Sunday, August 19, 2012

ကြက်ခြံစောင့် မြန်မာအလုပ်သမ တစ်ဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံရ”

Posted by drmyochit Sunday, August 19, 2012, under | No comments


 

ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၁ အကွာအဝေးတွင်ရှိသော ချွန်ပူလီ မြို့ ဧက ၁၀၀ ရှိသော ကြက်ခြံ တွင်ရှိ သောမြန်မာအလုပ် သမား တစ်ဦး အား လောနိုင်ငံသား.နိုင်လတ် ( ၃၀ နှစ် ) က အဓမ္မပြုကျင့်သ တ်ဖြတ်ခဲ့ကြောင်း ထိုင်းလတ် သတင်းစာတွင် ဖေါ်ပြထားသည်။ ၎င်းဖြစ် စဉ်မှာ သြဂုတ်လ ၁၆ ရက်နေ့ည တွင် ကိုနိုင်လတ် နှင့်သူငယ်ချင်း၎ ဦးတို့ ဘီယာ ထိုင်သောက် ရင်းစကားပြောနေစဉ် ဘီယာအလုံး ၂၄ အကုန်တွင် ကိုယ့်အခန်းကိုပြန်ရန်ဝိုင်းခွဲ လိုက်ကြ သည်။ ကိုနိုင်လတ်မှာ အခန်းတွင်မိန်းမရှိသော်လည်း အခန်းကိုမပြန်ဘဲ မြန်မာအလုပ်သမ မနန်းကြွယ် (၄၀ )နှစ် အိပ်နေသော အခန်း ကိုဝင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။ မနန်းကြွယ် က လက်မခံသဖြင့်  တစ်ဦးနှင့် တစ်ဦး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့သည်။ သူမက အကူညီတောင်းရန် အပြင်ကိုထွက်ဖို့ ပြင်စဉ် နိုင်လတ်က လည်ပင်းကိုညစ်၍ ကြက်ခြံ အနီးတွင်ရှိသော ကန်စွန်းရွက် စိုက်ထား သောရေမြောင်းတွင်နှစ်သတ်ခဲ့သည်။

 မနက်မိုးလင်း၍ အလုပ်ဆင်းကြသောခါ လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းများက မနန်းကြွယ် ကို မတွေ့သ ဖြင့်လိုက်လံရှာဖွေ သောအခါ ကန်းစွန်းရွက်စိုက်ထားသော ရေမြောင်းဘေးတွင် သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြသဖြင့် သူမ၏လုပ်ဖေါ်ကိုင်ဘက်များက မြို့နယ်ရဲစခန်းကို အကြောင်းကြားခဲ့သည်။ မြို့နယ်ရဲစခန်းမှတာဝန်ရှိရဲများ လာရောက် စစ်ဆေးမှုပြုလုပ်ရာ ကြက်ခြံအတွင်းရှိသော အလုပ်သမား အားလုံး ကိုခေါ်စစ်ဆေးသော အခါ ကိုနိုင်လတ်မှာ အလုပ် လုပ်နေသည့်နေရာတွင် မရှိပဲ  အလုပ်သမား များနေသော တိုက်တန်းဘေးတွင် အိပ်နေခဲ့သည်။ ရဲများက မသင်္ကာ၍ ခေါ်ကြည့်သောအခါ ကိုနိုင်လတ်၏ လည်ပင်းနှင့်ရင်ဘတ်တွင် လက်သဲကုတ်ရာများစွာကိုတွေ့သဖြင့် ရဲစခန်းကိုခေါ် ယူကာ စစ်ဆေးမှုပြု လုပ်ခဲ့ သည်။ ကိုနိုင်လတ်က ဟုတ်မှန်ကြောင်း သူသတ်ကြောင်းထွက်ဆိုခဲ့သည်ဟု ထိုင်းလတ် သတင်းစာတွင် ရေး သားဖေါ်ပြထားသည်။
From -ရွှေလုပ်သား ဘလော့

နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်မှ ကန်ဒေါ်လာ လက်ခံလဲလှည်ပေးမည်

Posted by drmyochit Sunday, August 19, 2012, under | No comments


 
နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်း ကန်ဒေါ် လာ များ အား လက်ခံလဲ လှယ်ေ ပးမည် ဖြစ်ကြော င်း မြန်မာနို င်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မော င်ဝင်းက ပြောသည်။ လက်ရှိ အခြေ အနေ၌ မြန် မာ နိုင် ငံအား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့  ထားမှုကြောင့် ပြည်တွင်း ဘဏ်များရှိ ဒေါ် လာများမှာ ပြည်ပ နိုင်ငံများ၌ လွတ်လပ် စွာ ရောင်း ဝယ် ဖောက်ကားခွင့် မရဘဲ ပြည်တွင်း၌ သာ လှည့်ပတ် သံုးစဲြေ နရေ ၾကာ င်း ၄င်းက ပြောသည်။

''ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီ ဝင်လာတဲ့ ဒေါ်လာတွေ ကို နိုင်ငံခြား ကိုသွားပြီး ရောင်းလို့ မရဘူး။ ရောင်းလို့ မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူး အပြောင်းလုပ်ဖို့ ခက်ခဲသလိုအပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့်ကျွန်တော်တို့ ဘဏ် တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေး ရတယ်။ အဲဒီလို ထုတ်ပေးရာမှာ လည်း သူတို့က ဟောင်းတာ တို့၊ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့ အတွက် ကျွန်တော်တို့က အကောင်း တွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ဘဏ်တွေ ကလည်း ဒေါ်လာ အကောင်းတွေကိုပဲ လက်ခံ ရတာဖြစ်ပါတယ်'' ဟု ဦးမောင် မောင်ဝင်းကထပ်လောင်းပြောသည်။
ထိုသို့သော အခြေအနေများ ကြောင့် လက်ရှိနိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ၌ ဒေါ်လာ လာရောက် လဲလှယ် ရာတွင်လည်း လဲလှယ်သူများမှာ အခက်အခဲ အနည်းငယ် ဖြစ်နေရသည် ဟု နိုင်ငံခြားငွေ ကြေး တရားဝင်ရရှိနေသူများက ပြောသည်။
''ကျွန်တော်တို့ သွားလဲတာ ၂ဝဝ၆ စီးရီး ရာတန်တွေပါဗျာ။ အဲဒါ ကို နိုင်ငံတကာမှာလည်း သုံးခဲ့ပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ဒီရောက်တော့ သိမ်ဖြူမှာသွားလဲ တာ တစ်ဝက်ပဲ လဲလို့ရတယ်။ ကျန် တစ်ဝက်ကလဲလို့ မရဘူး။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီ့ပိုက်ဆံ တွေကို ဘယ်လို လုပ်ရမှာလဲ။ သုံးလို့ မရတော့ဘူးလား'' ဟု နိုင်ငံခြားသင်္ဘောသား ကိုမောင်ဝင်းသာကပြောသည်။
''ဒီအခက်အခဲက ဘယ်တော့ ပြေလည်မလဲ ဆိုရင် ပိတ်ဆို့မှုတွေ ကို ရုပ်သိမ်း လိုက်လို့ ဒီက ဒေါ်လာ တွေကို ကြိုက် တဲ့နိုင်ငံတွေကို သွား ပြီး ရောင်းလို့ရပြီ ဆိုရင် ဒီမှာလည်း ဒေါ်လာကို ကြိုက်သလောက် ဟောင်း၊ စစ်ရင်ပြီးရောဆိုပြီး လက်ခံသွားမှာ ပါ'' ဦးမောင်မောင် ဝင်းက ထပ်လောင်း ပြောကြား သည်။

From -AF ဂျာနယ် 

ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်မှု ဆွေးနွေးပွဲသို့ တက်ရောက်မည်

Posted by drmyochit Sunday, August 19, 2012, under | No comments


 
လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပမည့် ASEAN 100 ခေါင်းဆောင်မှုဖိုရမ်သို့ နိုဗယ်ဆုရှင်  ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း Asia Inc ဖိုရမ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ကျင်းပသော ဖိုရမ်တွင် မိန့်ခွန်းပြောကြားရန်ရှိပြီး အခမ်းအနားဒုတိယနေ့တွင် ဆွေးနွေးပွဲသို့ လာရောက်သူများနှင့် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း Asia Inc ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

ယခုနှစ်တွင် ဆွေးနွေးမည့် ခေါင်းစဉ်မှာ “လှိုင်းထန်နေသော ကမ္ဘာကြီး၊ အမြင့်ပျံနေသော အာရှ၊ ဒီကနေ ဘယ် လိုရှေ့ဆက်ကြမလဲ”ဟူ၍ဖြစ်ပြီး အခမ်းအနားအား ဒီဇင်ဘာ ၅၊ ၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။

