Wednesday, July 11, 2012

ပါလီမန်ရွေးကောက်ပွဲပြုလုပ်ရန် သမ္မတမှ တောင်းဆိုခဲ့ခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


PressTV.com;July-9(Mon)
အီဂျစ်နိုင်ငံတွင် စစ်ကောင်စီမှဖျက်သိမ်းထားသော ပါလီမန်အား ပြန်လည်ကျင်းပရန် အီဂျစ် သမ္မတသစ် မိုဟာမက်မော်စီက အမိန့်ပေးခြင်းအပေါ် အီဂျစ်ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဒုတိယအကြိမ် အစည်းအဝေးပြုလုပ်ရန် မျှော်လင့်ရပါသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရေးအတွက် ပါလီမန် အား ပြန်လည်စတင်ကျင်းပရန် မော်စီကအမိန့်ပေးခဲ့ပါသည်။ လွန်ခဲ့သော ၇ လအတွင်းကပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မကိုက်ညီဟုဆိုကာ အီဂျစ်ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးချုပ်က ပယ်ချမှုပြုလုပ်ခဲ့ပါသည်။ အီဂျစ်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အား ပြင်ဆင်ရန် ရက်ပေါင်း ၆ဝ အတွင်း ပါလီမန်ရွေးကောက်ပွဲများအား ကျင်းပရန် သမ္မတ မော်စီက တောင်းဆိုခဲ့ပါသည်။ မွတ်စလင် ညီအစ်ကိုများအဖွဲ့ကြီးစိုးသောပါလီမန်အား စစ်ကောင်စီကဖျက်သိမ်းချိန်မှစ၍ ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပါ သည်။

ဒေါက်တာမျိုးချစ်

ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများသည် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဆိုခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


NHK.or.jp;July-9(Mon)
ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများသည် မကြာမီကာလအတွင်း ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ပါသည်။ ဇွန်လအတွင်းက ဥရောပသမဂ္ဂခေါင်းဆောင်များမှြွေကးမြီအကျပ်အတည်းအား ဖြေရှင်းရာတွင်ပါဝင်ရန် သဘောတူညီမှုအား ထပ်မံဖြည့်စွက်ရန်အကောင်အထည်ဖော်မည့် ဆောင်ရွက်ချက် များအားဆွေးနွေးမှုပြုလုပ်မည်ဖြစ်ပါသည်။ ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင်လ ၉ ရက်နေ့နှောင်းပိုင်းတွင် ဥရောပသမဂ္ဂဌာနချုပ်များတည်ရှိရာ ဘရပ်ဆဲလ်မြို့၌စတင်ကျင်းပရန် စီစဉ်ထား ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဥရောပသမဂ္ဂြွေကးမြီအကျပ်အတည်းကယ်ဆယ်ရေးရန်ပုံငွေအား ငွေကြေး အကျပ်အတည်းကြုံတွေ့ရသောဘဏ်များထံ မည်သို့ထောက်ပံ့မည်နှင့်ြွေကးပိနေသောနိုင်ငံများအတွက် ဘွန်းစာချုပ်ဈေးကွက်များတည်ငြိမ်မှုရရှိစေရန်တို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။ စပိန်နိုင်ငံအတွက် ၎င်းတို့၏ အကူအညီအား မည်မျှပမာဏအထိထည့်ဝင်မည်နှင့်ပတ်သတ်၍လည်း ဆွေးနွေးမှုပြုလုပ်မည်ဟု မျှော်လင့်ရ ပါသည်။

