို့က ဥပဒေသဘောအရ ပြောတာပါ။ ကျွန်တော်တို့က ဒီကိစ္စဟာ ဥပဒေသဘောတင် မကဘူး။ နိုင်ငံရေးအရ အရေးကြီးတဲ့ ကိစ္စလို့ သတ်မှတ်တယ်။ ကျွန်တော်တို့ လုပ်စရာရှိတာတွေ ဆက်လုပ်မှာပါ။ နောက်ဆုံးလုံးဝ ငြင်းဆိုတယ် ဆိုလည်း ဆက်လုပ်မှာပဲ။ NLD သက်တမ်း တစ်လျှောက် ဒီလိုပဲလုပ်လာရတာပဲ'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ''မြန်မာပြည်သူ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို သဘောထားလဲဆိုတာ ပထမသတိမူဖို့ လိုတယ်။ နောက် ၂၀၁၅ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ချဉ်းကပ်တဲ့ အခါမှာ အမတ် ၄၄ ဦးသာရှိသော လွှတ်တော်ထဲက ပါတီငယ်လေး တစ်ခုအနေနဲ့ မြင်ရင်မှားမယ်။ ၂၀၁၅ အလွန်မှာ ဖြစ်လာမယ့် နိုင်ငံရေး ချိန်ခွင်လျှာကို ထိန်းညှိနိုင်မယ့် ပုဂ္ဂိုလ်နဲ့ ပါတီဖြစ်တယ် ဆိုတာကို ကြိုသုံးသပ်မယ်ဆိုရင် သမ္မတဟာ မငြင်းပယ်သင့်ဘူး။ နောက်တစ်ခုက ပြည်ထောင်စု လွှတ်တော်ရဲ့ ကော်မတီ ၁၀၉ ဦးမှာ မပါလို့ ကျုပ်တော့ မတွေ့နိုင်ဘူးလို့ တုံးတိုက်တိုက် ပြောခဲ့မယ်ဆိုရင်၊ ဆွေးနွေးညှိနှိုင်းခြင်းကို မလိုလားရင် အနာဂတ်ကို ကြိုတင်စီမံချက် ဆွဲမထားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ လူထုက သုံးသပ်ကြမှာ။ ကျွန်တော်တို့ မြင်တာက တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းကို မျက်ကွယ်မပြုသင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာဟာ ၁၀၉ ဦးပါ ကော်မတီကို မျက်ကွယ်ပြုတယ် ဆိုရင်လည်းပဲ ဒါကို ကျွန်တော်တို့ လက်မခံဘူး။ ဘာလို့လဲဆို ၁၀၉ ဦးမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူး။ ၁၀၉ ဦးမှာပါတဲ့ ပါတီတစ်ခုရဲ့ ခုနစ်ဦးကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်တာ ကနဦးတင်ပြနိုင်တဲ့ ခုနစ်ဦးတင်ပြနိုင်တဲ့ စာတမ်းမာခြင်း၊ ပျော့ခြင်း၊ ဒီမိုကရက်တစ် ဆန်ခြင်းမဆန်ခြင်းနဲ့ ပတ်သက်လို့ ကြိုတင်ညှိနှိုင်းပြီးခါမှ သူ့ရဲ့ဦးတည်ချက်ကို ပြောင်းချင်လို့ သို့မဟုတ် သူ့ပါတီ ဦးတည်ချက်ဟာ အများနည်းတူ သို့မဟုတ် သမ္မတကြီးရဲ့ သက်သေခံရှေ့မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တစ်ခုခု အတွင်းစည်းထဲမှာ ညှိနှိုင်းတိုင်ပင်ချင်လို့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၅ ရာခိုင်နှုန်းကို ဘယ်လိုညှိနှိုင်းကြရင် ကောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုကို မချခင်လေးမှာ ညှိနှိုင်းတိုင်ပင်ပြီးခါမှ ပြည်ထောင်စုအတွက် ကောင်းရာကောင်းကြောင်းတွေကို တာဝန်အတူတူ ထမ်းဆောင်ချင်တယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ပါတယ်။ အဲဒါကို အသိအမှတ်ပြုဖို့ ကောင်းတယ်လို့ ပြောချင်ပါတယ်'' ဟု သုံးသပ် ပြောကြားသည်။

ထို့အတူ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ''၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် သမ္မတ၊ လွှတ်တော် အကြီးအကဲတွေနဲ့ ကာကွယ်ရေး ဦးစီးချုပ်သာမက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးမျိုးကို မဖြစ်မနေ လုပ်ရမှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တော့ ကြီးလေးကြီး ဆွေးနွေးပွဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအရ ငြင်းတာဆိုရင်တော့ မကောင်းဘူး။ အနိမ့်ဆုံး တွေ့နိုင်မယ့် လူအချို့နဲ့တွေ့ပြီး ဒေါ်စုဆီက ပေးချင်တဲ့ စကားကို နားထောင်ဖို့လိုမယ်။ ပြန်ဆွေးနွေးဖို့ လိုမယ်လို့ ထင်တယ်'' ဟု ပြောကြားသည်။

''အခုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးအတွက် ပြင်ဆင်ခြင်းဖြစ်တယ်။ အဲဒါကြောင့်မို့ သမ္မတရဲ့ အခန်းကဏ္ဍ ၂၀၁၅ အလွန်မှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတနဲ့ ဆွေးနွေးစရာ မလိုဘူးဆိုတာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့တော့ သူမအနေနဲ့ လွှတ်တော်ထဲမှာ မကြာခင်တွေ့ဆုံ ဆွေးနွေးတော့မှာ ဖြစ်တယ်။ အရေးကြီးဆုံး အချက်ကတော့ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိတပ်ပိုင်းဆိုင်ရာကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တော့ မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တရားဝင် ဖြစ်ချင်မှလည်း ဖြစ်မယ်။ အလွတ်သဘော ဖြစ်ချင်လည်းဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် ပြင်ဆင်ရမယ့် နေရာဟာ ပြည်ထောင်စု လွှတ်တော်ပဲ ဖြစ်တယ်။ ဒီအလွတ်သဘော ဆွေးနွေးမှုဟာ ၂၀၁၅ အလွန် မြန်မာနိုင်ငံ တည်ငြိမ်တိုးတက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အပေါ်မှာ နိုင်ငံတကာက ယုံကြည်စိတ်ချ စေဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်တယ်'' ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

''ဒါ့ကြောင့်မို့ ကျွန်တော့်အမြင် ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတနဲ့ တွေ့ဆုံစရာ မလိုပါဘူး။ လေးပွင့်ဆိုင်လည်း တွေ့စရာ မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေနဲ့လည်း လွှတ်တော်ထဲမှာ သီးသန့်တွေ့ဆုံ ဆွေးနွေးပါလိမ့်မယ်။ လွှတ်တော်ပြင်ပမှာလည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းပြည် အပြောင်းအလဲအတွက် အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင် လူထုခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ ခေါင်းဆောင်တစ်ဦးအဖြစ် မယူဆဘဲ အမြန်ဆုံး မဖြစ်မနေ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာ ပိုသင့်တော်ပါတယ်'' ဟု CEO ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားသည်။

Eleven Media Group

Thursday, November 28, 2013

ကံပစ်ချရာ

Posted by drmyochit Thursday, November 28, 2013, under | No comments




မိမိတို့ရဲ့ယုံမှားမှု့သံသယတွေကိုပယ်ဖျောက်နိုင်စေဖို့ ရရှိထားတဲ့ဘ၀အမှန်ကို ဘယ်သူတစ်ဦး တစ်ယောက်ကမှ လုပ်ပေးလို့ရတယ်ဆိုတဲ့ အယူအစွဲတွေ ယနေ့သူတော်စင်များ ရဲ့သန္တာန်မှာ အနည်းငယ်မျှမကျန်ရအောင် အား လုံးရဲ့သန္တာန်မှာ ရှင်းရှင်းလင်းလင်းနဲ့ အသိတွေကိန်းဖို့အတွက်က ကိုယ့်ရဲ့ဖြစ်ပေါ်လာတဲ့ဇစ်မြစ်အမှန်တရား တော်ကို ဖော်ထုတ်သိခွင့်ရမယ် ဆိုရင်တော့ သံသယမရှင်းနိုင်ဘူးလား…ရှင်းနိုင်ပါတယ်။ အေး ဒီသံသယတွေ ရှင်းနိုင်ဖို့က နဂိုတုန်းကတော့ ကိုယ်ဖြစ်လာတဲ့ဘ၀ကို သမိုင်းသုတေသီတွေကလည်းပဲ ဩော် လူနဲ့မျောက်က ဆင်သလိုလိုရှိတဲ့အတွက် မျောက်ကဆင်းသက်လာသလိုလို၊ တစ်ချို့ရှေးကျတဲ့အယူတွေကြောင့် ဗြဟ္မာ၊သိ ကြားပဲ မွေးဖွားလာသလိုလို၊ တန်ခိုးရှင်တွေဖန်ဆင်းရှင်တွေကပဲဖန်ဆင်းလို့ ပေါ်လာသလိုလို ဒီလိုမျိုးနဲ့ပဲ အယူ အစွဲတွေကအားကောင်းပြီး လက်ခံလာကြလို့ မှားယွင်းတဲ့အယူတွေနောက်မှာ တကောက်ကောက်ပါခဲ့ကြ အခု ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းလာတဲ့ သာသနာတော်နဲ့ အားလုံးသူတော်စင်တွေ လာဆုံတဲ့အခါမှာ အမှန်တရားတွေကိုနာခွင့်ရလို့ ဖန်ဆင်းရှင်၊တန်ခိုးရှင် ဆိုတာတွေလည်း မဟုတ်ပါလား၊ ဗြဟ္မာသိကြားကမွေးဖွား တယ်ဆိုတာလည်း မဟုတ်ပါလား၊ မျောက်ကဆင်းသက်လာတယ်ဆိုတာလည်း မဟုတ်ပါလား တကယ့်ကိုအ ကြောင်းတရားရှိပါလားလို့ ယနေ့မိမိတို့တရားတွေကိုနာရတဲ့အခါကျတော့ အသိအမြင်တွေက တိုးတိုးပြီးတော့ ဖြစ်ပေါ်ခဲ့တဲ့ သံသယတွေကို ကင်းစင်နိုင်လောက်အောင်ကော ဥာဏ်မရောက်ဘူးလား…ရောက်ခဲ့လား။ အဲ့ဒါ တွေကိုသိနိုင်ဖို့အတွက်က ယနေ့သူတော်စင်များရှေ့မှောက် တွေ့နေရတဲ့ပဋိစ္စသမုပ္ပါဒ်တရားကို သေချာကြည့် မယ်ဆိုရင်တော့ သဘောရှင်းမှာပါ။

