Tuesday, December 04, 2012

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံသို့ ရောက်ရှိ

Posted by drmyochit Tuesday, December 04, 2012, under | No comments





From : သမ္မတရုံး
နေပြည်တော် ဒီဇင်ဘာ ၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ ဒေသ စံတော်ချိန် မွန်းလွဲ (၂) နာရီ (၁၅) မိနစ် တွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

အကျင့် စာရိတ္တ ကောင်း၍ ပညာ ထူးချွန် သူများကို တက္ကသိုလ် ဘော်ဒါဆောင် နေခွင့်ပြုမည်

Posted by drmyochit Tuesday, December 04, 2012, under | No comments





From : မြဝတီ

မြစ်ကြီးနား တက္ကသိုလ်တွင် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာ ထူးချွန်သော တက္ကသိုလ် တက်ရောက်မည့် ကျောင်း သား၊ ကျောင်းသူ များကို တက္ကသိုလ် ဘော်ဒါဆောင် တွင် နေ ခွင့် ပြုမည် ဖြစ်သည်။

ပန်းမြောင်းအရေးအခင်း ပါဝင်ပတ်သက်သူ ၁၄ ဦးကို လာပို့ရန် ဒု-ပြည်နယ်မှူး အမိန့်ပေး

Posted by drmyochit Tuesday, December 04, 2012, under | No comments


ခိုင်ပြည်နယ် ဒု-ပြည်နယ်ရဲမှူး အောင်ကျော်ဦးမှ မြောက်ဦးမြို့နယ်၊ ပန်းမြောင်း အရေးအခင်းတွင် ပါဝင်သူ ၁၄ ဦးကို ချက်ချင်း လာပို့ရန် ပန်းမြောင်း ရဲစခန်းမှူးအား လွန်ခဲ့သောနှစ်ရက်က အတင်းအဓမ္မ အမိန့်ပေး ပြောဆိုလိုက်ကြောင်း သိရသည်။

လက်ပံတောင်း ဒဏ်ရာရ ရဟန်းတော်များကို ကူညီရန် ရခိုင်မှ အဖွဲ့တစ်ဖွဲ့ စစ်ကိုင်းသို့ ထွက်ခွာ

Posted by drmyochit Tuesday, December 04, 2012, under | No comments


ပြည်တွင်း ပြည်ပ ရခိုင်အမျိုးသားများမှ ထည့်ဝင် လှူဒါန်းသော ငွေများကို စုဆောင်းပြီး ဒဏ်ရာရ ရဟန်းတော် များ ကို ကူညီနိုင်ရန် အ တွက် ဒေါက် တာ အေးမောင် ဦးဆောင်သော ရခိုင်မှ အဖွဲ့ တစ်ဖွဲ့သည် ယမန်နေ့က စစ်တွေမှနေ စစ်ကိုင်းသို့ ထွက်ခွာသွား သည်ဟု သ တင်း ရရှိသည်။

ဆယ်စုနှစ် နှစ်ခုကျော်အကြာ ပထမဆုံး ဆန္ဒပြသော တရုတ် အလုပ်သမားများကို စင်ကာပူ နှင်ထုတ်

Posted by drmyochit Tuesday, December 04, 2012, under | No comments

စင်္ကာပူ နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြမူပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား ခရီးသည် ယာဉ် မောင်း သမား ၂၉ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

ဆူပူအောင် လှုံဆော်တယ် ဆိုတဲ့ စွပ်စွဲမှု မျိုးဆက်သစ် လူငယ်များ အစည်း အရုံး ပယ်ချ

Posted by drmyochit Tuesday, December 04, 2012, under | No comments



တနင်္ဂနွေ နေ့က ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့ ဖမ်းဆီးခံခဲ့ရ လက် ပံတောင်း တောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆန္ဒပြ သပိတ် မှောက်သူ တွေကို အာဏာပိုင် တွေက အင်အားသုံး ဖြိုခွင်း ခဲ့တဲ့ အပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေ အတွင်း ဖမ်းဆီး ခံရသူတွေကို တနင်္လာနေ့က တရားရုံး တွေမှာ ရုံးထုတ် ခဲ့ပါတယ်။

