Tuesday, July 10, 2012

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် UH-60M Black Hawk ရဟတ်ယာဉ်များအား ပထမဆုံး အသုံးပြုဖွယ်ရှိသည်ဟုဆို

Posted by Anonymous Tuesday, July 10, 2012, under | No comments


          ထိုင်းကြည်းတပ်သည် အမေရိကန်အစိုးရ၏ ပြည်ပစစ်လက်နက် ပစ္စည်းရောင်းချရေး အစီအစဉ်မှ တစ်ဆင့် Sikorsky ကုမ္ပဏီထုတ် UH-60M Black Hawk ရဟတ်ယာဉ် ၂ စင်း ဝယ်ယူရေး စာချွန်လွှာ တစ်ရပ်အား လက်မှတ်ရေး ထိုးခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့ Newsnow သတင်းတစ်ရပ် အရသိရှိရပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် အမေရိကန်ကြည်းတပ်တွင် အသုံးပြုလျက်ရှိသော နောက်ဆုံးပေါ် Black Hawk ရဟတ်ယာဉ် အမျိုးအစားအား ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာမည် ဖြစ်ပါသည်။ အဆိုပါ ရဟတ်ယာဉ်ရှိ ရှေ့မှန်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့်ဖော်ပြသည့်လေယာဉ်မောင်းအခန်း၊ခေတ်မီပျံသန်းမှု ထိန်းချုပ်ရေးစနစ်၊ နောက်ဆုံးပေါ် ဆက်သွယ်ရေး စနစ်၊ ညကြည့်ကိရိယာနှင့် အခြားသော ဘက်စုံ အဆင့်မြှင့်တင်မှုများ ပါဝင်ကြောင်းနှင့် Sikorsky ကုမ္ပဏီ အနေဖြင့် အမေရိကန်ကြည်းတပ်အား ယခုနှစ်နွေရာသီတွင် အစင်း ၅ဝဝမြောက် UH-60M ရဟတ်ယာဉ်အား လွှဲပြောင်းပေးအပ်ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။ ၂ဝ၁၁ ခုနှစ်သြဂုတ်လတွင် ထိုင်းနိုင်ငံအနေဖြင့်ရေတပ်သုံး Sierra Black Hawk ရဟတ်ယာဉ် ၂ စင်းရရှိခဲ့ကြောင်းနှင့် ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃ဝ ကျော်တွင် Black Hawk အမျိုးအစားရဟတ်ယာဉ် အစင်း ၃ဝဝဝ ကျော် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာဘက်သို့ ကျူးကျော်နေထိုင်သူ ထိုင်းလူမျိုး ၈၀ မြန်မာအစိုးရ ထိန်းသိမ်း

Posted by drmyochit Tuesday, July 10, 2012, under | No comments



နေပြည်တော် ဇူလိုင် ၉
 မိမိတပ်မတော်စစ်ကြောင်းများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အမြဲမပြတ်စိုးမိုးလှုပ်ရှားလျက်ရှိရာ ဇူလိုင် ၄ ရက် ညနေပိုင်းက တနင်္သာရီ တိုင်းဒေသကြီး  ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ  နန်တွန်နှင့်  ရွာဟေ့လူ နယ်စပ် စစ်ဆင်ရေးခြေကုတ် စခန်းအကြား နယ်မြေရှင်းလင်းစဉ် ထိုင်း နိုင်ငံနှင့် ဆက်သွယ်သောမြေသားလမ်း ကြောင်းနှင့် ရော်ဘာပင် ဧက(၁ဝဝဝ)ခန့် စိုက်ခင်းနှင့်အတူ တဲပေါင်း ၂ဝ ကျော် တွေ့ရှိရပြီး မြန်မာနိုင်ငံ အတွင်းသို့ဝင် ရောက်ကျူးကျော်ကာ တရားမဝင်လုပ် ငန်းများ  ဆောင်ရွက် လျက်ရှိကြသည့် ထိုင်းနိုင်ငံသားများအား  လက်နက် ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

န်ုင်ငံတော်အကြီးအကဲမှ ငြိမ်းချမ်းရေးဖော်ဆောင်နေသော်လည်း အောက်ခြေအဆင့်များမှ ယခုထိ.......