ဒေါက်တာမျိုးချစ်

ဝန်ကြီးကလင်တန် အာရှခရီးစဉ်အတွင်း မြန်မာ့အပြောင်းအလဲ ချီးကျူးပြောဆို

Posted by drmyochit Wednesday, July 11, 2012, under | No comments

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဒီမိုကရေစီကိုမြှင့်တင်ဖို့၊ ဒေသ တွင်းမှာ အမေရိကန်ရဲ့ စီးပွားရေးအရလုပ်ဆောင်မှု ပိုကြီးမားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အာရှဒေသဆီ ခရီးထွက်နေတာမှာ အခု တော့ မွန်ဂိုလီယားနိုင်ငံမှာ ရောက်နေပါတယ်။
Ulaanbaatar မြို့တော်မှာကျင်းပနေတဲ့ အမျိုးသမီးများရဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတခုမှာ မစ္စစ် က လင်တန်က တနင်္လာနေ့က စကားပြောခဲ့တာမှာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း ထည့်သွင်း ပြောဆိုသွားပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်ဘက်ကနေ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ တယ်၊ နိုင်ငံရေးပါတီတွေ တည်ထောင် လုပ်ဆောင်နိုင်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့တယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်၊ တိုင်းရင်းသားလူမျိုးစုတွေကြား သ ဘောထားကွဲပြားနေတာတွေကို ဖြေရှင်းရေး စတင်ပြီးတော့ ကြိုးပမ်းအားထုတ်ခဲ့တယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အခုဆိုရင် လွတ်လပ်စွာ ပြော ဆိုနေနိုင်ပြီဖြစ်ပြီး သူမရဲ့ နေရာမှန်ဖြစ်တဲ့ လွှတ်တော်တွင်းမှာ ထမ်းဆောင်နေနိုင်ပြီလို့ မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။
                                                                                                                         voanews

သမ္မတလွှတ်တော်ခေါ်မှု အီဂျစ် ထိပ်တန်းတရားရုံးပယ်ချ

Posted by drmyochit Wednesday, July 11, 2012, under | No comments

အီဂျစ်နိုင်ငံမှာ စစ်တပ်အကြီးအကဲတွေက အရင်လကဖျက်သိမ်းခဲ့တဲ့ အစလာမ်ဝါဒီတွေဦးဆောင်တဲ့ လွှတ်တော်ကို သမ္မတ မိုဟာမက် မော်စီက ပြန်ခေါ် ယူမယ့် ဆုံးဖြတ်ချက်ကို အီဂျစ်ရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက တားဆီး မိန့် ထုတ်လိုက်ပါတယ်။
နိုင်ငံရဲ့စစ်တပ်နဲ့ အထက်တရားရုံးရဲ့အမိန့်တွေကို အာခံတဲ့အနေနဲ့ အစ္စလာမ်ဝါဒီတွေ ဦးဆောင်တဲ့အောက် လွှတ်တော် အင်္ဂါနေ့မှာပြန်စတင်ပြီး နာရီပိုင်း အတွင်းမှာပဲ အခုလိုမျိုး တရားရုံးက အမိန့်ထုတ်ပြန်တာလို့ တရားရေး ဌာနဘက်က သတင်းရရှိပါတယ်။ သမ္မတမော်စီက လူသစ်တွေ မရွေးချယ်ခင်အထိ အောက် လွှတ်တော် ကို ပြန်ပြီးတော့ အတည်ပြုကြောင်း တနင်္ဂနွေနေ့က အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမတ်တွေရွေးချယ်ထားတဲ့လုပ်ငန်းစဉ်မှာ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ တရားရုံးချုပ်က အပြစ်ရှာတွေ့ပြီးတဲ့နောက် အ ရင်လကပဲ အီဂျစ်ရဲ့စစ်ကောင်စီက လွှတ်တော်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ တနင်္လာနေ့ ထုတ်ပြန်တဲ့ အမိန့်က နောက်ဆုံး အပြီးသတ်အမိန့်ဖြစ်တယ်၊ မဖြစ်မနေ လိုက်နာရမယ်လို့ တရားရုံးချုပ်က ပြောပါတယ်။
အီဂျစ်နိုင်ငံမှာ အပြောင်းအလဲဖော်ဆောင်နေချိန် လမ်းလွဲမသွားဖို့အတွက် အီဂျစ်အရာရှိတွေအနေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က တိုက်တွန်းသွားပါတယ်ရှင်။
voanews 

ရုရှားနိုင်ငံမှ Yak-130 လေယာဉ် ၃၆ စီးအား ဆီးရီးယားနိုင်ငံသို့ လွှဲပြောင်းပေးမည်မဟုတ်သေးကြောင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