ဒီပဋိစ္စသမုပ္ပါဒ်မှာကြည့်လိုက်ရင် အကွက်အားဖြင့် (၄)ကွက်မရှိဘူးလား။ (၁) အကွက်ကို လွန်ခဲ့ပြီးသော အတိတ်လို့မှတ်ထားနော်။(၂)အကွက်က ယခုကိုယ်ရထားတဲ့ဘ၀အမှန်ကို ဖော် ထုတ်ထားတဲ့ ပစ္စုပ္ပန်ဘ၀။ ဒါကြောင့် ယခုဖြစ်ဆဲပစ္စုပ္ပန်လို့မှတ်ထား။ ဟောဒီရရှိထားတဲ့ဘ၀အမှန်ကိုမသိရင် (၃)အကွက်မှာဒါတွေကိုပြန်ရအောင်ကြိုးစားနေတာဖြစ်တဲ့အတွက် ဒါကိုလည်းယခုလက်တွေ့ပစ္စုပ္ပန်မှာပြန်ကြိုး စားလို့ ယခုဖြစ်ဆဲပစ္စုပ္ပန်လို့ (၃)အကွက်ကိုလည်း မှတ်ထားပါ။ (၄)အကွက်က မရောက်သေး မရသေးတဲ့ အနာ ဂတ်ကို ဖော်ကြူးထားတာမို့လို့ နောင်ဖြစ်လတ္တံအနာဂတ်ကာလလို့ မှတ်ထားပါ။ ကာလအားဖြင့် သုံးပါး။အကွက် အားဖြင့်တော့ လေးကွက်ရှိတယ်ပေါ့။ ယနေ့မိမိတို့အားလုံးရောက်ရှိနေတာက (၂)အကွက်ထဲမှာနော်။ အဲ့တော့ (၂)အကွက်ထဲမှာ အားလုံးသော သတ္တ၀ါတွေ အပါယ်လေးဘုံကိုရောက်နေတဲ့ အပါယ်လေးဘုံသားတွေလည်းရှိ တယ်၊ လူ့ပြည်ကိုရောက်နေတဲ့ လူသားတွေရှိတယ်၊ နတ်ပြည်ကိုရောက်နေတဲ့ နတ်သားနတ်သမီးတွေရှိကြ တယ်၊ ဗြဟ္မာပြည်ကိုရောက်နေတဲ့ ဗြဟ္မာကြီးတွေလည်းရှိကြတယ်။ ၃၁ဘုံထဲမှာရှိနေကြတဲ့သတ္တ၀ါတွေအားလုံး ဘယ်အကွက်မှာတွေ့ရမလဲ…(၂)အကွက်မှာ။

အရင်တုန်းကတော့ ဗြဟ္မာ၊သိကြားကပဲ မွေးဖွားထားသလိုလို၊ တန်ခိုးရှင်၊ဖန်ဆင်းရှင်တွေကပဲ ဖန်ဆင်းထားသလိုလို ၊ သူတို့ကိုမကိုးကွယ်ရင် ဒဏ်ခတ်တဲ့အနေနဲ့အပါယ်လေး ဘုံကိုချသလိုလို၊ ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်များကျတော့လည်း သူတို့ကိုပူဇော်ပသတဲ့အတွက်ကြောင့်မို့လို့ လူ ချမ်းသာ ၊ နတ်ချမ်းသာကို ပေးသလိုလိုနဲ့ သလိုလိုနဲ့တက်လာခဲ့တဲ့ဘ၀ကြီးဟာ ရှည်ကြာခဲ့ပါပြီ။ အခုမြတ်စွာဘု ရားပွင်လာတဲ့အခါကျမှ ဒါတွေအားလုံး ဘာတစ်ခုမှမဟုတ်ဘူးဟေ့။ ဟောဒီပစ္စုပ္ပန်မှာဖြစ်ပေါ်နေကြတဲ့ သတ္တ၀ါ တွေကို ဖြစ်ပေါ်စေတဲ့အကြောင်းအရာဟာ တစ်ခြားမဟုတ်ပါဘူးဆိုပြီး အတိတ်မှာမှာဖော်ထုတ်ပြီးတော့ အ တိတ်နဲ့ပစ္စုပ္ပန်ကို အကြောင်းအကျိုးဆက်စပ်တဲ့နေရာမှာ သေချာသဘောပေါက်အောင် နားလည်လွယ်အောင်...........
ကံပစ်ချရာ သတ္တ၀ါ ရောက်ကာနေရသည်

အခုပစ္စုပ္ပန်မှာရှိနေကြတဲ့သတ္တ၀ါတွေ ခေါင်းအမျိုးမျိုးတပ်ပြီးတော့ ဆိုင်းဘုတ်တွေမရေမတွက်နိုင်အောင် ဆွဲထား ပါစေ။ အဲ့ဒီမြားမြောင်လှတဲ့သတ္တ၀ါအမျိုးအမည်ပေါင်းကို ဘယ်သူတွေကများ ရအောင်ပြုလုပ်ပေးခဲ့သလဲဆို တော့ကိုယ်ဆိုင်ရာ ဆိုင်ရာအတိတ်ကလုပ်ခဲ့တဲ့ကံက ပြုလုပ်ပေးတယ် လို့မှတ်လိုက်နော်။ ဟောဒီပစ္စုပ္ပန်သတ္တ၀ါ တွေကို ဘယ်သူလုပ်ပေး … ကံတရားကလုပ်ပေးတယ်။ အဲ့ဒီကံသင်္ခါရဆိုတာ ပစ္စုပ္ပန်မှာရောက်လာတဲ့သတ္တ၀ါ တွေအတွက်ကို ဟောဒီအတိတ်က ဖော်ကြူးထားတဲ့ သင်္ခါရတစ်လုံးမရှိဘူးလား။ အဲ့ဒီသင်္ခါရတရားမှာ သုံးမျိုးရှိ တယ်လို့မှတ်ထား။ ပုညာဘိသင်္ခါရဆိုတဲ့ ကုသိုလ်၊ အပုညဘိသင်္ခါရဆိုတဲ့ အကုသိုလ်၊ အနဉ္စာဘိသင်္ခါရဆိုတဲ့ ဈာန်၊သမထကုသိုလ် ရယ်ဆိုပြီး ရှိတယ်။ ကုသိုလ်သင်္ခါရကို အတိတ်တုန်းကလုပ်ခဲ့ရင် ယခုပစ္စုပ္ပန်မှာ လူ့ဘ၀အ ဖြစ်နဲ့ ပုံသဏ္ဏာန်အထည်တွေနောက်ကိုလိုက်ပြီး ဆိုင်းဘုတ်ဆွဲထားတဲ့ လူအဖြစ်နဲ့လည်းတွေ့ရမယ်၊နတ်အဖြစ်နဲ့ လည်းတွေ့ရမယ်၊ ရူပဗြဟ္မာအဖြစ်နဲ့လည်းတွေ့ရမယ်။ ဒီလိုဆိုရင် လူတွေ၊နတ်တွေ၊ဗြဟ္မာတွေကို ဖြစ်ပေါ်စေတဲ့ တရားသည် ပုညာဘိသင်္ခါရလို့မှတ်ထားနော်။ အနဉ္စာဘိသင်္ခါရကိုလုပ်ရင် အရူပဗြဟ္မာကိုရစေတယ်။ ဒီလိုဆိုရင် ဈာန်၊သမထကုသိုလ်တွေကိုလုပ်ရင် အရူပဗြဟ္မာကိုဖြစ်စေတယ်။ အပုညာဘိသင်္ခါရကိုလုပ်မယ်ဆိုရင် အပါယ် လေးဘုံကျမယ်၊ အပါယ်လေးဘုံကိုရောက်မယ်ပေါ့။

ကဲဒီလိုဆိုရင် အတိတ်ကသာ အပုညာဘိသင်္ခါရကိုလုပ်ရင် ယနေ့လူ့ဘုံရောက်ပါ့မလား။ နတ်ဘုံ၊ဗြဟ္မာဘုံရော တက်ချင်လို့ဖြစ်ပါ့မလား။ သူနဲ့ထိုက်တန်တဲ့အကျိုးပေးသည် ဘာလဲမေးရင် အပါယ်လေးဘုံ။ အတိတ်ကသာကောင်းမှု့ကုသိုလ်တွေလုပ်ခဲ့မယ်ဆိုရင် ဟောဒီပစ္စုပ္ပန်မှာ အပါယ်လေးဘုံကလွတ်ပြီး ယနေ့ရတဲ့လူ့ဘ၀လည်းရမယ်။ ဒီထက်မြင့်မြတ်တဲ့ နတ်ဘုံ၊ဗြဟ္မာဘုံလည်းရမယ်ဆို တော့ ကုသိုလ်သင်္ခါရရဲ့ အကြောင်းရှိရင် သုဂတိဘုံ လူနတ်ဗြဟ္မာမရဘူးလား။ အကုသိုလ်လုပ်ခဲ့မယ်ဆိုရင် အပါယ်လေးဘုံမကျဘူးလား။ ကဲဒီလိုဆိုရင် ၃၁ဘုံထဲရှိနေကြတဲ့ သတ္တ၀ါတွေသည် ဖန်ဆင်းရှင်၊တန်ခိုးရှင်နဲ့ဆိုင် သလား။ ဗြဟ္မာ၊သိကြားကမွေးဖွားတယ်ဆိုတာရော လက်ခံစရာအကြောင်းရှိသလား။ အဲ့လိုဆိုရင် ဒို့လုပ်ခဲ့တဲ့ အကြောင်းတရားတွေ ရှိလား..မရှိဘူးလား …ရှိပါတယ်။ အဲ့ဒီအကြောင်းတရားက သတ္တ၀ါတွေဖြစ်ရတာသည် ကံပစ်ချလို့ဆိုရင် မမှန်ဘူးလား။ အဲ့ဒီကံသင်္ခါရကို ဘယ်သူက အုပ်ချုပ်ခဲ့လဲမေးရင် .. အ၀ိဇ္ဇာ။

