Tuesday, March 19, 2013

ဂုဏ်ပြုမှတ်တမ်းလွှာ လဲလှယ်ခံရမှုကြောင့် အဓိပ္ပါယ်များ ကွဲလဲဟုဆို

Posted by drmyochit Tuesday, March 19, 2013, under | No comments


မတ်လ (၁၆) ရက်နေ့က သမိုင်း ပါမောက္ခ ဒေါက်တာ အေးချမ်းအား ရခိုင်ပြည်သူ တစ်ရပ် လုံးက ပေး အပ်သော ဂုဏ်ပြု မှတ်တမ်းလွှာ ဆုတံ ဆိပ်ကို လဲလှယ် ပေးအပ်ခြင်း ခံလိုက် ရသည့် အတွက် ဂုဏ်ပြု မှတ်တမ်း လွှာ၏ အဓိပ္ပါယ်များ ကွဲလွဲ သွားကြောင်း ၀ံလက် ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ အဖွဲ့ဝင် ဆရာ သိန်းထွန်းအေးမှ ဆိုသည်။" ဆုပေးတဲ့အခါမှာ ရခိုင် လူမျိုး တမျိုးတည်း နာမည်ခံ တာ မဖြစ် ရဘူး။ သမိုင်း ပညာရှင် တစ်ယောက် အနေနဲ့ အမှန် တရားကို အမှန် တရား ဖက်က မားမား မတ်မတ် တိုက်ပွဲ ဝင်ဝံ့တဲ့ သတ္တိရှင် ဆုအနေ နဲ့သာ ပေးတာ ဖြစ်တယ်။ လူမျိုးရေး ဆန်တဲ့ စကားလုံးတွေ မသုံး ဘဲနဲ့ ပညာရှင်တွေ ပေးတဲ့ စာသားမှာ အမှန် တရား ဖက်က ရပ်တည် ပေးတဲ့ သတ္တိ ရှင်လို့ သာ သုံးထား ပါတယ်။ အခု လဲလှယ်ပေး အပ်လိုက်တဲ့ ဂုဏ်ပြု မှတ်တမ်း လွှာ မှာတော့ ဘင်္ဂလီတွေကို သုံးထားတော့ လူမျိုးရေး ဆန်သွား တာပေါ့။ အနက် အဓိပ္ပါယ်တွေက အကုန်လုံးက ကွဲလွဲ သွားတာပေါ့။ အဲဒီ လိုဖြစ် တာဟာ ဆရာအေး ချမ်းရဲ့ ဂုဏ် သိက္ခာနဲ့ မထိုက် တန်။ ဆရာ ကို လူမျိုးရေး ဆန် တယ်လို့ ကမ္ဘာက စွပ်စွဲနေ တာမှာ ဆရာကို ပိုလို့ အရုပ် ဆိုးအောင် ဖန်တီး လိုက်တာ ဖြစ်သွား ပါတယ်။ " ဟု ဆရာ သိန်းထွန်းအေးက ပြောသည်။

သမိုင်း ပညာရှင် များက သဘောတူ ထားသော အမှန် တကယ် ပေးအပ်မည့် ဂုဏ်ပြု မှတ်တမ်း လွှာထဲ တွင် ပါဝင်သည့် logo ကအစ စာသားများ ကပါ တစ်ခုချင်းကို အနက် အဓိပ္ပါယ် ဖွင့်ဆိုချက် ပါရှိကြောင်း သိရ သည်။

" ပညာ ရှင်တွေရဲ့ သဘော တူညီ ချက်နဲ့ လက်မှတ် ထိုးပြီးတော့ ပေးအပ် တာဖြစ်တယ်။ လူမျိုး တစ်မျိုး လုံးကို ကိုယ်စားပြုနေ တာမှာ လူစု တစ်ခုကို ဦးဆောင်နေတဲ့ အမျိုးသားခေါင်း စဉ်တွေက လုပ်တာကို လူမျိုး တခုလုံးကို ကိုယ်စားပြု တယ်လို့ သုံးသပ် ပါတယ်။ ဆရာတော် အရှင် စက္ကိန္ဒ၊ မြောက် ဦးက ဆရာ ဦးကျော်ထွန်း အောင်၊ သမိုင်းဆရာ ဦးမောင် ဗသိန်း၊ ဦးအောင်စံ၊ ဆရာအောင်လှသိန်း၊ ဆရာဦး မောင်မောင်၊ ပညာရှင် များစွာနဲ့ နောက်ပြီးတော့ နိုင်ငံရေး ပါတီဖြစ်တဲ့ ALD ကလည်း နှစ်ကို ဖိတ်ထား တယ်။ RNDP ကလည်း ပါတီကိုယ်စား တစ်ယောက်ဖိတ်ထားပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ အားလုံး သဘော တူညီ တာကို အနီးကပ်ဖြစ်တဲ့အချိန်ကျမှ အခမ်းအနားစီစဉ်သူတွေက သူတို့လုပ်ချင်ပိုင်လုပ်လိုက်ကြတယ်။ ဒီလိုလုပ် လိုက်တာဟာ ဆရာတော်ပါအဝင် ပညာရှင်တွေကို မလေးစားရာရောက်တယ်။ အသိ အမှတ် မပြုရာ ရောက်တယ်။ " ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

သမိုင်း ပညာ ရှင်များမှ စုစည်းကာ ဒေါက်တာအေးချမ်းအား ပေးအပ်ရန် စီစဉ်ထားသည့် ဂုဏ်ပြု မှတ်တမ်း လွှာကို အခမ်း အနားတွင် ဆရာ ဦးကျော်မောင်ထံမှ အခမ်း အနားမှူး(၂)ဦး လက်ထဲသို့ ပေးအပ် ခဲ့ကြောင်း သိရသည်။

၎င်း အခမ်း အနားမှူး (၂) ဦးဖြစ်သော ဆရာ ကျားချေ(ခေါ်) ဦးသန်းထွန်းနှင့် ကိုစိုးပိုင် တို့ကိုမေးမြန်းရန် ဆက်သွယ် ခဲ့သော်လည်း အဆက် အသွယ် မရခဲ့ပေ။

Arakan Times

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်