Wednesday, November 07, 2012
စောင့်လေမျိုးနွယ်
Posted by drmyochit Wednesday, November 07, 2012, under | No comments
မြတ်စွာဘုရားရှင် ဟောကြားခဲ့သော တရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ထုတ်နုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ စောင့်ရှောက်ခဲ့သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော် လို့ခေါ်ဆို ပါတယ်။ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာဝင် လို့ ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့အဆုံးအမအတိုင်း လိုက်နာကျင့်ကြံနေထိုင်သောသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဆိုထိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း လိုက်နာနေထိုင်ရပါတယ်။ ကိလေသာအများအပြားရှိနေကြတဲ့ ပုထုဇဉ်တွေအနေနဲ့ ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မများအတိုင်း အလုံးစုံလိုက်နာမကျင့်ကြံနိုင်တာကို ကြီးမားတဲ့ အပြစ်လို့မဆိုသာပါ။ ဒါပေမယ့် မိမိ အတွက်ကြောင့် အမျိုး၊ ဘာသာ၊ သာသနာကို နိမ့်ကျစေမယ့် အဖြစ်မျိုးတွေ မလုပ်မိဖို့တော့ လူတိုင်း သတိပြုစေချင်ပါတယ်။
          သတ္တ၀ါတွေဟာ မိမိတို့ကံအတိုင်း လျှောက်လှမ်း နေကြရတာဖြစ်တဲ့ အတွက် ဘယ်သူ့ကိုမှ အပြစ် တင်စရာ အကြောင်းမရှိပါ။ ဘာသာ၊ သာသနာကို ထိခိုက် မှေးမှိန်စေမယ့် လုပ်ဆောင် ချက်တွေနဲ့ နောင် လူငယ်များ အတွက် ရှေ့ဆောင်လမ်းပြမှု အမှားတွေ မဖြစ်ရလေအောင် လိုက်နာ ကျင့်ကြံကြဖို့ ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးတိုင်း သိထားရမယ့် အချက်ဖြစ်ပါတယ်။
          ကျွန်တော်တို့ဟာ မိဘတိုင်းက မွေးဖွားလိုက်တဲ့ သားသမီး တွေဖြစ်ပါတယ်။ မိဘမရှိတဲ့ သားသမီးလို့ မရှိပါဘူး။ သားသမီးမရှိတဲ့ မိဘတွေ ပဲရှိတာပါ။ သားသမီး တွေဖြစ်တဲ့ အတွက်ကြောင့် သားသမီး ကျင့်ဝတ် တွေအတိုင်း လိုက်နာ သင့်ပါတယ်။ ဘယ်လိုတွေ လိုက်နာ ကျင့်ကြံရမယ် ဆိုတာကို မြတ်စွာ ဘုရားရှင်က ဟောကြား ဆုံးမ ခဲ့ပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ တရားတွေကို နောင်လူတွေ မှတ်မိ လွယ်အောင် သင်္ဂဇာ ဆရာတော်ကြီးက အောက်ပါ အတိုင်းရေး စပ်ခဲ့ပါတယ်-
          ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
          မွေခံထိုက်စေ၊ လှူမျှဝေ၍၊
          စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
          ကျင့်ဖွယ်သားတို့တာ။
          (သင်္ဂဇာဆရာတော်ကြီး)
          ကျွန်တော်တို့ ငယ်စဉ် ကတည်းက ရွတ်ဆိုခဲ့ကြတဲ့ စာပိုဒ်လေးပါပဲ။ ငယ်စဉ်ကတော့ စာသိနဲ့ပဲ သိလာခဲ့ရတာပါ။ တကယ်တမ်း လေးလေးနက်နက် တွေးကြည့် လိုက်တဲ့ အခါမှာ ကိုယ်တိုင် လိုက်နာရ တော့မယ်ဆိုတဲ့ အသိလေးရ ခဲ့ပါတယ်။ ဒီအချိန်မှာ စောင့်လေမျိုးနွယ် ဆိုတဲ့ အချက်ကို အဓိက ရည်ရွယ် ပြီး ပြောလို ပါတယ်။
          ကျွေးမွေးမပျက် ဆိုတာက အသက်အရွယ် ကြီးရင့် သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့် တစ်ဖန် ကျွေးမွေး စောင့်ရှောက် ရမယ်လို့ ဆိုလိုပါတယ်။
          ဆောင်ရွက်စီမံ ဆိုတာက အသက် အရွယ်ကြီး သွားသော မိဘနှစ်ပါး တို့ရဲ့ ကိုယ်စား စီးပွားရေး၊ လူမှုရေး စတဲ့ ကိစ္စကြီးငယ် အသွယ်သွယ် တို့ကို သားသမီး တို့က စီမံ ဆောင်ရွက် တာဝန်ယူ ရမယ်လို့ ဆိုလိုပါတယ်။
          မွေခံထိုက်စေ ဆိုတာက မိဘတို့ရဲ့ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက်လက် ခံယူနိုင် အောင် အရည်အချင်း နှင့် ပြည့်စုံ ရမယ်လို့ ဆိုလိုပါတယ်။
          လှူမျှဝေ၍ ဆိုတာက တမလွန်ဘ၀ကို ကွယ်လွန် ပြောင်းရွှေ့ သွားကြတဲ့ မိဘတို့ကို ရည်စူးပြီး ကုသိုလ် ကောင်းမှုပြု လုပ်ကာ သတိတရ အမျှအတန်း ပေးဝေ ရမယ်လို့ ဆိုလိုပါတယ်။ ထို့ကြောင့် သေလွန်ပြီးရင် ကုသိုလ် ကောင်းမှုပြု လုပ်၍ ရေစက်ချ အမျှပေး ကြပါတယ်။
          စောင့်လေမျိုးနွယ် ဆိုတာက မိမိတို့ရဲ့မျိုးရိုးစဉ်လာ တို့ကို ထိန်းသိမ်း စောင့်ရှောက် ရမယ်လို့ ဆိုလိုပါတယ်။ ထိုထက်ပိုပြီး မိမိတို့ ဆွေမျိုး သားချင်း၊ အစဉ်အလာ၊ မျိုးရိုး ဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်း ရပါမယ်။ ယနေ့ အချိန်အခါမှာ ဒီအချက်ကို မေ့လျော့နေပြီး ထင်ရာစိုင်း နေကြတဲ့ ဖြစ်စဉ်တွေ၊ လုပ်ရပ် တွေကို ကြားသိရတဲ့ အခါ များစွာစိတ် မကောင်းဖြစ် ရပါတယ်။ ဒါတွေဟာ အခုအချိန်မှာ မသိသာပေမယ့် ကြာလာရင်တော့ ဘာသာနဲ့ လူမျိုးအတွက် စိုးရိမ်ရပါတယ်။ ``လူမှာ အမျိုး ကြက်မှာ အရိုး´´ဆိုတဲ့ ဆိုရိုးစကား အတိုင်း လူတိုင်းမှာ အမျိုး အနွယ်က အရေးကြီး ပါတယ်။
          ``မြေမျိုသော် လူမျိုးမကုန်၊ လူလူ ချင်းမျိုပါမှ လူမျိုးတုံး လိမ့်မယ်´´ဆိုတဲ့ စကားအရ မြန်မာ အမျိုးသား၊ အမျိုးသမီး များအနေဖြင့် အိမ်ထောင်ဖက်ရဲ့ မျိုးရိုးကို အထူးဂရုပြု ရွေးချယ် သင့်ပါတယ်။ ဒီအချက်ဟာ အလွန် အရေးကြီး ပါတယ်။ တချို့ လူငယ်တွေက အချစ်သည်သာ ပဓာန ဆိုတဲ့စကားကို အားကျ အဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှား သွားကြတယ်။ တချို့ကြ ပြန်တော့ မိသားစု စားဝတ် နေရေး အတွက် ရွေးချယ် လိုက်ရတယ်။ အိမ်ထောင်ဖက် ရွေးချယ်ရာမှာ ယောင်္ကျားလေး ထက် မိန်းကလေးက ပိုပြီး အရေးကြီး ပါတယ်။
          ပြည်ထောင်စု ဖွားတိုင်းရင်းသား မဟုတ်တဲ့ ဘာသာခြားနဲ့ အိမ်ထောင် ပြုမိရင် သားစဉ်မြေးဆက် ရင်သွေး တွေပါ ဘာသာခြား ဖြစ်သွား တတ်ပါတယ်။ ဒီတော့ စောင့်လေ မျိုးနွယ်ဆိုတဲ့ တာဝန် ကိုလည်း ဖျက်ဆီး လိုက်ရာ ရောက်ပါတယ်။ အချို့မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တွေဟာ ဘာသာရေး ခံယူချက်နဲ့ လူမျိုးရေး စိတ်ဓာတ် ပျော့ညံ့တဲ့ အတွက်ကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဘာသာရော လူမျိုးပါ ဆုံးရှုံး နစ်နာရပါတယ်။ မိမိတို့ အမျိုးဂုဏ်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်း ရမယ်ဆိုတဲ့ လူမျိုးရေး၊ ဘာသာရေး အသိကို လူတိုင်းမှာ ရှိစေချင်ပါတယ်။
          အနောက်တိုင်း ယဉ်ကျေးမှုတွေ၊ နေထိုင်မှု ပုံစံတွေဟာ ယနေ့အချိန်မှာ မြန်မာ လူမျိုး တို့ကြားမှာ နေရာယူ လာကြပါပြီ။ ဒါကို ခေတ်မီတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်း နိုင်တယ်လို့ ထင်တဲ့ သူက ထင်ပါလိမ့် မယ်။ ကျွန်တော်တို့ လူမျိုးက ဘာသာ၊ သာသနာကို အခြေခံပြီး ဖွဲ့စည်း ထားခြင်းဖြစ်ပါတယ်။ ခေတ်မီ တိုးတက် လာတယ်ဆိုတဲ့ လောကီ စိတ်ချမ်းသာမှု အမြင်ဟာ ရင်ထဲက ကိလေသာ နည်းသွားတဲ့ ချမ်းသာမှုနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။