Asean 100 Leadership Forum သည် ဒေသတွင်း၌ ၎င်းတို့ ကျင်းပသော အခမ်းအနားများတွင် အအောင်မြင်ဆုံးဖြစ်ပြီး အာဆီယံဒေသ၏ အနာဂတ်စီးပွားရေးခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများနှင့် လူ့အဖွဲ့အ စည်း ခေါင်းဆောင်များအတွက် အဓိကရည်ရွယ်ကြောင်း Asia Inc ကြေညာချက်က ဖော်ပြသည်။ယခုနှစ် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင် ဆွေးနွေးမည်ဆိုခြင်းအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက် မိကြောင်း၊ သူမ၏ ဘ၀ခရီးလမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုမှာ အာဆီယံဒေသတွင်သာမက အခြား ဒေသများအတွက်ပါ အတုယူလေးစားစရာ ဖြစ်သည်ဟု AsiaInc ကုမ္ပဏီဥက္ကဋ္ဌမစ္စတာတင်မိုးသီအွန်ကပြောကြားသည်။

ကိုးကား- Asean 100 Forum

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက်မည်

Posted by drmyochit Sunday, August 19, 2012, under | No comments

 

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့်ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို၂၀၁၆  ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဟုမလေးရှားနိုင်ငံ၏ Bernama သတင်းအေဂျင်စီတွင်ဖော်ပြ ထားသည်။  


အာဆီယံနိုင်ငံများ၏ မိတ်ဖက် ခြောက်နိုင်ငံတွင် ပါဝင်သော အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံကို ချေးငွေ အမေရိ ကန်ဒေါ်လာသန်း ၅၀၀ ကူညီပေးထားပြီး ချေးငွေ၏အချို့ တစ်ဝက်ကို အဆိုပါသုံးနိုင်ငံသွယ် တန်းမည့် အဝေး ပြေးကားလမ်း အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးမစ္စတာ အန်နေးလ်ဝဒ် ဟ၀ါကပြောကြားခဲ့သည်။

အဆိုပါ အဝေးပြေးလမ်းကို ၂၀၁၆ ခုနှစ်တွင်အပြီး တည်ဆောက်ရန် မျှော်မှန်းထားပြီး အိန္ဒိယ၏အရှေ့ မြောက် ပြည် နယ်များမှ မြန်မာနိုင်ငံ အထိ လမ်းအရှည် ၁၆၀၀ ကီလိုမီတာကျော် အတွက် လမ်းပိုင်းအချို့ ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများပြုလုပ်ရမည်ဟုသိရသည်။

“ဒီအဝေးပြေးလမ်းက အိန္ဒိယ ကနေ မြန်မာနိုင်ငံ မန္တလေးအထိ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ပြီး တော့ ထိုင်း အာဏာပိုင်တွေ အဝေးပြေးလမ်း တည်ဆောက်နေတဲ့ နေရာ ကိုဆက်သွယ်ပါမယ်။အဲဒီနေရာက ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲ ကို ၆၃ ကီလိုမီတာ ဝေးပါတယ်” ဟု ၎င်းကထိုင်းနိုင်ငံ၏ နေ့စဉ်ထုတ် The Nationသတင်းစာနှင့် ပြုလုပ်သောအင်တာဗျူးတစ်ခုတွင်ပြောကြားထားသည်။

၎င်းက အဆိုပါသုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးသည် ကုန်စည်တင်ကားများကို အိန္ဒိယမှ မြန်မာထိုမှတစ်ဆင့် ချင်းရိုင်နှင့် နယ်စပ်မြို့များကိုဖြတ်၍ ထိုင်းနိုင်ငံကို ဆက်သွယ် သွားလာနိုင်စေ မည်ဟုဆိုသည်။“ ဒီအဝေးပြေးလမ်းက သုံးနိုင်ငံစလုံးအတွက် ကုန်သွယ်မှုမြှင့်တင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ အခြားအကျိုးတွေ အများကြီး ရရှိနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။အဆိုပါ ကားလမ်းစီမံကိန်း အတွက် ငွေကြေးကူညီပေးသော အခြားအဖွဲ့အစည်းများတွင် အာရှဖွံ့ဖြိုးမှုဘဏ် (AGB) နှင့် ကမ္ဘာ့ဘဏ်လည်း ပါဝင်နေသည်ဟု သိရသည်။

အဆိုပါလမ်းကြောင်းသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများ ကိုဆက်သွယ်သည့် အရှေ့အနောက် စီးပွားရေးစင်္ကြံကို ဖော်ဆောင်ပေးမည်ဖြစ်သည်။ထို့အတူ တရုတ်နိုင်ငံ တောင်ပိုင်းမှ အရှေ့တောင်အာရှ အဓိက နယ်မြေများဖြစ်သည့် မြန်မာ၊ထိုင်း နိုင်ငံတို့ကိုဖြတ်၍ မလေးရှား၊ စင်ကာပူအထိ ဆက်သွယ်ထားသည့် မြောက်-တောင်စီးပွားရေးစင်္ကြံလမ်းလည်းရှိသည်။

Eleven media group

ရာမဒန်ဥပုသ်သုံးရက်အတွင်း မောင်တောမှ ဘင်္ဂါလီများကို ဗလီတက်ခွင့်ပြု

Posted by drmyochit Sunday, August 19, 2012, under | No comments


 
သြဂုတ် ၂၀ မှ ၂၂ ရက်အထိ ကျရောက်မည့် ရာမဒန်ပွဲတော်ကာလရက်များတွင် ဘင်္ဂါလီများသက် ဆိုင် ရာဗလီများသို့ တက်ရောက်ရန်တောင်းဆိုမှုကိုမောင်တောခရိုင်တည်ငြိမ်အေးချမ်းရေး၊ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့က စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုလိုက်ကြောင်း သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သည့် ဒေသအာဏာပိုင်များနှင့် ဘင်္ဂါလီများ တွေ့ဆုံ ဆွေးနွေးရာတွင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူးက ပြောကြား သည်။ရာမဒန်ပွဲတော်သုံးရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ ဗလီများတွင် မွန်းလွဲ ၁ နာရီ ဗလီတက်ချိန်နှင့် ညနေ ၅ နာရီတွင် တစ်ချိန် ဗလီတက်ဝတ်ပြုရမည်ဖြစ်သည်။ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် မောင်တောမြို့ ကျောက်ဗလီနှင့် မြို့မကညင်တန်းဗလီတွင် ဗလီတက်ရောက်ခွင့်ကိ ရပ်ဆိုင်း ထားကာ  ဒေ သခံတိုင်းရင်းသားကျေးရွာများနှင့် နီးကပ်စွာတည်ရှိနေသည့် ဗလီများတွင် ဗလီတက်ရောက်ခြင်းကိုလည်း ခွင့်မပြုဟု သတင်းရရှိသည်။

''ဗလီမတက်ရဘူးလို့ ပိတ်ထားတာ မရှိပါဘူး။ ဒါပေမဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ ပုဒ်မ-၁၄၄ ကြောင့် လူငါးဦးထက် မစုရ၊ သတ်မှတ်ထားတဲ့အချိန်ထက် ကျော်လွန်ပြီးတော့ မသွားရတာပါ။ အခုသူတို့ တောင်းဆိုတာက ရာမဒန် ကာလသုံးရက်တည်း ဖြစ်တဲ့အ တွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်နားလည်မှုတည်ဆောက်ပြီးတော့ လုံခြုံရေး တာဝန်ယူထားရတဲ့သူတွေက ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ဥပဒေအရ ဆိုရင်တော့ လူစုလူဝေးလုပ်ခွင့်ကို မရှိပါဘူး''ဟု ခရိုင် ဥပဒေအရာရှိကရှင်းပြသည်။

ဘင်္ဂါလီများ လူစုလူဝေးများဖြင့် ဗလီတက်ရောက်ခွင့်ရရှိရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ တင်ပြ တောင်းခံခြင်းများ ပြုလုပ်သည့်အတွက် သြဂုတ် ၁၈ ရက်က ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံ ရေးဝန်ကြီးဗိုလ်မှူးထိန်လင်းက မောင်တောမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဘင်္ဂါလီလူမျိုးများနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် စည်းကမ်းချက်များနှင့်အညီ ရာမဒန်ဥပုသ် သုံးရက်ကို တက်ရောက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

7day news

ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား

Posted by drmyochit Sunday, August 19, 2012, under | No comments



ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခ န်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီး မီးက The Voice Weekly သို့ ပြောကြားသည်။ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်