ဒါဖြင့် အ၀ိဇ္ဇာအုပ် ချုပ်ပြီး ကံသင်္ခါရတွေပြုလုပ်ပြီး ဟောဒီပစ္စုပ္ပန်မှာ လူ၊နတ်၊ဗြဟ္မာအဖြစ်တွေ့ရတယ်။ အဲ့ဒီတွေ့ရတဲ့ ၃၁ဘုံထဲမှာ ရောက်တဲ့အရပ်တွေကို အပါယ်လေးဘုံထက် လူ့ဘုံကမြတ်တယ်၊ လူ့ဘုံထက်နတ်ဘုံကမြတ်တယ်၊ နတ်ဘုံ ထက် ဗြဟ္မာဘုံကမြတ်တယ်လို့ သူ့ချမ်းသာချမ်းသာလေးတွေကို ဆင့်ကဲဆင့်ကဲပြတော့ အပါယ်လေးဘုံထက် လူ့ဘ၀ကို သာယာကြတယ်။ လူ့ဘုံထက် နတ်ဘုံကိုသဘောကျတယ်။ နတ်ဘုံထက်ဗြဟ္မာဘုံကို တပ်မက်နေ ကြတယ်။ အဲ့ဒီလိုမျိုးဆင့်ကဲ ဆင့်ကဲတပ်မက်နေတဲ့အတွက်ကြောင့်မို့လို့ ဟောဒီပစ္စုပ္ပန်မှာပြန်ပြီးတော့ အပါယ် လေးဘုံကိုမကျရအောင် လူ့ဘုံကိုလိုချင်တဲ့တဏှာနဲ့ရော မကြိုးစားဘူးလား။ နတ်ဘုံ၊ဗြဟ္မာဘုံကိုလိုချင်တဲ့ တ ဏှာနဲ့လည်း ကြိုးစားကြတယ်။ အဲ့ဒီတဏှာအုပ်ချုပ်ပြီးတော့ ကံသင်္ခါရတွေလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကမ္မ ပ စ္စယာ ဇာတိဆိုပြီး အနာဂတ်သံသရာမှာ ဇာတိချောက်ထဲပြန်မကျဘူးလား။

ဇာတိဘာသစ္စာ…ဒုက္ခသစ္စာ။ ဇာတိ ဆိုတဲ့တရားရရင် အိုသေရောမရဘူးလား။ အိုသေလည်း ဘာသစ္စာ…ဒုက္ခသစ္စာ။ လက်ရှိပစ္စုပ္ပန်မှာလည်း အပါယ်လေးဘုံသားလည်း ဒို့တွေအားလုံးဟာ ဟောဒီပစ္စုပ္ပန်မှာရောက်နေတယ်လို့ပြောပေမယ့် တကယ်တမ်း ကျတော့ ရောက်ရာဌာနကို ချမ်းသာတယ် ချမ်းသာတယ်လို့ ထင်ခဲ့ကြတဲ့အရာတွေအားလုံး ဘာတစ်ခုမှမဟုတ် ပါလားဆိုတာကို ယနေ့သိရအောင်က ရောက်လာတဲ့အရပ်ဌာနကိုကြည့်လိုက်ရင် အပါယ်လေးဘုံသားလည်း ၀ိ ညာဏ်ကစတယ်လို့မှတ်ထား။ လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ပြည်ကိုရောက်တဲ့ ပုဂ္ဂိုလ်လည်း ဘယ်ကစလဲ..၀ိညာဏ်။ ဒါဘ၀မှာအဦးဆုံး အစဆုံးဖြစ်တဲ့ ပဋိသန္ဓေစိတ် ၊ခန္ဓာအားဖြင့် ၀ိညာဏက္ခခန္ဓာ။ သစ္စာနဲ့ပြောရင် ဒုက္ခသစ္စာ။ ဘာနဲ့စခဲ့တုန်း ..ဒုက္ခသစ္စာနဲ့စခဲ့တယ်။ အဲ့ဒီဝိညာဏ်ရတဲ့ပုဂ္ဂိုလ်တိုင်း ၀ိညာဏပစ္စယာ နာမရူပံဆိုပြီးတော့ နာမ် ရုပ်ရောမပေါ်ဘူးလား။ အဲ့ဒီနာမ်ရုပ်မှာ စေတသိတ်နာမ်ရယ် ဟောဒီရုပ်တရားတွေကရယ်က ၃၁ဘုံထဲသတ္တ၀ါ တွေထဲမှာ ၂၈ပါးသော ရုပ်တွေက ပါပြီးသားဆိုတော့ ခန္ဓာငါးပါးပြသွားတယ်။

ဆရာတော်အရှင်ပုညာနန္ဒ၏ ကံပြစ်ချရာတရားတော်မှ ထုတ်နှုတ်ဖော်ပြအပ်ပါသည်။

Posted by သုံးဆယ် သား
Words of Buddha

သိပံ္ပပညာရှင် Albert Einstein

Posted by drmyochit Thursday, November 28, 2013, under | No comments

Modern Physics ရဲ့ဖခင်လို့ အများကတင် စားလေ့ရှိတဲ့ သိပံ္ပပညာရှင် Albert Einstein ပဲဖြစ်ပါတယ်။ E=mc2 လို့ ဆိုလိုက်တာနဲ့ German လူမျိုး သိပ္ပံပညာရှင် Einstein ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ Einstein နဲ့ ပတ်သက်တဲ့ သူ့ဘ၀အကြောင်းလေးတွေနဲ့ သူ့ရဲ့သိပ္ပံလေ့လာတွေ့ရှိချက်တွေကို MYMC ပရိသတ်ကြီးကို တင်ဆက်ပေးသွားမှာ ပါ။ ကျွန်တော်နဲ့အတူ ကူညီတင်ဆက်ပေးမယ့် ဒီဂျေကတော့ ^AnGeL^ ပဲ ဖြစ်ပါတယ်။ မပြည့်စုံမူများ ရှိခဲ့တယ်ဆိုရင်လည်း နားလည်မှုနဲ့ ခွင့် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကဲ... ဒါဆိုရင် ပထမဦးဆုံးအနေနဲ့ DJ ကပဲ Einstein ရဲ့ ငယ်ဘ၀နဲ့ သူကြီးပြင်းလာပုံလေးကို စတင်ပြော ပေးပါအုံးနော်။ 

ကိုယ်ရေးအကျဉ်းနဲ့ ငယ်ဘဝ
သိပံ္ပပညာရှင် Einstein ရဲ့ နာမည်အရင်းကတော့ Alert Einstein ဖြစ်ပါတယ်။ Einstein ကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးရပ်ဇာတိကတော့ German Empire ကြီးထဲက မြို့တစ်မြို့ဖြစ်တဲ့ Ulm မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ဖခင်ကတော့ အရောင်းအ၀ယ် စီးပွားရေး သမား၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Hermann Einstein ဖြစ်ပြီး မိခင်ကတော့ Pauline Einstein ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ Einstein တို့မိသားစုဟာ Munich မြို့ကို ပြောင်းရွေ့ခဲ့ပြီး အဲဒီမြို့မှာပဲ သူ့အဖေနဲ့ သူ့ဦးလေးဖြစ်သူတို့ဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Company တစ်ခုကို စတင်ထူထောင်ခဲ့ပါ တယ်။ Einstein ဟာ အသက် ၅ နှစ်ကစပြီး Catholic Elementary School မှာ သုံးနှစ်ကြာ ပညာစတင် သင်ယူခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ Einstein ဟာ primary နဲ့ secondary ကို Luitpold Gymnasium ကျောင်းမှာ ၇ နှစ်တတ်ခဲ့ပြီးတော့ Germany ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကလေးဘ၀တုန်းက Einstein ဟာ စကားစပြောဖို့ တော်တော်လေး အချိန်ယူခဲ့ရပေမယ့်လည်း elementary school မှာတော့ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Einstein ဟာ အတွေးအခေါ်နဲ့ စူးစမ်းလေ့လာစိတ်ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်မှာ သူ့ဖခင်ဆီကနေ အိတ်ဆောင်သံ လိုက်အိမ်မြောင်လေးတစ်ခုကို စပြီးမြင်ဖူးတဲ့ အချိန်မှာပဲ Einstein ဟာ လေဟာနယ်ထဲက အရာတစ်ခုခုက သံလိုက်အိမ်မြှောင်ရဲ့ လက်တံကို လှုပ်ရှားအောင် လုပ်နေတာဖြစ်မယ်ဆိုပြီး တွေးတောမိခဲ့ပါတယ်။ Einstein ဟာ ကြီးပြင်းလာတာနဲ့အမျှ စက်ကိရိယာတချို့ကို ကိုယ်တိုင်ဒီဇိုင်း ဆွဲတီထွင်ပြီး သူ့ရဲ့သချာင်္စွမ်းရည်ကို ပြသခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်တွေမှာတော့ Poland နိုင်ငံသား ဆေးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Max Talmey က ၁၀ နှစ်သားအရွယ် Einstein ကို သိပံ္ပပညာရပ်တွေ၊ သချာင်္သင်ခန်းစာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးခေါ်ချက်တွေကို သူတို့နှစ်ယောက် ထမင်းအတူတူစားရတဲ့ အချိန်ပိုင်းလေးမှာ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခဲ့မှုဟာ Einstein အတွက်တော့ သိပ္ပံပညာရပ်အပေါ် ရူးသွပ်မှုကို အစဖော်ပေးလိုက်ခြင်းပါပဲ။ 