          အနှစ်ချုပ် ဆိုရရင် ….. ထေရ၀ါဒ မြန်မာ လူမျိုးများ အနေနဲ့ သစ္စာ တရားများ၊ စစ်မှန်သော တရား ဓမ္မများကို နာယူ ကျင့်ကြံနိုင်ဖို့ အတွက် အရင်ဆုံး မိမိတို့ ကိုယ်တိုင် ဘာသာရေး အသိ၊ လူမျိုးရေး အသိတွေပါ ရရှိစေ ချင်ပါတယ်။ ကိုယ်တိုင် ဘာသာခြား လူမျိုး တစ်ယောက်နဲ့ နေထိုင်ပြီးတော့ တကယ့် တရားစစ်ကို ကျင့်ကြံ နိုင်ဖို့ ဆိုတာ ခက်ခဲ ပါလိမ့်မယ်။ လောက အမြင်မှာလည်း ဘယ်လိုမှ လက်ခံမရ သော လုပ်ဆောင်ချက် မျိုးဖြစ် ပါလိမ့်မယ်။ ခဏတာ နေရတဲ့ အချိန်လေးမှာ စောင့်လေ မျိုးနွယ်ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်း နိုင်ဖို့နဲ့ ဗုဒ္ဓဘာသာဝင် အစဉ်အလာ ကိုပါ ထိန်းသိမ်း နိုင်ကြစေဖို့ အသိပေး တိုက်တွန်း လိုက်ရပါတယ်။
သက်နောင်
(UN မှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလာရန် စည်းရုံးရေးဆင်းလျက်ရှိ)
Posted by drmyochit Wednesday, November 07, 2012, under | No comments
အခု UN က တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေ ပေါက်ရောက် တဲ့လူတွေကို ရိုဟင်ဂျာအရေးကို ထောက်ခံပေးဖ (ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အဖြစ်လက်ခံလာဖို့) လိုက်လံစည်းရုံးနေတယ်လို့ သတင်းရရှိထားပါတယ် ... UN က ရိုဟင်ဂျာအရေး နဲ့ပက်သက်ပြီး တိုင်းရင်းသားအဖွဲ့ အစည်းတွေဆီကို ထောက်ခံမဲတွေ လိုက်တောင်းနေပါတယ် ... ရိုဟင်ဂျာအရေးအတွက် အားတက်သရောနဲ့ကို UN က ဦးဆောင်လှုပ်ရှားနေပါပြီ ...တိုင်းရင်းသားအဖွဲ့ အစည်းတွေ သွေးစည်းညီညွတ်ကြပါ ... ကိုယ့်တိုင်းရင်း သားတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ပြီးတော့ UN ရဲ့စည်းရုံးမှုကိုလက်မခံကြပါနဲ့ ... ရခိုင် အဖွဲ့အစည်းတွေကလဲUN ထက်လက်ဦးမှုရအောင် မိမိတိုင်းရင်းသားညီအကို အဖွဲ့အစည်း တွေအားလုံးကို စည်းရုံးထားကြပါ ... တိုင်းရင်းသားတွေအားလုံး ပူးပေါင်းအဖြေရှာကြပါ ... ပေါ့ပေါ့လေး သဘောမထားကြပါနဲ့ ... နောက်တခုက ရိုဟင်ဂျာတွေတင်ထားတဲ့ သမိုင်းလိမ် စာတမ်းတွေ ကိုကျွမ်းကျင်တဲ့သမိုင်း ပညာရှင်တွေက သမိုင်းကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြန်လည်ချေပဖို့ လိုအပ်နေပါတယ် ... အရေးကြီးနေပါတယ် ... အချိန်မဆွဲပဲ အမြန်ဆုံးဆောင်ရွက်ကြပါ ...(၁)ရခိုင်အဖွဲ့အစည်းတွေ UN ထက်ဦးအောင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို စည်းရုံးကြပါ (၂)ရခိုင်သမိုင်းကို ကျွမ်းကျင်တဲ့ သမိုင်းပညာရှင်တွေနဲ့ ရိုဟင်ဂျာတွေတင်ထားတဲ့ သမိုင်းလိမ်စာတမ်းကို ပြန်လည်ချေပနိုင်အောင် ဆောင်ရွက်ကြပါ ...
From..ရွာသူ
ခိုးဝင် ဘင်္ဂလီတွေကို ပြတ်ပြတ်သားသား အရေးယူ တားဆီးသင့်ပြီ
Posted by drmyochit Wednesday, November 07, 2012, under | No comments
ခိုးဝင် ဘင်္ဂလီတွေ ထပ်မံ ဖမ်းဆီးရမိပြန်ပြီ ဆိုတဲ့ သတင်းတပုဒ်ကို ဒီနေ့ဖတ်ရပါတယ်။ (စာအောက်မှာသတင်းအပြည့်အစုံ ဖော်ပြထားပါတယ်။) ဘင်္ဂလီတွေက မြန်မာနိုင်ငံထဲကို ခိုးဝင်နေကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံ ထဲရောက်တော့ ရိုဟင်ဂျာလို့ ပြောကြပါတယ်။ ဘင်္ဂလာဒက်ရှ် အစိုးရက ရိုဟင်ဂျာဟာ သူ့နိုင်ငံငံသား မဟုတ်ဘူးလို့ ပြောနေပြန်ပါတယ်။လူဦးရေ ပေါက်ကွဲနေတဲ့ ဘင်္ဂလာဒက်ရှ် အစိုးရကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလား သံသယ ဖြစ်လာရပါပြီ။ ဒီလိုအရှုပ်အထွေး ပြဿနာတွေကို မြန်မာနိုင်ငံကဘာမှ မဆိုင်ဘဲ အပိုသက်သက် တာဝန်ယူလာ နေရပါတယ်။ဒီလိုမျိုး ပြည်ပကနေ ခိုးဝင်လာနေတာကြောင့် ဘာတွေ ထိခိုက်သွားသလဲ ဆိုရင်အချုပ်အခြာ ထိခိုက်မှု ပြဿနာ၊ အစိုးရအတွက် အပိုထပ်ဆောင်းတဲ့ ဝန်ထုပ်ဝန်ပိုး၊တရားပဒေ စိုးမိုးမှုကို ထိခိုက်စေတဲ့ ပြဿနာ၊ဒေသခံ မြန်မာပြည်သူတွေနဲ့ ပဋိပက္ခ၊ယဉ်ကျေးမှု၊ လူမျိုးရေးနဲ့ ဘာသာရေးကို ထိခိုက်စေတဲ့ ပြဿနာ၊သွေးနှောခံရတဲ့ ပြဿနာ၊ လာဘ်ပေးလာဘ်ယူမှု ပေါ်ပေါက်နိုင်တဲ့ ပြဿနာ၊နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အထင်လွဲခံရတဲ့ ကိစ္စ၊ မွတ်ဆလင် အစွန်းရောက်တွေရဲ့ ထိုးနှက်မှု...တိုင်းပြည်ဘဏ္ဍာ အပိုကုန်ကျရတာ ။ တဲ့ ပြဿနာပေါင်း များစွာကို ခါးစည်းခံယူနေသလို ဖြစ်ရပါတယ်။မြန်မာနိုင်ငံကို တိုးတက်အောင် လုပ်ရမယ့် အချိန်တွေမှာ ဒီလိုပြဿနာတွေဘက်ကို လှည့်ပြီး လုပ်နေရတာဟာ တန်ဖိုးရှိတဲ့ အချိန်တွေ အလဟဿ ဖြုန်းတီးရာ ရောက်နေတာကြောင့် တိုးတက်မှု နှောင့်နှေးရပါတယ်။ ပြည်သူနဲ့ အစိုးရတို့မှာလည်း နစ်နာဆုံးရှုံးမှုတွေ တော်တော်များများ ရှိနေရပါတော့တယ်။ဒီအတိုင်း ဆက်လွှတ်ထားလိုက်လို့ကတော့ နောက်နောင် မြန်မာနိုင်ငံမှာ စီးပွားဖွံ့ဖြိုး ကြီးပွားတိုးတက်လေ ပြည်ပကနေ ခိုးဝင်နေထိုင်သူတွေ များလာလေ ဖြစ်နေဦးမှာပါပဲ။ဒါကြောင့် ဒီကိစ္စမှာ ဘာကိုမှ အားနာ ငဲ့ညှာ ထောက်ထားစရာ မလိုဘဲ တရားဥပဒေ ဘောင်အတွင်းက ပြတ်ပြတ်သားသား အမြန်ဆုံး ရှင်းသင့်ပြီလို့ ဆိုချင်ပါတယ်။
အာကာသခရီးသွားတက္ကစီများ ပြေးဆွဲတော့မည်
Posted by drmyochit Wednesday, November 07, 2012, under | No comments
 ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ ခရီးသွားများ သယ်ယူပို့ဆောင် နိုင်ရေးအတွက် အမေရိကန် ပုဂ္ဂလိက အာကာသရေးရာ ကုမ္ပဏီများက ကြိုးစားလျက်ရှိရာ လာမည့်နှစ် အနည်းငယ်အတွင်း အာကာသတက္ကစီများဖြင့် ပို့ဆောင်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်တော့ မည်ဖြစ်ကြောင်း ယင်းပုဂ္ဂလိက ကုမ္ပဏီများက နိုဝင်ဘာ ၁ ရက်၌ ထုတ်ဖော်ပြောကြားသည်။ နာဆာက နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ အာကာသယာဉ်များ စေလွှတ်မှု အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် ယင်းလုပ်ငန်းများကို ပုဂ္ဂလိက အာကာသရေးရာ ကုမ္ပဏီသုံးခုအား ဆက်လက်ဆောင်ရွက်ရေးအတွက် ရွေးချယ်ခွင့်ပြုပေးခဲ့သည်။ ၄င်းကုမ္ပဏီ သုံးခုမှာ စပေ့အိတ်စ်၊ ဘိုးရင်းနှင့် ဆီရာရာနီဗားဒါး ကုမ္ပဏီတို့ ဖြစ်သည်။ နာဆာ၏ အာကာသ ကုန်တင်ယာဉ် လွှတ်တင်မှု အစီအစဉ်အောက်မှနေပြီး စပေ့အိတ်စ်ကုမ္ပဏီက ယခုနှစ်အတွင်း အာကာသကုန်တင်ယာဉ် နှစ်ကြိမ်လွှတ်တင် ရန်အတွက် စီစဉ်ထားသည်။ စပေ့အိတ်စ်ကုမ္ပဏီမှ ထုတ်လုပ်ထားသော ဒရာဂွန်အာကာကုန်တင်ယာဉ်သည် နိုင်ငံတကာ အာကာသယာဉ်စခန်းသို့ ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး မကြာမီ ဒုတိယအကြိမ်လွှတ်ရန် စီစဉ်လျက်ရှိသည်။ ယခုအခါ အာကာသခရီးသွား ခုနစ်ဦးအထိ လိုက်ပါနိုင်မည့် အာကာသခရီးသွား တက္ကစီယာဉ်ကိုလည်း ဒီဇိုင်းထုတ်ကာ တည်ဆောက်မှုများ စတင်ပြုလုပ်လျက်ရှိနေသည်။ အဆိုပါ အာကာသခရီးသွားတက္ကစီကို တည်ဆောက်ပြီးပါက စပေ့အိတ်စ်ကုမ္ပဏီမှ ထုတ်လုပ်ထားသော ဖယ်လ်ကွန်-9 ဒုံးပျံဖြင့် အာကာသအတွင်းသို့ ၂၀၁၅ ခုနှစ်၌ သယ်ဆောင်သွားရန်လည်း စီစဉ်ထားသည်။
