Tuesday, March 19, 2013

“မျက်မမြင် မိခင်အား လုပ်ကျွေးနေသူ မိန်းကလေး တစ်ဦး မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခံရမှုအပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်”

Posted by drmyochit Tuesday, March 19, 2013, under | No comments


မန္တလေး တိုင်းဒေ သကြီး တံတားဦး ရဲစခန်း ရှေ့တွင် မတ် ၁၁ ရက် နံနက်က မျက်မမြင် အသက် ၇ဝ ကျော် မိခင်အား လုပ်ကျွေးနေသူ မိန်းကလေး တစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဒေသခံများ၏ တောင်းဆို ဆန္ဒ ထုတ်ဖော်မှု တစ်ခု ဖြစ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ် စဉ်မှာ မတ် လ ၈ ရက်နေ့တွင် တံတားဦး မြို့ရှိ မြင်းဝန် သုသာန်ထဲတွင် လူသေ အလောင်း တစ်လောင်း တွေ့ရှိ ခဲ့ပြီး အဆိုပါ လူသေ အလောင်းမှာ တံတားဦး မြို့ တွင်နေထိုင်သူ မစန်း စန်း ဝင်း (ခ) မဂွတို ဖြစ်ကြောင်း၊ မုဒိမ်းကျင့်၊ လူသတ်ကာ လုယက် မှုများ ကျူးလွန်ခံ ထားရပြီး တရားခံဆိုသူအား အဆိုပါနေ့ တွင် နေ့ ချင်း ဖမ်းမိကြောင်း သိရသည်။

လူသတ်တရားခံဟုယူဆရသူကို….အား မြို့သာ မြို့ လက်ဖက်ရည် ဆိုင်တစ်ဆိုင်တွင် သေဆုံးသူထံမှ ရယူထား သည့် နားကပ်၊ လက်စွပ်နှင့်အတူ ဖမ်းမိထားပြီး ဖြစ်ကြောင်း သိရသည်။ ဆန္ဒ ထုတ်ဖော် သူများသည် အဆိုပါ တရားခံ ဆိုသူမှာ တပ်မတော်မှ ဒုတပ်ကြပ် တစ်ဦး ဖြစ်သောကြောင့် စစ်ဘက်ဆိုင်ရာ တရား ရုံးတွင် စစ် ဆေးမည်ကို စိုးရိမ်၍ အရပ်ဘက် တရားရုံးတွင်သာ စစ်ဆေးစေ လိုကြောင်း စာတန်း များ၊ သေဒဏ်ပေးစေလို သောစာတန်းများပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ ဆန္ဒ ထုတ်ဖော် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ မစန်းစန်းဝင်း (ခ) မဂွတိုမှာ မျက်မမြင် အသက် ၇ဝ ကျော် မိခင်အား လုပ်ကျွေးနေပြီး အတန်း ပညာ ကောင်းစွာမရှိခြင်း၊ စကားမပီခြင်း၊ ခေါင်းရွက် ဈေးသည် အဖြစ် ဈေးလှည့်လည်ရောင်းကာ ကြုံရာ ကျပန်း လုပ်ကိုင်ပြီး မိခင်အား လုပ်ကျွေးနေသူ ဖြစ်သောကြောင့် စာနာစိတ်ဖြင့် ယခုလို တောင်းဆို ရခြင်း ဖြစ်ကြောင်း ဆန္ဒ ထုတ်ဖော် ရာတွင် ပါဝင်သူများထံမှ သိရသည်။

”ဒါမလုပ်သင့်ပါဘူး။ ဒီအမျိုးသမီးက မိခင် မျက်မမြင်ကြီးကို လုပ်ကျွေးနေတာ။ စာတောင် ကောင်းကောင်း တတ်တာ မဟုတ်ဘူး။ သတ်တဲ့သူကို သေဒဏ်ပေးသင့်တယ် ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တံတားဦးမြို့နယ် ရဲစခန်းမှ တရားခံအား ပုဒ်မ ၃ဝ၂၊ ၃၉၂ တို့ ဖြင့် အရေးယူထားပြီး တရားခံအား ထိန်းသိမ်းထားကြောင်း၊ ဥပဒေ အတိုင်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တာဝန်ကျ ရဲမှူးက ပြောသည်။

”ဒီအမှု အတွက် အထက်ကတော့ ဘာမှ မညွှန်ကြားသေးဘူး။ မနက်က သူတို့ဆန္ဒကို တောင်းဆိုတဲ့လူ ပါသလို တရားခံကို ရုံးထုတ်မယ်ဆိုလို့ မြင်ဖူးချင်လို့ လာကြည့်တဲ့ သူတွေလည်းပါတယ်။ ဥပဒေအတိုင်း လုပ်ဆောင် သွားမှာပါ” ဟု အဆိုပါရဲမှူးက ပြောသည်။


From:popularmyanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်