ကော်မရှင် အဆုံးအဖြတ်အတိုင်း ဦးပိုင် ဆက်လုပ်မယ်

Posted by drmyochit Tuesday, December 04, 2012, under | No comments


 နိုင်ဝင်ဘာ ၃၀ ရက်နေ့ကလည်း ဦးပိုင် ကုမ္ပဏီကို သံဃာတော်တွေ ကန့်ကွက် ဆန္ဒပြခဲ့ကြလက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ တစိတ်တပိုင်း ပါဝင် လုပ်ကိုင်နေတဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိ တက်က၊ သမ္မတ ဖွဲ့ပေး လိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဆီးရီးယားကို သမ္မတ အိုဘားမား သတိပေး

Posted by drmyochit Tuesday, December 04, 2012, under | No comments


အမေရိကန် သမ္မတ အိုဘားမားက ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာ ဆတ်ဒ် ကို သူပုန်တွေနဲ့ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အတွင်းမှာ ဓာတု လက်နက်တွေ သုံးစွဲမယ့် ကိစ္စမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သတိပေး ပြောကြား လိုက်ပါတယ်။

ယခုတစ်ပတ်အတွင်း ကစားမည့်ဘောလုံးပွဲစဉ်များ

Posted by drmyochit Tuesday, December 04, 2012, under | No comments

စုံစမ်းစစ်ဆေးရေးကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်းခြင်း

Posted by drmyochit Tuesday, December 04, 2012, under | No comments


ဒီဇင်ဘာ ၁ ရက်က ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂ ရက်အကြာ ဒီဇင်ဘာ ၃ ရက် တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ အဆိုပါကော်မရှင်တွင် မူလအဖွဲ့ဝင် ၃၀ ဦးရှိရာမှ ၁၆ ဦးဖြင့် ပြန် လည် ဖွဲ့စည်း ထားသည်ကို တွေ့ရသည်။
စုံစမ်းရေးကော် မရှင် ပြင်ဆင် ဖွဲ့စည်းကြောင်း ကြေညာ ချက် အပြည့် အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။

လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွဲခဲ့မှုအပေါ် ကေအိုင်အို၏ သဘောထား ထုတ်ပြန်

Posted by drmyochit Tuesday, December 04, 2012, under | No comments


လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် သပိတ်စခန်းများကို အကြမ်း ဖက်နှိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကေအိုင်အိုမှ သဘောထား ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် အချက်သုံးချက်ပါဝင်ခဲ့ပြီး ယင်းအချက်များမှာ (၁) ပြည်ထောင်စု မြန် မာနိုင်ငံ အတွင်းရှိ ပြည်သူများသည် အစိုးရသစ်၏ လက်ထက်တွင် မိမိတို့၏ ဆန္ဒသဘော ထားများအား ပွင့်လင်း စွာ ထုတ်ဖော်နိုင်မည်ဟု မျှော်လင့်လျက် ငြိမ်းချမ်းစွာ ဆန္ဒ သဘောထား ထုတ်ဖော်သည့် အစီအ စဉ်များ ပြုလုပ်ရှိရှိပါသည် (၃) အာဏာပိုင်များ အနေဖြင့် နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများနှင့် သံဃာတော်များ  အများအပြား ထိခိုက် ဒဏ်ရာရရှိသည်အထိ အကြမ်းဖက်နှိမ် နင်းခဲ့သည်ကို တွေ့ရှိရပါသည်။ (၃) ကေအိုင်အို ဗဟိုကော်မတီသည် ဒေသခံ ပြည်သူများ၊ ထိခိုက် ဒဏ်ရာ ရရှိသော လူထုနှင့် သံဃာတော်များနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်းပါကြောင်းနှင့် ဤသို့ တရားမျှတမှု မရှိသော အကြမ်းဖက် နှိမ်နင်းမှုများကို ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြခဲ့ပါသည်။ 