ရခိုင်ဒုက္ခသည်များကိုအမေရိကပြည်ထောင်စုရောက် ရခိုင်မိသားစုများက မြန်မာကျပ်ငွေ သန်း ( ၂၀ ) ခန့် လှူဒါန်း
Posted by drmyochit Wednesday, November 07, 2012, under | No comments
 နေထိုင်ကြသော ရခိုင်လူမျိုးတို့ မှာတိုင်းတပါးမှ ခိုးဝင်လာသူ ဘင်္ဂလီကုလားများကြောင့် နေအိမ်များ မီးရို့ ခံရခြင်း ၊ သတ်ဖြတ်ခံရခြင်း ၊ အိုးမဲ့ အိမ်မဲ့  လယ်မဲ ယာမဲ့ ဖြစ်ရခြင်းတို့ ကြောင့် ဒုက္ခသည်များအဖြစ် ကျရောက်သွားရသည် ။  မိမိတို့ မိဖညီအကို ဆွေမျိုးသားချင်းတို့ ၏ ဒုက္ခသည်များဘ၀မှ နဂိုရ်မူလအခြေ အနေထိရောက်အောင် အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုး မိသားစုများက ၀ိုင်းဝန်းကူညီ ထောက်ပံ့ရေး အစီအစဉ်များ ပြုလုပ်တိုင်ပင် ညှိနိုင်းကြကာရံပုံငွေ အလှူငွေများကို စုဆောင်းကောက် ခံကြပြီးဖြစ်သည် ။      အမေရိကပြည်ထောင်စု  အိုင်အိုဝါးပြည်နယ်မှ ရခိုင်အမျိုးသားရေးအသင်း တွင် ပူးပေါင်းထည့်ဝင်သည့်  မြောက်ကာရိုလိုင်း နားပြည်နယ် ၊ ဖလော်ရီဒါပြည်နယ် ၊မီရှီဂန်ပြည်နယ်တို့ မှ ရံပုံငွေအလှူငွေများကို လွန်ခဲ့ သည့်နေ့ က ( ဒေါ်လာ-၁ရ၀၀၀ ) ကို ပေးအပ်ခဲ့ ကြပြီး ယနေ့ တွင် အင်ဒီးယားနာပြည်နယ် မှ မျိုးချစ်ရခိုင် မိသားစုများမှ- ( ဒေါ်လာ-ရ၂၀၀ )- အားလုံးစုစုပေါင်း မြန်မာကျပ်ငွေ သန်း( ၂၀ ) နီးကပါးခန့် ကို ပေးပို့ လှူဒန်းခဲ့ ကြခြင်းဖြစ်သည် ။  ယခုကဲ့ သို့ လှူဒန်းခဲ့ ခြင်းနှင့်ပတ်သက်၍ အင်ဒီးယာနားပြည်နယ်မှ လူငယ်
များက ရခိုင်ဒုက္ခသည်များအား လှူဒန်းခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်ဟု ပြောဆိုပြီး နောင်ကိုလည်း ဆက်တိုက်လှူဒန်း မည်ဖြစ်သလို ဆေးရုံတက်ရောက် ကုသနေသော လူနာများအားလည်း စိတ်အားမငယ်ဖို့ နှင့် လူကောင်းပကတိအထိ ဖြစ်လာအောင် ကုသစရိတ်များကို ပေးပို့  ကူညီသွားမည်ဟု ပြောဆိုသွားသည် ။အိုင်အိုဝါးပြည်နယ် ရခိုင်အမျိုးသားရေးအသင်းမှ နာယကကြီး တဦးဖြစ်သူ ဦးဝင်းနိုင်ကလည်း စည်းစည်းရုံးရုံးနဲ့ ရခိုင်လူမျိုးများက ရှိနေသည့်အတွက် အထူးပင်အား ရပါကြောင်းနှင့် ဒုက္ခကျရောက်နေသော မိဖပြည်သူများအား နောင်ကိုလည်း ဆက်လက်လှူဒန်း မည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည် ။ရခိုင်အမျိုးသား ညီညွတ်ရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုခိုင်ထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်များ ဖြစ်ကြရသော မိဖပြည်သူ ရဟန်းရှင်လူများအား အမေရိကပြည်ထောင်စုရောက် ရခိုင်လူမျိုးများအနေဖြင့် မည်သည့်အချိန်မှာမှ မျက်ကွယ်ပြု၍ မရပါကြောင်း ၊ ယခုကဲ့ သို့  ဖြစ်သွားရသည့် ကံကြမ္မာဆိုးကို ခါးစည်းအောင် ခံစားကြရသည့် မိဖပြည်သူများအား အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီ ထောက်ပံ့သွားမည် ဖြစ်ပါကြောင်းနှင့် အခြားသော ပြည်နယ်များမှ ရခိုင်လူမျိုး မိသားစုများကိုလည်း အတိဒုက္ခရောက်နေသော မိဖပြည်သူရှင် လူရဟန်းများအား လှူဒန်းလိုပါက မိမိတို့ ရခိုင် အမျိုးသားရေးအသင်းထံသို့  ဆက်သွယ် လှူဒန်းနိုင်ပြီး မိမိ၏ ဖုံးနံပါတ်မှာ ( ၀၀၁-၆၄၁-၃၅၁-၅၂၉၅ ) ဖြစ်ပါသည်ဟု  ပြောဆိုသွားပါသည် ။
ကန်ဒေါ်လာ ၁၆၅ သန်းအား မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် နှစ် ၄၀ အတိုးမဲ့ ကမ္ဘာ့ဘဏ်က ချေးမည်
Posted by drmyochit Wednesday, November 07, 2012, under | No comments
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအတွက် ကန်ဒေါ်လာ ၁၆၅ သန်းကို အတိုးမဲ့ နှစ် ၄၀ သက်တမ်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ကန်သန်ရှန်ကာက ထုတ်ဖော် ပြောကြားလိုက်သည်။ နိုဝင်ဘာ ၂ ရက်က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် ကမ္ဘာ့ဘဏ်၏  သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အတိုးမဲ့ချေးငွေကို နှစ်ရှည်စီမံကိန်းနဲ့ ထုတ်ချေးပေးဖို့အတွက် ကမ္ဘာ့ဘဏ်အဖွဲ့က အတည်ပြုလိုက်ပါပြီ” ဟု မစ္စတာကန်သန်ရှန်ကာက ပြောသည်။ အဆိုပါ အတိုးမဲ့ချေးငွေ ကန်ဒေါ်လာ ၁၆၅ သန်းကို နှစ် ၄၀ စီမံကိန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ “လက်ရှိအချိန်မှာတော့ ဘယ်စီမံကိန်းတွေအတွက် ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ လေ့လာတုန်းပဲ ရှိပါသေးတယ်” ဟု ယင်းက ထပ်မံပြောသည်။ ယင်းအပြင် ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံ ကြွေးမြီများအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဂျပန်အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း (IDA) မှ ရရှိနိုင်မည့် ငွေကြေးများနှင့် အခြားအရင်းအမြစ်များကို ရရှိနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာ့ဘဏ်မှ ကြားဖြတ်မဟာဗျူဟာ အစီအစဉ်တစ်ရပ်အဖြစ် နောင်လာမည့် ၁၈ လအတွင်း မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားနိုင်ရန် ကန်ဒေါ်လာ သန်း ၈၀ ကို ထောက်ပံ့ပေးနိုင်ရန်အတွက် နိုဝင်ဘာ ၂ ရက်တွင် ကမ္ဘာ့ဘဏ်မှ ကတိပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်ကို ပေးရန် ကျန်ရှိသည့် ကြွေးမြီမှာ ကန်ဒေါ်လာ သန်း ၄၀၀ ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ်ကို ကန်ဒေါ်လာ သန်း ၅၀၀ ပေးရန်တို့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပေးရန် ကျန်ရှိသည့် အကြွေးမြီ စုစုပေါင်း (အတိုးပါ)မှာ ကန်ဒေါ်လာသန်း ၁၅ ဘီလီယံကျော် ရှိကြောင်း သိရှိရသည်။
သမီးဖြစ်သူယောကျာ်းများနှင့်လိုက်အိပ်တတ်သောကြောင့် အဖေဖြစ်သူက သမီးခေါင်းဖြတ်ကာ ရွာအတွင်းလှည့်လည်ပြသ
Posted by drmyochit Wednesday, November 07, 2012, under | No comments