ရဲစခန်းက စာရော က်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်


Sky net ရုံးချုပ်ကပြောတယ်..သူတို့ကတော့ တရားဝင် Wifi လွှင့်ခွင့် မပေးထားဘူး။ အိမ်သုံး သမားရော ဆိုင်သုံးသမား ရော တူတူပဲတဲ့ ဟု ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက် မေးမြန်းခဲ့သူ မမီးမီးက The Voice Weekly သို့ ရှင်းပြသည်


အဆိုပါကိစ္စ နှင့် ပတ်သက်၍ သြဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁နာရီတွင် Skynet ရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်းဖြင့် ပြန်လည် ဆက်သွယ်ပါမည်ဟုသာ ဖြေကြားသည်

ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်သည့် လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ တောင်းဆို

Posted by drmyochit Sunday, August 19, 2012, under | No comments



From:ပြန်ကြားရေးဝန်ကြီးဌာနwebsite

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသော ဘာသာများဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် မဟုတ်မမှန်သော ဓာတ်ပုံများ ထည့်သွင်းဖော်ပြထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ မကြာသေးမီက ဝက်ဘ်ဆိုက် အချို့တွင် မြန်မာနိုင်ငံ နှင့် မသက်ဆိုင်သော အခြားပြည်ပနိုင်ငံအချို့မှ လူအများ အစုလိုက် အပြုံလိုက် သေဆုံးနေသည့် ပုံများကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်ဟန်ဖြင့် ထင်ယောင် ထင်မှားဖြစ်စေရေန်အင်တာနက်သတင်းဝက်ဘ်ဆိုက်များ၌ရုပ်ပုံများထည့်သွင်းဖော်ပြခဲ့ပါသည်။

ထိုသို့ ထည့်သွင်း ဖော်ပြသည့် ဓာတ်ပုံများအနက် လူများ အစုလိုက် သေဆုံးနေသည့် ရုပ်အလောင်းများ ရှေ့တွင် ရပ်ကြည့်နေသော တိဘက် ဘုန်းတော်ကြီးပုံမှာ တိဘက်ဒေသ အရှေ့ပိုင်းတွင် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်နေ့က ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးကြသူများအား ရိုက်ကူးထားသည့် ပုံဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ ပုံကို ဖော်ပြသော ပါကစ္စတန်နိုင်ငံမှ လွှင့်တင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော www.columnpk.com သို့ စာရေးသားပေးပို့ပြီး အဆိုပါ မဟုတ်မမှန်သည့် သတင်းအား ဖယ်ရှားပေးရန် တောင်းဆိုခဲ့ရာ ထိုဓာတ်ပုံကို www.columnpk.com ဝက်ဘ်ဆိုက်မှ ဖယ်ရှားခဲ့ပါသည်။ သို့ရာတွင် အချို့သော သတင်းဌာနများက အဆိုပါ ဓာတ်ပုံများကို အင်တာနက် စာမျက်နှာများပေါ်တွင် ဆက်လက် အသုံးပြုနေဆဲ ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်စေမည့် မဟုတ်မမှန် လုပ်ကြံ ဖန်တီးသည့် ယင်းလုပ်ရပ်မျိုးကို ရှောင်ကြဉ်ကြပါရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာနများကို မေတ္တာရပ်ခံကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် တိဘက်အဖွဲ့အစည်းတစ်ရပ်မှသတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ တိဘက် အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်အား အောက်ဖော်ပြပါ Link တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်-

www.tibet.net/2012/14/press-release-on-usage-of-misleading-photos-of-tibetan-monks-in-media-reports-on-myanmar-conflict/

"ဟောင်းနွမ်းကန်ဒေါ်လာ စီးပွားရေးပိတ်ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံလဲလှယ်ပေးမည်"

Posted by drmyochit Sunday, August 19, 2012, under | No comments


 
နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်း ကန်ဒေါ် လာ များ အား လက်ခံလဲ လှယ်ေ ပးမည် ဖြစ်ကြော င်း မြန်မာနို င်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မော င်ဝင်းက ပြောသည်။ လက်ရှိ အခြေ အနေ၌ မြန် မာ နိုင် ငံအား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့  ထားမှုကြောင့် ပြည်တွင်း ဘဏ်များရှိ ဒေါ် လာများမှာ ပြည်ပ နိုင်ငံများ၌ လွတ်လပ် စွာ ရောင်း ဝယ် ဖောက်ကားခွင့် မရဘဲ ပြည်တွင်း၌ သာ လှည့်ပတ် သံုးစဲြေ နရေ ၾကာ င်း ၄င်းက ပြောသည်။

''ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီ ဝင်လာတဲ့ ဒေါ်လာတွေ ကို နိုင်ငံခြား ကိုသွားပြီး ရောင်းလို့ မရဘူး။ ရောင်းလို့ မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူး အပြောင်းလုပ်ဖို့ ခက်ခဲသလိုအပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့်ကျွန်တော်တို့ ဘဏ် တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေး ရတယ်။ အဲဒီလို ထုတ်ပေးရာမှာ လည်း သူတို့က ဟောင်းတာ တို့၊ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့ အတွက် ကျွန်တော်တို့က အကောင်း တွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ဘဏ်တွေ ကလည်း ဒေါ်လာ အကောင်းတွေကိုပဲ လက်ခံ ရတာဖြစ်ပါတယ်'' ဟု ဦးမောင် မောင်ဝင်းကထပ်လောင်းပြောသည်။
ထိုသို့သော အခြေအနေများ ကြောင့် လက်ရှိနိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ၌ ဒေါ်လာ လာရောက် လဲလှယ် ရာတွင်လည်း လဲလှယ်သူများမှာ အခက်အခဲ အနည်းငယ် ဖြစ်နေရသည် ဟု နိုင်ငံခြားငွေ ကြေး တရားဝင်ရရှိနေသူများက ပြောသည်။
''ကျွန်တော်တို့ သွားလဲတာ ၂ဝဝ၆ စီးရီး ရာတန်တွေပါဗျာ။ အဲဒါ ကို နိုင်ငံတကာမှာလည်း သုံးခဲ့ပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ဒီရောက်တော့ သိမ်ဖြူမှာသွားလဲ တာ တစ်ဝက်ပဲ လဲလို့ရတယ်။ ကျန် တစ်ဝက်ကလဲလို့ မရဘူး။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီ့ပိုက်ဆံ တွေကို ဘယ်လို လုပ်ရမှာလဲ။ သုံးလို့ မရတော့ဘူးလား'' ဟု နိုင်ငံခြားသင်္ဘောသား ကိုမောင်ဝင်းသာကပြောသည်။
''ဒီအခက်အခဲက ဘယ်တော့ ပြေလည်မလဲ ဆိုရင် ပိတ်ဆို့မှုတွေ ကို ရုပ်သိမ်း လိုက်လို့ ဒီက ဒေါ်လာ တွေကို ကြိုက် တဲ့နိုင်ငံတွေကို သွား ပြီး ရောင်းလို့ရပြီ ဆိုရင် ဒီမှာလည်း ဒေါ်လာကို ကြိုက်သလောက် ဟောင်း၊ စစ်ရင်ပြီးရောဆိုပြီး လက်ခံသွားမှာ ပါ'' ဦးမောင်မောင် ဝင်းက ထပ်လောင်း ပြောကြား သည်။

From -AF ဂျာနယ် 

ရိုဟင်ဂျာ ဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွ ခေါင်းဆောင်ကို ဘင်္ဂလာရဲက ဖမ်းဆီး၊ ရမန်ယူ

