Friday, September 07, 2012

ပုဂံဟိုတယ်ဇုန်တွင် လာမည့်နှစ်အတွင်း တည်းခိုခန်းများ နှစ်ဆတိုးရန် လျာထား

Posted by drmyochit Friday, September 07, 2012, under | No comments


Photo: ပုဂံဟိုတယ်ဇုန်တွင် လာမည့်နှစ်အတွင်း တည်းခိုခန်းများ နှစ်ဆတိုးရန် လျာထား

စက်တင်ဘာလ ၀၆ ရက် ၂၀၁၂ ခုနှစ်
 
နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှု အများဆုံးဖြစ်သည့် ပုဂံဒေသ ဟိုတည်ဇုန်တွင် နောက်ထပ် အခန်းနှစ်ဆနီးပါးတိုးချဲ့ရန် အစီအစဉ်ဖြင့် အခန်း ၂,၀၀၀ ခန့်အထိကို လာမည့်နှစ်အတွင်း တိုးချဲ့ရန် ပြင်ဆင်နေပြီး ၀န်ကြီး၏ ခွင့်ပြုမိန့်စောင့်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။ 

"အခန်း ၂၀၀၀ လောက် တိုးချဲ့ဖို့ လိုတယ်ဆိုတာ သူတို့က မှန်းထားတာ။ ဒါပေမယ့် တကယ်မှာ ဘယ်လောက်ထွက်လာမလဲ ဆိုတာတော့ မပြောတတ်သေးပါဘူး" ဟု အဆိုပါအရာရှိက ပြောသည်။ "ဒါကြောင့် ရှိနေပြီးသား ဟိုတယ် တွေမှာ အခန်းတိုးချဲ့တွေရှိလာနိုင်သလို အသစ်တည်ဆောက်မယ့် ဟိုတယ်တွေလည်းရှိလာမှာဖြစ်တယ်" ဟု သူက ဆက်ပြောသည်။ 

ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာအနေဖြင့် နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုကို ယခုနှစ်အတွင်း ခြောက်သိန်းနှင့် နောက်နှစ်တွင် ကိုးသိန်း ၀င်ရောက်ရန် မျှော်မှန်းထားသည်။ 

ယင်းကဲ့သို့ တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း ကားလမ်းဘေး၊ တူးရွင်းတောင်ခြေရှိ မြေဧက ၁,၂၆၀ ခန့်တွင် အကောင်ထည် ဖော်နိုင်ရန်အတွက် မြေနေရာချထားပေးနိုင်ရန်အဆိုပြုလွှာကို  ဟိုတယ်လုပ်ငန်းရှင် ၂၆ ဦးမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ထားကြောင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းအသင်း (ပုဂံဇုန်) အတွင်းရေးမှူး ဦးဇော်ဝိတ် ကဆိုသည်။ 

"လက်ရှိ ရှိနေတဲ့ အခန်းအရေအတွက်နဲ့ ဧည့်သည်ပိုမို ၀င်ရောက်လာရင် လုံလောက်ဖို့ အခက်အခဲဖြစ်နိုင်တယ်။ မနှစ်ကထက်စာရင် ယခုနှစ် ခရီးသွားဧည့်သည်တွေကို ပိုပြီးများလာတဲ့အတွက် အခုလို တိုးချဲ့နိုင်င်ဖို့ စီစဉ်တာ ဖြစ်တယ်"ဟု ဦးဇော်ဝိတ် က ပြောသည်။ 

ပုဂံတွင် လက်ရှိ  ခရီးသွားဧည့်သည်များ တပြိုင်တည်း တည်းခိုနိုင်ရန် အခန်းပေါင်း ၂,၁၀၀ ကျော်ရှိသည်။  ပုဂံသို့ ပြည်ပ ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုမှာ  ၂၀၁၁ ခုနှစ်နှင့်ယှဉ်လျှင် ယခုနှစ် နှစ်ဝက်တွင် ခရီးသွား ဧည့်သည် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့သည်။ 

ပုဂံသို့နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်သည့်အရေအတွက်မှာ ၂၀၁၁ ခုနှစ်တွင် ၁၀၂,၅၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၂ တွင် ဇွန်လအထိ ၇၇,၅၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

Source: Mizzima - News in Burmese

ရွေးကောက်ပွဲတွင် အိုဘားမားကို ပြန်လည်ရွေးချယ်တင်မြှောက်ရန် ဘီလ်ကလင်တန် ပြောကြား

Posted by drmyochit Friday, September 07, 2012, under | No comments


 


ချားလော့တ် စက်တင်ဘာ ၆
အမေရိကန် ပြည်ထောင်စုတွင် မကြာမီ ကျင်းပတော့မည့်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတ ဘားရက် အိုဘားမားကို  ပြန်လည် ရွေးချယ် တင်မြှောက်ရန် အမေရိကန် ပြည်သူများအား သမ္မတဟောင်း တစ်ဦးဖြစ်သူ ဘီလ်ကလင်တန်က စက်တင်ဘာ ၅ ရက်တွင် ပြောကြား ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အိုဘားမားသည် ကျဆင်းလျက် ရှိသည့် နိုင်ငံ့ စီးပွားရေးကို ပြန်လည် နာလန်ထူရေး လမ်းကြောင်းပေါ် ပို့ဆောင် နိုင်ရုံသာမက အမေရိကန် ပြည်သူ သန်းပေါင်း များစွာအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး  အခြေခံ အုတ်မြစ်ကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း ကလင်တန်က ချီးကျူး ပြောကြားခဲ့သည်။
ထို့အပြင် သမ္မတ အိုဘားမားကို ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း အပေါ် ထောက်ခံခြင်း မရှိသည့် ရီပတ်ဘလီကန် ပါတီ၏ အကြောင်းပြချက် များသည် ခိုင်လုံမှု မရှိကြောင်း ကလင်တန်က ထပ်လောင်း ပြောကြားခဲ့သည် ဟုသိရသ

ဥရောပဒုံးကျည် ကာကွယ်ရေး စနစ် အမေရိကန် ရှေ့တိုးလုပ် ဆောင်မည်

Posted by drmyochit Friday, September 07, 2012, under | No comments




ဝါရှင်တန်  စက်တင်ဘာ ၆
အမေရိကန် ဦးဆောင်ပြီး ဖြန့်ချမည့် ဥရောပ ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် ပတ်သက်၍ အမေရိကန် နှင့်ရုရှားတို့ ပူးပေါင်းလုပ် ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား ခဲ့ပြီး ရုရှား နိုင်ငံ၏ ရပ်တည်ချက် မည်သို့ ပင်ရှိစေ ဒုံးကျည် ကာကွယ်ရေး စနစ် အစီအစဉ်ကိုရှေ့တိုး လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဒီမိုကရက်တစ် ပါတီ၏ ကြေညာ ချက် တွင်   ဖော်ပြထား ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သည် အမေရိကန် နှင့် ဥရောပ နိုင်ငံ များအား အီရန် ကဲ့သို့သော နိုင်ငံများမှ ဒုံးကျည် ခြိမ်းခြောက်မှု များကို ကာကွယ်ရန် အတွက်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြား ခဲ့သည်။
ထို့အပြင် အမေရိကန် အနေဖြင့် ပိုလန်၊ တူရကီနှင့် ရိုမေးနီးယား နိုင်ငံများ တွင် ဒုံးခွင်းဒုံးစနစ်များ ဖြန့်ချ သွားမည် ဖြစ်သည်။ သို့ရာတွင်  အဆိုပါလုပ် ဆောင်ချက် များသည် စစ်အေး ကာလ ပြိုင်ဆိုင်မှု များအဖြစ်သို့  ဦးတည်သွား စေနိုင်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက လွန်ခဲ့သည့် လတွင် ပြောကြား ခဲ့ကြောင်း သိရ သည်။   

