Tuesday, March 19, 2013

NOK AIR ကို အောင့်ကာနမ်းနေရတဲ့ မဲဆောက်

Posted by drmyochit Tuesday, March 19, 2013, under | No comments

NOK AIR လေကြောင်း လိုင်းက သူတို့ ကြေညာထားတဲ့အတိုင်း မဲဆောက်- ဘန်ကောက် လေယာဉ်ခရီးစဉ်ကို တနေ့ ၄ ကြိမ်နှုံး နဲ့ပြေး ဆွဲပေး နေပါပြီ။


(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

ဒီလ ၁ ရက်နေ့ကစပြီး ခရီးစဉ် အစပြုမယ်လို့ ကြေညာထားတဲ့အတိုင်း ဖြစ်လာတာပါ။

ကြေညာထားတဲ့အတိုင်း ဖြစ်မလာတာကတော့ လေယာဉ်လက်မှတ်နှုန်းထားပါပဲ။

တကြောင်းကို တစ် လေးလုံး (၁,၁၁၁ ဘတ်) နဲ့ ပြေးမယ် လို့ ပြူးပြူးပြဲပြဲ ပြောခဲ့ပေမယ့် အခုတော့ လက်မှတ်က ဘတ် ၁,၅၉၀ ဖြစ်နေပါတယ်။

အပြောနဲ့အလုပ် ဘတ်ငါးရာနီးပါး ကွာဟသော်ငြားလည်း ရွေးစရာ တခြားလေကြောင်းလိုင်းမရှိတော့ သူ့ပဲ အားကိုးရပါလိမ့်မယ်။ 
နယ်စပ်တံတားပေါ် ကြော်ငြာတုန်းက ဒီလို ...

ဒီခရီးစဉ်အသစ်ကို ဒေသခံတွေ၊ နိုင်ငံခြားသားတွေ၊ ထိုင်းမှာရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ အသုံးပြုကြ ပါတယ်။

စတင်ပြေးဆွဲတဲ့နေ့ကနေစပြီး ဒီနေ့အထိ ခရီးစဉ်တိုင်းမှာ ခရီးသွားတွေ ပုံမှန်ရှိပါတယ်လို့ မဲဆောက်လေ ဆိပ်က လက်မှတ်အရောင်းစာရေးမတဦးက ဆိုပါတယ်။

ထိုင်းပုဂ္ဂလိကလေကြောင်းလိုင်းတခုဖြစ်တဲ့ NOK AIR ရဲ့ ဈေးနှုန်း ပြောင်းလဲသတ်မှတ်မှုကြောင့် တချို့ လူတွေ စိတ်ပျက်သွားကြတယ်လို့ မဲဆောက်က ကုန်သည်ကြီးများအသင်းဝင် နိုင်ဆူချိုင်းက ဆိုပါတယ်။

နယ်စပ်တံတားအောက်က လက်ရှိ ကြော်ငြာ
လေယာဉ်ပျံသန်းချိန် စုစုပေါင်း - ၁း၁၅

မဲဆောက်မှ လေယာဉ်ထွက်ချိန်များ 
နံနက် 
၉း၄၅
၁၂း၁၅

မွန်းလွဲပိုင်း
၃း၃၅
၎း၀၀ 

ဘန်ကောက် ဒွန်မောင်းလေဆိပ်မှ လေယာဉ်ထွက်ချိန်များ 

နံနက် 
၈း၀၀
၁၀း၃၀

မွန်းလွဲ 
၂း၀၀
၃း၀၅

လက်မှတ်ခ
ဘတ် ၁,၅၉၀
(ကျပ် - လေးသောင်းခွဲခန့်၊ ဒီနေ့ ဒေါ်လာဈေးနဲ့ ဆိုရင် 54 USD)

ဒီလေကြောင်းလိုင်းဟာဒီနှစ်ထဲမှာဘဲ မဲဆောက်နဲ့မွန်ပြည်နယ်မော်လမြိုင်မြို့ကို ပြေးဆွဲ ဘို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ထားပါတယ်။

မွန်ပြည် နယ်ကုန် သည်ကြီးများ အသင်းဝင် တဦး ကတော့ မဲဆောက်-မော် လမြိုင်ပြေး ဆွဲဘို့ NOK AIR ကစမ်း သပ်ပြီး သွားပြီး ပျံသန်းချိန် ၁၈ မိနပ်ပဲ ကြာတယ်၊ မော်လမြိုင်လေဆိပ်က အသုံးမပြု ဘဲပစ်ထား တာကြာတော့ အဆင့်မြှင့် မွန်းမံပြင်ဆင်တာတွေ အများကြီးလုပ်ရဦးမယ်လို့ မကြာခင်က ဧရာဝတီ သတင်း ဌာန ကို ပြောဆိုခဲ့ပါတယ်။

မကြာခင် မြင်ရတော့မယ့် ခရီးသွားလာမှု

နှစ်နိုင်ငံ သဘော တူညီ ချက်အရ လာမယ့် ဧပြီ လဆန်း ကစပြီး မဲဆောက်-မြ၀တီလမ်းကနေ ရက်သတ္တ တပတ် ကြာမြှင့်မယ့် နယ်စပ်ခရီးသွားခွင့်ကို ထိုင်းနဲ့မြန်မာတွေ အပြန်အလှန် စတင်ကျင့်သုံးတော့မယ်၊ 
ဒါကြောင့် ထိုင်းဘက်ကနေ မဲဆောက်ခရီးစဉ်လေကြောင်းလိုင်းကို တိုးမြှင့် လုပ်ဆောင်တာဖြစ်တယ်လို့ မဲဆောက် အခြေ စိုက်ထိုင်း စက်မှု လုပ်ငန်းရှင် တဦးဖြစ်တဲ့ နိုင်ဝစ်ချိုင်းက ပြောပါတယ်။

မြန်မာ ဘက်က ခွင့်ပြုချက် အရ ဒီလမ်းကြောကနေ ထိုင်းလူမျိုးတွေ တပတ်စာခရီးသွားခွင့်လက်မှတ်နဲ့ ကရင်ပြည်နယ်နဲ့မွ န်ပြည်နယ်မှာရှိတဲ့ အထင်ကရနေရာဒေသတွေကို သွားရောက်လည်ပတ်ကြမှာပါ။
အဲဒီထဲ မှာ ကျိုက်ထီးရိုးဘုရား ခရီးစဉ်က ထိပ်ဆုံးက ဖြစ်ဖွယ်ရှိပါတယ်။

မြန်မာတွေလည်း ထိုင်းဘက်ကို အရင်ကထက် ပိုပြီး ၀င်ရောက်လည်ပတ်ကြမှာဖြစ်ပါ တယ်။

လက်ရှိ ခရီးသွားလာမှု

လက်ရှိ အသုံးပြု နေကြတဲ့ လက်မှတ်က တရက်စာ ခရီးသွား လက်မှတ် ဖြစ်ပါတယ်၊ အချိန် အကန့်အသတ် ရှိတဲ့ အတွက် နေမ၀င်ခင် လာလမ်းအတိုင်း ပြန်ရပါတယ်။

သွားလာခွင့်နေရာလည်း အကန့်အသတ် ရှိပါတယ် - ထိုင်းတွေမြ၀တီမြို့တွင်းသာသွားလာခွင့်ရှိပြီး မြန်မာတွေ လည်းမဲဆောက်မြို့အတွင်းသာ လည်ပတ်ခွင့်ရတဲ့ တနေ့တာ ခရီးသွားလက်မှတ်ဖြစ်ပါတယ်။




ဧရာဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်