Posted by drmyochit Sunday, August 19, 2012, under | No comments


 
from-ကေအိုင်စီ

ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့က သြဂတ်စ်လ ၁၆ ရက်နေ့ က ဖမ်းဆီးလိုက်တဲ့ JeM  စစ်သွေးကြွ အဖွဲ့ခါင်းဆောင်လို့ ယူဆရသူ တစ်ဦးကို စစ်ဆေးဖို့ တရားရုံးက ရဲအဖွဲ့ကို ရမန် () ရက် ပေးလိုက်တယ်လို့ သိရပါတယ်။သံသယရှိနေတဲ့ မော်လနာ မူဟာမတ် ယူနိုး (၄၈ နှစ်) ဟာ အိန္ဒိယ အခြေစိုက် ကတ်ရှ်မီးရှား စစ်သွေးကြွအဖွဲ့  Jaish –e- Mohammed (JeM) အဖွဲ့ရဲ့ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ ခေါင်းဆောင် ဖြစ်တယ်လို့ ဘင်္ဂလာရဲက  စွပ်စွဲ ပြောဆိုပါတယ်။သူ့ကို ဒက္ကားမြို့တော်က ဖေါ်ကီးရာပှူုရ် အရပ်မှာ  သြဂတ်စ်လ ၁၆ ရက် နေ့လည်း ၁၂ နာရီ ၁၅ မှာ ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သူဟာ ကော့စ်ဘဇားကနေ ဒက္ကားမြို့ကို  လာရောက်စဉ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။သူကို  မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ရိုဟင်ဂျာ ဆိုသူတွေနဲ့ ဒေသခံ ဘင်္ဂလီတွေကို သူတို့အဖွဲ့ထဲမှာ ၀င်ဖို့ စည်းရုံး စုဆောင်းနေသူ တစ်ဦး ဖြစ်တယ်လို့လည်း  ဘင်္ဂလာဒေခ်ျ့ရဲက စွပ်စွဲ ပြောဆိုပါတယ်။
မူဟာမတ် ယူနိုးဟာ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ(JeM) ရဲ့ အဓိက ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။
သူရဲ့ တာဝန်က ရိုဟင်ဂျာဆိုသူတွေ နဲ့ ဒေသခံတွေကို စည်းရုံး စုဆောင်းပြီး JeM ရဲ့ လှုပ်ရှားမူတွေကို ဘင်္ဂလာဒေခ်ျ့မှာ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။မူဟာမတ် ယူနို့ဟာ ကော့စ်ဘဇားခရိုင် ရာမူး (ပန်းဝါ) က ဖြစ်ပြီး ကောစ်ဘဇားက ဘာသာရေး ကျောင်းတစ်ခုမှာ ဆရာ ဖြစ်တယ်လို့ ပြောပါတယ်။သူဟာ အရင်ကတော့ ဘင်္ဂလာဒေခ်ျ့က မတရား အသင်းကျေညာထားတဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့Jamaat-ul-Mujahidee (JMB) ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ JMB အဖွဲ့ထဲက ဒါဇင်ဝက်နီးပါးခန့် ရှိတဲ့ ခေါင်းဆောင်တွေကိုတော့ ဘင်္ဂလာဒေခ်ျ့က အစိုးရက ၂၀၀၇ခုနှစ်ကသေဒဏ်ချမှတ်ကာကွပ်မျက်ပစ်ခဲ့ပါတယ်။
သူ့လက်ရှိ လုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုထားတဲ့ JeM အဖွဲ့ဟာ  ၂၀၀၁ ခုနှစ် ဒီဇင်္ဘာလက အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်တဲ့ နေရာမှာ တခြားအဖွဲ့တွေနဲ့ အတူ ပါဝင်ခဲ့ပြီး ပါကိစ္စတန် ကရာရှိမြို့မှာ အမေရိကန် သတင်းထောက် Daniel pearl ပြန်ပေးဆွဲ သတ်ဖြတ်မူကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့မှာ ၁၉၉၁ ခုနှစ်စပြီး နိုင်ငံခြားက စစ်သွေးကြွ အဖွဲ့ ၁၄ ခု လူပ်ရှားလျှက်ရှိနေရာမှာ ဒီအဖွဲ့လည်း တစ်ဖွဲ့ အပါအ၀င်ဖြစ်တယ်လို့ပြောပါတယ်။

နိရဉ္စရာ

စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ဒလကြမ်း ဖြစ်ပွားနေ

Posted by drmyochit Sunday, August 19, 2012, under | No comments



From:ရက္ခပူရိယ

သာထွန်းဦး၊ သြဂုတ်(၁၈)၊ ၂၀၁၂ ။ စစ်တွေ။ စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများအား အကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက်မှာ ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများသို့ ပြောင်း ရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးဌာန နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြောကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကိုမူ မရရှိသေးပေ။

မကြာမီ သုံးလေးရက်အတွင်းက ဘင်္ဂါလီဆူပူမှုမတိုင်မီ စစ်တွေမြို့ပေါ် မိဇံရပ်ကွက်တွင် နေထိုင်ခဲ့သော ဒေါ်အသိန်း၏ သမီးနှစ်ဦးအနက် အငယ်ဖြစ်သူ ဘင်္ဂါလီအမျိုးသမီးငယ်မှာ စစ်တွေမြို့အပြင်ဘက် ဒုက္ခသည် စခန်းတစ်ခုတွင် မော်လ ၀ီဆရာများ၏ အဓမ္မအနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွား သည်ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဘင်္ဂလီဒုက္ခသည်စခန်းတွင် မိသားစုနှင့်အတူနေထိုင်သူ ၄င်းမိန်းကလေးအား မော်လ၀ီဆရာများက မကြာခဏ မိဘများထံလာ၍တောင်းရမ်းခဲ့သည်ဟု ဆိုသည်။ အဆိုပါအမျိုးသမီးငယ် နှင့် ၄င်း၏မိဘများက အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာ နောက်ဆုံးတွင် အတင်းအဓမ္မ အနိုင်ကျင့်ခံရပြီးနောက် မိမိကိုယ်ကိုသတ်သေသည့်အဖြစ်ကို ဆိုက်ရောက် သွားရ ခြင်းဖြစ်သည်။

ယခုဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် စစ်တွေမြို့ပေါ်မှ ပညာတတ် ဘင်္ဂါလီ မိသားစုများ၊ ရခိုင်လူမျိုးများ၏ လူမှုရေးအရ အသိအမှတ်ပြု ဆက်ဆံခြင်းခံခဲ့ရသည့် ဘင်္ဂါလီမိသားစုများကို အထူးပစ်မှတ်ထား တိုက်ခိုက် နေသည်ဟု ဆိုကြသည်။

ပြီးခဲ့သော သုံးပတ်ခန့်ကလည်း ယခင်က စစ်တွေမြို့ပေါ် မြို့သူကြီးရပ်ကွက်တွင်နေထိုင်ခဲ့သော အသက် (၂၃)ှနှစ် အရွယ် Bsc ဘွဲ့ရ ချောမောလှပသည့် ဘင်္ဂါလီအမျိုးသမီးငယ်တစ်ဦးမှာလည်း ဘင်္ဂါလီဒုက္ခသည် စခန်းအတွင်း ဘင်္ဂါလီ လူမျိုးများ၏ မုဒိမ်းကျင့်ခံခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ၄င်းအမျိုးသမီးငယ်နှင့် ၄င်း၏မိသားစုအား စစ်တွေမြို့တွင်းမှ မပြောင်းရွေ့သေးပဲကျန်နေသေးသော အောင်မင်္ဂလာ (ခေါ်) အင်ဘာလာ မူဆလင်ရပ်ကွက်ရှိ လူနေအိမ်ခြေများသို့ ပြောင်းပေးလိုက်ကြောင်းအတည်မပြုနိုင်သောသတင်းတစ်ရပ်အရသိရသည်။

ဒုက္ခသည်စခန်းများတွင် အလျား ၄၅ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၈ ပေ ရှိ တဲကြီးများ၌ တဲကြီးတစ်တဲလျှင် မိသား စုဆယ်စုနေထိုင်ကြပြီး၊ အိမ်သာများမှာ တဲကြီးနှင့် မလှမ်းမကမ်းတွင် စီတန်းဆောက်ထားသည်ဖြစ်ရာ အိမ်သာသွားသော အမျိုးသမီးများမှာမုဒိမ်းသမားများ၏သားကောင်အဖြစ်ကျရောက်လေ့ရှိသည်ဟုဆိုသည်။