အိန္ဒိယရှိ မီးရှူးမီးပန်း စက်ရုံ ပေါက်ကွဲမှု လူ ၄၀ သေဆုံး

Posted by drmyochit Friday, September 07, 2012, under | No comments


 
From : mrtv4
အိန္ဒိယ နိုင်ငံ တောင်ပိုင်းရှိ တမီးလ်နာဒူး ပြည်နယ်တွင် ရှိသည့် မီးရှူးမီးပန်း စက်ရုံ တစ်ခုတွင် ကြီးမားသည့် မီးလောင် ကျွမ်းမှုတစ်ခု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံးလူ ၄၀ သေဆုံးခဲ့ရကာ ၆၀ ကျော် ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။ အဆိုပါ မီးလောင် ကျွမ်းမှုမှ တစ်ဆင့် ပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့ပြီး မီးရှူးမီးပန်း ပုံးများမှ ပေါက်ကွဲခဲ့သဖြင့် ယခုလို သေဆုံးမှု မျုားပြားခဲ့ရခြင်းလည်း ဖြစ်သည်။
Om Siva Shakti ခေါ် မီးရှုးမီးပန်း စက်ရုံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုကြောင့် စက်ရုံ တစ်ခုလုံး မီးလောင် ကျွမ်းခဲ့ရကာ မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရသေးကြောင်း သိရသည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အိန္ဒိယ သတင်း အေဂျင်စီ တစ်ခုဖြစ်သည့် Press Trust တွင် ဖော်ပြရာ၌ သေဆုံးသူ ဦးရေမှာ ၅၂ ဦး ရှိပြီး ယင်းစက်ရုံထဲတွင် မီးလောင်မှု ဖြစ်ပွားချိန်က လူပေါင်း ၃၀၀ခန့် ရှိနေခြင်း ဖြစ်ကာ အများစုသော ထိခိုက် သေဆုံးသူများမှာ ဒေသခံ ကျေး ရွာမှ ဖြစ်ကြောင်လည်း ဖော်ပြခဲ့သည်။
ယခုလို ဖြစ်ရပ်ကြောင့် မီးသတ်ကား တစ်ဒါဇင်ခန့်ဖြင့် ငါးနာရီကြာ ငြိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။ မီးလောင်မှု မဖြစ်ပွားမီ ရက်အနည်းငယ်က လုံခြုံရေး စစ်ဆေးမှု ပြုရာတွင် အရည်အသွေး မပြည့်မီသဖြင့် စက်ရုံလိုင်စင်ကို ပိတ်ထားခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ အဆိုပါ မြို့တွင် မီးရှုးမီးပန်း စက်ရုံများ ရှိကာ နိုင်ငံ အတွင်းရှိ ထုတ်လုပ်မှု အားလုံး၏ ၉၀ ရာနှုန်းကို ထုတ်လုပ် ပေးနေခြင်း လည်း ဖြစ်သည။်



တရုတ် တပ်မတော် PLA ဒုတိယ ဦးစီးချုပ်၏ နေပြည်တော် ခရီးစဉ်

Posted by drmyochit Friday, September 07, 2012, under | No comments


From-  ရွှေဟင်္သာသတင်းဌာန

Min_Ag_Hling__Chinaတရုတ်ပြည် လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ဒုတိယ စစ်ဦးစီး ချုပ် General Ma Xiaotian ၏ နေပြည်တော် ခရီးစဉ် သည်  နှစ်ဖက် နယ်စပ် တပ်ဖွဲ့များ ဆက်ဆံရေး တိုးမြှင့်ရေး အစီစဉ် သည်ရှိ ဟု နေပြည်တော် သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါ သည်။
http://www.mwdmedia.net/2012/09/pla-general-ma-xiaotian.html
“ တရုတ်နဲ့ ဗမာကတော့ ပုံမှန် အပြန်အလှန် ဆွေးနွေးပွဲတွေရှိပါတယ်။ သုံးလတကြိမ် ပုံမှန် နယ်စပ် အစည်းအဝေးတွေ သူ့ ဖက်ကိုယ့်ဖက် နေရာ အပြန်အလှန် ဆွေးနွေး ကြတာ ရှိပါတယ်။ ဒါက မဆန်းပါဘူးဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ပြောခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။
တရုတ်အစိုးရသည် တရုတ်နယ်စပ်ရှိ ကချင် စစ်ပြေး ဒုက္ခသည်( ၅) ထောင် နီးပါးကို သြဂုတ်လ အကုန်၌ မြန်မာ နယ်စပ်ဖက် သို့ အပြီးတိုင် ရွှေ့ပြောင်း စေခဲ့ပြီးမှ General Ma Xiaotian ၏ နေပြည်တော် ခရီးစဉ် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ပါသည်။ ဤခရီးစဉ်၏ ရည်ရွယ်ထဲမှ နယ်စပ် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်လည်း ရှိပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ အန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ရန် လမ်းကြောင်း (၃) ခု ဖေါက်ထားပါသည်။ ဤလမ်းကြောင်း များထဲမှ ယူနန်ပြည်နယ် တောင်ဂါဟုန်နှင့် ဗန်းမော်လမ်းကြောင်းတွင် KIA တို့၏ လိုင်ဇာ ဌာနချုပ်ကို ဖြတ်သန်း ရပေမည်။ ဤလမ်းကြောင်းကို တွင်ကျယ် စေလိုပါက မြန်မာ အစိုးရက KIA ရှင်းလင်းရေး ဆောင်ရွက် ရပေလိမ့်မည်။ ဤသို့ကြောင့် ဤ ကိစ္စသည် တရုတ်မြန်မာနှင့် KIA တို့၏ အဓိက ပြသနာ တခုဖြစ်ဖွယ် ရှိနေမည်ဟု အကဲခတ်များက သုံးသပ်ပါသည်။
အကယ်၍ အထက်ပါ အစီစဉ်အတိုင်း တရုတ်မြန်မာ နယ်စပ်တပ်များ ဆက်ဆံရေး တိုးမြှင့်ခဲ့သော် KIA နှင့် ထိပ်တိုက် တိုးလေ မလား စဉ်းစားဖွယ်ရာ ဖြစ်ပါသည်။
China_plan009အမေရိကန်သည်၊ ကချင်ပြည်နယ်တွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေး နေကြရသော စစ်ပြေး ဒုက္ခသည် များအား တရုတ် နိုင်ငံထဲ၌ ခိုလှုံခွင့် ပေးရန် အပါဝင် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရတို့ အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တရုတ် အစိုးရ အနေဖြင့် အားပေး ကူညီရန် တရုတ် အစိုးရထံ ပြီးခဲ့သည့် သြဂုတ်လ (၂၉) ရက်နေ့က တိုက်တွန်းထားကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ Victoria Nuland က ပြောကြား ခဲ့ပါ သည်။ http://www.phophtaw.org/burmese/index.php/news/local-news/2063-2012-08-31-06-54-38.html
ထို့အပြင် မြန်မာသည် အမေရိကန်တို့၏ Cobra  Gold စစ်ရေး လေ့ကျင်းမှုကို လေ့လာရန် ထိုင်းကာ ကွယ်ရေး ၀န်ကြီးမှ တ ဆင့် ကြိုးစားနေမှုကိုလည်း တရုတ်အတွက် စိုးရိမ်စရာ ရှိနေပါသည်။ ဤသို့ကြောင့် PLA ဒုတိယ ဦးစီးချုပ် ကိုယ်တိုင် နေ ပြည်တော်ကို ရောက်လာခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2021--cobra-gold-.html
ဤသို့ကြောင့် အထက်ပါ ကိစ္စများကို ဆွေးနွေးနိုင်ရန် General Ma Xiaotian ၏ မြန်မာ ခရီးစဉ် ပေါ်ပေါက် လာခြင်း ဖြစ်ဖွယ် ရှိပါသည် ဤကိစ္စများကြောင့် တရုတ်မြန်မာ နှစ်နိုင်ငံ စစ်တပ်အကြား နားလည်မှုရှိရန် လိုအပ်နေသလို KIO အရေးနှင့် ကချင် စစ်ပြေး ဒုက္ခသည် အရေးလည်း ပါဝင်နိုင်ကြောင်း စစ်ရေး အကဲခတ်များက ဆိုနေကြ ပါသည်။