အိန္ဒိယနိုင်ငံတွင် အဖေဖြစ်သူက ယောကျာ်းများနှင့် လိုက်အိပ်တတ်သော သူ၏သမီး၏ ဘ၀နေထိုင်မှုကြောင့် အရှက်ရကာ သမီး၏ဦးခေါင်းကို ကိုယ်တိုင်ဖြတ်လျက် သူ၏ရွာအတွင်း လှည့်လည် ပြသခဲ့ကြောင်း သိရသည်။ ကျောက်တွင်း အလုပ်သမား အိုဂက်ဆင်းသည် အသက်၂၀အရွယ်ရှိ သမီးဖြစ်သူ နှင့်အတူ အိန္ဒိယနိုင်ငံ ရာဇာစတန်ပြည်နယ် ဒန်ဂါရီရွာ၌ နေထိုင်ပြီး သမီးဖြစ်သူသည် လွန်ခဲ့သည့် နှစ်နှစ်က ယောကျာ်းဖြစ်သူနှင့် ကွာရှင်းခဲ့ပြီးနောက် မိဘများနှင့်အတူ လာရောက်နေထိုင် ခြင်းဖြစ်သည်။ အိုဂတ်ဆင်းသည် ယောကျာ်းတကာနှင့် ဇာတ်လမ်းရှုပ်နေသော သမီးဖြစ်သူကြောင့် အရှက်ရကာ ဒေါသအိုးပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသ၏ ရဲဌာနအကြီးအကဲ အူမက်ရှ်အိုဂျာက ပြောပြခဲ့သည်။ ဆင်းသည် သမီးဖြစ်သူကို ဇွန်လ၁၇ ရက်နေ့က အိမ်သို့ပြန်လာရန်ပြောခဲ့ပြီး ဇွန်လ၁၈ ရက်နေ့တွင် သမီး၏ခေါင်း ကိုဖြတ်ကာ ရွာတွင်လှည့်လည် ပြသပြီးနောက် ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားအတွင်းနေထိုင်သော ရခိုင်အချို့ မြန်မာပြည်ထဲသို့ ခိုလှုံမှု များပြားလာ
Posted by drmyochit Wednesday, November 07, 2012, under | No comments
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း နေထိုင်သော ရခိုင်အချို့ မြန်မာပြည်ထဲသို့ ခိုလှုံမှု များရှိနေကြောင်းသိရသည်။ ဘင်္ဂလားတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကိစ္စရပ်များကြောင့် ရခိုင်တစ်ချို့ သည် ဝေလာတောင်၊ (နယ်မြေ-၂ ) ဘက်မှ ၀င်ရောက်လာပြီး ယခုအခါတွင် မင်းခမောင်း စံပြကျေးရွာတွင် နေထိုင်လျက်ရှိ ကြောင်းသိရသည်။ ယင်းသို့နေထိုင်ခြင်းမှာ ယာယီနေ ထိုင်ခြင်းဖြစ်သဖြင့် အစိုးရမှ နေရာချထားပေး ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လည်းသိရသည်။ ထွက်ပြေး ခိုလှုံလာသော မိသားစုမှာ ၈ စုဖြစ်ပြီး လူဦးရေ ၃၀ ကျော်ပါဝင်ကြောင်း လည်းသိရသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ထွက်ပေါက်မပေးသော် လည်း တိတ်တဆိတ်ထွက် ပြေးလာရခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာခဲ့ ရခြင်းဖြစ်ကြောင်း လည်းသိရှိရပါသည်။
ထိုသို့ ထွက်ပြေးလာသော ရခိုင်များအား ကူညီပေးကြရန် လည်းလိုအပ်နေပြီး နေရာချထား ရေးကိုလည်း လျင်မြန်စွာပြုလုပ် သင့်ကြောင်းမောင်တော ဒေသခံ များက သုံးသပ်ပြောဆိုကြပါသည်။
ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်
Posted by drmyochit Wednesday, November 07, 2012, under | No comments
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌  GSM တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများမှာ နိုဝင်ဘာ (၁၇)ရက်နေ့တွင် ဆယ်မိနစ်ခန့် ပျက်တောက် မည်ဖြစ်သည်။
 လာမည့် နိုဝင်ဘာ(၁၇) ရက်နေ့ နံနက်(၂)နာရီမှ (၂)နာရီ (၁၀)မိနစ် အထိ (၁၀) မိနစ်ခန့် ယာယီဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက သိရသည်။
 “ ဒီလို ဆက်သွယ်မှု ယာယီဆိုင်းငံ့ ရတာဟာ  ရန်ကုန်မြို့ ZTE- GSM( UMTS) စနစ်ကို MGW Capacity Expansion ပြုလုပ်ဖို့ အတွက်ပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။
 ယာယီ ဆိုင်းငံ့သွားမည် မြို့နယ်များမှာ အလုံ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့နယ်များဖြစ်သည်။ ထို့အပြင် သုဝဏ္ဏ၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ခရမ်း၊ သုံးခွ၊ ဒလ၊ တွံတေး၊ဆိတ်ကြီး ခနောင်တို၊ ကွမ်းခြံကုန်း နှင့် ကော့မှူး အစရှိတဲ့ မြို့နယ်များ၌လည်း မိနစ်ပိုင်းခန့် ဆက်သွယ်မှု ယာယီဆိုင်းငံ့ သွားဖြစ်ကြောင်း သိရှိရသည်။
ဒေသခံများ ထောက်ခံမှုမရှိသောကြောင့် KIA တပ်ဖွဲ့ဝင်များ လိုင်ဇာဌာနချုပ်သို့ အကူအညီတောင်း
Posted by drmyochit Wednesday, November 07, 2012, under | No comments
ကချင်ပြည်နယ်အတွင်း ကချင်ပြည်ထောင်စု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရအား ဆန့်ကျင် တိုက်ခိုက်ပြီး အဖျက်လုပ်ငန်းများအား ဆောင်ရွက်နေသော KIA အကြမ်းဖက် သောင်းကျန်းသူ များအား ဒေသခံပြည်သူများမှ ထောက်ခံမှု မရှိသဖြင့် KIA တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ကျ ဆင်းနေကြောင်း သိရပါသည်။
ကြွေးကြော် ထားသော်လည်း ၄င်းတို့၏ လုပ်ဆောင် ချက်များမှာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကို ပျက်စီးစေသော လုပ်ရပ်မျာဖြစ်သည့် တံတားများချိုးခြင်း၊ လမ်းမှားဖျက်ဆီးခြင်း၊ အဓိက ကုန်စည် စီးဆင်းရာလမ်းကြောင်း ဖြစ်သော မီးရထားလမ်းများကို မိုင်းထောင်ဖျက်ဆီးခြင်း၊ ကချင်လူမျိုးအချင်းချင်း မုဒိန်းကျင့်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ စားနပ်ရိက္ခာများအား အနိုင်ကျင့်တောင်းခံခြင်း၊ လုယက်ခြင်း၊ ဆက်ကြေးငွေများ မတရား တောင်းခံခြင်း စသော အကြမ်းဖက် လုပ်ရပ် များကြောင့် ဒေသခံကချင်လူထုမှ မုန်းတီးရွံရှာမှုများ တိုးပွားရလာရ ပါသည်။
ပြည်သူလူထု၏ အားပေးထောက်ခံမှုကို မရသဖြင့် KIA တပ်ဖွဲ့များအနေဖြင့် ဒေသအတွင်း သွားလာ လှုပ်ရှားရာတွင် အခက်အခဲများ စွာဖြစ်နေပါသည်။ ပြည်သူလူထုအတွင်း ပုန်းလျှိုးနေသော အကြမ်းဖက် သမားများအား ပြည်သူများမှ သတင်းပေးသဖြင့် မကြာခဏ အစိုးရမှ ဖမ်းဆီးရမိနေခြင်း၊ တပ်ဖွဲ့အတွင်း လူမျိုးရေး ခွဲခြားအုပ်ချုပ်မှုများကြောင့် KIAအဖွဲ့ဝင်ရှမ်းတိုင်းရင်းသားများမှ အစိုးရထံ လက်နက်ချ အလင်းဝင်မှု များအားလည်း သတင်းစာများတွင် မကြာခဏ ဖတ်နေရပါတယ်။ KIA လက်အောက်ခံတပ်များအနေဖြင့် ပြည်သူ၏ ထောက်ခံမှုကျဆင်းနေသောကြောင့် KIA ဗဟိုသို့ တင်ပြပြီးဗဟိုမှ သတ်မှတ်ပေးသော နည်းလမ်းများအတိုင်း စည်းရုံးရေးများ ဆောင်ရွက်နေ ခဲ့သော်လည်း မြေပြင်တွင် ဆက်ကြေးကောက်၊ ရိက္ခာစု၊ လူသစ်စုဆောင်းခြင်းများကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပြီး ရွံရှာ မုန်းတီးမှုကို ခံနေရပါတယ်။ တပ်မဟာ ၂ လှုပ်ရှားရာ နယ်မြေများဖြစ်သော တနိုင်း၊ အောင်လွပ် စသော ဒေသများတွင် ဒေသခံ ပြည်သူများမှ KIA အား မုန်းတီးရွံရှာစွာ ဆက်ဆံမှုကြောင့် တပ်မဟာ ၂ မှ လိုင်ဇာဌာနချုပ်သို့ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားချက်များ တောင်းခံနေကြောင်း သတင်းရရှိပါသည်။ KIA ဗဟို အနေဖြင့်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ပြည်သူများ စီးပွားရေး လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင် ရမည်ဆိုပီး အာမခံချက်နဲ့ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေများ တိုးမြှင့်ကောက်ခံနေကြောင်း သိရှိရပြီး၊ ဆွေးနွေးပွဲတွင် KIA မှ စစ်ရေးတာဝန်ခံ အနေဖြင့် အဓိက ပုဂ္ဂိုလ်များ တက်ရောက်ခြင်း မရှိပဲ ခေါင်းရှောင်နေခြင်းကြောင့်  ပြည်သူများမှ KIA အပေါ် မကျေနပ်ချက်များ တိုးပွားလျှက် ရှိကြောင်း သတင်းရရှိပါသည်။