 ၁၈၉၄ ခုနှစ် AC/DC current wars ဖြစ်တဲ့အချိန်မှာတော့ Einstein အဖေဖြစ်သူရဲ့ Company ဟာ အရှူံးပေါ်ခဲ့ပြီး စီပွားရေးအခြေအနေကြောင့် သူတို့မိသားစုဟာ အီတလီကို ပြောင်းရွေ့ခဲ့ကြပါတယ်။ စစချင်းမှာတော့ Milan မြို့ကို ပြောင်းရွေ့ခဲ့ပြီး နောက်တော့ Pavia ဆိုတဲ့ မြို့လေးမှာ အခြေချဖြစ်ခဲ့ကြ တယ်။ ဒါပေမယ့် Einstein ကတော့ Munich မြို့လေးမှာပဲ ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ပညာရေးကို မထိခိုက် အောင် ဆက်လက်လေ့လာခဲ့ပါတယ်။ သူ့အဖေကတော့ သူ့သား Albert Einstein လေးကို Electrical Engineer တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမယ့်လည်း Einstein ဟာ စာသင်ကြားမှုလမ်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျောင်းကအာဏာပိုင်တွေနဲ့ ကတောက်ကဆ ဖြစ်လိုက်ပါသေးတယ်။ နောက်နှစ်အ နည်းငယ်အကြာမှာ Einstein က အလွတ်ကျက်မှတ်ပြီး စာသင်ကြားခြင်းဟာ တီထွင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတယ်လို့ ရေးသားခဲ့ပါတယ်။ Einstein ဟာ သူ့ရဲ့ကိုယ်ပိုင် ဖုန်းနံပါတ်ကိုတောင် မှတ်မိသူ မဟုတ်ပါဘူး။ ၁၈၉၅ မှာတော့ သူ့မိသားစုရှိတဲ့ဆီကို ဆရာဝန်ရဲ့ထောက်ခံစာနဲ့ ကျောင်းထွက်ပြီး သွားခဲ့ ပါတယ်။ အဲဒီ့အချိန်ကစပြီး Einstein ဟာ "The Investigation of the State of Aether in Magnetic Fields" ဆိုတဲ့ သူ့ရဲ့ပထမဦးဆုံး သိပံ္ပလက်တွေ့ စမ်းသပ်ချက်ကို ရေးသားခဲ့ပါတယ်။

Einstein ဟာ Zurich, Switzerland က Eidgenössische Polytechnische Schule (ETH) ကျောင်းဝင်ခွင့် ဖြေဆိုခဲ့ပါသေးတယ်။ အဲဒီ စာမေးပွဲကို သူကျခဲ့ပေမယ့်လည်း Mathematics နဲ့ Physics ဘာသာတွေမှာတော့ အမှတ်အလွန် ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Einstein ကို သူ့မိသားစုက Switzerland မြောက်ဘက်ပိုင်းမှာရှိတဲ့ Aarau ကိုလွှတ်ပြီး Secondary School ကို ပြီးအောင် ပညာဆက်လက် သင်ကြားစေခဲ့ပါတယ်။ Aarau မှာ Einstein ဟာ Maxwell ရဲ့ Electromagnetic Theory ကို သင်ကြားခဲ့ပြီး အသက် ၁၇ နှစ်မှာ သူကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်းပဲ Einstein ဟာ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်ဖို့အတွက် သူ့ဖခင်ရဲ့ သဘောတူညီမှုနဲ့ German နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ Zurich Polytechnic မှာ Mathematics နဲ့ Physics ကို ၄ နှစ်ကြာ ဆက်လက်သင်ကြားခဲ့ပါတယ်။ 

အိမ်ထောင်ရေးနှင့် မိသားစု 

 Einsten ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာကို ပြောရမယ်ဆိုရင်တော့ ၁၉၀၃ ခုနှစ်မှာ Einstein ဟာ သူနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ Mileva Maric နဲ့ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ်ကနေ အတူတူသွားလာ၊ စာပေအကြောင်း ဆွေးနွေးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ၁၉၉၀ ခုနှစ်မှာ Einstein ဟာ Diploma ရခဲ့ပေမယ့် Maric ကတော့ သချာင်္ဘာသာရပ်မှာ အမှတ်နည်းတာကြောင့် စာမေးပွဲ ကျရှုံးခဲ့ပါတယ်။ ၁၉၀၄ ခုနှစ် မေလမှာ သူတို့ရဲ့သားဦး Hans Albert Einstein ကို Switzerland နိုင်ငံ Bern မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသား Eduard ကိုတော့ Zurich မြို့မှာ ၁၉၁၀ ပြည့်နှစ်၊ ဇူလိုင်လမှာ မွေးဖွား ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ Einstein ဟာ Berlin ကို ပြောင်းရွေ့ခဲ့ပြီး သူ့အမျိုးသမီးကတော့ သားနှစ် ယောက်နဲ့ ကျန်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ Einstein တို့ အိမ်ထောင်ရေးဟာ ၅ နှစ်ကြာ ခွဲပြီးနေထိုင်ခဲ့တဲ့အတွက် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၁၉ ဇွန်လ ၂ ရက်နေ့မှာတော့ Einstein ဟာ နောက်အိမ်ထောင်ဖြစ်တဲ့ Elsa နဲ့လက်တွဲခဲ့ပါတယ်။ အမှန်တော့ Elsa နဲ့က ၁၉၁၂ ခုနှစ်ကတည်းက ဆက်သွယ်မှုရှိခဲ့ပြီး Einstein နဲ့ အမျိုးလည်းတော်ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ သူတို့ဟာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ခဲ့ကြပါတယ်။ Elsa ဟာ ၁၉၃၅ ခုနှစ်မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါ ရရှိခဲ့ပြီး ဒီရောဂါနဲ့ပဲ ဒီဇင်ဘာ ၁၉၃၆ မှာ ကွယ်လွန်ခဲ့ပါတယ်။

အလုပ်အကိုင် 

 ဆက်လက်ပြီး Einstein ရဲ့ လုပ်ငန်းခွင်အကြောင်းလေးတွေကို ပြောပြပါမယ်။ Einstein ဟာ ဘွဲ့ရပြီးပြီးချင်း ၂ နှစ်လောက် စာသင်တဲ့အလုပ်ကို ရှာဖွေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Einstein ရဲ့ အတန်းဖော်တစ်ယောက်ရဲ့ ဖခင်အကူအညီနဲ့ Bern မြို့က Patent Office မှာ လက် ထောက်စာမေးပွဲစစ်ဆေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာတော့ Einstein ဟာ Swiss Patent Office မှာ ရာသက်ပန် ၀န်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ များသောအား ဖြင့်တော့ သူ့အလုပ်တွေက Electric signal တွေရဲ့ Transmission ဖြစ်ပေါ်မှုတွေအကြောင်းနဲ့ Electrical, mechanical နဲ့ပတ်သတ်တဲ့ မေးခွန်းများစွာကို ဖြေရှင်းလေ့လာရပါတယ်။ Bern မြို့က သူငယ်ချင်းတစ်ခုနဲ့အတူ Einstein ဟာ Olympia Academy အဖွဲ့ဆိုပြီး နောက်နောက် ပြောင်ပြောင်ဖွဲ့ပြီးတော့ Science နဲ့ philosophy အကြောင်းတွေကို မကြာခဏ လေ့လာဆွေးနွေးလေ့ရှိပါတယ်။ သူတို့ဖတ်တဲ့၊ လေ့လာတဲ့ အကြောင်းအရာတွေထဲမှာ Einstein ရဲ့ သိပံ္ပပညာနဲ့ အတွေးအခေါ်တွေအပေါ် လွမ်းမိုးမှုအများကြီးရှိတဲ့ Henri Poincare', Ernst Mach နဲ့ David Hume တို့အကြောင်းတွေ ပါဝင်ပါတယ်။ 

ပညာရေးအလုပ်အကိုင်

 ၁၉၀၁ ခုနှစ်မှာတော့ Einstein ရဲ့ စာတမ်းတစ်စောင်ဟာ Physics စာအုပ်တစ်အုပ်မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ် ဧပရယ်လ ၃၀ ရက်နေ့မှာတော့ Einstein ဟာ သူ့ရဲ့စာတမ်းပြုစုချက်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီစာတမ်းကြောင်းပဲ Einstein ကို Zurich University က PhD ချီးမြှင့်ခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကို အများကတော့ Einstein ရဲ့ ကံအကောင်းဆုံးခုနှစ်လို့ ပြောရလောက်အောင် အဲဒီနှစ်မှာပဲ သူ့ကိုပညာရေးနယ်ပယ်က အသိအမှတ်ပြုသွားစေတဲ့ စာတမ်း ၄ စောင်ကိုလည်း ထုတ်ပြန်နိုင် ခဲ့ပါသေးတယ်။ ၁၉၀၈ ခုနှစ်မှာတော့ သူ့ကိုထက်မြတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်အဖြစ် အသိအမှတ် ပြုခြင်းခံရပြီး Bern University မှာ ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ မကြာခင်မှာပဲ Einstein ဟာ Patent office ကနေ အလုပ်ထွက်လိုက်ပြီးတော့ Zurich University မှာ Physics ပညာရပ်ကို သင်ကြား ပို့ချခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ Professor တစ်ယောက် ဖြစ်လာခဲ့ပြီး ၁၉၁၄ ခုနှစ်မှာ Germany ကို အလုပ်တာဝန်နဲ့ ပြန်သွားခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာ Einstein ဟာ German Physical Society ရဲ့ President အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ 

၁၉၁၁ ခုနှစ်မှာ Einstein ဟာ သူ့ရဲ့ general relativity ကို အခြေခံပြီးတော့ နေရောင်ခြည်ရဲ့ ဆွဲငင်အားကြောင့် ကြယ်တစ်စင်းရဲ့ အလင်းရောင်ဟာ ကွေ့ကောက်သွားနိုင်တယ်ဆိုတာကို တွက်ချက်လို့ ရခဲ့ပါတယ်။ အဲဒီတွက်ချက်မှုကို ၁၉၁၉ ခုနှစ် မေလ ၂၉ ရက် Solar Eclipse မှာ အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ Einstein ကို ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ Einstein ဟာ Physics ပညာရပ်မှာ Nobel Price ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် Royal Society က Copley Medal ကိုလည်း ၁၉၂၅ ခုနှစ်မှာ ရရှိခဲ့ပါသေးတယ်။ 

ကမ္ဘာအနှံ့ လှုပ်ရှားမှုများ

 ၁၉၂၁ ခုနှစ် ဧပရယ်လ ၂ ရက်နေ့မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်မှုနဲ့ New York မြို့တော်ကို စာပေ ပို့ချဖို့အတွက် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး Washington ကိုလည်း သွားရောက်ခဲ့ ပြီး အိမ်ဖြူတော်ကို နိုင်ငံတကာ သိပ္ပံပညာရှင်များကိုယ်စား သွားရောက်ခဲ့ပါတယ်။ Europe ကို အပြန်လမ်းမှာ လည်း သိပ္ပံပညာရှင်များစွာနဲ့ တွေ့ဆုံခဲ့ပြီးတော့ ပညာရေးဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ၁၉၂၂ ခုနှစ်မှာ အာရှဘက်ကို သွားရောက်ခဲ့ပြီး Japan မှာတော့ တော်ဝင်မိသားစုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ Japan လူမျိုးတွေကို အနှစ်သက်ဆုံးဖြစ်တယ်လို့ Einstein ဟာ သူ့ရဲ့သားဖြစ်သူကို ရေးထားခဲ့တဲ့ စာတစ်စောင်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