 

ရွှေတိဂုံ စေတီတော်ကြီး၏ (၅၂၁) ကြိမ်မြောက် ရွှေစင် ရွှေပြား အလှူတော်ငွေ ပေးအပ်ပွဲ ကျင်းပ

Posted by drmyochit Friday, September 07, 2012, under | No comments



From MWD 
ရန်ကုန်   စက်တင်ဘာ   ၆
ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ (၅၂၁) ကြိမ်မြောက် ရွှေသင်္ကန်းတော် ရွှေစင်၊ ရွှေပြား ကပ်လှူ ပူဇော်ခြင်း၊ ဘက်စုံပြုပြင် မွမ်းမံ တည်ဆောက်ခြင်း အလှူတော်ငွေ ပေးအပ်ပွဲနှင့် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကို စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီက ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ် ရှိ ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ရာ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် သိင်္ဂီဦး (ခြောက်ထပ်ကြီး) ကျောင်းတိုက် သြဝါဒါ စရိယ ဆရာတော်၊ ဂေါပက အဖွဲ့ဝင် များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး အလှူရှင် များက ရွှေစင်၊ ရွှေပြားနှင့် အလှူတော် ငွေများ အသီးသီး ပေးအပ် လှူဒါန်းရာ အလှည့်ကျ သဘာပတိ ဂေါပက အဖွဲ့ဝင် ဦးစိန်ဝင်းအောင်နှင့် အဖွဲ့ဝင် များက လက်ခံ ရယူ၍ ထုတိ အနုမောဒနာ ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် လှူဒါန်းမှု အစုစု တို့အတွက် ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင် သိင်္ဂီဦး (ခြောက်ထပ်ကြီး) ကျောင်းတိုက် သြဝါဒါ စရိယ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒော ဘာသထံမှ ရေစက်ချ အနု မောဒနာ တရား နာကြား၍ ရေစက်သွန်းချ အမျှ ပေးဝေကာ ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။ အဆိုပါ အလှူတော် မင်္ဂလာ အခမ်း အနားတွင်  စေတနာရှင်  အလှူရှင် ၃၈၄၈ ဦးမှ ရွှေစင်၊ ရွှေပြားနှင့် အလှူ တော်ငွေ စုစုပေါင်း တန်ဖိုးငွေကျပ် ၄၈၂၂, ၃၁၂၅ဝ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်