လာမည့်နှစ်တွင် ကျောက်မဲမြို့နယ်မှ ကျေးရွာ(၆)ရွာသို့ ထပ်မံ ဓါတ်အား ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်
Posted by drmyochit Wednesday, November 07, 2012, under | No comments
 လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်းရှိ သီးခြားကျေးရွာ (၁၄)ရွာသို့လျှပ်စစ် ဓါတ်အားဖြန့်ဖြူးပေးထားပြီး ၊လာမည့် ၂၀၁၂ -၂၀၁၂ဘဏ္ဍာနှစ်အတွင်း၌ ကျေးရွာ(၆)ရွာသို့ လျှပ်စစ်ဓါတ်အား ထပ်မံဖြန့်ဖြူးပေးရန် ရည်ရွယ် ထားကြောင်း ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာအများစုမှာ လျှပ်စစ်ဓါတ်အားလိုင်း များရောက်ရှိနေ ပြီဖြစ်သော်လည်း အချို့ကျေးရွာ များများမှာ ယခုအချိန်ထိ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်း မရှိပေ။ “မြို့နဲ့အနီးဆုံး ကျေးရွာတွေကိုတော့ ဓါတ်အားလိုင်းတွေ ရောက်နေပါပြီ၊ တစ်ချို့ကျေးရွာတွေက ကိုယ်ထူကိုယ်ထ ဓါတ်အားလိုင်းဆွဲဖို့ ကျေးရွာ မီးလင်းရေး အဖွဲ့တွေကနေ စီစဉ်တာမျိုးရှိတယ်၊ အဲ့လိုရွာ တွေကျတော့ ရွာရဲ့ ရန်ပုံငွေအရ မလုံလောက်လို့ မလုပ်ဖြစ်သေးတာ”ဟု ကျောက်မဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ (AE) အဆင့်ရှိ ဦးဆန်းဦးမှ ပြောသည်။ ကျေးရွာများတွင် လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲမှု တိုးပွားလာပြီး လျှပ်စစ်ဓါတ်အားမှာ ကျေးရွာတိုင်းသို့မရောက်ရှိသေးသောကြောင့် နေရောင်ခြည်စွမ်းအင် သုံးဆိုလာများကို အစားထိုးသုံးစွဲ လာကြခြင်းဖြစ်သည်ဟု လျှပ်စစ် ပစ္စည်းအရောင်း ဆိုင်များက သုံးသပ်သည်။ ကျောက်မဲမြို့နယ် အတွင်းရှိ လျှပ်စစ်ဓါတ်အား မရရှိသေးသော ကျေးရွာများ၌ လျှပ်စစ်မီးလို အပ်ချက်ကြောင့် နေရောင်ခြည်စွမ်းအင် သုံးဆိုလာပြားများ အသုံးပြုမှုတွင် ကျယ်လာပြီး လျှပ်စစ်ပစ္စည်း အသေးစားများ အထိပါ ဆိုလာနှင့် တွဲဖက်သုံးစွဲမှု များလာကြောင်း ဒေသခံများထံက သိရသည်။ “ရွာတွေက လာဝယ်ရင် ဓါတ်မီးဆိုရင်တောင် အားသွင်းတဲ့ ဓါတ်မီးပဲ သုံးတော့တာ၊ တီဗွီ (TV) တွေ အောက် စက်( DVD/CD )တွေ အားသွင်းပြီး အသုံးပြုတဲ့ ဆောင်းဘောက်စ်တွေ အသုံးပြုမှု များလာတယ်၊ လျှပ်စစ် ဓါတ်အားက ရွာတိုင်းမရောက် သေးတော့ ဆိုလာတွေနဲ့တွဲပြီး သုံးလာကြ တယ်”ဟု ကျောက်မဲမြို့လျှပ်စစ်နှင့်ဆက်စပ် ပစ္စည်းအရောင်းဆိုင်မှ ဆိုင်ရှင် ဦးသန်းအေးက ပြောသည်။ နေရောင်ခြည်စွမ်းအင် သုံးဆိုလာများတွင် (၆၀)၀ပ်နှင့် (၄၀)၀ပ်ဓါတ်အား ထုတ်ယူနိုင်သော ဆိုလာများကို ကျေးရွာများမှ အများဆုံးဝယ်ယူအသုံးပြု ကြပြီး ယခုနှစ်အတွင်း ကျေးရွာများတွင် လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းအသုံးပြု မှု ပိုမိုများပြားလျှက်ရှိသည်။ လက်ရှိတွင် ကျောက်မဲမြို့နယ် အတွင်း အိမ်သုံးမီတာ အလုံးပေါင်း (၈၀၀၀) ရှစ်ထောင်ကျော် တပ်ဆင်အသုံးပြု နေပြီး လျှပ်စစ်ဓါတ်အား လုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် မီတာ အလုံး (၂၀၀ )ခန့် မြို့နယ်လျှပ် စစ်အင်ဂျင်နီယာရုံးမှ ထပ်မံ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။ 
မြန်မာလူမျိုးပီပီ ရိုင်းပင်းကူညီကြပေးပါ...
Posted by drmyochit Wednesday, November 07, 2012, under | No comments
နှစ်ယောက်စလုံး လားရှိုးကပါ စနေနေ့သွားလည်ကြ တော့နွယ်နွယ်အောင်က သူ့သူငယ်ချင်းရဲ့ ဆိုင်ကယ်နဲ့ ဖုန်းငှါးသွားတယ် တာကြောင့်သူ့ အဖေကပြန်လာ ၇င်ရိုက်မယ် ဘာညာနဲ့ကျိန်းလိုက်တော့ ကလေးမကမပြန်ရဲ တော့တာနဲ့သူငယ်ချင်းဖြစ်တဲ့ သမီးချယ်ရီအောင်ကိုခေါ်ပြီး ကနေ့အထိပေါ် မလာဘူးနှစ်ယောက် စလုံးဖုန်း ကိုယ်စီနဲ့ပါ အဲဒီနေ့ကထဲက ဖုန်းပိတ်ထား တယ်တွေ့တဲ့  သူငယ်ချင်း များအားလုံးဒီဖုန်း ကိုဆယ်သွယ်ပေးကြပါ ၀၉ ၅၂၆၂၂၀၄ ၀၉ ၅၂၆၂၉၁၆ လားရှိုးကပါ ဒီကလေး မနှစ်ယောက်က စနေနေ့ ညကနေစပြီး အိမ်ပြန်မလာအိပ် ဘဲပျောက်နေပါတယ် အနီရောင်နဲ့က နွေးနွေးအောင် အပန်းရောင်နဲ့က ချယ်ရီအောင် အသက်က ၁၆နှစ်စွန်း ၂၀၁၁ -၁၂မှာဆယ်တန်းအောင်ထားးးးးးတယ် ချယ်ရီအောင်က ကျွန်တော့သမီး ပါကျန်တစ်ယောက် ကိုသူ့အဖေကအဲဒီနေန့ ကအလည်လွန်လို့ဖုန်းထဲ ကနေပြန်လာရင်နာဖို့ တာပြင်ထားဘ ဘာညပာဆိုပြီးကြိမ်း မောင်းလိုက်တော့ မပြန်ရဲတော့တာနဲ့ ဘဲလျှောက်သွား နေကြတာထင်တယ်၃း၁၁း၂၀၁၂နေ့ ကထဲကအခုထိဘဲ တွေ့တဲ့လူများ ကျေးဇူးပြုပြီး ဖုန်းနံပါတ် -
၀၉ ၅၂၆၂၂၀၄
၀၉ ၅၂၆၂၉၁၆ ထံဆက်သွယ်ပေးကြပါ
NLD ပါတီရုံးဖွင့်ပွဲပြုလုပ်ခြင်းကို တောင်သာဒေသခံပြည်သူများမှ NLD ပါတီအလိုမရှိဟူသော ဆိုင်းဘုတ်များဖြင့်ဆန္ဒပြကြ (ပေးစာ - ၂၀၈)
Posted by drmyochit Wednesday, November 07, 2012, under | No comments
တောင်သာမြို့နယ် ကျောက်ကာ ကျေးရွာတွင် NLDပါတီမှ ရုံးဖွင့်ပွဲ ပြုလုပ်ခြင်း ၄င်းအခမ်းအနားကို 3.11.2012 နေ့ နံနက် 10နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ကာကျေးရွာ မှ ဒေသခံပြည်သူများမှ NLD ပါတီသည် မိမိတို့ ဒေသအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း မရှိဘဲ အခုမှ ရုံးလာဖွင့်တာ ငါတို့နယ်မှာ NLD ပါတီကို မလိုလားဘူး၊ ငါတို့နယ်ကို ကောင်းအောင် ကြည့်ပေးတဲ့လူကိုဘဲ ငါတို့အ၀င်ခံ နိုင်မယ်၊ငါတို့ရွာမှာ NLD ပါတီအ၀င် မခံနိုင်ဘူး၊ တို့ရွာမှာ 3 ယောက်လောက်ဘဲ NLDလုပ်တာနဲ့ တို့ရွာမှာ စိတ်ဝမ်းကွဲ မခံနိုင်ဘူးဟု ပြောဆိုကာ နံနက် 8နာရီခန့်မှစပြီး ရွာအ၀င်မှ ကျေးရွာပြည်သူ 200 ဦးခန့်သည် ငြိမ်းချမ်းစွာဖြင့် “ တို့ရွာ တည်ငြိမ်း အေးချမ်းမှုကို ပျက်စီးအောင် မလုပ်ပါနဲ့၊ NLDအလိုမရှိဘူး၊ ” ဟူသော လက်ကိုင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖေါ်ခဲ့ ကြောင်းသိရသည်။ ကျေးရွာတွင် NLD ပါတီဆိုင်းဘုတ်တင်သော သူ၏ အရည်အချင်းမှာ- 
ဦးနန်းတင် (အဖ) ဦးလှမောင်၊ အသက်(၅၃) ၊ ပညာအရည်အချင်း (၇) တန်းသည် စစ်တပ်မှ စစ်သားအဆင့်ဖြင့် စာရိတ္တ ဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခြင်း ခံရသူတစ်ဦး ဖြစ်ပါတယ်။ ယခုအခါမှာလည်း