မြန်မာနိုင်ငံ၏ အင်တာနက် ဆက်ကြောင်းသစ် ဒီဇင်ဘာလတွင် စတင်ချိတ်ဆက်မည်

Posted by drmyochit Tuesday, December 04, 2012, under | No comments




From :ခေတ်လူငယ်

မကြာခဏ ချို့ယွင်းပြတ်တောက်လေ့ ရှိသော SE-ME-WE-3 အင်တာနက် ဆက်ကြောင်းနေ ရာတွင် အစားထိုးနိုင် ရန် ရည်ရွယ်ထားသော SE-ME-WE-5 အင်တာနက် ဆက်ကြောင်းသစ် ချိတ် ဆက် မှုကို ဒီဇင်ဘာလတွင် စတင်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုလ်ဘိုင်းအင်ဂျင်နီယာဌာနမှ အင်ဂျင် နီယာချုပ် ဦးဋ္ဌေးဝင်းက ပြောကြားသည်။ “ဒီဇင်ဘာလအတွင်းမှာ စပြီးတော့ လုပ်မယ်၊ မူဆယ်ကနေ ပုသိမ်အထိ သွယ်တန်းမှာပါ။ ငါးလလောက် ကြာမယ်လို့တော့ ခန့်မှန်းထားတယ်။ SE-ME-WE-3 ရော SE-ME-WE-5 ရော နှစ်ခုဆိုရင် အင်တာနက် အမြန်နှုန်းတွေ ပိုပြီးတော့ ကောင်းလာမှာပါ” ဟု ဦးဌေး ဝင်းက ပြောကြားသည်။ အဆိုပါ မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ ဖိုက်ဘာဆက်ကြောင်း စီမံကိန်းကို China Unicom က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို ၎င်းတို့ဘက်က အပြည့်အဝ ပိုင်ဆိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံဘက်က မြေနေရာ၊ စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုအနေအထားမှာ တစ်ဝက်စီသာဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ဖိုက်ဘာဆက်ကြောင်း စီမံကိန်းတွင် ပါဝင်ရန် တရုတ်နိုင်ငံဘက်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကမ်းလှမ်းခဲ့ပြီး လွန်ခဲ့သော နှစ်လခန့်က စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး၊ စီမံကိန်း တည်ဆောက်မှုအတွက် အမေရိကန် ဒေါ်လာသန်း ၄၀ ခန့် ကုန်ကျနိုင်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။ “လက်ရှိ အင်တာနက် အမြန်နှုန်းက နှေးနေတာ မဟုတ်ဘူး။ 14Gb အထိ ရှိနေတာပဲ။ ပြဿနာက အင်တာနက် အမြန်နှုန်းကို လိုသလို စောင့်ကြည့် ထိန်းချုပ်ဖို့ လိုနေတာ။ လက်ရှိအချိန်မှာ အင်တာနက် ဈေးနှုန်းကို လျှော့ချဖို့ လုပ်သင့်တာ။ အခု အသစ်ပြင်မယ့် အင်တာနက် ဈေးနှုန်းနဲ့ဆိုရင် ဖိုက်ဘာအသစ်တွေ ချိတ်လည်း သုံးစွဲသူတွေ အဆင်မပြေနိုင်ဘူး” ဟု အော်တိုတယ်လီဖုန်းဌာနမှ အငယ်တန်း အင်ဂျင်နီယာတစ်ဦးက သုံးသပ်သည်။ သက်တမ်း နှစ် ၃၀ သတ်မှတ်ထားပြီး လက်ရှိမြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ချိတ်ဆက် အသုံးပြုနေသော SE-ME-WE-3 အင်တာနက် ဆက်ကြောင်းသည် လက်ရှိအချိန်တွင် အနှစ် ၂၀ ခန့် သက်တမ်းရှိလာပြီ ဖြစ်သောကြောင့် စင်ကာပူနှင့် တရုတ်နိုင်ငံတို့မှ ဦးဆောင် ကမကထပြု၍ ပိုမိုသစ်လွင် ကောင်းမွန်သော နည်းပညာများ ပါဝင်သည့် အဆိုပါ SE-ME-WE-5 အင်တာနက် ဆက်ကြောင်းသစ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများအတွက် ဖိုက်ဘာ အင်တာနက်ဆက်ကြောင်း အနေဖြင့် SE-ME-WE-3 နှင့် ဂြိုဟ်တုဆက်သွယ်ရေး စနစ်အနေဖြင့် INTELSAT 9, MEASAT 3, THAICOM5 ဂြိုဟ်တုတို့နှင့် ချိတ်ဆက် အသုံးပြုလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ဂျပန်ဥမင်လှိုဏ်ခေါင်းပြိုကျမှု လူ ၉ ဦးသေဆုံး