Posted by drmyochit Friday, September 07, 2012, under | No comments


 
သက်တမ်း(၂)နှစ်ခန့်ရှိပြီဖြစ် သော သမ္မတကြီးဦးသိန်းစိန်၏ အစိုးရအဖွဲ့အတွင်းပြုပြင်ပြောင်း လဲဖွဲ့စည်းလိုက်ခြင်းသည် သမ္မတ ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များ ပိုမိုတွင်ကျယ်အရာထင် လာစေရေးအတွက်ဟု ဆိုသော ကြောင့် နိုင်ငံရေးတွင် လုပ်ရိုးလုပ် စဉ်ဖြစ်သော်လည်း မြန်မာ့နိုင်ငံ ရေးအတွက်မူ အရေးပါသော ခြေလှမ်းဟု ဆိုရပေမည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်တွင် အထောက်အကူမဖြစ်၊ အလုပ်မတွင်သူ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား ရာထူးမှ ရွှေ့ပြောင်း ခြင်း၊အနားပေးခြင်းများပြုလုပ်နေပြီး သမ္မတကြီးဦးသိန်းစိန်၏ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်၊အထူးသဖြင့်ပြည် တွင်းငြိမ်းချမ်းရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ရှေ့တန်း ရောက်သူများဖြစ်ပြီး လူအများ အကြားနာမည်ရလာသူအစိုးရ အဖွဲ့ဝင် ၀န်ကြီးများကို ရာထူး တိုးမြှင့်ခန့်အပ်ခြင်းမှာ မဆန်းပေ။သို့သော် ဒု-၀န်ကြီးများကို အသစ်ခန့်အပ်ရာတွင် စစ်ဘက် နှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတို့မှမဟုတ်ဘဲ သက် ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင် သူအသိပညာရှင်၊အ တတ်ပညာရှင်များဖြစ်သောကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အရေးပါမှုကို အလေးထားကြောင်း ဖော်ပြနေသကဲ့သို့ အမျိုးသမီး ပညာရှင်များ ပါဝင်လာစေခြင်း ကလည်း ထူးခြားသည့် ခြေလှမ်း ပင်ဖြစ်သည်။သြဂုတ် လ(၂၇)ရက် ပြည် ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင် သွင်းမှုကို လွှတ်တော်ကိုယ်စား လှယ်များဆွေးနွေးကြရာတွင် တပ်မတော်သားကိုယ်စားလှယ်များ ၏တင်ပြချက်များမှာ သမ္မတကြီး က လွှတ်တော်သို့အဆိုပြုချက်နှင့် ကွဲလွဲသည်ကိုထောက်၍ သမ္မတ ကြီး၏အပြောင်းအရွှေ့များနှင့်ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို စစ်ဘက်ကလည်း အခိုင်အမာ ကျားကန်ပေးနေသည်ဟု ယူဆ ရသည်။
အမှန် တကယ်တွင်လည်း ခေတ်မမီတော့သော မြန်မာ့တပ် မတော်ကို ခေတ်မီဖွံ့ဖြိုးသော တပ်မတော်အဖြစ်ဒေသတွင်း ရင် ပေါင်တန်းနိုင်ရေး မြှင့်တင်ရာတွင် လိုအပ်သည့်အကူအညီများ၊ဒေသ တွင်းနှင့်အထူးသဖြင့် အမေရိကန် ပြည်ထောင် စုထံမှ ရယူရန်သမ္မတ ကြီးဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွင် တပ်မတော် အနေနှင့်ပူးပေါင်းပါဝင်မှဖြစ်ပေ မည်။သို့ရာတွင် ကချင်စစ်ပွဲများ အပါအ၀င် ပြည်တွင်းစစ်ရပ်စဲရေး တွင် စစ်တပ်၏အနေအထားမှာ သမ္မတကြီး၏အမိန့်ကို မနာခံသော ကြောင့် နာမည်ဆိုးသာရဆဲဖြစ် သည်။တစ်ချိန်တည်းတွင် ရခိုင် ပြည်နယ်ပဋိပက္ခ၌ နိုင်ငံတကာနှင့် စေ့စပ်ညှိနှိုင်းခြင်း၊အဝေးရောက် အတိုက်အခံများကို ပြည်ဝင်ခွင့် ပေးခြင်း၊နာမည်ပျက်စာရင်းအများ အပြားလျော့ ချခြင်း၊ရခိုင်ဒေသ ပဋိပက္ခကြောင့် ထောင်နန်းစံရသူ ကုလသမဂ္ဂ၀န်ထမ်းသုံးဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းတို့ သည် ယခင်စစ်အစိုးရများ၏ တံခါးပိတ်ဝါဒကို သမ္မတကြီး ဦးသိန်းစိန်က ခ၀ါချခဲ့ပြီဟု ပြသ နေပုံရပြီး၊နိုင်ငံတကာ၏ အရေး ပါမှုကိုလည်း လက်ခံလာကြောင်း ပြဆိုနေသည်။အပြန်အလှန်အားဖြင့် စက် တင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက် မည့် သမ္မတကြီးဦးသိန်းစိန်ကို အမေရိကန်သမ္မတ ဘားရက်အို ဘားမားက ပြည်ဝင်ခွင့်ဗီဇာကန့် သတ်ထားမှုအား ဖယ်ရှားလိုက်ပြီ ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ကြုံရမည့် ရခိုင် အရေးနှင့်ပတ်သက်သည့် သံတမန် ရေး ဖိအားများလျော့ကျသွားနိုင် ဖွယ်ရှိသည်။ယခုအစိုးရအဖွဲ့အတွင်း အ ပြောင်းအလဲသာမက မူဝါဒရေး ရာ အရွှေ့အပြောင်းကြောင့်သမ္မ တကြီးဦးသိန်းစိန်အား မပြတ်မသား ဟု အားမလိုအားမရထင်မြင်ဝေ ဖန်ခဲ့သူများပင်လျှင် အစစအရာရာ တွက်ဆပြီး ရှေ့တိုးဆုံးဖြတ်လုပ် ကိုင်တတ်သူဟု ပြောင်းလဲရှုမြင် လာကြသည်။သမ္မတကြီးအနေဖြင့် ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေ အနေမှာ ပြောင်းလဲလိုသူများက တစ်ဘက်၊မပြောင်းလဲလိုသူများက တစ်ဘက်ဖြစ်သည့် ထမ်းပိုးကို ထမ်းရင်းပြုပြင်ပြောင်းလဲရေး ကြိုးတန်းပေါ်လမ်းလျှောက်နေသကဲ့ သို့ပင်၊ကျရှုံးခြင်း၊အောင်မြင်ခြင်း တို့သည် သမ္မတကြီး၏ ပင်ကိုယ် အရည် အချင်း၊နိုင်ငံရေးနှင့်အုပ် ချုပ်ရေးကျွမ်းကျင်မှုအပေါ်တွင် များစွာ မူတည်နေပေသည်။သမ္မတကြီး၏ပြုပြင်ပြောင်း လဲမှုများ နှင့်အတူ ပြည်သူလူထု ကလည်း မိမိတို့စွမ်းဆောင်နိုင် သည့်ဘက်က ကြိုးစားလုပ်ဆောင် နေကြသည်။လူသားချင်း စာနာ ထောက်ထား သည့် အကူအညီ များ၊အခမဲ့ ပညာသင်ကြားရေး စနစ်၊ကျန်းမာရေးစောင့်ရှောက်မှု စသည့် လူမှုအ ကျိုးပြုလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်နေ ကြသည်။ထိုနည်းတူစွာ(၈၈)မျိုး ဆက်များကလည်း မြန်မာနိုင်ငံ တွင် လွတ်လပ်ပွင့်လင်းသည့် လူ့ အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက် လာစေရန် သူတို့စွမ်းအားရှိသမျှ အကောင်အ ထည်ဖော်ဆောင် ရွက်လျက်ရှိနေကြသည်။သူတို့၏ အနစ်နာခံဆောင်ရွက်မှု၊ကိုယ်ကျိုးစွန့် လွှတ်မှု၊သဘောထားကြီးမှု၊နိုင်ငံ နှင့်လူမျိုးအပေါ်ထားရှိသည့် မှန် ကန်သော စိတ်စေတနာများ ကြောင့် ပြည်သူပြည်သားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံကြရပြီး ပြည် သူလူထု၏ နှလုံးသားများတွင်ရော မြန်မာ့သမိုင်းမှာပါ မော်ကွန်းထိုး ကမ္ပည်းတင်ခံရသူများဖြစ်နေကြ ပေပြီ။
မိမိအုပ်စု၊မိမိအသိုင်းအ၀ိုင်း အတွက်မဟုတ်ဘဲ ပြည်သူ့အတွက် အနစ်နာခံစွန့်လွှတ်ကာ လမ်းစဉ် မှန်မှန်ဖြင့် အမှန်တ ကယ်လုပ် ဆောင်မည်ဆိုပါလျှင် ပြည်သူက အမှန်တကယ်ပင် ချစ်ခင်လေးစား ပြီး မြန်မာ့သမိုင်းတွင် ကမ္ပည်း ထိုးခံရပေမည်။ တစ်နည်းဆိုရလျှင် ပြည်သူ ချစ်လျှင် ကမ္ပည်းအတင်ခံရပေ မည်။