“ဒီကိစ္စတွေက (ဘင်္ဂါလီ)စခန်းတွေမှာ ဖြစ်နေတာတော်တော်ကြာပြီ။ များသောအားဖြင့်တော့ ညနေပိုင်းလောက် ပေါ့။ အိမ်သာတွေကို သွားရင် အနောက်ကနေ ယောင်္ကျားတွေကလိုက်လာပြီးတော့ ဆွဲလား ၊ငင်လား၊ အဲလိုမျိုး ပေါ့ဗျာ။ ဒါကတော့ သိတဲ့အတိုင်းပဲလေ။ သူတို့မှာက အဲလိုလုပ်ရင်(ဗလက္ကာရလုပ်ရင်) အော်မပြောရဘူး၊ မတိုင်ရဘူး လို့အယူရှိကြတာပေါ့၊ ဒါက ဘယ်လိုပြောမလဲ။ ဘာသာရေးအယူကို ခုတုံးလုပ်တယ်လို့ပဲ ပြောရမယ်” ဟု စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကCoralArakanကိုပြောသည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ် ကင်တားနား လွန်ခဲ့သော နှစ်ပတ်ခန့်က စစ်တွေသို့ရောက်ရှိနေသော အချိန်တွင်လည်း အလားတူ ကိစ္စရပ်တစ်ခု ပလ္လင်ပြင်ကျေးရွာတွင်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ စစ်တွေမြို့ ပလ္လင်ပြင်ကျေးရွာနေ ဘင်္ဂလီအမျိုးသမီးငယ် တစ်ဦးအား ဒုက္ခသည်စခန်းမှ မော်လ၀ီဆရာများက နည်းမျိုးစုံဖြင့် သိမ်းပိုက်ရန် ကြိုးစားရာမရသဖြင့် ထိုအမျိုးသမီးငယ်၏ မိဘများ နှင့်စကားများကြရာ နောက်ဆုံးဖခင်မှ ရဲဝန်ထမ်းတစ်ဦး ၏ သေနတ်အား ဆွဲယူပစ်ခတ်ရန် လုပ်စဉ် အဆိုပါရဲ၏ ပစ်ခတ်မှုကြောင့် ၎င်းအမျိုးသားအပါအ၀င်မိသားစုဝင်သုံးဦးပါထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဘင်္ဂါလီ ဒုက္ခသည်စခန်းများအတွင်း မော်လ၀ီများသည် ‘တည်ငြိမ်အေးချမ်းရေးကော်မတီ’ ကဲ့သို့သော နာမည်မျိုးများဖြင့် တရားဝင်မကျတကျ အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းကာ စခန်းအရေးကို ဦးဆောင်ကြ လေ့ရှိသည် ဟုဆိုသည်။ ၄င်းသြ ဇာတိကမကြီးမားသော မော်လ၀ီများထဲမှ အချို့မော်လ၀ီများမှာ မုဒိမ်းမှုများကို ကျုးလွန်နေကြသူ၊ ‘ပန်းဦး ခူးစားနေ’ ကြသူများဖြစ်ကြသည် ဟု ဆိုသည်။ ယင်းစခန်းများသို့ တာဝန်ဖြင့် ရောက်လေ့ရှိသူ ဒုရဲအုပ်တစ်ဦးက “ဒီကောင်တွေကို ကျေနပ်စေဖို့အတွက် ပျော်တော်ဆက် တွေ စီစဉ်ပေး ရတယ် လို့တောင်ကြားတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ဘင်္ဂါလီဆူပူမှုများဖြစ်စဉ်သည်ပင် ရမ်းဗြဲမြို့နယ်၌ ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂါလီ မူဆလင် သုံးဦးက မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးသည် မေလ ၂၈ရက်နေ့က ကျောက်နီမော်ကျေးရွာ စံပြရပ်ကွက်မှ စက်ချုပ်သင်ပြီး နေအိမ်သို့ ပြန်လာစဉ် ဘင်္ဂါလီများ နေထိုင်သော ကျောက်ထရံရွာ အနီးတွင် ဘင်္ဂါလီမူဆလင်သုံးဦးက မုဒိမ်းကျင့်၊ လုယက် သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများမှတစ်ဆင့် ဇွန်လ ၅ရက်နေ့တွင် ဖော်ပြခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြန်မာ့ လူထုသဘောထား တရုတ်ပညာရှင်များ လေ့လာ

Posted by drmyochit Sunday, August 19, 2012, under | No comments


 
တရုတ်နိုင်ငံသို့ ပို့ရန် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အနီး သွယ်တန်းနေသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (ဓာတ်ပုံ – ဧရာဝတီ)
တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှု အဖွဲ့အစည်းများနှင့် သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ သွယ်တန်းမည့်  သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံများ၏ လူမှုဒုက္ခများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ မုံရွာကြေးနီ စီမံကိန်းကြောင့် မြေယာသိမ်းဆည်းမှုများနှင့် ဒေသတွင်း ဆိုးကျိုးများ၊ တရုတ်နိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး၊ သစ်တောများကို စည်းကမ်းမဲ့ ခုတ်ယူမှုများကို အဓိကထားဆွေးနွေးကြသည်ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူများက ဆိုသည်။
တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ၏ အကြံပေး၊ တရုတ်-မြန်မာ ဘသာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ယူနန်ဒေသဖွံဖြိုးရေး မဟာဗျူဟာဌာနမှ ပညာရှင် Li Chen Yang အပြင် အရှေ့တောင် အာရှဒေသအကြောင်း လေ့လာနေသည့်  မြန်မာ့အရေးကျွမ်းကျင်သူ ယူနန်တက္ကသိုလ်မှ ပါမောက္ခ ၂ ဦး၊ ပီကင်း တက္ကသိုလ်မှ ၁ ဦး၊ အမွိုင် တက္ကသိုလ် (Xiamen) မှ ၁ ဦးတို့က ဆွေးနွေးခြင်းဖြစ်သည်ဟု သိရသည်။
ယင်းဆွေးနွေးပွဲသို့ မြန်မာ့လူမှုအဖွဲ့အစည်းများမှ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ (မန္တလေး၊ ပခုက္ကူ၊ ကျောက်မဲ) ၊ ပြည်သူအကျိုးဆောင်ကွန်ယက်(မိတ္ထီလာ)၊ ဗန်းမော် ချစ်သူများ ကွန်ယက်၊ နဒီချင်းတွင်း မြစ်မင်းသလ္လာ (မုံရွာ)၊ Green Future (ရေနံချောင်း)၊ Green Network (မကွေး)၊ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ပြင်ဦးလွင်မြို့နယ် ဒေသခံများ၊ ရှမ်းပြည်နယ်မှ အဖွဲ့အစည်းများ၊ မင်းဘူးမြို့မှ စိတ်ဝင်စားသူများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့သည်။
ယခု ဆွေးနွေးပွဲကို ပေါင်းကူး (Civil Society Strengthening Initiative) အဖွဲ့ ကစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
မန္တလေး စိမ်းရောင်စိုအဖွဲ့မှ ဦးတင်သစ်က မြန်မာနှင့် တရုတ်အစိုးရများသည် ရခိုင်ဒေသမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် ပတ်သက်၍  မြန်မာပြည်သူများအား ပွင့်လင်းစွာအသိပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ပိုက်လိုင်းဖြတ် သန်းရာဒေသများတွင် မြေယာနှင့် သီးနှံလျော်ကြေး နည်းပါးစွာရရှိကြောင်း တရုတ်နိုင်ငံ၌ လယ်ယာမြေကို သိမ်းယူလျှင် တစ်ဧက ယွမ် ၂၄၀၀၀၀ (ကျပ် ၃၂၄သိန်း) ရရှိသော်လည်း မြန်မာနိုင်ငံတွင် တဧကကျပ် ၃ သိန်း ခန့်သာပေးကြာင်း၊ ပြင်ဦးလွင်မြို့နယ်နှင့် တံတားဦးမြို့နယ်များတွင် လျော်ကြေး မရရှိကြောင်းတို့ကို တင်ပြဆွေးနွေးသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း တရုတ်စီမံကိန်းကြီးများသည် ကြီးမားသော်လည်း ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် ရရှိမှု နည်းပါးပြီး၊ ကျောက်ထု၊ မြေသယ် စသည့် အလုပ်များကိုသာ လုပ်ကိုင်ရကြောင်း၊ ပြည်သူများအခွင့်အရေးမှာ မည်မည်ရရ မရှိကြောင်း ထောက်ပြပြောဆိုသည်။
“နှစ်နိုင်ငံဆက်ဆံရေးဆိုတာ အစိုးရချင်းထက် ပြည်သူချင်းက ပိုအရေးကြီးတယ်၊ ဒါကြောင့် ပြည်သူ့အခန်းကဏ္ဍကို တရုတ်အနေနဲ့ လေးစားရမယ်´ဟု ၎င်းက ဆိုသည်။
တရုတ်ပြည်နှင့် ချုပ်ဆိုသည့် စီမံကိန်းအများစုမှာ အခြေခံဥပဒေနှင့်အညီ ရွေးချယ်ထားသည့် အစိုးရများက ချုပ်ဆိုခြင်း မဟုတ်ဘဲ စစ်အစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို ပြည်သူများအနေဖြင့် သိရှိခြင်း မရှိကြောင်း၊ တရုတ်ကုမ္ပဏီများအနေဖြင့် ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သော NGO များ၏ သဘောထားကို လေ့လာစုံစမ်းပြီးမှ လုပ်သင့်သည်ဟု တရုတ်ပညာရှင်များကို ပြောဆိုခဲ့ကြောင်း ဦးကိုကိုကြီးက ဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် နဒီချင်းတွင်း မြစ်မင်းသလ္လာအဖွဲ့ကလည်း လက်ပံတောင်းတောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းအတွက် မြေယာဧက ၈၀၀၀ သိမ်းဆည်းထားခြင်းကြောင့် လယ်သမား၊ ယာသမားများ အလုပ်အကိုင် ရှားပါးခြင်း၊ ကြေးနီထုတ်လုပ်မှုကြောင့် အက်ဆစ်ဓာတ်များ ပျံနှံ့နေပြီး ရေအရင်းအမြစ်ကိုပါ ထိခိုက်နေခြင်းကို တင်ပြခဲ့သည်။
မန္တလေး အခြေစိုက် စိမ်းရောင်စိုအဖွဲ့မှ ဦးမင်းထက်ငြိမ်းချမ်းကလည်း တရုတ်နိုင်ငံ၏ စီမံကိန်းများတွင် လာရောက် အလုပ်လုပ်ကိုင်သည့် တရုတ်အလုပ်သမားများကြောင့် ဒေသခံအမျိုးသမီးများ၏ လူမှုဘ၀ မလုံခြုံမှုများ ရှိကြောင်း၊ ရွာများ အပါအ၀င် ကိုးကွယ်ရာ ဘုရားကျောင်းကန်များကိုလည်း ရွေ့ပြောင်းခိုင်းနေကြောင်း၊ ယင်းစီမံကိန်းများကြောင့် ဒေသခံများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
“ဒေသတွင်း ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ချင်ရင် ဒါမျိုးတွေကိုရှောင်သင့်တယ်။ ဒါတွေကို တရုတ်အစိုးရရော ကုမ္ပဏီတွေလည်း အလေးထားသင့်တယ်။ ဂရုမစိုက်ရင်တော့ လူမျိုးရေး မုန်းတီးမှုဖြစ်နိုင်တယ်လို့ တရုတ်ပညာရှင်တွေကို ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တရုတ်ကုမ္ပဏီကြီးများ၏ စီမံကိန်းကြီးများသာမက သတ္ထုတူးဖော်ရေးကို  တနိုင်တပိုင် လုပ်ကိုင်နေသည့် အငယ်စား တရုတ်ကုမ္ပဏီများနှင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများ၏ အလုပ်သမားအပေါ်နှင့် ဒေသခံများအပေါ် ထားရှိသည့် သဘောထား မမှန်ကန်မှုများနှင့် တရုတ်လူမျိုးများ မြန်မာနိုင်ငံတွင် တရားမ၀င် ၀င်ရောက်နေမှုကိုလည်း ရှမ်းပြည်နယ် ကလောမြို့နယ် ဘော်ဆိုင်းဒေသမှ ဦးတင်မောင်တိုး၊ ဗန်းမော်မှ ဦးကျော်သန်းနှင့် မိတ္ထီလာမှ ဒေါ်မြင့်မြင့်အေးတို့ကလည်း တင်ပြခဲ့ကြသည်ဟု သိရသည်။
တရုတ်ပညာရှင်များကမူ တရုတ်ကုမ္ပဏီများ အနေဖြင့် ဤ စီမံကိန်းကြီးများကို နိုင်ငံတကာ စံချိန်စံညွန်းနှင့်အညီ လုပ်နေကြောင်း၊ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းကြီးများကိုလည်း အဆင့်မှီမှီ ပြုလုပ်ထားခြင်းဖြစ်၍ အန္တရာယ် မရှိပါကြောင်း၊ ယခုဆွေးနွေးမှုတွင် မြန်မာလူ့အဖွဲ့အစည်းများမှ တင်ပြချက်များတွင် ကောင်းမွန်သော တင်ပြချက်ထက် ဆိုးဝါးသည့် အချက်များကိုသာ တင်ပြနေကြောင်း၊ သို့သော် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားပါကြောင်း ပြောသည်။
မြန်မာ့အရေး ကျွမ်းကျင်သူ တရုတ်ပညာရှင် Yang Baoyun က “တဖက်ပြောတဲ့ အကြောင်းတွေကို ဓမ္မဓိဋ္ဌာန်ကျတယ်လို့ မမြင်ဘူး။ ရင်းနှီးမှုတွေကိုလုပ်ပြီး ဖွံဖြိုးရေးကိုလုပ်ရင် ယဉ်ကျေးမှု ပျက်စီးမှာတော့ အမှန်ပဲ။ ဆက်သွယ်ရေးဖုန်းတိုင် လုပ်ရင်တော့ သစ်ခုတ်ရမှာပဲ” ဟု ပြောဆိုကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုးတက်ရေး လမ်းကြောင်းကို ဆန်းစစ်ရန်လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများကို သဘာဝ ဘေးအန္တရာယ် ကျရောက်ချင်းမှအစ ကူညီနေကြောင်းကို မြန်မာအစိုးရထုတ် သတင်းစာများတွင် ကြည့်ခြင်းဖြင့် သိနိုင်ကြောင်း၊ မိမိတို့ အနေဖြင့်လည်း ယခုဆွေးနွေးချက်များကို တရုတ်အစိုးရနှင့် ကုမ္ပဏီများကို တင်ပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