Rian.ru;July-9(Mon)
ဆီးရီးယားနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေတည်ငြိမ်သောအခြေအနေရောက်သည်အထိ ဆီးရီးယားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာကန်ထရိုက်စာချုပ်ချုပ်ဆိုခြင်း၊ သို့မဟုတ် မည်သည့်စစ်လက်နက်ပစ္စည်း သစ်ကိုမျှ တင်ပို့မည်မဟုတ်ကြောင်း ရုရှားစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြီးအကဲ Vyacheslav Dzirkaln  က ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ပြည်တွင်းရေးအခြေအနေငြိမ်သက်မှု မရှိမခြင်း Yak-130 အမောင်းသင်တိုက်လေယာဉ်များလွှဲပြောင်းပေးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါ သည်။ ရုရှားနိုင်ငံအနေဖြင့်  Yak-130 လေယာဉ် ၃၆ စီးလွှဲပြောင်းပေးရန် ဆီးရီးယားနိုင်ငံနှင့် ဒေါ်လာ သန်း ၅၅ဝ တန်ဖိုးရှိ ကန်ထရိုက်စာချုပ်အား ချုပ်ဆိုထားပါသည်။ လစ်ဗျားနိုင်ငံမှလည်း လက်နက်ဆက်စပ်ပစ္စည်းများ နှင့် စစ်ပစ္စည်းများထောက်ပံ့ပေးရန် တောင်းဆိုခဲ့ကြောင်း၊ မိမိတို့အနေဖြင့် လစ်ဗျားနိုင်ငံ၏ ဖွဲ့စည်းတည်ဆောက်မှု အသစ်အတွက် ဆွေးနွေးလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် လက်ထက် 
၂ဝ၁၁ ခုနှစ် မတ်လမှစတင်၍ အစိုးရဆန့်ကျင်ရေး တော်လှန်ပုန်ကုန်မှုစတင်ခဲ့ပြီး လူပေါင်း ၁ဝ,ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း၊ လန်ဒန်အခြေစိုက်ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် ဆီးရီးယားဆန့်ကျင်သူများနှင့် ကွန်ရက်ဆက်သွယ်မှုရှိသဖြင့် ၎င်းတို့၏လေ့လာဆန်းစစ်ချက်အရ လူပေါင်း ၁၆,၅ဝဝ ခန့်သေဆုံးခဲ့ကြောင်း၊ ၅,ဝဝဝ ခန့်မှာ အစိုးရတပ်နှင့် တစ်ဖက်နိုင်ငံသို့ထွက်ပြေးသည့်စစ်သည်များ ဖြစ်ကြောင်း၊ တစ်နေ့လျှင် လူ ၁ဝဝ ခန့်သေဆုံးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အရှေ့တောင်အာရှဒေသကို ဒီသီတင်းပတ်မှာ ခရီးလှည့်လည်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ စစ်ရေးထက် စီးပွားရေးကို ပိုပြီး အာရုံစိုက်ပြောဆိုလိမ့်မယ်လို့ ခန့်မှန်း

Posted by drmyochit Wednesday, July 11, 2012, under | No comments

အရှေ့တောင်အာရှဒေသကို ဒီသီတင်းပတ်မှာ ခရီးလှည့်လည်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ စစ်ရေးထက် စီးပွားရေးကို ပိုပြီး အာရုံစိုက်ပြောဆိုလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာမှာ အလျှင်မြန်ဆုံးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးနေတဲ့ နိုင်ငံတချို့တည်ရှိတဲ့ အရှေ့တောင်အာရှဒေသနဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်၊ အမေရိကန်ရဲ့ကုန်ပစ္စည်းတွေ ပိုပြီးတင်ဖို့နိုင်ဖို့ ရည်ရွယ်ပြီး အဆိုပြုတာတွေ ကို ကြေညာဖို့အတွက် အင်္ဂါနေ့မှာ ဗီယက်နမ်ကို ရောက်လာတဲ့ မစ္စက် ကလင်တန်က စီစဉ်ထားပါတယ်။