နေပြည်တော်တွင် ခိုးကူးခွေများ ဖျက်ဆီး

Posted by drmyochit Friday, September 07, 2012, under | No comments


 
နေပြည်တော်ဒေသအတွင်း ဖမ်းဆီးရမိထားတဲ့ ခိုးကူးခွေတွကို  သက်ဆိုင်ရာကနေပြည်တော် ပျဉ်းမနား၊ စည်ပင်ရုံးအနီးရှိ စည်ပင်ရုံးလမ်း ရှမ်းကန်တောင်ဘက်လမ်းပေါ်မှာ ဒီနေ့ မနက် ၁၁ နာရီက  ဖျက်ဆီးလိုက်ပါတယ်။ဖမ်းဆီးရမိထားသော ခိုးကူးခွေဖမ်းဆီးမှု ၇ ခုမှ  နိုင်ငံခြား/ မြန်မာ ဗီစီဒီ/ ဒီဗီဒီ ခိုးကူးခွေ၊ညစ်ညမ်းခွေ  ၆၂၀၄ ချပ် တို့ကို ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင် ဗွီဒီယိုအစည်းအရုံးကတာဝန်ရှိသူတွေ ဦးဆောင်ပြီး  ဖျက်ဆီးတာဖြစ်ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ လာရောက်ကြည့်ရှုပါတယ်။တရားရုံးရဲ့ ဖျက်ဆီးမိန့် မကျလာသေးလို့ ဖမ်းမိထားတဲ့ ခိုးကူးခွေ/ ညစ်ညမ်းခွေ၁ သောင်းကျော် ကျန်သေးတယ်လို့ ခရိုင်ဗွီဒီယို အစည်းအရုံးဥက္ကဋ္ဌဌ ဦးမောင်သောင်းက ပြောပါတယ်။

နေပြည်တော်မှာ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ခိုးကူးခွေနဲ့ ညစ်ညမ်းခွေ အများစုဟာ ကိုယ်တိုင် အေခွကူးသူများနှင့် ဆိုင်ကြီးများတွင် တင်ရောင်းချသူများ  မဟုတ်ဘဲ ဈေးကြိုဈေးကြား/လမ်းကြို လမ်းကြားတွင်သာ လှည့်လည်ရောင်းချေသာ ခေါင်းရွက်ဗျက်ထိုး အေခွသည်များ ဖြစ်တယ်လို့ နေပြည်တော်က ခိုးကူးခွေရာင်းချသူတဦးက ပြောပါတယ်။ “ဒီလောက် ပမာဏေလးလောက်ကေတာ့ သူတို့သိထားတဲ့ ခိုးကူးလက်ကြီးသမားတွေဒါမှမဟုတ် ဆိုင်ကြီးတွေနဲ့ ရောင်းချသူတွေကို သွားဖမ်းရင်တောင် ဒီလောက်မကဖမ်းမိနိုင်ပါတယ်။ခိုးကူးလက်ကြီးသမားတွေ ဆိုရင် ကွန်ပျူတာ ၅ လုံးလောက် ဒါမှမဟုတ် ဂျူ့စ်( အေခွကူးစက်) ၅ လုံးလောက်နဲ့ တြပိုက်နက် ခိုးကူးနေကြတာတွေ မမိတာတော့အံသြစရာပါပဲ” လို့ ပြောပါတယ်။ခိုးကူးခွေတွ ကျယ်ပြန့်နေတဲ့ ဂယက်ကြောင့် ထုတ်လုပ်သူနဲ့ အနုပညာရှင်တွေဘက်ကလည်း နစ်နာနေတာ ဖြစ်ပါတယ်။


DVB (မြန်မာပိုင်း)
 

ယနေ့ ကျမ်းသစ္စာကျိန်ဆိုမှုနှင့် မြန်မာ့နိုင်ငံရေးသမိုင်းအတွက် ထူးခြားမှုများ

Posted by drmyochit Friday, September 07, 2012, under | No comments



ယနေ့ ကျမ်းသစ္စာကျိန်ဆိုသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ
၁။ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်       (ကာကွယ်ရေး)
၂။ ဒေါက်တာ မြတ်မြတ်အုန်းခင်      (လူ/ကယ်/ပြန်)
၃။ ဦးအေးမြင့်ကြူ                       (ယဉ်ကျေးမှု)
၎။ ဦးဝင်းရှိန်                             (ဘဏ္ဍာ/အခွန်)
၅။ ဦးကျော်လွင်                         (ဆောက်လုပ်ရေး)
၆။ ဒေါက်တာ ကံဇော်                  (စီမံ/စီးပွား)
၇။ ဦးမောင်မြင့်                          (အလုပ်သမား)
၈။ ဒေါက်တာ မြင့်အောင်              (သတ္တုတွင်း)
၉။ ဦးဌေးအောင်                         (ဟိုတယ်/ခရီး)
၁၀။ ဦးဇေယျာအောင်                  (ရထား)
၁၁။ ဒေါက်တာ ကိုကိုဦး                (သပန)
၁၂။ ဦးသိန်းထိုက်                       (စာရင်းစစ်ချုပ်)


ဒါက ကျွန်တော်တွေးဆလို့ရသမျှပါ။ သတင်းတွေမှာ ဘယ်သူတွေ ကျမ်းသစ္စာကျိန်ဆိုတယ်ဆိုတာ ရေးထားခြင်း မရှိသေးပါဘူး။ ဓာတ်ပုံတွေကြည့်ပြီး ကျမ်းကျိန်တဲ့ လူဦးရေအရ ဖြစ်နိုင်တာတွေကို မှန်းဆပြီး ရေးသားလိုက်တာပါ။ ယခင်ပြည်ထောင်စုဝန်ကြီး အဟောင်းတွေက ဌာနတွေပြောင်းပေမယ့် ကျမ်းကျိန်ဖို့ မလိုတဲ့အတွက် သူတို့ကို ထည့်မတွက်ဘဲ ကျန်တဲ့လူတွေကိုပဲ ခန့်မှန်းရေးသားထားတာပါ။ သတင်းဌာနတွေရဲ့ သတင်းတွေအရ လွှတ်တော်ထဲမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များရဲ့ အမည်စာရင်းကို အတိအကျဖတ်ရလို့ မှားယွင်းနေတာရှိရင် ပြင်ဆင်ပေးပါ့မယ်။ ဓာတ်ပုံထဲမှာ ၁၃ ဦး ကျမ်းကျိန်နေတာ တွေ့ပေမယ့် ကျန်တဲ့တစ်ဦးကို ဘယ်လိုမှ စဉ်းစားလို့မရတဲ့အတွက် ၁၂ ဦး အမည်စာရင်းကိုပဲ ရေးထားတာပါ။ သိရင် ထပ်ဖြည့်ပေးပါ့မယ်။

ထူးခြားချက်များ
ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အဖြစ် ကျမ်းသစ္စာကို နှစ်ကြိမ်တိုင် ကျိန်ဆိုရသူအဖြစ် ဦးသိန်းထိုက် စာရင်းဝင်ခဲ့သည်။ (ဦးသိန်းထိုက်သည် ပထမအကြိမ်အဖြစ် သတ္တုတွင်းဝန်ကြီးအဖြစ်လည်းကောင်း၊ ယခုဒုတိယအကြိမ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်လည်းကောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။)