Posted by drmyochit Tuesday, December 04, 2012, under | No comments


ဂျပန်နိုင်ငံတွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက အဝေးပြေးလမ်းမပေါ်ရှိ ဥမင်လှိုဏ်ခေါင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦးသေဆုံးကြောင်း သိရသည်။ ဂျပန်နိုင်ငံအနောက်ပိုင်း အဝေးပြေးလမ်းမပေါ်ရှိ ဥမင်လှိုဏ်ခေါင်း တစ်ခု၏ မျက်နှာကြက်မှ ကွန်ကရစ်များ ကားလမ်းပေါ်သို့ ပြိုကျမှုဖြစ်ပွား ရာ  ဖြတ်သန်းသွားလာနေသည့် ကားသုံးစီးကို ထိခိုက်ခဲ့ပြီး အဆိုပါကားများ အတွင်းရှိ လူ ၉ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

တော်ဝင်သစ်စက်ရုံ အလုပ်သမားများ ထပ်မံဆန္ဒပြ

Posted by drmyochit Tuesday, December 04, 2012, under | No comments


ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ၀ါးတရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် မိသားစု သစ်စက်က အလုပ် သမားတွေဟာ အလုပ်ပြန်ဆင်းခွင့်အပါအ၀င် နစ်နာချက်တွေ ပြန်ရအောင် ဆောင်ရွက်ပေးဖို့ ဒီနေ့မနက် က ရွှေပြည် သာမြို့နယ် အလုပ်သမားရုံးကို သွားရောက် ဆန္ဒပြတောင်းဆိုပါတယ်။
အလုပ်သမားတွေဟာ ခုံသမာဓိရုံး ဆုံးဖြတ်ချက်အရ အလုပ်ပြန်ဆင်းရာမှာ အလုပ်ရှင်က ဆင်းခွင့် မပေးတဲ့အတွက် ဒီကိစ္စကိုင်တွယ်ဖြေရှင်းပေးဖို့ မြို့နယ်အလုပ်သမားရုံးကို သွားရောက် ဆန္ဒပြခဲ့ကြတာပါ။

အုတ်ခဲဖြင့်ထုပြီး ပုဆိုးကွင်းစွပ်ကာ ဆိုင်ကယ်ဖြင့်ဆွဲ၍ သတ်ဖြတ်

Posted by drmyochit Tuesday, December 04, 2012, under | No comments


၃၀-၁၁-၂၀၁၂ ရက်နေ့ ၂၂၃၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၃)ရပ် ကွက်၊ တော်ဝင် လမ်းရှိ ““ဇူလိုင်မိုး”” တည်းခိုခန်း အနီး လမ်းမပေါ်၌ လူတစ်ဦး ဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်း ရရှိ သဖြင့် ရွှေပြည်သာရဲစန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ ရာ ရွှေပြည် သာမြို့နယ်၊ (၃)ရပ်ကွက်နေ ဂျပန်ကြီး (ခ)မြင့်သိန်း(၅၄ )နှစ်ဖြစ်ပြီး ဒဏ်ရာများရရှိကာ လည်ပင်းတွင် ပုဆိုး ကွင်း စွပ်လျက် ပက်လက် လဲကျ သေဆုံးနေ သည်ကို တွေ့ရှိရသည်။
 