ဒီကနေ့ ကျင်းပမယ့် ASEAN ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကျရင် မြန်မာနိုင်ငံရဲ့ အရေး၊ မြောက် ကိုရီးယားအရေး၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး၊ တောင်တရုတ်ပယ်အရေးကိစ္စနဲ့ အင်တာနက် လုံခြုံရးတို့နဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ ဟနွိုင်းမြို့မှာ ဇူလိုင်လ (၁၀) ရက်၊ အင်္ဂါနေ့ရကပဲ  ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဒီဒေသမှာ အမေရိကန်က စီးပွားရေးလုပ်ငန်းတွေ ပိုပြီး တိုးချဲ့လုပ်လာတဲ့အပေါ် စိန်ခေါ်မှုတရပ် အဖြစ် တရုတ်က ရှုမြင်မှာဖြစ်ပါတယ်။ အခုတောင် အမေရိကန်သမ္မတ အိုဘားမားအစိုးရရဲ့ ပစိ ဖိတ်ဒေသကို မဟာဗျူဟာ အာရုံစိုက်လုပ်ဆောင်လာတာကို စိုးရိမ်တဲ့ပုံမျိုး တရုတ်ဘက် က ပြောနေပါပြီ။
ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ကျင်းပမယ့် ARF ထိပ်သီးဆွေးနွေးပွဲမှာတော့ မစ္စက် ကလင်တန်က အမေရိကန်နဲ့တရုတ်ကြား ရှိထားတဲ့မပြေလည်မှုကို မထုတ်ဖော်ဘဲနဲ့ အမေရိကန်အစိုးရက တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတာကိုပဲ အသားပေး ပြောလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ် ပါတယ်။
voanews

                                                                                                                                        

နိုက်ဂျီးရီးယား၌ သေနတ်သမားပစ်ခတ်မှုကြောင့် လူ ၁ဝဝ ကျော် သေဆုံးခဲ့ခြင်း

Posted by drmyochit Wednesday, July 11, 2012, under | No comments


Yahoo!News(AFP);July-9(Mon)
နိုက်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း Plateau  ပြည်နယ်၌ ဇူလိုင်လ ၇-၈ ရက်နေ့များတွင် သေနတ်သမား များ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁ဝဝ ကျော်သေဆုံးခဲ့ကြောင်း အစိုးရ၏ပြောခွင့်ရ Pam Ayuba က AFP သတင်းဌာနသို့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် Fulani မျိုးနွယ်စု၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၈ဝ ကျော်သေဆုံးခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့တွင် ယခင်နေ့က သေဆုံးခဲ့သူများ၏ဈာပနကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂ဝ ကျော် သေဆုံးခဲ့ရကြောင်း Ayuba ကပြောကြားခဲ့ပါသည်။  Fulani ပဋိပက္ခသည် ဘာသာရေးဆိုင်ရာပဋိပက္ခတစ်ခုလည်းဖြစ်ပြီး နိုင်ငံ၏နိုင်ငံရေး စွမ်းအားကို အဓိကချုပ်ကိုင်ထားသော ခရစ်ယာန်ဘာသာကိုးကွယ်သူ Birom တို့က မွတ်စလင်များအား ပထုတ်ထားကြောင်း မကျေမနပ်ပြောကြားလျက်ရှိပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် အထက်လွှတ်တော် အမတ် Gyang Dantong နှင့် အစိုးရရှေ့နေ Gyang Fulani တို့ သတ်ဖြတ်ခြင်းခံရပြီး ၎င်းတို့ ၂ ဦးစလုံးမှာ Birom မျိုးနွယ်စုဝင်များဖြစ်ပါသည်။ ၎င်းနှစ်ဦးအသတ်ခံရသည့် သတင်းပံျ့နှံ့သွားပြီးနောက် လမ်းမများပေါ်တွင် လူအုပ်ကြီးရောက်ရှိလာပြီး လမ်းများပိတ်ဆို့သွားခဲ့သဖြင့် နယ်မြေ ၄ ခု အား ချက်ချင်းပင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရကြောင်း Ayuba ကပြောကြားခဲ့ပါသည်။

ဒေါက်တာမျိုးချစ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်