Germany ကို Hitler အုပ်ချုပ်ပြီးတဲ့နောက်တော့ Einstein ဟာ ၁၉၃၃ ခုနှစ်မှာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဧပရယ်လမှာ Einstein ဟာ US က University တွေကို သွားရောက်နေတုန်း သူကြား သိလိုက်ရတာက German အစိုးရက ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Nazi Booking Burnings ဖြစ်ပွားခဲ့ကာ သူ့ကိုလည်း $5000 နဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ထက်မြတ်မှုဟာ Nazi တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ Germany က အခြားသော သိပ္ပံပညာရှင်တစ်ချို့လည်း ဒီအဖြစ်အပျက်ကြောင့် United States ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ၁၉၄၀ မှာတော့ Einstein ဟာ US နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ 

သိပ္ပံပညာ လှုပ်ရှားမှုများ

(^AnGeL^) Einstein ဟာ သူ့ဘ၀တစ်လျှောက်လုံး စာအုပ်ပေါင်းစွာနဲ့ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။ များသောအားဖြင့် သူ့ရဲ့ စာအုပ်တွေဟာ Physics အကြောင်းဖြစ်ပေမယ့် တချို့စာအုပ်တွေကတော့ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်းနဲ့ လူမှုရေး အကြောင်းတွေဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ သိပ္ပံလှုပ်ရှားမှုတွေနဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။ 



Annus Mirabilis papers 

Annus Mirabilis papers ကတော့ ၁၉၀၅ ခုနှစ် Annalen der Physik မှာ ပါဝင်ခဲ့တာပါ။ ဒီစာတမ်းမှာတော့ Einstein ဟာ photoelectric effect, Brownian motion, the special theory of relativity နဲ့ E = mc2 အကြောင်းကို ရေးသားထားပါတယ်။

Thermodynamic fluctuations and statistical physics
ဒီစာတမ်းကတော့ Einstein ရဲ့ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းရဲ့နောက်ဆက်တွဲ စာတမ်းတွေကိုလည်း ၁၉၀၂ ခုနှစ်၊ ၁၉၀၃ခုနှစ် နဲ့ ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။ 

General principles
Einstein ဟာ the Principle of Relativity ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တခြား Principle တွေဖြစ်တဲ့ the Principle of Equivalence, the Principle of Adiabatic Invariance of the Quantum Number နဲ့ Mach's Principle တို့ကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

Theory of relativity and E = mc2
Theory of Relativity ကို အခြေခံပြီးတော့ Einstein ဟာ E = mc2 ဆိုတဲ့ ညီမျှခြင်းတစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီညီမျှခြင်းကတော့ Nuclear စွမ်းအား ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Einstein ရဲ့ အကျော်ကြားဆုံး ညီမျှခြင်းလို့လည်း ပြောလို့ရပါ တယ်။ 

Photons
၁၉၀၅ ခုနှစ်မှာ Einstein က အလင်းရောင်ထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေ ပါဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီအဆိုကိုတော့ ၁၉၁၉ ခုနှစ်ကမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။ 

Einstein ရဲ့ အခြားတွေ့ရှိချက်တွေကတော့ 

Quantized atomic vibrations 
Adiabatic principle and action-angle variables
Wave-particle duality
Theory of critical opalescence
Zero-point energy
General relativity and the Equivalence Principle
Hole argument and Entwurf theory
Cosmology
Modern quantum theory
Bose–Einstein statistics
Energy momentum pseudotensor
Unified field theory
Wormholes
Einstein–Cartan theory
Equations of motion တို့ဖြစ်ပါတယ်။

နောက်ဆုံးနေ့ရက်များ

 ၁၉၅၅ ခုနှစ် ဧပရယ်လ ၁၇ ရက်နေ့မှာ ကလီစာတွင်း သွေးကြောပေါက်ကွဲမှုကြောင့် ကွယ်လွန်ခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ်တုန်းကလည်း ဒီနေရာကိုပဲ Dr. Rudolph Nissen နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါသေးတယ်။ သူမကွယ်လွန်မှာ Nuclear စွမ်းအင်ကို ကောင်းတဲ့ဘက်မှာ အသုံးချဖို့ တိုက်တွန်းခဲ့ပြီးတော့ ပေါင်းစပ် စက်ကွင်း Theory ကို တင်ပြခဲ့ပါသေးတယ်။ အဲဒီ Theory ကို ပြီးပြည့်စုံအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်က Priceton ဆေးရုံမှာ သူကွယ်လွန်သွားခဲ့ပါတယ်။ တကယ်တော့ Einstein မသေဆုံးခင်မှာ သူ့ရောဂါအတွက် ထပ်မံခွဲစိတ်ကုသဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် Einstein က သူ့ဘ၀မှာ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီမို့ အခုအချိန်မှာ သူသွားဖို့အချိန်တန်ပြီ။ ကံကိုသာ ပုံအပ်လိုက်တော့မယ်ဆိုပြီး ခွဲစိတ်မှုကို ပယ်ချခဲ့ပါတယ်။ သူကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့ ဦးနှောက်ကို အလှူခံပြီး Einstein ဟာ ဘာကြောင့် ဒီလောက်ထိ ဥာဏ်ကောင်းခဲ့တယ်ဆိုတာကို အဖြေရှာ ခဲ့ကြပါသေးတယ်။ 

Einstein ဟာ ဒီကမ္ဘာမှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့ ခဲယဉ်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေဟာ အံ့မခန်းတွေချည်းပါပဲ။ ကဲ.. ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အကြောင်းကို MYMC ပရိသတ်ကြီး အတော်အသင့် သိပြီလို့တော့ ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့ ဒီနေ့ တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတအနေနဲ့ လာရောက်ဖတ်ရူကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဘယ်လို အကြောင်းအရာလေးတွေကို MYMC ပရိသတ် တွေအတွက် တင်ဆက်ပေးမလဲ ဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။ 

Written and Translated | Bene | ^AnGeL^
Myanmar youth Media 

တရားခံ ပုံတူ ဆွဲတဲ့ နေရာမှာ အထူးချွန်ဆုံး အမျိုးသမီး

Posted by drmyochit Thursday, November 28, 2013, under | No comments

Lois Gibson ဆိုတဲ့ အမျိုးသမီးဟာ တရားခံ ပုံတူ ဆွဲတဲ့ နေရာမှာ အထူးချွန်ဆုံး သူတစ်ယောက် ဖြစ်ပြီး အမှုပေါင်း တစ် ထောင်ကျော်ကို သူမရဲ့ခဲခြစ် အစွမ်းနဲ့ ဖော်ထုတ် ပေးနိုင်ခဲ့ ပါတယ်။ 

ခေတ်မီ နည်းပညာ မျိုးစုံနဲ့ တရားခံတွေ ရှာနေနိုင် တဲ့အချိန်မှာ ပုံတူဆွဲပြီး တရားခံ ရှာတဲ့ သမာရိုးကျ နည်းလမ်းဟာ အသုံးမ၀င် တော့ဘူး ထင်ရင်တော့ မှားပါလိမ့်မယ်။ တရားခံ ပုံတူဆွဲတယ် ဆိုတာ ဓားစားခံ အပါအ၀င် မျက်မြင် သက်သေ တွေရဲ့ တရားခံ မျက်နှာ သွင်ပြင်ကို မှတ် မိသမျှ ပြောပြချက်ကို လိုက်ပြီး ဆွဲရတာပါ။ ပုံဆွဲသူဟာ မျက်မြင် သက်သေ ပြောစကားကို အထူး နားလည်ဖို့ လိုသလို ပြောပြချက်ကို ထပ် ဆင့် စိတ်ကူး ရင့်သန်နိုင်တဲ့ အစွမ်းလည်း ရှိရပါတယ်။ ပုံတူဆွဲ ရတာ သက်သက်မျိုး မဟုတ်ဘဲ မျက်မြင် သက်သေ တွေဟာ တစ်ခါ တစ်လေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် တရားခံ မျက်နှာကို ရုတ်တရက် မမှတ်မိတဲ့ အခြေအနေမျိုး အခက်အခဲ မျိုးလည်း ရှိပါတယ်။ ဒီလို အ ခြေအနေ မျိုးမှာ သူတို့ရဲ့ စိတ်မှာ ကွယ်ဝှက် နေတဲ့ တရားခံ မျက်နှာ မှတ်ဉာဏ်ကို တဖြည်းဖြည်းချင်း ဆွဲထုတ် ရတာလဲ ပညာတစ်ခု ပါပဲ။ တ ရားခံ ပုံတူဆွဲတာ ဘယ်လိုလဲ ဆိုတာ သိပြီးနောက် ကျွန်တော်တို့ရဲ့ သူရဲကောင်းမကြီး Lois Gibson အကြောင်း ဆက်ကြရအောင်။ 
Lois Gibson ဟာငယ်ငယ် ရွယ်ရွယ်တုန်းက သူရဲ့ အသက်မွေး ၀မ်းကြောင်း အဖြစ် Street Artist အနေနဲ့ကော Part-time Playboy Model အနေနဲ့ပါ အလုပ်လုပ်ရင်း ဖြတ်သန်း ခဲ့ပါတယ်။ လုံခြုံမှု အားနည်းတဲ့ အသက်မွေး ၀မ်းကြောင်းမှုကြောင့် အသက် ၂၁နှစ် အရွယ်မှာ ရက် ရက်စက်စက် သေခါနီး အထိ တိုက်ခိုက် ခံရပြီး ရာဇ၀တ်မှု တစ်ခုရဲ့ ဓားစာခံ ဖြစ်ခဲ့ရ ပါတယ်။ အဲဒီ အဖြစ်အပျက် နောက်ပိုင်းမှာ သူဟာ Hous ton မြို့သို့ ပြောင်းရွှေ့ပြီး ရဲအဖွဲ့မှာ သူတတ်ကျွမ်းတဲ့ ပန်းချီ ပညာနဲ့ တရားမျှတမှု အတွက် စတင် လုပ်ကိုင် ခဲ့ပါတယ်။ သူရဲ့ ပထမနှင့် ဒုတိယ တရားခံ ပုံတူတွေဟာ တရားခံကို ဖမ်းဆီးလောက် တဲ့အထိ အရာမထင် ခဲ့ပေမယ့် တတိယ မြောက်မှာတော့ တရားခံကို ဖမ်းဆီးရ မိတဲ့အ ချိန် ကစလို့ အခုအထိ အဲဒီ အလုပ်ကို စွဲစွဲမြဲမြဲ လုပ်ခဲ့တာ နှစ်ပေါင်း၃၀ ကျော်ခဲ့ပါပြီ။ နှစ်ပေါင်း ၃၀ ကျော်အတွင်း ယခု အသက် ၆၂နှစ် အရွယ်မှာ အမှုပေါင်း ၁,၀၀၀ကျော် ဖြေရှင်းနိုင် တဲ့အထိ အောင်မြင် ခဲ့ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ နာမည်ကြီး Guinness စာအုပ်ထဲမှာ ကမ္ဘာ့ အအောင် မြင်ဆုံး ပုံတူဆွဲ ပန်းချီ အနုပညာရှင် အဖြစ် Guinness World Record တစ်ခု အနေနဲ့ သတ်မှတ် ထားခြင်း ခံရပါတယ်။ 