From -ဧရာဝတီ

ပြည်တွင်းတွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် တစ်နှစ်ကျော်ကြာ လေ့လာမှု ပြုလုပ်ပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်မည်

Posted by drmyochit Sunday, August 19, 2012, under | No comments



From : .MRTV4
ပြည်တွင်းမှာ လေစွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက်ကို ပြည်ပ နိုင်ငံများမှ လာရောက် လေ့လာမှုတွေ ပြုလုပ်လျက် ရှိပြီး
ဒီလိုလေ့လာမှုကို တစ်နှစ်ကျော်ကြာ အချိန်ယူ လေ့လာ သွားမှာ ဖြစ်တယ်လို့ နေပြည်တော် အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီလို တစ်နှစ်ကျော်ကြာ အချိန်ယူ လေ့လာ ရခြင်းဟာ လေတိုက်နှုန်းမှာ ပုံမှန် တိုက်ခတ်မှု မရှိဘဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကြောင့် အသေအချာ အချိန်ယူ လေ့လာဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် ကုန်ကျစရိတ် မှာလည်း ကြီးမားတဲ့ အတွက် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု အခြေအနေ ရှိမရှိကို တစ်နှစ်ပတ်လုံး လေ့လာ သွားရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ လေစွမ်းအင်မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက် ဖြစ်မြောက် နိုင်စွမ်း လေ့လာမှုကို တရုတ်နိုင်ငံရှိ China Three Gorges Corporation နဲ့ ထိုင်းနိုင်ငံမှ ကုမ္ပဏီ တစ်ခုက လာရောက် လေ့လာလျက် ရှိတာ ဖြစ်ပါတယ်။ ဒီလို လေ့လာရာမှာ တရုတ် ကုမ္ပဏီမှ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့မှာ လေ့လာ နေတာ ဖြစ်ပြီး ထိုင်းကုမ္ပဏီ ကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး အစရှိတဲ့ ဒေသတွေမှာ လေ့လာမှုများ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