KIA နှင့် အစိုးရတပ်အကြား တိုက်ပွဲ ဖြစ်ဆဲ

Posted by drmyochit Tuesday, December 04, 2012, under | No comments


အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ခိုက်မှုများ ယခု ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်၍ ပိုမို ပြင်ထန်လာပြီး ကေအိုင်အေက အင်အားလည်း တိုးချဲ့ ထားကြောင်း သိရ သည်။ တိုက်ပွဲများသည် ကချင်ပြည်နယ် ပန်ဝါဒေသနှင့် မိုးမောက်မြို့နယ်တို့တွင် ဖြစ်ပွားခြင်းဖြစ်ကြာင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။ “ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက် ပန်ဝါဒေသမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ တပ်ရင်းကတော့ ခြေလျင်တပ်ရင်း (ခလရ) ၇၇ နဲ့ ၇၄ တပ်ရင်း ၂ ခုပေါင်း တပ်ဖွဲ့နဲ့ ၂ ရက်လောက် တနေကုန် တိုက်ပွဲဖြစ်တာ ရှိတယ်” ဟု ၎င်းက ဆိုသည်။ ၂ ရက်အတွင်း အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲ စုစုပေါင်း ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ KIA ဘက် ၁ ဦး ကျဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အစိုးဘက်တွင်လည်း အကျအဆုံး မရှိကြောင်း ဦးလနန်က ဆက်ပြောသည်။ လတ်တလောတွင် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၂ ရင်းခန့် မိုးကောင်းမြို့နယ်မှ ဖားကန့် ဒေသသို့ စစ်တပ်အင်အား ၃၀၀ နီးပါးခန့် တိုးချဲ့ထားပြီး KIA တပ်ရင်း ၃ အဖွဲ့ဝင်များ လှုပ်ရှားနေသည့် ၀ိုင်းမော်ဒေသတွင်လည်း အစိုးရတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIO/KIA ဗဟို ဌာနချုပ် မှာပြုလုပ်နေတဲ့ KIA အင်အားဖြည့် တင်းရေး အစည်း အဝေးမှ လျှို့ဝှက်ဆွေးနွေး ချက်များ

Posted by drmyochit Tuesday, December 04, 2012, under | No comments


KIO/KIA ဗဟိုဌာနချုပ်မှာပြုလုပ်နေတဲ့ KIA အင်အား ဖြည့်တင်းရေး အစည်း အဝေးက ပြီးဆုံး သွား ပါပြီ။ အဲဒီမှာ ဆုံးဖြတ်ချက် ကိုအသေးစိတ် မသိရ သေးပေမဲ့ ဆုံးဖြတ်ချက် အချို့ကို တော့သိ လိုက်ရ ပါတယ်။

မဲခေါင်မြစ် တစ်လျှောက်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ကင်းလှည့်ခြင်း

Posted by drmyochit Tuesday, December 04, 2012, under | No comments


၂ဝ၁၁ ခု နှစ်အတွင်း မဲခေါင်မြစ်တွင် တရုတ် သင်္ဘောသား ၁၃ ဦး အသတ် ခံခဲ့ရသည့် တိုက်ခိုက်မှု အပြီး ကုန်သွယ်မှုနှင့် သယ်ယူ ပို့ဆောင်ရေး ပုံမှန်အတိုင်း ပြန်လည် အသက်ဝင်လာ ပြီးနောက် ရွှေတြိဂံ ဒေသ အတွင်းရှိ မဲခေါင်မြစ် တစ်လျှောက်တွင် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ကင်းလှည့်ခြင်း အား ဒီဇင်ဘာလ ၂ ရက် နေ့တွင် စတင် ခဲ့ကြောင်း သိရှိရ ပါသည်။ 

လက်ပန်းတောင်းတောင် အကြမ်းမှုနှင့်ပတ်သက်ပြီးမိုးကုတ်မြို့ရှိ သံဃာတော်များ ဆန္ဒဖော်ထုတ်

Posted by drmyochit Tuesday, December 04, 2012, under | No comments


ယနေ့ 3.12.2012ရက်နေ့ မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရား ရင်ပြင်တော်တွင် သံဃာအပါး (၂၇)ပါး တို့မှ နိုဝင်ဘာ၂၉-ရက်ညက ဖြစ်ပွားခဲ့သည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် ငြိမ်းချမ်း စွာ ဆန္ဒဖော် ထုတ်ခဲ့ကြသော သံဃာတော်များ အပေါ် အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force

Posted by drmyochit Tuesday, December 04, 2012, under | No comments


ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော် ယာဉ် ပြပွဲ မှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။ တကယ် ထူး ထူးခြားခြား ပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင် ချက်က ဘယ်လို လည်းလို့ အများက စိတ်ဝင် စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကား ကို မောင်းပေး မှာ ဖြစ်ပါ တယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက် မဟုတ် ပဲ ရေငွေ့ များ ဖြစ်မှာ ဖြစ်ပါတယ်။