အခုအချိန် မှာတော့ အမေရိက တစ်နိုင်ငံလုံးက တရားခံ ပုံတူဆွဲတဲ့ သူတွေထဲမှာ အတော်ဆုံးနဲ့ အအောင်မြင်ဆုံး အထဲက တစ်ယောက် ဖြစ် နေပါပြီ။ တစ်ပတ်ကို နှစ်ပုံနှုန်းနဲ့ ရေးဆွဲနေပြီး စုံထောက်တွေ စစ်ဆေးလို့ မရတဲ့ ဓားစာခံ တွေရဲ့ မှတ်ဉာဏ် တွေဟာ သူနဲ့ ၃-၄နာရီလောက် စကားပြော လိုက်တာနဲ့ အလိုလို ပုံတူတွေ ဖြစ်လာနေ ဆဲပါပဲ။ ရဲဘက်မှာတင် မကပါဘူး။ တခြားသော နယ်ပယ်တွေ မှာလည်း သူဟာ အောင်မြင်မှုတွေ ရနေပါတယ်။ Northwestern တက္ကသိုလ်မှာ College Professor အဖြစ် တာဝန် ထမ်းဆောင် နေသလို Romania နိုင်ငံက သူတို့ နိုင်ငံမှာ Lois လိုထူးချွန်တဲ့ ပုံတူဆွဲ သမားတွေ ပေါ်ပေါက်ရေး အတွက် လေ့ကျင့် ပေးဖို့ တရားဝင် ဖိတ်ကြားတာ မျိုးတွေလည်း ခံခဲ့ရ တဲ့အထိ အောင်မြင် ခဲ့ပါတယ်။ Lois Gibson လိုကိုယ့်ရဲ့ အတတ်ပညာကို ကောင်းတဲ့ နေရာမှာ အကျိုးရှိရှိ အသုံးချ တာမျိုးဟာ အလွန် အတုယူဖွယ် ကောင်းလှ ပါတယ်။ ဘ၀တစ်ကွေ့မှာ အကြမ်းဖက် ခံရလည်း ကြိုးကြိုးစားစား လောကဓံကို အံတုခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင် ခဲ့တာလည်း လေးစားဖို့ ကောင်းလှ ပါတယ်။ စာဖတ်သူများ အနေနဲ့လည်း သူရဲ့ အကြောင်းကို ဖတ်ပြီး အတုယူကာ တရားမျှတမှုကို ကူညီ ဆောင်ရွက်နိုင် သူများ ဖြစ်နိုင်ကြ ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ် လိုက်ရ ပါတယ်ဗျာ။ 






Images from dailymail, houstontx. Source: unbelievable-facts.com, dailymail.co.uk

လူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင်

Posted by drmyochit Thursday, November 28, 2013, under | No comments


Belgium မှာလူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင် ပါတယ်။ ဆိုလိုတာ ကတော့ မိ မိကိုယ်ကို အဆုံးစီရင် ချင်တဲ့သူ တွေကို နိုင်ငံတော်က ကူညီပေး တာပါ။ 

ကိုယ့်ကိုကိုယ် အဆုံး စီရင်တယ် ဆိုတာ အများအား ဖြင့်တော့ သေလုမြောပါး ဖြစ်နေတဲ့ လူနာ တွေနဲ့ မလိုအပ်ဘဲ နာကျင်ခြင်းကို ခံစားနေ ရတဲ့ ဝေဒနာရှင် တွေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဒဏ်ရာ ရှိနေပြီး ဘ၀ကို အဆုံးသတ် ချင်သူ တွေလည်း တဖြည်းဖြည်း များလာ နေပါပြီ။ နောက်ဆုံး ဖြစ်သွားတဲ့ ဖြစ်ရပ် ကတော့ ဒီနှစ်ဦးပိုင်းက ဖြစ်ပျက်ခဲ့ တာပါ။ Nathan Verhelst လို့ခေါ်တဲ့ အမျိုးသား တစ်ဦးဟာ ငယ် စဉ်က သူ့အစ်ကို တွေရဲ့ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရတဲ့ နောက်ပိုင်းမှာ Post-traumatic Stress Disorder (PTSD) လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဒဏ် ရာ ရရှိနေ ခဲ့ပြီး သူ့ရဲ့ လိင်အင်္ဂါပြောင်း ခွဲစိတ်မှု အပြီးမှာ သူ့ကိုယ်သူ "မိစ္ဆာကောင်ကြီး" လိုခံစားရ တာကြောင့် ဆေးအကူအညီနဲ့ သေစေရန် တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ Verhelst ဟာအမျိုးသမီး တစ်ဦးလို ကြီးပြင်း လာခဲ့ပြီး လိင်ပြောင်း ခွဲစိတ်မှု ပြုလုပ်ရာမှာ ဆရာဝန် တွေက အ မျိုးသား လိင်အင်္ဂါကို ပြုလုပ် တပ်ဆင် ပေးရာမှာ အခက်အခဲ များစွာနဲ့ ကြုံခဲ့ရ ပါတယ်။ ခွဲစိတ် ဆရာဝန် တွေက သူ့အတွက် အင်္ဂါတစ်ခု ပြု လုပ်ပေး ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်ဘဲ ခန္ဓာကိုယ်က ငြင်းပယ် ခဲ့ပါတယ်။ ဒါကြောင့် သူအသက်ရှင် နေချင်စိတ် ကုန်ခန်းသွား ပြီလို့ သူ့သူငယ်ချင်း တွေနဲ့ သူ့ဆရာဝန် တွေကို ပြောခဲ့တာပါ။ 



ဒါဟာ ဆေးပညာ အကူအညီနဲ့ လူသေစေ ခြင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က တရားဝင် ပြုလုပ်ပြီး ကတည်းက ဘယ်လ်ဂျီယံ နိုင်ငံရဲ့ အထင် ကရ အဖြစ်ဆုံး ဖြစ်ရပ် ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ အကြောင်း ကတော့ သေဆေး မထိုးမီ တစ်ရက်အလို Brussels မြို့မှာ Verhelst ကိုသ တင်းစာကြီး တစ်စောင်က တွေ့ဆုံ မေးမြန်း ခဲ့လို့ပါပဲ။ စိတ်ဒုက္ခတွေ ခံစားနေ ရသူတွေ ဆေးထိုး သေစေခြင်းနဲ့ ပတ်သက်တဲ့ အထင်ကရ ဖြစ် ရပ်တွေ အများကြီး ရှိခဲ့ဖူး ပါတယ်။ ကလေးဘဝ တုန်းက ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ ဟောင်းကို ထပ်ခါတလဲလဲ အမှတ်ရ နေတဲ့ အစားအ သောက် ပျက်ရောဂါ (Anorexia) ဝေဒနာရှင် အမျိုးသမီး တစ်ဦး ကလည်း ဆေးထိုး သေစေဖို့ တောင်းဆိုခဲ့ ဖူးပါတယ်။ နားမကြား ရတဲ့အမြွာ နှစ်ဦးဟာ သူတို့မှာ မျက်စိကွယ် စေနိုင်လောက်တဲ့ မွေးရာပါ ရောဂါတစ်ခု ရှိနေတာကို သိရှိပြီး နောက်မှာလည်း ဒီလိုပဲ ဆေးထိုး သေစေ လိုကြောင်း တောင်းဆိုခဲ့ ကြပါတယ်။ 


ဒီလူတွေရဲ့ တူညီတဲ့ အချက်ကတော့ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကိုပါ ခံစားနေ ရတာပါ။ ဘယ်လ်ဂျီယံ ဥပဒေအရ ဆေးထိုး သေစေတာကို ခွင့်ပြုဖို့ အတွက် အနည်းဆုံး ဆရာဝန်နှစ်ဦး တိုင်ပင်သဘော တူရမှာ ဖြစ်ပါတယ်။ Verhelst လိုမျိုး စိတ် ပိုင်းဆိုင်ရာ ဝေဒနာ အတွက် ဆိုရင်တော့ ဆရာဝန် သုံးဦး တိုင်ပင်ပြီး သဘောတူမှ ခွင့်ပြုမှာပါ။ လူနာရဲ့ ရောဂါ အခြေအနေကို အချိန် အ တော်ကြာ စောင့်ကြည့်ပြီးမှ ဆေးထိုး သေစေခြင်းကို ခွင့်ပြုရတာ ဖြစ်ပါတယ်။ မိမိကိုယ်ကို သေကြောင်း ကြံခြင်းဟာ ဥပဒေကြောင်းအရ တ ရား မဝင်တဲ့ နိုင်ငံတွေ မှာဆို သေကြောင်း ကြံကြသူ တွေဟာ အထီးကျန်ဆန် နေကြပြီး လောကကြီးနဲ့ အဆက်အသွယ် ဖြတ်နေတတ် ကြပါ တယ်။ Verhelst ကတော့ သူငယ်ချင်း အသိုင်းအဝိုင်း အခိုင်အမာ ရှိပြီး သူတို့ဟာ နောက်ဆုံး ပါတီကို စီစဉ် ပေးခဲ့ကြပြီး သူ့ကို ပြန်စဉ်း စားဖို့ စည်းရုံး ခဲ့ကြပါ သေးတယ်။ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ဦး ဖြစ်တဲ့ Marisol Mesot ကတော့ ဘယ်အရာကမှ သူ့ကို ဒီလောကမှာ ပြန် နေချင်စိတ် ဖြစ်စေ တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း နိုးလာတာနဲ့ "မိစ္ဆာကောင်ကြီး" လိုခံစားနေ ရတာပါ။ 