လျှပ်စစ်သုံး စွဲမှုမှန် ကန်စေရေး ဒစ်ဂျစ် တယ်မီတာ တစ်သိန်းချပေးမည်

Posted by drmyochit Sunday, August 19, 2012, under | No comments


 လျှပ်စစ်သုံးစွဲမှုမှန်ကန်စေရေး ဒစ်ဂျစ်တယ်မီတာ တစ်သိန်းချပေးမည်<br />
၁၈ သြဂုတ်လ ၂၀၁၂</p>
<p>လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မျှတမှန်ကန်စေရေး အတွက် အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဒစ်ဂျစ်တယ်မီတာအလုံးရေ တစ်သိန်းကို နေရာဒေသ<br />
အလိုက် ခွဲဝေတပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။</p>
<p>ဒစ်ဂျစ်တယ်မီတာကို ရန်ကုန်မြို့ စက်မှုဇုန်များနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများသည့် ရပ်ကွက်များကို အလုံးရေ ၅ဝဝဝဝ တပ်ဆင်မည်ဖြစ် ပြီးကျန် ၅ဝဝဝဝ ကို မန္တလေးနှင့် နေပြည်တော်သို့ ဖြန့်ဝေ တပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။</p>
<p>ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မီတာဖတ်သူများ အမှန်<br />
တကယ် လိုက်လံဖတ်ရှုခြင်းမရှိ၍ ဖြစ်ပေါ်လာသော ပြဿနာများနှင့် မသမာသော နည်းလမ်းဖြင့် မီတာခိုးယူသုံးစွဲခြင်းများကို ပပျောက်စေကာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်သုံးစွဲသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်<br />
ဖြစ်သည်။ ယခင်က မီတာဖတ်ဝန်ထမ်းက မီတာမဖတ်ဘဲ မှန်းပြီးပိုရေးလျှင် သုံးစွဲသူထိခိုက်ပြီး လျှော့ရေးလျှင် နိုင်ငံတော်ဝင်ငွေ ထိခိုက် နိုင်ကြောင်း၊ ယခုကဲ့သို့ ဒစ်ဂျစ်တယ် မီတာပြောင်းလဲ တပ်ဆင်လိုက်ခြင်းဖြင့် မှန်ကန်<br />
မျှတမှုရှိလာပြီး နိုင်ငံတော်ဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနမှသိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မျှတမှန်ကန်စေရေး အတွက် အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဒစ်ဂျစ်တယ်မီတာအလုံးရေ တစ်သိန်းကို နေရာဒေသအလိုက် ခွဲဝေ တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်မီတာကို ရန်ကုန်မြို့ စက်မှုဇုန်များနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများသည့် ရပ်ကွက်များကို အလုံးရေ ၅ဝဝဝဝ တပ်ဆင်မည်ဖြစ် ပြီးကျန် ၅ဝဝဝဝ ကို မန္တလေးနှင့် နေပြည်တော်သို့ ဖြန့်ဝေ တပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မီတာဖတ်သူများ အမှန်တကယ် လိုက်လံ ဖတ်ရှုခြင်းမရှိ၍ ဖြစ်ပေါ်လာသော ပြဿနာများနှင့် မသမာသော နည်းလမ်းဖြင့် မီတာခိုးယူသုံးစွဲခြင်းများကို ပပျောက်စေကာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်သုံးစွဲသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်သည်။ ယခင်က မီတာဖတ်ဝန်ထမ်းက မီတာမဖတ်ဘဲ မှန်းပြီးပိုရေးလျှင် သုံးစွဲသူထိခိုက်ပြီး လျှော့ရေးလျှင် နိုင်ငံတော်ဝင်ငွေ ထိခိုက် နိုင်ကြောင်း၊ ယခုကဲ့သို့ ဒစ်ဂျစ်တယ် မီတာပြောင်းလဲ တပ်ဆင်လိုက်ခြင်းဖြင့် မှန်ကန်မျှတမှုရှိလာပြီး နိုင်ငံတော်ဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနမှသိရသည်။

ပင်စင်အိုတို့ရဲ့ ဒုက္ခနှင့် စေတနာနည်းကြသူများ

Posted by drmyochit Sunday, August 19, 2012, under | No comments


 
မေမေ့ရဲ့ ညည်းသံကြားတိုင်း ကျမ စိတ်ထဲကျဉ်းကြပ်ရသလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်။၂၀၁၂ ခုနှစ် ဖေေ ဖာ် ၀ါရီလက စပြီး ကျမမေမေက ပါမောက္ခ၊ ဋ္ဌာနမှူး အငြိမ်းစားအနေနဲ့ ပင်စင်ယူသွားပါပြီ။ ပင်စင် ယူ ပြီးတဲ့နောက်မှာ မေမေ က စာရေးခြင်းကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တယ်၊ ခရီးတွေ ထွက်တယ်၊ခရီး မှာ တွေ့ခဲ့မြင်ခဲ့ကြုံခဲ့ရတာတွေကို သတင်းဆောင်းပါးတွေ ပြန်ေ ရးခဲ့ပါတယ်။ပြီးတော့ မေေ မက စာကြည့်တိုက်မရှိတဲ့ဒေသတွေကိုရောက်ရင် စာကြည့် တိုက်ဖွင့်ပေးနိုင်ဖို့ ကြိုးစားပေးလေ့ရှိတယ်။ အဲဒီလို လုပ်ရင်း သူ့အနေနဲ့ပိုက် ဆံလိုတိုင်း သူ့ရဲ့ ပင်စင်ယူပြီးနောက် တလုံးတခဲတည်းရတတ်တဲ့လုပ်သက်ဆုကြေးကိုမျှော်လင့်တတ်ပါတယ်။


ကျမတို့မောင်နှမတွေအနေနဲ့ ဖေဖေနဲ့မေမေကို လစဉ်ငွေကြေးနဲ့ကန်တော့ပေမဲ့ မေမေလုပ် ချင်တဲ့ပရဟိတ လုပ်ငန်းတွေ လုပ်နိုင်လောက်အောင်တော့ ငွေကြေးမတတ်နိုင်ခဲ့ကြပါဘူး။အမေက စာအုပ်ထုတ်ချင်တဲ့အခါ၊ ပြီးတော့စာကြည့်တိုက်ဖွင့်ပေးဖို့ ပိုက်ဆံလိုတဲ့အခါ၊ပြီးတော့ လှူချင်တဲကအခါမှာသူ့ရဲ့လုပ်သက်ဆုကြေး(Gratuity)ကို မျှော်လင့်တတ်တာပါပဲ။

တနေ့ ဇူလိုင်လကုန်ပိုင်းမှာ ပင်စင်ဦးစီးဋ္ဌာနကနေ အမေ့ရဲ့ လုပ်သက်ဆုကြေးထုတ်လို့ရပြီဆိုတဲ့ စာရောက် လာခဲ့ပါတယ်။အမေလည်း ၀မ်းသာအားရနဲ့ ဆုကြေးထုတ်ရမဲ့ ကမာရွတ်ဘဏ်ကို သွားရောက်ခဲ့တယ်။ အမေ့စိတ်ထဲမှာတော့ နှစ် ၄၀လောက် အလုပ်လုပ်လာလို့ရခဲ့တဲ့ လုပ်သက်ဆုကြေးကို ဘယ်လို သုံးမယ်ဆိုတာ စိတ်ကူးနဲ့အပြည့်ပါပဲ။ဒါပေမဲ့ ခဏကြာတော့ လက်ချည်း ပြန်ရောက်လာခဲ့တယ်။ ဘဏ်က အမေ့ကို ပြောလိုက်တယ်တဲ့။ ပင်စင်ဦးစီးဋ္ဌာနက ထုတ်ပေးတဲ့ စာ ဘဏ်ကို မရောက်သေးပါဘူး။ နောက်တခေါက် လာပြန်စုံစမ်းပါလို့ပြောတယ်။

ပင်စင်ဦးစီးဋ္ဌာနက ထုတ်ပေးလိုက်တဲ့ စာက ကမာရွတ်မှာ နေထိုင်တဲ့ အမေ့အိမ်ကိုတော့ စာတိုက်ကနေ ရောက်လာ ခဲ့ပြီး၊ ကမာရွတ်ဘဏ်ကိုတော့ မရောက်သေးဘူးဆိုလို့အမေက မျက်ခုံးကျုံ့သွားတယ်။ဒါပေမဲ့ အစိုးရ၀န်ထမ်းတွေရဲ့ ခေါက်ရိုးကျိုးနေတတ်အကျင့်အတိုင်း ဖြည့်တွေးတွေးပေးရင်း ခပ်အေးအေးပဲ နောက်တပတ်မှ သွားစုံစမ်းတော့မယ်ဆိုပြီး အမေလည်း အိမ်ပြန်လာခဲ့တယ်။ကျမကတော့ တွေးကြည့်မိတယ်၊ ကမာရွတ်ပြည်ရိတ်မွန်မှာနေတဲ့ အမေ့ရဲ့ အိမ်နဲ့ ကမာရွတ်စီးပွားရေးဘဏ်က ဘယ်လောက်ဝေးလို့လဲ ပြီးတော့ မြို့နယ်တခုတည်းကို စာဝေတဲ့အခါ တရက်တည်းနဲ့ မပြီးပြတ်ရင်တောင် အလွန်ဆုံးကြာရင် ၂ ရက်ပေါ့၊ ဒီထက်တော့ပိုမကြာသင့်ဘူးလို့လည်း တွေးပါတယ်။ အမေနောက်တခေါက်ထပ်ပြီး ဘဏ်ကိုသွားစုံစမ်းပါတယ်။ သြဂုတ်လဆန်းပိုင်းပါ၊ ပထမအကြိမ်သွားစုံစမ်းတာနဲ့ ၂ပတ်လောက်ခြားပါတယ်။ဘဏ်ကလည်း စာမရောက်သေးဘူးဆိုပြီး အမေ့ကို ပြန်လွှတ်လိုက်တယ်။ ဒီတခါမှာတော့ အမေကပြောတယ်။