မယားငယ်နှင့် ပေါင်းသင်းနေသူဖြစ်ပြီး အဖေအရင်းခေါက်ခေါက် ကိုဓါးကြိမ်းကြိမ်းပြီး ငါကိုင်တုတ်ဆဲ ရေးတိုင်းထွာမှုများ ရှိခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ် ရ.ယ.က ဥက္ကဋ္ဌ လုပ်စဉ်က လည်း ထန်းသမား ကိုတိုးကြည်၏ ဇနီးအားဆံပင်ဆွဲ ပါးရိုက်သော ကိစ္စဖြင့်ထောင် ကျမလိုဖြစ်ကာ ရ.ယ.က ဥက္ကဋ္ဌ ဘ၀မှရပ် နားခဲ့ရပါတယ်။ ယခု ကျေးရွာတွင်လည်း သာရေး/နာရေး ကိစ္စများတွင် ၄င်းအားဘယ်သူမှ မသုံးဘဲ ကျေးရွာမှ ပစ်ပယ်ထား သူဖြစ်ကြောင်း သိရှိရပါတယ်။ ယခုကိစ္စများကို ကြည့်ခြင်းအားဖြင့် NLD ပါတီသည် ရပ်ကွက်/ကျေးရွာများ တွင်ရုံးခန်းဖွင့် လှစ်ရာတွင် အများပြည်သူနှင့် မတည့်ူသူများ၏ နေအိမ်များ တွင်ရုံးဖွင့်လှစ်နေ ရကြောင်း သိရှိရပါတယ်။ 
မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ 
Posted by drmyochit Wednesday, November 07, 2012, under | No comments
 မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန လက်အောက်မှ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်သို့ လွဲပြောင်းလိုက်ကြောင်းသိရသည်။ လွဲပြောင်းသည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန ရုံးချုပ် တွင်ကျင်းပခဲ့သည်။ မီးသတ်တပ်ဖွဲ့သည် ယခင်က ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်တွင် တည်ရှိခဲ့ ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ် ရောက်မှသာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန လက်အောက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံကို အင်္ဂလိပ်ဖက်က အခကြေးငွေရလို့ တိုက်ခိုက်သတ်ဖြတ်ပေးဖို့ေ၇ာက်လာတဲ့ ကြေးစားစစ်သားတွေဟာ အခုမြန်မာနိုင်ငံထဲက ကုလားတွေပဲ ကိုမြအေး မသိချင်ယောင်ဆောင်မနေနဲ့ (ပေးစာ - ၂၀၇)
Posted by drmyochit Wednesday, November 07, 2012, under | No comments
 ကိုမြအေးကိုလည်း ကိုယ့်ထက် အသက်ကြီးလို့ ကို တပ်ခေါ်သလို ကုလားမို့လို့ ကုလားကိုမြအေး လို့ ခေါ်တာကို စိတ်ဆိုးရင်လည်း ခေါ်ရပါလိမ့်မယ်။ အမှန်ကိုးဗျ လက်မခံချင်လို့ မရဘူးလေ။ မကြေနပ်လို့ ပြန်တုန့်ပြန်ရင် ကျွန်တော့်ကိုလည်း ကရင်၊ဗမာ၊ရှမ်း  လို့ ခေါ်ခေါ် ဗမာကပြားလို့ ခေါ်ခေါ် စိတ်မဆိုးပါဘူး။ အမှန်ကိုးဗျ။ လက်ခံတယ်။ ကြေနပ်တယ်။ ခင်ဗျား မီဒီယာ စာမျက်နှာထက်က ပြောတော့ ကျွန်တော်က အင်တာနက် စာမျက်နှာက ပြောပါမယ်။ နောင်ကိုလည်း ကျွန်တော့်ရဲ့ ကျန်နေသေးတဲ့ ဘ၀ကို ရခိုင်ပြည်နယ်နဲ့ တကွ မြန်မာတိုင်းရင်းသားများ အကျိုးစီးပွားအတွက် အစဉ်အမြဲ ကာကွယ်သွားမယ်။ ပြောခွင့်ရ ပြောနိုင်လို့ရတဲ့ အနေအထားထိ ရောက်အောင် ကြိုးစားသွားမှာပါ။ ခင်ဗျားပြောသွားတဲ့ ငြိမ်းချမ်းရေး အကြောင်းနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာဟာ တိုင်းရင်းသားပါလို့ ကြွေးကြော်နေရုံနဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူး ဆိုတာကို လက်ခံနိုင်တယ်။ အဲဒီလို ကြွေးကျော်နေတဲ့ ရိုဟင်ဂျာကို ပါးစပ်ပိတ်နိုင်မှ ဒီပြဿနာက အေးမှာလေ။ ကုလားကို ကုလားလို့ ပြောတာကို ၀မ်းနည်းတာ နားမလည်ဘူး။ အိမ်ရှင်တွေ မဟုတ်ပါဘူး ဧည့်သည် တွေပါလို့ ပြောကြားခြင်းကို လက်ခံနိုင်စရာ အကြောင်းမရှိဘူး ဆိုတဲ့စကားဟာ တကယ်တော့ မြှောက်ထိုးပင့်ကော် စကားပဲဗျ။ ခင်ဗျားလက်မခံနိုင်လည်း အိမ်ရှင်က အိမ်ရှင်ပဲ ဧည့်သည်က ဧည့်သည်ပဲ ဘင်္ဂါလီ=ရိုဟင်ဂျာ=မူဂျာဟစ်= ဧည့်သည်ဆိုး၊ လက်ခံချင်စရာ မကောင်းသော ဧည့်ဆိုးလို့ ပြောချင်ပါတယ်။
တိုင်းပြည်ကို သစ္စာရှိဖို့ Community ကို Change ရမယ်ဆိုတာတော့ မြန်မာတိုင်းရင်းသား တစ်ယောက် မဟုတ်လို့ ပြောတာပဲ။ တိုင်းပြည်ကို သစ္စာ ရှိခြင်း မရှိခြင်းဟာ လူမျိုးတစ်မျိုးကို အသိမှတ်ပြုမှ ရမယ်ဆိုတဲ့ သဘောကို ပြောတာဆိုတော့ ကုလားကို ကုလားလို့ မခေါ်နဲ့ လို့ခြိမ်းခြောက်တာနဲ့ အတူတူပါပဲ။
အဓိက ပြောချင်တာကတော့ “ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ တစ်ခေတ်တုန်းက ရွှေထီးဆောင်းခဲ့ ဆောင်းခဲ့၊ ဒီဟာတွေ ပြန်လှန်ပြောနေလို့လည်း အဖြေတစ်ခုကို ရမှာ မဟုတ်ဘူး” လို့ အထက်က ပြောခဲ့ပေမဲ့ ခင်ဗျားကိုယ်တိုင်ပဲ နိဂုံးချုပ်ကျတော့ ဒီလို ပြန်ပြောတယ်။
“ တစ်ချိန်က အစ္စလာမ် ဘာသာဝင်တွေ ဘုရားဖူးသွားတဲ့ အခါ၊ ဟာခ်ျ လုပ်တဲ့အခါမှာ ကောင်းကောင်း မွန်မွန်နေနိုင်အောင် ဗမာဘုရင်တွေထဲက မင်းတုန်းမင်းကြီးက မက္ကာမြို့တော်မှာ ဒေါင်းဇရပ်ဆောက်ပေးတယ်။ မန္တလေးနန်းတွင်းထဲမှာ ဗလီထားခဲ့ဘူးတယ်။ အစ္စလာမ်တွေက ဗမာလူမျိုးတွေနဲ့ အတူတူ နယ်ချဲ့ကိုလိုနီကို တွန်းလှန်ခဲ့တာ အထင်အရှား မြင်နိုင်ပါတယ်” လို့ ကိုယ့်ကောင်းကြောင်း သမိုင်းကိုကျတော့ ပြန်လှန်တယ်။
နယ်ချဲ့ကိုလိုနီတွေကို တွန်းလှန်တယ်ဆိုပြီး ၀မ်းရေးအတွက် စစ်မှုထမ်းတာကို ဗမာတွေနဲ့ နိုင်ငံတော်ကြီးကိုပဲ ချစ်လွန်းလို့ လက်တွဲပြီး တိုက်ခိုက်သလို ပြောခဲ့တယ်။ ကိုလိုနီက ငှားလို့ အခကြေးငွေနဲ့ စစ်မှုထမ်းတုန်းကလည်း မတရားသောကျူးကျော်စစ်မှန်း သိရဲ့သားနဲ့ အင်္ဂလိပ်ဖက်ကပါပြီး ဗမာတွေကို ဘာကြောင့်သတ်ခဲ့သလဲ? မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာပြည်က အင်္ဂလိပ်လက်ထဲ ရောက်ခဲ့ပြီ။ အင်္ဂလိပ်တွေဖက်က ဗမာတွေကို သတ်ဖို့ ငှားလာတဲ့ ကြေးစားစစ်သားဖြစ်တဲ့ ကုလားတွေက မြန်မာနိုင်ငံထဲမှာ သခင်အားရ ကျွန်ပါးဝနေပြီ။ မင်းတုန်းမင်းလက်ထက်မှာ ကုလားတွေ မြန်မာနိုင်ငံကို စရောက်လာခဲ့တာပဲ။ တစ်နည်းပြောရရင် အင်္ဂလိပ်သခင်ကြီးတွေ အတွက် ဗမာတွေကို သတ်ပေးတဲ့ ကျွန်စစ်သားတွေပဲ။ မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အောက် မရောက်ဖို့ လက်နက်အင်အားနည်းတဲ့ မြန်မာဘုရင်က အလျော့ပေးဆက်ဆံတာ တိုင်းပြည်ကို စစ်တလင်း မဖြစ်စေချင်လို့ပဲ။ ဒါကြောင့် အဂ်လိပ်ကျွန် ကုလားတွေကို မဆက်ဆံချင်ပဲ ဆက်ဆံခဲ့ရတာပဲ။ လေးစားလွန်းလို့ အထင်ကြီးလွန်းလို့ အရေးပေးတာ မဟုတ်ဘူး။ ပုဂံမင်း လက်ထက်မှာ အမရပူရမြို့ကို အင်္ဂလိပ်ကျွန် ဘိုင်ဆပ်ကို မြို့ဝန်ခန့်လိုက်တာ ကုလားရွာပါ တည်ပြီး မြန်မာသင်္ကြန်ကို ၄၅ ရက်ကျင်းပပစ်တာ ။ ဒါတင်မက ကျောက်တော်ကြီး ဘု၇ားက ဋ္ဌပနာတွေကို မြေအောက်လှိုင်ခေါင်းတူးပြီး ခိုးကြလို့ ဘိုင်ဆပ်နဲ့ စာရေးမောင်ပိန်ကို အမြန်သတ်ရတာ ယုံတမ်းပုံပြင် မဟုတ်ဘူး။ ခင်ဗျား မပြောစေချင်တဲ့ မြန်မာနိုင်ငံ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်က အကြောင်းအရာပဲ။ အင်္ဂလိပ် လက်အောက် ရောက်တုန်းကတော့ ဗမာတွေလည်း အိန္ဒိယမှာ စစ်မှုထမ်းကြတာပဲ။ အိန္ဒိယကို ကိုလိုနီ လက်အောက်က အတူတူ လက်တွဲပြီးတွန်းလှန်ပေးခဲ့တာလို့ နာမည်ကောင်းသွားယူ နေလို့ရမလား?