ကိုယ့်အသားကို ပြန်စားသော ရောဂါ - LNS

Posted by drmyochit Tuesday, December 04, 2012, under | No comments


Lesch-Nyhan syndrome (LNS) အမည်ရ ရောဂါဟာ အင်မတန် ကြောက် စရာ ကောင်း တဲ့ ရော ဂါ ဖြစ်ပါတယ်။ တကယ်ပဲ ကိုယ့်အသား ကိုယ်ပြန် စားတဲ့ ရောဂါဖြစ်ပါတယ်။ အဆိုးဆုံး အခြေအနေ ကတော့ ကိုယ့်ကိုယ်ကို ပြန်သက်သေခြင်း ဖြစ်ပါတယ်။ လူ အယောက် ၃၈၀၀၀၀ မွေးရင် တစ်ယောက်မှာ ဖြစ်နိုင် ချေ ရှိတဲ့ ရောဂါ ဖြစ်ပါတယ်။ သို့ပေမယ့် ပတ်ဝန်း ကျင်မှာ တွေ့ရခဲပါတယ်။ စိတ်ရောဂါနဲ့လည်း ဆက်စပ်ပါ တယ်။ ရောဂါဖြစ်ရတဲ့  အကြောင်းအရင်း ကတော့ မွေးကတည်က သွေးထဲမှာ Uric အက်ဆစ် တစ်မျိုး ဓာတ်လွန် ကဲနေခြင်း ဖြစ်ပြီး ကိုယ်ရော၊ စိတ်ရဲ့ လုပ်ဆောင် ချက် အားလုံးကို ကမောက် ကမ ဖြစ်စေတဲ့ ရောဂါ ဖြစ်ပါတယ်။

NLD ပါတီ လွှတ်တော်အမတ်တစ်ဦးမှ ဒေသခံပြည်သူပိုင် ဥယျာဉ်ခြံအတွင်း ကျူးကျော်ဝင်ရောက် ပြီးခြိမ်းခြောက်အနိုင်ကျင့်ခဲ့သည့်သတင်း

Posted by drmyochit Tuesday, December 04, 2012, under | No comments


၁။       တနင်္သာရီ တိုင်းဒေသကြီး ၊လောင်းလုံမြို့နယ် ၊ကျောက် ဆင်ကျေးရွာ အုပ်စု၊ သဘော့ ဆိပ်ပြင် ကြီး ကျေး ရွာရှိ ကျောက် ဆင်ကျေးရွာအပိုင် ကွင်းအမှတ်(၁၇၁ A )ရှိ ဥယျာဉ်ခြံမြေများသည် ထားဝယ်ရေ နက်စီမံ ကိန်းကြောင့် ခြံ အရောင်း အ ၀ယ်ဖြစ်မှု များပြား လာကာ ဈေးနှုန်းမြင့်မားလာမှုနှင့်အတူ ခြံမြေပိုင် ဆိုင်မှု အငြင်း ပွားခြင်း များ လည်း ဖြစ်ပေါ်လာခဲ့ပါသည်။ ၄င်းဥ ယျာဉ်ခြံ မြေများ သည် လွန်ခဲ့သော ၂၀၀၅/၂၀၀၆ ခုနှစ်ခန့် က တည်းက သက်ဆိုင် ရာဌာနများမှ တရားဝင် လခုက် ကိုင် ခွင့်ရရှိခဲ့ပြီး အမှန်တ ကယ်လုပ် ကိုင်ခဲ့သောခြံမြေ များဖြစ်သော်လည်း ကျေးရွာအတွင်းရှိ လူတစ် စူမှ ကျေးရွာ ပိုင်မြေအဖြစ် သတ်မှတ်ပြီး ချဉ်ပေါင် ပင်စိုက် ပျိုးခြင်းမှအစပြု၍ ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိပါသည်။ အငြင်း ပွားမှုအား သက်ဆိုင်ရာဌာနများသို့ ဥပဒေနှင့် အညီ ဆောင် ရွက်ပေးရန်တင်ပြခဲ့သဖြင့် လာရောက် စစ်ဆေးဆောင် ရွက်ဆဲ ဖြစ်ပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်