Posted by drmyochit Tuesday, July 10, 2012, under | No comments

 

သက်ဆိုင်ရာမှ တိုင်းရင်းသား လက်လက်ကိုင် အဖွဲ့အစည်းများနဲ့ငြိမ်းချမ်းရေး ဆွေနွေးမှူတွေ အကြိမ်ကြိမ်ပြုလုပ်နေသော်လည်းအောက်ခြေအဆင့်မှ ယခုအချိန်ထိပြည်သူများထံမှ အထက်ပါ စာများဖြင့်ဆောင်ရွက်နေတာကိုတွေမြင်နေရပါသည်။ အထက်ပါစာမှာ ပါတဲ့ပေးပို့ခံရသူ နာမည်တော့ဖျောက်ထားပေးလိုက် ပါတယ်….မဟုတ်ရင်။ သတင်းပေးတယ် ဆိုပြီးအသတ်ခံနေ ရမှာဆိုးလိုပါ။ တခြားမီဒီယာတွေ ကလည်း ဒီမိုကရေစီ ဆိုပြီအော်လိုက်ကျတာ နာနဲ့မဆံ့အောင်ပါဘဲ… အခုလိုအကြောင်း အရာတွေကိုလည်း ဆောင်ရွက် ပေး စေလိုပါတယ်။
                                                
                                                                                                                                                 Dr Myochit

ဘိုးရာဇာ၏ တစ်ကွက်ကာတွန်း

Posted by drmyochit Tuesday, July 10, 2012, under | No comments


တရုတ်နိုင်ငံအနေဖြင့် ဒိုင်အိုယုကျွန်းစုများကို ရောင်းချမည်မဟုတ်ဟုဆို

Posted by Anonymous Tuesday, July 10, 2012, under | No comments


          တရုတ်နိုင်ငံသည် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ဂျပန်အစိုးရအနေဖြင့် အရှေ့တရုတ် ပင်လယ်အတွင်းရှိ ဒိုင်အိုယု ကျွန်းစုအားဝယ်ယူရန် ထည့်သွင်းစဉ်းစားလျက် ရှိကြောင်း ဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် ဒိုင်အိုယု ကျွန်းစုကို ရောင်းချမည် မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ဇူလိုင်လ ၉ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တရုတ်သံရုံးတို့က ဒိုင်အိုယုကျွန်းစုသည် တရုတ်နိုင်ငံ၏ အချုပ်အခြာပိုင်နက် နယ်မြေဖြစ်ကြောင်း အခိုင်အမာ ရပ်တည်ချက် သဘောထားကို ပြသသည့်အနေဖြင့် ဂျပန်နိုင်ငံသို့ ဇူလိုင်လ ၇ ရက်နေ့က ကန့်ကွက်လွှာ များပေးပို့ခဲ့ပြီး ဖြစ်ပါသည်။ ဒိုင်အိုယုကျွန်းစုနှင့် ဆက်စပ်ကျွန်းစုများသည် ရှေးယခင် ကတည်းကပင် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေများဖြစ်သည်ဟု လူဝေမင်းက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆီးရီးယားစစ်ရေးလေ့ကျင့်

Posted by Anonymous Tuesday, July 10, 2012, under | No comments


ဆီးရီးယားရေတပ်ဖွဲ့သည် ဆီးရီးယားလက်နက်ကိုင်တပ်ဖွဲ့အားလုံပါဝင်သော စစ်ရေးလေ့ကျင့်ခန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ခဲယမ်းအစစ်များဖြင့် စစ်ရေးလေ့ကျင့်ခန်းများ (War Games) ကို ဇူလိုင်လ ၇ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး အဆိုပါလေ့ကျင့်မှုသည် နောက်ထပ်ရက်အနည်းငယ်ကြာမြင့်မည်ဖြစ်ကြောင်း နိုင်ငံပိုင် SANA သတင်းဌာနကပြောကြားခဲ့ပါသည်။ တစ်ကယ့်စစ်ပွဲအခြေအနေတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးအသင့်ဖြစ်မှုကို စမ်းသပ်သည့်စစ်ရေးလေ့ကျင့်ခန်းများဖြစ်ပြီးရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်မှုကို ထိထိရောက်ရောက်လေ့ကျင့်ကြမည်ဖြစ်ကြောင်း SANA သတင်းဌာနကပြောကြားခဲ့ပါသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင်ရေတပ်တိုက်ရေယာဉ်များနှင့် ရဟတ်ယာဉ်များကိုအသုံးပြုခဲ့ကြပြီး ပစ်မှတ်အားလုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ၎င်းသတင်းဌာနမှ ပြောကြားခဲ့ပါသည်။
Xinhuanet.com;July-8(Sun)

ကျူးဘားနိုင်ငံ ဝမ်းရောဂါကူးစက်မှု

Posted by Anonymous Tuesday, July 10, 2012, under | No comments


          ကျုးဘားနိုင်ငံ၏ အရှေ့တောင်ပိုင်း Manzanillo မြို့တွင် ကာလဝမ်းရောဂါကြောင့် လူ ၃ ဦးသေဆုံးပြီးနောက်ပိုင်း ရက်အတန်ကြာတွင် ကျုးဘားမြို့တော် ဟာဗားနားရှိလူနာတစ်ဦး၌ ကာလဝမ်းရောဂါကိုတွေ့ရှိခဲ့ ရကြောင်း ဘီဘီစီသတင်းဌာနက ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ လူပေါင်း ၅ဝ ကျော် ကူးစက်ခံခဲ့ရပြီး လူ ၁,ဝဝဝ ကျော်ကို ကျန်းမာရေးဂရုစိုက်စောင့်ရှောက်မှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ရောဂါပြန်လည်ဖြစ်ပွားလာမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် ဆေးရုံ ၄ ခုအနေဖြင့် သံသယရှိသော လူနာများအတွက် ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့ပါသည်။ မသန့်ပြန့်သောရေတွင်းများမှရေများကိုသောက်သုံးပြီးနောက်ပိုင်းတွင် ဖျားနာမှုများဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သော်လည်း ကာလဝမ်းရောဂါစတင်ခဲ့သည့် အကြောင်းအရင်းကိုမူ ရှင်းလင်းစွာသိရခြင်းမရှိသေး ကြောင်း သိရှိရပါသည်။
BBC News.com;July-8(Sun)