နောက်ဆုံးပြောချင် တာကတော့ မြန်မာနိုင်ငံကို ကုလားတွေ စရောက်လာတာ အင်္ဂလိပ်တွေက မြန်မာ တစ်မျိုးသားလုံးကု သတ်ဖြတ် တိုက်ခိုက်ဖို့ ငှားလာတဲ့ သေမင်းသမန်တွေ။ ကုလားကြေးစား စစ်သားတွေ လက်ချက်နဲ့ ဗမာတွေ ဘယ်လောက်များ သေခဲ့ရလည်း?
မြန်မာနိုင်ငံရောက်တော့ မြန်မာဘုရင်ဆီ အမူထမ်းပြီး အင်္ဂလိပ်ကို ပြန်တိုက်တော့ မြန်မာဖက်က ပါပြန်ေ၇ာ။ အဓိက က စားဝတ်နေရေး အနေချောင်တဲ့ဖက် ပါတဲ့ ကုလားတွေပဲ။ ဒါကြောင့် ဧည့်ဆိုးတွေကို လူသားတစ်ယောက်အနနဲ့ တွေးပေးဖို့ ဖြစ်နိုင် မဖြစ်နိုင် မြန်မာတွေဖက်က ကိုယ်ချင်းစာပေးပါ။
မင်းပြား၊ မြောက်ဦးတွင် လူမျိုးရေး ပဋိပက္ခဖြစ်
Posted by drmyochit Wednesday, November 07, 2012, under | No comments
ရခိုင်ပြည်နယ်၊ မင်းပြားနှင့်မြောက်ဦးမြို့နယ်တို့တွင် ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင်တို့ အကြား ပဋိပက္ခ ဖြစ်ပွား၍ ကျေးရွာတချို့ မီးလောင်ကျွမ်းပြီး လူတချို့သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ပုရိမ်ကုန်း ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ပွားရာ  အိမ်ခြေ ၁၀၀ ၀န်းကျင် နှင့် ဘုန်းတော်ကြီး ကျောင်းတခု မီးလောင်ကျွမ်း သွားကြောင်း ဒေသခံများ ကပြောသည်။ ထိုမီးလောင်မှုသည် ဒေသခံရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင် တို့အကြား ပဋိက္ခဖြစ်ပွားရာမှ စတင်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှု များကြောင့်  လူတချို့သေဆုံး၍ ထိခိုက် ဒဏ်ရာရသူ ၁၀ ဦး ကျော်ရှိကြောင်း မြောက်ဦး ဒေသခံများ က ဧရာဝတီ ကို ပြောသည်။ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် မြောက်ဦးမြို့နယ် ဘီလူးရွာမှ ကိုအောင်မိုး (အသက် ၃၄ နှစ်) ၏ ရုပ်အလောင်းကို ရရှိထားပြီး ကျန်လေးဦး၏ အလောင်းကို ရရှိရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု အသင်းက ဧရာဝတီ ကို ပြောသည်။ ထို ရုပ်အလောင်းများသည် မွတ်စလင်များ နေထိုင်သည့် ပရိန် ကျေးရွာထဲ၌ ရှိနေကြောင်းလည်း နာရေး အသင်းက ဆိုသည်။ ပရိန် ကျေးရွာသည် မြောက်ဦးမြို့နယ်တွင် တည်ရှိပြီး ရခိုင် တိုင်းရင်းသားများ နေထိုင်သော ပုရိမ်ကုန်း ကျေးရွာ၏ တဘက်ကမ်း ဖြစ်သည်။
လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပျံ့နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။ ထို့အတူ မင်းပြားမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ၀န်းကျင်ရှိသော ပန်းမြောင်အရပ်၊ သရက်အုပ် ကျေးရွာသည်လည်း ယနေ့ နံနက် ၇ နာရီ ၀န်းကျင်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်သွားကြောင်း၊ မင်းပြားမြို့စွန်ရှိ ကားဂိတ်အနီး ပိုက်သည် ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ရာ ၁၈ အိမ် မီးလောင်သွားကြောင်း မင်းပြားဒေသခံများ က ဧရာဝတီကို ပြော သည်။ ယင်းကျေးရွာများမှာ မွတ်စလင် အများစု နေထိုင်သော ကျေးရွာများ ဖြစ်သည်။ မင်းပြားမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် သရက်အုပ် ကျေးရွာမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ၀ိုင်းဝန်း ရန်စမှုကြောင့် နှစ်ဘက် အပြန်အလှန် ပဋိပက္ခဖြစ်ရာမှ ရွာမီးရှို့သည့် အထိ ကြီးထွားလာခဲ့ပြီး ထိုမှ တဆင့် မြောက်ဦးမြို့ထိ ပျံ့နှံ့သွားသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြဿနာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ ဒေသသို့ ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦးနှင့် ခရိုင်ရဲမှူးတို့ သွားရောက် စစ်ဆေးနေကြောင်း ဧရာဝတီ ကိုပြောသည်။
လက်ရှိ အခြေအနေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုအပ်လျှင် ထုတ်ပြန်သွားမည် ဟုလည်း ဆို သည်။
မွတ်စလင် များသည် စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့နေအိမ်များကို မီးရှို့နေကြကြောင်း၊ ဒုက္ခသည် အဖြစ် နိုင်ငံတကာ အကူအညီရယူနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပေါ်ရန် နည်းမျိုးစုံဖြင့် ပြဿနာ ရှာနေကြကြောင်း မင်းပြားမြို့ခံ ဦးသာကျော် က ဧရာဝတီ ကို ပြောသည်။
မွတ်စလင်များကမူ ၎င်းတို့၏ နေအိမ်များကို ဒေသခံရခိုင် တိုင်းရင်းသားများ မီးရှို့ကြောင်း ပြောဆိုနေကြသည်။ ထိုသို့ နှစ်ဘက် စလုံးမှ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကို ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ရခိုင်ဒေသတွင်း၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံးဝ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက် ယုံကြည်မှု နည်းပါးနေကာ မွတ်စလင်များနှင့်အတူ နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထား ပေးစေလိုကြောင်းလည်း တောင်းဆိုမှုများ ရှိနေသည်။
ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် အစိုးရနှင့်သဘောတူထား ခြင်းကိုလည်း  ရခိုင်တိုင်းရင်းသားများအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြသည်။
OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများနှင့်ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။ ထို့အတူ ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု လည်း ပြော ဆို သည်။
OIC ရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်ခြင်းနှင့်အတူ မွတ်စလင်များနေထိုင်သည့် ရပ်ကွက်များအား ပြောင်းရွှေ့ပေးရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များစွာသည် မြို့သို့လှည့်၍ ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။ IOC ရုံး ကန့်ကွက်ခြင်းသာမက မွတ်စလင်များ နှင့်အတူ ယှဉ်တွဲမနေရေး တောင်းဆိုမှုများ ပျံ့နှံ့လာပြီး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို တချို့က စိုးရိမ်မှုများ ရှိနေသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့မှအပ ကျန်မြို့နယ် အားလုံး၌ မွတ်စလင် များရှိသည်။ ထိုနေရာများ အနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှုန်းကျော် ရှိပြီး စစ်တွေတွင် ၅၀ ရာ ခိုင်နှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်...