`သားထောက်သမီးခံမရှိတဲ့ ပင်စင်စားတွေဆိုရင် ဘယ်နှဲ့လုပ်မလဲ၊ ပင်စင်သွားရပြီ၊ ပင်စင်လစာကလည်း မရသေးဘူး၊ လုပ်သက်ဆုကြေးကလည်း မရသေးနဲ့ တော်တော်ကို ဒုက္ခများမယ်။ အမေကတော့ သားသမီးရှိလို့ ထမင်းမငတ်ဘူး၊ နို့မို့ရင်တော့ငတ်ကြတော့မှာပဲ`လို့အမေကသုံးသပ်တယ်။

ဒီကြားထဲမှာ ပင်စင်လစာကလည်း ထုတ်လို့မရသေးပါဘူး။ပင်စင်ယူပြီးပြီးခြင်း ပင်စင်လစာလည်း မရတဲ့အတွက် ပင်စင်လစာရဖို့ ၃ လလောက်စောင့်ရတယ်လို့သိရပါတယ်။အမေပြောသလိုပဲ ပင်စင်ယူပြီး သားထောက်သမီးခံမရှိတဲ့သူတွေ ပင်စင်လစာလည်း ထုတ်လို့မရခင်မှာ ဘယ်လိုများ စားသောက်နေထိုင်ကြမလဲ ဆိုတာကိုလည်းစဉ်းစားမိတော့သက်ပြင်းချမိပါတယ်။

ဒီကြားထဲ ပင်စင်လစာက မစားလောက်တဲ့ လစာဖြစ်တဲ့အပြင် ဒီလောက်ရဖို့တောင် တော်တော်စောင့်ရတဲ့ သာမာန်ဝန်ထမ်းပင်စင်စားတွေရဲ့ ဆက်တွေးကြည့်ပြီး ဘ၀ကို စာနာမိရင်း စိတ်မကောင်းဖြစ်ရပြန်တယ်။
သြဂုတ်လ ဒုတိယပတ်ထဲမှာပဲ နောက်တကြိမ် အမေထပ်သွားတော့လည်း မရောက်သေးဘူးတဲ့။ဒီတကြိမ်မှာတော့ အမေက စိတ်တိုစပြုလာပြီ။ တမြို့နည်တည်းအတူတူ အမေ့ဆီကိုတော့ ဇူလိုင်လ ကုန်ပိုင်းမှာ စာရောက်ပြီး၊ ဘဏ်ကိုတော့သြဂုတ်လ ဒုတိယပတ်အထိစာမရောက်သေးဘူးတဲ့။

သြဂုတ်လ ၁၃ရက်နေ့မှာတော့အမေက စတ္ထုထအကြိမ်မြောက် ဘဏ်ကိုသွားပါတယ်။အမေက ဘဏ်က ငွေထုတ်ပေးတဲ့ စာရေးအမျိုးသမီး၊(စာရေးမ)ကို မေးတော့ ထုံးစံအတိုင်း စာ မရောက်သေးဘူးလို့ ပြောသတဲ့။ ဒီအကြိမ်မှာတော့ အမေက အရင်တုန်းကလို ကုပ်ကုပ်ကလေး နောက်ပြန်လှည့်မလာတော့ဘူး၊ ဘဏ်က တာဝန်ရှိသူနဲ့ တွေ့ပြီးမှပြန်တော့မယ်ဆိုပြီးဘဏ်မန်နေဂျာရုံးခန်းကိုမေးပြီးတန်းသွားပါတယ်။

ဘဏ်မန်နေဂျာက အမျိုးသမီးပါ၊ ကျမတို့အရွယ်ပဲလို့ အမေက ပြောတယ်။ အမေက ၀င်ပြောတော့ ဘဏ်မန်နေဂျာ အမျိုးသမီးကသေချာနားထောင်ပေးတယ်လို့လည်းပြောတယ်။နောက်တော့ဘဏ်နေဂျာအမျိုးသမီးကငွေထုတ်ပေးတဲ့တာဝန်ရှိတဲ့သူတွေကိုခေါ်ပြီး ပြောတော့ ပင်စင်ဦးစီးကပေးတဲ့ စာမရောက်သေးဘူးလို့ ထပ်ပြောတယ်၊ အမေ့လက်ထဲကို စာတိုက်က တဆင့်ပို့ပေးလို့ရောက်လာတဲ့ စာရဲ့ ရက်စွဲက ဇူလိုင်လတတိယပတ်ကတည်းက ရက်စွဲဆိုတော့ သြဂုတ် ၁၃ ရက်နေ့နဲ့ဆိုရင် တလနီးပါးလောက် ကွာနေပြီ။အဲဒါကြောင့် စာအ၀င်တွေကို သေချာပြန်ရှာဖို့ ပြောလိုက်ပါတယ်။
စာရှာနေရင်းပဲ စာရေးမတယောက်က ပြူးပြူးပျာပျာနဲ့ ရောက်လာပြီး ပြောပါတယ်။`စာက ရောက်ပါပြီ အံဆွဲထောင့်မှာ ကပ်နေလို့ မတွေ့မိတာပါ`လို့ ဖြေရှင်းချက်ပေးတယ်။အမေကတော့ ဘယ်လို ခံစားသွားရသလဲ မသိဘူး။ ကျမကတော့စာတစောင်တောင် တွေ့အောင်မရှာနိုင်တဲ့ သူတွေအကြောင်းကို ကျမဘယ်လို ပြောပြရတော့မလဲဆိုပြီး စိတ်အပျက်ကြီး ပျက်မိတော့တာပါပဲ။

ပင်စင်ဦးစီးကပို့ပေးတဲ့ စာကိုသေချာမရှာဘဲနဲ့ အသက် ၆၀ အရွယ်တွေကို သူတို့မျှော်လင့်တဲ့လုပ်သက် ဆုကြေးထုတ်ဖို့ ဘဏ်ကို အခေါက်ပေါင်းများစွာ လာခိုင်းလိုက်ခဲ့တာပဲ။ ဒီလိုမျိုး အဖြစ်အပျက်က ကျမ မေမေတယောက်တည်းကြုံရတာတော့ဟုတ်ဟန်မတူပါဘူး။

မြန်မာ့စီးပွားရေးဘဏ်တွေကို သွားတိုင်း ရှေ့က ဘေးက သစ်သားခုံတန်းတွေမှာစိတ်ပျက်လက်ပျက်နဲ့  ထိုင်နေတတ်တဲ့ အဖိုးအိုအဖွားအိုတွေနဲ့သူတို့ရဲ့ မျက်ဝန်းတွေကို ပြန်မြင်ယောင်လာမိတယ်။ပင်စင်ယူပြီးချိန်မှာ ပင်စင်နာဖြစ်တဲ့ အားငယ်စိတ်နဲ့အတူ ခုလိုမျိုးအဖြစ်အပျက်တွေနဲ့အဆင်မပြေခြင်းတွေကို ကြုံတွေ့ရချိန်မှာ  ဘယ်လောက်ထိ စိတ်ထိခိုက်မလဲ။ အကြိမ်ပေါင်းများစွာ ဘဏ်ကိုသွားချည်လာချည် လုပ်ရအောင်လည်း ခွန်အားချိနဲ့ချိန်ဖြစ်ပါတယ်။
စိတ်ရောလူကိုပါ ထိခိုက်စေသလဲ ဆိုတာ တွေးကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရတော့တယ်။မြန်မာ့စီးပွားရေးဘဏ်က ၀န်ထမ်းတွေအနေနဲ့ ပင်စင်စားတွေနဲ့ ဆက်ဆံတဲ့အခါမှာပိုပြီး ဂရုစိုက်သင့်ပါတယ်။ သူတို့တွေကို စာနာပြီး သူတို့ရဲ့ မေးမြန်းချက်တွေကိုအလေးထားလုပ်ကိုင်ပေးသင့်တယ်။

ခုလို အဖြစ်အပျက်တွေကလည်း ကျမအမြင်မှာတော့ အလုပ်သေချာမလုပ်ကြခြင်းနဲ့ အလုပ်လုပ်ရာမှာစိတ်စေတနာ မထားကြခြင်းလို့မြင်မိပါတယ်။အစိုးရ၀န်ထမ်းဖြစ်တဲ့အတွက် လစာဝင်ငွေဟာ အခြားပုဂ္ဂိုလ်ကလုပ်ငန်းတွေမှာ အလုပ်လုပ်ရတာထက်ငွေဝင်ပိုနည်းတဲ့အတွက်အလုပ်တာဝန်ကျေပွန်ဖို့နဲ့အလုပ်အပေါ်စေတနာနည်းသွားတာမျိုးကတော့မဖြစ်သင့်ပါဘူး။

မိတ်ဆွေများအားလုံးကိုလေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်