အခုတော့ ကနေဒါ နိုင်ငံ ကွီဘက်နယ် မှာလည်း ဘယ်လ်ဂျီယံက ဥပဒေလိုမျိုး အလားတူ ဥပဒေကို ရေးဆွဲဖို့ စဉ်းစားနေ ကြပါပြီ။ သေလု မြောပါး ဝေဒနာကို ခံစား နေရသူ တွေအတွက်ရော စိတ်ဒုက္ခ ခံစားနေ ကြရသူတွေ အတွက်ပါ ဆေးပညာ အကူအညီဖြင့် သေစေခြင်းကို ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီနယ်က ဥပဒေကို ပြဌာန်း လိုက်မယ် ဆိုရင် လူဇင်ဘတ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည် က ဝါရှင်တန်၊ အိုရီဂွန် ပြည်နယ်တို့လို ကမ္ဘာပေါ်မှာ ဆေးပညာ အကူအညီဖြင့် သေစေခြင်းကို ခွင့်ပြုတဲ့ အနည်းငယ် မျှသာ ရှိတဲ့ နယ်မြေတွေ ထဲက တစ်ခုဖြစ် လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို အရင်က တစ်ခါမှ မမျှော်လင့် ထားခဲ့ဖူးတဲ့ ပုံစံတစ်ခု အဖြစ် ကျွန် တော်တို့ရဲ့ အနာဂတ်မှာ ပြယုဂ်တစ်ခု ဖြစ်လာ နိုင်ပါတယ်။ 




Images from flanderstoday, top-10-list, wikimedia. Source: io9.com

HTC မှ Desire ဖုန်းအသစ်များကို ကြေညာ

Posted by drmyochit Thursday, November 28, 2013, under | No comments


ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီ အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်းအသစ် ၃မျိုး Desire 700, 501 နဲ့ Dual-SIM 601 တို့ကို ယနေ့ မိတ်ဆက်ကြေညာခဲ့ပါတယ်။
HTC မှာက ‘One, Desire နဲ့ Butterfly’ ဆိုပြီး Family ၃ခု ရှိတဲ့အနက် ဒီဖုန်း၃မျိုးဟာ Desire မိသားစုဝင်သစ်တွေ ဖြစ်ပါတယ်။ အရမ်းအဆင့်မြင့်၊ အရမ်းလည်း ဈေးကြီးတဲ့ High-End ဖုန်းတွေ မဟုတ်ပေမယ့် အရည်အသွေးကောင်းကောင်း၊ ပေါ့ပါးလှပတဲ့ဒီဇိုင်း၊ သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ထုတ်လုပ်လိုက်တဲ့ HTC ရဲ့ ဈေးကွက်ဗျူဟာ တစ်ခုပါ။

HTC Desire 700

ပထမဆုံး မိတ်ဆက်ပေးရမယ်ဆိုရင် HTC Desire 700 ဖြစ်ပါတယ်။ HTC One အစားထိုး ဖုန်းတစ်လုံးလို့တောင် တင်စားခြင်း ခံရပြီး မျက်နှာပြင် ၅လက်မ၊ Quad-Core Snapdragon ချစ်ပ်နဲ့ RAM 1GB စီစဉ် ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ စပီကာဟာလည်း HTC One လိုပဲ ဖုန်းအရှေ့ဘက်မှာ အပေါ်တစ်ခု၊ အောက်တစ်ခုနဲ့ Stereo Boom Sound စပီကာ ဖြစ်ပါတယ်။

အဓိကကင်မရာ 8MP ဖြစ်ပြီး ရှေ့ကင်မရာကတော့ 2.1MP ပါ။ ကင်မရာ နှစ်ခုလုံးမှာ BSI Sensor တပ်ဆင်ထားပါတယ်။ အဓိက ကင်မရာမှာ 1080p ရုပ်ထွက်အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး HTC Zoe စနစ်လည်း ပါဝင်ပါတယ်။ Zoe ဆိုတာက ဓာတ်ပုံတစ်ခု ရိုက်လိုက်တဲ့အခါ မိမိ မလိုချင်တဲ့ အစိတ်အပိုင်းတွေကို အလွယ်တကူ ဖယ်ရှားနိုင်ပြီး Editing လုပ်ဖို့အတွက်လည်း များစွာ ထောက်ပံ့ပေးထား ပါတယ်။

Default အနေနဲ့ ဖုန်းတွင်းမှတ်ဥာဏ် 8GB ပါဝင်ကာ microSD Card Slot လည်း တပ်ဆင်ပေးထားပြီး အဓိက အားသာချက်ကတော့ ဒီဖုန်းဟာ SIM ကဒ် နှစ်ခု တစ်ပြိုင်တည်း အသုံးပြုနိုင်တဲ့ Dual-SIM ဖြစ်ပါတယ်။ ဖုန်းဘတ္ထရီကလည်း 2100 mAh Li-Po ဖြစ်ကာ ဖုန်းပြောချိန် ၁၂ နာရီခန့် အသုံးပြုနိုင်မှာပါ။ ဈေးနှုန်း ဒေါ်လာ ၄၇၀ သတ်မှတ်ထားပါတယ်။

HTC Desire 501


တကယ်လို့ အထက်က ဖော်ပြခဲ့တဲ့ HTC Desire 700 ဟာ HTC One အစားထိုး ဖုန်းတစ်လုံး ဖြစ်မယ်ဆိုရင် ယခု HTC Desire 501 ဟာ One mini အစားထိုးလေး ပါပဲ။ ၄.၃ လက်မ မျက်နှာပြင်အရွယ်အစား၊ Dual-Core 1.15 GHz ပရော်ဆက်ဆာ၊ 1GB RAM တပ်ဆင်ထားပြီး အဓိက ကင်မရာ 8MP, ရှေ့ကင်မရာ 2.1MP ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ကင်မရာမှာ HTC Zoe စနစ်တော့ မပါဝင်ပါဘူး။

ဈေးနှုန်းအနေနဲ့ကလည်း ဒေါ်လာ ၃၃၀ ပါ။ ဖုန်းတွင်းမှတ်ဥာဏ် 8GB နဲ့ microSD Slot လည်း စီစဉ် ပေးထားကာ ဖုန်းစပီကာဟာလည်း Boom Sound တော့ မဟုတ်ပါဘူး။ သာမန်စမတ်ဖုန်း စပီကာမျိုးပဲ ဖြစ်ပါတယ်။

HTC Desire 601


ဒီဖုန်းဟာလည်း Dual-SIM ဖြစ်ပါတယ်။ မျက်နှာပြင် ၄.၅လက်မ ရှိပြီး မကြီးလွန်း မသေးလွန်းတဲ့ အနေတော် စမတ်ဖုန်းတစ်လုံးပါ။ ကင်မရာ 5MP ဖြစ်ပြီး ဖုန်းတွင်းမှတ်ဥာဏ် 4GB နဲ့ microSD ကဒ် နေရာလည်း ထည့်သွင်း ပေးထားပါတယ်။

ထူးထူးခြားခြားပဲ ဒီဖုန်းမှာ ထည့်သွင်းထားတာက Boom Sound စပီကာစနစ်ပါ။ Dual-Core 1.2GHz ပရော်ဆက်ဆာ တပ်ဆင်ထားပါတယ်။

ယနေ့ပွဲမှာ HTC အနေနဲ့ အထက်ပါ ဖုန်း၃လုံးအပြင် ဒေါ်လာ ၂၇၀ တန် Desire 300 ဖုန်းကိုလည်း မိတ်ဆက်ပွဲထုတ် ခဲ့ပေမယ့် အဆိုပါဖုန်းနဲ့ ပတ်သက်လို့ အချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူး။

ယခု Desire ဖုန်းတွေဟာ မကြာခင် ကမ္ဘာအနှံ့ကိုဖြန့်ချိမှာ ဖြစ်ပေမယ့် ဘယ်အချိန်မှာ ဘယ်လိုဖြန့်ချိမယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒီထက်ပိုပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရတဲ့အခါ Myanmar Consumer Guide ပရိသတ်တွေကို ထပ်မံ တင်ဆက်ပေးသွားပါမယ်။



Ref: gsmarena

ဆိုလာပြားများ မှားယွင်းတပ်ဆင်ထားကြောင်း ပညာရှင်များ ထောက်ပြ

Posted by drmyochit Thursday, November 28, 2013, under | No comments

ကမ္ဘာပေါ်တွင် နေရောင်ခြည်စွမ်းအင် စုဆောင်းသည့် ဆိုလာပြားများ တပ်ဆင်ပုံသည် အများအားဖြင့် မှားယွင်းနေကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံမှ သုတေသီ တစ်စုသည် ဆိုလာပြားများ၏ စွမ်းအင်စုဆောင်းမှု စွမ်းရည်ကို အရပ်မျက်နှာ ကွာခြားမှုအလိုက် လေ့လာ သုတေသန ပြုခဲ့ကြသည်။ ပုံမှန်အားဖြင့် မြောက်ကမ္ဘာခြမ်းမှ နိုင်ငံများသည် ဆိုလာပြားများကို တောင်ဘက်အရပ်သို့ ဦးတည်၍ တပ်ဆင်လေ့ ရှိသော်လည်း အမှန်တကယ်အားဖြင့် အနောက်ဘက်သို့ ဦးလှည့်ခြင်းက ပိုမို၍ အကျိုးသက်ရောက်ကြောင်း ပီကန်လမ်း သုတေသန ဌာနမှ ပညာရှင်များက ပြောကြားခဲ့သည်။ ၎င်းတို့သည် တက္ကဆက်စ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားများ၏ နေရောင်ခြည်စွမ်းအင် စုဆောင်းပုံကို အသေးစိတ် လေ့လာခဲ့ကြသည်။

တောင်ဘက်သို့ ဦးလှည့်ထားခြင်းသည် ဆိုလာပြားပေါ် နေရောင်ခြည် ကျရောက်မှု အချိန်ကာလကို ပိုမိုရှည်ကြာစေသော်လည်း အနောက်ဘက်သို့ ဦးလှည့်ထားသည့် ဆိုလာပြားများက စွမ်းအင်ကို ပိုမိုပမာဏ များပြားစွာ စုဆောင်းနိုင်ကြောင်း သုတေသီများက ဆိုသည်။ ပျမ်းမျှအားဖြင့် နေရာတစ်ခုတည်းတွင် တပ်ဆင်ထားသည့် အရည်အသွေးတူ ဆိုလာပြား နှစ်ခု၌ အနောက်ဘက်သို့ လှည့်နေသည့် တစ်ခုက တောင်အရပ်သို့ ဦးတည်နေသော အခြားတစ်ခုထက် တစ်နေ့လျှင် နေစွမ်းအင် (၂)ရာခိုင်နှုန်းမျှ ပိုမိုစုဆောင်းနိုင်ကြောင်း သိရှိရသည်။