ဦးဇေယျာအောင် (ဗိုလ်ချုပ် ဇေယျာအောင်-ငြိမ်း) သည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားများထဲမှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့ရသည့် ပထမဆုံးသော တပ်မတော်သား ဖြစ်လာခဲ့သည်။
(ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂()() နှင့် ပုဒ်မ ၂၃၂()() တို့ကို ရည်ညွှန်းသည်။)
(ဒုတိယသမ္မတသစ် ဦးဉာဏ်ထွန်းကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါ။ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်သူ ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် သည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ပထမဆုံးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် လစ်လပ်သွားသည့်အတွက် ပထမဆုံးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
(ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂(ဈ) ကို ရည်ညွှန်းသည်။)

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် ဦးဝင်းရှိန် သည် အပြောင်းအရွှေ့ အများဆုံးလုပ်ခဲ့ရသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်ဖြစ်သည်။ သူသည် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်သည်။ 

ကျမ်းသစ္စာကျိန်ဆိုသည့် ပြည်ထောင်စုဝန်ကြီး ၁၁ ဦးတွင် ဦးသည် ဒုတိယ၀န်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြသည်ကို အံ့သြဖွယ် တွေ့ရှိရသည်။ အဆိုပါ ၀န်ကြီး ဦး၏ အမည်စာရင်းနှင့် ယခင်ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ကြီးဌာနအမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည် -
၁။ ဦးမောင်မြင့် (နိုင်ငံခြားရေး)
၂။ ဦးကျော်လွင် (ဆောက်လုပ်ရေး)
၃။ ဒေါက်တာ ကံဇော် (စီမံ/စီးပွား)
၎။ ဦးဝင်းရှိန် (ပို့ဆောင်ရေး၊ ဘဏ္ဍာ/အခွန်)
၅။ ဦးဌေးအောင် (ဟိုတယ်/ခရီး)
၆။ ဒေါက်တာ မြတ်မြတ်အုန်းခင် (ကျန်းမာရေး)
၇။ ဒေါက်တာ ကိုကိုဦး (သပန)
၈။ ဦးအေးမြင့်ကြူ (အားကစား)

ယနေ့ကျမ်းသစ္စာကျိန်ဆိုသူများတွင် သမ္မတကြီးဦးသိန်းစိန်၏ အစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်ခြင်း မပြုခဲ့ဘဲ အသစ်ပါဝင်လာသူများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် နှင့် ဦးဇေယျာအောင် တို့ နှစ်ဦးသာ ရှိသည်။
(ဒေါက်တာ မြင့်အောင် သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။)

စာကြွင်း။ မှားယွင်းချွတ်ချော်မှုများ မြင်တွေ့သိရှိပါမူ ထောက်ပြကြစေလိုပါသည်။ ကျွန်တော်သိရှိသမျှ ရေးသားထားခြင်းသာ ဖြစ်ပါသည်။ အားလုံးကို အမှန်ဟု မယူဆကြစေလိုပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ရက်၊ သောကြာနေ့။
နေ့လည် နာရီ ၃၁ မိနစ်တွင်ပြီး၏။

အာဖဂန်တောင်ပိုင်းတွင် လူတစ်ဦး၏ ပစ်ခတ်မှုကြောင့် နေတိုးတပ်ဖွဲ့ဝင် (၃)ဦး သေဆုံး

Posted by drmyochit Friday, September 07, 2012, under | No comments


 

အာဖဂန်နစ္စတန် တောင် ပိုင်းတွင် ဗုဒ္ဓဟူးနေ့က အာဖဂန် အမျိုး သား တပ်မတော် (ANA)ယူနီဖောင်း ဝတ်ဆင်ထားသည့် လူတစ်ဦး၏ ပစ် ခတ်မှုကြောင့် နေတိုး တပ်ဖွဲ့ဝင် (၃)ဦးသေဆုံးသွားခဲ့ကြောင်း ညွန့်ပေါင်း တပ်ဖွဲ့က ကြာသပတေးနေ့ နံနက် တွင်အတည်ပြုခဲ့သည်။အာဖဂန် စစ် သားများ၊ ရဲသားများ၊ သို့မဟုတ် သေနတ်သမားများသည် စစ်ယူနီ ဖောင်းဝတ်ဆင်ပြီး နိုင်ငံတကာတပ်ဖွဲ့ ဝင်များအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့ ရာ သေဆုံးမှုများရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှုမှာ အတွင်းလူတိုက်ခိုက် မှုများတွင် နောက်ဆုံးတိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

အာဖဂန်အမျိုးသား တပ် မတော် ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ဦးက အာဖဂန်တောင်ပိုင်းရှိ နိုင်ငံတကာ လုံခြုံမှု ထောက်ပံ့ရေးအဖွဲ့က (ISAF) ဝင်များကို ပစ်ခတ်ခဲ့သဖြင့် လူ(၃)ဦးသေဆုံး သွားကြောင်း နေ တိုးဦးဆောင်သည့်ISAFက အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့သည်။ပစ်ခတ်မှု နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများ ပြုလုပ် လျက်ရှိသော်လည်းISAF ပေါ်လစီအရ သေဆုံးသွားသူများမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း မရှိချေ။

သို့သော် အာဖ ဂန် စစ်ဘက်အရာရှိတစ်ဦးက ဩစ တြေးလျစစ်သားများဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခုနှစ်စကတည်း က အတွင်းလူတိုက်ခိုက်မှု ၃၄ ခုရှိခဲ့ပြီး နေတိုးနှင့် အမေရိကန်စစ်သား (၄၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 

Ref: AFP

ဖားကန့်တွင် လူစုလူဝေးဖြင့် လုယက်မှု ပစ်ခတ်နှိမ်နင်း တဦးသေ

Posted by drmyochit Friday, September 07, 2012, under | No comments


 
မကြာသေးခင်က တိုက်ပွဲကြီးများဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့်တွင် လူအုပ်စုဖြင့် လုယက်ဖျက်စီးမှုများအနည်းဆုံး နေရာငါးခုတွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ အနယ်နယ် အရပ်ရပ် မှလာရောက်လုပ်ကိုင်နေကြသော ထောင်နှင့်ချီသည့် ကျောက်တူးသမားများနှင့်  ကျောက်ရှာ သူများ ရှိနေထိုင်ရာ ဖားကန့်မြို့မှော်ဆီစာ၊ ရှရော်ခ၊ မျောက်ဖြူ၊ မိုးပြင်းနှင့်ကထန်မှော် စသည့် ကျောက်စိမ်းမှော် ငါးနေရာတွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့က မှော်စီဆာရှိ အမျိုးသားစီးပွားတိုးတက်ရေးကုမ္ပဏီနှင့် ကျောက်စိမ်းတောင် ကုမ္ပဏီများ ၏ လုပ်ကွက်တွင် ခွင့်ပြုချက် မရဘဲ ဝင်ရောက်ကာ ရေမဆေးကျောက်ရှာသဖြင့် ကုမ္ပဏီ၏ တိုင်ကြားချက်ဖြင့် ရဲက ဖမ်းဆီးကာ ယင်းတို့ပိုင် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးကားများကို သိမ်းဆည်းခဲ့သည်။ နောက်ပိုင်းတွင် မကျေနပ်
သော လူအုပ်စုက အဆောင်ကိုမီးရှို့ကာ ကုမ္ပဏီပိုင်ပစ္စည်းများကို လုယက်ကြသည်။"ကျနော်သွားကြည့်လိုက်တဲ့အခါမှာ လမ်းမှာ သွားသွားလာလာ ကျောက်သယ်တဲ့သူ၊သွပ်သယ်တဲ့လူ၊ ပျဉ်တွေ သယ်တဲ့လူတွေ တွေ့ရတယ်" ဟု ရိုမင်ကက်သလစ် အသင်းတော်မှ သင်းအုပ်ဆရာ နော်ဂျာက ပြောသည်။အလားတူပင် မျောက်ဖြူမှော်ရှိ ကုမ္ပဏီတခုတွင်လည်း ညအချိန်တွင် ကျောက်စိမ်းများ၊သိုလှောင်ထားသောလောင်စာဆီများ လုယက်ခံရပြီး အဆောင်ကိုလည်းဖျက်စီးသွားခဲ့ကြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လူစုခွဲခဲ့ သည်ဟု ဆိုသည်။