Myanmar express
"နိုင်ငံပိုင် စက်ရုံ ၁၇ ရုံ ရောင်းချရန်ကျန်ရှိ"
Posted by drmyochit Wednesday, November 07, 2012, under | No comments
နိုင်ငံပိုင် စက်ရုံ ၊အလုပ်ရုံ ၁၇ ရုံအားရောင်းချရန် ကျန်ရှိနေကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြည်သူ့  လွှတ်တော်တွင် ပြောကြားလိုက်သည်။
အဆိုပါ စက်ရုံများမှာ လယ်/ဆည် ၀န်ကြီးဌာန မှ ၁ရုံ၊ အမှတ် ၂ စက်မှု ၀န်ကြီးဌာန မှ ၁ ရုံ၊မွေး/ရေ မှ ၃ ရုံ၊စက်မှု ၀န်ကြီးဌာန မှ ၆ ရုံ၊ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ၀န်ကြီးဌာနမှ ၆ ရုံ နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ စက်ရုံ ၁ ရုံ ဖြစ်ကြောင်းသိရသည်။ အဆိုပါ စက်ရုံများအပါအ၀င် နိုင်ငံပိုင် စက်ရုံ နှင့် အလုပ်ရုံများကို စွမ်းအင်ပြည့် မဆောင်ရွက် နိုင်ပါက ပုဂ္ဂလိက သို့ လွှဲပြောင်းပေးသွား မည်ဖြစ်ပြီး လက်ရှိတွင် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံပေါင်း ၂၆၆ ရုံ ရှိကြောင်းသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Guido Westerwelle အား လက်ခံတွေ့ဆုံ
Posted by drmyochit Wednesday, November 07, 2012, under | No comments
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံ နိုင်ငံခြားရေး ဌာနဝန်ကြီး H.E. Mr. Guido Westerwelle အား  နိုဝင်ဘာ(၅)ရက် ညနေ(၅)နာရီ (၁၅)မိနစ်တွင် ဗီယင်ကျန်းမြို့ရှိ National Convention Center ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ်  နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံကြား အပြန်အလှန် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီး မြုပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ ဆွေးနွေးကြသည်။
သံတွဲမြို့ရှိဗလီတစ်ခုမှလက်နက်များဖမ်းဆီးရမှုနှင့်ပတ်သက်သည့်တရားခံ ၂ ဦးအား ရုံးတင်စစ်ဆေးအရေး ယူဆောင် ရွက်လျက်ရှိ
Posted by drmyochit Wednesday, November 07, 2012, under | No comments
အောက်တိုဘာလ ၃၁ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ ဗလီတစ်ခုမှ လက်နက်များ တွေ့ရှိဖမ်းဆီး ရမိသဖြင့် ယင်းနှင့်ပတ်သက်သည့် တရားခံ ဘင်္ဂလီနှစ်ဦး အား သံတွဲရဲစခန်းမှ ဖမ်းဆီးရုံးတင် စစ်ဆေးလျက် ရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှစုံစမ်း သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် သံတွဲမြို့ ပေါ်ရှိဗလီနှင့် ဘုန်းကြီးကျောင်းများအား စစ်ဆေးရှာ ဖွေရန်ဆုံးဖြတ်ချက် အရ သံတွဲမြို့နယ်ရဲမှူး၊ စသုံးလုံး၊ မြို့နယ်ထွေအုပ်၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပါဝင်သည့်အဖွဲ့သည် ယင်းနေ့၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သံတွဲမြို့ ၃ ရပ်ကွက်ရှိ ဂျာမေ့ဗလီ သို့ရှောင် တခင်ဝင်ရောက် ရှာဖွေခဲ့ရာ ဗလီဆရာ တစ်ဦးနှင့် ဗလီဂေါပက တစ်ဦးတို့ အားတွေ့ ရှိပြီး ဗလီအတွင်းမှ သံပိုက်လုံး တပ်ဆင်ထားသော အရှည် ၅ ပေ ၉ လက်မခန့်ရှိ အသွားသံလျက် ပုံပါ လှံ တစ်ချောင်း၊ ဓါးအရိုးသံပိုက်လုံး ၂ ပေ ၃ လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည် တစ်ချောင်း၊ ဝါးရိုး တပ်ထားသာ ၂ ပေ ၃ လက်မခန့်ရှိ ဓါးရှည်တစ်ချောင်း၊ သံဖြင့်ပြုလုပ်ထားသော ဂျင်ဂလိ ၁၅ ချောင်း၊ ဖူဂျီ ဆပ်ပြာပလက် စတိတ်ဘူးဖြင့် ထည့်ထားသော ဂေါ်လီလုံး ၁၇၈ လုံး၊ လောက်စာလုံး လေးဂွပိုက်အရွယ် ကျောက်ခဲ ၁၃ လုံး၊ ကျွဲချိုဖြင့်ပြုလုပ် ထား သော လေးဂွ ၂ ခုနှင့် သစ်သားလေးဂွ ၁ ခု၊ အလျား ၁ ပေခန့် အနံ ၁၀ လက်မခန့်ရှိ လွယ်ကြိုးပါသော လွယ်အိပ်သားရေ အညိုရောင် အိပ်တစ်လုံး၊ အနီရောင်ဆေး သုတ်ထားသော ၃ ပေခန့်ရှိ သံပိုက်လုံး ၁ ချောင်း၊ အနီရောင် ဆေးသုတ်ထားသော ၂ ပေခန့်ရှိ သံပိုက်လုံး ၁ ချောင်း၊ BINOCULARS တံဆိပ်ပါ ပြောက်ကျား မှန်ဘီလူး ၁ ခုနှင့် မှန်ဘီလူး ထည့်သည့် အစိမ်းရောင် ပြောက်ကျား အိပ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှသိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ဗလီဆရာဦးချစ်ဦး (ခ)ဝါဟစ် (၆၁ နှစ်၊ ဘ-ဦးညီလေး၊ ဘင်္ဂလီ/ အစ္စလာမ်၊ သံတွဲမြို့ ၂ ရပ်ကွက်နေသူ)နှင့် ဗလီဂေါပက ဦးတင်အောင်(ခ)ဟာနီဖာ (၇ဝနှစ်၊ ဘ-ဦးရွှေသီး၊ ဘင်္ဂလီ/အစ္စလာမ်၊ သံတွဲမြို့ ၂ ရပ်ကွက်နေသူ)တို့အား သံတွဲရဲစခန်းမှ (ပ)၁၁၄/၂၀၁၂၊ လက်နက်ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေး ယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသော ပဋိပက္ခ အခြေအနေများကို ထိမ်းသိမ်းနိုင်ရန် တရားမဝင် ကိုင်ဆောင်ထား သော လက်နက် ဥပဒေပါ လက်နက် ခဲယဉ်းများကို နီးစပ်ရာ ရဲစခန်းများနှင့် လုံခြုံရေးအဖွဲ့ များထံ ၃ ရက်အတွင်း အပ်နှံရမည်ဖြစ်ပြီး ယင်းတရားမဝင် ကိုင်ဆောင်ထားသော လက်နက်များအား သတ်မှတ်အချိန် အတွင်းလာရောက် အပ်နှံခြင်း မရှိပါ ကဥပဒေ အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းအောက် တိုဘာလ ၃၁ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ထုတ်ပြန် ကြေငြာခဲ့သည်။ ယင်းနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိ တစ်ချို့ဒေ သများတွင် လက်နက်များအား သက်ဆိုင်ရာသို့ လာရောက်အပ်နှံမှုများ ရှိကြကြောင်း အောက်တိုဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
Myanmar express
မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ
Posted by drmyochit Wednesday, November 07, 2012, under | No comments
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး ကျန်သူများကို ဆိုင်းငံ့ပြစ်ဒဏ် သေဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက ရွှေတြိဂံဒေသ မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောင်္ပေါ်မှ တရုတ် နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ယင်းသို့ ပြစ်ဒဏ်စီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ နော်ခမ်းနှင့် အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလအတွင်းက လာအိုနိုင်ငံ၌ ဖမ်းဆီးခဲ့ပြီး မေလအတွင်း၌ တရုတ်အာဏာပိုင်များဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။ မေလလယ်ပိုင်း၌ နော်ခမ်း ၏ တပ်ဖွဲ့ဝင် ၂၅ ဦးသည်လည်း မြန်မာ့တပ်မတော်ထံ လက်နက်ချခဲ့ သေးသည်။ 
Myanmar Express
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်