အီရန်အပေါ် အရေးယူပိတ်ဆို့မှုထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ ဟော်မုဇ်ရေလက်ကြားတွင် သွားလာမှုကိုပိတ်ပင်ရန် ဥပဒေရေးဆွဲ

Posted by Anonymous Tuesday, July 10, 2012, under | No comments


အီရန်နိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့မှုများအား ထောက်ခံသည့်နိုင်ငံများမှ ရေနံတင်သင်္ဘောများ ဖြတ်သန်း သွားလာလျက်ရှိသည့်ဟော်မုဇ်ရေလက်ကြားကို ပိတ်ပင်ရေးနှင့် ပတ်သက်သည့် ဥပဒေမူကြမ်းအား ဆွေးနွေး တိုင်ပင်ရန်အတွက် အမျိုးသားလုံခြုံရေး ဦးသျှောင်ကောင်စီ (Secretary of the Supreme National Security Council-SNSC)  အတွင်းဝန်Saeed Jalili နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများအား ဖိတ်ခေါ်ရန် အီရန်ပါလီမန်မှစီစဉ်လျက်ရှိကြောင်း အီရန် အဆင့်မြင့် ဥပဒေပြု အမတ်တစ်ဦးမှ ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဟော်မုဇ်ရေလက်ကြားအား ပိုမိုတိတိကျကျ ပိတ်ပင်နိုင်ရေး အတွက် ဥပဒေမူကြမ်းအား လေ့လာသုံးသပ်ရန် အမျိုးသား လုံခြုံရေးဦးသျှောင် ကောင်စီအတွင်းဝန်၊ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် စစ်ဦးစီးအရာရှိချုပ်တို့အား ပါလီမန်မှ ဖိတ်ကြားသွားမည်ဖြစ်ပြီး ၎င်းတို့၏ အမြင်များနှင့် အကြံပြုချက်များအား အသုံးပြုသွားမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းအား လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေအမတ် တစ်ဦးဖြစ်သူ Seyed Mehdi Moussavinejad က ဇူလိုင်လ ၈ ရက်နေ့တွင် FNA သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်းအား အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကော်မရှင်မှ ဇူလိုင်လ ၂ ရက်နေ့တွင် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။
Fars News.com;July-8(Sun)

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အကျဘက်သို့ ဦးတည်လျက်ရှိခြင်း

Posted by Anonymous Tuesday, July 10, 2012, under | No comments


          တရုတ်နိုင်ငံ၏ စီးပွားရေးသည် အကျဘက်သို့ ဦးတည်လျက်ရှိကြောင်း တရုတ်ဝန်ကြီးချုပ်        ဝမ်ကြားပေါင်က ဇူလိုင်လ ၈ ရက်နေ့တွင်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ စီးပွားရေးပြန်လည်တိုးတက်စေရန်အတွက် ပိုမိုတက်တက်ကြွစွာဆာင်ရွက်ကြရန်တောင်းဆိုခဲ့ကြောင်းဒေသမီဒီယာများမှ ထုတ်ပြန်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဒုတိယနေရာမှ ကျဆင်းလာခြင်းအားရှောင်လွှဲရန် တရုတ်အစိုးရမှကြိုးပမ်းလျက်ရှိပြီး တရုတ်နိုင်ငံသည် လွန်ခဲ့သည့်လ အစောပိုင်း၌ အတိုးနှုန်းလျှော့ချသည့်ဆောင်ရွက်မှုပြုလုပ်ခဲ့ပြီးနောက် ဇူလိုင်လ ၆ ရက်နေ့တွင် အတိုးနှုန်းလျော့ချမှုတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေသည် တည်ငြိမ်လျက်ရှိသော်လည်း အကျဘက်သို့ ဦးတည်လာခဲ့ကြောင်း တရုတ်နိုင်င အရှေ့ပိုင်းNanjing မြို့၌အစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်စဉ် ဝမ်၏ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနမှ ထုတ်ပြန်ခဲ့ ပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေး အားကောင်းမှုအား မြှင့်တင်ရန်အတွက် မိမိတို့ အနေဖြင့် ယခုထက်ပို၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့ပါသည်။
CNA.com;July-8(Sun)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်