"ကုမ္ပဏီ လုပ်ငန်းရှင်တွေရော သူတို့အဆောင်တွေကို ကြီးကြပ်တဲ့လူ မရှိဘူးဆိုတော့ ဥပဒေ စိုးမိုးမှု အပိုင်းမှာလဲ မလုပ်နိုင်တဲ့အခါကျတော့ ကျောက်တူးသမားတွေ၊ ရေမဆေးသမားတွေ၊ သူတို့ လုပ်ချင်တာလုပ်၊ မီးရှို့ဖျက်ဆီး၊ ရှိတဲ့ကျောက်တွေ သယ်ယူကြတယ်ဆိုတော့ ဟိုဘက်က တပ်က ရမ်းပစ်တယ်။ အဲဒီမှာ တယောက်က ထိလို့
သေသွားတယ်" ဟု ဆရာ နော်ဂျာက ပြောသည်။ ဖားကန့်မြို့နယ်တွင် မေလ ၃ဝ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များနှင့်အစိုးရတပ်များ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီးနောက် ကျောက်မျက်ရှာဖွေရေးကုမ္ပဏီများ၏ လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သည်။ သို့သော်လည်း တရားမဝင် သို့မဟုတ် သိုသိုသိပ်သိပ်ဖြင့် ဆက်လက်လုပ်ဆောင်သည်များလည်း ရှိနေခဲ့သည်။ဗုဒ္ဓဟူးနေ့ညက ယူမာနှင့် ဆိုင်းတောင်အကြားတွင် KIO နှင့် အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများကိုပင် ကြားရသည်ဟု သင်းအုပ်ဆရာတော်ကပြောသည်။

ထို့ပြင်ညပိုင်းတွင် ဆိုင်းတောင်မြို့အဝင် ဒေါ်တင်လှ ဓါတ်ဆီဆိုင်အနီး ကားလမ်းပေါ်တွင် အစိုးရ စစ်ကြောင်းပါ စစ်သား ၁၀ ဦးကျော်သည် ယင်းတို့ သယ်ဆောင်လာသည့် ဗုံးပေါက်ကွဲ၍  အနည်းဆုံး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အန်ဂျီအိုဝန်ထမ်း လင်မယားနှစ်ဦးလည်း ဒဏ်ရာရသွားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဒေါ်နေဂျာရှန်က ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့ ရဲစခန်းအား မဇ္စျိမကဆက်သွယ်မေးမြန်းခဲ့ရာ အကြောင်းပြန်ကြားခြင်း မရှိပေ။အင်္ဂါနေ့နံနက်ကလည်း ဖားကန့်မြို့နယ် မှော်ဝမ်းမြို့ ရပ်ကွက် ၂ နေ အသက် ၂၇ နှစ်အရွယ် ဦးကရင်နော်ကျန်းသည်ရေမဆေးရှာရန် သွားသည့်လမ်း မျောက်ဖြူနှင့် ရှရော်ခဘက်သို့ သွားခဲ့ရာလမ်းတွင် ဗုံးဆံထိမှန်ကာ သေဆုံးသွားခဲ့ သည်။"အစိုးရတပ်ကနေ ဗုံးပစ်ပေးလိုက်တာ မိုင်းစထိမှန်သွားတယ်၊ အဲဒီမိုင်းစက အဆုတ်မှာ ထိသွားတယ်။ မနေ့က ကျမ သူ့မိသားစုနဲ့ သွားတွေ့တယ်။ အဲဒီနေ့မှ အဲဒီရှရော်ခဘက်ကို သွားတာတဲ့။ ရေမဆေးလိုက်ကောက်တဲ့။ တခါမှ မသွားတော့ဘူး။ အဲဒီနေ့မှ သွားလို့ ရပြီဆိုပြီး သွားလိုက်တာ အဲဒီလို ဖြစ်သွားတာတဲ့" ဟု ဒေါ်နေဂျာရှန်က ပြောသည်။ ဦးကရန်နော်ကျန်းတွင် သူက သားသမီး နှစ်ဦးရှိပြီးဇနီးဒေါ်ဒေါင်နန်းတို့ ကျန်ရစ်သည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့မှစတင်၍ နှစ်ဖက်တပ်များ တင်းမာမှုကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ မှော်မောင်ကုန်၊တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချေား၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ရှရောခ၊ ဇွပ်ငိုင်၊မျောက်ဖြူနှင့် မှော်မောင်းလယန် စသည့်ကျေးရွာများက ဒေသခံများသည် အိုးအိမ်များစွန်ကာ ဖားကန့်မြို့ပေါ်သို့ ထွက်းပြေး တိမ်းရှောင်နေရဆဲပင် ဖြစ်သည်။လက်ရှိ ဖားကန့်မြို့ပေါ်တွင် အစိုးရတပ်အင်အား တဖြည်းဖြည်း ပိုမိုများပြားလာနေပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဘက် သတိနှင့် စောင့်ကြည့်နေကြသည်ဟု KIA ၏ တပ်မဟာ ၂ လက်အောက်မှ တပ်ရင်း ၆ တပ်ဖွဲ့မှ အရာရှိ တဦးက ပြောသည်။ 

သြဂုတ်လ ၂၉ ရက်နေ့က အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီ တခုထဲ လက်နက်ကြီး ကျကာ ယင်းကုမ္ပဏီအတွင်းမှ သိုလောင်ထားသော လောင်စာဆီ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အစိုးရတပ်ဘက်မှကျဆုံးသူဦးရေ၅ဝအထိပင်ရှိသည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။

 (မဇ္စျိမ)

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာသင်ရန် မြန်မာအင်ဂျင်နီယာ ၅၈ ဦး တရုတ်သွားမည်