အနောက်ဘက်သို့ လှည့်ထားသော ဆိုလာပြားသည် မနက်ပိုင်း အချိန်မျိုးတွင် နေရောင်ခြည် ခံယူရရှိချိန် နည်းပါးသော်လည်း မွန်းတည့်ချိန်တွင် နေရောင်ခြည် စွမ်းအင်ကို အမြင့်မားဆုံး၊ အပြည့်ဝဆုံး စုဆောင်းထားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ "ဗိသုကာတွေကတော့ စည်းမျဉ်းအတိုင်း လုပ်ကြတာပါပဲ။ တောင်ဘက်ကိုပဲ လှည့်ပြီးတော့ ဆိုလာပြားတွေ တပ်ဆင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းက အနောက်ဘက်ကို လှည့်ထားတဲ့အခါ နေရောင်ခြည် စွမ်းအင်ကို ပိုပြီး ရယူနိုင်လေ့ ရှိပါတယ်။ တစ်ရက်တစ်ရက် (၂)ရာခိုင်နှုန်းလောက်ပဲ ပိုရတယ် ဆိုရင်တောင် ရေရှည်အနေအထားနဲ့ ကြည့်မယ်ဆိုရင် များပြားတဲ့ စုဆောင်းမှု ဖြစ်လာမှာပါ"ဟု ယခုသုတေသန လုပ်ငန်းတွင် ပါဝင်သူ တစ်ဦးက ပြောကြားခဲ့သည်။

တိုင်းတာချက်များအရ တောင်ဘက်သို့ လှည့်ထားသည့် ဆိုလာပြား တစ်ချပ်သည် အမြင့်ဆုံး နေရောင်ကျရောက်သည့် မွန်းတည့်ချိန်တွင် နေစွမ်းအင်သက်ရောက်မှု၏ (၅၄)ရာခိုင်နှုန်းကို စုဆောင်းထားနိုင်သော်လည်း တောင်ဘက်လှည့်ထားသည့် အခြားအရည်အသွေးတူ ဆိုလာပြားက (၆၅)ရာခိုင်နှုန်း စုဆောင်းနိုင်ကြောင်း သိရသည်။ သို့သော်လည်း တစ်နေ့လုံး အတိုင်းအတာတွင်မူ တောင်ဘက်လှည့်ထားသည့် ဆိုလာပြားက နေရောင်နှင့် အချိန်ပိုမိုကြာအောင် တိုက်ရိုက်ထိတွေ့နေမည် ဖြစ်သည်။

planet News 

Wednesday, November 27, 2013

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။

Posted by drmyochit Wednesday, November 27, 2013, under | No comments


Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။ 

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။ 

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။ 

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။ 

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ဝါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာ တယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယ ကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။ 

ပုံမှန် ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇဝင် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ (၃၇ ပါတ် ထက်စော) ကလေး မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အဝဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အဝကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အဝနား ရှိနေတာတွေကို ဆိုလိုတယ်။ 

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှ ဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအဝင် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရ သဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။ 

ဇနီးသည် ကိုယ်ဝန်ရှိချိန် လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေး တယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေး အတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။ 

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား” လို့ ပြောကြတာလည်း ရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား) ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမို ဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။ 

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘဝ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ် ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။ 

စုံအောင်ထည့် ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်း မှုတ်တာမျိုး ဖြစ်မသွားစေ ရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။ 

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (ဝပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့ မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။ 

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန် ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်း အပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။ 

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျှောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။ 

A 2: ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူနေရင် ပျက်ကျမှာ စိုးရတယ်၊ နောက်ဆုံး ၃ လ စောမွေးမှာ စိုးရတယ် ဆိုတာ ယေဘုယျ ပြောတာပါ။ ပုံမှန် ဆက်ဆံတာကြောင့် ပျက်မကျနိုင်ပါ။ ကိုယ်ဝန်ဆိုတာ (နော်မယ်) ဖြစ်နေရင် အလွန် လုံခြုံပါတယ်။ ရေမြွာရည်ကနေ ကလေးကို အကာအကွယ် ပေးနေတယ်။ “ကိုယ်ဝန်ရှိစဉ် ဆက်ဆံနိုင်တဲ့ (ပိုဇေရှင်) များ” ဆိုပြီး သပ်သပ် သိဘို့ လိုတာ အမှန်ပါ။ ကိုယ်တိုင် ကြံဆနိုင် ကြပါတယ်။ ဆက်ဆံသင့်တဲ့ အနေအထားတွေဆိုတာ အများဖတ်ဘို့ ရေးတင်တာ သိပ်မကောင်းလှဘူး ထင်လို့ မေးသူဆီကိုသာ တိုက်ရိုက် ပြန်လိုက်ပါမယ်။ 

By ဒေါက်တာတင့်ဆွေ

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ

Posted by drmyochit Wednesday, November 27, 2013, under | No comments

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ နံပါတ်၁
(၁)Carlos Slim Helu&Family

သူရဲချမ်းသာကြွယ်ဝမူ့က ၆၉ဘီလီယံအထိရှိတယ်။ကမ္ဘာပေါ်မှာ နံပါတ်တစ်အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို နံပါတ်(၂)နေရာပို့နိုင်ခဲ့တဲ့ သူ့ရဲချမ်းသာကြွယ်ဝမူ့က အံမခန်းပါပဲ။အသက်၇၂နှစ်ရှိပြီး မက္ကစီကိုနိုင်ငံသား ခလေး(၆)ယောက်ဖခင်တစ်ဥိးဖြစ်ပါတယ်။သူရရှိခဲ့တဲ့ ဘွဲပညာအရည်အချင်းတွေက တော့ Bachelor of Art Sience,Universidad Naccional Autonoma de mexico ဖြစ်ပါတယ်။သူရဲလုပ်ငန်းတွေက telecom,Self made ဆက်သွယ်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ။


(၂)Bill Gates

သူရဲချမ်းသာကြွယ်ဝမူ့က၆၁ဘီလီယံရှိတယ်။အမေရိကန်နိုင်ငံသားခလေး(၃)ယောက်ဖခင်ပါ။
အမေရီကန်နိုင်ငံရဲကမ္ဘာကျော် ဟားဗက် တက္ကသိုလ်ကျောင်းထွက်တစ်ဥိးပါ။သူရဲ စီးပွားရေးလုပ်ငန်းက အားလုံးသိထားပြီးသားဖြစ်တဲ့ Microsoft ကုမ္ပဏီ ဖြစ်ပါတယ်။

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ (၃) Warren Buffett
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကမ္ဘာမှာတတိယမြောက်အချမ်းသာဆုံးဖြစ်တဲ့ သူရဲပိုင်ဆိုင်မူ့က ၄၄ဘီလီယံရှိပါတယ်။သူ့စိးပွားရေး လုပ်ငန်းကတော့ Berkshire hathaway ပါ။အသက်၈၁နှစ်ရှိပြီး သားသမိး ၃ယောက်ဖခင် အမေရိကန် နိုင်ငံသားပါ။သူရဲ့ပညာအရည်အချင်းက bachelor of art science ကို University of Nebaraska lincon တက္ကသိုလ်နဲ Master of Science ကိုတော့ Colaumbia University ကရယူခဲ့တာပါ။

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ(၄)Bernard Arnault

(၄)Bernard Arnault
သူရဲပိုင်ဆိုင်မူ့က ၄၁ဘီလိယံရှိပါတယ်။သူရဲစိးပွားရေးလုပ်ငန်းတွေက Louis Vuitton Moet Hennessy ဖြစ်ပါတယ်။အသက်၆၁နှစ်ရှိပြီး ပြင်သစ်နိုင်ငံသား သားသမိး၅ယောက် ဖခင်တစ်ဥိးပါ။သူရဲပညာအရည်အချင်းကBachelor of Arts Science, Ecole Polytechnique de paris ဖြစ်ပါတယ်။

ကမ္ဘာမှာအချမ်းသာဆုံး၁၀ယောက်..မှ (၅)Omancio Lindi Ortega

(၅)Omancio Ortega
သူရဲပိုင်ဆိုင်မူ့က၃၇.၅ ဘီလီယံရှိပါတယ်။စီးပွားရေးလုပ်ငန်းရဲအမည်က Zara ပါ။အသက် ၇၆နှစ်ရှိပြီး သားသမိး(၃)ရှိပါတယ်။စပိန်နိုင်ငံသားပါ။


ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

သစ်လုံးတင်ကားနှင့်သုံးခွ-ရန်ကုန်သို့ပြေးဆွဲသည့်ဘတ်ကားယာဉ်တိုက်မှု

Posted by drmyochit Wednesday, November 27, 2013, under | No comments





သုံးခွနှင့် ရန်ကုန်သို့ ပြေးဆွဲနေသော မထသ တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဌာနခွဲ ၄ ခရီးသည်တင်ယာဉ်နှင့် သစ်လုံးကြီးများတင်ဆောင်လာသော အဝေးပြေး သစ်လုံးတင်ကားတို့  ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် မွန်လွှဲပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ နယ် တာဝ ခြောက်လမ်းသွားလမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ဖြစ်ပွားစဉ်။ (ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ) ၄င်းယာဉ်တိုက်မှုတွင် တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဌာနခွဲ ၄ ခရီးသည်တင်ယာဉ်မှ ခရီးသည် ကျား ၁၆ ဦး နှင့် မ ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့သည်။ သေဆုံးသူမှာ ခရီးသည်တင်ယာဉ်မောင်း ကိုနေလင်း ဖြစ်သည်ဟု သန်လျင်ဆေးရုံမှ ကျန်းမာရေးတာဝန်ရှိသူများမှ မဇ္ဈိမသို့ ပြောကြားသည်။

Mizzima - News in Burmese

Sexy Model Girl with Swimming Bikini Suite- Honey Oo

Posted by drmyochit Wednesday, November 27, 2013, under | No comments







Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်