Posted by drmyochit Friday, September 07, 2012, under | No comments


 
ရန်ကုန်၊ စက်တင်ဘာ ၆ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပညာရပ်ဆိုင်ရာ ဘာ သာရပ်တို့ကို  လေ့လာရန် တရုတ် နိုင်ငံသို့ မြန်မာအင်ဂျင်နီယာ လူ ငယ် အယောက် ၅၈ဦး သွား ရောက်ကြမည်ဟု သိရသည်။ဦးရေအများဆုံးအဖြစ် ပထမ ဦးဆုံး စတင်သွားရောက်မည့် အဆိုပါ လူငယ်တို့မှာ စီချင်ပြည် နယ်၊ ချန်ဒူးမြို့ရှိ Southwest Petroleum University တွင် ၃ လ ကြာသွားရောက်သင်ယူကြ မည်ဖြစ်ကာ စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာကြမည် ဖြစ် သည်။၎င်းတို့သည် သင်ယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါ က ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ် ငန်းတွင် တာဝန်ထမ်းဆောင်ကြ မည် ဖြစ်ပြီး အပြည့်အဝ ပညာ သင်ဆု အပြင် လစဉ်လစာငွေ တို့ကိုပါခံစားကြရမည်ဟု သိရသည်။ကျောက်ဖြူ-ကူမင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံ ကိန်းကို မြန်မာတရုတ် CNPC ၊ အိန္ဒိယ၊တောင်ကိုရီးယား ဒေဝူး ကုမ္ပဏီတို့ ရှယ်ယာတို့ စုပေါင်း ကာ လုပ်ကိုင်နေသည
Popular News

ဖားကန့်တွင် ချိန်ကိုက်ဗုံး ကွဲ ၃ ဦး ဒဏ်ရာရ

Posted by drmyochit Friday, September 07, 2012, under | No comments


 
အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများဖြစ်ပွားနေသော ဖားကန့် မြို့နယ် တွင် ယနေ့ နံနက် ၈နာရီ မိနစ် ၃၀ ခန့်က ချိန်းကိုက်ဗုံးပေါက်ကွဲခဲ့ပြီး တပ်မတော်သားတစ်ဦး နှင့် ဒေသခံပြည်သူ နှစ်ဦး ဒဏ် ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရသည်။မိုင်းပေါက်ကွဲမှုသည့်နေရာမှာ ဖားကန့်မြို့နယ်တွင် လူ အစည်ကားဆုံးကျေးရွာ တစ်ခုဖြစ်သည့် ဆိပ်မူ (ဆိုင်းတောင်)ကျေးရွာအထွက် (ဖားကန့်မြို့ဘက်သို့)  ဒေါ်တင်လှ စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ယင်းရဲစခန်း၏ တာဝန်ရှိသူ၏ အဆိုအရသိရသည်။ပေါက်ကွဲမှုဖြစ်ပွားသည့် ဆိပ်မူ ရပ်ကွက်(၃)တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ ဖားကန့် ဘက်က အစိုးရစစ်ကြောင်းက ခြေလျင် တက်လာတယ်။ အဲဒီဆိုင် ကယ်နား ရောက် တဲ့အချိန် မှာ   ပေါက် ကွဲသွားတာ” ဟု အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ The Voice Weekly ၏ မေးမြန်းချက်ကို ဖြေကြားသည်။
The Voice Weekly 

မာစတာကတ် အသုံးပြုမှု မြန်မာနိုင်ငံတွင် ပထမဆုံးမြင် တွေ့ရတော့မည်

Posted by drmyochit Friday, September 07, 2012, under | No comments


 
အမေရိကန်အခြေစိုက် ငွေပေးချေရေးကတ်ကုမ္ပဏီ မာစတာကတ်ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွင်း၎င်း၏ ကတ် များ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံမှသမ၀ါယမဘဏ် (Co-Operative Bank) CB ဘဏ် နှင့် ပူးပေါင်း ဆောင်ရွက် ရန်သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။CB ဘဏ်သည် မြန်မာနိုင်ငံတွင်း၌ အလိုအလျောက်ငွေထုတ်စက် ATM များကိုအကျယ်ပြန့်ဆုံး ထားရှိဆောင်ရွက်နေသော ဘဏ်ဖြစ်ပြီး ယခုသဘောတူညီချက်အရ မာစတာကတ်အမှတ်တံဆိပ် ငွေပေးချေရေးကတ်များကိုလည်း ပြည်တွင်း၌အသုံးပြုခွင့် ရရှိစေမည်ဖြစ်သည်။မာစတာကတ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာနဥက္ကဋ္ဌ ဗစ်ကီဗန်ဒရာက "သင့်မှာ ဘဏ်သုံးခု သို့မဟုတ် လေးခု လောက်ရှိ လာတာနဲ့ အမျှ ရောင်းဝယ် ဖောက်ကားသူတွေအတွက်ရောရော၊ ကြော်ငြာလုပ်ငန်းတွေအတွက်ပါပညာပေးဖို့ ပိုထိရောက် အကျိုးရှိလာမှာပါ။ကျွန်တော်တို့ဟာ (မြန်မာဈေးကွက်အတွင်း ၀င်ရောက်ဖို့) မြန်နိုင်သမျှ မြန်အောင်ကြိုးစား
နေပါ တယ်။တစ်နှစ်လောက်ဆိုရင်ကျွန်တော်တို့အနေနဲ့ပိုကောင်းတဲ့ပုံရိပ်ရလာမယ်လို့ မျှော်လင့်နေပါ တယ် "ဟုပြော သည်။ မာစတာကတ်များကို မကြာမီလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊ယင်းကတ် လက်ခံသော အရောင်း ဆိုင်များ၊ နေရာများတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။မာစတာကတ်ကုမ္ပဏီသည် ၎င်း၏ မာစတာကတ်များ အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း အီလက်ထရွန်နစ်ငွေပေးချေ ရေးဈေးကွက်ဖွံ့ဖြိုးလာပါမှ ပြည်တွင်း၌အခြေချလုပ်ကိုင်သွားမည် ဖြစ်သည်။ယင်းမတိုင်မီအထိမူ ဗီယက်နမ်မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ကန်သမ္မတ အိုဘားမားက ၁၅ နှစ်အတွင်း ပထမဆုံး
အကြိမ်အဖြစ် အမေရိကန်ကုမ္ပဏီများအားမြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံခွင့်ပေးပြီးနောက်အမေရိကန် အကြွေးဝယ်ကတ် ကုမ္ပဏီ `ဗီဇာ´ က မြန်မာ့ဘဏ္ဍာရေး ၀န်ဆောင်မှုဈေးကွက်သို့ စတင်ဝင်ရောက်မည်ဟု သြဂုတ်လ ၁၉ ရက်တွင်
 ကြေညာခဲ့သည်။

Ref: Reuters/ Businessweek

ဝန်ကြီးဌာန ဖျက်သိမ်းခြင်း နှင့် ပြင်ဆင်ဖွဲ့စည်းခြင်း

Posted by drmyochit Friday, September 07, 2012, under | No comments



ဝန်ကြီးဌာန ဖျက်သိမ်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၄/၂ဝ၁၂

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ ( ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက် အရ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအား ဖျက်သိမ်း လိုက်သည်။

(ပုံ)သိန်းစိန်၊
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်



ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၃/၂ဝ၁၂

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် (၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထ ပုံမှန် အစည်း အဝေး၏ သဘော တူညီချက် အရ အမှတ်(၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန တို့ကို လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

(ပုံ)သိန်းစိန်၊
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်